← Chapters

စွမ်းအားကြီးမှု၏စည်းမျဉ်း

Vol. 04 Ch. 199

စွမ်းအားကြီးမှု၏စည်းမျဉ်း

Vol. 04 Ch. 199

ခန်းရှ၏မေးမြန်းမှုကြောင့် ထန်ရှုသည် ပြောစရာစကားပင် မဲ့သွားရတော့သည်။

သူ ဘယ်လိုလုပ်လိုက်တာလဲတဲ့လား။

သံချောင်းတစ်ချောင်းအား ဆွဲထုတ်လိုက်ခြင်းသည် သူ့အတွက်တော့ အသေးအမွှားလေးသာ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် သူသည် မရေမတွက်နိုင်သော ဒဏ်ရာများစွာ ရခဲ့ပြီး သူ့ဘာသာသူပင် ကုသခဲ့ရသည်။ ထိုသို့ကုသခြင်းသည် အခြားသူများအား ကုသပေးခြင်းထက် ပိုမိုခက်ခဲပေသည်။

“ထားလိုက်တော့။”

ထန်ရှု၏မျက်နှာသည် တည်ငြိမ်နေပြီး အပြင်သို့ လမ်းဆက်လျှောက်သွားသည်။

ခန်းရှသည် ပိုမိုသိချင်သေးသာ်လည်း ထန်ရှု၏တည်ငြိမ်သော အမူအရာကြောင့် သူမ၏သိလိုစိတ်အား ဖိနှိပ်ထားလိုက်သည်။ ထန်ရှုသည် မခန့်မှန်းနိုင်လောက်အောင်ပင် နက်ရှိုင်းလှသည်။ သူမ ထန်ရှုကို မသိသေးမီက သူမဘဝတွင် တစ်စုံတစ်ယောက်အား နှစ်သက်ရလိမ့်မည်ကို မည်သည့်အခါမျှ မထင်ထားခဲ့မိချေ။ သူသည် သူမထက် ငယ်သော်လည်း သူမကို အံ့အားသင့်စေရပြီး သူမ မော့ကြည့်ရသည့်လူတစ်ယောက်ဖြစ်သည်ဟုပင် ခံစားမိရသည်။

ကားပေါ်ရောက်ပြီးနောက် ခန်းရှသည် ကားစက်နှိုးလိုက်ရင်း

“သူဋ္ဌေး… ငါ နင့်ကို တောင်တံခါး အရင် လိုက်ပို့ပေးမယ်။ ပြီးမှ အိမ်ပြန်လိုက်မယ်။”

ထန်ရှုသည် ခေါင်းညိတ်လိုက်ရင်း

“ခင်ဗျား ပြန်သွားပြီရင် သတိမလစ်ဟင်းစေပါနဲ့။ အရေးမကြီးရင် ကျွန်တော်တို့ ဒီအချိန်မှာ မတွေ့သင့်ဘူး။ ကျန်းတွေက ခင်ဗျားကို စောင့်ကြည့်ဖို့ လူလွှတ်ထားနိုင်တယ်။ ကျွန်တော်တို့ တွေ့ဆုံမှုကနေ ကျန်းသဲကျင်ကို သံသယဝင်စေသွားရင် အရာရာ ပျက်စီးသွားလိမ့်မယ်။”

“ငါ သိပါပြီ။” ခန်းရှ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျန်းများအတွက် အစီအစဉ်သည် မျှော်လင့်ထားသကဲ့သို့ ချောမွေ့ကာ လုပ်ငန်းစဉ်များသည်လည်း အလွန်မြန်ဆန်နေပေသည်။ များပြားလာသော ရင်းနှီးမြှုပ်နှံငွေ ဝင်လာပြီးသည့်နောက် ခန်းရှသည် ရုံးခန်းကို ဖွဲ့လိုက်ကာ စီမံကိန်းအတွက် ယာယီစီအီးအိုအဖြစ် ဆောင်ရွက်လေသည်။

ထို့ပြင် သူတို့၄ဖွဲ့သည် ပြင်းထန်တင်းကျပ်သော သဘောတူညီမှုစာချုပ်အား လက်မှတ်ရေးထိုးလိုက်ကြသည်။

ကျန်းဖုန်းရှန့်သည် ပုံမှန်အားဖြင့် သတိကြီးစွာ ထားတတ်သော လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အမြတ်ကြီးစွာ ရရှိမည့်အခွင့်အရေးနှင့် ကြုံလာသောအခါ ရယူရန် ဆုံးဖြတ်လိုက်သေးသည်။ သို့သော်လည်း အာမခံအတွက် ထောက်ရှုကာ သူသည် အခြားသူများ နောက်အစီအစဉ်တစ်ခုအား ပြုလုပ်ကာ ဟူမိသားစုနှင့် ရွှဲ့မိသားစုတို့ကဲ့သို့ မြင့်မားသော အဆင့်ရှိသူများနှင့် သီးသန့် ပူးတွဲရေး စာချုပ်ချုပ်ဆိုထားသည်။ထိုစာချုပ်သည် သီးသန့်ငွေအရင်းအနှီးဖြစ်သော ၂ဘီလီယံအတွက် သူသည် အမြတ်အချို့အား ထိုမိသားစု၂စုသို့ လွှဲပြောင်းလိုသည့် စာချုပ်ဖြစ်တော့သည်။

တစ်ပတ်ကြာပြီးနောက် တောင်တံခါးအိမ်ရာဝင်းတွင်…

ထန်ရှုသည် ခပ်ပွပွ ရေချိုးခန်းဝတ်စုံအား ဝတ်ဆင်လျက် သူ၏လက်ထဲမှ သတင်းများအား တိတ်ဆိတ်စွာ ဖတ်ရှုလျက်ရှိသည်။ ထိုသတင်းများသည် မြင့်မားသောအဆင့်ရှိသည့် ကျန်းမျိုးရိုးများအား စုံစမ်းနေသည့် သူ၏လူအယောက်၂၀မှ ပေးပို့လာသော သတင်းများ ဖြစ်ပြီး အလွန်တိကျခိုင်မာမှုရှိသည်။ ထိုလူများအား ၁၀မိနစ်အတွင်း ကွယ်ပျောက်သွားရန် ထန်ရှု၏အမိန့်သာလျှင် လိုတော့သည်။

သူနှင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် အိုးရန်လူလူသည် ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုင်နေသည်။ သူမသည် ဒီနင်းဂျင်းဘောင်းဘီတို၊ ကြိုးတစ်လုံးအကျီနှင့် ခပ်မိုက်မိုက် ခရစ်စတယ် ရှူးဖိနပ်အား ဝတ်ဆင်ထားပြီး မေးထောက်လျက် ထန်ရှုအား မျက်တောင်မခတ် ကြည့်နေသည်။

စိုက်ကြည့်နေသော အချိန်တစ်လျှောက်လုံးတွင် သည်လူသည် ပျင်းစရာကောင်းသည့်ဟန် ရှိသော်လည်း ကြည့်နေရင်းနှင့်ပင် လုံးဝငြီးငွေ့စရာမကောင်းတော့ဘဲ ပိုမိုစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ပေသည်။

ထန်ရှုအား အိုးရန်လူလူ အချိန်ကြာကြာ သိလာလေ သူ၏စိတ်ဓာတ်ပြင်းထန်မှုအား ခံစားရလေလေ ဖြစ်တော့သည်။ ယခင်က ထန်ရှုသိသောသူမှာ လုံမိသားစု၊ ချန်းကျီကျုံးနှင့် လျှို့ဝှက်အဆန်းကြယ်ဆုံးလူတစ်ယောက်ဖြစ်သော ထာဝရခိုင်မြဲခန်းမ၏ သူဋ္ဌေးလေးတို့သာလျှင် ရှိလိမ့်မည်ဟု တွေးထင်ခဲ့မိသည်။ သို့သော်လည်း မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အကြောင်းအား သူမ၏မိဘနှစ်ပါးအား ပြောပြခဲ့ရာတွင် မိဘများဆီမှ ထိုသူနှစ်ယောက်၏ပုံရိပ်သည် သာမန်မဟုတ်ကြောင်း သိခဲ့ရသောကြောင့် သူမ အံ့သြတုန်လှုပ်ခဲ့ရသည်။

လျှို့ဝှက်ဆန်းကြယ်ထူးခြားသော အော်ရာ…

၎င်းသည် ထန်ရှုထံမှ အိုးရန်လူလူ ခံစားရရှိနေခြင်းဖြစ်တော့သည်။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော ဆန်းကြယ်မှုများထက် ထန်ရှုသည် ပိုမိုလျှို့ဝှက်ဆန်းကြယ်ပေလိမ့်မည်ဟုပင် သူမ ခံစားနေရပေသည်။

“ဟေး… ကျွန်တော့်မျက်နှာထက်မှာ ပန်းတွေပွင့်နေလို့လား။”

နောက်ဆုံးတွင် ထန်ရှုသည် သူ၏လက်ထဲမှ သတင်းအချက်အလက်ဖိုင်တွဲအား တင်ထားလိုက်ပြီး အိုးရန်လူလူ၏မျက်နှာလေးအား စိုက်ကြည့်ကာ မေးလိုက်တော့သည်။

အိုးရန်လူလူသည် ခပ်ဖွဖွ ရယ်မောလိုက်ရင်း

“ဟာဟ.. နင့်မျက်နှာပေါ်မှာတော့ မရှိပေမယ့် နင့်ခေါင်းထဲမှာတော့ ပန်းတစ်ပွင့်ရှိနေပုံပဲ။ အထဲမှာ ဘာတွေ ရှိမလဲဆိုတာ ပွင့်ဖတ်လေးတွေကို ငါ ဆွဲပြီး ထုတ်ကြည့်ချင်မိတယ်။”

“ခင်ဗျား ပျင်းနေတာမဟုတ်လား။” ထန်ရှုသည် ညည်းညူလိုက်ရင်း ခေါင်းသာ ယမ်းမိတော့သည်။

“နင့်ကို လေ့လာရတာ အများကြီး ပျင်းစရာမကောင်းပါဘူး။ ဒါပေမယ့်လည်း ငါ သိချင်နေမိတယ်။ ကျန်းတွေ အစီအစဉ်အတိုင်း မဖြစ်မှာ နင် စိတ်မပူဘူးလား။”

အိုးရန်လူလူ နူးညံ့စွာ ပြုံးရင်း စကားဆိုလိုက်သည်။

“ကျွန်တော်က ဘာကို စိတ်ပူရမှာလဲ။”  ထန်ရှု မေးလိုက်သည်။

“ မထင်မှတ်တာတွေက လမ်းတစ်ဝက်မှာ ဖြစ်ပျက်နိုင်တယ်လေ။ ကျန်းတွေက ကြယ်တာရာမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားပြီးပြီဆိုတော့ သူတို့လက်ထဲမှာ ဝှက်ဖဲရှိနိုင်တယ်။ သူတို့ရဲ့ဝှက်ဖဲကို ရုတ်တရက် ဆွဲထုတ်ပြီး အချိန်ကျလာတာနဲ့ ငါတို့အစီအစဉ်ကို ဖျက်ပစ်လိုက်ရင် ငါတို့ ဘာလုပ်သင့်သလဲ။” အိုးရန်လူလူ ပြောပြလိုက်သည်။

သုန်မှုန်သောအမူအရာဖြင့် ထန်ရှု ပြောလိုက်သည်။

“မတော်တဆမှုတွေနဲ့ ပြောင်းလဲမှုတွေအားလုံးကို အလုံးစုံအားရဲ့မျက်နှာပြင်ထဲမှာ အလွယ်ဖြေရှင်းနိုင်တာပဲ။ ကျွန်တော်က ကျန်းတွေအားလုံးကို သတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပေမယ့် မခန့်မှန်းနိုင်တဲ့ ပြောင်းလဲမှုရှ်လာရင်တော့ နောက်ဆုံးဖြေရှင်းနည်းအဖြစ် သုံးရမှာပဲ။”

“ထန်ရှု… ဒီနေ့ခေတ်လူမှုအဖွဲ့အစည်းက တရားဥပဒေနဲ့ စည်းကမ်းသတ်မှတ်ထားတယ်။ လူသတ်မှုအများကြီးက မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပွားစေမယ်ဆိုတာကို နင် မကြောက်ဘူးလား။”

“တရားဥပဒေဆိုတာ အားနည်းတဲ့လူတွေအပေါ်ပဲ သက်ရောက်တယ်။ စွမ်းအားရှိတဲ့သူတွေက အဲ့ဒါကို လစ်လျူရှုနိုင်တယ်။ ကျွန်တော် သူတစ်ဖက်သားရဲ့အားနည်းချက်ကို စိန်မခေါ်ချင်ဘူး။ ဒါပေမယ့် ကျွန်တော့်သည်းခံနိုင်စွမ်းကိုလည်း မထိပါးသင့်ဘူး။ သူ ကျွန်တော့်ကို သတ်ချင်မှတော့ ကျွန်တော်က သူ့ကို အရင်သတ်ပေးရတော့မှာပေါ့။ ပြသနာအရင်းအမြစ်အားလုံးကို ဖြတ်တောက်ရမယ်ဆိုရင်တောင် နောင်ဘေးဆိုးကို ရှောင်ရှားဖို့ ဘယ်အရာကိုမှ ချန်ထားပေးမှာမဟုတ်ဘူး။ ”  ထန်ရှု ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

အိုးရန်လူလူသည် လက်ခုပ်လက်ဝါးတီးလျက်

“မှန်တယ်။ ဒါ အမှန်တရားပဲ။ အရင်တုန်းက ကျင်းမန်ကျွန်းမှာ ငါတို့အိုးရန်မိသားစုရဲ့ရန်သူမိသားစု ရှိခဲ့တယ်။ ကျင်းမန်ကျွန်းမှာ စိမ့်ဝင်ပြီး ငါတို့ကို တိုက်ခိုက်ဖို့ သူတို့က နိုင်ငံတကာ တပ်ဖွဲ့တစ်ခုကိုတောင် ငှားခဲ့တယ်။ ရလဒ်ကတော့ အဲ့ဒီတပ်ဖွဲ့ ကျင်းမန်ကျွန်းကနေ ဆုတ်ခွာရပြီးတော့ အဲ့ဒီမိသားစုလည်း ကျွန်းကနေ ဖယ်ရှားခဲ့လိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ငါတို့အိုးရန်မိသားစု အတော်အထိနာခဲ့ရလို့ အခြေအနေတည်ငြိမ်အောင် နှစ်ပေါင်းများစွာ အချိန်ပေးလိုက်ရတယ်။”

ထန်ရှု ဖျော့တော့စွာ ပြုံးလိုက်ရင်း

“ကြည့်ရတာ အိုးရန်မိသားစုက နက်ရှိုင်းတဲ့ သမိုင်းကြောင်းရှိတာပဲ။ အနည်းဆုံးတော့ မင်းတို့မိသားစုရဲ့ရန်သူက အိုးရန်မိသားစုရဲ့ဝှက်ဖဲကို မဖော်ထုတ်နိုင်ဘဲ အလျင်စလို ဆန့်ကျင်ခဲ့တာပဲ။”

အိုးရန်လူလူ အံ့အားသင့်သွားပြီး

“ငါတို့အိုးရန်မိသားစုမှာ ဝှက်ဖဲတစ်ခုရှိတာ နင် ဘယ်လိုသိတာလဲ။”

“ဒီကမ္ဘာမှာ မိုက်မဲတဲ့သူတွေအချို့သာလျှင် ရှိတယ်။ အင်အားကြီးမားပြီး မိသားစုကို လေးစားစရာတဲ့ သူတွေကတော့ ဘယ်တော့မှ မမိုက်မဲကြဘူး။ ရန်သူတွေ မတိုက်ခင်ကတည်းက အိုးရန်တွေက ရန်သူ့အင်အားကို စုံစမ်းထားပြီးသားလို့ ကျွန်တော် ပြောနိုင်တယ်။ ဒါကို ဘယ်လို ပြောရမလဲဆိုရင်တော့ ကိုယ့်ရန်သူနဲ့ကိုယ့်အကြောင်းကို သိခြင်းဖြင့် တိုက်ပွဲတိုင်းမှာ အနိုင်ရလိမ့်မယ်လို့ ဆိုလိုတာပဲ။”

အိုးရန်လူလူ ပြုံးလိုက်ရင်း

“နင် ပြောတာ အဓိက ကျတယ်။ အိုးရန်မိသားစုမှာ ဝှက်ဖဲရှိပါတယ်။ ငါ့အမေဘက်က အဘိုးပါ။ ငါတို့က ရှေးကျတဲ့ကလန်တစ်ခုက အဆက်အနွယ်တွေလို့လည်း ဆိုနိုင်ပါတယ်။ ထန်ရှု.. ငါ နင့်အပေါ်လုံး၀ ယုံကြည်တဲ့အတွက် ဒီအကြောင်းတွေကို ပြောပြတာပါ။ ငါ့အဘေးရဲ့ကလန်က သီးသန့်တောင်တန်းနေရာတွေမှာ နေထိုင်ပြီး အလွန်နိမ့်ကျတယ်ဆိုရင်တောင်မှ သူတို့က ရဲရင့်ပြီး သိုင်းပညာကျွမ်းကျင်ကြတဲ့သူတွေချည်းပဲ။ အိုးရန်တွေတောင်မှ အဲ့ဒီက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ငှားရတယ်။”

“ကျွန်တော် သိတယ်။ ခင်ဗျားအစ်ကိုကြီး ခေါ်လာတဲ့လူတွေက အတော်ကောင်းပါတယ်။”

“ဒေါက်… ဒေါက်…”

တံခါးခေါက်သံကြားရပြီးနောက် ဂူရင်သည် ပြုံးရွှင်သော မျက်နှာဖြင့် အခန်းတွင်းသို့ ဝင်လာသည်။

“ဧည့်သည်တစ်ယောက် လာတယ်။”

ဧည့်သည်တစ်ယောက်လား။

“ဘယ်သူများပါလိမ့်။” ထန်ရှုသည် ပြုံးကာ မေးလိုက်သည်။

“အဲ့ဒီဦးဦးက ဒီကို တစ်ခါ လာဖူးတယ်။ ဆရာရဲ့ဆေးပင်တွေကို လာပို့ပေးတာလေ။ သူ့မျိုးရိုးနာမည်က ချူလို့ ထင်တယ်။”

ချူယီလား…

ထန်ရှု၏အမူအရာမှာ လှုပ်ရှားသွားကာ ထရပ်လိုက်ပြီး

“သူ့ကို သွားတွေ့ရအောင်။”

ပထမထပ်ရှိ ဧည့်ခန်းတွင် ဖြစ်သည်။

ချူယီသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ဖုန်းအား ဆော့ကစားနေပြီး သူ၏အနားတွင် လက်ဆွဲအိတ်အနက်တစ်လုံး ရှိနေသည်။ သူ၏မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ပွင့်သည် သူ၏ကောင်းမွန်နေသော စိတ်အခြေအနေအား ဖော်ပြနေပေသည်။

“ချူယီ…”

ထန်ရှုသည် ဧည့်ခန်းသို့ ရောက်လာပြီး မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်လိုက်သည်။ အိုးရန်လူလူသည် နုပျိုလှပသော ဇနီးမယားတစ်ယောက်သဖွယ် ထန်ရှု၏ဘေးတွင် တန်းထိုင်လိုက်လေသည်။

ချူယီသည် သူ၏ဖုန်းအား တစ်နေရာတွင် တင်ထားလိုက်စဉ်တွင် အိုးရန်လူလူသည် ထန်ရှု၏အနောက်မှ ပါလာသောကြောင့် အံ့သြသွားရသည့်အပြင် သူမနေရာယူကာ ထိုင်လိုက်သည့်ပုံစံကြောင့် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

သူတို့နှစ်ယောက်အား လက်ညှိုးထိုးလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့်

“မင်းတို့နှစ်ယောက်…”

“ဘာ ပြောချင်တာလဲ။” ထန်ရှု ဇဝေဇဝါ ဖြစ်သွားရသည်။

အိုးရန်လူလူ မျက်လုံးအဝိုင်းသား ဖြစ်သွားရပြီး ကက်ကက်လန် ဝင်ပြောလိုက်ရသည်။

“ငါတို့နှစ်ဦးက ဘာဖြစ်ရမှာလဲ။ နင်နော် တစ်ခုခု ပြောချင်ရင် ရှင်းရှင်းလင်းလင်း ပြော၊ ဘာမှ မဖုံးကွယ်နဲ့။ နောက်ပြီး ထန်ရှုနဲ့ ငါက ဘာမှ ရှက်စရာတွေ လုပ်ထားတာမဟုတ်ဘူး။”

ချူယီသည် အားတင်းပြုံးလိုက်ပြီး

“အေးပါ. သူငယ်ချင်းရာ။ နင့်စကားတွေကလည်း စက်သေနတ် ပစ်သလိုပဲ ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး။ ဒါပေမယ့် ငါ သိတော့သိချင်သား။ နင်က ဒီကို ဘာလာလုပ်။”

“နင်တောင် လာနိုင်သေးတာ။ ငါ ဘာလို့ မလာနိုင်ရမှာလဲ။” အိုးရန်လူလူ ပြန်ပက်လိုက်သည်။

“လူလူက ကြယ်တာရာမှာ လုပ်စရာလေးတွေရှိလို့ ကျွန်တော့်အိမ်မှာ ခဏလာနေတာပါ။ ဒါနဲ့ ကျွန်တော့်အတွက် ဆေးပင် ထပ်ယူလာပေးတာလား။” ထန်ရှု ဝင်ဖြေပေးလိုက်သည်။

ချူယီသည် သူတို့နှစ်ယောက်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ပြုံးလိုက်ရင်း

“ဒီတစ်ခေါက် ကြယ်တာရာကို လာရတာ အကြောင်း၂ချက်ရှိတယ်။ တစ်ချက်က မင်းအတွက် ဆေးပင်တွေ သယ်လာပေးတာ။ ဒုတိယအချက်က လုံကျန်ယုက ငါတို့စီမံကိန်းမှာ ပါချင်တဲ့သူတစ်ယောက်ရှိတယ်ဆိုလို့ အသေးစိတ်လာမေးတာ။”

“ကျန်ယုကို အဲ့ဒီအကြောင်း မေးဖို့ မလုပ်နဲ့ဦး။ ကျွန်တော်တို့ ဒီ့ထက်ပိုကြီးတဲ့ အစီအစဉ်တစ်ခုကို လုပ်နေလို့ အဲ့ဒီအစီအစဉ်ပြီးသွားရင်တော့ သိရလိမ့်မယ်။”

ချူယီ မျက်မှောင်ကြုပ်သွားပြီး ဇဝေဇဝါဟန်ဖြင့်

“ညီအစ်ကိုထန်… မင်း ပြောတာ ငါ နားမလည်ဘူး။ ကျန်ယုကို ငါ မမေးရဘူးဆိုရင် မင်း ငါ့ကို ပြောပြပါလား။”

“ကျွန်တော်တို့ လုပ်နေတဲ့ မြေနေရာနဲ့ ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ အဆောက်အဦးဒီဇိုင်းတွေကို အခြားအစီအစဉ်မှာ သုံးနေတယ်။ ကျွန်တော် ခန့်မှန်းသလောက်ဆိုရင် ရလဒ်သိရဖို့ ၁၀-၁၅ရက်လောက်တော့ ကြာလိမ့်မယ်။ ခင်ဗျားနဲ့ပိုင်ထောင်က ဒီစီမံကိန်းထဲမှာ ရှယ်ယာပါမှန်း သိပါတယ်။ ဒါပေမယ့် ကျန်ယုက ဒီမြေတစ်ခုလုံး ရထားတော့ ရုံးခန်းဆောက်ဖို့ ဒီနေရာကို သုံးလိုက်ရတယ်။ နောက်ပိုင်း ဒီနေရာကစီမံကိန်းကို ပါချင်ရင်လည်း ပြသနာမရှိဘူး။ လောလောဆယ် စိတ်ကူးက တစ်ချို့လူတွေကို အရင်ဖယ်ပစ်ဖို့ပဲ။” ထန်ရှု ပြောပြလိုက်သည်။

“မင်းရန်သူတွေလား။ ဘာဖြစ်လို့ ငါ့ကိုပါ မခေါ်တာလဲ။” ချူယီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထန်ရှု ပြုံးပြလိုက်ရင်း

“မူလက ခင်ဗျားနဲ့ ပိုင်ထောင်ကို ခေါ်ချင်ခဲ့တာ။ ဒါပေမယ့် ပြန်စဉ်းစားလိုက်တော့ ခင်ဗျားတို့၂ယောက်စလုံး အခြေစိုက်တာက မြို့တော်မှာ ဖြစ်နေတော့ မခေါ်တော့တာ။ အခုအစီအစဉ်က အတော် တင်းကျပ်တယ်။ ခင်ဗျားက ဒီအစီအစဉ်မှာ မပါပေမယ့် ဒီအကြောင်းကို သိတဲ့ ပထမဆုံးသူပဲ။ အဲ့ဒါကြောင့် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။”

ချူယီသည် မျက်လုံးများအား မှေးထားလိုက်ရင်း

“ဒါဆို ငါ ကူညီနိုင်တာ ဘာရှိမလဲ။ ဥပမာ… ပိုက်ဆံပေါ့ကွာ။”

“လောလောဆယ်တော့ မလိုသေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ လိုလာရင် ကျွန်တော် ခင်ဗျားကို ပြောပါမယ်။” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။

“ငါ ပိုင်ထောင်နဲ့လည်း ဒါကို ဆွေးနွေးလိုက်ဦးမယ်။ ငါတို့၂ယောက်ကြားမှာပါပဲ။ မိသားစုကို ဘာမှ မပြောပါဘူး။ မင်း နောက်ပိုင်း ပိုက်ဆံလိုလာရင် ငါတို့ကို ခေါ်လိုက်။ ဆောက်လုပ်ရေးထဲမှာ ရင်းနှီးထားတယ်ဆိုပေမယ့်လည်း ငါတို့ကိုယ်ပိုင်ငွေကြေးလေးတွေတော့ ရှိပါသေးတယ်။” ချူယီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

ထန်ရှုသည် တစ်ခဏမျှ တွေဝေသွားရင်း ရုတ်တရက် မေးလိုက်သည်

“ချူမိသားစုနဲ့ ပိုင်မိသားစုမှာ ရန်သူတွေအတွက် မသုံးရဘူးဆိုရင် ငွေကြေးဘယ်လောက်ရှိနိုင်လဲ။”

ချူယီ တစ်ချက် စဉ်းစားလိုက်ရင်း

“၄ဘီလီယံ… ဒါမိုင်ကုန်ပဲ။ ပိုင်မိသားစုမှာလည်း အဲ့လောက်ပဲ ရှိလိမ့်မယ်လို့ ငါ ထင်တယ်။”

***

All Chapters