အရောင်အသွေးစုံစုံနှင့် စွဲမက်ဖွယ်ကောင်းသော ပန်းပွင့်လေး၏ပုံစံ
Vol. 05 Ch. 207
ချန်းဝေ ဒေါသတကြီး ပြောလိုက်သည်။
“ဟေးး… နင် ယောကျာ်းတစ်ယောက် မဟုတ်ဘူးလား။ ဆံပင်မပေါက်တဲ့ ကောင်လေးတစ်ယောက်များ ဖြစ်နေသေးတာလား။ အဲ့လိုဆိုမှဖြင့် အိမ်မြန်မြန်ပြန်ပြီးသာ အိပ်လိုက်တော့။ ဒီမြင့်မြတ်လှတဲ့ အန်တီကတော့ နင်မပါရင်တောင်မှ သွားမှာပဲ။”
“ချီးတဲ့မှပဲ။ ဒီဖေဖေက နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့တဲ့ မွန်းစတားအိုကြီးတစ်ယောက်ကွ။”
ထန်ရှု စိတ်တွင်းမှ ကျိန်ဆဲလိုက်သည်။ သို့သော် သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကူကယ်ရာမဲ့သည့်အသွင်အား ပြထားပြီး
“ဘားတွေက ညဘက်ဆိုရင် မလုံခြုံဘူး… အထူးသဖြင့် ဒေသခံဘားတွေပေါ့။ ထိကပါး ရိကပါးလုပ်တဲ့သူတွေ များသလို ဒေသခံလူမိုက်တွေလည်း ရှိတယ်။ မတော်တဆ မဖြစ်ချင်ရင် ကျွန်တော် ပြောတာနားထောင်ပြီး ဟိုတယ်ပြန်ပြီး အနားယူပါတော့။”
ချန်းဝေသည် သဘောမကျသည့်လေသံဖြင့်
“နင် ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား။ ငါ တိုင်းပြည်က ထွက်သွားတာ ကြာပြီဆိုပေမယ့် ဒီကဥပဒေတွေ အမိန့်တွေကို မသိဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ နင် လိုက်မှာလား မလိုက်ဘူးလား။ ငါ့ကို လျှာရှည်မနေနဲ့တော့။ နင် မလိုက်ဘူးဆိုလည်း နေခဲ့တော့။”
တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်နေပြီးမှ သူ ခေါင်းညိတ်ပြကာ
“ကောင်းပြီ။ ကျွန်တော် လိုက်ပါ့မယ်။”
ချန်းဝေ ပျော်ရွှင်သွားရပြီး
“ဟီး..ဟီး..အခုမှ ယောကျာ်းတစ်ယောက်နဲ့ ပိုတူသွားပြီ။”
တြိငှက်မွှေးဘား…
ထိုဘားသည် အစားအသောက်ရောင်းချသောဆိုင်များရှိသည့်လမ်း၏အနီးတွင် ရှိပြီး အခမ်းနားဆုံးနှင့် လူဝင်အများဆုံးဘားဖြစ်သည်။ နီယွမ်ဆိုင်းဘုတ်များမှာ အရောင်တဖျတ်ဖျတ် လက်နေပြီး ရော့ခ်အင်လ်ရိုးလ်တေးသွားအား အဝမှာကတည်းကပင် ကြားနေရပြီဖြစ်သည်။ ဘားထဲသို့ရောက်သောအခါ အသံမှာ ပိုမိုကျယ်လောင်ကာ အလွန်အမင်းကို ဆူညံနေတော့သည်။
ထန်ရှုသည် ထိုကဲ့သို့ နေရာမျိုးအား လုံးဝမနှစ်သက်ချေ။ သို့သော် ချန်းဝေ၏ဘေးကင်းမှုအတွက် သည်နေရာသို့ ရောက်နေရခြင်းဖြစ်သောကြောင့် သူ ချက်ချင်း ထွက်မသွားနိုင်ခဲ့ဘဲ ချန်းဝေ၏နောက်မှ အသာလိုက်ခဲ့ရသည်။
“နင် တွေ့လား။ ဒါ မီးရောင်စုံ တိုင်ပတ်အကပဲ။ ကောင်မလေးရဲ့ကိုယ်လုံးက အရမ်းမိုက်ပြီး ညှို့အားပြင်းတယ်။ ဒီလိုအမျိုးသမီးတစ်ယောက်က ဘယ်အမျိုးသားကိုမဆို တအား ဆွဲဆောင်နိုင်တယ်။ ရှာမှရှားတဲ့ မိန်းမပျိုလေးတစ်ယောက်ပဲ။ ဟိုဘက်ဘေးကို တစ်ချက်ကြည့်လိုက်။ အကကြမ်းပြင်ထက်မှာ ကနေတဲ့ လည်ပင်းမှာ တက်တူးထိုးထားတဲ့ ကောင်မလေးနှစ်ယောက်ကို တွေ့လား။ သူတို့က သေချာပေါက် စကီလေးတွေပဲဖြစ်ရမယ်။ အမျိုးသားတွေရဲ့အလိုကို ဖြည့်နိုင်တဲ့ အလွန်ကောင်းမယ့်ကောင်မလေးတွေပေါ့။ သူတို့ရဲ့အဆင်းသွင်ပြင်က အလွန်ကောင်းတယ်ဆိုပေမယ့် သူတို့ရဲ့ပူစီလေးတွေက အတွေ့အကြုံများနေပြီဆိုတာ ငါ ပြောရဲတယ်။”
ချန်းဝေသည် ထန်ရှု၏နားရွက်နားသို့ ကပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“……”
ထန်ရှု အမှန်တကယ်ပင် ပြောစရာစကားမရှိဖြစ်သွားသည်။ ချန်းဝေကဲ့သို့ တိုက်လေယာဉ်တစ်စီးနှင့် အလားသဏ္ဍာန်တူပြီး အရောင်အသွေးစုံစုံနှင့် စွဲမက်ဖွယ်ကောင်းသော ပန်းတစ်ပွင့်သည် သူ့၏စိတ်အာရုံအား စိန်ခေါ်မှုများကို အမြဲလိုလို လက်ခံရန် လှုံ့ဆော်လေသည်။
ချန်းဝေသည် ထန်ရှု၏မျက်မှောင်ကြုပ်နေသော အမူအရာအား သိဟန်မတူချေ။ သူမအား ကော့တေးတစ်ခွက် လှမ်းပေးနေသော ဘားမှ အရက်စပ်ပေးသူထံ လက်လှမ်းလိုက်သည်။ ပါးစပ်နှင့်အပြည့် သောက်လိုက်ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်တွင် ပေနေသော အရက်အား လက်ဖမိုးဖြင့် သုတ်လိုက်ကာ စိတ်အားထက်သန်သောအမူအရာဖြင့်
“ဒေသခံဘားတွေက ပြည်ပကဟာတွေထက်တော့ တကယ်ကို ကောင်းတာပဲ။ ဒါပေမယ့် ကဖို့တောင်းဆိုနိုင်တဲ့ ညှို့အားကောင်းတဲ့လူတွေ နည်းနည်းပဲရှိတာတော့ ဆိုးတယ်ဟာ။ နို့မို့လို့ကတော့ ဒီညလေးက အရောင်အသွေးစုံစုံနဲ့ တောက်ပတဲ့ ညလေးဖြစ်သွားမှာ။ အာ.. ကြည့်စမ်း ၃နာရီတောင် ထိုးနေပြီ။ ဟာ ..ဟိုဘဲက တကယ်အထာကျတယ်ဆရာ။ ဖြောင့်တဲ့ကိုယ်လုံး၊ ကောင်းလိုက်တဲ့ အသားအရေနဲ့ စွဲမက်စရာအကြည့်တွေနဲ့။ သူ့မှာ သေချာပေါက် ကောင်းမွန်တဲ့ ညီလေးရှိရမယ်။ ငါ ဒီည သူနဲ့ ဟိုတယ်မှာ ဘာညာသာရကာ လုပ်ရင်ရော ဘယ်လိုလဲ။”
သည်အံ့သြစရာ အမျိုးသမီးနှင့် မရင်းနှီးလေဟန်ဖော်ပြလျက် ထန်ရှု မျက်နှာ လွှဲထားမိသည်။ တစ်ဖက်တွင် ချန်းဝေသည် နောက်ဆုံးတွင် ထန်ရှု၏ထူးဆန်းသောအမူအရာအား အာရုံခံစားမိသွားသည်။ သူ့အား ဆွဲကိုင်ကာ သူမနှင့် မျက်နှာချင်းဆိုင်စေလျက် အားပါးတရ ရယ်မောလိုက်ရင်း အသံကျယ်လောင်စွာဖြင့်
“အာ… နင်က ကောင်လေးသေးသေးလေးပဲ ရှိသေးတာကိုး။ နင့်မှာ မိန်းကလေးအဖော် မရှိသေးဘူးမဟုတ်လား။ အိုး…ဒီအစ်မကြီးက နင့်ကို ဒီညသင်ပေးရင်ရော ဘယ်လိုလဲ။ အဲ့ဒါဆို နင် ကောင်မလေးတစ်ယောက်နဲ့ချိတ်မိပြီး သူမကို ဟိုတယ်ကို ခေါ်သွားနိုင်ပြီမဟုတ်လား။ မစိုးရိမ်နဲ့ ချာတိတ်။ မင်းမမက အမျိုးသမီးတစ်ယောက်မို့ အမျိုးသမီးတစ်ယောက်ရဲ့ အတွင်းစိတ်ကို သိတာပေါ့။ နင့်ရဲ့သွင်ပြင်နဲ့ အဝတ်အစားက အတော် သာမန်ကျပေမယ့်လည်း ငါ့သင်ယူမှုကို အသုံးပြုရင် သေချာပေါက် အမှတ်တွေ လွယ်လွယ်ရလိမ့်မယ်။”
“နေပါစေ။ ကျွန်တော် စိတ်မဝင်စားဘူး။” ထန်ရှု အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
ချန်းဝေသည် ထန်ရှုအား မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေသည်။ သောက်ထားသဖြင့် သူမ၏မျက်နှာလေးမှာ အတော်နီရဲနေရာ သူမ၏အလှတရားအား ဖြည့်စွက်နေသယောင် ရှိလေသည်။ သို့သော်လည်း ထိုခဏတွင် စိတ်သက်မသာအမူအရာသည် သူမ၏မျက်နှာထက်တွင် ပျံနှံ့သွားခဲ့ပြီး ထန်ရှုအား စိုက်ကြည့်လျက်ပင်
“နင်က အမျိုးသမီးတွေကို စိတ်မဝင်စားဘူးဆိုတော့ အခြောက်တစ်ယောက်လား။”
“ခင်ဗျားသာ လိင်တူသဘောကျ။” ထန်ရှု စိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်။
“လိင်တူသဘောကျတာ ဘာမှားနေလို့လဲ။ ငါ နင့်ကို ပြောပြမယ်။ ဒီမမလေးက မိန်းကလေးချင်းလည်း သဘောကျသလို ယောကျာ်းလေးကိုလည်း သဘောကျတယ်။ သန်မာတဲ့ ယောကျာ်းတွေကို ငါ နှစ်သက်ပြီးတော့ လှပတဲ့မိန်းမပျိုလေးတွေကို ငါ ချစ်တယ်။ ခက်တာက ဒီအန်တီလေးရဲ့စိတ်တွေက မကောင်းတာက ဆိုးတယ်။ ငါ့ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြရင်တောင်မှ အလိုလိုက်အကြိုက်တောင်မယ့်သူ မရှိဘူး။ အခုချိန်ထိ ငါ့ကောင်လေးကို နည်းနည်းပဲ နမ်းဖူးတယ်။ ငါ့ကောင်လေးက တော်တော် အသုံးမကျတာပဲ။ သူက ယုန်လေးတစ်ကောင်လိုပဲ တအား ရှက်တတ်တာ။” ချန်းဝေ ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။
အမျိုးသမီးတစ်ယောက်၏အတွင်းကမ္ဘာသည် သမုဒ္ဒရာတစ်ခုကဲ့သို့ နက်ရှိုင်းလှပေသည်။
ထိုခဏ၌ပင် ထန်ရှုသည် ၎င်းစာသား၏ဆိုလိုရင်းအား နားလည်သွားတော့သည်။ တကယ်ကိုပင် ထန်ရှုသည် ချန်းဝေကို နားမလည်နိုင်ခဲ့ပေ။ သည့်မတိုင်မီ ဟိုတယ်တွင် မိတ်ကပ်လိမ်းနေစဉ်က သူမသည် တိတ်ဆိတ်ပြီး အကျင့်ကောင်းသော ကလေးငယ်သဖွယ်ပြုမူနေခဲ့သော ထိုအမျိုးသမီးသည် အာရုံဖျက်ဆီးသောအရာအလား သူ၏အာရုံများအား ထွေပြားစေခဲ့သည်။
“ကျွန်တော် သိပြီ။ ခင်ဗျားက လိင်နှစ်မျိုးလုံး ကြိုက်တဲ့အပြင်ကို စိတ်ကစင့်ကလျားရောဂါပါ ဖြစ်နေတာပဲ။”
ချန်းဝေသည် အံ့အားသင့်သွားပြီး
“အာ… နင် ဘယ်လိုသိနေတာလဲ။ ငါက နေ့ဘက်ဆို မင်းသမီးလေးတစ်ပါး… ဒါပေမယ့် ညဘက်ဆို မကောင်းတဲ့မိန်းမတစ်ယောက်လို့ ပြောနိုင်တယ်။ နင်တို့ယောကျာ်းလေးတွေက ငါ့လို အမျိုးသမီးကို မကြိုက်ကြဘူး မဟုတ်လား။”
အရက်စပ်သူမှ ပေးလာသော အရက်ခွက်အား ထန်ရှု လက်လှမ်းယူလိုက်ပြီးနောက် တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် သူမဘက်သို့ ခေါင်းလှည့်လိုက်သည်။ ချန်းဝေ၏မျက်နှာသည် ငြီးငွေ့မှုအပြည့်နှင့်ဖြစ်နေပြီး သူမသည် မျက်လုံးလှန်ကာ ကြည့်လိုက်သည်။ ကြည်လင်သော ခွက်ကလေးထဲမှ သူမ၏ကော့တေးအား သောက်သုံးပြီးသွားသည့်အချိန်တွင် အမျိုးသားနှင့်အမျိုးသမီး ကိုယ်ချင်းပွတ်ကာ ကနေကြသော အကကြမ်းပြင်ဆီသို့ စိတ်အားထက်သန်နေသည့်ဟန်ဖြင့် ကြည့်နေသည်။ ထိုကဲ့သို့ ကိုယ်ကျင့်တရား ပျက်ပြားနေသည့် သာယာမှုကို ရှာဖွေနေကြပြီး အားနည်းနေသည့် ချစ်ခြင်းတရားဖုံးလွှမ်းနေသည့် လေထုထဲတွင် အမျိုးသားနှင့်အမျိုးသမီးများသည် တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်ကာ မရပ်မနား ကိုယ်ခန္ဓာချင်း ပွတ်တိုက်နေကြသည်။ သည်ဘားထဲတွင် ဂရုထားမှုအတွေးအမျှင်တစ်ခုနှင့် သာယာမှုကို ရှာဖွေနေကြသည့် အမျိုးသားများနှင့် အမျိုူသမီးများအပြည့် ဖြစ်နေသည်။
မိနစ်အနည်းငယ်ကြာသောအခါ…
ချန်းဝေသည် ထန်ရှုအား လက်ဝှေ့ယမ်းပြလေသည်။ သူမ၏သေးသွယ်သော ခါးကလေးသည် အကကြမ်းပြင်ထက်တွင် ယိမ်းကာနွဲ့ကာ ကလျက်ရှိနေသည်။ များမကြာမီ ရုပ်ရည်ချောမောသည့် လူငယ်အများအပြား ရောက်လာကြပြီး အတူတကွ သွက်လက်စွာ ကနေတော့သည်။
ထန်ရှုသည် သူမ၏ဘေးကင်းမှုကိုသာလျှင် ဂရုစိုက်မည်ဖြစ်ပြီး သူမ၏စည်းကမ်းကာလနား မရှိသည့် ကိုယ့်ကိုယ်ကိုယ် ကြံစည်နေသော သဘောထားအား ဂရုစိုက်ပေးမည်မဟုတ်ချေ။ ယောကျာ်းတစ်ယောက်အား ဟိုတယ်သို့ ခေါ်ဆောင်လာကာ ထန်ရှုအား တံခါးရှေ့တွင် မစောင့်ကြပ်ခိုင်းသရွေ့ သူမ၏ထိုမကောင်းလှသော အမူအကျင့်အား သူ ဂရုပင်မစိုက်ချင်ပါပေ။
ဘားထဲတွင် နာရီဝက်လောက်နေပြီးသောအခါ အရင်တုန်းက သူမသိခဲ့သည့် သောက်စားထားသော များပြားလှသည့် အမျိုးသားများနှင့် အမျိုးသမီးများအတွဲများသည် ပခုံးဖက်ကာ ထွက်ခွာသွားကြသည်ကို သူ တွေ့ရလေသည်။ ထိုအမျိုးသားများနှင့် အမျိုးသမီးများသည် တစ်ညတာလုံး ပျော်ရွှင်ခြင်းအတွက် မဟုတ်ပါက ထိုအရာအတွက် အခြေကျအောင် လုပ်ချင်ကြပေလိမ့်မည်။ သို့သော်လည်း အချို့မြင်ကွင်းများအရာ သည်နေရာတွင် တစ်စုံတစ်ယောက်သည် မူးယစ်ဆေးဝါးများ ရောင်းနေသည်ကို သူ သဘောပေါက်လိုက်လေသည်။
သူ၏စူးစမ်းလိုစိတ်သည် အရောင်တဖျပ်ဖျပ်လက်လာခဲ့သည်။ ချန်းဝေအား တစ်ယောက်တည်း ထားခဲ့ရန် ရည်ရွယ်ချက်မရှိသော်လည်း ထန်ရှုသည် ရုတ်ခြည်းပင် စိတ်အားတက်ကြွလာခဲ့ပြီး ကောင်းမွန်သည့် အစီအစဉ်သည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။ သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တောက်ပလာခဲ့ကာ ဘားအပြင်ဘက်သို့ ထွက်လိုက်ပြီး အနီးနားရှိ ချောင်တစ်ခုထဲတွင် သူ၏ဖုန်းအား ထုတ်လျက် ဖုန်းဆက်လိုက်သည်။
ကြယ်တာရာ ပြည်သူ့လုံခြုံရေးဗျူရိုရှိ မှုခင်းစုံစမ်းရေးဋ္ဌာန၏ အစည်းအဝေးခန်းထဲတွင်…
ချန်းရွှဲ့မေနှင့် ရဲအရာရှိတစ်ဒါဇင်ခန့်သည် အမှုအား တစ်ချိန်တည်း လေ့လာသုံးသပ်နေသည်။ ယနေ့အချိန်ထိ တောင်တံခါးအိမ်ရာအနားရှိ သေနတ်ပစ်ခံရသောအမှုသည် လူသတ်သမား မပေါ်ရုံသာမက ကျန်းမိသားစုဝင်များ အစုလိုက် ပျောက်ကွယ်မှုပါ ပေါ်ပေါက်လာသည့်အပြင် လုံမိသားစု၊ အိုးရန်မိသားစုနှင့် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုများ၏ စုဆောင်းထားသည့် စီမံကိန်းမတည်ငွေများအား ကျန်းမိသားစုမှ အလွဲသုံးစားလုပ်ခဲ့သည့်အမှုပါ ဆက်စပ်ဖြစ်ပေါ်လာပြီး ကြယ်တာရာအတွင်းရှိ များပြားလှစွာသော ဖျော်ဖြေရေးနေရာများ၏ အတွင်းပြသနာများပါ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသည်။ ထိုကဲ့သို့ အမှုများသည် သူမအား ရိုက်ချနေရုံသာမက အလွန် အလုပ်များနေစေခဲ့သည်။
“ကျန်းမိသားစုအမှုမှာ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်မည်းကြီးတွေ လက်တစ်ဆုပ်စာလောက် ရှိလိမ့်မယ်လို့ ငါ ယုံတယ်။ ဒီအမှုကို ငါတို့ ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးရမယ်။ နို့မဟုတ်ရင် ငါတို့အထက်လူကြီးတွေက ငါတို့ကို့အေးအေးချမ်းချမ်း နေထိုင်ခွင့်ပြုမှာမဟုတ်တော့ဘူး။”
“ဖုန်းမြည်သံ…”
ဟန်းဖုန်းတစ်လုံး၏မြည်သံသည် ချန်းရွှဲ့မေ၏စကားများအား အနှောင့်အယှက်ပေးလာသည်။ သူမသည် မျက်မှောင်ကြုပ်သွားရင်း ဖုန်းအား ယူလိုက်သည်။ ဖုန်းခေါ်ဆိုသူအား ကြည့်လိုက်သောအခါ ထန်ရှုဖြစ်နေသောကြောင့် အံ့အားသင့်သွားသော အမူအရာအား သူမ၏မျက်နှာထက်တွင် မြင်နိုင်ပေတော့သည်။ ထိုလူငယ်သည် အလွန်သာမန်ဆန်သော လူတစ်ယောက်ဖြစ်သော်လည်း သူမ၏စိတ်နှလုံးထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော သူတစ်ယောက်ဟု စွဲမှတ်ထားသောကြောင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ဖုန်းခေါ်ဆိုမှုအား သူမ လက်ခံလိုက်သည်။
“ထန်ရှု… နင် လိုအပ်တာ တစ်ခုခုများ ရှိလို့လား။”
“ခေါင်းဆောင်ချန်း… ကျွန်တော် ခင်ဗျားကို အရေးကြီးတဲ့သတင်း ပေးစရာရှိလို့။ အဲ့ဒါသာ မှန်ခဲ့ရင် ဆုကြေးရမလား။” ထန်ရှု၏ ပြေပြစ်သော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ပြောပါဦး။ ဘယ်လိုသတင်းမျိုးလဲဆိုတာ ငါသိဖို့ လိုသေးတာပေါ့။” ချန်းရွှဲ့မေက ပြောသည်။
“ကျွန်တော် အခု တြိငှက်မွှေးဘားမှာ ရှိနေတယ်။ ခင်ဗျား အဲ့ဒီနေရာကို သိတယ်မဟုတ်လား။ ကြယ်တာရာက အစားအသောက်ဆိုင်တန်းတွေ ရှိတဲ့လမ်းနားကလေ။ အဲ့ဒီမှာ လူတစ်ချို့ မူးယစ်ဆေးတွေ ရောင်းနေတာ ကျွန်တော် မြင်ခဲ့တယ်။ ပမာဏ တော်တော်များတယ်ဗျ။ ကျွန်တော် ရောက်နေတာ နာရီဝက်လောက်ပဲ ရှိဦးမယ်… သူတို့ အနည်းဆုံး အထုပ်တစ်သောင်းလောက် ရောင်းပြီးသွားကြပြီ။ ကျွန်တော် သံသယရှိတာက…”
“နင် သံသယရှိတာက မူးယစ်ဆေးဝါးရော စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးတွေရော ရောင်းနေတာကိုလား။” ချန်းရွှဲ့မေက လေးနက်စွာ မေးလိုက်သည်။
“စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးတွေ ဟုတ် မဟုတ် ကျွန်တော် မသိဘူး။ ဒီနေရာကို ခင်ဗျားလူတွေကို လာစစ်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ။ တကယ်လို့ အဲ့လိုဆေးဝါးတွေသာ မှန်ရင် ခင်ဗျား သဲလွန်စတွေနောက်လိုက်ပြီး ရောင်းဝယ်တဲ့သူတွေကို ဖမ်းဆီးလို့ရနိုင်တာပေါ့။”
ချန်းရွှဲ့မေ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
“ဆက်ကြည့်ထားပေးပါ။ သူတို့ မရိပ်မိစေနဲ့။ ပြီးတော့ နင့်လုံခြုံရေးကိုလည်း ဂရုစိုက်ပါ။ ငါတို့ ခုချက်ချင်း လူလွှတ်လိုက်မယ်။”
“အိုခေ…” ထန်ရှု ချက်ချင်း သဘောတူလိုက်ပြီး ပျော်ရွှင်စွာ ဖုန်းချလိုက်သည်။
ဘားအတွင်းသို့ ပြန်ဝင်လာသောအချိန်တွင် ချန်းဝေသည် ယခုအခါတွင် ၁၇-၁၈အရွယ် မိန်းကလေးတစ်ယောက်အား ပွေ့ဖက်ထားပြီး သောက်စားကာ ပျော်ရွှင်စွာ စကားပြောနေသည်ကို မထင်မှတ်စွာ တွေ့လိုက်ရသောကြောင့် ထန်ရှု ကြက်သေသေကာ ပြောစရာစကားပင် မဲ့သွားရလေသည်။ သူတို့၏ပူးပူးကပ်ကပ် နေထိုင်ပုံကိုကြည့်ခြင်းအားဖြင့် အမှုမဲ့အမှတ်မဲ့ဖြင့်ပင် မိန်းကလေးနှစ်ယောက်အတွဲမှန်း ထင်လိမ့်မည်ဖြစ်သည်။
“ဝိုင်နောက်တစ်ခွက်လောက်။”
ထန်ရှုသည် ကော့တေးအား ကောင်းကောင်းမသောက်နိုင်လင့်ကစား ရောမရောက်လျှင် သူသည် ရောမလို ကျင့်ရမည်ဖြစ်သည်။ သူသည် နောက်တစ်ခွက် ထပ်မှာလိုက်ပြီး ရေဆာနေသောကြောင့် တစ်ကျိုက်တည်း မော့ချလိုက်သည်။
ချန်းဝေသည် ထန်ရှုဘက် လှည့်လာပြီး နွေးထွေးသော အပြုံးဖြင့်
“ဟေးး.. အချောလေး.. နင် ဘယ်ကို သွားနေတာလဲ။ နင် ငါ့ကို ထားပြီး ထွက်သွားပြီထင်နေတာ။ ငါ့လက်မောင်းထဲက ဒီညီမလေးကို ကြည့်လိုက်ပါဦး… နင် ဘယ်လိုထင်လဲ။ သူမက ငါကြိုက်တဲ့ပုံစံလေး။ ချစ်စရာကောင်းတယ်..စမတ်ကျတယ်… ချိုမြတယ်… သူမရဲ့နှုတ်ခမ်းရနံ့လေးက ကောင်းနေတာပဲ။”
ထန်ရှုသည် ပြုံးနေသော မိန်းကလေးအား ကြည့်လိုက်ပြီး ခေါင်းယမ်းပြကာ
“ခင်ဗျား သူမကို သဘောကျရင် ပွေ့ဖက်တာ နမ်းရှုံ့တာ ခင်ဗျားဘာသာ သူမနဲ့ ဆက်လုပ်ပါ။”
ချန်းဝေသည် နူးညံ့စွာ ပြုံးလိုက်ရင်း
“ဘာလို့လဲ။ နင် ဒီညီမလေးရဲ့ချိုမြတဲ့ နှုတ်ခမ်းလေးတွေကို မမြည်းစမ်းဘူးလား။ တကယ်ကို တအား ချိုမြိန်တာနော်။ သူမက နင့်ဆန္ဒတွေ အမှန်ဖြစ်လာဖို့ သေချာပေါက် လုပ်ပေးလိမ့်မယ်ဆိုတာ ငါ ကတိပေးတယ်။”
“ဟင့်အင်း… စိတ်မဝင်စားဘူး။”
ထိုမိန်းကလေး အတော်လှသည်ဟု ထန်ရှုလည်း ဝန်ခံပါသော်လည်း သူမ၏မျက်နှာထက်မှ မိတ်ကပ်ထူထူများသည် သူ့အား ရင်ခုန်မှုမပေးပါချေ။ အမျိုးသမီးတစ်ယောက်၏နှုတ်ခမ်းအား မြည်းစမ်းချင်မှဖြင့် စွဲမက်ဖွယ် မိန်းမလှလေး အိုးရန်လူလူ သို့မဟုတ် သင်းပျံ့ပျံ့ ကိုယ်သင်းရနံ့ရှိပြီး နူးညံ့သောအထိအတွေ့ပေးနိုင်သော ရင်သားလှလှပိုင်ဆိုင်သည့် ချစ်စရာ မိန်းမပျိုလေး အင်ဒီတို့ကို သူ ရှာလိမ့်မည်သာဖြစ်သည်။
ချန်းဝေသည် နှုတ်ခမ်းလေးများအား မဲ့လိုက်ပြီး သရော်ဟန်ဖြင့်
“ဟမ့်… နင်က တကယ်ကို ယောကျာ်းတစ်ယောက် မဟုတ်ဘူးပဲ။ လူတွေက ပြောကြတယ်… လူငယ်တွေက ဒီလိုအရာတွေမှာ သွေးဆူပြီး အလွယ်စိတ်ကြွတတ်ကြတယ်တဲ့။ နင်ကတော့ အူကြောင်ကြောင်တစ်ယောက်သာသာပါပဲ။”
ထန်ရှု တုံ့ပြန်ရန်အတွက်ပင် ပျင်းနေသည်။ မှုခင်းရဲတပ်ဖွဲ့ မည်မျှထိရောက်ရောက် လုပ်နိုင်မည်ကို သူ ယခုမြင်ချင်နေသောကြောင့် စိတ်တွင်းမှ တိတ်တဆိတ် အချိန်ရေတွက်နေမိသည်။
၁၅မိနစ်ကြာသော်…
မှုခင်းရဲတစ်ဒါဇင်ပါသော အဖွဲ့တစ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲတပ်ဖွဲ့ဝင်များစွာ ရောက်လာပြီး ဘားအား ဝိုင်းထားသည်။ ချန်းရွှဲ့မေ ဦးဆောင်လာပြီး အခြေအနေအားလုံးအား အမိန့်များ ပေးကာ ဘားသို့ဝင်မည့် ဧည့်သည်များအား ဟန့်တားလိုက်သည်။ ရော့ခ်အင်ရိုးလ်သီချင်းသံသည် ရပ်တန့်သွားသည့်နည်းတူ တဖျပ်ဖျပ်ကစားနေသော နီယွန်မီးများပါ ပျောက်ကွယ်သွားကာ ကြည်လင်တောက်ပသော အလင်းရောင်တစ်ခု အစားထိုးလားခဲ့ပြီး ချန်းရွှဲ့မေ အော်ဟစ်လိုက်သည်။
“လူတိုင်း… အိုင်ဒီကတ် ထုတ်ထားပါ။ ဒီနေရာမှာ မူးယစ်ဆေးရောင်းနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းရထားတယ်။ မင်းတို့ ပြသနာဖြစ်ပြီး ငါတို့ရဲစခန်းထဲက လက်ဖက်ရည် မသောက်ချင်ဘူးဆိုရင် ငါတို့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေး။”
မူးယစ်ဆေး…
သည်ဟာသည် လူတိုင်း၏စိတ်နှလုံးထဲမှ ရှောင်ကြဉ်ကြသော စကားလုံးဖြစ်သည်။
ချန်းရွှဲ့မေ၏စကားအား ကြားလိုက်သောအခါ ဧည့်သည်များ၏မျက်နှာထက်မှ မကျေမနပ်ဖြစ်နေသောအမူအရာများသည် ချက်ချင်းပင် ကောင်းမွန်သော အမူအရာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သို့သော်လည်း အထုပ်အပိုးများ သယ်ထားသော လူရွယ် ၄-၅ယောက်သည် ထိုအထုပ်များအား ဆိုဖာများအတွင်းသို့ အလျင်စလို ထည့်နေသေးသည်။
ထန်ရှုသည် အရာရာတိုင်းအား ရှင်းလင်းစွာ မြင်နိုင်သဖြင့် သူ၏ဖုန်းဖြင့် တိတ်တဆိတ် စာရိုက်ကာ ချန်းရွှဲ့မေဆီ ပို့လိုက်သည်။ ထိုသို့ လုပ်ပြီးနောက် သူသည် ချန်းဝေအား ရွှင်မြူးသော စိတ်ဖြင့် ကြည့်လိုက်သည်။ သည်ညဘားသို့လာသော ခရီးစဉ်သည် အဆုံးသတ်သို့ ရောက်လာပြီကို သူ သိနေသောကြောင့် ဖြစ်တော့သည်။
***