← Chapters

အပိုင်း(၃)

Vol. 1 Ch. 3

အပိုင်း(၃)

Vol. 1 Ch. 3

သိုင်းလက်သင်နှစ်​ယောက်ကို တစ်နေ့မှာ ကိုယ်ရေးကိုယ်တာအရ သတ်ပစ်ဖို့ စ်ိတ်ပါလိမ့်မယ်လို့ ငါကိုယ်ငါတောင် တကယ် မထင်ထားမိခဲ့ဘူး...

ကံကောင်းချင်တော့...အဲ့ကောင်တွေ ဒါကို မသိလိုက်ကြဘူး...

မဟုတ်လို့ကတော့...သူတို့သေချာပေါက် ငါ့ကို ရယ်ကြမှာ....

ဘယ်လိုတောင်...ရှက်စရာကောင်းလိုက်သလဲ...

ရှစ်ဖုန့်က စိတ်ထဲမှညည်းတွားလိုက်သည်။

အကယ်၍များ မင်အန်းနှင့် ရထားထိန်းတို့ သေရာမှ ပြန်ရှင်လာကြပြီး ရှစ်ဖုန့်၏ စကားလုံးများအား ကြားနိုင်ခဲ့လျှင်...

လီးပေါ့..ငါတို့ကဖြင့် မင်းလက်ညှိုးနဲ့ ထိုးသတ်လို့ သေပဲသေနေပြီ..ဒါတောင် မင်းကငါတို့ကို သတ်ရတာ ရှက်ဖို့ကောင်းတယ် ထင်နေသေးတယ်လား...

ရှစ်ဖုန့်က သူ၏ လက်ကိုဆန့်ထုတ်ကာ မင်အန်း၏ ဘယ်ဘက်လက်ခလယ်၌ ဝတ်ထားသော အပြာနုရောင် လက်စွပ်ကို ချွတ်ယူလိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထား လိုက်သည်။

ရှစ်ဖုန့်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူနှင့် လက်စွပ်၏ ကြားထဲတွက် လျို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ်လာသည်။

လက်စွပ်ထဲတွင် သိုလှောင်ထားသော ပစ္စည်းအမြောက်အမြားက ချက်ခြင်း သူ၏ စိတ်ထဲ​တွင် ပေါ်လာခဲ့သည်။

ဤလက်စွပ်သည် ပန်းပဲဆရာ​တစ်ယောက် သွန်းလုပ်ထားသော သိုလှောင်လက်စွပ်တစ်ကွင်းဖြစ်သည်။

၎င်းတွင် ပစ္စည်းများအား သိမ်းဆည်းထားနိုင်သော နေရာလွတ်ပါရှိသည်။

သိုလှောင်လက်စွပ်များမှာ အလွန်အဖိုးအနဂ္ဂထိုက်တန်သည်။

မိုးပြာရောင်လမြို့တွင် ကြီးမြတ်သော ကလန်လေးခု၏ ဘိုးဘေးများ၌သာတစ်ခုဆီရှိကြသည်။

ကောင်းကင်နှင့် မြေကြီး၏ ကြီးမားကျယ်ပြန့်မှုကိုမသိ​သော ဤ ကောင်ဆိုးလေးက အဆင့်​နှစ် သန့်စင်သူ တစ်ယောက်အား သတ်ပြီး သူ၏ သိုလှောင်လက်စွတ်အား ချွတ်ယူရဲသည်။

အဆင့်နှစ် မန္တရား ပညာရှင် တစ်ဦး၏ သိုလှောင် လက်စွပ်အတွင်းရှိ ရတနာများမှာ စိတ်ကူး၍ မရနိုင်

အောင်ပင် ကြွယ်ဝလှမည်ဖြစ်သည်။

သို့သော် ဤကောင်​ဆိုးလေးက ထိုအရာအား ချွတ်ယူသွားခဲ့လျှင်တောင် ပျော်ရွှင်စွာသုံးဆွဲနိုင်ရန်အတွက် သူ အသက်ရှင်နေမှာဖြစ်နိုင်မည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရက်စက်ဆုံးနှင့် အဆိုးရွားဆုံးသော ပြစ်ဒဏ်ပေးမှုအား ရှစ်ဖုန့်တစ်​ယောက် ခံစားရမည်ကို လူတိုင်းက ကြိုမြင်ကြပြီးဖြစ်သည်။

သူ၏ အသားများကမွစာကြဲနေကာ သူ၏ တစ်ကိုယ်လုံး၌ သွေးအလိမ်းလိမ်းဖြစ်နေသော မြင်ကွင်းအား လူတိုင်းက ကြိုမြင်နေကြသည်။

သူ၏ ခြေလက်များ ဆုံးရှုံးခံရပြီး မှောင်မိုက်သော လှောင်အိမ်ထဲတွင် သေဆုံးနေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

သူသေအံ့နည်းနည်းအချိန်တွင်တောင် သေမရ ရှင်မဖြစ်နေလိမ့်မည် ဖြစ်သည်။

သို့သော်ထိုအချိန်တွင် ရှစ်ဖုန့်၏ အမူအယာကတော့ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်။

သူသည် တောက်ပသော အပြာရောင်လက်စွပ်အား သူ၏ လက်ခလယ်တွင် ဝတ်လိုက်ပြီး နုနယ်​သော ခန္ဓာကိုယ်သေးသေးလေးအား လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှစ်လင်က မင်တက်စွာ ရပ်နေဆဲဖြစ်သည်။

ရှစ်ဖုန့်သူ့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသော အခါတွင် လျှင်မြန်စွာပြေးလာပြီး ရှစ်ဖုန့်၏ ခြေထောက်အား ဖက်လိုက်သည်။

ငိုရှိုက်နေသော အသံနှင့်အတူ....

အဟင့်..အဟင့်..ကိုကြီး..လင်အာ အိမ်ပြန်ချင်တယ်..ဟုပြောလိုက်သည်။

လင်အာကို အိမ်ပြန်ခေါ်သွားပေးပါ....

လင်အာ ကြောက်တယ်...

သူ၏တစ်ဘဝလုံးတွင် သူ့ကိုသာ မှီခိုအားထားခဲ့သော သူ၏ ညီမလေးအား ကြည့်လိုက်ပြီး သူ၏မှတ်ဥာဏ်များရရှိချိန်တွင် ​အမှတ်ရစရာ အသေးအမွှားကိစ္စလေးများအား ပြန်အောင့်မေ့မိလိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ တည်ငြိမ်သော မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ခုပေါ်လာသည်။

သူသည် ဤ မိန်းကလေး၏ ခေါင်းအား ချစ်ခင်ကြင်နာစွာ တယုတယပွတ်သတ်လိုက်ပြီး သူမအား ကောက်ချီလိုက်ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

လိမ္မတယ်နော်...မငိုပါနဲ့တော့ မင်းသမီးလေးရယ်...

ဒီကိုကြီးက မင်းသမီးလေးကို အိမ်ပြန်ခေါ်သွားပေးမှာပေါ့...

ရှစ်ဖုန့်သည် စကားပြောပီးသည်နှင့်နောက်သို့လှည့်ကာ

ရထားလုံးအား ဆွဲထားသော မြင်းနက်ကြီးကို ကြည့်လိုက်သည်။

သူ၏ဘယ်လက်အား လှန်လိုက်သည်နှင့် နှင်းဖြူရောင် ဓားရှည်တစ်လက် ပေါ်လာသည်။

သူသည် မြင်းနက်ကြီးဆီိသို့ ​လျှောက်သွားကာ မြင်းနှင့် ရထားလုံးအား ဆက်ထားသော ကြိုးကို ခုတ်ဖြတ်ပစ်လိုက်သည်။

ရှစ်ဖုန့်မှ ရှစ်လင်အား မြင်းပေါ်သို့ တင်ကာနီးအချိန်တွင် အသက်ကြီးကြီး အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

သူငယ်ချင်းလေး...ကျေးဇူးပြုပီး ခဏနေပါအုံး..

အသံလာရာနေရာဆီသို့ ကြည့်လိုက်သောအခါတွင် ရှစ်ဖုန့် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

အနက်ရောင်ကို ဝတ်ဆင်ထားသော ဆံ​ပင်ဖြူဖြူ အဘိုးအိုတစ်ယောက် က လူအုပ်ထဲမှထွက်လာသည်ကို တွေ့လိုက်သည်။

အဘိုးအို၏ အသားအရောင်က နီးမြန်းစိုပြေပြီး သူ၏ ရောင်ဝါမှာ တည်ငြိမ်သည်။

တစ်ချက်ကြည့်ရုံဖြင့် သူသည် သိုင်းသမားတစ်ယောက်ဖြစ်သည်ဟုပြောနိုင်သည်။

ကြယ်ကိုးပွင့် သိုင်းသခင်လား...

ရှစ်ဖုန့်သည် အဘိုးအို၏ ကျင့်ကြံမှုအား အသိအမှတ်ပြုခဲ့သည်။

လူနှစ်ယောက်အား ကြက်ကလေး ငှက်ကလေးသတ်သကဲ့သို့ သတ်နိုင်ခဲ့ခြင်းမှာ ထိုလူတို့က သိုင်းလက်သင်အဆင့်များဖြစ်​ကြသောကြောင့်ဖြစ်သည်။

သူတို့အတွက် ယခင်ဘဝမှ တိုက်ပွဲနည်းစနစ်များ သိုင်းပညာရပ်များကို အားကိုအားထားပြုကာ ရင်​ဆိုင်နိုင်သည်။

သူတို့၏ ပင်ကိုအရည်အချင်း များကို မြင်နိုင်ခဲ့သောကြောင့် ၎င်းတို့အား သတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သိုင်းလက်သင်နှင့် သိုင်းသခင်တို့ ကြားတယ်တွင် နယ်ပယ်နှစ်ခုခြားနားလေသည်။

ထိုအရာက မကျော်လွှားနိုင်သော ကွာဟချက် တစ်ခုဖြစ်သည်။

ပြောရလျှင် ကလေးနှင့်လူကြီးကြား ခွန်အားကွာခြားသကဲ့သို့ လူဆယ်ယောက်အား လူတစ်ယောက်မှ အနိုင်ယူနိုင်သော ခွန်အားမျိုး​ဖြစ်သည်။

စီနီယာပု ..

အဲ့​တာ စီနီယာပုပဲ..

မင်္ဂလာပါ စီနီယာပု...

အဘိုးအိုပေါ်လာပြီး မကြာခင်ပင် လူတိုင်းကသူ့အား နှုတ်ဆက်လိုက်ကြသည်။

ဤအဘိုးအိုက ဒီမြို့တွင် သြဇာတိက္ကမအချ်ို့ ရှိ​ပုံပေါ်သည်။

လူအိုကြီးပုက ခေါင်းငြိမ့်ပြကာ တုန့်ပြန်လိုက်သည်။

ရှစ်ဖုန့်က သူ့ဆီသို့ အဘိုးအို တစ်လှမ်းချင်း လျှောက်လာနေသည်ကို ကြည့်နေသည်။

သူက လေးနက်စွာ ​မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ.."

"ကိစ္စတစ်ခုခုရှိလို့လား"

လူအိုကြီးပုက ရှစ်ဖုန့်နှင့် သုံးမီတာ အကွာအဝေးတွင် ရပ်လိုက်သည်။

သူက အသံကိုနှိမ့်ပြီးပြောလိုက်သည်။

ငါက..ထျန်းယီ သိုင်းကျောင်းတော်က ပုရှင်းပါ

မင်းတကယ်ပဲ ဒီအတိုင်း ထွက်သွားချင်တာလား

ခင်ဗျားဘာကိုဆိုလိုတာလဲ...

ကျုပ်ကိုဒီနေရာမှာ ခင်ဗျားက ဆက်နေစေချင်တာလား..

ပုထျန်းရှင်း၏ စကားများကို ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ ပိုပြီး နက်မှောင်လာသည်။

ပုထျန်းရှင်းက ခေါင်းကိုခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

ငါအဲ့လို မလုပ်ချင်ပါဘူး...ဒါပေမဲ့ မင်းခုဏ ဘယ်လို အမှားကြီးမျိုးကို ကျူးလွန်ခဲ့တယ်ဆိုတာရော သိရဲ့လား...

မင်းခုဏက ထျန်းဖုန်း ဂိုဏ်းရဲ့ အဆင့်နှစ် သန့်စင်သူ မင်အန်းကို သတ်ပစ်ခဲ့တာပဲ...

ထျန်းဖုန်းဂိုဏ်းက ဒီအကြောင်းတွေကို အမကြာခင် ဒါမှမဟုတ်နောက်ကျရင် သိလာလိမ့်မယ်...

ငါတို့သာသူတို့ကို ဖြေရှင်းချက် မပေးခဲ့ရင် ဒီမြို့ထဲမှာ ရှိနေတဲ့ အပြစ်မဲ့တဲ့ပြည်သူတွေ အားလုံး ထိခိုက်သွား လိမ့်မယ်..

ဘာ...

ထျန်းဖုန်းဂိုဏ်း..

ဒါက တကယ်ကြီး ထျန်းဖုန်း(ကောင်းကင်လေ) ဂိုဏ်းပဲဟ...

ထျန်းဖုန်းဂိုဏ်း၏ အမည်နာမကို ကြားလိုက်ရသော အခါတွင် လူတိုင်၏ မျက်နှာအမူအယာမှာ သ်ိသိသာသာကို ပြောင်းလဲသွားသည်။

ဤ အမည်နမာစကားလုံးတို့က လူတိုင်းအတွက် ကြီး​မားသော တောင်တန်းကြီးကဲ့သို့ဖြစ်ပြီး တင်းကျပ်သွားစေကာ အသက်ရှူ မဝဖြစ်သွားစေ၏။

ဒါတကယ့်ကို ထျန်းဖုန်းဂိုဏ်းပဲ ..

၎င်းမှာ ယွင်လိုင် အင်ပါယာ နယ်စပ်တွင် နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော အထူးအင်အားတစ်ရပ်ဖြစ်ပြီး ၎င်းတို့၏ ရင်းမြစ်များနှင့် လက်ဝယ်ပိုင်ဆိုင်ထားသော အရာများမှာ စ်ိတ်ကူးကြည့်၍ မရနိုင်အောင်ပင် နက်ရှိုင်းလှသည်။

ဒဏ္ဍာရီများအရ ၎င်းတို့တွင် စောင့်ကြပ်ပေး​သော သိုင်းဘုရင် များ ရှိနေကြပြီး သူတို့၏ ဂိုဏ်းသခင်မှာ ဧကရာဇ်နှင့် တန်းတူ အဆင့်အတန်းရှိသည်ဟုပင် သိရသည်။

ရှစ်ဖုန့်သည် သူ၏ မှတ်ဥာဏ်များမှ တစ်ဆင့် အရှေ့ပိုင်းဒေသတွင် ယခု ယွင်လိုင်အင်ပါယာဟု ခေါ်သောနိုင်ငံတစ်ခု ရှိနေကြောင်းကို ရှာတွေ့ခဲ့သည်။

ထျန်းဟမ်တိုက်ကြီးမှာ ကျယ်ပြန်ပြီး အကန့်အသတ် မရှိသည့်အပြင် မည်မျှထိကြီးမားကြောင်းကို မည်သူမျှ မသ်ိချေ။

သို့ရာတွင် ဘိုးဘေးများက တိုက်ကြီးအား အရှေ့ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ၊ တောင်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသဟူ၍ စသည်​ဖြင့် ဒေသငါးခု ပိုင်းခြားထားခဲ့ကြသည်။

အရှေ့ပိုင်းဒေသ တစ်ခုတည်းတွင်ပင် နိုင်ငံပေါင်းစုံနှင့် ဂိုဏ်းပေါင်းစုံ ရာနှင့်ချီရှိနေသည်။

ယွင်လိုင် အင်ပါယာသည် နိုင်ငံပေါင်း ရာနှင့်ချီသော ကြားထဲတွင် အလတ်စား အင်ပါယာတစ်ခုဖြစ်သည်။

အရူးကြီး ခင်​ဗျား​ပြောသလိုသာ​ဆိုရင် ခုဏက ကျုပ်ဟာ သူတောင်းစားနှစ်ကောင်ကြောင့် အသတ်ခံခဲ့ရရင် ကျုပ်ဟာ အမြင်ကန်းနေတာကြောင့် သေဖို့ထိုက်တန်တယ်လို့ ဆိုလိုတာလား

အခု ကျုပ်က သူတို့ကိုလည်း သတ်ပစ်လိုက်ရော ဆိုးဆိုးဝါးဝါး ရာဇဝတ်မှု တစ်ခု ကျူးလွန်တာ ဖြစ်သွားရောလား

ရှစ်ဖုန့်က အေးစက်စွာ ပြောလိုက်သည်။

ပုထျန်းရှင်းက သူ့အား ရှစ်ဖုန့်က အရူးကြီး ခေါ်သည်အား ဒေါသထွက်ခြင်း မရှိချေ။

သူက ဖြောင့်မတ်သော အမူအာဖြင့် ဆက်ပြောလိုက်သည်။

တကယ်တမ်း ခုဏမင်းသူတို့ကို သတ်ပစ်စရာ မလိုဘူး..

သူတို့သာ မသေခဲ့ရင် ဒီကိစ္စက ဖြည်းဖြည်းချင်း ဖြေရှင်းလို့ရတယ်..

ဟူး...ဒါပေမဲ့...အခုတော့...ကောင်းပြီလေ ..ဒါကိုထပ်ပြီး ပြောနေစရာ မလို့တော့ပါဘူး

မင်းဟာမင်းပဲ..အညံ့ခံလိုက်ပါ ..

ငါမင်းကိုမတိုက်ခိုက်ချင်ဘူး...

မင်းရဲ့ ညီမလေးနဲ့အတူတူ ဒါကို ကိုင်တွယ်ဖြေရှင်းလိုက်ပါ..

ရှစ်ဖုန့်က ကြိမ်းဝါးလိုက်သည်။

ဒီနှစ်ယောက်ကို ကျုပ်ကမသတ်ခဲ့ရင်..အဲ့အစား သူတို့က ကျုပ်ကို သတ်ပစ်မှာပဲ..

အရူးကြီး သိုင်းတာအို လမ်းစဥ်ဆိုတာက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ ရှေ့ကို တွန်းအားပေး ဆက်သွားဖို့ပဲ..

ခင်ဗျားဒီလောက်တောင် ကြောက်တတ်နေတာ..ရဲရင့်တဲ့ နှလုံးသားမရှိပဲနဲ့ သ်ိုင်းတာအိုကို ခင်ဗျားဘယ်လိုလုပ် အောင်မြင် နိုင်မှာလဲ .

အိုး...

ပုထျန်းရှင်းတစ်ယောက် ရှစ်ဖုန့်၏ နောက်ဆုံးစကားလုံး အနည်းငယ်အား ကြားလိုက်ရသော အခါတွင် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရင်သွားသည်။

ရှစ်ဖုန့်၏ စကားလုံးတို့က သူ၏ စိတ်ဝိညာဥ်ကို တိုက်ရိုက် တုန်လှုပ်စေသော နတ်ဆိုးအသံနှင့်တူသည်။

သူသည် ရုတ်တရက် ဉာဏ်အလင်းရသွား သကဲ့သို့ တစ်ချို့သော အရာများအား နားလည်သွားခဲ့သည်။

သူနှစ်ပေါင်းများစွာ မကျော်ဖြတ်နိုင်ခဲ့​သော နယ်ပယ် က ယခုအချိန်တွင် စက္ကူပြတင်းတံခါးတစ်ခုကဲ့သို့ ဖြစ်နေပုံရသည်။

သူလက်တစ်ချောင်းတည်းဖြင့် ထိုးဖောက်လျှင်ပင် ရနိုင်မည့်ပုံပေါ်သည်။

သူ၏ တစ်ကိုယ်လုံးမှာ ထူးဆန်းသော ခံစားချက်တို့ ဖြင့် လွှမ်းခြုံနေသည်။

ဟမ့်..အဘိုးကြီး ခင်ဗျားကို ကျုပ်ဒီတစ်ကြိမ်တော့ လွှတ်ပေးလိိုက်မယ်

ရှစ်ဖုန့်သည် ပုထျန်းရှင်းအား ထပ်မံ ဂရုစိုက်ခြင်း မရှိတော့ပဲ သူ၏ လက်မောင်းထဲတွင် ရှစ်လင်အား ပွေ့ဖက်ကာ မြင်းနက်ကြီးပေါ်သို့ ခုန်တက်လိုက်သည်။

ပုထျန်းရှင်းသည် တားတော့မည်လုပ်ပြီးမှ ရပ်တန့်လိုက်ပြီး သူ့ကိုယ်သူ အလျှင်အမြန်တည်ငြိမ်စေလိုက်ကာ လမ်းမထပ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။

ဟိုင်းယား..

ရှစ်ဖုန့်သည် မြင်းနက်ကြီး၏ ဝမ်းဗို​က်အား ကန်လိုက်သောကြောင့် မြင်းနက်ကြီးမှာ နာကျင်သွားပြီးအော်ညည်းသံ အကျယ်ကြီးနှင့်အတူ ပြေးထွက်သွားခဲ့သည်။

ဒါက....

လမ်းမထက်ရှိလူအားလုံးမှာ ကြက်သေသေသွားခဲ့သည်။

ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည်အား သူတို့ နားမလည်ခဲ့ကြပေ။

လူအိုကြီးပုက ကောင်လေးကို ဖမ်းချင်နေလာခဲ့တာ မဟုတ်ဖူးလား..

သိုင်းသမားတစ်ယောက် ဖြစ်လင့်ကစား လူငယ်တစ်ယောက်၏ ပြစ်တင်ရှုံ့ချမှုကို အဘယ်ကြောက့် သူခံခဲ့ရပါသနည်း။

ထိုလူငယ်အားသူသည် မတိုက်ခိုက်ခဲ့ရုံတင်မက အဘယ်ကြောင့် နောက်ဆုံးတွင် ထိုင်ချလိုက်ရသနည်း။

တစ်စုံတစ်ယောက်သည် ကောင်းကင်နှင့် မြေကြီးကြားထဲရှိ သဘာဝစွမ်းအင် ပြောင်းလဲနေမှုအား သတိပြုမိသွားသောအခါတွင် ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ပု..အကြီးအကဲပု...အဆင့်တက်တော့မယ်..

မိမိတို့ မိုးပြာရောင်လမြို့တွင် နောက်ထပ် သိုင်းစိတ်ဝိညာဥ် ကျွမ်းကျင်သူတစ်​ဦး ပေါ်ထွန်းလာတော့မည်ဖြစ်သည်

ဘာ....

ဘာကွ..

သေတယ်...

မိုးပြာရောင်လမြို့တော် ဟိုင်ကလန်..

ဟိုင်ကလန်၏ ခေါင်းဆောင် ဖြစ်သော ဟိုင်ပါထျန်း သည် ပင်အခန်းမ၌ အချက်ပေးသံကိုထုတ်လွှတ်ခဲ့သည်။

အများအားဖြင့် အဆင့်အတန်းမြင့်မားပြီး အင်အားကြီးမားသော ဟိုင်ကလန်​၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည့် ဟိုင်ပါထျန်းမှာ လက်အောက်ငယ်သားတစ်ဦး၏ အစီရင်ခံမှုအား ကြားလိုက်ရသောအခါတွင်

အရမ်းတုန်လှုပ်သွားရကာ ထိုင်နေသော ထိုင်ခုံမှပင် ထရပ်လိုက်မိသည်။

သူသည် ကူကယ်ရာမဲ့ပင် ရေရွတ်လိုက်မိသည်။

သွားပြီ..ပြီးသွားပြီ...သွားပြီကွာ.

ဒါကတကယ့်ကို ..ပြီးသွားတာပဲ..

ကောင်းကင်လေဂိုဏ်း၏ ထိန့်လန့်ဖွယ်ရာကောင်းမှုကို တွေးမိလိုက်သော အခါတွင် ဟိုင်ပါထျန်း၏ ဂနာမငြိမ်သော နှလုံးသားမှာ တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိတော့ပေ။

ထူးဆန်းသော မူလရင်းမြစ်ကို ရှာဖွေရန်အတွက် သူသည် ငွေကြေးအမြောက်အမြားကုန်ကျခံကာ ကောင်းကင်လေဂိုဏ်း၏ အဆင့်နှစ်သန့်စင်သူ မင်အန်းအား ဒီကိုလာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

ဒါက ဘယ်လိုဖြစ်ရတာလဲ...

ငါဒါအတွက် ကောင်းကင်လေ ဂိုဏ်းကို ဘယ်လို ပြန်ရှင်းပြရမလဲ..

ငါဘာလုပ်သင့်လဲ...ငါဘာလုပ်သင့်လဲ..

ဟိုင်မိသားစုရဲ့ စီးပွားရေးက ငါ့လက်ထဲကျမှ ဒီလိုပဲ အဆုံးသတ်သွားရတော့ မှာလား

ဟိုင်ပါထျန်းမှာ စိတ်ကယောက်ဂယက် ဖြစ်နေသည်။

ယခုအချိန်တွင် မင်အန်းအားသတ်သွားသော လူသတ်သမားကိုအရေခွံဆုတ် အပိုင်းပိုင်းဖြတ်ချင် သည့်စ်ိတ်မှလွဲ သူ့တွင် တစ်ခြားဘာဆန္ဒမှ ရှိမနေပေ။

လူသတ်သမားအကြောင်းတွေးမိမှသာ သူသည်သည် လူသတ်သမားက မည်သူမည်ဝါဆိုသည်အား မသိသေးသည်ကိုသဘောပေါက်လာသည်။

အသံပင်ထွက်ရဲခြင်း မရှိသော လက်အောက်ငယ်သားအား အော်ငေါက်လိုက်သည်။

ပြောစမ်း...

ဘယ်သူလုပ်ခဲ့တာလဲ..

ဒီ..ဒီလက်အောက်ငယ်သား ရောက်သွားတဲ့ အချိန်မှာ အရှင်သခင် မင်အန်းနဲ့ ရထားထိန်းဟာ အသတ်ခံရပြီးပါပြီ..

လူသတ်သမားက ဘယ်သူလဲဆိုတာကို ဒီငယ်သား မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့လိုက်ရပါဘူး..

ဒါပေမဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို မေးမြန်းခဲ့တဲ့အခါမှာတော့ အရှင်မင်အန်းကို သတ်သွားခဲ့တဲ့သူက

မြို့ပြင် ရှို့လင်တောင်​​ခြေမှာ နေထိုင်တဲ့ အသက်ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်တယ်လို့ တည်းခိုခန်းဝန်ထမ်းတစ်ယောက်က ပြောပါတယ်..

သူ့ရဲ့ နမည်က ရှစ်ဖုန့်ပါ..

ဒါဆို..မင်းကဒီမှာဘာ ရပ်လုပ်နေတာလဲ..

အဲ့ သကောင့်သားကို မြန်မြန် ဒီကိုရအာင် ဆွဲခေါ်လာခဲ့

အသက်ရှင်နေတဲ့သူတစ်ယောက်က လူသေတစ်ယောက်ကိုတွေ့တဲ့အခါ သူ့ကို အလောင်းလို့ပဲမြင်မှာ

သွားတော့..

ဟိုင်ပါထျန်းက အော်ငေါက်လိုက်သည်။

ဟုတ်..ဒီငယ်သား အမိန့်ကို နာခံပါ့မယ်..

ထိုလူသည် ထွက်မသွားခင် ဟိုင်ပါထျန်းအား ဦးညွှတ်အရိုအသေပေးလိုက်က သူ့လူများအားစုစည်းရန် ပင်မခန်းမထဲမှာ အစောတလျှင် ထွက်လာခဲ့သည်။

မြို့ပြင်မှာတော့ မြင်းနက်ကြီးသည် ပြေးနေရာမှ ရပ်တန့်သွားခဲ့သည်။

၎င်းသည် ရှစ်ဖုန့်နှင့် ရှစ်လင်တို့အား တောင်လမ်းတစ်လျှော​က်သယ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူတို့ မြို့ထဲမှ ထွက်ခွာလာခဲ့သည်မှာ နှစ်နာရီနီးပါး ရှိပီဖြစ်သည်။

ကိုကြီး .သမီးတို့တွေ မေမေ့အတွက် ဆေးမဝယ်ခဲ့ရသေးဘူး..

မေမေ့မှာ ဆေးမရှိတော့ရင် ဘယ်လိုလုပ်မလဲဟင်..

ရှစ်ဖုန့်၏ ရင်ခွင်ထဲတွင် ရှိနေသော ရှစ်လင်လေးက စကားပြောလိုက်သည်။

ရှစ်လင်လေးက နောက်သို့လှည့်ကာ မေးလိုက်ပြီး သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းတို့ဖြင့် ရှစ်ဖုန့်အားကြည့်လိုက်သည်။

ရှူး...လိမ္မာတယ်နော်..စကားမပြောနဲ့..လှုပ်လည်းမလုပ်နဲ့..

ရှစ်ဖုန့်က နားနားကပ်၍ ညင်သာစွာပြောလိုင်ပြီး သူ၏ လက်တစ်ဖက်က ရှစ်လင်၏ ရင်ဘက်ပေါ်တွင် ကပ်ထားလိုက်သည်။

ရှစ်ဖုန့်သူ၏ မှတ်ဥာဏ်များပြန်ရစဥ်အချိန်က သူ၏ ခန္ဓာကိုယ်တွင် ပုန်းကွယ်နေသော အန္တရာယ်ရှိသည့် ရောင်ဝါကို ခံစားလိုက်ရသည်။

တကယ်တမ်း..သူသည် ငရဲဘုံးကိုးခုပညာရပ်အား အဆက်မပြတ်လှည့်ပတ်စေလိုက်ပြီး ၎င်းကို သူ၏ ဒန်တန်ထဲသို့ စုပ်ယူလိုက်သောအခါတွင် ယင်းမှာ အသန့်စင်ဆုံး စွမ်းအင်အစီအနှစ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် ငရဘုံးကိုးခုအရှင်၏ အတုမရှိ ငရဲဘုံကိုးခု ပညာရပ်ဖြစ်သည်။

အတိအကျပြောရလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိနေသော အန္တရာယ်ရှိသည့် ရောင်ဝါနှင့် သူစုပ်ယူလ််ိုက်သော ကြယ်နှစ်ပွင့် သ်ိုင်းလက်သင်ဆီမှ သေခြင်းစွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ သူသည် သိုင်းလက်သင်တစ်ယောက်အဖြစ် အလွယ်တကူ အဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် သူသည် ရှစ်လင်၏ ခန္ဓာကိုယ်အား စစ်ဆေးခဲ့သည်။

တ​ကယ့်ကိုသူမ၏ ခန္ဓာကိုယ်တွင် အန္တရယ်ရှိသော ရောင်ဝါရှိနေခဲ့သည်။

ရှစ်လင်၏ ရင်ဘက်ပေါ်တွင် ထားထားသော ရှစ်ဖုန့်၏ညာလက်က သူမခန္ဓာကိုယ်ထဲရှိ အန္တရာယ်ရှိသော ရောင်ဝါတို့အား သူ့ကိုယ်အတွင်းသို့စုပ်ယူလိုက်သည်။

သူ၏ မှတ်ဥာဏ်များအရ သူ၏ အမေမှာ ကျန်းမာရေးယိုယွင်းနေပြီး ယခုအချိန်တွင် အိပ်ယာထဲ၌လဲနေသည်။

သူမသည်လည်း သူသတ် ရောင်ဝါ၏ သက်ရောက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုအရာသည် တကယ်တမ်း ယင်တစ္ဆေကုန်းမြေဖြစ်သည်။

ရှစ်ဖုန့်မည်သို့မျှ မထိန်းနိုင်ပဲ အကျယ်ကြီး အော်ရယ်ဘချလိုက်သည်။

ယင်တစ္ဆေကုန်းမြေက သူ၏ ကျင့်ကြံမှု အတွက် အလွန်အမင်းအကျ်ိုးရှိရုံသာမကဘဲ ယင်တစ္ဆေ နယ်မြေကိုပင် ထူထောင်နိုင်စွမ်းရှိသော ယင်တစ္ဆေရတနာရှိနေသည်။

ယင်တစ္ဆေရတနာအကြောင်းကို သူတွေးမိလိုက်သော အခါတွင် နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရသော ကြင်နာတတ်ပြီး ချစ်စရာကောင်းသည့် မျက်နှာတစ်ခုက အာရုံထဲတွင် ပေါ်လာသည်။

ယခုတော့ သူမထံတွင် နှစ်ပေါင်းများစွာ စွဲကပ်နေသော

ရောဂါဝေဒနါကို ပျောက်ကင်းအောင် ကုသပေးနိုင်ရန်အတွက် ရှစ်ဖုန့်တစ်ယောက် အိမ်ကိုပြန်ရန်ပင် မစောင့်နိုင်တော့ပေ။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters