အာရုံခံစားမှု
Vol. 05 Ch. 205
ထန်ရှု အံ့အားသင့်သွားသည်။ ကျန်းဖုန်းရှန့်တွင် ငွေအများအပြားကျန်နေသေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူသည် လုံကျန်ယုအား ကြည့်လိုက်ကာ
“ပိုက်ဆံကို ယူပြီး သူတို့ကို လွှတ်ပေးလိုက်ပါ။”
“မင်းတကယ်ကို သူတို့ကို လွှတ်ပေးချင်နေတာလား။” လုံကျန်ယု တစ်ခဏမျှ သတိလက်လွတ် ကြည့်မိပြီး တုန့်ဆိုင်းသွားသည်။
“ဟုတ်တယ်။” ထန်ရှု ခိုင်မာစွာ ပြောလိုက်သည်။
“ကျားတွေကို တောတောင်ထဲမှာ လွှတ်ပေးလိုက်ရင် တစ်ချိန်ကျ ဘေးဆိုးဖြစ်လာမှာကို မင်း မကြောက်ဘူးလား။” လုံကျန်ယု ကူကယ်ရာမဲ့စွာ မေးလိုက်တော့သည်။
ထန်ရှုသည် သရော်ဟန်ဖြင့်
“သူတို့တွေက ကျားဟုတ်ပါ့မလား။ သူတို့ ကျွန်တော့်ကို ဆန့်ကျင်ရဲရင် တရုတ်ပြည်အသာထားဦး ပြည်ပနိုင်ငံကို ပျံသန်းသွားရင်တောင်မှ သူတို့နောက်ကို လိုက်ပြီး အသက်ရှင်ဖို့ ပြန်လည်မတောင်းပန်နိုင်အောင် လုပ်ပစ်နိုင်တယ်။”
ကျန်းမိသားစုဝင်များအားလုံး၏အကြောများပေါ်တွင် ချွေးအေးများ စီးကျလာပြီး ခေါင်းများငုံ့ကာ စကားတစ်လုံးမှ ပြန်မပြောကြတော့ချေ။
ထိုခဏတွင် ထန်ရှုသည် လုံကျန်ယုအား လှုပ်ရှားစေခဲ့ပြီး မြေအောက်ခန်းမှ ပြန်ထွက်လာခဲ့သည်။
လက်ဖက်ရည်အိမ်လေးထဲသို့ ပြန်ရောက်ပြီးနောက် သူ့အား ကြည့်နေကြသော လူများအား ထန်ရှုသည် သိမ်းကျုံးကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်ကာ
“ကျွန်တော်တို့ ကြီးမားတဲ့ရိတ်သိမ်းမှုတစ်ခု ရခဲ့တယ်။ ကျန်းဖုန်းရှန့်က နောက်ထပ်၃ဘီလီယံနဲ့ သူ့မိသားစုတစ်ခုလုံးရဲ့အသက်တွေကို ဝယ်ချင်နေတယ်။”
“မင်း အဲ့ဒါကို သဘောတူခဲ့တာလား။” လုံဟန်ဝမ် မေးလိုက်သည်။
“ဘာကြောင့် ကျွန်တော် အဲ့ဒီလိုလုပ်ရမှာလဲ။ ဒါပေမယ့် ကျွန်တော်တို့ ပိုက်ဆံကို အရင်ယူရလိမ့်မယ်။ ပိုက်ဆံရပြီးသွားရင်တော့ ဒီဟာအတွက် ထပ်ဆွေးနွေးကြတာပေါ့.. ကျန်ယု အဲ့ဒါကို ဆောင်ရွက်ဖို့ နေခဲ့တယ်။ အဲ့ဒီအရေးကြီးတဲ့ကျန်းမိသားစုဝင်တွေရဲ့အသက်ကို ထိန်းထားပြီး ကျန်းမိသားစုကို အမြစ်ဖြုတ်ဖို့ ပြီးပြည့်စုံတဲ့ စိတ်ကူး ဘယ်သူ့ဆီမှာ ရှိသေးလဲဗျ။”
“ငါ့မှာ နည်းတစ်နည်း ရှိတယ်။” ရှောင်မင်ကျန်း ပြောလိုက်သည်။
“ဘာများလဲ။” ထန်ရှု၏အမူအရာ လှုပ်ရှားသွားကာ မေးလိုက်လေသည်။
“သူတို့မိသားစုရဲ့အခြားအဖွဲ့ဝင်တွေကို သူတို့ကိုယ်တိုင် သတ်ခိုင်းလိုက်။ ပြီးရင် သူတို့မိသားစုဝင်တွေရော သူတို့တွေရော ပြည်ပထွက်သွားလို့ရအောင် နည်းလမ်းရှာပေးရမယ်။ ငါတို့က သူတို့လူတွေကို သူတို့ကိုယ်တိုင်သတ်ခိုင်းပေမယ့်လည်း သူတို့ အဲ့ဒီတာဝန်ကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ အချိန်ကျလာတဲ့အခါ ဒီအကြောင်းကို မပြောဖို့ သူတို့ကိုယ်တိုင် ပါးစပ်ပိတ်ထားကြလိမ့်မယ်။ နောက်ပြီး သူတို့က ဒီတိုင်းပြည်မှာ မရှိတော့တာကြောင့် အလားတူမုန်တိုင်းထန်ဖို့ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ငါ့ကို အဲ့ဒါ လုပ်ခိုင်းလိုက်ပါ။ ဒီဟာ ပြီးပြည့်စုံသွားပြီလို့ ညီအစ်ကိုထန် သေချာမှတ်ထားနိုင်တယ်။” ရှောင်မင်ကျန်း မခိုးမခန့်ဟန်ဖြင့် ရှင်းပြလိုက်သည်။
“အဲ့လိုဆိုမှဖြင့် လုပ်လိုက်ပါ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့တွင်..
ထန်ရှုသည် တောင်တံခါးအိမ်ရာမှ ထွက်လာပြီး အငှားကားတစ်စီးဖြင့် ကြယ်တာရာနံပါတ်၁ အထက်တန်းကျောင်းသို့ လာခဲ့သည်။ သည်နေ့သည် တက္ကသိုလ်များ တက်ရန်အတွက် ဖောင်များ တင်ရမည့်နေ့ဖြစ်သောကြောင့် သူ လွဲချော်လိမ့်မည်မဟုတ်ပါချေ။ ထို့ပြင် သူသည် တက်ရောက်မည့် တက္ကသိုလ်အား ရွေးချယ်ထားပြီးဖြစ်သောကြောင့် ထိုနေရာသို့ သွားကာ ဖောင်ဖြည့်ရန်သာ လိုအပ်ပေသည်။ ထို့နောက် သူသည် အိမ်သို့ ပြန်ကာ သူ၏အမှတ်စာရင်း ထွက်လာခြင်းကို စောင့်နေနိုင်သည်။
“ကြားဖြတ်သတင်း - ထိပ်သီးပိုင်းခေါင်းဆောင်တစ်စု ပျောက်ကွယ်သွားပြီး ကျန်းအုပ်စု ရုတ်တရက် ပြိုကွဲသွားခဲ့သည်။ ကောလာဟလများအရ လုံအုပ်စု၊ အိုးရန်အုပ်စုနှင့် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု ပူးပေါင်းကာ ထုတ်ပြန်ခဲ့သည်မှာ ကမ္ဘာမြေပေါ်မှ သုခဘုံစီမံကိန်း လုပ်ကိုင်သူ ထိုလုပ်ငန်းစု၃စုမှ ဘီလီယံဆယ်ဂဏန်းမျှ ရှိသော လုပ်ငန်းမတည်ငွေများအား ကျန်းဂရု၏ စီနီယာအမှုဆောင်တစ်ဦးဖြစ်သူ ကျန်းဖုန်းမင်သည် ခိုးသွားခဲ့သည်ကို သံသယရှိခဲ့ပြီး ထိုသူသည် ထွက်ပြေးသွားခဲ့ပြီဖြစ်သည်…”
အငှားကားထဲရှိ ရေဒီယိုမှ ထွက်ပေါ်လာသော သတင်းတစ်ပုဒ်ဖြစ်သည်။
အငှားယာဉ်မောင်းသည် လူရွယ်တစ်ယောက်ဖြစ်သည်။ ထိုကြေညာသံအား ကြားလိုက်ပြီးနောက် ဘေးထိုင်ခုံတွင် ထိုင်နေသော ထန်ရှုဘက်သို့ လှည့်ကာ ပြောပြတော့သည်။
“လူတွေဟာ ချမ်းသာကြွယ်ဝမှုအတွက် သေကြတယ်။ ငှက်တွေဟာ အစာအတွက် သေကြတယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ။ ကျန်းအုပ်စုက အဓိက စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပြီးတော့ ပိုင်ဆိုင်မှုတွေအများကြီး ရှိတာတောင်မှ သူတို့ရဲ့ထိပ်သီးခေါင်းဆောင်တွေက မထင်မှတ်ထားဘဲ လောဘကြီးပြီး စီမံကိန်းမတည်ငွေတွေ ခိုးပြီး ထွက်ပြေးသွားသေးတယ်။ မြွေတွေက ဆင်တစ်ကောင်ကို မျိုချချင်နေသလိုပဲ သူတို့တွေက ကိုယ်နဲ့မဆန့်တာကို ဝါးပြီးမျိုချင်ကြတယ်။ ကျန်းမိသားစုထဲက တစ်ယောက်ယောက်က ကြိုးတွေကို သွားဆွဲမိလို့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပျောက်ကုန်တာဖြစ်ရမယ်လို့ ငါပြောရဲတယ်။ အဲ့ဒါကြောင့် သူတို့အတူတူ ထွက်ပြေးကြတာနေမယ်။”
ကောင်းသည်ဆိုးသည်မပါဘဲ ထန်ရှု ပြန်ပြောလိုက်သည်။
“သစ်တောထဲမှာ ငှက်အမျိုးအစားအားလုံးကို တွေ့နိုင်တာပဲလေ။”
ကားမောင်းသမားလူရွယ်သည် ကားစတီယာရင်အား ပုတ်လျက် ထောက်ခံလိုက်သည်။
“အမှန်ပဲ။ ဒီတစ်ကြိမ် ကျန်းမိသားစု အဆုံးသတ်သွားတာ ကောင်းတယ်။ သူတို့နဲ့ အလုပ်တွဲလုပ်တဲ့သူတွေကတော့ အမှန်ကို ကံဆိုးသွားတာပဲ။ ဒီလိုစီးပွားရေးလုပ်ငန်းစုရှိတဲ့ လူတွေ ပြိုကွဲတာက သွေးမှိုတွေ ကျလာသလိုနေမှာပဲ။”
“ကံဆိုးတယ်ဟုတ်လား။” ထန်ရှုသည် စိတ်တွင်းမှ တိတ်တဆိတ် ရယ်မောလိုက်သည်။
ထန်ရှုတို့သည် မည်သည့်အရာမှ မဆုံးရှုံးရုံမျှမက ကျန်းမိသားစု၏ပိုင်ဆိုင်မှုများကိုပင် ခွဲဝေလိုက်သေးသည်။ ထို့ကြောင့် ကံဆိုးသည်ဟု မည်သို့ ဆိုနိုင်ပါမည်နည်း။
“ညီလေး… မင်းလည်း သတင်းတွေကို ကြားမယ်လို့ ငါယုံတယ် ဟုတ်တယ်မလား။ ကျန်းမိသားစုတွေရဲ့မရိုးသားမှုတွေက လတ်တလော သတင်းတွေမှာ ရေပန်းစားလာတယ်။ သူတို့က ဒေသခံလူမိုက်တွေကို အသုံးပြုပြီး စီမံကိန်းတွေကို လုယူသလို တခြားသူတွေ စီမံကိန်းတွေကို ငြင်းဆန်အောင်လည်း ဖိအားပေးညှိနှိုင်းခဲ့တယ်လို့ သံသယရှိနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့မကောင်းမှုတွေက သူတို့ကို ပျက်စီးသွားစေတာပဲ။ ဒီလုပ်ငန်းစုကြီး ပျက်စီးသွားတာ ငါတို့လို သာမန်လူတွေအတွက်တော့ ပျော်စရာကြီးတစ်ခုပဲကွာ။” ကားမောင်းသမားလူရွယ် ဆက်လက် ပြောဆိုနေသည်။
“ဟင်… ကျန်းမိသားစုက နာမည်ကောင်း မရှိဘူးလား။” ထန်ရှု သံသယများဖြင့် မေးလိုက်သည်။
ကားမောင်းသမားလူရွယ်သည် မျက်လုံးပြူးလိုက်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ဘယ်ကလာ နာမည်ကောင်းရှိရမှာလဲ။ သူတို့က တကယ်ကို လူ့အမှိုက်တွေပဲ။ ကျန်းမိသားစုရဲ့ဝန်ထမ်းအချို့ကတောင်မှ သူတို့စီမံကိန်းတွေက ဘယ်လိုဆိုးရွားတယ်ဆိုတာ တီးတိုးပြောလာကြပြီလေ။ သူတို့လုပ်ငန်းအတွင်းမှာ အမှောင်လုပ်ငန်းတွေ အများကြီးရှိတယ်လို့ သူတို့ပြောကြတယ်။ အခုပဲ ကြည့်လေ သတင်းစာ၊ ရုပ်မြင်သံကြား၊ အင်တာနက်တွေမှာ ကျန်းအုပ်စုကို အားလုံးဝိုင်းဆဲနေကြပြီလေ။”
ထိုစကားကို ကြားသည်နှင့် ထန်ရှုသည် လုံဟန်ဝမ်၊ ချန်းကျီကျုံးနှင့် ထိုကဲ့သို့ နည်းလမ်းများကို အသုံးပြုသည့် သူ၏အခြားသောမိတ်ဆွေများကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ သည်လှုပ်ရှားမှုအား သူသည် ဦးဆောင်သူဖြစ်ခဲ့ပြီး အစီအစဉ်များအား ရှင်းလင်းစွာ သိထားခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် များစွာသော ဗဟုသုတကြွယ်ဝမှုတို့ ပါဝင်နေခဲ့ပြီး ၎င်းမှ သက်ရောက်မှုသည်လည်း အံ့အားသင့်စရာကောင်းလှပေသည်။
တစ်နေ့တည်းမှာပင် ကြယ်တာရာရှိ အဓိကမီဒီယာများသည် ကျန်းအုပ်စု၏သတင်းအား သတင်းစာခေါင်းကြီးပိုင်းအဖြစ် ဖော်ပြကြလေသည်။ အထက်တရားရုံးပင်လျှင် စုံစမ်းမှုထဲတွင် ပါဝင်လာရပေသည်။ စုံစမ်းစစ်ဆေးမှုရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် ကျန်းအုပ်စုသည် ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်သွားရပေလိမ့်မည်။ “မည်သူမျှ သူတို့ကဲ့သို့ မနှစ်သက်ဖွယ်ရာ အကြောင်းအား ထောက်ပံ့ပေးလိမ့်မည်မဟုတ်သလို မည်သူမျှ သူတို့အတွက် ရပ်တည်ပေးချင်လိုခြင်း မရှိပါချေ။” လက်ရှိတွင် ကျန်းအုပ်စုသည် ဆိုးရွားသော အခြေအနေတစ်ခုတွင် ရောက်ရှိနေပြီး သည်ဟာသည် ကျန်းအုပ်စုလုံးဝမပိတ်သွားခင် အဖြစ်အပျက်လေးတစ်ခုမျှသာ ဖြစ်ပေတော့သည်။
ထန်ရှုသည် ကျောင်းသို့ ရောက်သည်နှင့် တန်းခွဲ၁၀ဆီသို့ တန်းသွားခဲ့သည်။ သည်အချိန်သည် ကျောင်းသားအားလုံးတွေ့ဆုံကြသည့် နောက်ဆုံးအချိန်ဖြစ်ပြီး ကျန်သည့်ဘဝအချိန်များတွင် တစ်ဦးနှင့် တစ်ဦး ပြန်လည်ဆုံတွေ့ကြရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါချေ။ ထို့ကြောင့် ကျောင်းသားတိုင်းသည် မိမိ၏အတန်းဖော်များအား ချစ်ခင်ရင်းနှီးမှုနှင့် သံယောဇဉ်များ၏ အခိုက်အတန့်ကာလများအား အလွန် တန်ဖိုးထားနေကြသည်။ ထန်ရှုအား မကျေနပ်သော ကျောင်းသားအချို့ပင်လျှင် သူတို့၏ဒေါသများအား မပြသကြချေ။
ယွမ်ချူးလင်၊ ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့သည် တီးတိုးပြောဆိုနေကြသည်။ သူတို့သည် ထန်ရှုရောက်လာသည်ကို တွေ့သည်နှင့် ယွမ်ချူးလင်သည် သူတို့၏အုပ်စုလေးထဲသို့ ဆွဲခေါ်လိုက်သည်။
“အစ်ကိုကြီး… မင်း တက်မယ့်တက္ကသိုလ်ကို ဆုံးဖြတ်ပြီးပြီလား။”
“ပြီးပြီ။ ငါ ရှန်ဟိုင်းကို သွားမယ်။” ထန်ရှု ခေါင်းညိတ်ကာ ဖြေလိုက်သည်။
ယွမ်ချူးလင်သည် ပြုံးလိုက်ရင်း
“ငါ့ရမှတ်ကို ရှင်းရှင်းလင်းလင်းကြီး သိနေတယ်။ အစ်ကိုကြီး ငါ့ကို လေ့ကျင့်ပေးလိုက်တာတောင်မှ ငါ့အမှတ်က ရှန်ဟိုင်းတက္ကသိုလ်ကို သွားဖို့ မပြည့်မီမှာ ကြောက်ရတယ်။ ဒါပေမယ့် ငါလည်း ရှန်ဟိုင်းမှ စာသွားလေ့လာဖို့ ရည်ရွယ်နေတာဆိုတော့ အဲ့ဒါကိုပဲ လျှောက်လိုက်တော့မယ်။ နောက်ပြီး ဒီတက္ကသိုလ်ကလည်း ထိပ်သီးတက္ကသိုလ်တွေထဲက တစ်ခုပဲလေ။”
“ငါကတော့ ပေကျင်းကို သွားရလိမ့်မယ်။ ငါ့အစ်မက အဲ့ဒီကို ပြောင်းရွှေ့မိန့်ကျထားတယ်လေ။ အဲ့ဒါကြောင့် အစ်မနဲ့ ပြန်လိုက်သွားရမယ်။ ရှောင်ချန်းကတော့ အတော်ကောင်းတယ်။ အပြာရောင်မြို့က တော်ဝင်ဂီတကျောင်းကို သွားနိုင်တယ်။ အရင်တုန်းက သူမကို ဂီတဘက်မှာ အရမ်းပါရမီပါလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ဆရာမဟောင်ဂျီကတောင် သူမရဲ့ကျောင်းသားအဖြစ် ရှောင်ချန်းကို ခေါ်ထားတယ်။” ချန်းယန်နန် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ရှောင်ချန်း။” ထန်ရှုသည် လီရှောင်ချန်းကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
လီရှောင်ချန်းသည် ရှက်ကိုးရှက်ကန်းအမူအရာဖြင့်
“ထန်ရှု… အရိုးသားဆုံး ပြောရရင် ငါက နင့်ရဲ့အလင်းရောင်ထဲမှာ နေရာယူလိုက်ရုံပါ။ ဆရာမဟောင်က မူလက တကယ်ကို နင့်ကို ပါမောက္ခအနေနဲ့ တော်ဝင်ဂီတကျောင်းကို ခေါ်ချင်နေတာ။ နင်က မလုပ်ချင်လို့။ အဲ့နောက်ပိုင်း သူတို့နဲ့ ငါ အဆက်အသွယ်မပြတ်ခဲ့ဘူး။ နောက်တော့ ဆရာမဟောင်ရဲ့ဝေစုနေရာထဲက ငါ တစ်နေရာ ရသွားခဲ့တာပဲ။”
“ငါလည်း တေးဂီတကို စိတ်မဝင်စားပါဘူးဟာ။ အဲ့ဒါကြောင့် အဲ့ဒီလမ်းကြောင်းကို မရွေးသလို တော်ဝင်ဂီတကျောင်းကိုလည်း ဝင်မှာ မဟုတ်ဘူး။ စကားမစပ် ဝမ်ဖန်ကရော..။ ဘယ်ကို သွားတက်မှာလဲ။” ထန်ရှု ပြောလိုက်သည်။
“ငါက ကျင်းနန်တက္ကသိုလ်ကို တက်ချင်တယ်။ ဒါပေမယ့် ငါ့ရဲ့ စီအီးတီ (တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) အမှတ်က အောင်မလားဆိုတာတော့ မသိဘူး။ ငါ့ရဲ့ပထမဦးစားပေးကို မတက်နိုင်ခဲ့ရင်တော့ အပြာရောင်မြို့နည်းပညာတက္ကသိုလ်မှာ တက်မယ်လို့ တွေးထားတယ်။” ရှားဝမ်ဖန် သူမ၏အတွေးအား ပြောပြလိုက်သည်။
“ငါတို့ရဲ့စီအီးတီအမှတ်တွေက ပြည့်မီပြီးတော့ လိုချင်တဲ့ တက္ကသိုလ်ကို တက်ရောက်နိုင်ပါစေလို့ အောင်မြင်မှုအားလုံးအတွက် မင်းတို့ကို ကြိုတင်ဆုတောင်းပေးလိုက်တယ်။ ဒါနဲ့ ဆရာမဟန် ရောက်လာပြီ။ ငါတို့နေရာမှာ ပြန်ထိုင်ကြစို့။” ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။
သူမ၏မျက်နှာလှလှလေးထက်တွင် အပြုံးတစ်ပွင့် ဆင်မြန်းလျက် ဟန်ကျင်းဝူသည် တံခါးဝတွင် ရပ်နေသည်။ သူမသည် အတန်းထဲရှိ ကျောင်းသားတိုင်းအား အလျင်အမြန် ကြည့်လိုက်ရင်း ထန်ရှုဆီတွင် တစက္ကန့်မျှ ရပ်တန့်သွားခဲ့ပြီးနောက် စင်မြင့်ဆီသို့ လျှောက်လှမ်းလာကာ အပြုံးချိုချိုဖြင့် စကားဆိုလိုက်သည်။
“အားလုံးပဲ ဒီနေ့လေးက မင်းတို့ရဲ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို ဖြည့်ပြီး စီအီးတီ (တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ကို ပြည့်စုံအောင် လုပ်ရမယ့်နေ့လေးပါ။ စာမေးပွဲရမှတ်တွေကို ခန့်မှန့်ထားပြီးပြီလို့ ဆရာမ ယုံကြည်တယ်။ မင်းတို့ရဲ့လျှောက်လွှာဖောင်ထဲမှာ ဘာကြောင့် ဒီဟာက အရေးကြီးတဲ့ အကြောင်းပြချက်လဲဆိုတာ သိပြီးရင် လေးလေးနက်နက် ဆောင်ရွက်လိမ့်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်။ ဆရာမရဲ့စားပွဲပေါ်မှာ ရောက်နေပြီဖြစ်တဲ့ လျှောက်လွှာဖောင်တွေကို အခုပဲ ဆရာမ ဝေပေးပါမယ်။”
ထန်ရှုသည် လျှောက်လွှာဖောင်ရပြီးနောက် ပထမစာရွက်တွင် သူသည် ရှန်ဟိုင်းတက္ကသိုလ်အား ဖြည့်လိုက်သည်။ ဒုတိယနှင့် တတိယရွေးချယ်မှုအား မလိုအပ်သောကြောင့် သူ ဖြည့်ပင် မဖြည့်ချေ။
ဟန်ကျင်းဝူ ထန်ရှု၏ဘေးသို့ လျှောက်လာပြီး သူဖြည့်ထားသော ဖောင်အား ကြည့်ကာ သူမ၏မျက်ခုံးလှလှလေးများ တွန့်ချိုးသွားရရင်း
“နင် ဘာလို့ ဒုတိယနဲ့ တတိယရွေးချယ်မှုကို မဖြည့်တာလဲ။”
“ကျွန်တော် ရှန်ဟိုင်းကို ဝင်ဖို့ ယုံကြည်ချက်ရှိတယ်လေ။” ထန်ရှု မိမိကိုယ်မိမိ ယုံကြည်စွာဖြင့် ပြောလိုက်သည်။
“နင် ယုံကြည်မှုရှိတာ ငါ သိပါတယ်။ ဒါပေမယ့် ရှောင်လွှဲဖို့ ခက်ခဲတဲ့ မမျှော်လင့်တဲ့အရာတွေက အမြဲရှိတတ်တယ်ဆိုတာ နင် သိထားရမယ်။ ကြည့်ပါဦး။ အခြားကျောင်း၂ခုကိုလည်း ဖြည့်လိုက်ပါ။ နင့်ရဲ့စီအီးတီအမှတ်က ပထမရွေးချယ်မှုကို ပြည့်မီရင် နောက်ဟာတွေကို ထည့်တွက်တော့မှာ မဟုတ်ဘူးလေ။” ဟန်ကျင်းဝူ အလေးအနက် ပြောလိုက်သည်။
ထန်ရှု မချိပြုံး ပြုံးလိုက်သည်။ ဟန်ကျင်းဝူသည် သူ့အား ယုံကြည်ချက်မ်မရှိသည်ကို သူ သိသည်။ သူမအား မဆန့်ကျင်လိုသော်လည်း လျှောက်လွှာဖောင်အား သူမ၏လက်ထဲသို့ တန်းထည့်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ကာ
“ဆရာမဟန်… ကျွန်တော် လုပ်စရာလေးတွေ ရှိနေလို့ ပြန်နှင့်လို့ရမလား။”
ဟန်ကျင်းဝူသည် သူ့အား တားလိုက်ရင်း
“ခဏစောင့်ဦး။ တန်းခွဲ၁၀ရဲ့လျှောက်လွှာဖောင်တွေ လက်ခံပြီးတဲ့အထိ ငါ့ကို စောင့်ပါ။ နင့်ကို ပြောစရာရှိနေလို့။”
“ဘာများလဲ။” ထန်ရှု မေးလိုက်သည်။
“အရင်စောင့်ဦး။” ဟန်ကျင်းဝူ ဖောင်လက်ခံရင်း ဖြေလိုက်သည်။
ထန်ရှု ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ဟန်ကျင်းဝူနှင့်ပတ်သက်ပါက သူ့တွင် ရှုပ်ထွေးသော ခံစားချက်တို့ ရှိနေသည်။ သူမသည် အင်မော်တယ်ကမ္ဘာမှ သူ၏လက်တွဲဖော်နှင့် အတော်လည်း တူနေပြီး သည်ရှုထောင့်မှ ကြည့်ပါက ထန်ရှုသည် သူမအား ရှောင်ရှားလိုသည်။ သို့သော်လည်း သူ၏အခက်ခဲဆုံးအချိန်များတွင် သူမသည် သူ့အတွက် ရပ်တည်ပေးခဲ့သူလည်း ဖြစ်ပြီး သူ့အား ကူညီရန်အတွက် သူမကိုယ်သူမ ရဲစိတ်မွေးကာ ကျောင်းမှ ကျောင်းထုတ်တော့မည့် ထန်ရှုအား တန်းခွဲ-၁၀သို့ ခေါ်ဆောင်လာသူလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူ၏ကျောင်းသားဘဝအား သည်နေရာတွင် ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအခြေအနေအား သူ့အနေဖြင့် ဆိုပါက ဂရုစိုက်လိမ့်မည် မဟုတ်သော်လည်း မိခင်ဖြစ်သူမှာ ကျောင်းတက်ခြင်းအတွက် မျှော်လင့်ချက်များ အကုန်ပုံအောထားလေရာ ထန်ရှု ကျောင်းထုတ်ခံရမည်ဟု သူမသာ သိပါက ဝမ်းနည်းပြီး သေဆုံးသွားနိုင်သည်။
“အာ… မေ့လိုက်တော့။ နောက်ပြီး ဒီနေ့ပြီးရင် သူမလည်း ထပ်ပတ်သက်စရာ အကြောင်းမရှိတော့ပါဘူးလေ။ ဒီဟာက သည်ဘဝမှာ သူမကို တွေ့ရတဲ့နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တာမို့ ငါ စောင့်လိုက်ပါမယ်။”
ထိုသို့ တွေးမိသည်နှင့် ထန်ရှုသည် စာသင်ခန်းထဲတွင် စောင့်နေလိုက်သည်။ တစ်နာရီကြာသွားပြီးနောက် ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် အခြားသူများအပါအဝင် တန်းခွဲ-၁၀မှ ကျောင်းသားအားလုံးသည် ထွက်ခွာသွားကြပြီး ထန်ရှုနှင့် ဟန်ကျင်းဝူသာ စာသင်ခန်းထဲတွင် ကျန်နေခဲ့သည်။
ထန်ရှု စတင်မေးလိုက်သည်။ “ဆရာမဟန်… ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲဆိုတာ အခု ပြောလို့ရပြီလား။”
ဟန်ကျင်းဝူသည် ချီတုံချတုံဖြစ်နေရင်း အားတင်းပြုံးလိုက်ကာ
“ငါ နင့်ရဲ့အကူအညီ တကယ်ကို တောင်းချင်လို့။ ဒါ… နင့်အတွက် အဆင်ပြေမယ်ဆိုရင်ပေါ့။”
“ဘာအကြောင်းအရာလဲ။” ထန်ရှု ဇဝေဇဝါ ဖြစ်သွားသည်။
“ငါ ပြောသလိုပဲ။ ဒီဟာ နင့်အတွက် အဆင်ပြေရင် နင်ကူညီနိုင်မှာ အသေအချာပဲ။” ဟန်ကျင်းဝူ ပြောလိုက်သည်။
“ဆရာမ မပြောဘူးဆိုရင်လည်း မေ့လိုက်တော့။ ကျွန်တော်လုပ်စရာ ရှိနေသေးလို့ ပြန်နှင့်တော့မယ်။”
ဟန်ကျင်းဝူသည် သူ့အား အမြန်တားလိုက်ရင်း မချိပြုံးဖြင့်
“အင်းပါ။ ငါ ပြောပါ့မယ်။ ငါနဲ့ညီအစ်မလို နေတဲ့ သူငယ်ချင်းကောင်းက ဒီည ကြယ်တာရာကို လာလိမ့်မယ်။ သူလာတဲ့အချိန် ငါက ရှန်ဟိုင်းကို ၂ရက်လောက် သွားရလိမ့်မယ်။ အများဆုံး ၄ရက်လောက်ဆို ငါ ပြန်ရောက်မှာပါ။ အဲ့ဒါကြောင့် ငါ တွေးတာက ဒီ၂ရက်အတွင်း နင် သူ့ကို အဖော်လုပ်ပေးလို့ရမလား။”
ထန်ရှု ပြင်းပြင်းထန်ထန် ဆတ်ကနဲ ပြောလိုက်သည်။
“ဒီလိုဟာမျိုးအတွက် ကျွန်တော့်ကို လိုတာလား။ သူမကို ဟိုတယ်တစ်ခုရှာပေးခဲ့ပြီး သွားလို့ရနေတာပဲလေ။ ကြယ်တာရာထဲက အလုပ်ရှာနေတဲ့သူတစ်ယောက်ကို ရှာပြီး သူမနဲ့၂ရက် အဖော်လုပ်ပေးရင်း ဆရာမ ပြန်လာတဲ့အထိ စောင့်ဆိုပြီး စီစဉ်ပေးခဲ့လို့လည်း ရနေတာပဲမဟုတ်လား။”
***