← Chapters

ကောင်းကင်ဘုံကို ဝါးမြိုသော ဝိဉာဉ်သန်းတစ်ရာ....

Vol. 31 Ch. 428

ကောင်းကင်ဘုံကို ဝါးမြိုသော ဝိဉာဉ်သန်းတစ်ရာ....

Vol. 31 Ch. 428

စုမင်၏ အေးစက်သောစကားသံကို ကြားလိုက်သည့်အခါ ထိုမျိုးသမီး၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်လာ၏။ အစွမ်ထက် ရှာမန်တစ်ယောက်ကို အပြစ်မပြုချင်၍ သူမ၏ မျိုးနွယ်စုကိုပင် ထုတ်ပြောသည် အထိ နှိမ့်ချခဲ့ပြီးပြီ.....

ဒါ့အပြင် ရှာမန်မြို့ထဲတွင် အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုဝင် ရှာမန်များ များများစားစားမရှိပေ။ တကယ်တမ်းတွင်  သူမရဲ့ လုပ်ရပ်တွေများသည် မလွန်ခဲ့ပေ။ သူမ ချီဒေါင်အပေါ် ဂရုဏာထားပေးပြီး ကောင်လေးနှင့်ကောင်မလေးကိုသာ ​ခြေထောက်ရိုက်ချိုးရန် အမိန့်ပေးခဲ့သည်။ သူမသည် သူတို့၏ အသက်ကို ရန်မရှာခဲ့ပေ။

ထိုလူသည် သူမ လူတွေထဲကတစ်ယောက်ကို သတ်ပစ်ပြီးသည့်တိုင် သူမ သည်းခံနေခဲ့သည်။ သို့သော် ထိုလူ၏ စကားများသည် ယုတ္တိမဲ့လွန်းနေသည်။

ဒါ တကယ့်ကို လွန်သွားပြီ.....

" လူကြီးမင်း ကိုယ့်ကိုကိုယ် သိပ်မောက်မာလွန်းတယ် မထင်မိဘူးလား..."

အမျိုးသမီးက အေးစက်စွာ ပြောနေသော်လည်း စုမင်သည် ခေါင်းခါပြလိုက်ပြီး သူမတို့ဘက်သို့ ရွေ့လျားလာသည်။

"သူ့ကိုသတ်!"

သတ်ဖြတ်ခြင်းအငွေ့အသက်များသည် အမျိုးသမီး၏ မျက်လုံးထဲတွင် တောက်ပနေသည်။စုမင် သည် သူမ၏ စေတနာကို တန်ဖိုးထားခြင်းမရှိသောကြောင့် ခေါင်းနဲ့ကိုယ် အိုးစားကွဲရပေမည်။

" ငါ မင်းကို တိုက်ခိုက်တဲ့အခါ မင်းဘက်က ဘက်ပြန်တိုက်ခိုက်ခွင့်မရှိဘူး....."

စုမင် လျှောက်လာသောအခါတွင် အလယ်အလတ်အဆင့်ရှာမန် နှစ်ယောက်က ထိုအမျိုးသမီး၏အရှေ့တွင် ပိတ်ရပ်နေ၏။

၎င်းတို့ထဲမှ တစ်ဉီးသည် တိုက်ပွဲဝင်ရှာမန် ဖြစ်ပြီး ကျန်တစ်ဦးမှာ  ဖြစ်သည်။ ထိုအချိန်တွင် စိတ်တစ္ဆေတူညီသည် သူ၏လျှာကိုကိုက်ကာ သွေးများကို ထွေးထုတ်လိုက်သည့်အခါ များစွာသော ဝိဉာဉ်များသည် စူးစူးဝါးဝါးအော်သံများဖြင့် စုမင်ထံသို့ ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် တိုက်ပွဲဝင်ရှာမန်သည် တင်းမာသောမျက်နှာထားဖြင့် ရှေ့သို့လှမ်းကာ ပြင်းထန်သော လေပြင်းများကို နှိုးဆော်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်ဟုပင်ထင်ရသည်။သူသည် စုမင်ထံသို့  စွမ်းအားပြင်းသော လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်လေသည်။

ထိုလက်သီးချက်၏အဟုန်သည် လေထုကို စုတ်ပြဲသွားစေပြီး ထိုလက်သီးချက်တွင် ပါဝင်သော တွန်းကနိအားကြောင့် ပတ်ဝန်းကျင်လေထုပင် ပုံပျက်နေလေ၏။ ထိုလက်သီးချက်သည် သာမာန်မဟုတ်ပေ။

ထိုလက်သီးချက်ကျရောက်ခါနီးတွင် စုမင်သည် ရှောင်တိမ်းမည်ပုံမပေါ်ပေ။ သို့သော် စုမင် အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ လက်သီးချက်သည် လေကိုသာ ထိုးမိလိုက်ပြီး တစ်ချိန်တည်းမှာပင် စုမင်သည် တိုက်ပွဲဝင်ရှာမန်၏ဘေးတွင်ပေါ်လာ၏။

" မင်းငါ့ကို ပြန်တိုက်ရင် ငါကလဲ ပြင်းပြင်းထန်ထန် ပြန်တိုက်မယ်...."

စုမင် တည်ငြိမ်စွာ ပြောလိုက်သည်။

စုမင်သည် ညာလက်ဖြင့် စည်းတံဆိပ်ပေါင်းများစွာ ဖန်တီးခဲ့ပြီး သူ၏ အခြေတည်အဆင့်ဝိဉာဉ်စွမ်းအားများ ပျံ့နှံလာသောအခါ စည်းတံဆိပ်များသည် အကြိမ်ပေါင်းများစွာပြောင်းလဲနေသည်။တိုက်ပွဲဝင်ရှာမန်၏ နံရိုးများကို ညာလက်ဖြင့် ထိလိုက်သောအခါ ထိုလူ တုန်လှုပ်သွားလေသည်။

သူ့မျက်နှာသည် ချက်ချင်းဖျော့သွားလေသည်။ တစ်ချိန်တည်းမှာပင် စုမင်သည် အခြေတည်အဆင့်ဝိဉာဉ်စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ ညာလက်တွင် ခန္ဓာကိုယ်ကို သန့်စင်ရန် အသုံးပြုနိူင်သော မာန်စွမ်အားများ ပေါက်ကွဲထွက်လာသောကြောင့် လက်သီးကို တင်းနေအောင် ဆုပ်ကာ ထိုလူအား ထိုးနှက်လိုက်သည်။

တိုက်ပွဲဝင်ရှာမန် သွေးများကို အန်ထုတ်လိုက်ပြီး စုမင်ကို မတားနိူင်သောကြောင့် ဘေးသို့ ရှောင်လိုက်လေသည်။ နောက်ပြန်ဆုတ်ပြီး နံရိုးများကို စစ်ဆေးကြည့်လိုက်သောအခါ နံရိုးများပေါ်တွင် အနက်ရောက်အစက်အပြောက်များစွာရှိနေပြီး အဝိုင်းသဏ္ဍာန် ထူးဆန်းသော အမှတ်အသားတစ်ခုပေါ်လာသည်။

ထိုအမှတ်အသားသည် အသွေးအသားများကို စုပ်ယူနေပုံရသည်။ အသွေးအသားများကို ထိုအမှတ်အသား စုပ်ယူနေသည့်အခါ စုပ်ယူခံရသော နေရာများသည် စတင်ပုပ်သိုးဆွေးမြေ့လာသည်။

ထိုအမှတ်အသား၏ အသွင်အပြင်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်မူ စုမင် သီးသန့်ကျင့်ကြံနေစဉ်အခါက ကျိန်စာများကို လေ့လာပြီး ရရှိခဲ့ခြင်းဖြစ်သည်။အ​ခြေတည်အဆင့်ဝိဉာဉ်စွမ်းအားဖြင့် ပြိုင်ဘက်၏ ချီလှည့်ပတ်မှုလမ်းကြောင်းအားဖြတ်တောက်လိုက်ပြီး မာန်စွမ်းအားပါဝင်သော လက်သီးချက်ဖြင့် ပြိုင်ဘက်၏ အသွေးအသားပြန်လည်ကောင်းမွန်လာမှုနှုန်းကို ရပ်တန့်လိုက်ပြီး ကျိန်စာ၏ စွမ်းအားကို ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုအရာကို ပြုလုပ်ရုံဖြင့် ပြိုင်ဘက်သည် မည်သည့် ကျင့်ကြံခြင်းနည်းလမ်းကိုမှ ထုတ်မသုံးနိူင်တော့ပေ။အသွေးအသားများသည် ပြန်လည်ကောင်းမွန်နိူင်ရင် မတတ်စွမ်းတော့သောအခါ ခန္ဓာကိုယ်အတွင်းရှိ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိူင်သော အရာများကို စတင်စုပ်ယူတော့မည်ဖြစ်သည်။

ထိုအမှတ်အသားမှ အနက်ရောင်အစက်အပြောက်များ စတင် ပျံ့နှံ့လာသောအခါ တိုက်ပွဲဝင်ရှာမန်သည် နာကျင်စွာအော်ဟစ်နေ၏။ ပျံ့နှံ့နှုန်းကို ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း မလွယ်ကူခဲ့ပေ။ သူ၏ နာကျင်စွာအော်ဟစ်သံသည် အခြားသူများကိုပါ ထိတ်လန့်နေစေခဲ့သည်။

" မင်းငါ့ကို ဒဏ်ရာရအောင်တိုက်ခိုက်ရင် ငါမင်းကို သေအောင် ပြန်တိုက်ခိုက်မယ်...."

စုမင်သည် ထိုလူကို ဂရုစိုက်မနေတော့ဘဲ စိတ်တစ္ဆေတူညီဆီသို့ လျှောက်သွားခဲ့သည်။

စိတ်တစ္ဆေတူညီဆီမှ ပျံ့လွင့်လာသော ဝိဉာဉ်များသည် စုမင်အား စက်ဝိုင်းသဏ္ဍာန်ဝိုင်းဖွဲ့နေပြီး ခန္ဓာကိုယ်ထဲသို့ တိုးဝင်ခါနီးတွင် စုမင်၏ခန္ဓာကိုယ်ထဲမှ ခေါင်းလောင်းသံထွက်ပေါ်လာသည်။

ခေါင်းလောင်းသံကြားသည်နှင့် ရက်စက်ကြမ်းကြုတ်သော ဝိဉာဉ်များသည် နာကျင်စွာအော်ဟစ်ပြီး နောက်ဆုတ်သွားကြလေသည်။ စုမင်၏ ခန္ဓာကိုယ်ထဲမှ အရာသည် ၎င်းတို့အား နာကျင်စေပုံရသည်။

ဝေးဝေးသို့ မရောက်မှီ ထိုဝိဉာဉ်များသည် စူးရှစွာ အော်ဟစ်လိုက်ရပြန်သည်။ စုမင်၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော စုပ်ယူအားတစ်ခုရှိသည့်နှယ် ဝိဉာဉ်များကို ပြင်းထန်စွာ စုပ်ယူနေ၏ ။ ထိုဝိဉာဉ်များသည် စုမင်၏ မွှေးညှင်းပေါက်များထဲသို့ တိုးဝင်သွားကြကာ သဲလွန်စမကျန်ဘဲ အသက်တစ်ရှိုက်စာအချိန်တွင်း ပျောက်ကွယ်သွားကြသည်။

စုမင်သည် ဤသို့ဖြစ်လာမည်ကို ကြိုသိနေသည့်နှယ် အမူအယာမပြောင်းဘဲ အေးဆေးတည်ငြိမ်နေသည်။ ဤသည်မှာ ဟန်တောင်တန်းခေါင်းလောင်း၏ ဆဠမမြောက် နဂါးဉီးခေါင်းနိုးထလာနောက် ရရှိခဲ့သော ခေါင်းလောင်း၏စွမ်းအားဖြစ်သည်။ သတ္တမမြောက်ဉီးခေါင်း နိုးထစေရန် ဝိဉာဉ်များကို လုံလောက်အောင် စုပ်ယူရပေဉီးမည်။

ဟုန်လော့သေဆုံးသွားပြီးနောက် ကိုယ်ပိုင်အသိဉာဏ်များပြန်ရသည့်အခါ စုမင်ညဟန်တောင်တန်းခေါင်းလောင်းများကို စစ်ဆေးခဲ့သည်။ ဟုန်လော့ကြောင့် တဖန် ခေါင်းသုံးလုံးသည် အိပ်မောကျနေသောလည်း ပြန်နိုးထလာစေရန် ကြိုးစားသည့်အခါ အရင်တုန်းကထက် ပိုမိုလွယ်ကူလာကြောင်း ခံစားရလေသည်။

" ဟန်တောင်တန်းခေါင်းလောင်းရဲ့ ဆဠမမြောင်ဉီးခေါင်းရဲ့ စွမ်းအားကို ရယူနိုင်ဖို့ အငြိုးကြီးသော ဝိဉာဉ်သန်းတစ်ရာကို စုပ်ယူရမယ်......ကောင်းကင်ဘုံကို ဝါးမြိုသော ဝိဉာဉ်သန်းတစ်ရာ......"

စိတ်တစ္တေတူညီ၏ ဝိဉာဉ်များကို စုမင်စုပ်ယူလိုက်သောအခါ ဝိဉာဉ်များနှင့်အဆက်အသွယ်ပြတ်တောက်သွားသောကြောင့် စိတ်တစ္ဆေတူညီ၏ မျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ ထို့နောက် သူသည် နဖူးကို ပုတ်လိုက်သည့်အခါ ချက်ချင်းပင် သွေးပြန်ကြောများပေါ်ထွက်လာ၏။

ထိုအရာများသည် စိတ်တစ္ဆေတူညီအား ပို၍ပင် အကျည်းတန်စေပြီး ကြည့်ရသည်မှာ လူနှင့်ပင်မတူတော့ဘဲ ရက်စက်ကြမ်းကြုတ်သော ဝိဉာဉ်နှင့်ပိုတူလာသည်။ စိတ်တစ္ဆေတူညီသည် ဝူးဝူးဝါးဝါးအော်ဟစ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာလေ၏။

" မင်းငါ့ကို သေအောင်ထိုးနှက်ရင် မင်းတစ်မိသားစုလုံးကို မင်းနဲ့အတူသေခိုင်းလိုက်မယ်......."

စုမင် ထိုသို့ပြောနေစဉ်တွင် စိတ်တစ္ဆေတူညီ၏ရှေ့သို့ရောက်နေခဲ့ပြီ.....

စိတ်တစ္ဆေတူညီ တုန်လှုပ်သွားခဲ့သည်။ စုမင်၏ ပြတ်သားသောစကားသံများကို ကြားလိုက်သည့်အခါ စုမင် ခုနကလေးတင် သတ်ဖြတ်ခဲ့သည်ကို ပြန်မြင်ယောင်လာ၏။ထိုစကားများကို တည်ငြိမ်စွာပြောဆိုခဲ့သော်လည်း ၎င်း၏နောက်ကွယ်တွင်ရှိနေသည့် အားကောင်းသော လွှမ်းမိုးခြင်း အငွေ့အသက်များပါဝင်နေ၏။

ထိုလွှမ်းမိုးမှုသည် အားကောင်းလွန်းလှသဖြင့် မည်သည်မျှ ခုခံလွန်ဆန်နိုင်မည်မဟုတ်ပေ။ခုခံရန်ကြိုးစားပါက သေဆုံးရပေလိမ့်မည်။ စိတ်တစ္ဆေတူညီ၏ အဖော်တစ်ဉီးသည် အလောင်းကောင်အဖြစ် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး နောက်တစ်ဉီးသည် ခန္ဓာကိုယ်အစိဆ်အပိုင်းများ ပုပ်ဆွေးနေခြင်းကြောင့် နာကျင်စွာအော်ဟစ်နေရသည်။

အနက်ရောင်မြူခိုးများသည် စိတ်တစ္ဆေတူညီအား ဝိုင်းရံနေပြီး သူ့မျက်နှာပေါ်ရှိသွေးကြောများသည်လည်း ​ပေါက်ထွက်နေလေပြီ....စိတ်တစ္ဆေတူညီသည် ညာလက်ကိုမြှောက်ကာ ညာခြေထောက်အား လျင်မြန်စွာခုတ်ဖြတ်လိုက်လေသည်။ ခုတ်ဖြတ်လိုက်ခြင်းကြောင့် သွေးထွက်လာသော်လည်း အနက်ရောင်မြူခိုးများကြောင့် လျင်မြန်စွာသွေးတိတ်သွားလေသည်။ သူသည် ဘေးနားက နံရံကို လက်ထောက်၍ အားပြုထားကာ သွေးချင်းချင်းနီနေသော မျက်နှာဖြင့် စုမင်အား လေးစားသောအကြည့်များဖြင့်ကြည့်နေလေသည်။

စုမင်သည် စိတ်တစ္ဆေတူညီအား တခဏလောက်စိုက်ကြည့်ခဲ့ပြီးနောက် ကြောက်ရွံထိတ်လန့်သောအကြည့်များဖြင့် ကြည့်နေသော အမျိုးသမီးဘက်သို့ လှည့်သွားလေ၏။

" ငါက အရှေ့တိုင်းမြူရွက်မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးနော်....ငါတို့မျိုးနွယ်စုက မျိုးနွယ်စုကြီးတွေထက် မဆိုသလောက်ပဲသေးငယ်တာ....အခုရှာမန်မြို့ကိုရောက်နေတဲ့သူတွေထဲမှာ ငါ့ဉီးရီးတော်လည်းပါတယ်   သူက နှောင်းပိုင်းရှာမန် ...."

" နင် ငါ့ကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့် အရှေ့တိုင်းမြူရွက်မျိုးနွယ်စုက နင့်ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး..... နင် သေပြီသာမှတ်တော့..."

ထိုအမျိုးသမီး၏ စူးစူးဝါးဝါးအော်ဟစ်သံထွက်ပေါ်လာသည်။ စုမင် သူမကို လှမ်းကြည့်လိုက်သည့်အခါ သူမလက်ထဲတွင် ဟူးရှသောအလင်းတန်းတစ်ခုလင်းလက်လာပြီး ထိုအလင်းတန်းသည် ကန့်လန့်ကာတစ်ခုသဖွယ် ကောင်လေးနှင့် ထိုအမျိုးသမီးတို့အား အုပ်မိုးကာကွယ်ပေးထားလေသည်။

ထိုအလင်းကန့်လန့်ကာ ထွက်ပေါ်လာသည်နှင့် ၎င်းထံမှာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသော​ကြောင့် ​ခြေထောက်တစ်ဖက်မရှိတော့သော စိတ်တစ္ဆေတူညီသည် အနက်ရောင်မြုခိုးများ ဝန်းရံလျက် ဆိုင်အပြင်သို့ ပြေးထွက်သွားလေ၏။

သူထွက်သွားပြီးချင်းမှာပင် စုမင်တို့ ရောက်နေသည့် ဆိုင်အတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံသည် ရှာမန်မြို့အနှံ့သို့ ပျံ့နှံ့သွားပြီး လူအများစုပင် သတိပြုမိသွားကြသည်။

ထိုဆိုင်သည် ပေါက်ကွဲမှုအရှိန်ကြောင့် စိစိညက်ညက်ကြေမွသွားသည့်အပြင် မြေပြင်သည်ပင် တွင်းပေါက်ကြီးတစ်ခုသဖွယ် ချိုင့်ဝင်သွားခဲ့သည်။

ဖုန်မှုန့်များ ကင်းစင်သွားသောအခါ ကောင်လေးနှင့် အမျိုးသမီးတို့သည် အလင်းကန့်လန့်ကာအတွင်းတွင် အန္တာရာယ်ကင်းစွာရှိနေကြသည်။ စုမင်သည်လည်း ယခင်အတိုင်း တည်ငြိမ်စွာ ရပ်နေစမြဲပင်။လူငယ်သုံးဉီးအား အနက်ရောင်အလင်းတန်းတစ်ချို့ ကာကွယ်ပေးထားသဖြင့် ထိခိုက််ဒဏ်ရာ မရခဲ့ပေ။

ထိုအမျိုးသမီးသည် အလင်းကန့်လန့်ကာနောက်ကွယ်ကနေ စုမင်အား အမုန်းတရားများပြည့်လျှံနေသောအကြည့်များဖြင့် စိုက်ကြည့်နေသည်။ သူမ၏ ကျက်သရေတင့်တယ်မှုများသည်လည်း ပျောက်ရှကုန်လေပြီ...အမုန်းတီးသောအကြည့်များဖြင့်ကြည့်နေသောအခါ သူမသည် မဒမ်ဂျိနှင့်ပင် တူနေသေးသည်။

လေထုထဲသို့ ပေါက်ကွဲသံ လွင့်ပျံသွားပြီး ဝင်သက်ထွက်သက်တစ်ကြိမ်စာမျှအကြာတွင် ကောင်းကင်ပေါ်၌ အရှိန်ပြင်းစွာခရီးနှင်လာသော အရိပ်နှစ်ခုကို မြင်လိုက်ရပြီး ထိုအရိပ်နှစ်ခုသည် စုမင်၏ဘေးတွင် သက်ဆင်းလာကြသည်။ အရိပ်ပိုင်ရှင်များသည် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးတို့ဖြစ်ကြသည်။

အမျိုးသားသည် နန်ကုန်းဟန်ဖြစ်ပြီး အမျိုးသမီးသည် နန်ကုန်းဟန်၏ညီမတော် ဖြစ်သူ နန်ကုန်းရှန်သာပင်.....

သူမ ရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအေးစက်လာလေတော့သည်။ သူမသည် စုမင်၏ ကျောပြင်ကို ကြည့်ပြီး အတွေးများထဲတွင် နစ်မြောနေ၏.....

နန်ကုန်းဟန်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နဖူးပေါ်တွင် အပေါက်တစ်ပေါက်နှင့် သေဆုံးနေသော အလယ်အလတ်အဆင့်ရှာမန်နှင့် မသေသေးသောလည်း တကိုယ်လုံး ပုပ်ပွနေသောကြောင့် နာကျင်စွာအောဟစ်လူးလိမ့်နေသော တိုက်ပွဲဝင်ရှာမန်တစ်ယောက်ကိုပါ မြင်လိုက်ရလေသည်။

" ညီလေးမော့...ဒါတွေက......"

နန်ကုန်းဟန် တခဏမျှတုံ့ဆိုင်းနေမိခဲ့သည်။ အလင်းကန့်လန့်ကာနောက်ကွယ်တွင်ရှိနေသော အမျိုးသမီးအား မြင်ဖူးနေသည်။

" နန်ကုန်းဟန် နင်နဲ့ဘာမှ မဆိုင်ဘူး...ဒီပြသာနာက ငါတို့မျိုးနွယ်စုနဲ့ သူ့နဲ့ကြားက ပုဂ္ဂိုလ်ရေးပြသာနာ...."

အမျိုးသမီးသည် နန်ကုန်းဟန်ကို မြင်သည်နှင့် ချက်ချင်းပင်စကားဆိုခဲ့လေသည်။ သူမသည် မျိုးနွယ်စုခေါင်းဆောင်၏ သမီးဖြစ်သောကြောင့် ငယ်စဉ်ကပင် ဤကမ္ဘာကြီးအကြောင်းနားလည်သိကျွမ်းနေသူဖြစ်သည်။ စုမင်ဘက်က နန်ကုန်းဟန် ဝင်ပါလာပါက သူမအတွက် အခြေနေမဟန်နိုင်မှန်း သိနှင့်ပြီးဖြစ်သည်။

" မော့....နင့်မှာသာ သတ္တိရှိရင် ရှာမန်မြို့ကနေ ချက်ချင်းထွက်မပြေးနဲ့...ငါ အလင်းကန့်လန့်ကာကို အသက်သွင်းလိုက်ပြီဆိုတော့ ငါ့ဉီးရီတော် ဒီနေရာကို ချက်ချင်းရောက်လာလိမ့်မယ်....နှောင်းပိုင်းရှာမန်ရဲ့ရှေ့မှာ နင် အခုလိုမာနကြီးနိူင်ဉီးမလား ငါသိချင်တယ်...."

"နင့်ဘက်က အ​နေအထားပြောင်းချင်ရင်တောင် နင့်အတွက် မဖြစ်နိုင်တော့ဘူး..."

သူမ၏ စကားသံများထဲတွင် ယုတ်မာမှုများ ပါဝင်နေသည်။

နန်ကုန်းဟန်သည် မည်းမှောင်နေသော မျက်နှာဖြင့် ချီဒေါင်ကို လှည့်ကြည့်လိုက်သည်။ထိုကောင်လေးအား စိတ်တစ္ဆေတူညီ တစ်ယောက်ဖြစ်လာစေရန် လမ်းခရီးတစ်လျှောက်တွင် ကူညီစောင့်ရှောက်ရန် လက်ခံလိုက်စဉ်ကတည်းက ထိုကောင်လေးနှင့် အရှေ့တိုင်းမြူရွက်မျိုးနွယ်စုကြားက ပတ်သတ်မှုများကို သိရှိခဲ့သော်လည်း စိတ်ထဲမထားခဲ့ပေ။ အရှေ့တိုင်းမြူရွက်မျိုးနွယ်စုသည် ရှာမန်နတ်ဘုရားကျောင်းတော်နှင့်ပတ်သတ်သော သူ့၏(နန်ကုန်းဟန်) ရးအနေအထားကို သိနေသဖြင့် သူ့အတွက်ပြသာနာမရှိပေ။

သို့သော် လက်ရှိအခြေနေသည် မော့စုနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ဒါက သူ့ကို အကြီးအကျယ်ခေါင်းကိုက်စေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ဘာတွေဖြစ်ပျက်ခဲ့မှန်း သိသာနေပေသည်။ ဤပြသာနာမှ ရှောင်ပြေးသွားပါက စုမင်နှင့် မိတ်ဆွေ ထပ်မဖြစ်နိုင်တော့မည်မဟုတ်ပေ။

All Chapters