← Chapters

ရတနာလောင်းကစားပွဲ....

Vol. 31 Ch. 423

ရတနာလောင်းကစားပွဲ....

Vol. 31 Ch. 423

သင်္ဘောသည် တိမ်များကိုဖြတ်၍ မယုံနိုင်လောက်သောအလျင်နှူန်းဖြင့် လျင်မြန်စွာ ခရီးနှင်ခဲ့သည်။သင်္ဘော ဖြတ်ကျော်သွားခဲ့ခြင်းကြောင့် စုမင်နှင့်နန်ကုန်းဟန် တို့၏ အရှေ့ဘက်တွင် တိမ်များသည် ပင်လယ်ထဲမှ လှိုင်းလုံးများသဖွယ် တရိပ်ရိပ်လှိုက်တင်လာလေ၏..

သင်္ဘောကြီးသည် မယုံနိုင်လောက်အောင် ခန့်ညားထည်ဝါပြီး ကိုယ်ထည်ကနေ အရောင်အသွေးမျိုးစုံ ဖြာထွက်နေသောကြောင့် အားဟူနှင့် လန်လန်တို့သည် အံ့အားသင့်နေကြ၏.....

လက်မောင်းတစ်ဖက်​​​ခြောက်သွေ့နေသော

ကောင်လေးသည် သင်္ဘောအား တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာအမူအရာမျှပြောင်းလဲသွားခြင်းမရှိပေ....

' အဲ့သင်္ဘောက နတ်ဘုရားမုန်တိုင်းမျိုးနွယ်စုရဲ့ ကောင်းကင်သင်္ဘောပဲ...သင်္ဘောရဲ့အလျင်နှုန်းက နှောင်းပိုင်းရှာမန်တွေရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်လို့ရတယ်...ဒါ့ကြောင့် မျိုးနွယ်စုကြီးတွေကြားမှာ ကောင်းကင်သင်္ဘောက နာမည်ကျော်ကြားတယ်...သူ့ရဲ့ ခုခံနိုင်တဲ့စွမ်းအားကလည်း မယုံနိုင်လောက်အောင် အားကောင်းတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာတွေကို သွားလာဖို့အတွက် အထူးသင့်လျော်တယ်...."

နန်ကုန်းဟန် သည် အဝေးသို့ ထွက်ခွာသွားသော သင်္ဘောကို​ကြည့်ပြီး စုမင်အား ပြုံး၍ ရှင်းပြနေသည်။

စုမင်ကို ကြည့်ရသည်မှာ အတွေးထဲတွင် နစ်မြောနေပုံရသည်။ သင်္ဘောအား နတ်ဘုရားအာရုံဖြင့်စစ်ဆေးသည့်အခါ သင်္ဘောထံမှ တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသဖြင့် နတ်ဘုရားအာရုံအား ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ သို့သော်သင်္ဘောပေါ်မှ လူများထံအကြည့်ရောက်သွားသည့်အခါ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို မြင်ခဲ့ရသည်။ထိုမိန်းကလေးသည် စုမင်အား ရင်းနှီးဖူးသော ခံစားချက်မျိုးပေးစွမ်းနေ၏....

" ညီလေးမော့က ကောင်းကင်သင်္ဘောကို စိတ်ဝင်စားလို့လား..."

နန်ကုန်းဟန်သည် စုမင် ကြည့်နေသော နေရာအားတစ်ချက်ကြည့်၍ မေးလိုက်သည်။

" ကျုပ်လို ရှာမန်ငယ်လေး တစ်ယောက်အဖို့တော့ ကောင်းကင်သင်္ဘောကို စိတ်ဝင်စားတယ်ဆိုရင်တောင် ပိုင်ဆိုင်ထားနိူင်သူတွေကို မနာလိုအားကျဖြစ်မိရုံပြင် ဘာတတ်နိူင်ဉီးမှာလဲဗျာ...."

စုမင် ခေါင်းရမ်းပြလိုက်၏...

“ညီလေးမော့.....မင်း ကိုယ့်ကိုကိုယ် အဲ့သလောက်ထိ နှိမ့်ချနေစရာ မလိုပါဘူး။ မင်း နတ်ဘုရားမုန်တိုင်းမျိုးနွယ်စုဆီကနေ ဒီ ကောင်းကင်သင်္ဘောကို ရယူချင်တယ်ဆိုရင် နည်းလမ်းတစ်ခုတော့ ရှိတယ်…”

နန်ကုန်းဟန်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး စုမင်နှင့် ခရီးဆက်နေစဉ် တိုးလျသော လေသံဖြင့် ပြောလိုက်သည်။

" ဟုတ်လား...နောင်ကြီးနန်ကုန်းကပဲ ကျုပ်ကို အလင်းပြပေးပါဉီး...."

စုမင် နန်ကုန်းဟန်အား ကြည့်လိုက်သည်။

" ကျုပ်သိထားရသလောက် ပြောပြရရင်...နတ်ဘုရားမုန်တိုင်းမျိုးနွယ်စု ယင်ကိုးကမ္ဘာထဲရောက်လာတယ်ဆိုတာ သူတို့မျိုးနွယ်စုရဲ့ စိတ်ဝိဉာဉ်ဖမ်းသူတွေကို ကာကွယ်ပေးဖို့တစ်ခုတည်းတင်မကဘူးရတနာလောင်းကစားပွဲအတွက် လဲပါတယ်..."

" ညီလေးမော့..မင်း ဒီပွဲအတွက်ရောက်လာတာမဟုတ်ဘူးလို့တော့ မပြောနဲ့နော်..."

နန်ကုန်းဟန် စုမင်အား တစ်ချက်ကြည့်၍ ပြုံးနေ၏...

" အဲ့ပွဲနဲ့ ကောင်းကင်သင်္ဘောက ဘာဆိုင်လို့လဲ..."

စုမင်သည် မျက်တောင်တစ်ချက်မျှမခတ်ဘဲ တည်ငြိမ်နေ၏....

" ညီလေးမော့ကို ကြည့်ရတာ ဒီအကြောင်းဘာမှမသိသေးပုံပဲ....ရတနာလောင်းကစားပွဲမှာ မင်းဘက်က ကံကောင်းပြီး နတ်ဘုရားမုန်တိုင်းမျိုးနွယ်စုကြီးဘက်က လိုချင်နေတဲ့ ဆေးပင်မျိုးသာ ရှာတွေ့ခဲ့မယ်ဆို သူတို့ မင်းနဲ့ အလဲအလှယ်လုပ်ဖို့ သေချာပေါက်မင်းကို လာရှာမှာပဲ...အဲ့အခါကျရင် ကောင်းကင်သင်္ဘောကို တောင်းလိုက်ပေါ့ကွာ..."

“အဲ့ဒါကတော့…”

စုမင်သည် ခါးသက်စွာ ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။ သူဆက်မပြောချင်တော့ပေ......လက်ရှိ စုမင်၏ အကြည့်များထဲတွင် အဓိပ္ပာယ်များစွာ ပုန်းအောင်းနေပြီး မည်သို့ အဓိပ္ပာယ်ကောက်မည်ဆိုသည်မှာ ထိုအကြည့်အား မြင်နိူင်သည့်သူသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။

" ညီလေးမော့က ကံမကောင်းမှာကို စိတ်ပူနေတာလား....ဒါက ခန့်မှန်းရခက်တယ်....တစ်ခါတုန်းကဆို အသူရာကိုးပါးပန်းပွင့်ကို ရှာတွေ့ခဲ့တဲ့ အလယ်အလတ်ရှာမန်တစ်ယောက်နဲ့ ဆုံဖူးတယ်ဗျ...."

" သူ့မှာ အရွက်လေးတစ်ရွက်ပဲကျန်တော့တာတောင် မျိုးနွယ်စုကြီးတစ်ခုကနေ မတန်တဆစျေးပေးပြီး ဝယ်သွားတာ....အသူရာကိုးပါးပန်းပွင့်က မာန်စွမ်းအားရှင်တွေအတွက်သာမကဘူး နှောင်းပိုင်းရှာမန်တွေအတွက်လဲ အသုံးဝင်တယ်လေ...."

ပြောရင်း ပြောရင်းဖြင့် နန်ကုန်းဟန်၏ အမူအရာများတွင် မနာလိုအားကျမှုများ ပြည့်နှက်လာသည်။

" အသူရာကိုးပါးပန်းပွင့်....."

စုမင်၏ မျက်လုံးများထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။

" ဟုတ်တယ်...အားးး.ဒီလိုကံကောင်းမှုမျိုးက ကျူပ်ဆီဘာကြောင့်ရောက်မလာတာလဲ....အဲ့တုန်းကဆို သလင်းကျောက်က အရောင်တောင် သိပ်မထွက်ချင်ဘူး...ဘယ်လိုကြည့်ကြည့် အသူရာကိုးပါးပန်းပွင့် ရှိနေမယ်လို့ကို မထင်ရတာ....ကံများကောင်းချင်တော့ သလင်းကျောက်ကိုလဲ အရည်ဖျော်လိုက်ရော အသူရာကိုးပါးပန်းပွင့် ထွက်လာပါရောဗျာ...."

စုမင် တခဏမျှ ငြိမ်သက်နေပြီးနောက် ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်သည်။

" အသူရာကိုးပါးပန်းပွင့်ရသွားတဲ့သူ အဆုံးသတ်မကောင်းခဲ့ဘူးမလား..."

" အမှန်ပဲ....ဒီလူ လောဘကြီးပြီး အမှားတွေအများကြီး လုပ်ခဲ့တယ်လေ....တကယ်ဆို ပန်းပွင့်ကိုရပြီးကတည်းက ထွက်သွားသင့်တာ....ဒါပေမယ့် သူက ထွက်မသွားခဲ့ဘူး...ဒါလဲ ရသေးတယ်...သူသာ ပစ္စည်းရဲ့တန်ကြေးတစ်ဝက်ကိုပေးပြီး နတ်ဘုရားကျောင်းတော်က လူတွေကို ငှားပြီး မြို့ထဲမှာနေလို့ရသေးတယ်လေ.....ယင်ကိုးကမ္ဘာဝိဉာဉ်တော်ရဲ့ အကာကွယ်နဲ့ဆို လီတစ်သန်းဧရိယာအပြင်ကို မထွက်သ၍ ဘေးကင်းနေဉီးမှာပဲ...."

" ယင်ကိုးကမ္ဘာက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်...အဆုံးသတ်ရှာမန်တစ်ယောက်တည်းကသာ မြို့ကို စောင့်ကြပ်နေတာ...အကယ်၍အဆုံးသတ်ရှာမန်နှစ်ယောက်ရှိလာပြီဆို ရက်အနည်းငယ်တွင်း အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်..ဒီပြောင်းလဲမှုက ရှာမန်မြို့ကိုတောင် သက်ရောက်နိူင်တယ်....."

" ဒီကိစ္စက အတော်လေးတိကျတယ်လို့ ကျုပ်ကြားခဲ့ဖူးတယ်....ဒါ့ကြောင့် ရှာမန်နတ်ဘုရားကျောင်းတော်က ဒီနေရာကို နောက်ထပ် အဆုံးသတ်ရှာမန်တွေ လာဖို့ခွင့်မပြုတော့ဘူး...သူတို့ ဒီကိုရောက်လာရတဲ့ရာ်ရွယ်ချက်က ရတနာရှာဖို့ပဲလေ..."

" မဟုတ်ရင်...ကျုပ်တို့ ဒီနေရာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆို နှောင်းပိုင်းရှာမန်တွေနဲ့ အဆုံးသတ်ရှာမန်တွေကို ခေါ်လာပြီး အပြောင်းလဲတွေကို ဖိနှိပ်ထားနိုင်ခဲ့မှာပဲ...."

" ဒါပေမယ့် အခုက စစ်ဖြစ်နေတာဆိုတော့ ကျူပ်တို့မလုပ်နိုင်သေးဘူး....မာန်စွမ်းအားရှင်တွေအတွက်ဆို...ဟဲ..ဟဲ...မာန်ဝိဉာဉ်ကနဉီးအဆင့်လောက်မှမရောက်သေးရင် ဒီကိုရောက်လာဖို့မဖြစ်နိူင်ဘူး...အလယ်အလတ်နဲ့အလယ်အလတ်အဆင့်ထက်ကျော်လွန်တဲ့သူတွေသာဆို ရှာမန်နတ်ဘုရားကျောင်းတော်က တည်နေရာရွှေ့ပြောင်းပေးနေတုန်း ရှာတွေ့သွားမှာပဲလေ...."

နန်ကုန်းဟန်သည် ထိုအကြောင်းအရာများကို နှံ့စပ်စွာ သိထားပုံရပြီး စုမင်အား တပြုံးပြုံးနှင့် ရှင်းပြနေရှာသည်။

စုမင်သည် ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ ခေါင်းငြိမ့်ပြလိုက်သည်နှင့် သူ့အမူအရာ ရုတ်တရက်ပြောင်းသွားပြီး နန်ကုန်းဟန်အား ကြည့်လိုက်သည်။

နန်ကုန်းဟန်သည် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ စုမင်၏ မျက်နှာကို ကြည့်လိုက်မိသောအခါ တစ်စုံတစ်ရာလွဲချော်နေသည် ခံစားလိုက်ရပြီး အံ့အားသင့်နေမိသည်။

" နောင်ကြီးနန်ကုန်း.... သစ်တောက အစတုန်းက အန္တရာယ်ကင်းခဲ့ပေမယ့် မကြာသေးမီကမှ အပြောင်းအလဲတစ်ခုရှိခဲ့တယ်ဆို....အဲ့တာက....နောင်ကြီးပြောတဲ့ အပြောင်းအလဲများဖြစ်နေမလား..."

နန်ကုန်းဟန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျက်နှာပေါ်တွင် အမူအရာ အမျိုးမျိုး ရှိနေသည်။ အချိန်အတော်ကြာပြီးနောက် သူ ရုတ်တရက်ရယ်မောနေပြန်သည်။

" ဟုတ် ဟုတ် ..မဟုတ် ဟုတ် အရေးမကြီးပါဘူး...ဒါတွေက ကျူပ်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေမှ မဟုတ်တာ....ဒါပေမယ့် ဟုတ်နေခဲ့ရင် ကျုပ်တို့ ပိုသတိထားမှဖြစ်မယ်...ကောင်းပြီ...ကျုပ်တို့ ရှာမန်မြို့ကိုရောက်တာနဲ့ ယင်ကိုးကမ္ဘာဝိဉာဉ်တော်ကို ငှားလိုက်မယ်...ဒါဆို အသက်ဘေးက ကာကွယ်နိူင်မယ့် အခွင့်အရေးပိုများလာမယ်...ပြီးရင် ရတနာလောင်းကစားပွဲကို ဝင်ပြိုင်မယ်...ကျုပ်နောက်က ကောင်လေးကို စိတ်တစ္ဆေတူညီဖြစ်လာနိူင်မယ့် ကျင့်ကြံနည်းကိုရှာပေးပြီးတာနဲ့ ဒီကနေ ချက်ချင်းထွက်သွားမယ်...."

" ညီလေးမော့ .....ကျုပ်တို့နှစ်ယောက်က အခုမှသိကျွမ်းကြတယ်ဆိုပေမယ့် အကြံတစ်ခုတော့ပေးပါရစေ....ဟိုရောက်ရင် ပိုက်ဆံကို နှမြောမနေဘဲ ယင်ကိုးကမ္ဘာဝိဉာဉ်တော်ကို ငှားလိုက်ပါ..."

" ယင်ကိုးကမ္ဘာဝိဉာဉ်တော်က ယင်ကိုးကမ္ဘာအပြင်ဘက်ကို ထွက်သွားလို့မရပေမယ့် ဒါက နှောင်းပိုင်းရှာမန်တစ်ယောက်နဲ့ ညီမျှတဲ့ တိုက်ပွဲဝင်စွမ်းအားတွေရှိတယ်ဆိုတော့ သိပ်ကောင်းတာပေါ့....ပြီးတော့ သူတို့က ဒီနေရာရဲ့ဒေသခံတွေ ...သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှာမန်နတ်ဘုရားကျောင်းတော်နဲ့ ထာဝရအတွက် သဘောတူစာချုပ် ချုပ်ဆိုထားပြီးသား...."

နန်ကုန်းဟန်၏ စကားများထဲတွင် ရိုးသားမှုများ ပြည့်နှက်နေသည်။

စုမင် ပြုံး၍သာ ခေါင်းညိတ်ပြလိုက်သည်။

သူတို့သည် လေထဲတွင် ဆက်လက် ပျံသန်းကြပြီး ရက်ပေါင်းများစွာ ကုန်လွန်သွားကြသည်။ တိမ်အများစုသည် ယနေ့တွင် ပြန့်ကျဲနေသောကြောင့် ကောင်းကင်ကို အနည်းငယ်မြင်နိုင်သည်။

ငါးဉီးသား ခရီးဆက်နေရင်ကနေ စုမင်၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာများဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံ ဖြန့်ကျက်စစ်ဆေးနေ၏...

နန်ကုန်းဟန်သည်လည်းပဲ ရပ်တန့်လိုက်ပြီး ဝိဉာဉ်များကို ပိုမိုကျယ်ပြန့်သောဧရိယာအထိ ဖြန့်ကျက်လိုက်သော်လည်း တစ်စုံတစ်ရာမှားယွင်းမှု မတွေ့သောကြောင့် စုမင်အား ပဟေဠိဖြစိနေဟန်ဖြင့် ကြည့်လိုက်မိသည်။

သူ့ရှေ့က လွတ်နေတဲ့နေရာကို စိုက်ကြည့်ရင်း စုမင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူ၏ နတ်အာရုံသည် ထိုနေရာကို ဖုံးလွှမ်းသွားသောအခါ၊ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများက ၎င်းကို ဝါးမြိုသွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

ဒီအချက်ကြောင့် စုမင် ရုတ်တရက် ရပ်တန့်ခဲ့ခြင်းဖြစ်၏...သူသည် စောစောက နတ်ဘုရားအာရုံပျောက်ကွယ်သွားခဲ့သော ထိုနေရာသို့နတ်အာရုံကို ထပ်မံဖြန့်ကျက်ပြီး  အသေအချာ စစ်ကြည့်သောအခါတွင် သူ၏ နတ်ဘုရားအာရုံခံစားမှုသည် ထပ်မံပျောက်ကွယ်သွားပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ နတ်ဘုရားအာရုံ ဝါးမြိုခံရမှုသည် ပို၍အားကောင်းလာလေ၏...

သို့ပေမယ့် ထူးဆန်းနေသည်မှာ နန်ကုန်းဟန်၏ ဝိဉာဉ်များကို ထိုနေရာသို့ ဖြန့်ကျက်သည့်အခါ အကောင်းတိုင်းရှိနေကြခြင်းပင်...စုမင်သည် ဝိဉာဉ်များဖြင့်ဖွဲ့စည်းထားသော ဝဲဂယက်ကို စူးစမ်းကြည့်သည့်အခါ ဝါးမြိုခံရသည့်အရိပ်အယောင်များ မမြင်တွေ့ခဲ့ရပေ....

စုမင်၏ မျက်ဆံများကြုံ့ဝင်သွားတော့၏...စုမင်သည် ထိုနေရာသို့ နတ်ဘုရားအာရုံ ထပ်၍ မဖြန့်ကျက်တော့ဘဲ ပြန်ရုတ်သိမ်းလိုက်လေတော့သည်။

" ဘာဖြစ်လို့လဲ ညီလေးမော့.... "

နန်ကုန်းဟန်သည် အနည်းငယ် အံ့သြနေဟန်ဖြင့် စုမင်အား ကြည့်နေသည်။

" ဟိုနေရာမှာ တစ်ခုခုရှိနေတယ်...."

စုမင်၏လေသံများသည် အရင်လို ယဉ်ကျေးပျူငှာမနေတော့ဘဲ နန်ကုန်းဟန်အား တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။

စုမင်၏ စကားသံကိုကြားသည့်အခါ နန်ကုန်းဟန်သည် အရင်ကထက်ပင် ပို၍ သတိရှိလာခဲ့သည်။နန်ကုန်းဟန်၏မျက်လုံးများထဲတွင် အနက်ရောင်အလင်းတန်းများ တောက်ပလာပြီး ပတ်ပတ်လည်တွင်ရှိသော ဝိဉာဉ်များသည် စူးရှစွာအော်မြည်နေကြပြီး စုမင် ညွှန်ပြခဲ့သည့်နေရာထဲသို့ တိုးဝင်သွားခဲ့ကြသည်။

ထိုနေသည် မည်သို့ပင် ကြည့်ကြည့် ကောင်းကင်နှင့်တသားတည်းဖြစ်နေပြီး မည်သည့် မူမမှန်မှုကိုမျှ မခံစားရပေ....နန်ကုန်းဟန်သည် ထိုနေရာသို့ ဝိဉာဉ်ပေါင်းများစွာ ထပ်ပို့ခဲ့သော်လည်း ဘာမျှမထူးခြားခဲ့ပေ....

" အဲ့မှာ ဘာမှမရှိဘူး..."

နန်ကုန်းဟန်၏ မျက်နှာပေါ်တွင် အံ့ဩသောအကြည့်တစ်ခု ပေါ်လာသည်။တောအုပ်ထဲတွင် စုမင်ပြုမူခဲ့သည်များနှင့် နောက်လိုက်နှစ်ဉီးအား အထိအခိုက်မရှိအောင် ကာကွယ်နိုင်ခဲ့ခြင်းတို့ကိုသာ သိမထားပါက စုမင်ဘက်က လျို့ဝှက်ဆန်းကြယ်သောအခြေနေဖြစ်အောင် တမင်လုပ်နေသည်ဟုပင် ထင်မိပေမည်။

နောက်လိုက်သုံးဉီးအနက်မှ လက်မောင်းတစ်ဖက်​ခြောက်သွေ့နေသော ကောင်လေးသည် တသီးတသန့်ဆန်စွာ နေတတ်ပြီး ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေ၏...အားဟူသည် ထိုနေရာကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားနေ၏...သူသည် စုမင်အား ယုံကြည်သည့်အတွက် စုမင်၏စကားများကို သံသယဝင်ခြင်းအလျှင်းမရှိပေ..

သို့ပေမယ့်လည်း လန်လန်သည် အပြင်ပန်းတွင် မျက်မှောင်ကြုံ့ထားပြီး စိတ်ထဲတွင်မူ...

' ဟွန့်....ဒါ သက်သက်မဲ့ ဟန်ဆောင်နေတာပဲဖြစ်ရမယ်....တခုခုသာရှိနေတယ်ဆို ဆရာနန်ကုန်း မသိဘဲဘယ်နေလိမ့်မလဲ....'

"ညီလေးမော့ ........ "

နန်ကုန်းဟန် ပိုပြီးသေချာသွားအောင်

ဝိဉာဉ်များကို နောက်တစ်ကြိမ် ထပ်မံဖြန့်ကျက်ခဲ့သော်လည်း မထူးမခြားနားသာပင်....နန်ကုန်းဟန် စုမင်အား ကြည့်လိုက်မိပြန်သည်။

" နောင်ကြီးနန်ကုန်း သွားချင်တယ်ဆို ကျုပ်မတားလိုပါဘူး.....ဒါပေမယ့် မသွားဖို့တော့ အကြံပေးချင်တယ်......ကျုပ်ကတော့ အဲ့နေရာကို ရှောင်ကွင်းသွားမှာ..."

စကားဆုံးသည်နှင့် စုမင်သည် လက်တစ်ချက်ဝှေ့ယမ်းပြီး ငြူစူသော လန်လန်နှင့် စိတ်လှုပ်ရှားနေသော အားဟူတို့ကို ခေါ်ဆောင်ကာ တခြားသော လမ်းကြောင်း တစ်ခုဆီပျံသန်းသွားခဲ့သည်။စုမင်ကို ကြည့်ရသည်မှာ ထိုနေရာအား အမှန်တကယ် ရှောင်ကွင်းသွားချင်ပုံရသည်။

နန်ကုန်းဟန်သည် ခတ္တမျှတုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် သူ့ညာလက်ကိုမြှောက်လိုက်ကာ လက်ဖဝါးလှန်လိုက်သည့်အခါ ဝတ်ရုံလက်စအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ကျလာသည်။

ထိုအနက်ရောင်အလင်းတန်းသည် နန်ကုန်းဟန်ရှေ့တွင် တောက်ပလာပြီး ပေတစ်ရာခန့်ရှည်လျားသော စပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ထိုမြွေကြီးသည်

အေးစက်သောအကြည့်များဖြင့် တွန်သံပြုနေ၏....စပါးအုံးမြွေကြီးသည် နန်ကုန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီး စုမင်ရှောင်ကွင်းသွားသောနေရာဆီသို့ ပြေးဝင်သွားခဲ့၏......

တခဏချင်းမှာပင် မြွေကြီးအား စိုက်ကြည့်နေသော နန်ကုန်းဟန်၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်ထွက်လာလေ၏...လက်မောင်းတစ်ဖက်ခြောက်သွေ့နေသော ကောင်လေးသည်ပင် မျက်လုံးများပြူးကျယ်လာပြီး ပထမဆုံးအကြိမ်အဖြစ် အမူအရာပြောင်းလဲသွားခဲ့လေပြီ.....

စပါးအုံးမြွေကြီးဆီမှ စူးစူးဝါးဝါးအော်ဟစ်သံများထွက်ပေါ်လာပြီး သူတို့မျက်စိရှေ့မှာပင် စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်သည် လေထဲ၌ ပျောက်ကွယ်သွားလေ၏....

ထိုသည်မှာ မမြင်ရသော ပါးစပ်ကြီးတစ်ခုက ထိုစပါးအုံးမြွေကြီးအား တစ်လုပ်တည်းဖြင့် ဝါးမျိုသွားသည့်နှယ်....

နန်ကုန်းဟန်၏ အရေပြားများ တင်းကြပ်လာသလိုခံစားနေရ၏။ အကယ်၍ သူသည် ထိုနေရာသို့ ရူးမိုက်စွာဝင်ခဲ့ပါလျှင် ထိုရုတ်တရက်အန္တရာယ်မှ လွတ်မြောက်ရန် ခက်ခဲမည်ကို နားလည်လိုက်လေပြီ...

ထိုအချိန်တွင် သူ့နှလုံးခုန်သံများသည် တဒုန်းဒုန်းမည်ဟီးနေကာ အခြားလမ်းကြောင်းသို့ ပျံသန်းနေသော စုမင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အသိတရားရသွားဟန်ဖြင့် စုမင်ဆီသို့ ပြေးသွားခဲ့လေ၏.....

လန်လန်သည်လည်း ဤအချင်းအရာကို မြင်သည်နှင့် မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီး စုမင်၏ ကျောပြင်အား ထိတ်လန့်စွာ ကြည့်နေခဲ့မိသည်။ တောအုပ်ထဲမှ ကံကောင်း၍

ဘေးကင်းလုံခြုံစွာ ထွက်လာနိုင်ခြင်းမဟုတ်သည်ကို ကောင်းစွာနားလည်ခဲ့လေပြီ....

အားဟူသည် တောက်ပသောမျက်ဝန်းများဖြင့် စုမင်အား ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေခဲ့၏.......

အခန်း ( ၄၂၄)  ရှာမန်မြို့.....

" ညီလေးမော့ မင်းရဲ့ ကျင့်ကြံမှုနယ််ပယ်နဲ့ သိမြင်နားလည်နိူင်စွမ်းကို ကျုပ်အထင်ကြီးနေမိပြီဗျာ...နောက်ဆို ဘယ်နေရာသွား သွား မင်းဘက်က တစ်ခွန်းပြောလိုက်တာနဲ့ ကျုပ်ကတော့ လိုက်ပြီးသားပဲ.."

စုမင်တို့အား လိုက်မှီလာသည့်အခါ နန်ကုန်းဟန်သည် လက်သီးနှင့်လက်ဖဝါးထပ်၍ စုမင်အား စကားဆိုနေ၏....

နန်ကုန်းဟန်၏နောက်လိုက် လက်မောင်းတစ်ဖက်​ခြောက်သွေ့နေသောကောင်လေးသည်ပင် စုမင်အား အရင်လို အေးတိအေးစက်အကြည့်များဖြင့် ကြည့်မနေတော့ဘဲ သူ့အကြည့်များထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေလေပြီ.....

" ကျုပ်ကံကောင်းခဲ့တာပါဗျာ..နောင်ကြီးနန်ကုန်းလည်း သေချာကြည့်မယ်ဆို သဲလွန်စတစ်ချို့ရှာတွေ့မှာပါ..."

စုမင် ခေါင်းရမ်းပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

" နှိမ့်ချနေစရာမလိုပါဘူး ညီလေးမော့ရာ...အမှန်တိုင်းဝန်ခံရရင် အဲ့နေရာမှာ အန္တရာယ်ရှိမှန်း ကျူပ်တကယ်မသိတာပါ...."

နန်ကုန်းဟန် ရယ်သံနှော၍ပြောလိုက်ပြီး စုမင်အား တစ်ချက်ဉီးညွှတ်လိုက်လေ၏...

စုမင် ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ နန်ကုန်းဟန်နှင့်အတူ နောက်လိုက်သုံးဉီးကို ခေါ်ဆောင်၍ ခရီးဆက်ခဲ့ကြပြန်သည်။

စုမင်၏နတ်ဘုရားအာရုံနှင့် နန်ကုန်းဟန်၏ ပျံ့လွှင့်နေသော ဝိဉာဉ်များကြောင့် ခရီးလမ်းတစ်လျှောက်တွင် အန္တရာယ်ရှိသည့်နေရာများတွေ့ခဲ့သော်လည်း ရှောင်ကွင်းနိုင်ခဲ့ကြသည်။ခရီးလမ်းရှည်ကြာခဲ့သော်လည်း သေဘေးနှင့်တော့ ထိပ်တိုက်မကြုံတွေ့ခဲ့ကြပေ....

အချိန်တွေကုန်လွန်လာသည်နှင့်အမျှ ရှာမန်မြို့နှင့်လဲ ပို၍နီးကပ်လာလေပြီ...နန်ကုန်းဟန်သည်လည်း စုမင်အပေါ် ပို၍ယုံကြည်လာပြီး စုမင်နှင့်အတူ ခရီးသွားရန်ဖိတ်ခေါ်မိခဲ့ခြင်းအား မှန်ကန်သည့်ရွေးချယ်မှုအဖြစ် ပို၍ပင်ယုံကြည်နေမိတော့သည်။

စုမင်တစ်ယောက် အန္တရာယ်ရှိကြောင်း

မည်သို့ ကောက်ချက်ချတွေးတောနိုင်မှန်း နန်ကုန်းဟန် သိချင်နေ၏...တစ်ခါကဆို စုမင် လမ်းကြောင်းပြောင်းဖို့ ပြောခဲ့စဉ် စုမင်၏စကားကို နားထောင်ခဲ့ပြီး နောက်လှည့်ကြည့်လိုက်သောအခါ သူတို့ ရှောင်ကွင်းလာခဲ့သော နေရာတွင်မည်သည့်နေရာကထွက်ပေါ်လာမှန်းမသိသော မျဉ်းကြောင်းများထွက်ပေါ်လာပြီး ပျံသန်းနေသောသူများ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစဖြစ်အောင် ထိုးဖောက်သွားကြသည်အား မြင်လိုက်ရ၏...

နန်ကုန်းဟန်တစ်ယောက် တုန်တုန်ယင်ယင်ဖြစ်သွားခဲ့ကာ ထိုအချိန်မှစ၍ စုမင်အကြံပြုသည်များကို အကြွင်းမဲ့ယုံကြည်ခဲ့ပြီး လိုက်နာခဲ့လေသည်။

စုမင်သည် အားဟူ၏စိတ်နှလုံးသားထဲတွင် နတ်ဘုရားတစ်ပါးအဖြစ်နေရာယူသိမ်းပိုက်ထားပြီးဖြစ်သောကြောင့် အားဟူသည် စုမင်၏လှုပ်ရှားမှုအသေးစိတ်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေရှာသည်။

လန်လန်သည် ရဲရင့်သူတစ်ယောက်ဖြစ်သောငြားလဲ ကြုံဆုံခဲ့ရသောအရာများသည် သူမ၏အရေပြားများကို တင်းကြပ်သွားစေခဲ့သည်။ စုမင်ကို ကြည့်နေသော သူမ၏အကြည့်များသည်လည်း အရင်နှင့်မတူဘဲ ကွဲပြားနေခဲ့ပြီဖြစ်သည်။

နန်ကုန်းဟန်နှင့်အတူပါလာသောကောင်လေးသည် အများနှင့်မတူဘဲ တသီးတသန့်နေထိုင်တတ်သူဖြစ်ပြီး နန်ကုန်းဟန်ကိုပင်လျှင် အေးတိအေးစက်ပြုမူဆက်ဆံတတ်သူဖြစ်၏။သို့သော်ငြားလည်း စုမင်ကိုကြည့်သည့် အကြည့်များတွင်မူ သီးသန့်ဆန်သော အေးစက်မှုများကိုမတွေ့ရဘဲ ထိုအစား လေးစားမှုများကိုသာ တွေ့မြင်နိုင်၏...

ခရီးလမ်းတစ်လျှောက်တွင် စုမင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့သည်။လမ်းကြောင်းပြောင်းရန် အကြံပြုသည့်အခါတိုင်း အကုန်လုံးက မေးခွန်းမထုတ်ဘဲ နာခံခဲ့ကြသည်။နောက်ဆုံးတွင်မူ အကြံပြုရန်ပင်မလိုတော့ပေ...နန်ကုန်းဟန်သည်ပင် ကလေးများနှင့်အတူ စုမင်စကားအား နားထောင်ခဲ့လေသည်။

' ညီလေးမော့လို စောင့်ရှောက်သူတစ်ယောက်ရထားတာ နွားသိုးဖြူမျိုးနွယ်စုအတွက်ကံကောင်းလိုက်တာ....'

လမ်းခရီးတစ်လျှောက်လုံး နန်ကုန်းဟန်တစ်ယောက် လန်လန်နှင့်အားဟူတို့ကို ကြည့်ပြီးတိတ်တဆိတ်သက်ပြင်းချနေမိသည်။

တခြားသောသူတွေတွင် ရှာမန်မြို့ကိုရောက်အောင်သွားနိူင်မယ့် နည်းလမ်းတွေရှိမှန်းသိသည်။သို့သော် နန်ကုန်းဟန်၏စွမ်းအားနှင့် စုမင်၏ လမ်းညွှန်မှုတို့သာ မရှိပါလျှင် ထိုလူငယ်များအား ဘေးမသီရန်မခ ပို့ဆောင်နိူင်ရန်ခက်ခဲမည့်အပြင် ကိုယ်တိုင်၏အသက်ကိုပင် အာမခံနိုင်မည်မဟုတ်ပေ....

သို့သော် ခရီးစဉ်တစ်လျှောက် နွားသိုးဖြူမျိုးနွယ်စုမှ ကောင်လေးနှင့်ကောင်မလေးတို့သည် မော့စုကြောင့်သာ ဘေးဒုက္ခနှင့်မကြုံခဲ့ရခြင်းဖြစ်၏...

တစ်လတာကြာမြင့်ပြီးနောက် စုမင်တို့သည် အန္တရာယ်ကြီးမားသော ခရီးစဉ်ကြီး၏ အဆုံးသတ်ပန်းတိုင်ဖြစ်သော ရှာမန်မြို့သို့ရောက်လာခဲ့ကြလေပြီ....မြို့နှင့် လီတစ်ရာအကွာအဝေးတွင် ပျံသန်းမှုအား တားမြစ်ထားသည့်အတွက် စုမင်တို့တတွေ မြေပြင်ပေါ် ဆင်းသက်ခဲ့ကြရ၏....

ရှာမန်မြို့သည် မကြီးမားသော်လည်း ထည်ဝါခန့်ညားပေ၏... ၎င်းသည် ကုဗတုံးသဏ္ဍာန်ရှိပြီး ဧရာမတံတိုင်းကြီးများဖြင့်ကာရံထား၏...သွေးများဖြင့် ပက်ဖြန်းထားသည့်နှယ် ရဲရဲနီနေသော တံတိုင်းကြီးများသည် တခါတရံ ကျက်သွေးရောင်အလင်းတန်းများတောက်ပလာပြီး လူတို့၏စိတ်နှလုံးအား တုန်လှုပ်စေနိုင်သော ဖိအားများ ထုတ်လွှတ်နေကြသည်။

ရှာမန်မြို့တွင် ဝင်ထွက်သွားလာရန် ဂိတ်တံခါးတစ်ခုသာ ရှိပေသည်။မြို့တွင်းရှိ ထူးခြားသောအဆောက်အဉီးများကို လီတစ်ရာကျော်အဝေးကပင် လှမ်းမြင်နေရသည်။

မြို့လယ်ခေါင်တွင် ကောင်းကင်ကိုထိလုမတတ်ရှည်လျားသော ကျောက်တိုင်ကြီးတစ်ခုတည်ရှိနေပြီး ရှေးကျသော ခံစားချက်များကို ပေးစွမ်းနေ၏။ထိုကျောက်တိုင်ကြီး၏ ထိပ်ဖျားတွင် ပေတစ်ထောင်ခန့်အရွယ်အစားရှိသော ဧရာမဉီးခေါင်းကြီးတစ်ခုရှိနေသည်။ ထိုဉီးခေါင်းကြီးအား အမျိုးအမည်မသ်ိသောနည်းလမ်းတစ်ချို့ဖြင့်ထိန်းသိမ်းထားသောကြောင့် အပိုင်းအစအနည်းငယ်ခန့်သာ ပျက်စီးနေ၏...

ထိုဉီးခေါင်းကြီးအား အဝေးကပင် ရှင်းလင်းစွာမြင်နေရ၏..ထိုဉီးခေါင်းကြီး၏အတွင်းပိုင်းသည် ဗလာဖြစ်နေ​ပြီး ၎င်းသည် ကျောက်တိုင်ကြီး၏ထိပ်ဖျားတွင်ရှိနေသောကြောင့် အများအမြင်ကို ဖမ်းစားနိူင်သည့်အပြင် လမ်းပြအမှတ်အသားတစ်ခုအဖြစ်လဲ ထင်မှတ်စေနိူင်သည်။

ဗလာဖြစ်နေသော ဉီးခေါင်းကြီးထဲတွင် သစ်ကိုင်းသစ်ခက်တို့ဖြင့်ပြည့်နှက်နေပြီး ဉီးခေါင်း၏ပုံသဏ္ဍာန်သည် လူပုံသာဏ္ဍာန်ဟုထင်ရသော်လည်း အရေပြားများသည် သစ်ခေါက်များကဲ့သို့ ​ခြောက်သွေ့နေ၏။ဉီးခေါင်းကြီးသည် အညိုရောင်ဖြစ်နေပြီး လူပုံသဏ္ဍာန်ရှိနေသောကြောင့် အဝေးကကြည့်လျှင် လူတစ်ဉီး၏ ဉီးခေါင်းဟု ထင်ရသော်လည်း အနီးကပ်ကြည့်ပါက သစ်တုံးကြီးတစ်ခုမှန်း ရှင်းလင်းစွာ မြင်နိုင်ပေလိမ့်မည်။

ထိုဧရာမဉီးခေါင်းကြီးမှ သစ်ကိုင်းသစ်ခက်များ တွဲကျနေသည်။ တွဲကျနေသော သစ်ကိုင်းများထဲတွင် အရှည်ဆုံးသစ်ကိုင်းသည် ပေတစ်ထောင်နီးပါးရှည်ရှားပေ၏...အလျားအနံမတူကြသော သစ်ကိုင်းများသည်ထိုဉီးခေါင်းကြီးအား ကျောက်တိုင်နှင့်တွဲဆက်ထားဟန်တူသည်။ အဝေးမှကြည့်ပါက ကျောက်တိုင်ကြီးသည် ဉီးခေါင်းပြတ်ကြီးတစ်ခုကိုအား ပင့်တင့်ပေးထားသည် လှံတစ်စင်းနှင့်အလားသဏ္ဍာန်တူနေသည်။

" နောက်ဆုံးတော့ ကျုပ်တို့တွေ ရှာမန်မြို့ကိုရောက်လာခဲ့ပြီ....ညီလေးမော့..ဒီခရီးစဉ်တစ်လျှောက်လုံး မင်းလုပ်ပေးခဲ့သမျှတွေကို ဘယ်လိုကျေးဇူးတင်စကားပြောရမှန်းတောင် မသိတော့ပါဘူး.... "

နန်ကုန်းဟန်သည် ရှာမန်မြို့ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး လက်သီးနှင့်လက်ဖဝါးကိုထပ်ကာ စုမင်အား ကျေးဇူးတင်စကားဆိုနေ၏.......

" ဒီလိုလုပ်စရာမလိုပါဘူး နောင်ကြီးနန်ကုန်း.....ကျုပ်လည်းပဲ ရှာမန်မြို့ကို လာချင်ခဲ့တာပဲ...ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းခဲ့တာပဲလေ..ပြီးတော့ ခင်ဗျားလဲ ရတနာလောင်းကစားပွဲကို ဝင်နွှဲချင်တယ်မလား...ကျုပ် ရှာမန်နယ်မြေမှာတုန်းကတည်းက ဒီပွဲအကြောင်းကို ကြားဖူးပေမယ့်အရင်အခေါက်တွေတုန်းက အကြောင်းအမျိုးမျိုးကြောင့် ဝင်မနွဲဲဖြစ်ခဲ့ဘူး...အခု ဒီကိုလဲရောက်လာပြီဆိုတော့ ကျုပ်လဲ ဝင်နွှဲကြည့်ချင်တယ်ဗျာ...အဲ့နေရာမှာ မိတ်ဆက်ပေးဖို့ ခင်ဗျားရဲ့အကူအညီလိုလိမ့်မယ်..."

ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများကြောင့် နန်ကုန်းဟန်သည် စုမင်နှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားပြီးဖြစ်သည်။ထို့ကြောင့် စုမင်၏စကားကိုကြားပြီးသည်နှင့် ချက်ချင်းပင် ပြန်ဖြေလေတော့သည်။

"ဒါကလွယ်ပါတယ်...ကျုပ်အရင်တုန်းက တစ်ခါ နှစ်ခါလောက်ဝင်ပြိုင်ဖူးတယ်...ညီလေးမော့ မင်းလဲ အခုဒီကိုရောက်နေပြီဆိုတော့ ဝင်ပြိုင်သင့်တာပေါ့..ကံကောင်းရင် အဖိုးမဖြတ်နိူင်တဲ့ရတနာတွေတောင် ရနိုင်တယ်......ဒါပေမယ့် ကျုပ်တို့ အဲ့ကိုမသွားခင် ယင်ကိုးပါးဝိဉာဉ်တော် ငှားမှဖြစ်မယ်....."

နန်ကုန်းဟန်သည် တခဏမျှငြိမ်သက်နေပြီး စုမင်အား ဖိတ်ကြားပြန်သည်....

"ဒီလိုဆိုရင်ရော...ညီလေးမော့သူ စိတ်မရှိဘူးဆို ကျုပ်တို့နဲ့အတူ တည်းခိုဆောင်တစ်ခုထဲမှာ တည်းခိုလိုက်ကြပေါ့...ဒါဆို ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ ဆက်သွယ်လို့ရပြီပေါ့...."

စုမင် တခဏလောက် စဉ်းစားပြီးနောက် အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်လေသည်။

နန်ကုန်းဟန်သည် ပျော်ရွှင်စွာရယ်မောလိုက်ပြီး စုမင်နှင့်အတူ လူငယ်သုံးဉီးကို ခေါ်ဆောင်ကာ ရှာမန်မြို့ရှိရာဆီ ဉီးတည် လျှောက်လှမ်းသွားခဲ့သည်။သိပ်မကြာခင်မှပဲ သူတို့အဖွဲ့ မြို့ပြင်ကိုရောက်လာခဲ့ကြသည်။ မြို့ထဲသို့ ဝင်ရန် တန်းစီနေသော လူများသည် အလွန်များပြားလွန်းလှသည်။

တန်းစီနေသောလူအများစုမှာ ဆယ်ကျော်သက်များဖြစ်ပြီး၊ ဆယ်ကျော်သက်များကြားတွင် အလယ်အလတ်အဆင့်ရှာမန်တယောက်က ၎င်းတို့ကို ကာကွယ်ပေးသူအဖြစ် ရပ်နေ၏....

ထိုဆယ်ကျော်သက်တွေမှာရော အလယ်အလတ်အဆင့်ရှာမန်တွေဆီမှာပါ ဒဏ်ရာအနာတရတွေရှိနေကြပြီး မျက်နှာများသည်လည်း ဖြူဖျော့နေကြ၏....တစ်ချို့ ဒဏ်ရာများဆိုရင် အတော်လေး ထိတ်လန့်းရာကောင်းနေ၏...

မြို့ထဲကိုဝင်ဖို့ စောင့်ရတဲ့လူတန်းက အရမ်းရှည်ပေမယ့် စစ်ဆေးမှုတွေကလဲ သိပ်ကိုတင်းကြပ်ပေသည်။တူညီဝတ်စုံ

ဝတ်ဆင်ထားသော အလယ်အလတ်ရှာမန် တစ်ဒါဇင်ခန့်သည် မြို့တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ ပုံမှန်အားဖြင့် စစ်ဆေးမှု

တစ်ခုစီပြီးသည်နှင့် မြို့ထဲသို့ဝင်ရန် မြို့ဝင်ကြေးပေးဆောင်ရပေဉီးမည်။

မြို့ထဲသို့ဝင်ရန် တန်းစီစောင့်ဆိုင်းနေသော ရှည်လျားသောလူတန်းရှည်ကြီးတွင် စိတ်မရှည်သေယသူများရှိသော်လည်း၊တူညီဝတ်စုံဝတ်ဆင်ထားသော အလယ်အလတ်အဆင့်ရှာမန်များကိုမြင်သောအခါတွင် ဒေါသကို မြိုသိပ်ထားလိုက်ရသည်။

သို့သော်လည်း တန်းစီစရာမလိုဘဲ ထူးခြားသော အထောက်အထားများကြောင့် ရိုးရှင်းစွာ အစစ်ဆေးခံ၍ မြို့ထဲသို့တိုက်ရိုက်ဝင်ခွင့်ရသွားသူများလဲ ရှိသေးသည်။ထိုသူများသည် မျိုးနွယ်စုကြီးများနှင့်သက်ဆိုင်သူ သို့မဟုတ် ရှာမန်နတ်ဘုရားကျောင်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူများသာ ဖြစ်ကြသည်။

" လူတွေအရမ်းများလွန်းတော့ ငါတို့တွေ မနက်ဖြန်လောက်မှ မြို့ထဲဝင်နိုင်လိမ့်မယ်ထင်တယ်...."

လန်လန်သည် မြို့တံခါးအပြင်ဘက်ကိုရောက်သည်နှင့် လူတန်းရှည်ကြီးကိုကြည့်ပြီး သက်ပြင်းချနေမိသည်။သို့သော်လည်း သူမနှင့်ရွယ်တူ ဆယ်ကျော်သက်များသည်လည်း စောင့်ဆိုင်းနေကြသည်ကိုမြင်သည့်အခါ တချို့အရာများကို သတိပြုမိခဲ့လေသည်။ ဒီလူငယ်တွေကြည့်ရတာ လမ်းခရီးတစ်လျှေက်လုံး ခက်ခဲကြမ်းတမ်းခဲ့ပုံရသည့်အပြင် ခရီးဖော်များအား ဆုံးရှုံးခဲ့ရ၍ ဝမ်းနည်းပူဆွေးနေသူများပင် ရှိနေသေးသည်။

လန်လန်သည် ဤနေရာသို့ရောက်လာရန် ဖြတ်ကျော်ခဲ့ရသည့် အန္တရာယ်အစစ်အမှန်များကြောင်း တွေးမိသည့်အခါ စုမင်ကို မကြည့်ဘဲ မနေနိုင်တော့ပေ....

စုမင်သည် အေးဆေးတည်ငြိမ်သော အကြည့်များဖြင့် လူအုပ်ကြီးအား ကြည့်နေခဲ့သည်။ မနက်ဖြန်အထိ စောင့်ရမည်ဆိုသော်လည်း စုမင်အတွက် ပြသာနာမရှိပေ...

" ကျုပ်တို့ မနက်ဖြန်အထိစောင့်စရာမလိုတော့ဘူး...တစ်ခါတည်း ဝင်လို့ရပြီ..."

ရှာမန်မြို့အနီးသို့ ရောက်လာသောအခါ နန်ကုန်းဟန်တစ်ယောက် ပို၍ပင်တက်ကြွလာ၏...လန်လန်၏စကားသံကိုကြားသော အခါ စုမင်အား သူ့တွင်အဆက်အသွယ်မည်မျှရှိကြောင်း သိစေနိူင်မည့်အတွေးတစ်ခုပေါ်ပေါက်လာခဲ့လေသည်။တကယ်တမ်းတွင်မူ လက်ရှိကျင့်ကြံမှုနယ်ပယ်အဆင့်မှာရှိသူတိုင်းက ခင်မင်ရင်းနှီးလိုစိတ်တစ်ခုတည်းဖြင့် မိတ်ဆွေဖွဲ့ကြခြင်းမဟုတ်ဘဲ အပြန်အလှန်အကျိုးပြုနိုင်ဖို့ မိတ်ဆွေဖွဲ့ကြခြင်းဖြစ်၏....

ခရီးစဉ်အတွင်း စုမင်၏ အေးဆေးတည်ငြိမ်သော သဘောထားများသည် နန်ကုန်းဟန်အဖို့ မယုံနိူင်လောက်အောင် အဖိုးတန်သောကြောင့် မိတ်ဆွေဖွဲ့ချင်နေခြင်းဖြစ်သည်။သို့သော် သူ၏ ကိုယ်ပိုင်တန်ဖိုးများကို စုမင်အား မပြသရသေးပေ...ထို့ကြောင့် သူ့စကားအတိုင်း စုမင်တို့အား မြို့ထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားရပေမည်။

စုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ နန်ကုန်းဟန် တွေးတောနေသည်များကို စုမင်သိနေ၏...ထိုကဲ့သို့ ယုံကြည်မှုရှိရှိပြောလိုက်ဝည့်အတွက် နန်ကုန်းဟန်တွင် သေချာပေါက် နည်းလမ်းတစ်ခုရှိနေမည်သာ...စောင့်စရာမလိုပါ မနက်ဖြန်အထိစောင့်ဆိုင်းဖို့ကို စုမင်ရွေးချယ်မည်မဟုတ်.....

စုမင်တို့သည် နန်ကုန်းဟန်နောက်သို့လိုက်ပါသွားခဲ့ကြသည်။ လူငါးယောက်သည် တန်းစီမနေဘဲ မြို့တံခါးဆီသို့ တည့်တည့်လျှောက်လာသောအခါ လူအုပ်ကြီး၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။သို့သော် လူအုပ်ကြီးအတွင်းမှ စောင့်ရှောက်သူ အလယ်အလတ်အဆင့်ရှာမန်တို့သည် နန်ကုန်းဟန်ကိုမြင်သည်နှင့် တုန်လှုပ်သွားကြပြီး လက်သီးနှင့်လက်ဖဝါးထပ်ကာ အရိုအသေပြုနေကြသည်။

" အစ်ကိုတော်နန်ကုန်း ဒီတစ်ခါရော ဘယ်မျိုးနွယ်စုကို စောင့်ရှောက်ပေးရတာလဲ..."

" မတွေ့တာကြာပြီနော် အစ်ကိုတော်နန်ကုန်း နေထိုင်ကောင်းရဲ့လား...."

" ဟား ဟား အစ်က်ိုတော်နန်ကုန်း ကျူပ်တို့ မြို့ထဲရောက်တာနဲ့ မူးတဲ့အထိ သောက်ကြမယ်နော်...."

နန်ကုန်းဟန်သည် အပြုံးတစ်ခုဆင်မြန်းပြီး နှုတ်ဆက်နေသူများကို ပြန်နှုတ်ဆက်နေ၏...နှုတ်ဆက်သူတွေများပြားသော်လည်း နန်ကုန်းဟန်သည် စိတ်ဆိုးခြင်းအလျှင်းမရှိပေ...ကြည့်ရသည်မှာ ဤ အခြေနေမျိုးကို ကျင့်သားရနေပုံရသည်။

နန်ကုန်းဟန်တို့ မြို့တံခါးနားကိုရောက်တဲ့အခါ တူညီဝတ်စုံဝတ်ဆင်ထားသော အလယ်အလတ်အဆင့်ရှာမန်တို့၏ ခေါင်းဆောင်သည် နန်ကုန်းဟန်အားပြုံးပြနေ၏...ထို့နောက် စုမင်တို့အား လုံးဝစစ်ဆေးခြင်းမပြုဘဲ ဝင်ခွင့်ပေးလိုက်သောကြောင့် စုမင်ပင်လျှင် နန်ကုန်းဟန်၏အဆက်အသွယ်များကြောင့် အံ့သြနေမိခဲ့သည်။

နန်ကုန်းဟန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေ၏။ စစ်ဆေးရေးခေါင်းဆောင်အား နှုတ်ဆက်ပြီးသောအခါ စုမင်တို့ကို မြို့ထဲသို့ခေါ်ဆောင်သွားခဲ့လေသည်။

မြို့တံခါးဥမင်လိုဏ်ခေါင်းကို ဖြတ်လျှောက်လာရင်း စုမင်က နန်ကုန်းဟန်အား အသိအမှတ်ပြုဟန်ဖြင့်ပြုံးပြလိုက်ပြီး....

" နောင်ကြီးနန်ကုန်းက အထင်ကြီးစရာကောင်းလောက်အောင် လူသိများတာပဲနော်....ရှာမန်နတ်ဘုရားကျောင်းက အစောင့်တွေတောင် မစစ်ဆေးဘဲ ခွင့်ပြုပေးလိုက်တာကိုက တကယ်ကိုအထင်ကြီးစရာကောင်းလွန်းနေပြီ...ခင်ဗျားသူတို့နဲ့လည်း ရင်းနှီးတယ်မလား...."

" ညီလေးမော့ရေ...မင်းရှေ့မှာ ရူးကြောင်ကြောင်တွေ လုပ်မိပြီထင်ပါရဲ့....ကျုပ်က မိတ်ဆွေဖွဲ့ရတာ ​ကြိုက်တယ်...ကျူပ်အဖေမှာလဲ မိတ်ဆွေတွေအများကြီးပဲ....ကျုပ်က ငယ်ငယ်လေးကတည်းက ရှာမန်နတ်ဘုရားကျောင်းတော်မှာ ကြီးပြင်းလာခဲ့တာလေ...အဲ့တာကြောင့် ကျူပ်ရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကို ခွင့်လွှတ်ပေးပါဉီး....."

စုမင် ​ပြုံးနေသည်။ စကားစပြောတော့မည့်အချိန်တွင် မျက်ဆံများကြုံ့ဝင်သွားပြီး အပြုံးသည်လည်း အေးခဲသွားလေ၏...မြို့တွင်းမှ မိန်းကလေးတစ်ဉီးသည် မြို့တံခါး ဉမင်လှိုဏ်ခေါင်းကို ဖြတ်လျှောက်ပြီး စုမင်ဆီသို့ လျှောက်လှမ်းလာနေ၏.......

All Chapters