← Chapters

နှောင်းပိုင်းရှာမန်အား ဉီးစွာစတင်တိုက်ခိုက်ခြင်း.....

Vol. 31 Ch. 430

နှောင်းပိုင်းရှာမန်အား ဉီးစွာစတင်တိုက်ခိုက်ခြင်း.....

Vol. 31 Ch. 430

ဆံဖြူအဖိုးအိုသည် တင်းမာသောမျက်နှာထားဖြင့် မြေပြင်ပေါ်ဆင်းသက်လာပြီး မဒမ်ကျောက်၏ရှေ့တွင် ရပ်နေခဲ့သည်။အဖိုးအို၏ နောက်လိုက် လေးဉီးသည် အဖိုးအို၏ဘေးပတ်ပတ်လည်တွင် နေရာယူဆင်းသက်လိုက်ကြသည်။

" ဉီးရီးတော်...သူက....."

အဖိုးအိုရောက်လာသည်ကိုမြင်သည်နှင့် မဒမ်ကျောက်သည် စိတ်သက်သာရာရသွားခဲ့ပြီး စတင်တိုင်တန်းဖို့ပြင်နေ၏။

" တိတ်စမ်း...."

အဖိုးအိုသည် အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။ အဖိုးအို၏ အသံသည် မိုးချိန်းသံတမျှကျယ်လောင်သောကြောင့် မဒမ်ကျောက် ပါးစပ်ပိတ်ကာ ခေါင်းငုံ့နေလိုက်တော့သည်။

သူမ ဘေးနားမှ ကောင်လေးသည်လည်း တကိုယ်လုံးတုန်ရီနေကာ စကားမပြောရဲသောကြောင့် ခေါင်းငုံ့နေရှာသည်။

" သူတို့နှစ်ယောက်ကို ပြန်ခေါ်သွားကြစမ်း....ရှာမန်မြို့ထဲ ရောက် ရောက်ချင်း ဒုက္ခစပေးနေပြီ...."

အဖိုးအိုသည် စုမင်အား တစ်ချက်လေးမျှမကြည့်ဘဲ သူ့နောက်လိုက်တွေကို ခပ်တိုးတိုး အမိန့်ပေးနေသည်။

" စီနီယာ..သူ ထွက်သွားလို့မရသေးဘူး...."

ဘေးနားတွင် ရပ်နေသော စုမင်က အလျင်မလိုဟန်ဖြင့် အဖိုးအိုအား ခပ်အေးအေးပြောဆိုလိုက်သည်။

စုမင်၏ စကားသံကို ကြားလိုက်သည့်အခါ အဖိုးအိုသည် စုမင်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် စုမင်ဘေးတွင်ရှိနေသော နန်ကုန်းဟန်အား ကြည့်လိုက်ပြန်သည်။

" လူလေးနန်ကုန်း...ဒီလူက ရှာမန်နတ်ဘုရားကျောင်းတော်နဲ့ ပတ်သတ်မှုရှိလား...."

" ဒါက......"

နန်ကုန်းဟန် ခဏလောက်တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လိုက်ကာ....

" စီနီယာ တိုင်မူ...ညီလေးမော့က ရှာမန်နတ်ဘုရားကျောင်းတော်နဲ့ ဘာမှမပတ်သတ်ပေမယ့် သူက ကျွန်တော့်မိတ်ဆွေပါ...ကျွန်တော်....."

နန်ကုန်းဟန်၏ စကားမဆုံးသေးခင် အဖိုးအိုသည် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည့်အခါ မည်သည့်နေရာမှတိုက်ခတ်လာမှန်းမသိသော လေပြင်းတစ်သုတ်သည် လှိုင်းလုံးများအဖွယ် အရှေ့သို့ ဉီးတည်သွားနေ၏။

ထိုလှိုင်းလုံးကြောင့် စုမင်၏ အကြည့်များသည် သိသာထင်ရှားစွာအေးစက်လာသည်။ထိုပုံရိပ်ယောင် လှိုင်းလုံးကြီးများ သူ့ထံသို့ရောက်လာသော အခါ စုမင် ခြေတစ်လှမ်းရှေ့တိုးကာ လက်ဝဲမှ လက်ယာ ၊ရှေ့ဘက်မှနောက်ဘက် ၊စသည်ဖြင့် အရပ်ရှစ်မျက်နှာဆီသို့ စက်ဝိုင်းသဖွယ်ရွေ့လျားနေလေ၏။စုမင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော လေပွေတစ်ခုသည် အဖိုးအို၏ ပုံရိပ်ယောင်လှိုင်းလုံးကြီးထဲသို့ ဉီးတည် တိုးဝင်သွားလေသည်။

လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ၏။ စုမင် ဖန်တီးခဲ့သော လေပွေသည် အသက်ရှူကြိမ် အနည်းငယ်ခန့်ကြာမှသာ ပျောက်ကွယ်သွားလေ၏။ စုမင်သည်လည်း ခြေလှမ်း လေးလှမ်းခန့် နောက်ဆုတ်လိုက်ရသည်။စုမင် ခြေလှမ်း လှမ်းလိုက်တိုင်း မြေပြင်သည် ပြင်းထန်စွာတုန်ခါလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများကို ဖြစ်ပေါ်စေခဲ့သည်။ စတုတ္တမြောက်ခြေလှမ်းတွင် မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းများသည် စုမင် ခြေဖဝါးအောက်မှစတင်၍ အဖက်ဖက်သို့ ပျံ့နှံသွားကုန်၏။

အက်ကွဲကြောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲလာသည်နှင့်အမျှ ပုံရိပ်ယောင်

လှိုင်လုံးများသည်လည်း ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

ထိုပုံရိပ်ယောင် လှိုင်းလုံးများ သူတို့ထံ တိုးဝင်လာသောအခါ နန်ကန်းဟန်သည် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရသည်။ မနီးမဝေးတွင် ရပ်နေသော နန်ကုန်းရှန်သည် အေးစက်သောချီဓာတ်များကို ဖြန့်ကျက်လိုက်ရုံဖြင့် လှုပ်ရှားစရာပင် မလိုခဲ့ပေ။

" ဝင်မရှုပ်နဲ့...."

ထိုအချိန်တွင် ဆံဖြူ အဖိုးအို၏ စူးရှသော အသံအား ကြားလိုက်ရသည်။

" မင်းရဲ့ မျိုးနွယ်စုနာမည် ပြောစမ်း..."

အဖိုးအိုသည် လက်ပြန်ရုတ်လိုက်ပြီး စုမင်ကို ကြည့်ကာ မေးခွန်းထုတ်နေ၏။

ကြီးမြတ်သော ရှာမန်တစ်ယောက်အနေဖြင့်၊ သူသည် များစွာသော အရာများကို ဖြတ်သန်းခဲ့ပြီး သူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် ထိုအမျိုးသမီးနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။ ဤအချိန်၌ပင် သူသည် ဒေါသကို မျိုသိပ်ထားကာ၊ သူမည်မျှ ထိခိုက်စေလိုသော အတိုင်းအတာအား မဆုံးဖြတ်မီ ဤလူ၏ မူလဇစ်မြစ်ကို သေချာသိချင်နေသည်။

စုမင်သည် ရှာမန်နတ်ဘုရားကျောင်းတော်နှင့် မပတ်သတ်သရွေ့၊ မျိုးနွယ်စုကြီးတစ်ခုမှ မဟုတ်သေးသရွေ့၊ အရှေ့တိုင်းမြူရွက်မျိုးနွယ်စုဝင်တစ်ယောက်ယောက်ဖြင့် ရင်းနှီးကျွမ်းဝင်သူ မဟုတ်သရွေ့ အဖိုးအိုသည် စုမင်အား အပူပင်းကင်းစွာ သတ်ဖြတ်နိုင်မည်ဖြစ်သည်။

စုမင် နှုတ်မှ ပြန်ဖြေကြားသည်ကို တိုင်မူကြားချင်နေသည်။ စုမင်ဘက်က ပြန်မဖြေခဲ့ရင်လည်း တိုင်မူ စုမင်အား သတ်ပစ်မည်သာ။ အကယ်၍ စုမင်တွင် နောက်ခံကောင်းကောင်းရှိခဲ့လျှင်တောင် ပတ်ဝန်းကျင်တွင် ရှိနေသောသူများသည် တိုင်မူ့အတွက် သက်သေခံပေးနိူင်ပေသည်။တိုင်မူသည် မေးခွန်းထုတ်ခဲ့သော်လည်း အမှန်စင်စစ်တွင် အဖြေအား မကြားလိုပေ။ သို့မှသာ စုမင်၏ နောက်ခံအသိုင်းဝိုင်းအား ဝရုမစိုက်ဘဲ စုမင်ကို သတ်ပစ်နိုင်မည်မဟုတ်ပေလော။

" ကျွန်တော်က မျိုးနွယ်စုငယ်လေးတစ်ခုက လာခဲ့တာပါ...ကျွန်တော့်မျိုးနွယ်စုကို စီနီယာတိုင်မူ ကြားဖူးမှာတောင်မဟုတ်ပါဘူး...."

စုမင် ပြုံးလိုက်သည်။ သူသည် ယခုလေးတင်မှ နန်ကုန်းဟန်ထံမှ အဖိုးအို၏ အမည်နာမအား ကြားသိခဲ့ပြီးဖြစ်သည်။ စုမင်သည် အဖိုးအိုအား လက်သီးနှင့်လက်ဖဝါးကိုထပ်ကာ ရိုသေသမှုပြုလိုက်သည်။

"မင်းက မျိုးနွယ်စုငယ်လေးက လာပြီး ရှာမန်နတ်ဘုရားကျောင်းတော်နဲ့လည်း မသက်ဆိုင်ဘဲနဲ့ ငါ့မျိုးနွယ်စုဝင်တွေကို မင်း ဘယ်လို သတ္တိမျိုးနဲ့ သတ်ပစ်ခဲ့တာလဲ...."

တီမူး၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။

"သူ့ကို ဒီမှာတင် သတ်ပစ်လိုက်!"

တိုင်မူ အမိန့်ပေးလိုက်သောအခါ နောက်လိုက် လေးဉီးတို့၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များကြောင်း လင်းလက်လာပြီး စုမင်ထံသို့ အလင်းတန်းလေးခုအဖြစ် တိုးဝင်သွားကြသည်။

စုမင်သည် နေရာတွင်ရပ်နေပြီး ထိုလေးဉီး နီးကပ်လာသောအခါ သူ့မျက်ခုံးနှစ်ခုအလယ်တွင် အစိမ်းရောင်အလင်းတစ်ချက် လင်းလက်လာ၏။ စုမင်သည် ညာခြေဖြင့်ရှေ့သို့တစ်လှမ်းတိုးကာ အရှိန်ဖြင့် အရှေ့သို့ ပြေးသွားခဲ့သည်။

တခဏအတွင်းမှပင် လူလေးယောက်အား ဖြတ်ကျော်နိုင်ခဲ့ပြီး လက်မြှောက်လိုက်သောအခါ အစိမ်းရောင်အလင်းတစ်ချကိ လင်းလက်လာပြန်ပြီး ဓားမြှောင်လေးသည် ချက်ချင်းပင် အရွယ်အစားကြီးမားလာ၏။တိုင်မူနှင့် နီးကပ်လာသောအခါ စုမင်သည် ဓားကို အောက်သို့ လွှဲခုတ်လိုက်သည့်အခါ  လေခွင်းသံတစ်ချို့ထွက်ပေါ်လာပြီး ဓားချက်သည် တိုင်မူ ထံသို့ ကျဆင်းသွားလေ၏။

တိုင်မူသည် အေးစက်စွာ နှာမှုတ်သံတစ်ခုပြုလိုက်ပြီး စုမင်၏ ဓားချက်အား လက်သီးဖြင့်ထိုးကာ ခုခံလိုက်လေသည်။ တိုင်မူ၏ လက်သီးချက်ထွက်ပေါ်လာသည်နှင့် ပုံရိပ်ယောင်လှိုင်းလုံးကြီးများလည်း လက်သီးချက်နှင့်အတူ တွဲလျက် ပေါ်ထွက်လာပြန်သည်။ပင်လယ်ရေများသည် အဖိုးအို၏ လက်သီးအား စက်ဝိုင်းသဏ္ဍာန်ရစ်ပတ်ထားသော လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးမှကြည့်ပါက အဖိုးအို၏ လက်သီးအား မြင်နိူင်လိမ့်မည်မဟုတ်ပေ။ ထိုအစား လက်သီးအား ကာရံရစ်ပတ်ထားသည့် ပြင်းထန်သော လှိုင်းလုံးကြီးများကိုသာ မြင်ရပေလိမ့်မည်။

" ဘန်းးးးးးး...."

စုမင်၏ ဓားမြှောင်နှင့် လှိုင်းလုံးကြီးများတိုက်မိသွားခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင် ကြီးမားသော စွမ်းအားတစ်ခုသည် ဓားမြှောင်မှတဆင့် စုမင် ခန္ဓာကိုယ်ထဲသို့ စီးဝင်လာ၏။စုမင် တစ်ချက်ညီးတွားလိုက်သောအခါ ဟန်တောင်တန်းခေါင်းလောင်းသည် ပုံရိပ်ယောင်တစ်ခုသဖွယ်ထွက်ပေါ်လာသည်။စုမင်သည် အလင်းတန်းတစ်ခုသဖွယ် အဖိုးအို၏ ဘေးနားတွင် ပြန်ပေါ်လာပြီး သူ၏ အနီရောင် တောက်ပနေသော ညာလက်ချောင်းနှစ်ချောင်းဖြင့် အဖိုးအိုထံသို့ ညွှန်ပြလိုက်လေသည်။

အဖိုးအိုသည် မျက်မှောင်တစ်ချက်ကြုံ့လိုက်ကာ မျက်စိကို ဖွင့်ချည် ပိတ်ချည်လုပ်လိုက်သည်။ထို့နောက် မိုးခြိမ်းသံတစ်မျှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထုတ်ဖော်လိုက်လေသည်။ ထိုအသံလှိုင်းသည် ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေပြီး လေထုကိုပင် စုတ်ပြဲသွားစေ၏။အမှန်တကယ်တမ်းတွင် ထိုအသံလှိုင်းသည် လေထုကို တုန်ခါသွားစေသောကြောင့် အက်ကွဲကြောင်းများသည် ကောင်းကင်ထက်တွင် ပြန့်ကျဲနေခြင်းဖြစ်သည်။

ထိုအသံလှိုင်းကြောင့် စုမင် ညီးတွားလိုက်ရပြီး လက်ချောင်းဆီမှ စူးရှသော နာကျင်မှုကိုလဲ ခံစားနေရသည်။ သူသည် ပေရှစ်ဆယ်ကျော် နောက်ဆုတ်ခဲ့ရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။

တစ်ချိန်တည်းမှာပင် တိုင်မူ၏ နောက်လိုက်လေးဉီးသည် စုမင်၏ နောက်ဘက်သို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ တိုင်မူ ရုတ်တရက် အော်ဟစ်လိုက်လေသည်။

" မင်းတို့ လေးယောက်လုံး နောက်ပြန်ဆုတ်ကြ....မင်းတို့က သူပြိုင်ဘက်မဟုတ်ဘူး...."

နောက်လိုက်လေးဉီး စလုံး တခဏမျှတောင့်တင်းသွားခဲ့ကြသည်။ထို့နောက် သူတို့သည် လေထဲသို့ ပြန်တက်ကာ တိုင်မူ့ဘေးနားသို့ ပြန်သွားခဲ့ကြပြီး စုမင်အား ရန်လိုသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

" နှောင်းပိုင်းရှာမန်တွေထဲမှာမှ တိုက်ပွဲဝင်နှောင်းပိုင်းရှာမန်ဖြစ်တဲ့ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုက သေမျိုးအဆင့်ကိုကျော်လွန်ပြီး သူတော်စင် အဆင့် ထိတောင်ရောက်နေပြီပဲ....စီနီယာ တိုင်မူ ကျွန်တော့်လို အရည်အချင်းမရှိသူတစ်ယောက်ကို ကျေးဇူးပြုပြီး ထပ်မံသင်ပြပေးပါဉီး...."

စုမင် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ၏မျက်လုံးများသည် တိုက်ပွဲဝင်လိုစိတ်များကြောင့် စူးရှတောက်ပနေသည်။

" ယုံကြည်မှုလွန်ကဲနေတဲ့ လူမိုက်ကောင်....ငါ အသက်ရှူငါးကြိမ်စာအတွင်း မင်းအသက်ကို နှုတ်ယူပြမယ်...."

တိုင်မူသည် ညာ​​ခြေကို မြှောက်ကာ မြေကြီးပေါ်ဆောင်းနင်းလိုက်သည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာတုန်ဟီးလာပြီး ထိုအရှိန်ကြောင့် စုမင် လေပေါ်သို့ခုန်တက်လိုက်ရသည်။

စုမင် လေထဲသို့ ခုန်တက်လိုက်ချိန်တွင် တိုင်မူသည်လည်း မြေပြင်ကို နင်းလိုက်သည့် အရှိန်ကိုအားယူကာ လေထဲသို့ခုန်တက်လာပြီး စုမင်ထံသို့ လက်သီးချက်တစ်ချက်ပစ်သွင်းလိုက်သည်။

တိုင်မူသည် နောက်ဘက်တွင်ရှိသော ပုံရိပ်ယောင် လှိုင်းလုံးများကို စုပ်ယူလိုက်သည့်အခါ လှိုင်းလုံးများသည် အစိမ်းရောင် ငါးမန်းကြီးတစ်ကောင်အဖြစ်အသွင်ပြောင်းသွားပြီး ထိုငါးမန်းကြီးသည် ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟကာ စုမင်ထံသို့ တိုးဝင်သွားလေသည်။ ထိုအခိုက်အတန့်တွင် ပထမကြိမ်အသက်ရှူမှုကုန်ဆုံး သွားလေပြီ.....

မကြာခင်မှာပင် တိုင်မူသည် ပထမလက်သီးချက်ကို ပြန်ရုတ်လိုက်ပြီး ဒုတိယလက်သီးချက်ကို ပစ်သွင်းလိုက်ပြန်သည်။ ထိုအခါ ကောင်းကင်နှင့် မြေပြင် တုန်ခါသွားပြီး လှိုင်းလုံးများသည် ဧရိယာတစ်ခွင် ပြန့်နှံသွားကာ ကောင်းကင်တစ်ဝက်ခန့်ကိုပင် ဖုံးအုပ်နေလေ၏။ ဒုတိယလက်သီးချက်သည် အနက်ရောင်ရေဘဝဲကြီးတစ်ကောင်အသွင်ဖြင့် စုမင်ထံသို့ တိုးဝင်သွားပြန်သည်။

ဤသို့ဖြင့် ဒုတိယမြောက် အသက်ရှူကြိမ် ကုန်ဆုံးသွားလေ၏......

တတိယမြောက် အသက်ရှူကြိမ်ကိုရောက်သည့်အခါ တိုင်မူသည် လေထုအား တတိယအကြိမ် စုပ်ယူနေပြန်သည်။ လက်သီးချက်တစ်ချက်နှင့်ပင် ကောင််းကင်တစ်ဝက်ခန့်ကို ပုံရိပ်ယောင်လှိုင်းလုံးများ ဖုံးလွှမ်းသွားပြီး လက်သီးချက်သည် အနက်ရောင်လိပ်ကြီးအသွင်ဖြင့် စုမင်ထံတိုးဝင်သွားခဲ့သည်။

တိုင်မူသည် လက်သီးချက်သုံးချက် ထုတ်ဖော်ပြီးချိန်တွင် လေထဲတွင် မတ်တပ်ရပ်နေသော စုမင်အား လူသေကောင်တစ်ကောင်သဖွယ်ကြည့်နေခဲ့သည်။ အလတ်အလတ်အဆင့်ရှာမန်တစ်ယောက်အနေဖြင့် သူ၏ သားရဲလေးကောင်လက်သီးချက်အား ခံနိုင်ရည်ရှိလိမ့်မည်ဟု တိုင်မူ မယုံကြည်ပေ။

မြေပြင်ပေါ်ရှိ ရှာမန်များသည် နှောင်းပိုင်းရှာမန်၏ စွမ်းအားများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသဖြင့် အံ့အားသင့်ကာ တိတ်ဆိတ်နေကြသည်။

စုမင်သည် ကောင်းကင်ယံထက်တွင် ကျယ်လောင်စွာဟိန်းဟောက်လျက် သူ့ထံတိုးဝင်လာနေသော ဧရာမပင်လယ်သတ္တဝါကြီးသုံးကောင်ကြောင့် ပင်လယ်ရေလှိုင်းလုံးများကို မရှောင်တိမ်းနိူင်မှန်း သဘောပေါက်နေသည်။ထိုအချိန်တွင် စုမင် မျက်လုံးများထဲတွင် အလင်းတန်းတစ်ခုတောက်ပလာလေသည်။

" နှောင်းပိုင်းရှာမန်တစ်ယောက်......"

စုမင်သည် ချက်ချင်း လက်နှစ်ဖက်ကို ရုတ်လိုက်ပြီး သူသည် သူ့လက်ဖြင့် စည်းတံဆိပ်များကို စတင်ဖန်တီးရင်း နောက်ဆက်တွဲ ပုံရိပ်များကို ချန်ထားခဲ့လေသည်။ အကြိမ်ပေါင်းများစွာ ပြောင်းလဲပြီးနောက်တွင် အနက်ရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရုတ်တရက် တောက်ပလာခဲ့သည်။ ဟန်တောင်ခေါင်းလောင်းသည်

ပုံရိပ်​ယောင်ပုံစံဖြင့် ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်နှင့် တုန်လှုပ်ချောက်ချားဖွယ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ဟိန်းဟောက်သံထွက်ပေါ်လာချိန်တွင် ပင်လယ်သတ္တဝါကြီးသုံးကောင်သည်လည်း စုမင်နှင့် ပို၍နီးကပ်လာသောကြောင့် ကြည့်ရှုနေသူအပေါင်းတို့ ထိတ်လန့်တုန်လှုပ်နေကြ၏။ ထိုအချိန်တွင် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့လေသည်။

ထိုအရာသည် ခေါင်းကိုးလုံးပါးသော ရက်စက်ကြမ်းကြုတ်သည့် ဧရာမသားရဲကြီးဖြစ်ပြီး ခေါင်းကိုးလုံးအနက် ခေါင်းခြောက်လုံးသည် မျက်လုံးများဖွင့်ကာ ဟိန်းဟောက်နေသည်။ ဟန်တောင်တန်းခေါင်းလောင်းမှ ထွက်ပေါ်လာသော ထိုသတ္တဝါကြီးဆီသို့ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များ တဟုန်ထိုးတိုးဝင်သွားသောကြောင့် ထိုသတ္တဝါကြီး၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပုံသဏ္ဍာန်သည် လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။ ဟိန်းဟောက်နေသော ဉီးခေါင်း​ခြောက်လုံးသည် ပင်လယ်သတ္တဝါကြီး သုံးကောင်ထံသို့ ပြေးဝင်သွားလေသည်။

တိုင်မူ၏ အမူအရာသည် ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ စုမင်၏ ခွန်အားသည် သူ့ကို အံ့အားသင့်စေခဲ့သဖြင့် ထိုအချိန်တွင် မဆိုင်းမတွဘဲ သူ၏ညာလက်ကို နောက်တစ်ကြိမ် မြှောက်ကာ စတုတ္ထမြောက် လက်သီးချက်ကို ပစ်လွှတ်လိုက်လေ၏။

ထိုလက်သီးချက်ကြောင့် စုမင် ပတ်ဝန်းကျင်ရှိပင်လယ်ရေများအားလုံး စုဝေးသွားပြီး ကောင်းကင်ထံသို့ ပိုမိုမြင့်တက်လာကာ ဧရာမလက်သီးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ထိုဧရာမလက်သီးကြီးသည် မိုးပြာရောင်ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပေရာပေါင်းများစွာ ရှည်လျား၏။ထိုလက်သီးချက်သည် ခေါင်းကိုးလုံးသားရဲကြီးထံကျဆင်းသွားလေသည်။

ပေါက်ကွဲသံကြီးသည် လေထုထဲတွင် ပဲ့တင်ထပ်နေပြီး ရှာမန်မြို့တစ်ခွင်သို့ ပြန့်နှံသွားကာ ရှာမန်တို့၏ စိတိအာရုံကို ဖမ်းစားခဲ့လေသည်။ ရှာမန်မြို့သို့ တစ်ကိုယ်တော်လာရောက်ကြသော မာန်စွမ်းအားရှင်များနှင့် အင်မော်တယ်စွမ်းအားရှင်တို့၏ မျက်နှာထက်တွင် အမူအရာ တစ်ချို့ပြောင်းလဲ သွားခဲ့ကြသည်။

စုမင်နှင့် တိုင်မူတို့ တိုက်ခိုက်နေသည့်နေရာတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး ပင်လယ်ရေများနှင့် ပင်လယ်သတ္တဝါကြီးသုံးကောင်ပါ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပင်လယ်ရေများဖြင့်ဖွဲ့စည်းထားသော ဧရာမလက်သီးကြီးပင်လျှင် တစ်လက်မချင်းအက်ကွဲပျက်စီးလာကာ နောက်ဆုံးတွင် ဗလာနတ္ထိ ဖြစ်သွားခဲ့၏။

တိုင်မူသည် မည်းမှောင်နေသော မျက်နှာဖြင့် လေထုထဲတွင် ရပ်နေသည်။ ခေါင်းကိုးလုံးသားရဲကြီး ပျောက်ကွယ်သွားသော်လည်း တိုင်မူသည် စုမင်အား စူးရဲစွာစိုက်ကြည့်နေသည်။

" မင်းက တော်သားပဲ...ဒါပေမယ့် ငါနဲ့ ယှဉ်တိုက်မယ်ဆို မင်းကိုယ်မင်း အထင်ကြီးလွန်းရာကျမနေဘူးလား...."

အဖိုးအိုသည် စုမင်ထံသို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာတောက်လောင်နေသည်။

" အခု ကျွန်တော်ကလား..."

စုမင်သည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ပြုံးလိုက်လေ၏။

All Chapters