← Chapters

အပိုင်း(၉)

Vol. 1 Ch. 9

အပိုင်း(၉)

Vol. 1 Ch. 9

"ဖလတ်.."

ရုတ်တရက် ညသန်းခေါင်ယံ အချိန်တွင် နှလုံးခုံသံ ကဲ့သို့ ပုံမှံမဟုတ်သော အသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။

"ဒုတ်ဒုတ်..ဒုတ်ဒုတ်. ဒုတ်ဒုတ်...."

"သေစမ်း..."

ရှစ်ဖုန့်၏ အမူအယာ မှာ ပြောင်းလဲသွားသည်။

ထိုအသံမှာ ကျောက် ခေါင်းတလားထဲမှလာသောအသံဖြစ်သည်ကို သူ ရှင်းလင်းစွာ ကြားနိုင်သည်။

"ဘုန်း...."

ကျယ်လောင်သော အသံနှင့်အတူ သူ၏ ခြေထောက်ဘေးတွင် ရှိနေသော ခေါင်းတလားအဖုံးမှာ ရုတ်ချည်း ပေါက်ကွဲထွက်သွား သည်ကိုတွေ့လိုက်ရသည်။

ကျောက်တုံးအပိုင်းအစများ က နေရာအနှံ့ကို ပျံ့နှံ့လွင့်ထွက်သွားပြီး ကြမ်းကြုတ်သော အမှောင်စွမ်းအင်တို့က ကြမ်းကြုတ်သော မုန်တိုင်းတစ်ခုကဲ့သို့ ကျရောက်လာသည်။

ကျောက်ခေါင်းတလားက အလယ်မှနေ၍ အရာအားလုံးအား ဖျက်ဆီးပစ်ချင်သကဲ့သို့ ဦးတည်ချက်ဘက်ပေါင်းစုံအား သိမ်းကျုံး တွန်းဖယ်တိုက်ချသည်။

ရှစ်ဖုန့်တစ်ယောက် တုန်လှုပ်သွားကာ ငရဲဘုံကိုးခု နည်းစနစ်အား ကမန်းကတန်း လှည့်ပတ်စေလိုက်ရသည်။

စွမ်းအားကြီး စုပ်ယူမှု စွမ်းအင်မှုတစ်ခုအား သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်ကာ ကြမ်းကြုတ်သော အာဃာတ ချီများအား သူ၏ ကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။

ဤ ကြမ်းကြုတ်သော အာဃာတ ချီများသာ ပျံ့နှံ့သွားခဲ့လျှင် ရှစ်လင်နှင့် ပုယွဲ့တို့မှာ ၎င်းအား ​တောင့်ခံနိုင်မည်မဟုတ်ကြပေ။

"မင်းမေလိုးပဲ"

"ဒီအချိန်ကြမှ ဘာလို့ဒါက နိုးထလာရတာလဲ"

"ဒီဖေဖေရဲ့ ကံတရားက အဲ့လောက် မဆ်ိုးပါဘူးဟ"

ရှစ်ဖုန့် ထခုန်လုနီးနီးဖြစ်သွားကာ ကျိန်ဆဲလိုက်သည်။

"ဒီသောက်ဟာက စောစော ဒါမှမဟုတ် နောက်ကျမှ နိုးလာရမှာ.. အခုတော့ ဒီအချိန်မှ နိုးထလာရတယ်လို့"

အကြွင်းမဲ့ ယင် တစ္ဆေအလောင်း​ကောင်အား ထိန်းချုပ်ဖို့ မဆိုထားဘိ သူ၏ အသက်အတွက်ပင် ပြဿနာ ရှိလာပြီဖြစ်သည်။

လွင့်ပျံတက်လာသော ကျောက်စရစ်ခဲများ အလယ်မှ

ဖြူဖက်ဖြူရော် မျက်နှာတစ်ခုက ဖြည်းဖြည်းချင်းပေါ်လာသည်။

၎င်းမှာ အသက် ဆယ့်ငါး ဆယ့်ခြောက်အရွယ် မျက်နှာ တစ်ခုဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

ယင်းမှာ အနည်းငယ်သာဆိုသော်ငြား တော်တော်လေးတော့ ယောက်ျားပီသသည်။

"ဆယ့်ငါး ဆယ့်​ခြောက် အရွယ်လား ဟ"

"အကြွင်းမဲ့ အာဃာတ ယင်ခန္ဓာကိုယ်က ငါးနှစ်ပဲ အသက်ရှင်နိုင်တာလို့ သူတို့ပြောခဲ့တာ မဟုတ်ဖူးလားဟ"

ရှစ်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ယင်အလောင်ကောင်းက ကျောက်ခေါင်းထလားထဲမှ ဖြည်းညှင်းစွာ​ ထထိုင်လာသည်။

၎င်းမှာ ဝတ်လစ်စလစ် ဖြစ်ပြီး မျက်လုံးများမှာ ပွင့်နေသော်လည်း ၎င်းတို့မှာ ဗလာနနတ္ထိပုံစံဖြစ်နေသည်။

"တစ်ခုခုတော့ မဟုတ်သေးဘူး..."

"ငါဘာကိုမှ ဂရုစိုက်မနေတော့ဘူးကွာ"

ဤ အချိန်တွင် ရှစ်ဖုန့်က ဘယ်နေရာကို မှ မဆုတ်ခွါခဲ့ပါ။

ရှစ်ဖုန့်က သူ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး သူ၏ ခေါင်းထက်၌သေးငယ်သော ချာချာလည်နေ

သည့်အိုင်လေးက ယင်အလောင်းကောင်ဆီသို့ ဖိနှ်ိပ် ဆင်းသွားသည်။

ချာချာလည်နေသော အိုင်လေး၏ ဖိအားအောက်၌ ယင်အလောင်းကောင်၏ မျက်နှာမှာ ဗလာနတ္ထိအမူအယာ​ပင်ဖြစ်သည်။

၎င်းက ဘာခုခံမှုမှမပြုသလို ဘာမျှလည်း လုပ်ဆောင်ခြင်း မရှိချေ။

ထိုနေရာတွင်သာ ထိုင်မြဲတိုင်း ထိုင်နေပီး မလှုပ်မယှက် ရှိနေသည်။

ထိုအချင်းအရာက ရှစ်ဖုန့်အား ပို၍ စပ်စုချင်စိတ်ကို ဖြစ်ပေါ်စေသည်။

"ဒီငတိ ရူးတော့ မရူးဘူးမလား...ရူးများရူးနေတာလား"

ဤကဲ့သို့ အခြေအနေအား ရှစ်ဖုန့် လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

သူ၏ ယခင်ဘဝ၌ ဉာဏ်ရည်နိမ့်ပါးကာ ကြုမ်းကြုတ်သော သားရဲကောင်များနှင့် နှိုင်းယဥ်ရနိုင်သည့် ရက်စက်ဆိုးသွမ်းသော ယင်အလောင်းကောင်တို့အား တွေ့ဖူးပေသည်။

၎င်းတို့က သူတို့မြင်တွေ့သမျှ သက်ရှိသတ္တဝါတိုင်းအား တိုက်ခိုက်လိမ့်မ​ည်ဖြစ်သည်။ အထူးသဖြင့် ယင်းတို့အား မြေကြီးထဲမှာ တူးဖော်သည့်သူများကို ဖြစ်သည်။

သူတို့၏ အိပ်စက်ခြင်းအား အနှောက်အယှက်ပေးသည့် သူများအား ပိုပြီး ရက်စက် ကြမ်းကြုတ်လ်ိမ့်မည်ဖြစ်သည်။

ဤယင်အလောင်းကောင်မှာ အရမ်းသိမ်မွေ့လွန်းသည်။

၎င်းမှာ အော်ဟစ်ခြင်းမပြုသလို ဘာဆူညံသံမှလည်း မပြုလုပ်ချေ။

ယင် အလောင်းကောင် ပတ်လည်တွင် ဝဲက လည်ပတ်နေပီး ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။

ခဏအကြာတွင် လက်ချောင်းအရွယ် လျှို့ဝှက် ဆန်းကြယ်သော စကားလုံးတို့က သူ၏ နဖူးထက်တွင် ပေါ်လာပြီး သူ၏ ရုပ်ဖြောင့်ဖြောင့် ခပ်ချောချော မျက်နှာမှာ ပို၍ နတ်ဆိုးဆန်လာသည်။

အဖြူရောင် ဝိသေသ လက္ခဏာများအား နီးကပ်စွာ တစ်ချက် ကြည့်မည်ဆိုလျှင် ငရဲဘုံကိုးခု ဧကရာဇ်၏ ငရဲစာလုံးများ ​နှင့် ဆင်တူ သည်ကို ရှာတွေ့မည်ဖြစ်သည်။

"ငါသူ့ကို ဒီတိုင်းပဲ ထိန်းချုပ်နိုင်သွား တာလားဟ"

ယခု ရှစ်ဖုန့်ပင် ထိုအရာအား ယုံကြည်ရန်ခက်ခဲနေသေးသည်။

သို့သော် သူ၏ ဝိညာဥ် အမှတ်အသားက ယင်အလောင်းကောင်၏ နဖူးထက်တွင် ပေါ်လာသည်။

ယင်းက သူသည် သခင်နှင့် အစေခံစာချုပ်အား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်းကို ရှင်းလင်လှပေသည်။

အတွေးတစ်ချက်ဖြင့် ယင်အလောင်းကောင်အား ကျောက်ခေါင်းတလား ထဲမှ ထရပ်စေလိုက်သည်။

သို့သော် ဤ ယင်အလောင်းကောင်က အခြားသော ယင် အလောင်းကောင်များနှင့် ကွဲပြားနေသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။

သူထလာသည့်အခါ စပ်စုလိုသော အမူအယာအား တကယ် လှစ်ဟပြထားသည်။

ဤ ယင်အလောင်းကောင်မှာ တကယ့်ကို အနည်းငယ်ထူးဆန်းနေသည်အား ရှစ်ဖုန့်အာရုံခံမိ၏။

အာရုံခံပြီးသည့်နောက် ဤ ယင်အလောင်းကောင်မှာ တတိယအဆင့် စိတ်ဝ်ိညာဥ်နယ်ပယ် အဆင့်သို့ ရောက်နေပြီး ဖြစ်သည်ကို သဘောပေါက်လိုက်သည်။

သို့သော် မည်သို့ပင် ဖြစ်နေပါစေ သခင်နှင့်အစေခံ စာချုပ်ဖြင့်ဆိုပါက ဤယင်အလောင်းကောင် အနေဖြင့် ထာဝရ သူ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီးဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ရုတ်တရက် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းက နောက်တစ်ကြိမ် ထပ်မံ၍ လင်းလက်လာပြန်သည်။

အစောပိုင်းက သူစုပ်ယူခဲ့သော အာဃာတ ယင် စွမ်းအင်အား လုံးဝ ချေဖျက်ပြီးဖြစ်သောကြောင့် ၎င်းမှာ သူ၏ ဒန်တန်အတွင်းတွင် သန့်စင်သော ငရဲဘုံကိုးခု စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဒါသည် ယနေ့အတွက် ခြောက်ကြိမ်မြောက် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းလင်းလတ်ခြင်းဖြစ်သည်။

သူသည် ကြယ်ခြောက်ပွင့် သိုင်းလက်သင် အဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

"အခုသူ့ဆီကထုတ်လွှတ်တဲ့ အာဃာတ ချီက သူခေါင်းတလားထဲက ပထမဆုံး ထွက်လာချ်ိန် ထုတ်လွှတ်တုံးက လောက် မကြမ်းကြုတ်ပေမဲ့ မိုးသောက်ချိန် မတိုင်ခင် မှာ ငါ ကြယ်ကိုးပွင့် သိုင်းလက်သင် အဆင့်ကို တက်လို့ရနိုင်တဲ့ အထိတော့ အဆင်ပြေသေးတယ်"

ရှစ်ဖုန့်က အလောင်းကောင်မှ ထုတ်လွှတ်သော အာဃာတချီကို အာရုံခံပြီးနောက် ပြောလိုက်သည်။

၎င်းခေါင်းတလား ထဲမှ ပထမဆုံး ထွက်လာသည့် အချိန် အာဃာတချီတို့ ကြမ်းကြုတ်ရခြင်းမှာ အာဃာတချီတို့က နှစ်ပေါင်းများစွာ စုဆောင်းထားခြင်းဖြစ်သည့်အပြင် ခေါင်းတလားထဲ၌ ဖိသိပ် ခံထားရသောကြောင့်ဖြစ်သည်။

ခေါင်းတလား၏ အဖုံး ကျိုး​ပြတ်သွားသောအချိန်တွင်အာဃာတချီအားလုံးက ရုတ်ချည်း လွှတ်လိုက်သလိုဖြစ်သွားပြီး ရလဒ်အနေဖြင့် အံ့သြဘနန်း အဖြစ်အပျက် ထွက်လာရခြင်းဖြစ်၏။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်အနေဖြင့် အဓိက အရာနှစ်ခုအားအမြတ်ထွက်ခဲ့ခြင်းဟု ဆိုနိုင်သည်။

သူသည် စိတ်ဝိညာဥ် အဆင့် တိုက်ခိုက်သူ တစ်ယောက်အား ရရှိခဲ့ရုံသာမက ယင်တစ္ဆေ ​ကျင့်ကြံခြင်း ရတနာကိုပါ ရရှိခဲ့သည်။

သို့သော် ရှစ်ဖုန့် ယင်အလောင်းကောင်အား ပိုပြီး ကြည့်လေ တစ်ခုခုကမှားနေသည်ဟု ပိုပြီး ခံစား ရလေ ဖြစ်သည်။

ဤအရာ၏ စူးစိုက်ကြည့်မှုတို့က ပိုပြီး လူသားဆန်လွန်းနေလှသော်လည်း တကယ့် ယင်အလောင်းကောင် ဖြစ်သည်ကိုတော့ သံသယဖြစ်ဖွယ် မရှိပေ။

၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အာဃာတချီမှာ သာမန်ယင်အလောင်းကောင်တစ်ကောင်နှင့် နှိုင်းယှဥ်၍ မရသော အရာဖြစ်သည်။

ရှေးဟောင်းစာအုပ် မှတ်တမ်းများမှ အကြွင်းမဲ့ ယင်မိစ္ဆာ အလောင်းကောင်နှင့် အခြေခံအားဖြင့် တူညီလှသော်လည်း ထိုရှေးဟောင်းမှတ်တမ်းများအရတော့ အကြွင်းမဲ့ ယင် မိစ္ဆာ ခန္ဓာကိုယ် ပိုင်ရှင်မှာ ငါးနှစ်ထက်ပိုပီး အသက်မရှင်နိုင်ပေ။

"တစ်ယောက်ယောက်က သူ့ရဲ့သက်တမ်းကို ကောင်းကင်ဘုံဖီဆန် ကံကြမ္မာ ပြောင်းလဲခြင်း နည်းစနစ်ကို သုံးပြီး ဆွဲဆန့်ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့.... သနားစရာပဲ"

"ရှေးဟောင်းခေတ် ကတည်းက အကြွင်းမဲ့ ယင် မိစ္ဆာ ခန္ဓာကိုယ်က ကံ​ဆိုးမှုကနေ လွတ်မြောက်နိုင်စွမ်း မရှိဘူး"

"အကြွင်းမဲ့ ယင်မိစ္ဆာ ခန္ဓာကိုယ်သာ မသေဆုံးခဲ့ရင်

ငါရဲ့ ငရဲဘုံကိုးခု နည်းစနစ်နဲ့ ငရဲဘုံခန္ဓာကိုယ်သန့်စင်မှု ​ကျင့်ကြံခြင်းဟာ ကောင်းကင်ဘုံကိုတောင် ဖီဆန်နေလိမ့်မယ်.."

"ကျုပ်....မ..သေ..သေး..ဘူး..."

ထိုအချိန်တွင် ရှစ်ဖုန့်အား စိုက်ကြည့်နေသော နတ်ဆိုး ဆန်သော မျက်နှာက ရုတ်တရက် စကားထပြောလာသည်။ သူ၏ အသံမှာ ကွဲအက်အက်ဖြစ်နေပြီး အကြာကြီးစကား ပြောနိုင်စွမ်း မရှိသကဲ့သို့ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေသည်။

"ဟမ်"

ရှစ်ဖုန့်က ယင်အလောင်းကောင်အား ကြည့်လိုက်သည်။

၎င်း၏ အသံအား ကြားလိုက်ရသော အခု သူက မေးလိုက်သည်။

"မင်းမှာ မင်းအသက်ရှင်တုံးက မှတ်ဉာဏ်တွေ ရှိနေသေးတာလား..."

ယင်အလောင်းကောင်ဆိုသည်မှာ လူတစ်ယောက်သေဆုံးပြီးမှသာ မွေးဖွားလာခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က သန္ဓေပြောင်းသွားကာ အသိဉာဏ်လည်း တိုးတက်လာသည်။

သို့သော် ၎င်းတိုးတက်လာသော အသိဉာဏ်က အရင်ကနှင့် လားလားမျှ သက်ဆိုင်နေခြင်း မရှိပေ။

ဥပမာအနေဖြင့် ၎င်းက ခန္ဓာကိုယ် တစ်ခုတည်းသာဖြစ်သော်လည်း သူတို့မှာ မတူညီသော ဘဝနှစ်ခု ဖြစ်သည်။

"ကျုပ်..လား"

"မမွေး..ဖွား..လာ..ခင်..လား"

ယင်အလောင်းကောင်မှာ ဘာပြောရမှန်းမသိ ဖြစ်နေတုံးဖြစ်သည်။

"ကျုပ်..က..ဘယ်..သူ..သူ..ကျုပ်...နန်ကုန်း...."

ယင်အလောင်းကောင်က သူ၏ လက်တို့ကိုကြည့်ကာ တစ်ခုခုအား အမှတ်ရရန်ကြိုးစား နေသည်။

ရှစ်ဖုန့်စတင် နားလည်လာခဲ့သည်။

ဤယင်အလောင်းကောင်မှာ တကယ့်ကို အနည်းငယ် ထူးခြား၏။

သူသည် လူသားဘာသာစကား အားနားလည်နိုင်သည်။ ထိုအရာက သူ့တွင် အတိတ်က မှတ်ဥာဏ်အချို့ ရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ထိုမှာတ်ဥာဏ်များက သူသေဆုံးသွားသော အခါ အရင်ခံအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။

၎င်း၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်မှာ ရပ်စဲနေသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

သို့သော် ၎င်းက ယခုဘဝတွင် အရင်ဘဝမှ မှတ်ဥာဏ်တို့အား စဥ်းစားမိနိုင်သေးသည်။

ထိုအရာက လူတစ်ယောက်သည် သူ၏ မှတ်ဥာဏ်များအား ဆုံးရှုံးရသကဲ့သ််ို့ ဖြစ်သည်။

ယင်အလောင်းကောင် တစ်ကောင်တွင် ယခုကဲ့သ်ို့ ဖြစ်ပျက်ခြင်းအား သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူး ခြင်း ဖြစ်သည်။

သို့သော် ရှစ်ဖုန့် ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။

၎င်း၏ အရင်ဘဝတွင် သူသည် အင်ပါယာ အဆင့် တစ်ယောက်၏ ဆိုးဝါးစွာ သမမှုကို ခံပြီး ၎င်း၏ ဝိညာဥ်မှာလည်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

သူက တကယ့်ကို ပြန်လည်ဝင်စားခြင်း ဖြစ်သည်။

ထိုထက်ပိုပြီး ထူးခြားဆန်းကြယ်သော အရာ မရှိနိုင်ပေ။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်အတွက် တကယ်ကို ကံကောင်းခဲ့သည်။

ဤ ယင်မိစ္ဆာ အလောင်းကောင်က သူ၏ လူသား သဘာဝအား စွဲကိုင်ထားဆဲဖြစ်ပြီး ခေါင်းတလားထဲမှ ထွက်လာချိန်တွင်လည်း အရမ်းသိမ်မွေ့ နေသောကြောင့် အားလုံးက အံကိုက်ဖြစ်သွားခြင်းဖြစ်သည်။

ကြမ်းကြုတ်သော သားရဲ သဘာဝဖြင့် သာမန်ယင်အလောင်းကောင်တစ်ကောင်သာဆိုပါက ၎င်းနိုးထလာချိန်တွင် ရှစ်ဖုန့်အား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ပြီးသည်မှာ သေချာသလောက်ဖြစ်သည်။

"မင်းရဲ့ အရင်ဘဝဟာ တဒင်္ဂ ပြီးဆုံးသွားပြီ"

"အခုကစပြီးတော့ မင်းဟာ ငါ့ရဲ့နောက်ကို လိုက်ရမယ်"

"မင်းရဲ့ နမည်က ယင်ရှပဲ "

ရှစ်ဖုန့်က ငြင်းပယ်ခွင့် မပြုသော အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

"ယင်. ..ကျုပ်..ကျုပ်.."

ယင်အလောင်းကောင်က ရှစ်ဖုန့်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေတုံးဖြစ်သည်။

"မင်းဟာ ငါ့အမိန့်တွေကို အကြွင်းမဲ့ နာခံရမယ်"

ရှစ်ဖုန့်က ပြောလိုက်သည်။

အတွေးတစ်ချက်ဖြင့် သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ တုန်ခါသွားပြီး မြေတိုင်လုံးနှစ်လုံး ရုတ်တရက် မြင့်တက်လာသည်။

၎င်းတို့က ရှစ်ဖုန့်နှင့် ယင်အလောင်းကောင်အား တွင်းထဲမှ ဆွဲခေါ်ကာ မြေပြင်ထက်သို့ မြင့်တက်လာသည်။

​

မြေပြင်နှင့် တန်းတူညီသော အမြင့်သို့ ရောက်မှသာ ရပ်တန့်သွားခဲ့ကြသည်။

တွင်းထဲမှ မြင့်တက်လာသော မြေတိုင် နှစ်ခုအား ကြည့်ကာရှစ်ဖုန့် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

"အကြွင်းမဲ့ ယင် မိစ္ဆာအလောင်းကောင်ကို မြေကြီးရဲ့မျက်ရှု(အသည်းကြော်) လို့ ခေါ်ထိုက်ပါပေတယ်"

ရှေးဟောင်း မှတ်တမ်းများအရ အကြွင်းမဲ့ ယင်မိစ္ဆာ အလောင်းကောင်မှာ သဘာဝမြေသားမှ မွေးဖွားလာခြင်းဖြစ်သည်။

၎င်းမှာ မြေသား အံ့ဖွယ် နည်းစနစ်ဖြင့် မွေးဖွားလာခြင်းဖြစ်ပြီး မြေသားမျက်ရှုအဖြစ် သိကြသည်။

ယခုရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့်ပင် သူက ယင်အလောင်းကောင်အား မြေမှော်စွမ်းအားကို ထုတ်လွှတ် အသုံးပြုစေနိုင်သည်။

ရလဒ်မှာ အရမ်းကို အားရကျေနပ်ဖို့ ကောင်း၏။

ရှစ်ဖုန့်၏ နောက်ထပ်အတွေးတစ်ချက်ဖြင့် တွင်းဝရှိ မြေစာတို့မှာ အသက်ဝင်လာပုံရပြီး အလိုအလျောက် မြေတွင်းထဲသို့ သက်ဆင်းသွားကြသည်။

အသက်ရှူချိန် အနည်းငယ်ခန့်အတွင်း ရှစ်ဖုန့် ညဝက်ခန့် အချ်ိန်ပေးတူးခဲ့ရသော တွင်းကြီးမှာ လုံးဝ ပြန်လည် ပြည့်ပိတ်သွားခဲ့သည်။

ရှစ်ဖုန့်၏ ထိန်းချုပ်မှု အောက်တွင် ဘာတူးဖော်ခဲ့သော လက္ခဏာမှ ကျန်ရစ်နေခဲ့ခြင်း မရှိပေ။

"ဒါက.. အရမ်းကို.. အံ့သြစရာပဲ"

ယင် မိစ္ဆာအလောင်းကောင် သင်္ချိုင်း မြေပြင်၏ ရင်သက်ရှုမောဖွယ် ကောင်းခဲ့မှုကြောင့် ရှစ်ဖုန့်ပင် သက်ပြင်းချမိသည်။

"ဟမ်..."

ရုတ်တရက် ရှစ်ဖုန့်၏ အမူအယာမှာ အေးစက်မှုသို့ ပြောင်းလဲသွားသည်။

ဆက်ရန်.....

ဘာသာပြန်သူ-Arise

All Chapters