← Chapters

အပိုင်း(၁၀)

Vol. 1 Ch. 10

အပိုင်း(၁၀)

Vol. 1 Ch. 10

"ဟမ်"

ရုတ်တရက် ရှစ်ဖုန့်၏ အမူအယာက အေးစက်လာခဲ့သည်။

အစောပိုင်းက အပေါက်ဝရှေ့တွင် သူစိုက်ထားခဲ့သော နှင်းဖြူရောင်ဓားအား တစ်စုံတစ်ဦးမှ ရွှေ့လျားအောင်လုပ်လိုက်သည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

"တစ်ချို့လူတွေ သေခြင်းတရားကို ရင်ဆိုင်နေကြတာပဲ..."ဟု ရှစ်ဖုန့်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။

အတွေးတစ်ချက်ဖြင့် ယင် မိစ္ဆာ ခန္ဓာကိုယ်အား မြေကြီးထဲသို့ နစ်မြုပ်​စေလိုက်သည်။

၎င်း၏ ခြေဖဝါး အောက်ရှိ မြေပြင်မှာ ရေပြင်ကဲ့သို့ ဖြစ်သွားပြီး ယင်မိစ္ဆာ ခန္ဓာကိုယ်အား ဖြည်းညှင်းစွာ ဆွဲယူ နစ်မြုပ်သွားစေသည်။

ထို့နောက် ချက်ခြင်းပင် ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့ နစ်မြုပ်သွားကာ ဘာသဲလွန်စ တစ်ခုမှ ကျန်ရစ်နေခဲ့ခြင်း မရှိပေ။

ရှစ်ဖုန့်က အပြင်သို့ မထွက်ခွာသေးခင် အိပ်​ပျော်နေသော ရှစ်လင်နှင့် ပုယွဲ့အား တစ်ချက်​လှည့်ကြည့်လိုက်သည်။

ယနေ့ညအဖို့ မအိပ်ရဖို့အတွက် ကံပါနေသည်။

တောက်ပနေသော လမင်းကြီးက ကောင်းကင်မြင့်ထက်တွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး မှိန်ဖျော့သော လရောင်ခြည်က ဖြာကျနေကာ အဖြူရောင်ထိန်လင်းဝင်းပနေသော ရောင်ခြည်လွှာက ရှို့လင်ရွာကလေးကို ဖုံးလွှမ်းထားသည်။

အဝေးက လှမ်း၍ ကြည့်ပါက ငြိမ်းချမ်းအေးဆေးမှုကို ဆောင်ယူလျက်ရှိနေသည်။

"ဝုန်း.ဒုန်း..ဒုန်း...ဒုန်း..ဝုန်း.."

ရုတ်တရက် မြေပြင်မှာ တုန်ခါသွားသည်။

"ဟိုင်းယား...ကျား..ဟ်ိုင်း...ဟိုင်းယား."

ရှိိုလင်ရွာနှင့် မဝေးလှသော တောင် တက်လမ်းကလေးပေါ်တွင် လူတစ်စု၏ ဖုန်သဲတလိမ့်လိမ့်ဖြင့် မြင်းစီးညှာသံပေးသံတို့ ပေါ်လာသည်။

ထိုလူစုအား လူသုံးယောက်က ဦးဆောင်လျက်ရှိသည်။

သူတို့ထဲက တစ်ယောက်မှာ ငယ်ရွယ်ပြီး အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည်။

သူ့တွင် ချောမောလှပသော မျက်နှာတစ်ခုရှိကာ ခံညားသော အသွင်သဏ္ဍာန်ကိုဆောင်နေသည်။

တစ်ယောက်မှာ သက်လတ်ပိုင်း အရွယ်ဖြစ်ကာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူ၏ ကျောထက်တွင် ဓားရှည်တစ်ချောင်းအား သယ်ဆောင်ထားကာ ဆုံးဖြတ်ချက်ပြတ်သားသည့် မျက်နှာထားမျိုး ရှိသည်။

ကျန်တစ်ဦးမှာ အသက်အရွယ် ကြီးရင့်ပြီး ဆံပင်အဖြူရောင်ရှိကာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူတို့၏ နောက်ရှိ မြင်းကို ဒုန်းစိုင်းစီးနေကြသော သူများမှာ သိုင်းဝတ်စုံများအား ဝတ်ဆင်ထားကြသော သိုင်းပညာရှင်များဖြစ်ကြသည်။

သူတို့အားလုံးတွင် ထူးခြားသော ရောင်ဝါများ ရှိကြပြီး

အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်မှာ စစ်သည်တော် နယ်ပယ်ဖြစ်သည်။

"ဟားဟား...အဖေဘာတွေတွေးနေတယ်ဆိုတာကို ငါတကယ်မသိတော့ဘူး.."

"သိုင်းလက်သင်လေး တစ်ယောက်ကို ဖမ်းဖို့ အတွက်ကို သူက တကယ်ကြီး ကျုပ်တို့ ဟိုင်ကလန်ရဲ့ ကျွမ်းကျင်သူ အများကြီးကို စေလွှတ်ခဲ့တယ်"

"ဦးလေးရမ်နဲ့ ကြီးကြပ်သူ ယွဲ့ပါ ပါသေးတယ်"

အဖြူရောင် ဝတ်ဆင်ထားသော လူငယ်လေးက ဂရုမစိုက်ဟန်ဖြင့် အကျယ်ကြီး ရယ်မောလိုက်သည်။

ဤ လူငယ်လေးမှာ ဟိုင်ကလန်၏ တတိယသခင်လေး ဖြစ်ပြီး ဟိုင်ကလန်ခေါင်းဆောင် ဟိုင်ပါထျန်း၏ တတိယမြောက်သား ဖြစ်သည်။

သူ၏နမည်မှာ ဟိုင်မင် ဖြစ်ကာ ကျင့်ကြံမှု အဆင့်က ကြယ်သုံးပွင့် စစ်သည်တော် အဆင့်ဖြစ်သည်။

"သိုင်းလက်သင် တစ်ယောက်က ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေမဲ့ ...ဒီကိစ္စဟာ အရမ်းကြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေသေးတယ်"

"ဒါဟာ ကျုပ်တို့ဟိုင် မိသားစုရဲ့ သေရေးရှင်ရေးနဲ့ပါ ပက်သက်နေတယ်"

"မိသားစုခေါင်းဆောင်က ဘာမတော်တဆ ဖြစ်ရပ်ကိုမှ ဖြစ်မသွားစေချင်ဘူး."

"အဲ့ကလေးကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ရှာတွေ့မှ ရမှာ"

ဟိုင်မင်၏ ဘေးတွင် ရှိသော သက်လက် ပိုင်းအရွယ် ဟိုင်ရမ်က ပြောလိုက်သည်။

သူသည် ကြယ်ငါးပွင့် သခင် တစ်ယောက်ဖြစ်ကာ ဟိုင်ပါထျန်း၏ တပည့်တစ်ဦးလည်းဖြစ်သည်။

သူ့အား မိုး​ပြာရောင် လမြို့၏ နမည်ကြီး ပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

"ကျွတ်...ဦလေးရမ် ချဲ့ကားပြောတာ နည်းနည်းများ များမနေဘူးလား"

"သေသွားတဲ့သူက ကောင်းကင်ဘုံလေ ဂိုဏ်းရဲ့ တပည့်လေးတစ်ယောက်ပဲဟာ.."

"ကောင်းကင်ဘုံလေဂိုဏ်းက ကျွန်တော်တို့ကို အပြစ်လာတင်ရင်တောင် သူတို့ကို ငွေဒါမှမဟုတ် ရတနာ အချို့ကို လျော်​​ကြေး ပေးလိုက်ရင်ပြီးတာပဲဟာ"

"ကျွန်တော်တို့မှာ ရှိတာတွေက သားစဥ်မြေးဆက်အချို့ထိ အောင် ထိုင်စားလို့ရတာပဲလေ.."

"ဟုတ်တယ်မလား...ကြီးကြပ်သူ ယွဲ့.."

ဟိုင်မင်က မထီမဲ့မြင် မျက်နှာထားဖြင့် ပြောလိုက်သည်။

ဟိုင်မင်၏ စကားတို့အား ကြားလိုက်ရသောအခါ ဟိုင်ရမ်က မသိမသာ ခေါင်းကိုခါယမ်းလိုက်ပြီး ထပ်ပီးခေါင်းကို ခါယမ်းလိုက်သည်။

ဟိုင်မင်၏ သိုင်းတာအို ကျင့်ကြံခြင်း ပါရမီမှာ မိုးပြာရောင်​လမြို့၏ လူငယ်မျိုးဆက်သစ်များကြားထဲတွင် အဆိုးဝါးကြီးမဟုတ်သော်လည်း ဟိုင်ပါထျန်း၏ သားသုံးယောက် ထဲတွင်တော့ ဟိုင်မင်မှာ အသုံးမကျဆုံးနှင့် အသုံးမဝင်ဆုံးသား ဖြစ်သည်။

သူသည် တစ်နေ့လုံး အချောင်ခို ပျင်းရိနေတတ်ပြီး သူ၏အပေါင်းအသင်းများဖြင့် အရက်ဆိုင် နှင့် ဆောင်ကြာမြိုင်တို့တွင်သာ သူ့ အချိန်များအား ကုန်ဆုံး နေတတ်သည်။

သူကရေတွင်းထဲမှ ဖားတစ်ကောင်သာ ဖြစ်သည်။

ပြင်ပကမ္ဘာကြီးက ဘယ်လောက်ကြီးမား သည်ဆိုသည်အား သူမသိပေ။ ကောင်းကင်ဘုံလေဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းပုံနှင့် အဆင့်နှစ် သန့်စင်သူတစ်ဦး၏ ဂုဏ်သိက္ခါက မည်သည်ဆိုသည်အား လည်း သူသိခြင်း မရှိပေ။

အဆင့်နှစ် သန့်စင်သူ တစ်ယောက် က ဟိုင်ကလန်၏ ကြွယ်ဝချမ်းသာမှုအားလုံးဖြင့်ပင် လှဲလှယ်၍ မရနိုင်​သော တည်ရှိမှုဖြစ်သည်။

"ဒီကိစ္စ က အရမ်းကို အရေးကြီးတယ်"

"တတိယသခင်လေးအနေနဲ့ အချစ်နယ်ကျွံမှုတွေ မဖြစ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"

ဆံပင်အဖြူနှင့် လူအိုကြီးဖြစ်သည့် ကြီးကြပ်သူဟိုင်က လေးနက်သော အမူအယာဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။

သူသည် ဟိုင်ကလန်၏ ကြီးကြပ်သူ ဖြစ်သည်။

သူသည် ဟိုင်ကလန်၏ အရေးကိစ္စ အဝဝအား တာဝန်ယူလုပ်ကိုင်ရသူ ဖြစ်၏။

သူသည် အထွဋ်အထိပ် ကြယ်ကိုးပွင် သခင်အဆင့် တစ်ယောက် ဖြစ်သည်။

ဟိုင်ပါထျန်းပီးလျှင် သူသည် ဟိုင်ကလန်၌ ကျင့်ကြံမှု အဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

အများအားဖြင့် ဟိုင်ကလန်မှ တိုက်ရိုက်ဆင်းသက်လာသော သားစဥ်မြေးဆက်များပင် သူ့အား ရိုသေလေးစားကြရသည်။

"အသက်ကြီးလာလေ ငါက ပိုပြီးငကြောက်ဖြစ်လာရလေပဲ.."

ဟိုင်မင်စိတ်ထဲမှ ရေရွတ်လိုက်သည်။

ဟိုင်မင်အနေဖြင့် အပြင်သို့ထုတ်ဖော် ပြောဆို ရဲခြင်း မရှိပေ။

သူသည် ဟိုင်ပါထျန်း၏ သားတစ်ယောက်ဖြစ်သော်လည်း ကြီးကြပ်သူယွဲ့အား သူမလေးမစားဆက်ဆံခဲ့သည်အား ဟိုင်ပါထျန်း သိသွားပါက သူ့အား ဟိုင်ပါထျန်းက သေချာပေါက် လွှတ်ပေးမည်မဟုတ်ပေ။

ဟိုင်ကလန် အဖွဲ့ဝင်များ၏ ဦးဆောင်မှု အောက်တွင် လူတစ်စုသည် ရှို့လင်ရွာထဲသို့ ဝင်ရောက်လာကြပြီး ရှစ်ဖုန့်၏ အိမ်ဆီသို့ ဦးတည် သွားကြသည်။

ထို့နောက် ရှစ်ဖုန့်ခြံဝန်း ထဲတွင် စိုက်ထားသော နှင်းဖြူရောင်ဓားအား တွေ့လိုက်ကြသည်။

ဟိုင်မင်၏ မျက်လုံးတို့က ရုတ်ချည်း အရောင်လက်သွားသည်။

သူသည် မြင်းကျာပွတ်အား တစ်ချက်ဝေ့လိုက်က လူအုပ်ထဲမှ ခွဲထွက်သွားပြီး ရှေ့သို့မြန်မြန်ဆန်ဆန် နှင်လာသည်။

သူသည်ဓားရှေ့တွင် ရပ်ကာ ဓားအား သူ၏ညာလက် ဖြင့် ဆွဲယူလိုက်သည်။

၎င်းအား သူ၏ မျက်လုံးရှေ့တွင်ထားကာ သေချာဂရုတစ်ိုက် စစ်ဆေးလိုက်၏။

ဟိုင်မင်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ဖြင့် အရောင်တလက်တလက်ထနေပြီး ဟန်ဆောင်ထိန်းထားခြင်းပင်မပြုနိုင်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟားဟားဟား..."

"ဒုတိယ အဆင့် ထူးခြားတဲ့ ရှေးပစ္စည်းပဲ"

လျှို့ဝှက်ဆန်းကြယ်သော ရှေးပစ္စည်းများ၏ အဆင့်မှာလည်း သိုင်းသမားတစ်ယောက်၏ ကျင့်ကြံမှု အဆင့်အတိုင်းပင်ဖြစ်သည်။

၎င်းတို့အား ပထမအဆင့်မှ နဝမအဆင့်ထိသတ်မှတ်ထားလေသည်။

ဟိုင်မင်မှာ စကားလည်းပြောရင်း ဓားအားကိုင်၍ လေထဲသို့ မြှောက်လိုက်သည်။

သူကမြင်းဇတ်ကြိုးအား ကိုင်၍ မြင်းအား လှည့်လ်ိုက်ကာ သူ၏ နောက်တွင်ပါလာသော ဟိုင်ကလန်အဖွဲ့ဝင် လူစုဆီသို့ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟိုင်မင်၏ နောက်ဘက်မှ တော်တော်လေးကို မယဥ်ကျေးလှသော ရှင်းလင်းပြက်သားသည့် အသံတစ်ခုထွက်ပေါ်လာသည်။

"မင်းက ဘယ်လို ဥာဏ်တိမ်တဲ့ ခွေးမျိုးလဲကွ"

"ဒီသခင်လေးရဲ့ဓားက မင်းလိုခွေးမျိုးက တို့ထိလို့ ရတဲ့အရာလို့ ထင်နေတာလား"

"မင်းကတော့ သေခြင်းတရားကို ရင်ဆိုင်ခြင်နေတာပဲ.."

ပျော်ရွှင်မှုနှင့် ကျေနပ်မှုတို့ ဖြစ်ပေါ်နေသော ဟိုင်မင်၏ မျက်နှာအမူအယာမှာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး

ရက်စက်ကြမ်းကြုတ်သော အမူအယာတို့က အစားထိုးဝင်လာသည်။

ချက်ခြင်း ကျယ်လောင်စွာ အော်၍ မြင်းကိုလှည့်လိုက်ကာ အသံလာရာ နေရာအားကြည့်လိုက်သည်။

မိုးပြရောင်လမြို့​တွင် မည်သူ့ကများ သူ့အား မလေးမစားပြုရဲပါသနည်း။

သူငယ်ငယ်ထဲကပင် သူအား မည်သူကမျှ ဤကဲ့သို့ စော်ကားရဲခြင်း မရှိပေ။

ဟိုင်မင်၏ မျက်စိရှေ့တည့်တည့်တွင် အဝတ်ကြမ်းတို့ကို ဝတ်ဆင်ထားသော ဆယ့်ငါးဆယ်ခြောက်အရွယ် လူငယ်တစ်ဦးက ဖြည်းညှင်းစွာ လမ်လျှောက်ထွက်လာသည်။

ဤကဲ့သို့ အဝတ်အစားမျိုးအရ သူသည် ဆင်းရဲသော မိသားစုမှ နိမ့်ကျသည့် ကလေးတစ်ယောက် ဆိုသည်မှာ သိသာသည်။

"သူကတယ်ပဲ..ငါ့ကို စော်ကားရဲတယ်လား"

"ငါကတကယ်ကြီး ဒီကလေးရဲ့ ဆူပူကြိမ်းမောင်းတာကို ခံခဲ့ရတယ်တဲ့လား"

ဟိုင်မင်ထိုအကြောင်းအား တွေးလေ ပိုဒေါသ ထွက်လေဖြစ်သည်။

အထူးသဖြင့် ရှစ်ဖုန့်၏ စိမ်ပြေနပြေ ခြေလှမ်းများကြောင့် ဟိုင်မင်မှာ သူ့ဆီတဟုန်ထိုးသွား၍ အပိုင်းပိုင်းလုပ်ချင်စိတ်များသာ ဖြစ်ပေါ်လျက်ရှိတော့သည်။

သူကနောက်တစ်ကြိမ်အော်ငေါက်လိုက်သည်။

"မင်းက ရှစ်ဖုန့်လို့ခေါ်တဲ့ အဲ့သူတောင်းစားလေးမလား"

"ဒီနေ့ မင်းဒီကမ္ဘာမှာ မွေးဖွားလာရတာကို နောင်တရသွားအောင်ငါလုပ်ပေးမယ်"

ဟိုင်မင်၏ စိတ်ထဲတွင် ရှစ်ဖုန့်အား မရေတွက်နိုင်သော ညှင်းပန်းနှိပ်စက်မှုများဖြင့် ဒုက္ခပေးရန်တွေးနေသည်။

သူသည် အံ့ကိုကြိတ်ကာ ရက်စက်သော အမူအယာဖြင့် မြင်း၏ ​အနောက်ဘက်အား ရိုက်လိုက်သည်။

သူ့အောက်ရှိမြင်းမှာ နာကျင်မှုကြောင့် ရှေ့သို့ ဒုန်းစိုင်းထွက်သွားသည်။

"သေတာထက် အသက်ရှင်ရတဲ့ ဘဝက ဘယ်လောက်ဆိုးလဲဆိုတာကို မင်းသိအောင် ငါသေချာပေါက်လုပ်ပေးမယ်.."

ဟိုင်မင်က အင်နဲ့အားဖြင့် အော်ငေါက်လိုက်သည်။

ထိုအချိန်တွင် ဟိုင်မင်၏ အနောက်ရှိလူများမှာလည်း ရောက်လာပီဖြစ်သည်။

သူတို့ထဲကအချို့က လူစုထဲမှ ရှစ်ဖုန့်နှင့် ရင်ဆိုင်နေသော ဟိုင်မင်အား ကူရန်ထွက်လာသည်။

ထိုအချိန်တွင် ကြီးကြပ်သူယွဲ့က လက်တစ်ဖက်ပြလိုက်ကာ ထိုလူတို့၏လမ်းအား တားလိုက်၍ ပြောလ်ိုက်သည်။

"သူက သိုင်းလက်သင်လေး တစ်ယောက်ပဲ"

"သခင်လေး ကိုသူနဲ့ ပျော်ပါးခွင့်ပြုလိုက်ပါ.."

"မင်းတို့က မင်းတို့ လုပ်ရမဲ့ အပိုင်းကိုပဲ လုပ်ရင်ရပီ.."

"ဟုတ်ကဲ့.."

ထိုလူတို့ကပြန်ဖြေလိုက်သည်။

တစ်ဖက်မှလူမှာ သိုင်းလက်သင်တစ်ယောက်ဖြစ်သည်ကို ဟိုင်ကလန်သိပြီးသားဖြစ်သည်။

ဤကိစ္စ၏ ဂယက်ရိုက်ခတ်မှုက အရမ်းကြီးလွန်းသောကြောင့်သာ လူအများကြီးအား စေလွှတ်ခဲ့ခြင်းဖြစ်၏။

မမျှော်လင့်ထားသော အရာတစ်ခုခုဖြစ်လာမည်အား သူတို့ကြောက်ရွံကြသည်။

ဤနေရာသို့လာသည့် လမ်းတွင် ကြီးကြပ်သူယွဲ့က အစီအစဥ်များအား ချမှတ်ခဲ့ပီးဖြစ်သည်။

ဘာတွေဘယ်လိုပဲဖြစ်လာပါစေ သူသည် တစ်ဖက်မှလူအား လုံးဝ လွတ်မြောက်ခံမည်မဟုတ်ပါ။

ထိုအချိန်တွင် သူတို့၏ ခရီးပန်းတိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဟိုင်ကလန်၏ ကလန်သခင် ဖမ်းဆီ​ချင်နေသော တရားခံအား တွေ့လိုက်ကြရသည့်အခါတွင် ဟ်ိုင်ကလန်၏ သိုင်းသမား နှစ်ဆယ့်သုံးယောက်မှာ

သူတို့မြင်းများကိုမောင်းနှင်၏ ဖြည်းဖြည်းချင်းလူစုခွဲလိုက်သည်။

သူတို့ကိုယ်သူတို့ ကြီးမားသော စက်ဝိုင်းသဏ္ဍန် ပြု၍ ရှစ်ဖုန့်အား ဗဟိုပြု ဝန်းရံလိုက်ကြသည်။

ဟိုင်ကလန်အဖွဲ့သားတို့၏ နှလုံးသားထဲ၌ ဤ အလွန့်လွန်ရဲတင်းလှသော သိုင်းလက်သင်ငတိလေးမှာ

မိမိတို့ ဟိုင်ကလန်အား ပျက်ဆီးရာပျက်စီးကြောင်းထဲသို့ ရောက်အောင်ပင် လုပ်ရဲလောက်သည့်အထိ စော်ကားမော်ကားပြုရဲသည်ဟု တွေးမိသည်။

ဟိုင်ကလန်အဖွဲ့သားတို့၏ ပြုမူပုံကြောင့် ရှစ်ဖုန့်၏ မြင်ကွင်းတို့ ပိတ်သွားခဲ့သည်။

သူကရပ်လိုက်ကာ ခေါင်းအားအနည်းငယ်မော့လိုက်၏။

မြင်းပေါ်ရှိ ကြမ်းကြုတ်သော ပုံစံဖြင့် ဟိုင်မင်အား ကြည့်လိုက်က ရှစ်ဖုန့် ငတုံးတစ်ကောင်အား တွေ့ရသကဲ့သို့မထီမဲ့မြင်ပြုံးလိုက်သည်။

သူ၏ ညာလက်ညိုးအား ဓားပုံစံပြောင်းလိုက်ပြီး ရုတ်တရက် သိပ်သည်းလှသော အဖြူရောင် အလင်းက လက်ချောင်းထိပ်တွင်ပေါ်လာသည်။

ရှစ်ဖုန့်ကအော်လိုက်သည်။

"ငရဲဘုံဓားချီ.."

တိုးလျှသော အော်သံနှင့်အတူ သူ၏ ဓားလက်ညိုးအား ရှေ့သို့ ညွှန်လိုက်၏။

ရှစ်ဖုန့်က လက်ချောင်းထိပ်မှ သိပ်သည်းလှသော အဖြူရောင်ဓားချီအား ပစ်လွှတ်လိုက်သည်။

အဖြုူရောင်အလင်းက ပိန်းပိတ်အောင်မှောင်နေသော ဟင်းလင်းပြင်ကို တစ်ဟုန်ထိုးထိုးခွင်း၍ သူ့ဆီသို့ တစ်ဟုန်ထိုးလာနေသော ဟိုင်မင်ဆီသို့ ဦးတည်သွားသည်။

ထိုအချိန်တွင် ဟိုင်ကလန် အဖွဲ့သားတို့၏ အမူအယာမှာ စိုးရိမ်မှုပုံစံဖြစ်သွားသည်။​

"အနှစ်သာရစွမ်းအင်ကို ထုတ်လွှတ်ပီး ဓားချီကိုဖွဲ့စည်းတာ...ဒါ..ဒါ.ဒါက စစ်သည်တော်နယ်ပယ်ကို ခြေလှမ်း ဝင်ရောက်နိုင်ပီးမှသာ လုပ်နိုင်တဲ့ အရာပဲ.."

"ဒါက.. ဒီကောင်လေးရဲ့ ကြင့်ကြံမှု အစစ်အမှန်ဖြစ် နိုင်မလား.."

"ဒီကလေးကို..အသက်ရှင်ခွင့်.. ပေးလို့မရဘူး.."

ကြီးကြပ်သူယွဲ့က သူ့ဘေးရှိ ဟ်ိုင်ရမ် အား လေးနက်သော အသံဖြင့်ပြောလိုက်သည်။

သူကဲ့သို့ အထွတ်အထိပ် ကြယ်ကိုးပွင့် သခင်တစ်ယောက် အနေဖြင့် ရှစ်ဖုန့်၏ ပုံမှ​န်ကျင့်ကြံမှု အစစ်မှာ ကြယ်ခြောက်ပွင့် လက်သင် အဆင့်ဖြစ်သည်ကို သူပြောနိုင်သည်။

သိုင်းလက်သင်တစ်ယောက်အဆင့်မှာက တည်းက မူလစွမ်းအင်ကို ထုတ်လွှတ်နိုင်ခြင်းကြောင့် ဤကလေးအနေဖြင့် အလွန်အလွန်ပါရမီရှိနေကြောင်းကို ပြသရန် လုံလောက်ပေသည်။

လူတစ်သန်းတွင် တစ်ယောက်သာရှိနိုင်သော ပါရမီမျိုး ဟုပင်ပြောနိုင်၏။

သူသာအချိန်မတိုင်ခင် သေဆုံးခဲ့ခြင်း မရှိလျှင် ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအား ကြီးစိုးခြယ်လှယ်​နိုင်သော တည်ရှိမှုတစ်ခုအဖြစ်ပင် ဖြစ်လာနိုင်သည်။

ကြီးကြပ်သူယွဲ့၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ဟိုင်ရမ်က တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်သည်။

သူသည်လည်း ဤကိစ္စ၏ အခရာ ကျမှုကို နားလည်သည်။

သူသည်ဟိုင်မိသားစု၏ ရန်သူ​ဖြစ်သောကြောင့် အနာဂတ်ပြဿနာများကိုတားဆီးရန်အတွက် အမြစ်မှတစ်ခါတည်း ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters