အပိုင်း(၇)
Vol. 1 Ch. 7
"ဆင်းရဲတဲ့ အရပ်သားတွေအတွက်တော့ မြင်းတစ်ကောင်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာပဲ..."
"အင်းအားကြီး မိသားစုတစ်ခုစီကနေ မြင်းတစ်ကောင်ကို ခိုးယူလာတာက မင်းတစ်ယောက်ထဲကိုပဲ ထိခိုက်စေတာမဟုတ်ပဲ ငါတို့ရွာမှာရှိနေတဲ့ လူတိုင်းကိုပါ ထိခိုက်စေလိမ့်မယ်.."
"ရွာခေါင်းဆောင်က မင်းဟာ ငယ်ရွယ်ပီး မသိနားမလည်ပဲ လုပ်မိတာဖြစ်လို့ မင်းဆီကနေ မြင်းကို အရင်လွှဲယူပြီးတော့ မင်းရဲ့လက်တွေကိုပဲ ချိုးပြီး အပြစ်ပေးမယ်လို့ တွေးထားခဲ့တာ..."
"ပြီးရင် မင်းကို တောင်းပန်ခိုင်းမယ်ပေါ့.."
"ရွာခေါင်းဆောင်က တစ်ဖက်အဖွဲ့အစည်းဟာ မင်းဟာမင်းရဲ့အမှားက်ိုသိသွားရင် မင်းကိုခွင့်လွှတ်ပေးကြီးတော့ အသက်ချမ်းသားပေးဖို့ကို မျှော်လင့်ခဲ့တာ..."
"ဒါပေမဲ့ မင်းက ရွာခေါင်းဆောင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကိုတောင် နားမလည်ဘဲ သူ့ကို စော်ကားရဲတယ်..."
"မင်းမသေချင်ဘူးဆိုရင်တောင်မှ....ငါတို့တစ်ရွာလုံးကို သေတွင်းထဲကို ပို့ချင်နေတာလား..."
ယန်သဲရှင်း၏ နောက်ဘက်ရှိလူအုပ်ထဲမှ အစ်ိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထွက်လာပြီး အော်ပြောလိုက်သည်။
ရှစ်ဖုန့်ထိုလူအား မှတ်မိသည်။
ထိုလူသည် ရှို့လင်ရွာ၏ လူများထဲမှ တစ်ဦးဖြစ်ပြီး စာအုပ်များအား ဖတ်ရှုနိုင်သော တစ်ဦးတည်းသော သူလည်းဖြစ်သည်။
ထိုလူပြောသည်ကလည်း အမှန်ဖြစ်ပြီး ရှစ်ဖုန့်ကလည်း အရင်က ရှစ်ဖုန့်သားဖြစ်နေခဲ့ပါက မြင်းတစ်ကောင်အား မတော်တဆရရှိလာမှုကြောင့် သူ၏ လက်နှစ်ဖက်လုံးအား ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
လက်နှစ်ဖက်အား ဆုံးရှူံးလိုက်ရခြင်းက အသက်ရှင်နေထိုင် ရပ်တည်နိုင်စွမ်းအား ဆုံးရှုံးလိုက်ရသည်နှင့် ညီမျှသည်။
အိမ်တွင် ကျန်ရှိနေသော အဆက်မပြတ်ဖျားနာနေပြီး အိပ်ယာထဲတွင်လဲနေသည့် မိခင်နှင့် သူ၏ ညီမလေးတို့အပေါ်တွင် ထင်မှတ်မထားသော အကျိုးဆက်များဖြစ်လာမည်ဖြစ်သည်။
ဤလူများ၏ အခြေအမြစ်မရှိ ထင်ကြေးသက်သက်တို့ကြောင့် သူ၏ မိခင်နှင့် ညီမလေးတို့မှာ ငတ်ပြတ်မှုဒဏ်ကိုခံစား ရပြီးသေ သွားနိုင်သည်။
ထိုအရာများအား တွေးမိလိုက်သော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ ပိုပြီး နက်မှောင်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ ခြံစည်းရိုးလေးအား ထွားကြိုင်းသောလူခြောက်ယောက်က ကန်ကျောက် ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် ခြံဝန်းအတွင်းသို့ ဝင်လာကာ သူ့ဆီသို့ ဆက်လက်ပြီး ဦးတည်လာသည်။
"အရူးခြောက်ယောက်ပဲ..."
ရှစ်ဖုန့်က ထွက်ပြေးရမည့်အစား ရှေ့သို့ တိုးလိုက်သည်။
"ငါတို့ရှို့လင်ကျေးရွာဟာ အမြဲတန်း ရိုးရိုးရှင်းရှင်းနဲ့ ရိုးရိုးသားသား နေထိုင်ကြသူတွေပဲ.."
"ရှစ်ဖုန့်လိုမျိုး သူခိုးတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး.."
"ဒီကိစ္စကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှု ပြုလုပ်မှရမယ်.."
"သူ့ကို တစ်ပိုင်းသေ သွားတဲ့အထိ ရိုက်နှက်ကြစမ်း..."
ယန်သဲရှင်းက နောက်ဘက်မှ အေးစက်စွာ အော်ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ရှစ်ဖုန့် က သေလူတစ်ဝက်ဖြစ်ပီးနေပီဖြစ်သည်။
ဤကျေးရွာတွင် ဒီသူတောင်းစားလေးက သူ့အား မထီမဲ့မြင်ပြုရဲသော ပထမဆုံးလူဖြစ်သည်။
ရှစ်ဖုန့်အား တစ်ပိုင်းသေသည်အထိ မရိုက်နှက်နိုင်ပါက သူ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော နာကျည်းစိတ်အား ဖျောက်ဖျက်ပစ်ရန် အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။
"အား...."
စိတ်မချမ်းမြေ့စရာ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယန်သဲရှင်း ဘယ်လိုပဲ ကြားရသည်ဖြစ် စေ က်ိစ္စမရှိပေ။ ထိုအသံကား သူ့အတွက် သက်တောင့်သက်သာ ရှိလှသည်။
ထိုစိတ်မချမ်းမြေ့စရာ အော်သံနှင့်အတူ သူ၏ နှုတ်ခမ်းထောင့်က ဖြည်းညှင်းစွာ တွန့်ကွေးသွားခဲ့သည်။
ထို့နောက်တွင် ယန်သဲရှင်း တစ်ယောက် တစ်ခုခုမှားနေ သည်အား သ်ိလိုက်ရသည်။
"အား......"
"အီး.....အား...."
စိတ်မချမ်းမြေ့စရာ အော်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ထွားကြိုင်းသော လူခြောက်ယောက်စလုံး သူ၏ ဆီသို့ ပြန်လွင့်ထွက်လာသည်အား ယန်သဲရှင်းတွေ့လိုက်ရသည်။
"ဘုံး..ဖုန်း..ဖုန်းးဖုန်း...ဘုံး..ဖုန်း.."
သဲအိပ်များ မြေပေါ်သို့ ကျရောက်သကဲ့သို့ မသဲမကွဲ အသံခြောက်ခု ကြားလိုက်ရသည်။
စောစောက တစ်ဟုန်ထိုး ပြေးထွက်သွားသော လူခြောက်ယောက်မှာ ယခုအခါတွင် သူ၏ အနား၌ လဲနေကျသည်ကို ယန်သဲရှင်းတွေ့လိုက်ရသည်။
"အား...."
"အား...ငါ့ရဲ့လက်"
"ငါ့ရဲ့လက်တွေ...ကျိုးကုန်ပီ..."
မြေပြင်ပေါ်တွင် လဲနေသော လူခြောက်ယောက်မှာ မချ်ိမဆန့် နာကျင်စွာဖြင့် ငိုကြွေးနေကြသည်။
သူတို့၏ ရှေ့တွင် ရှိနေသော ရှစ်ဖုန့်မှာတော့ လုံလုံးလျားလျားအဆင်ပြေပြေ ရှ်ိနေသည်။
သူကလူတိုင်းနှင့် တိုက်ခိုက်ခဲ့သည်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် သူက ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
"ဒ.ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..."
ရလဒ်က ယန်သဲရှင်း မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေသည်။
"အား..."
"မကောင်းတော့ဘူး.."
ယန်သဲရှင်း ရုတ်တရက် အသိဝင်လာသည်။
ရှစ်ဖုန့်က သူနှင့် နီးကပ်လာသည်ကို သူ သတိပြုမိလိုက်သည်။
သူ့ဆီသို့ရောက်ရန် နောက်ထပ် ခြေလှမ်း အနည်းငယ်သာလိုတော့သည်။
ငယ်ရွယ်ပီးနုနယ်သော မျက်နှာနှင့် ရှစ်ဖုန့်မှာ သူ့အား ပြုံးပြနေပီး ထိုအပြုံး၌ ပျော်စေပြက်စေဟူသော သဘောတရားတို့ပင်ပါနေ၏။
ယန်သဲရှင်းတစ်ယောက် အရမ်းကြောက်လန့်သွား ခဲ့ကာ နောက်သို့ ဆက်တိုက် ဆုတ်လိုက်မိသည်။
သူ့နောက်က လူများဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
"မြန်မြန်... မြန်မြန်...သူ့ကိုဖမ်းကြစမ်း"
"မင်းတို့သူ့ကို မဖမ်းပဲ တောင်းပဲတောင်းပန်မယ်ဆိုရင်..သူက တစ်ရွာလုံးကို သတ်ပစ်လိမ့်မယ်"
ယန်သဲရှင်း၏ နောက်တွင် ရှိနေသော ရွာသားများမှာလည်း ဖြစ်ပျက်သမျှအား အံ့အားသင့်နေကြသည်။
သူတို့က မြေပြင်တွင် နေ့တိုင်း လုပ်ကိုင်နေကြသော သန်မာသည့် လူခြောက်ယောက်ဖြစ်သော်လည်း အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ရှစ်မိသားစု၏ ကောင်းဆိုးလေးအား ရှုံးနိမ့်သွားခဲ့သည်။
ယန်သဲရှင်း၏ အော်သံကြောင့် သူ့နောက်တွင် ရှ်ိနေသောသူတို့မှာ ထိန့်လန့်သွားကြသည်။
သို့သော် မည်သူကမျှ ရှေ့သို့ တက်ရဲခြင်း မရှ်ိကြချေ။
ထွားကြိုင်းသော လူခြောက်ဦးက အသက်ရှူချ်ိန် အနည်းငယ်အတွင်းမှာပင် ရှုံးနိမ့်သွားခဲ့သည်။
ကျန်ရှိနေသော လူနှစ်ဆယ်လုံး စုပေါင်း၍ ဖမ်းလျှင်တောင်မှ ရှစ်ဖုန့်အား အနိုင်ယူနိုင်စွမ်း ရှိမည်မဟုတ်ပါ။
ထို့ပြင် သူတို့အနိုင်ရမည်ဆိုလျှင်တောင် မည်သူကများ ပထဆုံးစတင်လှုပ်ရှားဝံ့ပါသနည်း။
ရှစ်ဖုန့် ကသူ့ဆီသို့ ဝင်လာသူအားလုံးအား ရက်ရက်စက်စက် တုန့်ပြန်ခဲ့သည်။
သူတို့အားလုံးမှာ လယ်သမားများဖြစ်ကြပီး မိသားစုကိုယ်စီ၏ ထောက်တိုင်များ ဖြစ်ကြသည်။
လက်များမရှိတော့ပါက ကောက်ပဲသီးနှံများအတွက်မည်ကဲ့သို့ လုပ်ဆောင်ရပါမည်နည်း။
လယ်ယာများအား မည်ကဲ့သို့ လုပ်ကိုင်ရပါမည်နည်း။
မည်သူကမျှ ရှေ့သို့တက်ရဲခြင်း မရှိသောအခါ ယန်သဲရှင်းက သူတို့ကိုအော်ငေါက်လိုက်သည်။
"ဘာလဲကွ"
"မင်းတို့တွေက အခုတော့.. ငါ့စကားကိုတောင် နားမထောင်ကြတော့ဘူးလား"
"မင်းတို့တွေ.. ငါကဒီရွာကလို့ရော...ထင်ကြသေးရဲ့လား"
ယန်သဲရှင်းတစ်ယောက် စကားပြောရင်းတန်းလန်းရှိသေးသည် သူ၏ လည်ချောင်းဝ၌ တင်းကျပ်မှုကို ခံစားလိုက်ရသည်။
သူထိန့်လန့်စွာ လှည့်ကြည့်လိုက်သောအလာ သူ၏ လည်ပင်းအား သန်မာသော လက်တို့က ဆုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။
ထိုလက်မောင်း၏ နောက်တွင် လှောင်ပြောင်သော မျက်နှာထားနှင့်လူငယ်လေးအား ထပ်မံတွေ့လိုက်ရပြန်သည်။
"မင်း....ငါ့ကိုလွှတ်စမ်း...ငါကရှို့လင်ရွာရဲ့ ခေါင်းဆောင်ကွ...မင်းငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလို့မရဘူး.."
ယန်သဲရှင်းက ရှစ်ဖုန့်အား အော်ငေါက်လိုက်သည်။
"ဟားဟား..အဲ့လိုလား.."
ရှစ်ဖုန့်က ပြုံဖြဲဖြဲလုပ်ကာ ယန်သန်ရှင်းအား မြေပေါ်မှ မြောက်နေအောင်ဆွဲမလိုက်သည်။
"အား..အူး..အ.."
ယန်သဲရှင်း၏ မျက်နှာမှာ နီမြန်းလာပြီး ပြင်းထန်စွာ နာကျင်မှုကိုခံစားနေရပုံပေါ်သည်။
သူ၏ လက်တို့က ရှစ်ဖုန့်၏ လက်ကောက်ဝတ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခြေထောက်တို့က လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်။
သူသည် ရှစ်ဖုန့်၏ လက်အား သူ့၏ လည်ပင်းမှအဝေးသို့ဖယ်ထုတ်ချင်သော်လည်း ရှစ်ဖုန့်၏ လက်က
သံပြုတ်တူ တစ်ချောင်းနှင့်တူညီလှပြီး သူ ပိုဆွဲလေ ပိုပြီး တင်းကျပ်လာလေဖြစ်သည်။
"အ..အ..အူး"
ယန်သန်ရှင်းမှာ သေခါနီးလူတစ်ယောက်ကဲ့သို့ နာကျင်စွာ ဆက်လက်ညည်းတွားနေသည်။
ယန်သဲရင်း၏ ပုံစံမှာ အလွန်သနားစရာကောင်းသော်လလည်း ရှစ်ဖုန့်ကတော့ ဤ အဘိုးကြီးအား လုံးဝသနားခြင်း ရှိမနေပါ။
ရှစ်ဖုန့် ယန်သဲရှင်းကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား ကျုပ်လက်မောင်းတွေကို ချ်ိုးပီးတော့ ကျုပ်ကို တစ်ပိုင်းသေတဲ့အထိ ရိုက်နှက်ချင်ရင်...ကျုပ်ရိုက်တာကိုခံရဖို့အတွက်လည်း..ပြင်ဆင်ထားသင့်တယ်"
ရှစ်ဖုန့်က စကားပြောပီးသည့်နောက် သူ၏ ညာလက်အား အောက်သို့လွှဲယမ်းကာ ယန်သဲရှင်းအား မြေပြင်နှင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် ဖုန်များပင် တလိမ့်လိမ့်ထသွားခဲ့၏။
"အဟွတ်...အဟွတ်..အဟွတ်..အဟွတ်"
ယန်သဲရှင်းမှာ မြေပြင်ပေါ်တွင် ပြန့်ကားနေပီး သူ၏ ခေါင်းမှာ ဖုန်တို့ဖြင့် ညစ်ပေနေသည်။
သူသည် စိတ်မကောင်းစရာ အခြေအနေတွင် ဖြစ်နေပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးနေသည်။
အိမ်မက်ဆိုးကြီးက ယခုကဲ့သို့ပြီးဆုံးသွားမည်ဟု သူမထင်ခဲ့ပေ။
သူ့ကိုယ်သူ အားပြု၍ ထလိုက်စဥ်တွင် လေးလံသော တူတစ်လက်ဖြင့် အထုခံရသဲ့သို့ ရုတ်တရက် သူ၏ ကျောဘက်ဆီမှ စူးရှသော နာကျင်မှုဖြစ်ပေါ်လာသည်။
"အား..."
"အော့..."
ယန်သဲရှင်းတစ်ယောက် အော်ဟစ်ညည်းတွားလိုက်သည်။
သူ၏ လည်ချောင်းမှာတင်းကျပ်လာပြီး အနီရောင်တောက်တောက် အရည်တစ်ပွက် သူ၏ ပါးစပ်ထဲမှာ ထိန်းမရပဲ အန်ထွက်လာသည်။
သူ့ကိုသူ ပြန်မထိန်းနိုင်တော့ပဲမြေပြင်ပေါ်သို့ ထပ်မံလဲကျသွားသည်။
ရှစ်ဖုန့်က ယန်သဲရှင်း၏ နောက်ကျောအား နင်းထားကာ သေရော်လိုက်သည်။
"ကျုပ်ခင်ဗျားကို တစ်ပိုင်းသေအောင် မရိုက်ရသေး
သလို...လက်တွေလည်း မချိုးရသေးဘူးနော်"
"ရှူး...ရှူး.."
ဘာထိခိုက်ဒဏ်ရာမှ မရခဲ့သော ရွာသာများက အချင်းချင်းထိန့်လန့်စွာ ကြည့်လိုက်ကြကာ သက်ပြင်းချသံများ အတွဲလိုက်ထွပ်ပေါ်လာသည်။
တစ်ယောက်မျက်နှာတစ်ယောက် စိတ်သက်သာရာရစွာ ကြည့်လိုက်ကြသည်။ စောစောက သူတို့ဒေါသတကြီးဖြင့် ရှေ့မထွက်ခဲ့ခြင်းက ကံကောင်းသွားခဲ့သည်။
အမြဲတမ်း တိတ်ဆိတ်ပြီး ရိုးသားစွာ နေတတ်ကာ ပိန်သွယ်၍ အားနည်းသည့် ပုံစံပေါက်နေသော ရှစ်မိသားစု၏ ဤကောင်ဆိုးလေးက တကယ်တမ်းတွင်
အရမ်းကိုကြမ်းကြုတ်ပြီး ရက်စက်တတ်မည်ဟု မည်သူကမျှ ထင်ထားခဲ့ခြင်း မရှိပေ။
"ခရက်.."
ချက်ခြင်းပင် တိတ်ဆိတ်သော ညအလယ်၌ စူးရှသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
"အား...."
ထိုအသံနှင့်အတူ ယန်သဲရှင်း၏ ဝက်ကဲ့သို့ အော်ဟစ်သံပါ နောက်ကတွဲ၍ လိုက်ပါလာသည်။
ခုဏလေးတင် ရှစ်ဖုန့်က သူ၏ ညာ
ခြေကို မြှောက်၍ ယန်သဲရှင်း၏ ညာဘက်မောင်းအား တက်နင်းလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုအသံမှာ ယန်သဲရှင်း၏ အရိုးတို့ ကျိုးသွားရာမှ ထွက်ပေါ်လာသော ပြက်သားသည့် အသံဖြစ်သည်။
ည၏ တိုက်ခတ်နေသော လေနှင့်အတူ လူတိုင်းသူတို့၏ နောက်ကျောဘက်မှ အေးစ်ိမ့်မှုအား ခံစားလိုက်ရသည်။
"ခရက်....."
"အား..."
ယခင်အသံကဲ့သို့ တူညီသည့်အသံက ထပ်မံထွက်ပေါ်လာပြီး ညလယ်တွင် ပဲ့တင်ထပ်နေသည်။
လူအများစုမှာ ဆက်လက်ပြီး နားမထောင်နိုင်တော့၍ သူတို့၏ နားထို့အား လက်ဖြင့် အုပ်ထားလိုက်ကြသည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise