← Chapters

အပိုင်း(၁၁)

Vol. 1 Ch. 11

အပိုင်း(၁၁)

Vol. 1 Ch. 11

"ဟမ့်...ဒီတော့မင်းက မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို ဖုန်းကွယ်ထားတာပေါ့ ....အဲ့တော့ရော ဘာဖြစ်တုံး.."

"အခုမင်းငါနဲ့တွေ့ပီဆိုမှတော့... မင်းရဲ့ပါရမီက လက်ဖျား ခါလောက်အောင် ကောင်းနေပါစေ သေခြင်းတရားကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဖူး..."

ဟိုင်မင်မှာ ဓားစွမ်းအင်က သူ၏ ဆီသို့ တိုးဝင်လာသည်ကို မြင်သော်လည်း ဂရုထားခြင်း မရှိချေ။

သူကသိုင်းသမားတစ်ယောက် ဖြစ်တော့ကော ဘာအရေးပါပါသနည်း။

မိုးပြာရောင်လမြို့တွင် သူ့အား ထိပ်တန်းအဆင့် လူငယ် ပါရမီရှင်ဟုသိကြသည်။

သူကကြယ်သုံးပွင့် အဆင့်တစ်ဦးဖြစ်သော်လည်း ကြယ်ငါးပွင့် တစ်ယောက်မှ သူ့အားလာစိန်ခေါ်လျှင်ပင် သူ့ထက်နိမ့်ကျသေးသည်။

ဤသကောင့်သားလေးကတော့ နိမ့်ကျသည့် မိသားစုမှ သူတစ်ယောက်သာ ဖြစ်သည်။

သူ၏ သိုင်းစကေးလ်တို့က ဟိုင်ကလန်၏ သိုင်း စကေးလ်(ကျွမ်းကျင်မှု)တို့ဖြင့် မည်ကဲ့သို့ နှိုင်းယှဥ်ရနိုင်ပါအံ့နည်း။

ဟိုင်မင်က တိုးလျသော အသံဖြင့်အော်လိုက်သည်။

"ဓားပင်လယ်မှ တစ်ခုတည်းအဖြစ် ပြန်လာစေ"

နှင်းဖြူရောင် ဓားရှည်က ဟင်းလင်ပြင်ထဲသို့ အဆက်မပြတ်ထိုးသွင်းနေ၏။

ထိုးချက်တိုင်း၏ နောက်တွင် ဓား၏ အရိပ်တို့က ကျန်ရစ်နေခဲ့သည်။

ဟိုင်မင်က စုစုပေါင်း ဆယ့်တစ်ကြိမ်ထိုးခဲ့၏။

ဓားအရိပ်ဆယ့်တစ်ခုတို့က ရုတ်ချည်း ငွေ့ရည်ဖွဲ့သကဲဲ့သို့ အကျဥ်းချုုံးစုစည်းသွားကာ အပြာနုရောင်ဓား ရောင်ဝါအဖြစ် ပြောင်းသွားသည်။

ဟိုင်မင်နောက်ဆုံးဓားချက်အား ထိုးလိုက်သောအခါ အပြာနုရောင်ဓားရောင်ဝါက သိပ်သည်းသော အဖြူရောင်ဓားရောင်ဝါနှင့် ထိတွေ့ရန် ပျံသန်းသွားသည်။

ဓားပင်လယ်မှ တစ်ခုတည်းဖြစ်စေ..မှာ ဟိုင်ကလန်၏ အင်အားအကြီးဆုံး သိုင်းပညာရပ်သုံးခုအနက်မှ တစ်ခုဖြစ်သည်။

လူတစ်ယောက်မှ ထိုပညာရပ်အား ပြင်းထန်စွာ လေ့ကျင့်လျှင် ဓားရိပ်တစ်ရာ့ရှစ်ခုကို ထုတ်နိုင်သည်ဟု ပြောကြသည်။

ထိုအရိပ်တို့အား တစ်ခုတည်းအဖြစ်သို့ စုစည်းခဲ့နိုင်လျှင် ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နိုင်သည်ဟု ပြောကြသည်။

တကယ်တော့ ထိုအရာသည် ဒဏ္ဍာရီတစ်ခု ဖြစ်သည်။

ဓားရိပ်တစ်ရာ့ရှစ်ခုအား ယခင်က တစ်ယောက်မှ မြင်ဖူးခဲ့ခြင်း မရှိပေ။

ဟိုင်ကလန်၏ အင်အားအကြီးဆုံး ဟိုင်ပါထျန်းပင် ဓားရိပ် နှစ်ဆယ့်ရှစ်ခုသာ ထိုးထုတ်ပြနိုင်သည်။

သို့သော် ဟိုင်မင်၏ မျက်လုံးထဲတွင် သူအစွမ်းကုန် ရှိသမျှထုတ်လွှတ်ခဲ့သော ဓားရောက်ခြည်တန်းဆယ့်တစ်ခုမှာ ရှစ်ဖုန့်အား ရင်ဆိုင်ရန်အတွက် လိုသည်ထက်ပင်ပိုနေသေးသည်။

ဟိုင်မင်က သိပ်သည်းသော အဖြူရောင်ဓားချီတို့မှာ သူ့ကြောင့် ပျက်ဆီးကုန်ကြသည်ကိုပင် ကြိုမြင်ရောင်ခံစားမိသည်။

ထို့နောက်​တွင် သူ၏ ဓားချီက ဆက်လက် ပျံသန်းသွားကာ ရှစ်ဖုန့်၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွား မည်ဖြစ်၏။

သို့သော် ​ထိုနောက်ပိုင်း အခိုက်အတန့်တွင် ဟိုင်မင်၏ မျက်လုံးတို့က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့ရသည်။

သူက အိမ်မက်ဆိုးတစ်ခုအား မက်နေရသကဲ့သို့ပင် ခံစားလိုက်ရ၏။

သူအမြဲဂုဏ်ယူနေခဲ့ရသော ဟိုင်ကလန်၏ သိုင်းပညာရပ်မှာ အမှန်တကယ်ပင် ပြိုကွဲသွားခဲ့သည်။

သူ၏ မျက်မှောက်ရှိ အဖြစ်မှန်တရားက သူစိတ်ကူးထားသည်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

သိပ်သည်းသော အဖြူရောင်ဓားချီက အပြာနုရောက်ဓားချီကို ပျောက်ကွယ်သွားစေပီး သူ့ဆီသို့ ဆက်လက် ပျံသန်းလာ၏။

ဟိုင်မင်၏ မျက်နှာထက်၌ အလွန်အမင်းအံ့အားသင့်မှုတို့နှင့် ပြည့်နှက်နေသည်။

ဓားချီက သူ၏ အနားသို့ ချဥ်းကပ်လာသည်ကိုပင် သတိမမူမိပေ။

"စွပ်..."

ဓားချီက သူ၏ ရင်ဘက်အား ထိုးဖောက်ဝင်ရောက်သွားကာ သူသည်လည်း မြင်းပေါ်မှ လွင့်ပျံထွက်သွားခဲ့သည်။

"အာ..မကောင်းတော့ဘူးဟ..."

ကြီးကြပ်သူ ယွဲ့က ထိန့်လန့်စွာ အော်လိုက်သည်။

သူက ဟိုင်မင် အန္တရာယ်ကျရောက်သွားသည်ကို မြင်လိုက်ရသော အခါတွင် သူ၏ ခြေထောက်တို့၌ အားတို့ကိုစုက ခုန်လိုက်ပြီး ဟိုင်မင်ဆီသို့ ပျံတက်လိုက်သည်။

ဟိုင်မင်မှာလေထဲသို့ လွင့်ပျံတက်သွား ရသော်လည်း သူ၏ အောက်ရှိစစ်မြင်းကတော့ ရှစ်ဖုန့်အား တိုက်ရန် အရှိန်အဟုန်ဖြင့် ရှေ့သို့ပြေးထွက်လာသည်။

ရှစ်ဖုန့်က ခြေတစ်လျက်ဆောင့်ကာ သူ၏ တစ်ကိုယ်လုံးအား လေပေါ်သို့ မြောက်အောင်ခုန်တက်လိုက်သည်။

သူကမြင်း၏ဦးခေါင်းကျော်အောင်ခုန်တက်၍ မြင်းကျောပေါ်တွင်ခြေတစ်လျက်လှမ်းလိုက်သည်။

ထိုနောက် နောက်ထပ်ခြေတစ်ချက်ကန်က သူ၏ ကိုယ်အား လေထဲတွင် ရှေ့သို့ အရှိန်ဖြင့် ထွက်သွားစေသည်။

ရှစ်ဖုန့်က ဟိုင်မင်ထံသို့ သူ၏ ဓားပုံစံလက်ညှိုးကို ဦးတည်ထိုးလိုက်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။

"မင်းက ဓားချီချင်းလာပြီး ပြိုင်ချင်နေမှတော့ ..အစစ်အမှန်ဓားချီကဘာလဲဆိုတာကို မင်းသိ​အောင် ငါပြပေးမယ်"

"မင်းရဲ့ ခွေးမျက်စိကို ဖွင့်ထားပီး သေချာကြည့်ထား.."

"ငရဲဘုံး ဓားမိုး.."

သူ၏ လက်ချောင်းထိပ်ဆီက သိပ်သည်းသော အဖြူရောင် အလင်းက နောက်တစ်ကြိမ် တောက်ပသွားကာ သ်ိပ်သည်းသော အဖြူရောင်ဓားချီတို့က ဟိုင်မင်ထံသို့ မိုးသက်မုန်တိုင်းတို့ကဲ့သို့ အဆက်မပျက်ဦးတည် ထွက်သွားသည်။

"လူယုတ်မာလေး..ဘယ်လိုတောင် ရဲတင်းနေတာလဲ.."

ထိုအချိန်တွင် အိုမင်းသော ဒေါသထွက်သံတစ်ခု ကထွက်လာခဲ့သည်။

ကြီးကြပ်သူယွဲ့က ဟိုင်မင်ကို ခုန်အုပ်၍ ဖမ်းလိုက်သည်။

ထို့နောက် သူ၏ ဘက်လက်လက်ဖဝါးဖြင့် အပေါ်သို့ ပင့်ရိုက်လိုက်သည်။

"မြစ်အားလုံး ပင်လင်ထဲသို့ စီးဆင်စေ.."

ကြီးကြပ်သူယွဲ့၏ ခေါင်းထပ်တွင် အပြာရောင်လှိုင်းလုံးပြီးပေါ်လာခဲ့ပြီး သိပ်သည်းသော အဖြူရောင်ဓားချီတို့မှာ လှိုင်းလုံး၏ ဝါးမြိုခြင်းကိုခံလိုက်ရသည်။

"အထွပ်အထိပ် အဆင့် သခင်နယ်ပယ်ပဲ.."

ရှစ်ဖုန့်က လေးနက်သော အသံဖြင့်ပြောလိုက်သည်။

သူမြေပေါ်သို့ ဆင်းသက်လာချိန်တွင် ရုတ်တရက် အောက်ဘက်၌ အနက်ရောင် အရိပ်တစ်ခုပေါ်လာသည်ကို မြင်လိုက်ရ၏။

"သခင်နယ်ပယ်...ကြယ်ငါးပွင့် အဆင့်"

ရှစ်ဖုန်ံ့ ၏ အသံနှင့်အတူ နိမ့်ဆင်းလာမှုနှင့်အတူ အောက်ဘက်မှလည်း တိုးလျသော ကြိမ်းဝါးသံထွက်ပေါ်လာသည်။

"မြစ်များနှင့် ပင်လယ်"

တိုက်ခိုက်လိုက်သောသူမှာ ကြယ်ငါးပွင့် သခင် ဟိုင်ရမ်ဖြစ်သည်။

ရှစ်ဖုန့်က အောက်ဘက်မှတက်လာသည့် သိပ်သည်းလှသော စွမ်းအင်ကိုခံစားလိုက်ရသည်။

"ငရဲဘုံထိုးချက်.."

ရှစ်ဖုန့်က သူ၏ ကိုယ်ကို ဇောက်ထိုးအနေအထားဖြစ်စေရန် ထိန်းချုပ်လိုက်ပြီး ညာလက်သီးအားဆုပ်က အောက်သို့ ထိုးချလိုက်သည်။

"ဗုန်း..."

ညဘက်ကြီး ပေါက်ကွဲသံ မသဲမကွဲက ပဲ့တင်ထွက်လာသည်။

"မကောင်းတော့ဘူး..."

ရှစ်ဖုန့်က ထိန့်လန့်စွာအော်လိုက်သည်။

သူ၏ လက်သီးထိုးချက်နှင့် အောက်မှလာသော စွမ်းအင်တို့ဆုံဆည်းလိုက်သောအခါတွင် နောက်ဆုံးအလွှာထက် အလွှာတစ်ခုချင်းစီတိုင်း၏ စွမ်းအားပိုမိုပြင်းမှုကိုခံစားလိုက်ရသည်။

"ဝေါ့.."

ရှစ်ဖုန်မှာ ပါးစပ်အပြည့်သွေးစိမ်းတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ​ဖြစ်သွားရသည်။

"သခင်နယ်ပယ် တစ်​ယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့က ခက်နေတုံးပဲ.."

ရှစ်ဖုန့်က ကူကယ်ရာမဲ့စွာ စိတ်ထဲမှပြောလိုက်သည်။

ဤသို့သော အခြေအနေမျိုးတွင် သူလိုလူတစ်ဦးတည်းသာလျှင်သူ၏ တိုက်ခိုက်မှု ခွန်အားအား ပိုင်းခြားနိုင်သည်။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ရှစ်ဖုန့်မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူဒဏ်ရရှ်ိခဲ့ခြင်း မရှိပေ။

အစောပိုင်းကတည်းက သူဆင်းသက်ရမည့်အနေအထားအား တွက်ချက်ခဲ့ပြီးဖြစ်ပြီး ယင်တစ္ဆေကြောင့် မြေပြင်မှာလည်း ရေမြုပ်ကဲ့သို့ ပျော့ပြောင်းသွားခဲ့သည်။

သူဆင်းသက်လာသည့်အချိန်တွင် ပျော့ပြောင်းသောမြေပြင်ကြောင့် သက်တောင့်သက်သာသာဖြစ်ခဲ့သည်။

ရှစ်ဖုန့်က သက်လက်ပိုင်းအရွယ်လူက သူ့ဆီ​လျှောက်လာသည်ကိုမြင်သောအခါလဲနေရာမှ သူ၏ အပေါ်ပိုင်းကိုယ်ခန္ဓာကို မတ်၍ထိလိုက်သည်။

ခုဏက သူ့အားတိုက်ခိုက်ခဲ့သောသူမှာ ကြယ်ငါးပွင့် သခင်ဖြစ်သည်။

သူသည် ခွေးတစ်ကောင်၏ အနိုင်ကျင့်မှုကို အမှန်တကယ်ခံခဲ့ရသည်။

သူသည် သခင်နယ်ပယ်တစ်ယောက်ကြောင့် တကယ်ပင် လွင့်ထွက်သွားခဲ့ရသည်။

"ဒီသတင်းသာ ပျံ့သွားခဲ့ရင် ငရဲဘုံက်ိုးခုဧကရာဇ်တစ်ယောက် အနေနဲ့ငါ လူတိုင်းကို ဘယ်လိုမျက်နှာပြရမှာလဲ..."

ရှစ်ဖုန့် နှလုံးသားထဲမှ အူလှိုက်သည်းလှိုက်ကို ရယ်မောမိသည်။

သို့သော် တခြားသူများ၏ မျက်လုံးထဲတွင် သူတို့ကသူ့အား ဇဝနဥာဏ်ကြောင့် ​အဆုံးသတ်ပြီဟု ထင်ကြမည်ဖြစ်သည်။

"မင်းရဲ့ အရည်အချင်းက တကယ်​တော့ မဆိုးပါဘူး.."

"မင်းသာ ကောင်းကင်ဘုံလေဂိုဏ်းကို မစော်ကားခဲ့ရင် ငါတို့ဟိုင်ကလန်က မင်းကို လက်သင့်ခံမိမှာပဲ.."

ဟိုင်ရမ်က သူ့အား သနားသည့် မျက်မှာပေးဖြင့် ကြည့်လိုက်သည်။

"ဦးလေးရမ်...သူ့ကိုမသတ်နဲ့.."

"ကျွန်တော်သူ့ကို သေအောင်နှိပ်စက်ချင်တယ်.."

ကြီးကြပ်သူယွဲ့အား ကူညီခဲ့သော ဟိုင်ရမ်၏ နောက်မှ ဟိုင်မင်က အော်ပြောလိုက်သည်။

"ငါ့ကိုခေါ်သွားမလို့..ဟုတ်လား"

ရှစ်ဖုန့်မှာ ကမ္ဘာ့အရယ်ရဆုံး ဟာသတစ်ခုက ကြားနေရသကဲ့သို့ ဖြစ်နေသည်။

သူသည် မည်သို့မျှမတက်နိုင်ပဲ ကျယ်လောင်စွာ ရယ်ချလိုက်မိသည်။

"မင်းက အဲ့လိုလုပ်ဖို့ ထိုက်တန်တယ်ထင်နေလို့လား.."

ဟိုင်ရမ်က ရှစ်ဖုန့်နှင့် စကားထပ်မံပြောဆိုရန် ရည်ရွယ်ချက် မရှိတော့ပေ။

သူကရှစ်ဖုန့်၏ ရှေ့ဘက်သို့ လျှောက်လာကာ သူ၏နောက်ကျောမှ ဓားရှည်အား ထုတ်လိုက်သည်။

သူ၏ လက်သီးတို့ဖြင့်ဓားအား တင်းကျပ်စွာဆုပ်၍ ရှစ်ဖုန့်၏ ခြေထောက်တို့အား ခုတ်ပိုင်းလိုက်၏။

ဓားကသူ့ဆီသို့ ကျရောက်လာသည်ကိုပင် မမြင်သကဲ့သ်ို့ ရှစ်ဖုန့်မှာ တည်ငြိမ်မြဲတည်ငြိမ်လျက်ရှိသည်။

သူကတိုးလျစွာပြောလိုက်သည်။

"သေစမ်း."

ဓားအားကိုင်ဆောင်ထားသော ဟိုင်ရမ်၏ လက်တို့က ရုတ်တရက်လေထဲတွင် တန့်သွားသည်။

ရှစ်ဖုန့်ပြောလိုက်သော စကားနှစ်လုံးမှာ နတ်ဆိုး အော်သံကဲ့သို့ပင်ဖြစ်သည်။

သေခြင်းရှင်ခြင်းကြားထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သိုင်းသမားတစ်ဦး၏ ပင်ကိုယ်ဗီဇအရ ၎င်းက အန္တရာယ် ရှိသည်ဟု ပြောနေသည်။

ဟိုင်ရမ်က သူ့​၏ ခြေထောက်တို့တွင် အားစိုက်လိုက်ကာ နောက်သို့ အလျှင်အမြန်ခုန်ဆုတ်လိုက်သည်။

"အုန်း..."

ဟိုင်ရမ်ဘေးသို့ရှောင်လိုက်သော အခါတွင် သားရဲတစ်ကောင်၏ သွားတို့နှင့်ဆင်တူသည့် ကြမ်းကြုတ်သည့် လူသားအရွယ်ဆူးချွန်က မြေပြင်မှ ထွက်ပေါ်လာခဲ့သည်။

လေးဆယ့်ငါ့ဒီဂရီထောင့်ချိုးအနေအထား ပျံထွက်လာနိုင်ခြင်းကြောင့် ဟိုင်ရမ်ဝမ်းမသာနိုင်ခင်မှာပင် သူ၏ နောက်ကျောဘက်ရှိ မြေပြင်မှာ မြေဆူးချွန်တစ်ခုရုတ်တစ်ရက် ထွက်ပေါ်လာပြီး သူ၏ နောက်ကျောမှ ရင်ဘက်အား ထုတ်ချင်းပေါက်သွားစေခဲ့သည်။

"............"

နေရာတစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်းက ဆူးချွန်လုံးပေါ်ရှိ ဟိုင်ရမ်၏ အလောင်းအား ငေးကြောင်စွာ စိုက်ကြည့်နေကြသည်။

သခင်နယ်ပယ်တစ်​ယောက်က ဤကဲ့သို့ သေသွားရသည်တဲ့လား။

မကြာခင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတစ်ခုအား လူတိုင်းမြင်လိုက်ကြသည်။

ကြယ်ငါးပွင့် သခင်တစ်ယောက်၏ သေခြင်းစွမ်းအင်အား ဝါးမြိုပီးသော အခါတွင် အဆင့်ခုနှစ်သိုင်းလက်သင်အဖြစ် ရှစ်ဖုန့် အဆင့်တက်သွားခဲ့သည်။

ရှစ်ဖုန့်က ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး ပတ်ဝန်းကျင်ကို

ခြုံ၍လှမ်းကြည့်လိုက်သည်။

"အင်း..မဆိုးပါဘူး.."

"သူတို့အားလုံးသာ သေသွားရင် စစ်သည်တော်နယ်ပယ်ကို ငါတက်လှမ်းနိုင်လိမ့်မယ်.."

"ဒီကလေးနဲ့ပက်သက်ပီး တစ်ခုခု ထူးဆန်းနေတယ်.."

"အားလုံးပဲ မင်းတို့ ရှိသမျှအစွမ်းကုန်သုံးပြီးဒီကလေးကို အတူတူတိုက်ခိုက်သတ်ဖြတ်ကြစမ်း.."

ကြီးကြပ်သူယွဲ့က အော်လိုက်သည်။

ကြယ်ငါးပွင့် သခင်တစ်ယောက်က ဤကဲ့သို့ ထူးခြားဆန်းကြယ်စွာဖြင့် သေဆုံးခဲ့ရသည်။

ဤအချိန်တွက် ဤ သိုင်းလက်သင် လူငယ်လေးအား မည်သူကမျှ နှိမ့်ချ၍ ကြည့်ရဲခြင်း မရှိတော့ပါ။

"သတ်..သတ်ပစ်..သတ်ကြ..သတ်..သတ်.."

အဘက်ဘက်မှ တိုက်ပွဲအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

သိုင်းပညာရှင် နှစ်ဆယ်ကျော်က သူတို့၏ အနှစ်သာရ စွမ်းအင်များအား ၎င်းတို့၏ ဓား၊ဓားမော့၊ ပုဆိန်လှံ၊ လှံတံနှင့် အခြားသူတို့ကိုင်ဆောင်ကြသော လက်နက်များထံသို့ သွန်း​ထည့်လိုပ်ကြသည်။

မှောင်မိုက်သော ညအလယ်တွင် မတူညီသော အရောင်စုံ အလင်းတို့က တောက်ပနေသည်ဟုပင် မှတ်ယူနိုင်၏။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters