အအေးဓာတ်မြင့်တက်လာခြင်း......
Vol. 31 Ch. 426
" ဟား...ကျုပ် သူ့ရဲ့ ကျောဘက်ကိုပဲ မြင်ဖူးတာပါ...."
နန်ကုန်းဟန်တစ်ယောက် နောင်တရနေဟန်ဖြင့် ခေါင်းခါပြနေ၏....သူတို့သည် ရှာမန်မြို့၏ အနည်းငယ်ချောင်ကျသောနေရာတစ်ခုကို ရောက်နေပြီဖြစ်ပြီး သူတို့ရှေ့တွင် တည်းခိုခန်းတစ်ခုကို မြင်နေရ၏....
" ရောက်ပြီ....ညီလေးမော့ရေ ကျုပ်ဒီကိုရောက်တိုင်း ဒီမှာပဲတည်းနေကျ...ဒီနေရာမှာ အရမ်းကို တိတ်ဆိတ်တယ်....ခဏလောက်နားလိုက်ုကဉီး...မနက်ရောက်မှ ယင်ကိုးပါးဝိဉာဉ်တော် သွားငှားကြတာပေါ့...."
နန်ကုန်းဟန်သည် တည်းခိုခန်းထဲသို့ဝင်သွားပြီး ပိုင်ရှင်နှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် စုမင်ဘက်သို့ လှည့်၍ နှုတ်ဆက်နေသည်။ နန်ကုန်းဟန်၏မျက်နှာပေါ်တွင် ဆံနီစုမင်၏ နောက်ကျောဘက်သာ မြင်တွေ့ခဲ့ရသည်ကို နောင်တရနေဟန် အရိပ်အယောင်များ ကျန်ရစ်နေသေးသည်။ ထို့နောက် လက်မောင်းတစ်ဖက်ပိန်လှီနေသောကောင်လေးကို ခေါ်၍ နန်ကုန်းဟန်သည် တည်းခိုရမည့်အခန်းဆီသို့ ဉီးတည်သွားခဲ့တော့သည်။
" ငါနဲ့လိုက်ခဲ့ကြ....."
စုမင်သည် လူငယ်နှစ်ဉီးအား ခပ်ပြတ်ပြတ်ညွှန်ကြားပြီးနောက် ပိုင်ရှင်ဆီက ခွင့်ပြုချက်ရပြီးသည်နှင့် တည်းခိုရမည့် အခန်းများဆီသို့ သွားခဲ့သည်။
လန်လန်၏ မျက်နှာသည် ဖြူဖျော့နေ၏။ သူမသည် ရဲရင့်သော်လည်း ယခုတွင်မူ ချီတုံချတုံဖြစ်နေမိသည်။သို့သော် အားဟူသည် လန်လန်၏လက်ကို ဆုပ်ကိုင်ကာ ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမကို ဆွဲခေါ်ကာ စုမင် နောက်သို့ လိုက်သွားခဲ့သည်။
လန်လန်သည် အားဟူ သူမ၏လက်ကို ဆွဲထားခြင်းအား ပထမဆုံးအကြိမ်အဖြစ် ခံင့်ပြုပေးခဲ့ပြီး အောက်နှုတ်ခမ်းကိုက်ကာ စုမင်၏အခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
တည်းခိုခန်းတွင် လူအနည်းငယ်သာသောကြောင့် အခန်းလွတ်များစွာရှိနေပြီး ဤအခန်းတိုင်းတွင် ကိုယ်ပိုင်စည်းတံဆိပ်များရှိကြသည်။လူတစ်ယောက် အထဲသို့ ဝင်သွားသည်နှင့် ထိုစည်းတံဆိပ်သည် အသက်ဝင်လာပေလိမ့်မည်။
အခန်းတံခါးပိတ်သွားသောအခါ စုမင်သည် ပြတင်းပေါက်နားတွင် ရပ်ကာ မြူဆိုင်းနေသော ကောင်းကင်ကြီးအောက်က တိတ်ဆိတ်နေသော လမ်းများကို ငေးကြည့်နေခဲ့သည်။ အပြင်ဘက်တွင် နေမွန်းတည့်ချိန် ရောက်လုနေပြီ....အဝေးကနေလာတဲ့ စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေသော အသံများကို ကြားနေရသော်လည်း ထိုအသံများသည် စုမင်နားထဲသို့ရောက်လာသည့်အခါ အလွှာပေါင်းများစွာကို ကျော်ဖြတ်ခဲ့သည့်နှယ် အားနည်းဖျော့တော့ လာသည်။
ဤနေရာသည် သိပ်မဆိုးလှသော နေရာတစ်ခုဖြစ်ပြီး စုမင်အား အနှောက်အယှက်ကင်းကင်းဖြင့် အေးချမ်းစေသည်။
စုမင်သည် နတ်ဘုရားအာရုံဖြန့်ကျက်လိုက်သည်။ နတ်ဘုရားအာရုံသည် အခန်းတွင်းမှ အသံများကို အပြင်လူတွေမကြားနိူင်အောင် ကာရံပေးနိူင်သည်။ထို့ကြောင့် စုမင်၏ နတ်ဘုရားအာရုံအကာအရံကို ဖျက်ဆီးနိူင်သည့် စွမ်းအားပမာဏကို ထုတ်မသုံးနိူင်ပါက အခန်းထဲတွင် ဖြစ်ပျက်နေသည်များကို သိနိုင်လိမ့်မည်မဟုတ်ပေ....
စုမင်သည် နန်ကုန်းဟန်၏အခန်းဆီသို့ နတိဘုရားအာရုံဖြန့်ကျက်ခဲ့၏....နန်ကုန်းဟန်သည် အခန်းထဲသို့ ရောက်ကတည်းက တစ်စံတစ်ခုကြောင့် ကြေကွဲဝမ်းနည်းနေပုံရပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေခဲ့သည်။ပချိန်အတော်ကြာသည်အထိ နန်ကုန်းဟန်ဘက်က လှုပ်ရှားမှုမရှိသည်ကို မြင်တော့မှ စုမင်သည် နန်ကုန်းဟန်အား ဆက်လက်စောင့်ကြည့်ရန် နတ်ဘုရားအာရုံတစ်ခုချန်ထားခဲ့ပြီးနောက် လန်လန်နှင့်အားဟူတို့ကို လှည့်ကြည့်လိုက်လေသည်။
လူငယ်နှစ်ဉီးသည် အချိန်အကြာကြီး စောင့်နေရဆသာ်လည်း မည်သည့်အမူအရာမျှ မပြရဲကြပေ....လန်လန့် မျက်နှာဖြူဖျော့လာသည့်အခါ လန်လန့် လက်ကိုဆုပ်ကိုင်ထားသော အားဟူသည် ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။
စုမင်နှင့် အကြည့်ချင်းဆုံသောအခါ လန်လန် တုန်ရီသွားရှာသည်။
" စီ...စီနီယာ...."
အားဟူ၏ လက်ရှိအပြူအမူများသည် ယခင်ကနှင့် လုံးဝကွဲပြားနေသည်။ အားဟူသည် တစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားဟန်ဖြင့် လန်လန်နှင့်အတူ စုမင်ရှေ့တွင် ဒူးထောက်နေ၏.....
" စီနီယာ.....ကျွန်တော်တို့ တွေ့မြင်ခဲ့သမျှကို ထုတ်မပြောနိူင်အောင် ဂါထာမန္တာန်သုံးပြီး မှတ်ဉာဏ်ဖျောက်ပေးပါ....နို့မို့ဆိုရင် စီနီယာ အတွက်ရော ကျွန်တော်တို့အတွက်ပါ ဘေးဒုက္ခတွေသယ်ဆောင်လာလိမ့်မယ်...."
စုမင် စကားမပြောသေးဘဲ လူငယ်နှစ်ယောက်ကို သေချာကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ လေးလေးနက်နက်တွေးတောနေ၏....
ဒါဟာ မတော်တဆမှုတစ်ခုပါ...သို့သော်လည်း နွားသိုးဖြူမျိုးနွယ်စု ဘိုးဘေး၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီးကတည်းက ထိုသို့သော မတော်တဆမှုများအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ တကယ်တမ်းတော့ ဟုန်လော့၏ လုပ်များသည် ထင်သာမြင်သာရှိလွန်းသဖြင့် သူ့အသွင်အပြင်နှင့် အပြုအမူများကို အလွယ်တကူ မှတ်မိကြမည်သာ....
သို့သော် ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နန်ကုန်းဟန်ပြောခဲ့သလို သူသည် ဆံနီစုမင်ဖြစ်နေချိန်တွင် သေချာထင်ရှားစွာ လူလုံးပြမိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နန်ကုန်းဟန်သည် ဤအကြောင်းကို မြို့ထဲစဝင်သည့်အချိန်တွင် ပြောခဲ့ခြင်းဖြစ်ပြီး သူ့ကြည့်ရသည်မှာမိမိအား သံသယဝင်နေပုံမပေါ်ပေ...
စုမင်၏ မျက်လုံးထဲတွင် အရောင်တစ်ချက်လက်သွားပြီး ဒူးထောက်နေသည့် နှစ်ယောက်ကို ကြည့်လိုက်သည်။
" ဒါကို သိထားတာက မင်းတို့အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများလိမ့်မယ်....ဒါက မင်းတို့ရဲ့ အသက်ကို ဆုံးရှုံးစေနိူင်တဲ့အပြင် နွားသိုးဖြူမျိုးနွယ်စုတစ်ခုလုံးပါ ပျက်စီးသွားနိူင်တယ်...."
စုမင် လိမ်ညာနေခြင်းမဟုတ်ပေ။ သဲလွန်စအနည်းငယ်ဖော်ထုတ်လိုက်ရုံဖြင့် နွားသိုးဖြူမျိုးနွယ်စုတစ်ခုလုံး ဒုက္ခရောက်သွားပေလိမ့်မည်။
" စီနီယာ..."
အားဟူတို့နှစ်ယောက်စလုံး ဖြူဖျော့နေကြ၏.....
စုမင် ညာလက်ကိုမြှောက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အခါ အားဟူတို့နှစ်ယောက်စလုံး သတိမေ့ကာ လဲကျသွားလေ၏...စုမင်သည် အရင်တိုင်း တည်ငြိမ်နေဆဲသာပင်...အကယ်၍ သူ့ထံတွင် အခြေတည်အဆင့်စိတ်ဝိဉာဉ်မရှိလျှင် သို့မဟုတ် ဟုန်လော့ ချန်ရစ်ထားပေးခဲ့သော မှတ်ဉာဏ်ဖျောက်ခြင်းနည်းလမ်းတို့ကို မသင်ယူနိူင်ခဲ့ပါက ယင်ကိုးကမ္ဘာထဲသို့ ဤကလေးနှစ်ယောက်အား ခေါ်လာပေး
လိမ့်မည်မဟုတ်ပေ....
ဒီအတွက် အစောကြီးတကည်းက ပြင်ဆင်ထားပြီးပေမယ့် စောစောစီးစီးထုတ်သုံးရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ...
နှစ်နာရီခန့်အကြာတွင် လန်လန်နှင့်အားဟူတို့စုမင်၏ အခန်းထဲမှပြန်ထွက်လာကြ၏...သူတို့ ကိုယ်ပိုင်နားနေခန်းထဲ ပြန်ရောက်တဲ့အခါ သက်သာလာဖို့ အမွှေးတိုင် တစ်တိုင်ထွန်းစာလောက်အချိန်ယူခဲ့ရပြန်သည်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် ဆံနီစုမင်နှင့် ပတ်သတ်သမျှအကြောင်းအရာများ အားလုံးသည် အရိပ်အမြွက်မျှပင် မကျန်တော့ပေ....
ဆယ်ကျော်သက်များသည် အငြိမ်မနေတတ်ကြပေ....သတိပြန်ဝင်လာသည့် လန်လန်သည် အားဟူနှင့်အတူ ရှာမန်မြို့ထဲ လည်ပတ်ဖို့ စိုင်းပြင်းနေ၏။ မွန့်တည့်ချိန်ကျော်လွန်နေပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် အလင်းရောင်ရှိနေသေးသည်။ထို့ကြောင့် သူမသည် လက်မောင်းတစ်ဖက်ပိန်လှီနေသောကောင်လေးကိုပါ အတူလည်ပတ်ဖို့ အားဟူနှင့်အတူ ဖိတ်ခေါ်ခဲ့သည်။ လူငယ်သုံးဉီးသည် စုမင်နှင့် နန်ကုန်းဟန်တို့ဆီမှ အသီးသီးခွင့်ပြုချက်ရပြီးသည်နှင့် တည်းခိုခန်းမှ ထွက်ခွာသွားကြလေသည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး ညနေစောင်းခါနီးတွင် တရားထိုင်နေသော စုမင်သည် မျက်လုံးများကိုဖွင့်ကာ တံခါးဆီသို့လှမ်းကြည့်လိုက်သည်။ တခဏအကြာတွင် တံခါးခေါက်သံနှင့်အတူ နန်ကုန်းဟန်၏ ခပ်မြူးမြူး အသံကိုပါ ကြားလိုက်ရသည်။
" ညီလေးမော့ ယင်ကိုးကမ္ဘာရဲ့နေဝင်ချိန်က မယုံနိူင်လောက်အောင် လှတာ..ပြီးတာ့ လကိုးစင်းထွက်လာတဲ့အခါ ပိုလို့တောင် ဘှသေးတယ်....ကျုပ်နဲ့အတူ နေဝင်ချိန်ကြည့်ရင်း လာသောက်လှည့်ပါလား...."
နန်ကုန်းဟန်တွင် မိတ်ဆွေများစွာရှိခြင်း၏ အကြောင်းရင်းအများစုမှာ သူသည် ရွှင်မြူးသောလေသံဖြင့် ပြောဆိုသောကြောင့်ဖြစ်ပြီး သူနှင့် အတူသောက်ရန် ဖိတ်ခေါ်တတ်သည့်လူအမျိုးအစားဖြစ်သောကြောင့် ဖြစ်သည်။
စုမင်သည် နန်ကုန်းဟန်၏ စကားကို ကြားသောအခါ ပြုံးပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။ တွန်းဖွင့်လိုက်သည်နှင့် နန်ကုန်းဟန်သည် ဝိုင်နှစ်အိုးကို ကိုင်ကာ အခန်းအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
စုမင်သည် တည်းခိုခန်းတစ်ခုလုံးကို နတ်ဘုရားအာရုံဖြန့်ကျက်ထားသောကြောင့် နန်ကုန်းဟန်၏ လှုပ်ရှားမှုများသာမက တည်းခိုခန်းအတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို သိရှိနေသည်။ ထိုဝိုင်အိုးများသည် နန်ကုန်းဟန်၏ ကိုယ်ပိုင်ဝိုင်အိုးများမဟုတ်ကြပေ... တည်းခိုခန်းပိုင်ရှင်ဆီကနေ သွားတောင်းတဲ့အခါ မြေအောက်ခန်းသိုလှောင်ခန်းထဲမှ ထုတ်ပေးလိုက်သော ဝိုင်အိုးများဖြစ်ကြ၏....
စုမင်သည် တည်းခိုခန်းပိုင်ရှင်နှင့် ဝိုင်အိုးတို့ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးသောအခါ ပြသာနာတစ်စုံတစ်ရာမရှိကြောင်း သိနှင့်ပြီးဖြစ်သည်။ ထို့အပြင် နန်ကုန်းဟန်သည် သူ့အခန်းထဲတွင် ဝိုင်တစ်အိုးကုန်အောင် သောက်ခဲ့ပြီး အဖော်မပါဘဲ သောက်သည့် ဝိုင်သည် အရသာမရှိဟု ယူဆသောကြောင့်စုမင်ထံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
စုမင်သည် နန်ကုန်းဟန်ဆီမှ ဝိုင်အိုးကို လှမ်းယူလိုက်ပြီး တစ်ငုံ့သောက်ပြလိုက်သည်။ ဤသည်ကိုမြင်သောအခါ နန်ကုန်းဟန်၏မျက်လုံးများတောက်ပလာ၏..ထို့နောက် နှစ်ယောက်သား တည်းခိုဆောင် အပေါ်ထပ်သို့ တက်သွားကြလေသည်။
အပေါ်ဆုံးအထပ်သည် စားပွဲများသာရှိသည့် လသာဆောင်ဖြစ်သောကြောင့် စုမင်တို့သည် အစွန်ဆုံးနားက စားပွဲတွင်ဝင်ထိုင်လိုက်ပြီး အဝေးကနေလှမ်းမြင်နေရသည့် အနီရောင်ကောင်းကင်ကြီးကို ရှုစားနေကြသည်။
" ကျုပ် ယင်ကိုးကမ္ဘာကို သိပ်သဘောကျတာ...ဖွင့်ချိန်ရောက်တိုင်းလဲ ဒီနေရာကို ရောက်အောင်လာခဲ့တယ်....."
နန်ကုန်းဟန်သည် ဝိုင်တစ်ငုံသောက်လိုက်ပြီး သက်ပြင်းတစ်ချချကာ အဝေးကကောင်းကင်ကြီးကို ငေးကြည့်နေ၏....
စုမင်၏ အကြည့်သည် ကောင်းကင်ပေါ်ရှိ မီးနီရောင် အရိပ်တစ်ခုပေါ် ကျဆင်းသွားပြီး တည်ငြိမ်သော လေသံဖြင့်
“ဒီနေရာက တကယ်ကောင်းတယ်... ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုဖြစ်တယ်ဆိုတာ စိတ်ကူးကြည့်လို့မရဘူး..."
" ဟား ဟား ကျုပ်တို့က အေးရာအေးကြောင်း ထိုင်သောက်နေပေမယ့် အပြင်ဘက်က အန္တာရာယ်တွေအကြောင်းတွေးကြည့်...ကျုပ်တို့ ဘိုးဘေးတွေတောင် လီတစ်သန်းဧရိယာထက်ကျော်လွန်ပြီး မစူးစမ်းနိုင်ခဲ့ကြဘူး...အခု ကျုပ်တို့က လကိုးစင်းကိုကြည့်ပြီး ဝိုင်သောက်နေလို့သာ သက်တောင့်သက်သာခံစားနေရတာ...."
နန်ကုန်းဟန်သည် စကားဆုံးသည်နှင့် ဝိုင်များကို ပါးစပ်အပြည့်မော့သောက်နေ၏....
" ညီလေးမော့....ကျူပ်ရဲ့အိပ်မက်ကိုသိလား....ကျုပ် လီတစ်သန်းဧရိယာထက်ကျော်လွန်တဲ့ နေရာတွေဆီ ရောက်ဖူးချင်တယ်...နေဝင်ရီတရောအချိန်ကတနေ လထွက်လာတဲ့အချိန်ကို ဝိုင်သောက်ရင်း ထိုင်ကြည့်ချင်တယ်...."
နန်ကုန်းဟန်သည် အနီရောင်ကောင်းကင်ထက်တွင် ခပ်ရေးရေးပေါ်ထွက်လာသော လမင်း၏အရိပ်ကို ပြုံး၍ကြည့်နေ၏...
" အဲ့မှာဆို စစ်ပွဲတွေမရှိတဲ့ အပြင် ကျူပ်အဖေရဲ့အိပ်မက်တွေကိုလဲ လျစ်လျုရှူထားနိူင်မှာ.....အဲ့မှာဆို ကျုပ်ရဲ့အိပ်မက်တွေကလွဲရင် ကျန်တာတွေ ဘာမှမတွေးဘဲ နေနိုင်လိမ့်မယ်...အဲ့မှာ လူတစ်ယောက်ကိုလည်း စောင့်ရဉီးမယ်...."
နန်ကုန်းဟန် သက်ပြင်းချလိုက်သည်။
" ဟမ်...."
စုမင် ဝိုင်တစ်ငုံသောက်လိုက်ပြီး နန်ကုန်းဟန်ကို ကြည့်လိုက်သည်။
" ကျုပ်ဒီနေရာကို ဘာ့ကြောင့်
အခေါက်တိုင်းလာနေတယ်ဆိုတာ ညီလေးမော့ သိချင်မှာပေါ့... ဒီနေရာကိုလာတာ သဘောကျတာတစ်ခုတည်းကြောင့်မဟုတ်ဘဲ တစ်စုံတစ်ယောက်ကို ပေးထားတဲ့ကတိကြောင့်လဲပါတယ်...အဲ့ကတိက ပိုအရေးကြီးတယ်...."
နန်ကုန်းဟန်သည် နာကျင်သော လေသံဖြင့် စကားဆက်မပြောမီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။
"ကျုပ် သူ့ကို ဒီမှာစောင့်နေရမယ်... သူမက လီတစ်သန်းဧရိယာကို ကျော်ဖြတ်သွားခဲ့တယ်...ကျုပ်တို့ နှစ်ယောက်ကြားမှာထားရှိတဲ့ ကတိစကားအရ ကျုပ်ဒီနေရာမှာ စောင့်နေခဲ့တယ်.....နှစ်တွေကြာလာပေမယ့်လည်း သူမ ပြန်မလာသေးဘူး...."
" ကတိ ....."
စုမင် ခေါင်းငုံ့ပြီး လက်ထဲက ဝိုင်အိုးကို ကြည့်လိုက်ပြီး တစ်ငုံမော့သောက်လိုက်သည်။ထို့နောက် စုမင်၏အကြည့်များသည် အနီရောင်မြူခိုးများကြားမှ ထွက်ပေယ်လာသော ပထမလကို ဆီသို့ရောက်ရှိသွားလေသည်။
" သူမကို မမေ့နိုင်ရင် ဘာလို့ သွားမရှာတာလဲ....."
ကျယ်လောင်သောအသံသည် အရပ်မျက်နှာအနှံ့မှထွက်ပေါ်လာသောကြောင့် စုမင် နတ်ဘုရားအာရုံတွေကို ပြန်လည်စုစည်းလိုက်သည်။ စကားသံထွက်ပေါ်လာပြီး အသက်တစ်ရှိုက်စာအချိန်ကြာမှသာ စုမင် ထိုပုဂ္ဂိုလ်အားရှာတွေ့ခဲ့၏...
တခဏအကြာတွင် တသီးတသန့်ဆန်သော အမျိုးသမီးတစ်ယောက် လသာဆောင်ပေါ်တက်လာနေသည်။ ထိုအမျိုးသမီးသည် နန်ကုန်းဟန်၏ ညီမဖြစ်ပြီး စုမင် မတွေ့ချင်ဆုံးသောသူလည်း ဖြစ်သည်။
ထိုအမျိုးသမီးသည် စုမင်ကို တစ်ချက်မျှမကြည့်ဘဲ နန်ကုန်းဟန်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုအမျိုးသမီးရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအေးစက်လာပြီး ဝိုင်အိုးအတွင်းမှ ဝိုင်များသည်လည်း အေးစက်လာခဲ့သည်။သူမသည် နန်ကုန်းဟန်လက်ထဲမှ ဝိုင်အိုးကို ဆွဲယူ၍ တစ်ငုံ့မော့သောက်နေ၏....
နန်ကုန်းဟန်သည် ထိုအမျိုးသမီးကို ကြည့်လိုက်ပြီး....
" သွားမှာ...ငါကျိန်းသေ သွားမှာ...."
စုမင် ဘေးမှာထိုင်နေတဲ့ မောင်နှမတွေကို ကြည့်ရင်း ထွက်သွားဖို့ ဆင်ခြေရှာနေ၏....ဆင်ခြေရှာရင်းကနေ စုမင်ရဲ့ အမူအရာတွေ ရုတ်တရက် ပြောင်းသွားလေသည်။ သူ့မျက်လုံးထဲမှာ အေးစက်နေတဲ့ အလင်းတန်းတစ်ခု ချက်ချင်းပေါ်လာပြီး မြို့ရဲ့ အဝေးတစ်နေရာကို ကြည့်လိုက်သည်။
" နောင်ကြီးနန်ကုန်း.... ကျုပ်မှာ ဖြေရှင်းစရာကိစ္စလေးတစ်ခုပေါ်လာလို့ ခွင့်ပြုပါဉီး...."
စုမင် စကားပြောနေစဉ်အတွင်း သူ့မျက်လုံးများထဲက အေးစက်နေသော အကြည့်များသည် ပို၍အေးစက်လာသည်။ထို့နောက် အလင်းတန်းတစ်ခု သဖွယ် လျင်မြန်စွာ ပြေးထွက်သွားလေ၏.....
နန်ကုန်းဟန် တခဏလောက်အံ့အားသင့်နေခဲ့ပြီး ဘေးနားက ညီမဖြစ်သူကိုကြည့်လိုက်သည့်အခါ သူမသည်လည်း စုမင် ထွက်သွားသည်ကို ကြည့်နေမှန်း သိလိုက်ရ၏...သူမ၏ မျက်ဝန်းများသည် အနည်းငယ်လှုပ်ရှားနေသည်။
ထိုအချိန်တွင် ရှာမန်မြို့၏ မြောက်ဘက်တစ်နေရာရှိ လူစည်ကားသောလမ်းပေါ်က ဆိုင်တစ်ဆိုင်ထဲတွင် လန်လန်သည် ဒေါသထွက်နေပြီး အားဟူသည်ကြောက်ရွံနေဟန်ဖြင့် လန်လန့်ဘေးတွင်ရပ်နေ၏...လက်မောင်းတစ်ဖက်ပိန်လှီနေသော ကောင်လေး၏ မျက်နှာသည် ဖြူဖျော့နေပြီး ခါးသီးသော အမူအရာများထင်ဟပ်နေသည်။
သူတို့သုံးဉီး၏ ရှေ့တွင် တောက်တောင်ပြောင်ပြောင်ဝတ်စားထားသော ကောင်လေးတစ်ယောက်ထိုင်နေပြီး ထိုကောင်လေး၏ မျက်နှာပေါ်တွင် အထင်မြင်သေးသည့် အမူအရာမျိုးရှိနေသည်။ ထိုကောင်လေး၏ဘေးတွင် အိမ်ထောင်သည်အမျိုးသမီးတစ်ဉီးရှိနေပြီး ထိုအမျိုးသမီးသည် အရွယ်တင်ချောမောလှပေသည်။
ကောင်လေးနှင့် အမျိုးသမီးတို့နောက်တွက် အမူအရာကင်းမဲ့နေသော လူသုံးယောက် မတ်တပ်ရပ်နေသည်။ထိုသုံးဉီးထံမှ ပျံ့လွင့်လာသော ဖိအားအရ ထိုသုံးဉီးစလုံးသည် အလယ်အလတ်အဆင့်ရှာမန်များဖြစ်ကြောင်း သိနိုင်သည်။
" ချီဒေါင်က ဆေးပင်ကို ပထမဆုံးတွေ့ခဲ့တဲ့အပြင် ပိုက်ဆံတောင်ရှင်းပြီးနေပြီ...နင်ဘယ်လိုဖြစ်ပြီး လုယူရတာလဲ...."
လန်လန် ဒေါသထွက်နေပြီ.....
" ချီဒေါင် ငါမင်းကို ဒီနေရာမှာတွေ့မယ်လို့ ထင်မထားမိဘူး...ကြည့်ရတာ မင်းရဲ့လက်မောင်းပြန်ကောင်းလာဖို့ ဒီဆေးပင်လိုတာပေါ့.....ဒါဆို တစ်မြို့လုံးမှာ ရှိသမျှ ဒီဆေးပင်အကုန်ဝယ်ခိုင်းလိုက်မယ် ...မင်း ငါ့ကို လာတောင်းပန်မယ်ဆို တစ်ပင်နှစ်ပင်လောက်ပေးမယ်...မင်းငါ့ကို ထိုင်ရှီခိုးမယ်ဆို ဆေးပင်တစ်ချုံစာ ပေးမယ်ကွာ...ဒါပေမယ့် အခု နည်းနည်းလန့်သွားပြီ...သူတို့ကိုမောင်းထုတ်လိုက်စမ်း...."
ကောင်လေးက ရွှင်မြူနေတဲ့လေသံနဲ့ အလယ်အလတ်အဆင့် ရှာမန်တွေကို အမိန့်ပေးလိုက်သည်။
" ပိုင်အာ...သူများတွေ ဒုက္ခရောက်အောင် တမင်မလုပ်ရဘူးလေ...ဒါက မယဉ်ကျေးရာရောက်တယ်....ဒီဆေးပင်ကို သူတို့အရင်ဝယ်ထားတယ်ဆိုမှတော့ သူတို့ ခြေထောက်တွေရိုက်ချိုးပြီး ဆေးပင်ပြန်ပေးလိုက်ပါ...."
အမျိုးသမီးသည် ချိုသာသောအသံဖြင့်ပြောဆို လိုက်ပြီး ဆိုင်အတွင်းရှိတခြားပစ္စည်းများကို ကြည့်နေခဲ့သည်။ သူမ အမိန့်ပေးပြီးသည်နှင့် သူမ၏အမိန့်အတိုင်း လုပ်ဆောင်မည့်သူရှိမည်မှာ သေချာလှပေသည်။