← Chapters

အပိုင်း(၈)

Vol. 1 Ch. 8

အပိုင်း(၈)

Vol. 1 Ch. 8

ယန်သဲရှင်းအား မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ပြီးနောက် ရှစ်ဖုန့်က အေးစက်သောအကြည့်ဖြင့် ရှေ့တည့်တည့်သို့ လှည့်ကြည့်လိုက်သည်။

ထိုအရာက စူးစိုက်သော အကြည့်တစ်ချ​က်သာ ဖြစ်သော်လည်း လူတိုင်း​အား နောက်သို့ဆုတ်ခွာမိသည်အထိ ထိန့်လန့်သွားစေသည်။

ရှစ်ဖုန့် ကာ နှုတ်ခမ်းကိုမဲ့၍ အေးစက်စွာ ပြုံးလိုက်သည်။

သူ၏ လက်ဖဝါးအား လှန်လိုက်သော အခါတွင် နှင်းဖြူရောင် ဓားရှည်တစ်လက်က သိုလှောင်လက်စွပ်၏ အတွင်းမှ ထွက်ပေါ်လာသည်။

" ရွမ်း..."

ဓားရှည်အား သူ၏ ဖဝါးအောက်ရှိ မြေပြင်ပေါ်သို့ စိုက်လိုက်ကာ ဓား၏ တစ်ဝက်က မြေကြီးထဲသို့ နစ်ဝင်သွားသည်။

ထို့နောက်ရှစ်ဖုန့်၏ အေးစက်သော အသံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာသည်။

"အခုကစပြီး ဒီဓားကို နယ်နိမိတ် မျဥ်းအဖြစ် အသုံးပြုမယ်"

"ဒီဓားကို ဖြတ်လာတဲ့ ဘယ်သူမဆ်ို သေရမယ်"

"ဒီဓားကိုဖြတ်လာတဲ့ ဘယ်သူမဆ်ို သေရမယ်"

"ဒီဓားကို ဖြတ်လာတဲ့ ဘယ်သူမဆို သေရမယ်"

ရှစ်ဖုန့်၏ အေးစက်သော အသံက ရွာသားတို့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။

ရွာသားများ အားလုံး အသိပြန်ဝင်လာသော အချိန်တွင်

လူငယ်လေး၏ ပုံရိပ်က အမှောင်ထုထဲတွင် ပျောက်ကွယ် သွားနှင့်ပြီးဖြစ်သည်။

"အား..ရွာခေါင်းဆောင်..ရွာခေါင်းဆောင်..အိုး..

ရွာခေါင်းဆောင်...."

မည်သူ စတင်၍ အော်ဟစ်လိုက်သည် မသိ လူအုပ်ကြီးမှာ သူတို့၏ ဖခင်သေဆုံးသွား သကဲ့သို့ အဆက်မပြက် အော်ဟစ်ကာ သတိလစ်နေသော ယန်သဲရှင်းထံသို့ ကသုတ် ကရုတ်ပြေးကြသည်။

ထွားကြိုင်းသော လူခြောက်ယောက်မှာလည်း မြေပြင်ပေါ်တွင် ဆက်လက်၍ ညည်းတွားနေကြဆဲဖြစ်သည်။

သူတို့က ဆက်တိုက်ညည်းတွားနေသလို ဓား၏ အခြားဘက်ခြမ်းတွင်လည်း ရှိနေကြခြင်းဖြစ်သည်။

လူအချို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှတော့ ရှေ့ကို တိုးရဲခြင်း မရှ်ိပေ။

သူတို့ထဲမှ တစ်ယောက်က အမောတကော အော်လိုက်သည်။

"ယန်ရှန်ရှန်...လီတကျွမ်း..ဒီကို တွားသွားပြီးလာခဲ့ကြ.."

"သူသာပြန်ထွက်လာလို့...မင်းတို့ရှိနေသေးတာကိုမြင်ရင်..သူမင်းတို့ကို တကယ်သတ်လိမ့်မယ်..."

ယနေ့ညအားကျော်လွန်သွားပြီးနောက်တွင် ရှစ်ဖုန့်၏ ရက်စက်သော ဂုဏ်သတင်းသည် တစ်ရွာလုံးအား သေချာပေါက် ပြန့်နှံ့သွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်အ်ိမ်ထဲသို့ ပြန်ရောက်သောအခါတွင် တံခါးနှင့် သ်ိပ်မဝေးလှသော နေရာ၌ ဟောင်းနွမ်းနေသော စားပွဲတစ်လုံးအား တွေ့လိုက်သည်။

စားပွဲ၏ အလယ်တွင် ဆီမီးအိမ်တစ်လုံး ရှိပြီး မှိန်ဖျော​ဖျော့ မီးတောက်လေးက လူးလွန့်နေ၏။

အသေးလေးမှာ စားပွဲပေါ်တွင် တကယ်ကြီး အိပ်မောကျနေပီဖြစ်သည်။

ယနေ့ ကိစ္စအများကြီး ဖြစ်ပျက်သွားသောကြောင့် ဤအသေးလေး ပင်ပန်းနေသည်မှာ အသေချာအပင်ဖြစ်သည်။

ရှစ်ဖုန့်စားပွဲဆီသို့ လျှောက်လာခဲ့သည်။

စားပွဲပေါ်တွင် ရိုးရှင်းသော ယာဂုပန်းကန်လုံး နှစ်ခုရှိနေပြီး အငွေ့တစ်ဝေ့ဝေ့ ရှိနေတုံးပင်ဖြစ်သည်။

ရှစ်လင်က သူ့အတွက် ပန်းကန်လုံးအကြီးတွင် များများထည့်ပေးထားပြီး သူမရှေ့ရှိ ပန်းကန်လုံးသေးလေးတွင်တော့ ယာဂုအနည်းငယ်သာရှိသည်။

စားပွဲပေါ်ရှိ ပန်းကန်နှစ််ခုလုံးမှာ အရာမယွင်းသေးပါ။

အသေးလေးက သူပြန်လာမှ အတူစားရန်အတွက် စောင့်ဆိုင်းနေပုံရသည်။

သူမက သူ့အား စောင့်ရင်း အိပ်ပျော်သွားခြင်းဖြစ်သည်။

"ဟူး...ငတုံးမလေး...."

ရှစ်ဖုန့်က ညင်သာစွာ သက်ပြင်းချ၍ ရှစ်လင်အား ဂရုတစိုက်ချီမကာ ပုယွဲ့၏ ကုတင်ရှိရာသို့ သွားလိုက်သည်။

"မင်း အရမ်း ပင်ပန်းနေရင်လဲ အရင်အိပ်နှင့်ပေါ့.."

"နိုးလာမှ စားလဲရတာပဲဟာ.."

သူက ရှစ်လင်အား ပုယွဲ့၏ ဘေးတွင်ထား လိုက်ပြီး ညင်သာစွာ စောင်ခြုံပေးလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က မပြီးဆုံးသေးသော အလုပ်အား လက်စသပ်ရန် တူးလက်စဖြစ်သော တွင်းဆီသို့ လျှောက်သွားလိုက်သည်။

တွင်း၏ ဘေးသို့ရောက်သောအခါ ကိုယ်ကိုကိုင်းညွှတ်၍ သူ၏ လက်ချောင်းတို့ဖြင့် ထပ်မံပုတ်လိုက်သည်။

နောက်ဆုံးတစ်ချက်ပြီးသော အခါတွင် သူထွက်မသွားခင် တပ်ဆင်ထားခဲ့သော အတားအဆီးမှာ ရုတ်ချည်း ကျိုးပြတ်သွားသည်။

ချက်ချင်း ထိန်းချုပ်ခံထားရသော အာဃာတ ချီတို့က

ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်ကဲ့သို့ တလိပ်လိပ်ထွက်လာကာ ရုတ်ချည်း ရှစ်ဖုန့်အား လွှမ်းမိုးသွားသည်။

"အား...ဒီခံစားချက်က..အရမ်းကောင်းတာပဲ"

ရှစ်ဖုန့်တစ်ကိုယ်လုံး အန္တရာယ်ရှိသော ရောင်ဝါဖြင့် ရေချိုးလိုက်သကဲ့သို့ ခံစားရကာ ငရဲဘုံကိုးခုနည်းစနစ်အား အဆက်မပျက် လှည့်ပတ်လိုက်သည်။

သူ့ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်အားလုံး ပွင့်လာကာ ထိုအရာအား အရူးအမူး စုပ်ယူတော့သည်။

ရှစ်ဖုန့်မည်သို့မျှ မတက်နိုင်ပဲ ဇိမ်ယစ်မူးသော ညည်းသံထွက်လာသည်။

ရုတ်တရက်သူ့၏ ကိုယ်ကအဖြူရောင်းအလင်းတစ်ခု လင်းလက်လာသည်။

ရှစ်ဖုန့် နောက်တစ်ဆင့်ထပ်တက်သွားခဲ့ကာ ကြယ်ငါးပွင့် သိုင်းလက်သင် ဖြစ်လာသည်။

သူ၏ အဆင့်တက်သော အမြန်နှုန်းက ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးတွင် စကားလုံးများဖြင့် ဖော်ပြရန်ပင် မတက်နိုင်ပေ။

ရှစ်ဖုန့်က အဆင့်တက်ခြင်းအား ဘာမှမဖြစ်သကဲ့သို့ ဂရုစို​က်သည့်ပုံပင် မပေါ်ပေ။

သူသည် ကိုယ်ကိုကိုင်းညွှတ်၍ ဂေါ်ပြားအား ကောက်လိုက်ကာ ဆက်လက်တူးဆွလိုက်သည်။

သူအာရုံစိုက်သည်ကား မြေလွှာ အောက်တွင် နစ်မြုပ်နေသော ရတနာကိုဖြစ်သည်။

မြေ​အောက်တွင် မြှုပ်နှံထားသော ယင်တစ္ဆေရတနာမှာ မည်သည့်အမျိုးအစားဖြစ်သည်အား သူ မြင်ရန်အတွက် ​မစောင့်နိုင်တော့ပေ။

သူ၏ လက်များဖြင့် လျှင်မြန်စွာတူးလေ ကျင်းထဲမှာ

စိမ့်ထွက်နေသော အာဃာတ ရောင်ဝါမှာ ပို များပြားလာလေဖြစ်သည်။

ရှစ်ဖုန့်တစ်ယောက် ပင်ပန်းမှုအား အနည်းငယ်မျှ ပင်မခံစားရပါ။ သူပိုတူးလေ ပိုပီး စိတ်လှုပ်ရှားလာလေ ​ဖြစ်သည်။

​နောက်ထပ်မီတာဝက် သို့မဟုတ် ထို့ထက်ပိုတူးမိသောအခါတွင် သံကြိုးနှင့်တစ်ခုခု​ ရိုက်လိုက်မိသော အသံကဲ့သို့ ဒေါင် ဟူသော အသံထွက်ပေါ်လာသည်။

ရှစ်ဖုန့်အားသုံးတာ များသွားသောကြောင့် သူ၏ လက်ပင် အနည်းငယ် ထုံသွားရသည်။

"အမ်....ရှာတွေ့ပီလားဟ.."

မျက်မှောင်ကြုတ် ၍ ဂေါ်ပြားအား ထပ်မံဆုပ်ကိုင်ကာ စောင့်ချလိုက်သည်။

ဂေါ်ပြားနှင့်ထိိမိသည့် အရာက ကျောက်တုံး တစ်တုံး ဖြစ်ပုံရသည်။

"ဟင့်အင်း....ဒါမဟုတ်သေးဘူး..."

သူသည် ကျောက်တုံးအား အာရုံခံပြီး ရှာလိုက်သောအခါ ထိုအရာကား ယင်တစ္ဆေရတနာ မဟုတ်သည်ကို သဘောပေါက်လိုက်သည်။

"ဒီအောက်မှာ များ ဖြစ်နိုင်လောက်မလား.."

သူရေရွတ်လိုက်ကာ အသက်တစ်ချက်ရှုပြီး တွင်းထဲသို့ခုန်ဆင်းလိုက်သည်။(MCက အပေါ်ကနေတူးနေတာပါအခုမှတွင်းထဲဆင်းတာ ဂေါ်ကဘယ်​လော​က်ရှည်လဲမသိဘူး)

မြေပြင်ပေါ်သို့ ပြန်ကျပီးနော​က်..တစ်ခုလုံးအား မြင်ရရန် ​ကျောက်တုံးပေါ်ရှိ မြေစာတို့အား ဂေါ်ပြားဖြင့် တွန်းဖယ်လိုက်သည်။

တွန်းဖယ်ပြီးခဏအကြာတင် ထိုအရာက ကျောက်ပြားတစ်ခုဖြစ်သည်ကို သူသဘောပေါက်လိုက်သည်။

ကျောက်ပြားပေါ်တွင် ဖုံးအုပ်နေသော မြေစာ အကုန်လုံးအား ဖယ်ပြီးသည့်နောက်တွင် ထိုအရာက ခေါင်းတလား၏ အဖုံးဖြစ်သည်အားသူ အတည်ပြုလိုက်သည်။

သူ့ခြေဖဝါးအောက်ရှိ ခေါင်းတလား အဖုံးအား ခေါင်းငုံ့ကြည့်လိုက်ပြီး​နောက် သူ၏ မျက်မှောင်ပိုကြုတ်လာသည်။

သူသည် ထိုင်ချကာ ညာလက်ဖြင့် ကျောက်ပြားအားညင်သာစွာ မလိုက်ပြီး အောက်ဘက်ရှိ အရာအား အာရုံခံလိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ နဖူးကြောတို့ ဖြည်းဖြည်းချင်းပြေလျော့လာကာ တဖြည်းဖြည်းနှင့် အနည်းငယ် စိတ်လှုပ်ရှားလာသည်။

သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သာ်။

" အကြွင်းမဲ့ ယင် မိစ္ဆာအလောင်းကောင်ပဲ"

"ဟုတ်တယ်..ဒီခံစားချက်က..မမှားနိုင်ဘူး"

"ဒါက အကြွင်းမဲဲ့ ယင် မိစ္ဆာ အလောင်းကောင်ပဲ"

"ဟားဟားဟား..ငါအရင်ဘဝတုံး ဒါကို တစ်ဘဝလုံး.လိုက်ရှာခဲ့တာ.. အခုဘဝကြမှပဲ ငါခလုပ်လာတိုက်မိမယ်လို့ ထင်တောင်မထင်ထားဘူး"

သူ့မျက်နှာ တစ်ခုလုံးတွင် ပျော်ရွှင်သော ခံစား ချက်တို့ ပြည့်နှက်နေသည်။

ရုတ်တရက် သူတစ်ခုခုအား သဘော ပေါက်သွားကာ ရှစ်ဖုန့်တစ်ယောက် လန့်ဖျပ်သွားသည်။

သူ၏ ပျော်ရွှင်နေသော မျက်နှာမှာ တဖြည်းဖြည်းတည်ငြိမ်လာပြီး သူ၏ အမူအယာက ပိုပြီး လေးနက်လာသည်။

သူစ်ိတ်ထဲ ကျိန်ဆဲလိုက်သည်။

"လခွီးပဲ..ငါကအခုမှ သိုင်းလက်သင် ငါးသေးနုတ်လေးပဲ ရှိသေးတယ်ဆိုတာကို မေ့လုနီးပါးဖြစ်သွားတယ်"

အကြွင်းမဲ့ ယင် မိစ္ဆာအလောင်းကောင်အား အာရုံခံမိသောကြောင့် သူ စိတ်လှုပ်ရှားသွားမိပြီး လက်ရှိအခြေ အနေအား မေ့သွားမိသည်။

သူ၏ အတိတ်ဘဝက ငရဲဘုံကိုးခု ဧကရာဇ်အနေနှင့်ဆိုပါက ဘယ် ယင် အလောင်းကောင်ကိုမဆို သူ၏ လက်ချောင်းတို့ဖြင့်ပင် အလွယ်တကူ ထိန်းချုပ်၍ မျိုးဖြုတ်ပစ်နိုင်သည်။

သို့သော် ယခုကတော့ တော်တော်လေး အန္တရာယ်များသည်။

ယင် အလောင်းကောင်များသည် အထူးအခြေ အနေဖြင့် မြှုပ်နှံခံထားရခြင်းဖြစ်သည်။သူတို့သည် မပုတ်သိုး ​မဆွေးမြည့်နိုင်သည့်အပြင် မြေအောက် ယွမ်ချီကို အချိန်အကြာကြီးစုပ်ယူခဲ့သောကြောင့် သန္ဓေပြောင်းခဲ့သည်။

ယေဘုယျအားဖြင့် ယင်အလောင်းကောင်တစ်လောင်း ဖြစ်ပေါ်ရန်မှာ ဖြစ်နိုင်ချေ တော်တော် နိမ့်ပါးသည်။ပျမ်းမျှအားဖြင့် ယင် အလောင်းကောင်၏ ကြီးထွားနှုန်းမှာ အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူ၏ အဆင့်က ယေဘုယျ အားဖြင့် မြင့်မားခြင်း မရှိပေ။

ရှစ်ဖုန့်အရင်ဘဝက သူတွေ့ဖူးသော အမြင့်ဆုံး အဆင့်က အဆင့်လေး ယင် အလောင်းကောင်ဖြစ်ပီး သူက ဘုရင်အဆင့် နယ်ပယ်နှင့် နှိုင်းယှဥ်နိုင်သည်။

အခြားတစ်ဖက်တွင် မိစ္ဆာနှိမ်နင်း ယင် အလောင်းကောင်က သာမန်ယင်အလောင်းကောင်တို့နှင့် အကြွင်းမဲ့ကွဲပြားသည်။

ရှေးဟောင်း မှတ်တမ်းများ အရ မိစ္ဆာ နှိမ်နင်းခန္ဓာကိုယ်ဟု ခေါ်သော အထူးလူသား မျိုးနွယ်ခန္ဓာကိုယ်တစ်ခု ရှိသည်။

ထိုအရာအား မိစ္ဆာနှိမ်နင်း ယင်ခန္ဓာကိုယ်ဟုခေါ်ပြီး ထိုခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော သူမှာ ငါးနှစ်ခန့်သာ

အသက်ရှင်နေထိုင်နိုင်မည်ဖြစ်သည်။

အကြွင်းမဲ့ ယင် ခန္ဓာကိုယ်မှာ ရှစ်ဖုန့်သူ၏ ယခင် ဘဝက သန့်စင်ခဲ့သော ငရဲဘုံကိုးခု ခန္ဓာကိုယ်နှင့် ဆင်တူသည်။

သို့သော် အကြွင်းမဲ့ အာဃတ ယင်ခန္ဓာကိုယ်(ဒါက နမည်အပြည့်အစုံပါ ဒါပေမဲ့ မူရင်းအတိုင်း စီလျော်အောင်လိုက်ပြန်တာမို့ နမည်အပေါ်က ကွဲတာလေးတွေရှိပေမဲ့ အတူတူလို့ မှတ်ပေးပါဗျ)နှင့်လူက အများဆုံး ငါးနှစ်ထက်ပို၍ အသက်မရှင်နိုင်ပေ။

သို့သော် သေပြီးနောက် ကျန်ရစ်သော အလောင်းကောင်မှာမူ ယင်တစ္ဆေ ရတနာဖြစ်လေသည်။

အကြွင်းမဲ့ အာဃာတ ယင် အလောင်းက ​မြေအောက် ယွမ်ချီအား အချိန်အကြာကြီးစုပ်ယူ ထားခဲ့သောကြောင့် အဆုံးမဲ့ အလားအလာနှင့် အံ့ဖွယ်ကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်လေသည်။

ရှေးမှတ်တမ်းများအရ မိစ္ဆာနှိမ်နင်း ယင်အလောင်းကောင်မှာ မိုးကောင်းကင်တွင် အသာလွန်ဆုံး အဆင့်ကိုး ဧကရာဇ်အလောင်းကောင်ဖြစ်သည်။

ထိုအရာက လုံးဝအမှန်ဧကန်ဖြစ်သည်။ အကြွင်းမဲ့ မိစ္ဆာ ယင်အလောင်းကောင်၏ ပါရမီမှာ အံ့ဖွယ်ကောင်းပြီး အလားအလာမှာ အကန့်သတ်မဲ့ဖြစ်ကာ ရှစ်ဖုန့်ပင် ၎င်းအား ကြောက်ရွံ့ရသည်။

သူ၏ မိသားစုက ဤနေရာတွင် အနည်းဆုံး ဆယ့်ငါးနှစ်ခန့်နေခဲ့ပြီး ၎င်း ကဆယ့်ငယ့်နှစ် အလွန်လောက်ထဲက မြှုပ်နှံခံရ၍ သန္ဓေ ပြောင်းခဲ့လျှင်တောင် ယင်းမှာ အနည်းဆုံး အဆင့်နှစ် ယင်အလောင်းကောင်အဖြစ် ရှိနေနိုင်သည်။

မတူညီသော လောကနှစ်ခုတွင်ပင် ယင်းက သာလွန်သော တည်ရှိမှုတစ်ခုဟု ပြော၍ ရနိုင်၏။

အကယ်၍များရှစ်ဖုန့်က တတိယအဆင့် စိတ်ဝိညဥ်နယ်ပယ် စတုတ္ထအဆင့် ဘုရင်နယ်ပယ် ပဥ္စမအဆင့် အင်ပါယာနယ်ပယ်

ဒါမှ မဟုတ် ထို့ထက်ပိုသန်မာသော အဆင့်အဖြစ်ပြောင်းခဲ့လျှင် ...

သို့သော် ယခုဤအရာက ပေါ်ပေါက်လာပြီဖြစ်သည်။

လက်လျော့လိုက်ရခြင်းက ရှစ်ဖုန့်၏ ပုံစံမဟုတ်ပေ။

"အားလုံးဖော်တာပေါ့..."

"ငါတို့သေရမယ်ဆိုလည်း...သေပါစေ"

ရှစ်ဖုန့်အံကိုကြိတ်ကာ သူ၏ လက်သီးကိုဆုပ်ထား၏။

ယခုချိန်ထိတိုင် အထဲက ဘာလှုပ်ရှားမှု မှရှိမနေသေးပေ။ဒါက အထဲရှိ ထိုအရာသည် ငြိမ်သက် အိပ်မောကျနေတုံး ဟု ဆိုလိုခြင်းဖြစ်သည်။

ဒါကလည်း ရှစ်ဖုန့် ပြန်မဆုတ်ခွာရခြင်း၏ အကြောင်းပြချက် တစ်ခုဖြစ်၏။

ရှစ်ဖုန့်က ဘေးသို့ဆုတ်လိုက်က သူ၏ လက်နှစ်ဖက်ဖြင့် ထူးဆန်းသော လက်ချိိတ်ပ်ိတ်ပုံစံတစ်ခုကို ဖြစ်ပေါ်စေသည်။

ချိတ်ပိတ်တံဆိပ်က ပုံစံအလွှာ တစ်ထပ်ပြီးတစ်ထပ် ဆက်တိုက် ဖြစ်ပေါ်လာသည်။

ရှစ်ဖုန့်၏ ကျွမ်းကျင်စွာ ကိုင်တွယ်မှုနောက်တွင် ကျောက်ခေါင်းတလားဆီမှ အရှိန်အဟုန်ဖြင့် ထွက်နေသော အာဃာတချီအားလုံးက သူ၏ အထက်တွင် စုစည်းလာသည်။

အနီးကပ်သေချာ စွာကြည့်ပါက ကြိတ်ဆုံအရွယ် သေးငယ်သည့် ဝဲလေးတစ်ခုက ရှစ်ဖုန့်၏ ဦးခေါင်းထက်တွင် ဖြစ်ပေါ်နေသည်ကို မြင်ရမည်ဖြစ်သည်။

ဖြည်းဖြည်းချင်း သေးငယ်သည့်ဝဲလေးထဲတွင်ဖားလောင်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်စကားလုံးတစ်ခု ပေါ်လာသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters