အပိုင်း(၆)
Vol. 1 Ch. 6
အား...
ကိုကြီး...
ဘာတွေလုပ်နေတာလဲ...
မီးတောက်အလင်းရောင်အောက်တွင် ရှစ်ဖုန့်၏ နောက်ဘက်၌ တွင်းတစ်တွင်း ရှိနေသည်ကို ရှစ်လင်တွေ့လိုက်ရသည်။
ထို့သို့ မြင်လိုက်ရသောအခါ ဤ အသေးလေးသည် ကျယ်လောင်စွာ အော်ငိုတော့၏။
ရှစ်ဖုန့်ကာ သူ၏နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထို့နောက်ပြန်လှည့်ကာ ရှစ်လင်အား ခါးသပ်စွာ ပြုံးပြလိုက်သည်။
ရှစ်ဖုန့်၏ ထိုအပြုံးအား မြင်လိုက်ရသော အခါရှစ်လင်၏ ခန္ဓာကိုယ်လေး တုန်ယင်သွား၏။
ကြီးမားသော အနက်ရောင် မျက်လုံးဝိုင်းကြီး နှစ်ခုစီမှ မျက်ရည်စီးချောင်းနှစ်ခုက ကျလာခဲ့သည်။
ဝါးဝါးဝါး....ကိုကြီးသမီးကို လိမ်တယ်...
ကိုကြီးပြောတော့ မေမေနေကောင်းသွားမှာဆိုပြီးတော့...ဝါးဝါးဝါး....မေမေ...မေမေက...
ရှစ်လင်က တုန်ယင်စွာဖြင့် ငိုယိုကာ ပြောသည်။
သူမ၏ အသံက ဆို့နင့်လာကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ မျက်နှာလေးအား ဒူးနှင့်အပ်၍ ဆက်လက် ငိုရှိုက်နေသည်။
ရှစ်ဖုန့်မှာ ထိုသို့မြင်လိုက်ရသော အခါတွင် ချွေးသီးချွေးပေါက်တို့ပင်ကျလာမိသည်။
ဤ အသေးလေးတစ်ယောက် နားလည်မှုလွဲသွား ခဲ့မှန်းအား သူသိသည်။
သူတူးထားခဲ့သော တွင်းအား အနီးကပ် လှည့်၍ ပြန်ကြည့်လိုက်သည်။
ထိုအရာက တစ်စုံတစ်ဦးအား မြုပ်နှံရန်အတွက် ရည်ရွယ်ထားသည်နှင့်ပင်တူသည်။
ဒါက သောက်ရမ်းကို ကြီးမားသော အမှားကြီးတစ်ခု ဖြစ်ပေသည်။
ရှစ်ဖုန့်က ရှစ်လင်၏ ခေါင်းအား အလျှင်အမြန်ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။
အသေးလေး..အရမ်းကြီး မတွေးနဲ့အုံး...
အမေက ..အဆင်ပြေပါတယ်..
ကိုကြီးကို ညီမလေး မယုံဘူးဆိုရင်..လာသွားကြည့်ကြရအောင်..
ရှစ်ဖုန့်က ထို့သို့ပြောပီးနောက် ရှစ်လင်အား ချီလိုက်ကာ ပုယွဲ့ထံသို့ လျှောက်သွား လိုက်သည်။
မီးအလင်းရောင်အောက်တွင် ရှစ်ဖုန့်က ပြောလိုက်သည်။
ကြည့်ပါအုံး...မေမေက နေကောင်းပါတယ်..
မကြာခင်တွင် အသေးလေးက မိခင်ဖြစ်သူ၏ အသက်ရှူမှုအား စမ်းသပ်ရန်အတွက် သူမ၏ လက်သေးသေးလေးအား လှမ်းလိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ရှစ်ဖုန့်ခါးသပ်စွာ ပြုံးလိုက်သည်။
ဤအသေးလေးက မည်ကဲ့သို့ လုပ်ဆောင်ရမည် ဆိုသည်ကို သိနေခဲ့၏။
ပုယွဲ့အသက်ရှူနေသေးသည်ကို အတည်ပြုလိုက်ပြီးနောက် ရှစ်လင်က လူကြီးတစ်ယောက်ကဲ့သို့ပြုမူကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
သူမ၏ ပါးမို့လေးအား ရှစ်ဖုန့်မထိပဲမနေနိုင်လောက်အောင်ပင် သူမက အရမ်းချစ်ဖို့ ကောင်းလွန်းသည်။
ကိုကြီး မေမေ့ရဲ့ အသားအရေက ပိုပြီးတော့ ကောင်းလာတယ်...ဟု ရှစ်လင်ကပြောလိုက်သည်။
နဂိုက ဖြူဖျော့နေသော ပုယွဲ့၏ အရေပြားမျက်နှာပြင်မှာ ယခုအခါတွင် အနီရောင်သန်းလာသည်။
ဟုတ်တယ်...
အမေနေမကောင်းတာက မကြာခင် ပြန်ကောင်းလာတော့မှာ..
အသေးလေး နောက်ကျရင် အများကြီး လျှောက်ပြီး မစဥ်းစားနဲ့နော်..
ရှစ်ဖုန့်က ရှစ်လင်၏ ခေါင်းအား ပုတ်ကာပြောလိုက်သည်။
ထွက်လာခဲ့စမ်း...ပုယွဲ့....မြန်မြန်ထွက်လာစမ်း...
ထိုအချိန်တွင် အခန်း၏ အပြင်ဘက်ဆီမှ အော်သံထွက်ပေါ်လာသည်။
ထိုအသံက ဖော်ရွေမှု ရှိပုံတော့ မရပေ။
ရှစ်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။
အစောပိုင်း ရှစ်လင် ရောက်လာတုံးက သူ့အား အပြင်တွင် လူအများကြီး ရှိနေသည်ဟု ပြောသည်အား သတိရလိုက်သည်။
သူတို့ကဘယ်သူတွေလဲ..
ရှစ်ဖုန့်က ရှစ်လင်အား မေးလိုက်သည်။
အိုး..သူတို့လား..ရွာသားတွေလေ ..
ရွာလူကြီးလည်း ပါလာပုံရတယ်...ဟု ရှစ်လင်က ပြန်ဖြေခဲ့သည်။
ရှစ်လင်အား မြေပြင်ပေါ်သို့ ပြန်ချ လိုက်ပြီးနောက် ရှစ်ဖုန့်က ပြောလိုက်သည်။
အခန်းထဲမှာပဲနေနော်...
ဒီကိုကြီးက ...အပြင်သွားပြီး ကြည့်လိုက်အုံးမယ် ..
သူပြောပီးသည်နှင့် အပြင်သို့ထွက်လာရန် ပြင်လိုက်သည်။
တစ်စုံတစ်ခုအား သတိရသွား၍ ပြန်လှည့်လာသည်။
သူ၏ လက်တို့က တွင်းပေါက်တစ်ဝိုက်ဆီသို့ ရွေ့လျားလိုက်ပြီး ချိတ်ပိတ်ပုံစံတစ်ခု လုပ်လိုက်သည်။
သိပ်မကြာခင်တွင် မမြင်ရသော အတားအဆီးတစ်ခု ပေါ်လာသည်။
အတားအဆီးအား သူပြင်ဆင်ရခြင်းမှာ ပြင်းထန်သော
အာဃာတ ချီများ တစ်ဟုန်ထိုးထွက်လာပြီး ရှစ်လင်နှင့်သူ၏ မိခင် ပုယွဲ့အား ထိခိုက်စေခြင်းမှကာကွယ်ရန်ဖြစ်သည်။
သူသာဤနေရာတွင် ရှိနေလျှင် သူ၏ ခန္ဓာကိုယ်က အာဃာတချီများအား အဆင်မပြတ် စုပ်ယူနိုင်သည်။
ထို့ကြောင့်သူက အဆင်ပြေပေသည်။
တားဆီးထိန်းချုပ်ခြင်း မရှိပဲ တစ်ကြိမ်သူထွက်သွား သည်နှင့် အာဃာတချီက အခန်းအတွင်းသို့ စိမ့်ထွက်လာမည်ဖြစ်သည်။
လင်အာ .ဒီတွင်းနားကို မသွားဖို့ အတွက် မှတ်ထားနော်..
ကောင်းပြီ ..ကိုကြီး..သမီးနားလည်ပြီ...
ရှစ်လင်က နာခံမှု ရှိစွာ ခေါင်းငြိမ့်ပြသည်။
သူ၏ ညီမလေးက များသောအားဖြင့် သူ၏ အပေါ်တွင် နာခံမှု အရှိဆုံးဖြစ်သည်။
သူမကတိပေးသည်ကို ကြားလိုက်ရသော အခါတွင်ဘရှစ်ဖုန့်အနေဖြင့် အိမ်အပြင်သို့ စိတ်အေးလက်အေး ထွက်လာခဲ့သည်။
အော်သံများကတော့ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။
ပုယွဲ့ ထွက်လာစမ်း..
ရွာခေါင်းဆောင်အရှင်တောင် ဒီကို ရောက်လာတာကို နင်က ထွက်မလာသေးဘူးလား..
နင်မထွက်လာဘူးဆိုရင် .ငါတို့ အတင်း ဝင်လာမှာနော်..
ပုယွဲ့ ထွက်လာပီးတော့ မင်းရဲ့သား ရှစ်ဖုန့်ကို ငါတို့ဆီလွှဲပေးပါ...
ငါတို့သူ့ကို အရာရှိတွေဆီကို ခေါ်သွား ချင်တယ်..
ကျွီကနဲ အသံနှင့်အတူ တံခါးပွင့်လာကာ အထဲမှ လူငယ်တစ်ယောက် ထွက်လာသည်။
ညဘက်ကြီး ငါ့အိမ်မှာ ဘယ်ကောင်တွေက လာဟောင်နေတာလဲ
ကိုယ့်အိမ်ကိုယ်ပြန်ပီး ဟောင်ကြစမ်း...
ရှစ်ဖုန့်က ထွက်လာသည်နှင့်တစ်ပြိုင်နက် အော်လိုက်သည်။
ခြံစည်းရိုး၏ အပြင်ဘက်တွင် လူသုံးဆယ်ခန့် မတ်တက်ရပ်နေသည်ကို မြင်တွေ့ရပြီး အများစုမှာ လင်းထိန်နေသော မီးတုတ်များအား ကိုင်ဆောင်ထားကြသောကြောင့် ကောင်းကင်က နေ့ဘက်ကဲ့သို့ပင် လင်းနေ၏။
ဦးဆောင်လာသော ပုဂ္ဂိုလ်မှာ ခန္ဓာကိုယ်အနည်းငယ် ကိုင်းနေသော လမ်းလျှောက်တုတ်နှင့် အဘိုးအိုဖြစ်သည်။
သူသည် ဆံပင်အဖြူရောင်နှင့် စိမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ထိုပုဂ္ဂိုလ်မှာ ရှို့လင် ရွာ၏ ခေါင်းဆောင်ဖြစ်သူ ယန်သဲရှန်းဖြစ်သည်။
ရွာခေါင်းဆောင် သူက ရှစ်မိသားစုက ကလေးပဲ...
ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ..
သူ့ကိုပြန်ပေးဆွဲခေါ်ပြီးတော့ အရာရှိတွေဆီကို ခေါ်သွားစေချင်လား..
ယန်သဲရှန်း၏ နားက တုန်ခိုင်သန်မာသော သူကမေးလိုက်သည်။
ယန်သဲရှင်းက သူ၏လက်ကို ဝေ့ယမ်းပြလိုက်ကာ အရင်ဆုံးမလုပ်ဆောင်ရန် ထိုလူအား အရိပ်ပြလိုက်သည်။
သူသည် လမ်းလျှောက်တုတ်ဖြင့် အနည်းငယ် ခြေလှမ်းလိုက်ကာခြံစည်းရိုးဖြင့် ထိကာနီးမှသာ ရပ်တန့်ခဲ့သည်။
သူသည် ရှစ်ဖုန့်အားကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
မင်းက ရှစ်ဖုန့်မလား...
သူ၏ အသံမှာ အိုမင်းပြီးနက်ရှိုင်းသည်။
ရှစ်ဖုန့်က ရှို့လင်ရွာ မှဆိုလျင်တောင် သူ၏ မိသားစုမှာ ဤကျေးရွာ တွင် ရှိနေသော ထိုသူများဖြင့် ထိတွေ့ဆက်ဆံမှု နည်းပါးသည်။ အထူးသဖြင့် ပုယွဲ့ဖျားနာပြီး အိပ်ယာထဲမှထရန် ခက်ခဲသော အချိန်များတွင် ဖြစ်သည်။
ယန်သဲရှင်းသာ ရှစ်ဖုန့်၏ ယနေ့အကြောင်းအား ကြားမသ်ိရပါက ဤ ကျေးရွာတွင် သူတို့မိသား စု ရှိနေသည်အား မေ့နေလောက်ပီပင်ဖြစ်သည်။
ဘာဖြစ်လို့လဲ...
ရှစ်ဖုန့်က သူ၏ မျက်လုံးကို ကျဥ်းမြောင်းစွာကြည့်၍
ယန်သဲရှင်းကို အေးစက်စွာ မေးလိုက်သည်။
မိုက်ရိုင်းလိုက်တာ....
ကျေးရွာခေါင်းဆောင်ကို ဘယ်လိုတောင် ဒီလိုမျိုး ပြောရဲရတာလဲ...
ရှစ်ဖုန့်၏ ဂရုမစိုက်သောအမူအယာအား မြင်လိုက်ရသောအခု နောက်တွင်ရှိနေသော ထွားကြိုင်းသည့်သူသည် ချက်ချင်း ဒေါသထွက်စွာဖြင့် အော်လိုက်သည်။
အမှန်ပဲ...
ဒီကောင်လေးက ရိုင်းစိုင်းလိုက်တာ...
ဟုတ်တယ်..
ဟုတ်တယ်..
လူတော်တော်များများက ထောက်ခံလိုက်ကြသည်။
ယန်သဲရှင်းက သူတို့အား ငြိမ်သက်ရန် ထပ်မံ၍ လက်ကို မြှောက်ပြလိုက်သည်။
ထိုသို့မြင်လိုက်ရသောအခါ ရွာသားများသည် နောက်တစ်ကြိမ် ထပ်မံ၍ ငြိမ်သက်သွားကြသည်။
ယန်သဲရှင်းက ရှစ်ဖုန့်ကို ထပ်မံကြည့်လိုက်သည်။
သို့သော်...သူက ရှစ်ဖန်ု့အား ဖော်ဖော်ရွေရွေပြောနေသော်လည်း ရှစ်ဖုန့်ကတော့ မျက်နှာထားတည်တည်ဖြင့် သူ့အားလေးစားမှု မရှိသေးပေ။
ယန်သဲရှင်း၏ အမူအယာမှာ အေးစက်မှုသို့ပြောင်းသွားက ဟန်ကြီးပန်ကြီးအမူအယာကို ပေါ်လွင်စေလိုက်သည်။
မေးခွန်းထုတ်သော လေသံဖြင့် ခြံဝန်းထဲရှ်ိ မြင်းနက်ကြီးအား ညွှန်ပြကာ အသံကိုမြှင့်၍ မေးလိုက်သည်။
ငါမင်းကိုမေးပါရစေ...မင်းဒီမြင်းကိုဘယ်ကနေ ရလာတာလဲ..
ဘာလို့ကျုပ်က ခင်ဗျားကို ပြောရမှာတုံး..
ရှစ်ဖုန့်က တင်းမာသော မျက်နှာထားဖြင့် တစ်လောကလုံးသူ့လုပ်စားထိုင်စားနေသကဲ့သို့ အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင်ယန်သဲရှင်းတစ်ယောက် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
သို့သော် ရှစ်ဖုန့်၏ ဘုနဲ့ဘောက် လေသံကြောင့် ချင်းခြင်းပင်ဒေါသထွက်သွားခဲ့သည်။
အီးပေါလောကြီး..ခင်ဗျားမှာ လုပ်စရာဘာသောက်လုပ်မှ မရှိဘူးလား..
ညခင်းဘက်ကြီး မအိပ်ပဲနဲ့ မြင်းတွေကိုလာကြည့်နေတယ်..
ခင်ဗျား တကယ်ကို ပိုဆိုးလာတာပဲ
မင်း...
လူပါးဝလို့ကွာ....
ယန်သဲရှင်း ဒေါသထွက်က သူ၏ လမ်လျှောက်တုတ်ဖြင့် မြေပြင်ကိုရိုက်လိုက်သည်။
ဤကျေးရွာတွင်သူက အကျင့်သီလနှင့် သြဇာတိက္ကမလွှမ်းမိုးသူတစ်ဦးဖြစ်သည်။
ရွာသားများက သူ့အား အမြဲလေးလေးစားစား ဆက်ဆံရပြီး မည်သူကမျှ သူ့အားထို့ကဲ့သို့ ပြောရဲခြင်း မရှိပေ။
ယန်သဲရှင်း၏ မျက်နှာမှာ လုံးဝနီရဲနေပြီး ရှစ်ဖုန့်အား စိုက်ကြည့်နေသည်။
ရှစ်ဖုန့်အား လက်ညိုးထိုး၍ အော်ငေါက်လိုက်သည်။
မင်း....
မင်းက သူတစ်ပါးရဲ့ညမြင်းကို ခိုးယူခဲ့ပီးတော့ ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာပဲ...
ရွာရဲ့စည်းကမ်းက အရာရှ်ိတွေဆီကို မင်းကို မခေါ်သွားခင် မင်းရဲ့လက်တွေခြေတွေကို ချိုးပစ်မယ်..
သူတောင်းစားကြီး ခင်ဗျား စားချင်တာကို စားလို့ရပေမဲ့ ပြောချင်တိုင်းတော့ ပြောလို့မရဘူး..
ခင်ဗျားရဲ့ ဘယ်ခွေးတွေက ကျုပ်ခိုးလာတယ်ဆိုတာကို မြင်လို့လဲ...
ပြောကြကြေးဆိုဆိုရင် ခင်ဗျား ကျုပ်ကို အသရေဖျက်ချင်တယ်ဆို ခင်ဗျားရဲ့လျှာကို အရင်ဖြတ်ပစ်ရမှာအဟုတ်ဖူးလား
ရှစ်ဖုန့်က လှောင်ပြောင်လိုက်သည်။
တယ်...မိုက်ရိုင်းလိုက်တာ
ဘယ်လိုတောင် သတ္တိတွေ ရှိနေတာလဲ..
ခွင့်မလွှတ်နိုင်စရာပဲ...
ထိုအချိန်တွင် ယန်သဲရှင်း နောက်မှ လူများမှာ စောင့်ကြည့်မနေနိုင်ကြတော့ပါ။
ဒီကောင်က တကယ်ကြီး ရွာခေါင်းဆောင်အား အီးပေါလောကြီးဟုခေါ်ကာ စော်ကားရဲသည်။
ဒါကကြီးမားသော မလေးစားမှုကြီးတစ်ခုဖြစ်သည်။
ရွာလူကြီးအား စော်ကားပါက သူသည် အဖမ်းခံရပြီး ရွာ၏ ဝက်ခြံထဲသို့ ပစ်ထည့်ခံရမည်ဖြစ်သည်။
ချက်ခြင်းပင် ရှစ်ဖုန့်ဆီသို့ လူအုပ်ထဲမှ အင်အားကောင်းသော လူခြောက်ယောက်က ဒေါသတကြီးဖြင့် ဦးတည်လာခဲ့သည်။
သူတို့ထဲကတစ်ယောက်က အော်ပြောလိုက်သည်။
မင်းမိသားစုက ဆင်းရဲလွန်းလို့ စားစရာတောင် နပ်မှန် တာမဟုတ်ဖူး...
မင်းအဲ့တာကို ခိုးတာမဟုတ်ရင် ဝယ်လာတာလား
ဟမ့် ကျုပ်ဟာကျုပ်ခိုးခိုးဝယ်ဝယ် ခင်ဗျားတို့သောက်လုပ်ပါလား..ဘာဆိုင်လို့လဲ...
ရှစ်ဖုန့်က ထွားကြိုင်းသည့် လူခြောက်ယောက်အား ကြည့်ကာ အဖတ်မတန်သည့် အမူအယာက သူ၏ မျက်နှာထက်တွင်ရေးထိုးထားသည်။
သူတို့ခြောက်ယောက် မဆိုထားဘိ သူတို့လိုလူ ခြောက်ဆယ်ပင်လျှင် သူ့အတွက် ကိတ်မုန့်လှီးးစားသကဲ့သို့
လွယ်ကူသည်။
ဆက်ရန်
ဘာသာပြန်သူ-Arise