← Chapters

နားလည်မှုလွဲတာလား? မလုံလောက်သေးဘူး....

Vol. 31 Ch. 427

နားလည်မှုလွဲတာလား? မလုံလောက်သေးဘူး....

Vol. 31 Ch. 427

ပိုင်အာ ဟုခေါ်သော ကောင်လေးသည်ထိုအမျိုးသမီး၏စကားသံကိုကြားသည်နှင့် ကောက်ကျစ်စွာပြုံးလိုက်ပြီး လက်မောင်းတစ်ဖက်ပိန်လှီနေသောကောင်လေးအား မတူမတန်သလို ကြည့်လိုက်သည်။

လန်လန်တို့နှင့်အတူ ပါလာသော ကောင်လေး၏ညာလက်မောင်းသည် အရိုးနှင့်အရေပြားသာကျန်ရှိတော့သည်အထိ ပိန်လှီခြောက်ကပ်နေပြီး မျက်နှာသည်လည်း သွေးမရှိတော့သည့်နှယ် ဖြူဖျော့နေသည်။

" လုပ်ရဲတယ်နော်....ကျွန်မတို့ရှင့်ကို ဘယ်တုန်းကများ အနှောက်အယှက်ပေးခဲ့ဖူးလို့လဲ...ဒီဆေးပင်အတွက် ကျွန်မတို့ ပိုက်ဆံရှင်းပြီးပြီ...ရှင်တို့ကသာ လုဖို့ကြိုးစားနေတဲ့သူတွေ....."

" ရှင်တို့ သိပ်အစွမ်းထက်တယ်ဆို ဘာလို့ ကလေးတွေကို အနိုင်လာကျင့်နေတာလဲ...မရှက်ကြဘူးလား...."

လန်လန့် မျက်နှာသည် ဒေါသကြောင့်နီမြန်းနေသည်။ သူမ ကြောက်လန့်နေသည်။သို့သော် ချီဒေါင်သည် သစ်တုံးသဖွယ် ငြိမ်သက်နေ​ပြီး အားဟူသည် နဂိုကတည်းက သရဲဘောကြောင်သူဖြစ်၏.....

လန်လန်သည် ကြောက်လန့်နေသော်လည်း ဒေါသတကြီး အော်ဟစ်နေသေးသည်။ ချီဒေါင်၏ ဖြုူဖျော့နေသော မျက်နှာကို မြင်လိုက်သောအခါ လန်လန်သည် အံကြိတ်လိုက်ပြီး.....

" ကျွန်မတို့ရဲ့ စောင့်ရှောက်သူက မော့စု...သူ့ရဲ့စောင့်ရှောက်သူက နန်ကုန်းဟန်..ရှင် ကျွန်မတို့ကို ထိခိုက်အောင်လုပ်လို့ကတော့ စောင့်ရှောက်သူနှစ်ယောက်စလုံး ရှင်တို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး...."

အမူအရာမဲ့နေသော ရှာမန်တစ်ယောက် သူမတို့ဆီ လာနေသည်ကိုမြင်သောအခါ လန်လန်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အားဟူနှင့် ချီဒေါင်တို့ကို ကာကွယ်ပေးနေသည်။ သူမ၏မျက်နှာသည် အလွန်တရာ ဖြူဖျော့နေပြီဖြစ်သော်လည်း သတ္တိရှိစွာရင်ဆိုင်နေဆဲပင်....

" နန်ကုန်းဟန်...."

ဆိုင်ထဲမှ အခြားပစ္စည်းများကို ကြည့်နေသော အမျိုးသမီးသည် နန်ကုန်းဟန်၏ အမည်ကို ကြားလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။

" နန်ကုန်းဟန်နဲ့ပတ်သတ်တယ်ဆိုမှတော့ သူတို့ကို ​ခြေထောက်တစ်ဖက်ပဲ ဖြတ်လိုက်ကြတော့.. ကောင်မလေးက စွာတယ်...သူ့ကိုလျှာဖြတ်လိုက်...."

" နားလည်ပါပြီ မဒမ်...."

အလယ်အလတ်အဆင့် ရှာမန်သုံးဉီးအနက် တစ်ဉီးသည် လန်လန်တို့ဆီ လမ်းလျှောက်လာနေပြီး ကျန်နှစ်ဉီးသည် ထိုအမျိုးသမီးအား ဉီးညွှတ်နေ၏...

အလယ်အလတ်အဆင့်ရှာမန် လှမ်းလာနေသည်ကို မြင်သောအခါ လန်လန်သည် ကြောက်လန့်တုန်ရီနေပြီး အားဟူ၏ မျက်လုံးများထဲတွင် အကြောက်တရားများကြီးစိုးနေသည်။ ချီဒေါင်သည် ခေါင်းကိုသာ ငုံ့ထားနေတော့သည်။ ယနေ့တွင် သူတို့သုံးဉီးစလုံး လွတ်မြောက်နိူင်လိမ့်မည်မဟုတ်ပေ....အလယ်အလတ်အဆင့်ရှာမန်တစ်ဉီး၏ ဖိအားသည် သူတို့အတွက်တော့ ကောင်းကင်ဘုံ၏စွမ်းအား သဖွယ်ဖြစ်နေသည် မဟုတ်ပေလော....

" ချီပိုင်..ပထမသခင်မကြီး...ဒီပြသာနာက သူတို့နှစ်ယောက်နဲ့ မဆိုင်ပါဘူး...လမ်းခရီးတူနေလို့သာ ရှာမန်မြို့ကို အတူရောက်လာခဲ့ကြတာပါ....ကျွန်တော့်ကိစ္စနဲ့ သူတို့နဲ့ ဘာမှမဆိုင်ပါဘူး.... တကယ်အပြစ်ပေးချင်တယ်ဆို ကျွန်တော် သူတို့အစား ​ခြေလက်တွေ ရိုက်ချိုးခံပါ့မယ်...."

လက်မောင်းတစ်ဖက်ပိန်လှီနေသောကောင်လေးသည် ယခုအချိန်တွင် ခေါင်းကို မော့လိုက်ပြီး မျက်နှာပေါ်တွင် ခါးသီးသော အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

ကောင်လေး၏စကားများသည် အမျိုးသမီး၏ အာရုံကို မဖမ်းစားနိူင်ခဲ့ပေ...ထိုအမျိုးသမီးသည် ချီဒေါင်၏စကားများကို မကြားဟန်ဆောင်နေပြီး သစ်နက်သားဆံထိုးတစ်ချောင်းကိုသာ ငုံ့ကြည့်နေ၏...ချီပိုင်သည် ချီဒေါင်ကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာများဖြင့် လှောင်ပြောင်သရော်နေ၏....အထင်မြင်သေးခြင်းနှင့် ကောက်ကျစ်ယုတ်မာမှုများသည် ချီပိုင့်မျက်နှာတွင် အရှင်းသားပေါ်လွင်နေသည်။

လန်လန်တို့ဆီ လျှောက်လာနေသော ရှာမန်သည် ခြေတစ်လှမ်းမျှ မရပ်ဘဲ လျှောက်လှမ်းလာနေသည်။သူ နီးကပ်လာသည်နှင့်အမျှ သူ့ကိုယ််ပေါ်မှ စိမ့်ထွက်လာသော အအေးဓာတ်များကြောင့် လူငယ်သုံးဉီးစလုံး စိတ်ပျက်အားငယ်နေကြ၏...

ချီဒေါင်၏ မျက်လုံးများနီရဲလာပြီး အော်ဟစ်မာန်သွင်းကာ လန်လန်နှင့် အားဟူတို့ ရှေ့၌ ပိတ်ရပ်လိုက်သည်။

" အားဟူ ပြေးတော့....လန်လန့်ကိုခေါ်ပြီး ပြေးတော့...."

လန်လန် ကြောင်အနေခဲ့သည်။ အားဟူသည် သူမလက်ကိုဆွဲကာ တံခါးပေါက်ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။တံခါးပေါက်နား ရောက်ခါနီးချိန်တွင် မည်သည့်နေရာမှ တိုက်ခတ်လာမှန်းမသိသော လေပြင်းတစ်သုတ်သည် သူတို့နှစ်ဉီးအား အရှိန်ပြင်းစွာတိုက်ခတ်သွားခဲ့သည်။လန်လန်နှင့် အားဟူတို့သည် တံတိုင်းကြီးတစ်ခုနှင့် တိုက်မိလိုက်သလိုခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏....

" ကျွန်မတို့ရဲ့ စောင့်ရှောက်သူ မော့စုက ရှင့်ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး...."

လန်လန်သည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး အလတ်အလတ်အဆင့်ရှာမန်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။ အားဟူ ရင်ဘတ်အောင့်လွန်းသဖြင့် အသက်ပြင်းပြင်းရှူနေရသော်လည်း မယိမ်းယိုင်သောဆုံးဖြတ်ချက်တစ်ခုဖြင့် လန်လန့်ရှေ့တွင် ရပ်နေ၏...

ချီဒေါင် ခါးသက်စွာ ရယ်မောလိုက်ပြီး လန်လန်နှင့်အားဟူတို့အား တောင်းပန်တိုးလျှိုးသောအကြည့်များဖြင့် ကြည့်လိုက်သည်။ သူ့လုပ်ရပ်အတွက် နောင်တရနေမိသည်။ တကယ်ဆို သူအပြင်ထွက်မလာသင့်ခဲ့ပေ။ သူတစ်ဉီးတည်း ထိခိုက်မိသည်မှာ ကိစ္စမရှိသော်လည်း သူ့အတွက်နဲ့ အခြားသူများကိုပါ ရော၍ ဒုက္ခမရောက်စေချင်ခဲ့ပေ...

သက်လတ်ပိုင်းအရွယ်ရှာမန်သည် အေးစက်သောအပြုံးဖြင့်ပြုံးပြနေ၏။ ထိုလူ့ထံတွင် သူ့အဆင့်တန်းနှင့်ညီမျှသော ဂုဏ်သိက္ခာမရှိသည်မှာ ထင်ရှားနေသည်။ အကာအကွယ်မဲ့နေသော ကလေးငယ်သုံးဉီးအား ရက်စက်စွာတိုက်ခိုက်ခြင်းသည် မယုံနိုင်လောက်အောင် ကြမ်းကြုတ်ရက်စက်ခြင်းမည်ပေ၏..

"  အင်အားကြီးရှာမန်တွေထဲမှာ မော့စုဆိုတဲ့နာမည်ကို တစ်ခါမှမကြားဘူးဖူး...သူ့ရဲ့ " ခွင့်မလွှတ်ဘူး " ဆိုတာ ဘယ်လိုနေမလဲ ငါသိချင်မိတယ်...."

သက်လတ်ပိုင်းအရွယ်ရှာမန်သည် ချီဒေါင်ကို ကျော်ဖြတ်ပြီး အားဟူတို့ဆီ လျှောက်သွားကာ အားဟူကို ရိုက်ချလိုက်သည်။ အားဟူ ဘေးသို့လဲကျသွားချိန်တွင် ထိုလူသည် ဖြူဖျော့နေသော လန်လန်ထံသို့ ရောက်နှင့်နေပြီ။

သက်လတ်ပိုင်းအရွယ်ရှာမန်သည် အေးစက်စွာလှောင်ပြောင်ရယ်မောလိုက်ပြီး ညာလက်ကို လန်လန့်​ခြေထောက်ဆီသို့ ညွှန်ပြလိုက်သည်။လန်လန်၏ ​ခြေထောက်သည် အသွင်သွင်ကျိုးသွားပြီဖြစ်သောကြောင့် ခြေမသန်သူအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဘေးနားတွင် လဲကျနေသော အားဟူသည် အရူးတစ်ယောက်လို အော်ဟစ်ပြီး ရှေ့သို့တိုးလာ၏။ ချီဒေါင်သည် နှလုံးသားတစ်ခုလုံးနာကျင်နေသော်ငြားလဲ တုံ့ဆိုင်းမနေဘဲ ရှေ့သို့တိုးလာခဲ့သည်။

သို့သော် လူငယ်နှစ်ဉီးစလုံးသည် တက်သစ်စရှာမန်တောင် မဖြစ်သေးသူများဖြစ်သောကြောင့် အလတ်အလတ်အဆင့်ရှာမန်တစ်ယောက်အား တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ...ထိုလူအား ထိုးကြိတ်ချင်သော်လည်း မည်သို့မျှ မဖြစ်နိူင်ပေ...

သက်လတ်ပိုင်းအရွယ်ရှာမန်၏ ညာလက်သည် လျှပ်စီးလက်သလို အမြန်နှုန်းမျိုးဖြင့် လန်လန်၏ညာ​​ခြေထောက်သို့ ရောက်သွားပြန်သည်။

သို့သော် ထိုလူ၏ညာလက်အား ရပ်တန့်စေနိုင်မည့်သူ မရှိခြင်းမျိုးမဟုတ်ခဲ့ပေ။ ထိုလူ၏ညာလက်နှင့် လန်လန်၏ ​ခြေထောက်တို့ သုံးလက်မခန့်သာကွာဝေးတော့သောအခါ စိတ်ဝိညာဉ်အား အေးခဲသွားစေနိုင်မည့် အသံတစ်သံသည် ဆိုင်အပြင်ဘက် ကောင်းကင်ယံပေါ်မှ ထွက်ပေါ်လာ၏...

" မင်း မလုပ်ရဲပါဘူး....."

လေထဲတွင် ပဲ့တင်ထပ်နေသည့် အသံသည် အဝေးက လာနေသကဲ့သို့ ဖြစ်နေသော်လည်း ဂရုတစိုက် နားထောင်မည်ဆိုပါက နားနားတွင် ကပ်ပြောနေသည်ဟု ခံစားရပေလိမ့်မည်။ထိုအသံကို ကြားလိုက်သောအခါ သက်လတ်ပိုင်းအရွယ်ရှာမန်၏လက်ညှိုးကို ဘေးတွင် ပေါ်လာသောလက်တစ်ဖက်က ဆုပ်ကိုင်ထား၏။

ထိုလက်ပိုင်ရှင်သည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးတပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အလယ်အလတ်အဆင့်ရှာမန်တစ်ဉီးသာပင်.....

" မင်း သိချင်နေတဲ့ " ခွင့်မလွှတ်ဘူး " ဆိုတာကို မင်းသိအောင် ပြပေးမယ်.."

ထုံးစံအတိုင်း မျက်နှာဖုံးစွပ်ထားသောလူမှာ စုမင် ဖြစ်သည်။ စကားသံထွက်ပေါ်

သည့်အချိန်မှ စ၍ လူအကောင်လိုက်

ပေါ်လာသည့်အချိန်အထိ အသက်ရှူတစ်ရှိုက်မျှသာ ကြာသည်။ သက်လတ်ပိုင်းအရွယ်ရှာမန်၏ ညာလက်ညိုးကို ဖမ်းကိုင်လိုက်သောအခါ ထိုလူ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

သူ့အမူအရာ ပြောင်းသွားသောအခါ စုမင်သည် ထိုလူ၏လက်ချောင်းကို ညာလက်ဖြင့် ဖိလိုက်သည်။ စူးရှသော အက်ကွဲသံသည် လေထုထဲတွင် ပျံ့လွင့်​လာသည်။ထိုလူ ညည်းတွားလိုက်ပြီး မျက်နှာသည် ချက်ချင်းပင် ဖျော့တော့သွားလေ၏ ။သူ့ညာဘက်လက်ညိုးသည် အပိုင်းပိုင်းကျိုးနေပြီဖြစ်သည်။

တုန်လှုပ်နေသည့် ထိုလူသည် အန္တရာယ်ကို ခံစားမိသဖြင့် နောက်ပြန်ဆုတ်ချင်ခဲ့သော်လည်း ခြေနှစ်လှမ်းပြည့်အောင် မလှမ်းရသေးခင်မှာပင် စုမင်၏ လက်ချောင်းကြားကနေ သွေးများစီးကျလာသည်ကို မြင်လိုက်ရသည်။ မျက်နှာဖုံးအောက်မှ စုမင်၏ မျက်လုံးများသည် စူးရှတောက်ပနေပြီး သက်လတ်ပိုင်းအရွယ်ရှာမန်အား မွေ့ရမ်းရန်

လက်မြှောက်လိုက်သည်။

စုမင်ကြောင့် ဖြစ်ပေါ်လာသော လေပွေ

သည် လန်လန်တို့အားတိုက်ခိုက်ရန်

သက်လတ်ပိုင်းအရွယ်ရှာမန် ထုတ်ဖော်လိုက်သော လေပြင်းများထက် အဆပေါင်းများစွာပြင်းထန်သောကြောင့် သက်လတ်ပိုင်းအရွယ်ရှာမန်သည် လေပွေထဲတွင် ချာချာလည်နေ၏...

စုမင်၏ မျက်ခုံးနှစ်ခုအလယ်ကနေ အစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အစိမ်းရောင် ဓားမြှောင်လေးသည် စူးရှသောမြည်သံတစ်ခုပြုကာ လေပွေထဲသို့ တိုးဝင်သွားခဲ့သည်။ ထိုအခါ လေပွေထဲတွင် သွေးစက်များ ပြန့်ကြဲသွားတော့သည်။

လေပွေပျောက်ကွယ်သောအခါ သက်လတ်ပိုင်းအရွယ်ရှာမန်သည် မျက်လုံးအပြူးသားဖြင့် မတ်တပ်ရပ်နေသည်။ ထိုလူ၏ မျက်လုံးနှစ်ခုကြားတွင် ဉီးခေါင်းခွံတစ်ခုလုံးအား ဖောက်ထွက်သွားသော  သွေးထွက်နေသည့်  ဒဏ်ရာတစ်ခုရှိသည်။ ထိုလူသည် ကြမ်းပြင်ပေါ်လဲကျသွားပြီး အကြိမ်အနည်းငယ်ခန့် အကြောဆွဲကာ သေဆုံးသွားလေ၏...

ဤအဖြစ်ပျက်များသည် စုမင်ရောက်လာပြီးချိန် တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသည့်အတွက် မည်သူမျှ မတုံ့ပြန်နိုင်ခဲ့ပေ....

သစ်နက်သားဆံထိုးကို ကြည့်ရှုနေသော အမျိုးသမီးသည် စူးရှသောအကြည့်များဖြင့်

စုမင်ကိုလှည့်လိုက်ပြီး စုမင်ကိုမြင်သည့်အခါ မျက်နှာထား တင်းမာလာ၏။

သူမ ဘေးတွင် ရှိနေသော ကောင်လေး၏ မျက်နှာသည် တမဟုတ်ချင်းဖြူဖျော့နေလေပြီ...အသက်ရှူချိန်တခဏအတွင်း ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားနေရပြီး ဉီးနှောက်ထဲမှာလည်း ဗလာကျင်းနေပြီး အရာအားလုံးရပ်တန့်နေသလို ခံစားနေရ၏..

ကောင်လေး၏ အနောက်တွင် ရပ်နေသော ရှာမန်နှစ်ယောက်၏  အမူအယာမဲ့နေသော မျက်နှာများတွင် ထိတ်လန့်မှုများ ထင်ဟပ်နေကြ၏ ။ အဆင့်တူရှာမန်အချင်းချင်း အလွယ်တကူသတ်ဖြတ်ဖို့ မဖြစ်နိုင်မှန်း ရှင်းလင်းစွာ သိနေခဲ့သော်လည်း သက်လတ်ပိုင်းအရွယ်ရှာမန်သည် အားနည်းနေသူတစ်ယောက်သဖွယ် တစ်ချက်လေးမျှ မခုခံနိုင်ခဲ့ပေ.....

လန်လန်သည် စုမင်ကိုမြင်သည့်အခါ အံ့အားသင့်နေ၏။ စုမင် တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ်ဖြစ် မြင်ဖူးခြင်းဖြစ်သော်လည်း စုမင်သည် ထိုလူကို ချက်ချင်းပင် သတ်ပစ်ခဲ့သည်။ထိုကဲ့သို့သော စွမ်းအားမျိုးနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များသည် သူမ၏ သံသယများကို သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ  စုမင်ကို မြင်လိုက်သည့်အခါ အနိုင်ကျင့်ခံရပြီးနောက်

မိဘနှင့် ပြန်တွေ့သွားသော ကလေးတစ်ယောက်သဖွယ်  စုမင်အပေါ် အားကိုးချင်စိတ်များဝင်နေမိတော့သည်။

" စီနီယာ....."

လန်လန်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်ကျလုမတတ် ဖြစ်နေသည်။

" စီနီယာ....."

အားဟူသည် စိတ်လှုပ်ရှားမှုများပြည့်နှက်နေသော မျက်နှာဖြင့် စုမင် ဘေးတွင် ရပ်နေပြီး လက်သီးနှင့် လက်ဖဝါးထပ်ကာ ဂါရဝပြုနေသည်။

ချီဒေါင်ပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် စုမင် အနားသို့ ရောက်လာသည်။ သီးသန့်ဆန်သော ထိုကောင်လေးသည် သူ့ခံစားချက်များကို မည်သို့ပြောပြရမည်ကို မသိသောကြောင့် စုမင်ရှေ့တွင်  ဒူးထောက်ကာ အကြိမ်ကြိမ် အရိုအသေပြုနေ၏.....

စုမင်ကို စိုက်ကြည့်နေစဉ် ထိုအမျိုးသမီး၏ မျက်နှာသည် တင်းမာနေ၏။ အချိန်အတော်ကြာပြီးနောက် သူမ၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။

"လူကြီးမင်းကို ကျွန်မဘယ်လို ခေါ်ရမလဲ.. နားလည်မှုလွဲတာနေမယ်...ကျွန်မက အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုက မျိုးနွယ်စုဝင်တစ်ယောက်ပါ...အခြားမျိုးနွယ်စုတွေရဲ့ အစွမ်းထက်ရှာမန်တွေနဲ့ ကျွန်မတို့ရင်းနှီးပါတယ်....ကျွန်မတို့မျိုးနွယ်စုထဲက တစ်ယောက်ယောက်နဲ့များ ဒီကလူကြီးမင်း သိကျွမ်းဖူးပါသလား..."

ထိုအမျိုးသမီးသည် အရွယ်တင်နုပျိုသူတစ်ယောက်ဖြစ်သည်။ သူမ ပြုံးလိုက်သည့်အခါ ဆွဲဆောင်မှုရှိသော အသွင်ဆောင်နေသည်။နဂိုရုပ်ခံရှိသူတစ်ယောက်ဖြစ်သောကြောင့် သူမ၏ ဟန်ပန်မူရာများသည် တမင်လုပ်ယူထားသည်ဟုမထင်ရဘဲ သဘာဝဆန်သည်ဟုသာ ထင်မှတ်စေနိုင်သည်။ သူမနှင့် မဒမ်ဂျိတို့၏ကျက်သရေရှိမှုသည်  ကွဲပြားခြားနားလှပေသည်။

" အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းက ကျွန်မသားက ဒီဆေးပင်ကို လိုချင်နေလို့ ဟိုကောင်လေးနဲ့ ကတောက်ကဆဖြစ်ကြရာကနေ စတာ...ဘယ်သူမှန်မှန် ဘယ်သူမှားမှား ရှင်လဲ ကျွန်မရဲ့အစောင့်ကို အပြစ်ပေးပြီးနေပြီပဲ...နားလည်မှုလွဲတာကို ရှော်ပေးလိုက်လို့ရမလား....."

ထိုအမျိုးသမီးက ဆံပင်ကို လက်ညှိိုးများဖြင့်ရစ်ပတ်ဆော့ကစားရင် ချိုသာစွာမေးနေ၏....

" အဲ့လိုမဟုတ်ဘူး...သူတို့တွေ သက်သက်အနိူင်ကျင့်တာ....ဆေးပင်အတွက် ကျွန်မတို့ ငွေရှင်းပြီးသား ဒါပေမယ့် သူတို့က ကျွန်မတို့ ​​ခြေထောက်တွေကို ချိုးပစ်ချင်နေကြတာ....."

လန်လန် ချက်ချင်း ပြန်ပြောလိုက်သည်။

" တော်လောက်ပြီ....."

စုမင်သည် တည်ငြိမ်စွာဖြင့် လန်လန့်ကို လှမ်းဟန့်လိုက်သည်။ လန်လန်သည် ချက်ချင်းပင် နှုတ်ဆိတ်သွားပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ.....

" ဘယ်သူမှန်မှန် ဘယ်သူမှားမှား ငါ ဂရုမစိုက်ဘူး....မင်းက ငါ့လူတွေကို ထိခိုက်အောင်လုပ်ပြီး နားလည်မှုလွဲတာပါလို့ ပြောချင်သေးတာလား...ဒီလောက်နဲ့ လုံလောက်မယ်ထင်နေတာလား....."

စုမင် အေးစက်စွာပြောလိုက်သည်။ ဤသည်မှာ နဝမတောင်ထွတ်၏ စည်းမျဉ်းဖြစ်ပြီး စုမင်၏ ကိုယ်ပိုင်စည်းမျဉ်းလည်း ဖြစ်ပေသည်။

All Chapters