အပိုင်း(၅)
Vol. 1 Ch. 5
ပုယွဲ့တစ်ယောက် ရှစ်ကျင်းထျန်း၏ လက်ဖဝါး ရိုက်ချက်အား စီးခံလိုက်သော အချိန်တွင် ရှစ်ဖုန့်က ငရဲဘုံကိုးခု စွမ်းအင်ကို ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ကသုတ်ကရုတ် ဖြည့်သွင်းပေးလိုက်ပြီးဖြစ်သည်။
သူက ငရဲဘုံကိုးခု နည်းစနစ်ကို အဆက်မပြတ် လှည့်လိုက်ပြီး ပုယွဲ့ထံတွင် နှစ်ပေါင်းများစွာ စုစည်းနေသော အန္တရာယ်ရှိသည့် ရောင်ဝါကို စုပ်ယူလိုက်သည်။
ထို့နောက် သူသည် အန္တရာယ်ရှိသည့်ရောင်ဝါအား ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့မဖြည့်သွင်းပေးခင် ငရဲဘုံကိုးခုစွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။
ငရဲဘုံကိုးခုစွမ်းအင်အားလုံးအား ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးလိုက်ပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများ မှာ သွေးထက်ခြင်း ရပ်တန့်သွားခဲ့ရုံမက အန္တရာယ်ရှိသော ရောင်ဝါကြောင့် နှစ်ပေါင်းများစွာထိခိုက်ထားမှုများပင် ပြန်လည်ကောင်းမွန်လာခဲ့ကာ ရှစ်ဖုန့်အနေဖြင့် သူမအား ကယ်တင်နိုင်ခဲ့ပီဖြစ်သည်။
သို့သော် ငရဲဘုံကိုးခု စွမ်းအင်မှာ အလွန်အေးစက်လှသည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာလည်း အေးစက်လွန်းနေ၏။
ကံကောင်စွာဖြင့် ရှစ်ဖုန့်ဒီနေ့ သတ်ပစ်ခဲ့သော အဆင့်နှစ် သန့်စင်သူ မင်အန်း၏ သိုလှောင် လက်စွပ်ထဲတွင်
သန့်စင်သော ယွန် မြေဆီလွှာ လက်သီးဆုပ်ခန့် ပမာဏရှိနေသည်။
ယင်ရှိသော ကမ္ဘာတွင် ယန်ရှိသည်။
ယန်ရှိသော ကမ္ဘာတွင် ယင်ရှိသည်။
သန့်စင်သော ယန် မြေဆီလွှာကို သန့်စင်သောယန်ရတနာဟုလည်းခေါ်သည်။
အဆင့်နှစ်သန့်စင်သူ ဆရာသခင်က ဤ သန့်စင်ယန်မြေဆီလွှာအား ဘယ်နေရာမှ ရရှိခဲ့သည်ကို သူမသိပါ။
ဤ အရာသည် မီးသို့မဟုတ် အဖိုဓာတ်ကို ကျင့်ကြံကြသော ဧကရာဇ်နယ်ပယ်အဆင့်များအတွက်ပင် အငမ်းမရဖြစ်စေနိုင်သော ရတနာတစ်ခုဖြစ်သည်။
ဒါပေမဲ့...အမေ...သူမဟာ...
ရှစ်ဖုန့်က ရှစ်လင်အား ဆူပွက်နေသော ရေနွေးအိုးတစ်အိုးကို တောင်းဆိုလိုက်သည်။
သို့သော် ရှစ်လင်က ထွက်မသွားသေးပဲ မျက်နှာငယ်လေးနှင့် ပုယွဲ့အား စိုးရိမ်မှုတို့အထင်းသားပေါ်နေပြီး ရှစ်ဖုန့်၏ လက်မောင်းကို ဆုတ်ကိုင်ထားသည်။
ကောင်းပြီ ..ကိုကြီးပြောပြမယ် မေမေကနေကောင်းတယ်နော် ..ကိုကြီးက သူ့ဒဏ်ရာတွေကို ကုသပေးဖို့ ရေနွေးအိုးတစ်အိုးလိုချင်တယ်..ကိုကြီးကိုသွားလုပ်ပေး..ဟု
ရှစ်ဖုန့်ကပြောလိုက်သည်။
အာ..သမီးသွားလုပ်လိုက်မယ်...
သူ့အမေ၏ ဒဏ်ရာအား ကုသပေးရန်ဟုကြားလိုက်ရသည်နှင့် ကျိုးပဲ့နေသော မီးဖိုချောင်းထဲသို့ အပြေးလေး ထွက်သွားခဲ့သည်။
ပြေးထွက်သွားသော အသေးလေး၏ ကျောပြင်ကိုကြည့်ရင် ရှစ်ဖုန့်တစ်ယောက် ပြုံး၍ ခေါင်းခါကာ ရေရွတ်လိုက်သည်။
သွေးသားတော်စပ်မှုဆိုတာက စိတ်ဝင်စားရာပဲ .
ရှစ်ဖုန့်တစ်ယောက် သတိလစ်နေသော သူ၏ မိခင်အား လှည့်ကြည့်လိုက်သော အခါတွင် သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်များ ပြန်ပေါ်လာခဲ့သည်။
သူသည် သူ၏ ညာလက်သီးအား တင်းကျပ်စွာ ဆုပ်ထားရာ သူ၏ လက်သည်းများပင် လက်ဖဝါးအတွင်းသို့ စိုက်ဝင်နေသည်။
သူ၏ လက်မှ သွေးတို့စီးကျလာသောလည်း သူသည် ထိုအရာအား ခံစားမှုမရှိပေ။
တုန်ယင်သောအသံဖြင့် သူက
ရှစ်ကျင်းထျန်း....ဒီဖေဖေက ..မင်းကို သေချာပေါက် ဒီကမ္ဘာကြီးမှာ မွေးဖွားလာရတာကို နောင်တရသွားအောင် လုပ်ပေးမယ်..
သိပ်မကြာခင် ရှစ်လင်က ဆူပွက်နေသောရေနွေး တစ်အိုးဖြင့် ပြန်ရောက်လာသည်။
ရှစ်ဖုန့်က ပုယွဲ့အား ကြမ်းပြင်ထက်တွင် ချလိုက်ကာ ရေနွေးအိုးကိုယူလိုက်သည်။
သူ၏ ညာလက်ဖဝါးအား လှန်လိုက်သောအခါတွင်
သန့်စင်သော အနီရောင်ယန်မြေဆီလွှာသည် သူ၏ လက်ထဲတွင်ပေါ်လာခဲ့သည်။
ရှစ်ဖုန့်က လက်တစ်ချောင်းစာအရွယ် အဖြစ် ခွဲထုတ်လိုက်ပြီး အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်သည်။
သူက ရေနွေးအိုး အဖုံးအားဖွင့်လိုက်ပါ ရေထဲသို့ အမှုန့်ကို ထည့်လိုက်သည်။
ကျန်ရှိနေသော သန့်စင် ယန်မြေဆီလွှာတို့အား သိုလှောင် လက်စွပ်အတွင်းသို့ ပြန့်ထည့်လိုက်ပြီးနောက် သူ၏ ဘယ်လက်ဖြင့် ရေခွပ်အား ကိုင်လိုက်ကာ
ထပ်မံဆောင့်ကြောင့်ထိုင်ချလိုက်သည်။
သူ၏ ညာလက်ဖြင့် ပုယွဲ့၏ ကျောအား ထိန်းမလိုက်ပြီး ရေခွပ်ကို သူမ၏ နှုတ်ဖြင့် သောက်နိုင်သည့် အနေအထားဖြစ်ရန် တေ့ပေးလိုက်သည်။
အား..
ကိုကြီး
အဲ့တာက ..ပူတယ်လေ .
ရှစ်ဖုန့်က ပုယွဲ့အား ရေနွေးကို တိုက်လိုက်သည်ကို မြင်သောအခါ ရှစ်လင်က အော်ဟစ်လိုက်သည်။
ရှစ်ဖုန့်က သူမအား ပြုံးပြလိုက်သည်။
စိတ်မပူပါနဲ့...အဆင်ပြေတယ်..
ကိုကြီးက ..အမေ့ကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်မှာတဲ့လဲ...
ရှစ်ဖုန့်က စကားပြောပီးနောက် ပုယွဲ့အား ထပ်မံ၍ တိုက်ကျွေးလိုက်သည်။
ရှစ်လင်က ဘေးမှကြည့်ကာ ကြောက်ရွံ့နေသည်။
ကလေးမလေးက သူ၏ လက်နှစ်ဖက်ဖြင့် မျက်စိအား အုပ်၍ ကာထားသော်လည်း လက်ချောင်းလေးများကြားမှ ချောင်းကြည့်နေသည်။
သူမမှာ တော်တော်လေးကို ချစ်ဖို့ကောင်းလှသည်။
ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများအား ခံစားသိရှိလိုက်ပြီးနောက် ယင်နှင့်ယန် အချင်းချင်း အာနိသင် ပျက်ပြယ်သွားသောအခါတွင် တိုက်ကျွေးမှုအား ရပ်တန့်လိုက်သည်။
ပုယွဲ့မှာ သတိမေ့နေဆဲဖြစ်သော်လည်း သူမ အခြေအနေကောင်းသည်ကို ရှစ်ဖုန့်သိသည်။
အနာဂတ်တွင် သူမနလန်ပြန်ထူလာပါက သူမ၏ ဒဏ်ရာများနှင့် ဖျားနာမှုအားလုံး ပျောက်ကင်းသွားမည်ဖြစ်သည်။
ခဏအကြာတွင် ရှစ်ဖုန့်က ပုယွဲ့အား ချီမကာအခန်းထောင့်ရှိ သစ်သားကုတင်ပေါ်သို့ သယ်ဆောင်သွားသည်။
ရှစ်လင်က သူ၏ နောက်မှလိုက်လာကာ မျက်တောင်လေး ပေကလက် ပေကလက်ဖြင့် နှုတ်ခမ်းလေးကိုဆူထားသည်။
သူကစိတ်ရှုပ်ထွေးသော အမူအယာဖြင့်
ကိုကြီး ဘာလို့ မေမေ့ကို သမီးတို့ရဲ့ အိပ်ယာပေါ်ကို ခေါ်လာတာလဲ..အဲ့တာဆိုရင် သမီးတို့ကညကျရင် ဘယ်မှာ အ်ိပ်မှာလဲ..
ရှစ်ဖုန့်က သူမ၏ ခေါင်းလေးအား ချစ်ခင်ကြင်နာစွာ ပွတ်သပ်လိုက်ပြီး
လိမ္မာတယ်နော် ..မေးခွန်းတွေအများကြီးမမေးနဲ့..
အရင်ဆုံး ..သွားပြီးချက်ပြုတ်လိုက်အုံး...
အိုး...
ရှစ်လင်က မီးဖိုချောင်ထဲသို့ ပြန်လှည့်သွားသည်။
ရှစ်လင်ထွက်သွားပြီးနောက် ရှစ်ဖုန့်၏ မျက်လုံးတို့က တဖြည်းဖြည်း တောက်ပလာသည်။
ယင် တစ္ဆေရတနာက တစ်နေရာရာတွင် ရှိနေသည်ကို သူ အာရုံခံမိထားပြီးသားဖြစ်သည်။
ထိုအရာသည် သူ၏ အမေ ပုယွဲ့၏ အိပ်ယာအောက်တွင် ဖြစ်လေသည်။
ပုယွဲ့ ယခင်က ဖျားနာခဲ့သည်မှာ အံ့သြစရာ တစ်ခုတော့ မဟုတ်ပေ။
သူမ၏ ခန္ဓာကိုယ်မှာ လုံးလုံးလျားလျား သက်ရောက်ခံခဲ့ ရခြင်းဖြစ်သည်။
ဤနှစ်တွေအကုန်လုံး ယင်တစ္ဆေရောင်ဝါ၏ သက်ရောက်မှုကိုခံရပြီး ရှင်သန်ခဲ့ရသည်မှာ သူမအတွက် လွယ်ကူလှသည်တော့ မဟုတ်ပေ။
အခန်ထဲတွက် ပေါက်ပြားနှင့် ပေါက်တူးတစ်လက်ကို တွေ့ပြီး ပုယွဲ့၏ သစ်သားကုတင်ဆီသို့ လျှောက်သွားခဲ့သည်။
သူက ကုတင်အားဘေးသို့ တွန်းလိုက်က မြေကြီးကို စတင်တူးလိုက်သည်။
ပေါက်ပြား တူးလိုက်သည့်အခါ မြေလွှာတစ်လိပ်က ပါလာပြီး မြေပြင်ပေါ်တွင် တွင်းတစ်ခါပေါ်လာသည်။
ရှစ်ဖုန့် ရုတ်ချည်း ထွက်ပေါ်လာသော ပြင်းထန်သည့် အာဃာတ ရောင်ဝါကို ခံစားလိုက်ရကာ သူ၏ တစ်ကိုယ်လုံးမှာ အေးစက်သော အာဃာတ ရောင်ဝါဖြင့် ရေချိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဟားဟား..ဟုတ်တယ် အမှန်ပါ ဒီအရာက ဒီနေရာမှာပဲကွ..
သူကမလှုပ်ရှားသေးပဲ ငရဲဘုံကိုးခု နည်းစနစ်ကို အဆက်မပြတ် လှည့်ပတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးညှင်းပေါက် အားလုံးက ပွင့်လာကာ အာဃာတချီကို အရူးအမူး စုပ်ယူသည်။
အသက်ရှူအနည်းငယ်ခန့်အကြာတွင် ပုယွဲ့၏ ကိုယ်အတွင်းသို့ သူထည့်သွင်းပေးလိုက်သော ငရဲဘုံကိုးခုစွမ်းအင်တို့က သူ၏ ဒန်တန်ဆီသို့ ပြန်လည်ရောက်ရှ်ိလာသည်ကိုခံစားလိုက်ရသည်။သူ၏ ဒန်တန်မှာ ပို၍ပင်ကြီးထွားလာသေးသည်။
ရှစ်ဖုန့်က တူးဖော်ခြင်းကို အရှိန်အဟုန်မြှင့်လိုက်သည်။
အရင်က ကြီးမြတ်သော ငရဲဘုံးကိုးခုဧကရာဇ်က အခုတော့ လယ်သမားဖြစ်နေပီပဲ...
ရုတ်တရက် ရှစ်ဖုန့်၏ တစ်ကိုယ်လုံး.အဖြူရောင်အလင်းတို့ဖြင့် တောက်ပလာက အဆင့်တစ်ခု တိုက်ရိုက်တက်သွားခဲ့ပြီး ကြယ်သုံးပွင့် သိုင်းလက်သင်ဖြစ်လာခဲ့သည်။
ဟားဟား ကောင်းတယ် အရမ်းကောင်းတယ်
ဒီရတနာငါ့လက်ထဲကို ရောက်တာနဲ့ ငါဒီည
သိုင်းလက်သင် အထွတ်အထိပ်ကို ရောင်နိုင်ပီ..
မည်သူမဆို ထိုအရာကိုကြားပါက သေလုအောင် ထိန်လန့်သွားကြမည်ဖြစ်သည်။
ဒါကတကယ် ကြောက်ဖို့ကောင်းလွန်းသည်။
လူအများစုမှာ သိုင်းလက်သင် အထွဋ်အထိပ်သို့ ရောက်ရှိနိုင်ရန် ဆယ်နှစ်လောက် အချိန်ယူရသော်လည်း သူကတော့ တစ်ညသာ လိုသည်ဟု ပြောခဲ့သည်။
ဤ ကဲ့သို့ ကျင့်ကြံမှု အမြန်နှုန်းက ကြားဖူးသော အရာမဟုတ်ပေ။
ပုံမှန်အားဖြင့် သိုင်းပညာရှင်တို့ ကျင့်ကြံကြသောအခါတွင် ကောင်းကင်နှင့် မြေကြီးရှိ ယွမ်ချီကို စုပ်ယူကြပြီး
၎င်းတို့၏ ဒန်တန်ထဲရှိ မူလစွမ်းအင်အဖြစ်သို့ ပြောင်းလဲလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်တစ်ယောက် သေခြင်းစွမ်းအား၊ယင်စွမ်းအား၊ ယန်စွမ်းအားနှင့် ဝိညာဥ်စွမ်းအားတို့အား စုပ်ယူသော အခါတွင်လည်းထိုကဲ့သို့ပင်ဖြစ်သည်။
သို့သော် ပုံမှန်အားဖြင့် သိုင်းပညာရှင် တစ်ယောက်၏ ဒန်တန်ထဲတွင် သန့်စင်သောစွမ်းအင်လုံလောက်မှု ရှိခဲ့လျင်တောင် သိုင်းပညာကို နားလည်းသဘောပေါက်နိုင်စွမ်းလိုအပ်သေးသည်။
ထိုသို့နားလည်းသဘော ပေါက်ပြီးမှသာ အဆင့်တက်နိုင်မည်ဖြစ်၏။
ဒီနေ့ ရှစ်ဖုန့်အား တားဆီးခဲ့သော လူအိုကြီးပုမှာ ထိုကဲ့သို့ ပင်ဖြစ်သည်။
သူသည် သိုင်းသမားတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာသောကြောင့် မူလစွမ်းအင်အားလုံလောက်စွာ စုဆောင်းထားပီးဖြစ်သည်။
သူ၏ သိုင်းပညာအပေါ် နားဘည်သဘောပေါက်နိုင်စွမ်း မလုံလောက်ခဲ့၍သာ ရှေ့သို့ မတက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။.
သို့သော် ရှစ်ဖုန့်ကတော့ ၎င်းတို့နှင့် ကွဲပြားသည်။
သူသည် မူလအစကတည်းက သိုင်းဧကရာဇ်တစ်ယောက်ဖြစ်ခဲ့ပြီး ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးအပေါ်တွင် သူ့အား သိုင်းအသိအာရုံ၌ နှိုင်းယှဥ်နိုင်သောသူမှာ အနည်းငယ်သာရှိသည်။
သူ၏ ဒန်တန်ထဲတွင် ရှိသော ငရဲဘုံကိုးခု စွမ်းအင်က သာဘာဝအတိုင် အောင်မြင်စွာချိုးဖြတ်သကဲ့သို့ ချိုးဖြတ်ခဲ့ခြင်းဖြစ်သည်။
မကြာခင်တွင် နောက်ထပ် အဖြူရောင်အလင်းတစ်ခု ရှစ်ဖုန့်၏ ကိုယ်၌ ထွက်ပေါ်လာခဲ့သည်။
သူသည် ကြယ်လေးပွင့်သိုင်းလက်သင်အဖြစ် အဆင့်တက်ခဲ့ပြီဖြစ်သည်။
ယခုအချိန်တွင် သူသည် အချင်းနှစ်မီတာနှင့် အနက် တစ်မီတာဝက်ခန့်ရှိသော ကျင်းကို တူးပြီးဖြစ်သည်။
အပေါက်ဝက မြေလွှာတို့ဖြင့်ပြည့်နေသည်။
ထိုအချ်ိတ်တွင် သူ၏ နောက်ဖက်ဆီမှ ရှစ်လင်၏ နူးညံ့သော အသံထွက်ပေါ်လာခဲ့သည်။
ကိုကြီး..အပြင်မှာ လူတွေအများကြီး ရှိနေတယ်..
လူတွေအများကြီး ..ဟုတ်လား..
သူလှည့်ကြည့်လိုက်သောအခါတွင် ရှစ်လင်က မီးတောက်နေသော ဆီမီးခွက်အား ကိုင်ထားသည်ကို တွေ့ရသည်။
ကောင်းကင်ကြီးက မှောင်မိုက်နေသည်ကိုပင် သူသတိမပြုမိခဲ့ခြင်းဖြစ်သည်။
သိုင်းလက်သင်တစ်ယောက် ဖြစ်လာချိန်တွင် အမှောင်ထုက သူ၏ အမြင်အာရုံကို အကျိုးသက်ရောက်မှု မရှိသောကြောင့် သူသည်ထိုအရာအားအများကြီး အာရုံမစိုက်မိခြင်းဖြစ်သည်။
အား..
ကိုကြီး ..
ဘာတွေလုပ်နေတာလဲ...
မီးတောက်အလင်းရောင်၏အောက်တွင် ရှစ်ဖုန့်၏ နောက်ကျောဘက်၍ ကြီးမားသော တွင်းကြီးတစ်ခုရှိနေသည်ကို ရှစ်လင် မြင်လိုက်ရသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise