အပိုင်း(၁၂)
Vol. 1 Ch. 12
"ဟီး.....ဟီး........ဟီး..."
စစ်မြင်းများက သတ်ဖြတ်ခြင်းအာရုံ မြင့်တက်လာသည်နှင့် အမျှ ဟီသံများပင်ထွက်ပေါ်လာသည်။
ဟိုင်ကလန်၏ နှစ်ဆယ်ထက်ပိုသော သိုင်းပညာရှင်များက သူတို့၏ လက်နက်များကို ဆွဲထုတ်၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး ၎င်းတိုး၏ မြင်းများအား ရှစ်ဖုန့်၏ ဆီသို့ ဦးတည်၍ မောင်းနှင်လိုက်ကြသည်။
မြင်းမရောက်မီအချိန်တွင် ဓားကို ဆွဲကိုင်ထားသော သိုင်းသမားတစ်ယောက်က သူ၏ ဓားဖြင့် လှမ်းထိုးလိုက်သည်။
အနီရောင်ရဲရဲတောက်နေသော ဓားစွမ်းအင်က ရုတ်ချည်းဓား၏ ထိပ်ဖျားဆီမှ ထွက်လာကာ ရှစ်ဖုန့်ထံသို့ ပျံထွက်သွားသည်။
သူ၏လက်နှစ်ဖက်ဖြင့် ကြီးမားသောပုဆိန်ကြီးအား ကိုင်ထားသည့် အခြားသိုင်းသမားတစ်ဦးမှာ မြင်းပေါ်မှခုန်ဆင်းလာသည်။
သူကလေထဲ၌ ရှိနေသည့်တန်းလန်းဖြင့်ပင် ပုဆိန်အား ပင့်မြှောက်ကာ အောက်သို့ လွှဲခုတ်ချလိုက်သည်။
ချက်ခြင်းပင် ပင်မစွမ်းအင်မှ ဖွဲ့စည်းထားသော တံခါးအရွယ် ခရမ်းရောင် ပုဆိန်ကြီးက ညကောင်းကင်ယံထက်တွင်ပေါ်လာပြီး ရှစ်ဖုန့်အား ခုတ်ချလိုက်တော့သည်။
ထို့နောက်ချက်ခြင်း ဓား၊ဓားမော့၊ ပုဆိန်လှန် တို့ဖြင့် အခြားသေစေနိိုင်သော တိုက်ခိုက်မှုများ ရှစ်ဖုန့်ထံဦးတည်လာသည်။
"ဟီး...ဟီး.."
ထိုသတ်ဖြတ်ခြင်း တိုက်ခိုက်မှုများအတွက် ရှစ်ဖုန့်၏ တစ်ခုတည်းသော တုန့်ပြန်မှုမှာ ဟီးဟီး ဟူ၍ ပင်ဖြစ်သည်။
သူကသူ၏ ညာလက်အား အနည်းငယ်မြှောက်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။
"ဒီဘဝမှာ ငါအမုန်းဆုံးက လူတွေက ဝိုင်းဝန်းပြီးတော့ သတ်ဖြတ်တာကိုပဲ"
"ဒီတော့...မင်းတို့အားလုံး...သေလို့ရပီ.."
ရှစ်ဖုန့်ပြောပြီးသည့်နောက်တွင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာသည်။
"ဘုန်း.ဘုန်း..ဘုန်း...ဘုန်း.."
မြေပြင်မှ ဆူးချွန်များ အသီးသီး ထွက်ပေါ်လာပြီး ဆူးချွန်တိုင်း၏ ချွန်ထက်သော သေစေနိုင်သည့် ထိုးနှက်မှုများက အားလုံးအား တားဆီးလိုက်သည်။
ထို့နောက် နာကျင်စွာအော်ဟစ်သံများက နေရာအနှံ့မှ ချက်ခြင်း ထွက်ပေါ်လာသည်။
ရုတ်ချည်းထွက်ပေါ်လာသော ဆူးချွန်များက သိုင်းသမားတို့ မြင်းများ၏ အစာအိမ်တို့အား ထိုးဖောက်သွားပြီး ၎င်းတို့အပေါ်ရှိ သိုင်းသမားတို့၏ ခန္ဓာကိုယ်တို့အားလည်း ဆက်တိုက်ထိုးဖောက်သွားသည်။
လေထဲသို့ခုန်တက်ကာ သူ၏ပုဆိန်ဖြင့် တိုက်ခိုက်ခဲ့သော သိုင်းသမားမှာ မြေဆူးချွန်၏ ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် မြေပြင်ပေါ်သို့ပင် မဆင်းသက်လိုက်ရချေ။
ဘာသံမှမထွက်လိုက်ရပဲ ၎င်းမှာ နှစ်ခြမ်းကွဲသွားခဲ့သည်။
နေရာတိုင်းတွင် သွေးများ ပြန့်ကျဲထွက်နေပြီး ခြေလက်အင်္ဂါများမှာလဲ လွင့်ပျံထွက်ကုန်သည်။
လေထုထဲတွင် အော်ဟစ်ငိုကြွေးသံများသာ ပဲ့တင်ထပ်နေ၏။
ဤအရာသည် လူသတ်ဖျော်ဖြေပွဲသာဖြစ်၏။
ဤအချိန်တွင် ရှစ်ဖုန့်မှာ သေခြင်း ရှင်ခြင်းအား ထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။
သူ၏ ဒန်တန်ထဲတွင် ရှိနေသော ငရဲဘုံကိုးခု စွမ်းအင်မှာ ပိုမိုအားကောင်း လာသည်ကို ခံစားလိုက်ရသောကြောင့် ရှစ်ဖုန့်၏ နှုတ်ခမ်းမှာ တစ်ချက် ကွေးညွှတ်သွားခဲ့သည်။
သူကခေါင်းကို အနည်းငယ်မော့၍ ဖြည်းညှင်းစွာပြောလိုက်သည်။
"ထွက်လာပြီးသေလိုက်စမ်..နွားအိုကြီး.."
"ပုန်းမနေနဲ့တော့.."
ရှစ်ဖုန့်စကားပြောပြီးသည့်နောက်တွင် သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတစ်ခု ထပ်မံလင်းလက်လာကာ ကြယ်ရှစ်ပွင့်သိုင်းလက်သင်တစ်ယောက်ဖြစ်လာခဲ့သည်။
"သေလိုက်တော့"
ရှစ်ဖုန့်၏ ဦးခေါင်းထက်မှာ ပေါက်ကွဲစွာအော်ဟစ်သော အသံအိုတစ်ခုပေါ်လာသည်။
"ဓားပင်လယ်မှ တစ်ခုတည်းဖြစ်စေ"
လေထုကသိပ်သည်းလှသော ဓားရိပ်တို့ဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ စုစုပေါင်း ဓားရိပ်နှစ်ဆယ့်ရှစ်ခုဖြစ်ပြီး ရုတ်ချည်း ဓားတစ်ချောင်းတည်းအဖြစ်သို့ ပေါင်းစည်းကာ ရှစ်ဖုန့်ဆီသို့ ဦးတည်သွားသည်။
အထွတ်အထိပ် သခင်နယ်ပယ်တစ်ယောက်၏ သေစေနိုင်သော ထိုးနှက်ချက်က ရှစ်ဖုန့်အား သစ်ပစ်နိုင်၏။
"ဟီး...ဟီး.."
ထိုအရာအား ရှစ်ဖုန့်ပြန်တုန့်ပြန်ခဲ့သည်မှာလည်း ဟီးဟီး ဟူ၍သာ
ဖြစ်သည်။
"ဆိုးယုတ်သော ယင်"
သူအော်လိုက်သည့်နောက်တွင် အဝတ်ဗလာ ခန္ဓာကိုယ်တစ်ခုက မြေကြီးထဲမှ ထွက်ပေါ်လာပြီး မြေပြင်အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
ရှစ်ဖုန့်ရပ်နေခဲ့သော မြေပြင်မှာ ဂူပုံသဏ္ဍန်ဖြစ်သွားပြီး မြေအောက်တွင် ရှိနေသော ယင်မိစ္ဆာကား စွမ်းအားပြင်းဓားချီဖြင့် ထိပ်တိုက်တွေ့ရန် တက်လာခဲ့ခြင်းဖြစ်သည်။
အကြွင်းမဲ့ ယင် မိစ္ဆာအလောင်းကောင်၏ အကြွင်းမဲ့ ယင် ခန္ဓာမှာ လက်နက်တစ်ခုဖြစ်သည်။
လက်သီးတစ်ချက်နှင့်အတူ ထိုလက်သီးတွင် ပြင်းထန်သေ ယင်စွမ်းအားနှင့် ပြင်းထန်သော အန္တရာယ်ရှိသည့် ရောင်ဝါတို့ပါ သယ်ဆောင်ထားသည်။
ယင်မိစ္ဆာ၏ လက်သီးချက်ကြောင့် ညကောင်းကင်ယံတွင် လေထုပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး စွမ်းအားပြင်းဓားချီမှာ ပျောက်ကွယ်သွားခဲ့သည်။
"မကောင်းတော့ဘူး.."
ကြီးကြပ်သူယွဲ့တစ်ယောက် အလန့်တကြား အော်လိုက်သည်။
ယင်မိစ္ဆာ၏ လက်သီးချက်က ဓားချီကိုပျောက်ကွယ်သွားစေ ရုံသာမက သူ၏ ရင်ဘက်ထံသို့ ယင်မိစ္ဆာစွမ်းအင်ကိုပါ ပို့လွှတ်ခဲ့သည်။
ထူးဆန်းသော အေးစက်သည့် စွမ်းအင်က သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားကာ သူ၏ မူလစွမ်းအင်အား ချောမွေ့စွာ မလည့်ပတ်နိုင်စေသည်ကို ခံစားမိလိုက်သည်။
လူအိုကြီးက နောက်သို့ဆုတ်ခွါလိုက်ကာ ဆူးချွန်ထိပ်ဖျားပေါ်သို့ ဆင်းသက်လိုက်သည်။
ကြီးကြပ်သူယွဲ့ က ဆူးချွန်များပေါ်သို့ ခုန်ကာ အစွန်ဘက်ဆီသို့
ပြေးသွားသည်။
"ဒီည သခင်နယ်ပယ်တစ်ယောက်ကသာငါ့လက်ထဲကနေ လွတ်အောင် ရုန်းထွက်နိုင်တယ်ဆိုရင် အနာဂတ်ကြ ထျန်းဟန်တိုက်ကြီးမှာ ငါဘယ်လို ရှင်သန်ရမှာလဲ"
ပေါ့ပါးပြီး စိမ်ပြေနပြေ နိုင်လှသော အသံက ထွက်ပေါ်လာသည်။
ကြီးကြပ်သူယွဲ့မှာ ရုတ်တရက် ထိန့်လန့်သွားခဲ့သည်။
လူငယ်ပုံရိပ်တစ်ခုက အနီးအနားရှိ ဆူးချွန်တစ်ခုပေါ်တွင်ရပ်ကာ သူ့လမ်းအား ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
ရှစ်ဖုန့်က လက်နောက်ပစ်ကာရပ်နေပြီး ပေါ့ပါးသော အပြုံးတစ်ခုက မျက်နှာထက်တွင် ဆင်မြန်းထား၏။
တိုက်ခက်နေသော ညလေကြောင့် သူ၏ ဆံပင်ရှည်တို့မှာ လေထဲတွင် ကခုန်နေပြီး သူ့အား ဖော်မပြနိုင်လောက်သော လွတ်လပ်မှုနှင့် အထိန်းအကွပ်မံ ခံစားချက်တို့ကိုပေးစွမ်းနေသည်။
ကြီးကြပ်သူယွဲ့မှာ ရှစ်ဖုန့်အား မြင်လိုက်ရသော အခါတွင် ပြေးနေခြင်းအား ရပ်တန့်ခြင်းမပြုခဲ့ပေ။
သူ၏ မျက်လုံးတို့က ဒေါသကြောင့်ပြူးကျယ်နေပြီး သူ၏ မျက်နှာ ရက်စက်သည့်အသွင်ပြောင်းသွား၍ အော်ပြောလိုက်သည်။
"သေလိုက်စမ်း.."
သူ၏လက်ထဲရှိ ဓားရှည်အား ထပ်မံထိုးလိုက်ကာ ဓားရ်ိပ် နှစ်ဆယ့် ရှစ်ခု ပေါ်လာခဲ့သည်။
"နွားအိုကြီး..ခင်ဗျား ဒါကို မပင်ပန်းသေးဘူးလား.."
"ခင်ဗျား ကျုပ်ကိုဒါတွေပဲ ထပ်ပြောနေပီးတော့ လှည့်ကွက်ဟောင်းကြီးတွေပဲထပ်တလဲလဲ သုံးပြနေတယ်.."
"ခင်ဗျားကျုပ်ကို စက္ကူတစ်ရွက်များ တကယ်ကြီးထင်နေတာလား"
ရှစ်ဖုန့်၏ မျက်နှာမှာ စကားပြောရင်းစိတ်မရှည် မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူကသူ၏ လက်တို့အား ရင်ဘက်ရှေ့တွက်ထားလိုက်ကာ လက်ဆယ်ချောင်းလုံးကို စတင်လှုပ်ရှားလိုက်ပြီး ပုံရိပ်များကိုသာ ချန်ထားရစ်ခဲ့သည်။
ပတ်ဝန်းကျင်ရှိ လေထုမှာ ထိုအချိန်တွင် လျှင်မြန်စွာ ကျဆင်းသွားပုံရ၏။
ရှစ်ဖုန့်က အော်လိုက်သည်။
" ငရဲဘုံကိုးခု အကြွင်းမဲ့ နတ်ဆိုး ချိတ်ပိတ်ခြင်း"
သူ၏ လက်ဖဝါးများအား အတူတကွ ထားလိုက်သော အခါတွင် လက်ဖဝါးတို့မှ သိပ်သည်းသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ရှစ်ဖုန့်က ညာလက်ဖဝါးအား ရုတ်တရက်ရှေ့သို့ ထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံကိုးခုစွမ်းအင်က ချက်ခြင်း လုံးဝစိမ့်ထွက်လာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
သူ၏လက်ဖဝါးဆီမှ ကြောက်မက်ဖွယ်ရာ အဖြူရောင် လက်ဖဝါးပုံရိပ်က ဓားရိပ်နှစ်ဆယ့်ရှစ်ခု ပေါင်းစပ်ထားသော အပြာနုရောင် ဓားစွမ်းအင်ထံသို့ ဦးတည်ထွက်သွားသည်။
"ဒါက..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.."
ကြီးကြပ်သူယွဲ့၏ မျက်လုံးတို့မှာ ထပ်မံ၍ ပြူးကျယ်လာပြန်သည်။
သူ၏ အိုမင်းနေသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသည်။
ထိုကြောက်မက်ဖွယ်ရာ ဖြူဖွေးသော လက်ဖဝါးပုံရိပ်က သူ၏ အထွတ်အထိပ်တိုက်ချက်အား ရင်ဆိုင်ရန် လုံလောက်နေသည်။
သို့သော် တစ်ဖက်မှလူက သိုင်းလက်သင် တစ်ယောက်သာ ဖြစ်၏။
သူ၏ မျက်လုံးထဲတွင် ရှစ်ဖုန့်မှာ သိုင်းသမားတစ်ယောက်ဟုပင် မသတ်မှတ်နိုင်ပေ။
ဤအချိန်တွင်တော့ သူသည် ဒဏ်ရာ အများအပြား ရရှိနေပြီး သူ့ခန္ဓာကိုယ်အတွင်း ရှိ အနှစ်သာရစွမ်းအင်အားလည်း ချောမွေ့စွာ လည်ပတ်နိုင်ခြင်းမရှိပေ။ထို့ကြောင့် သူသည် သူ့ခွန်အား၏ သုံးပုံတစ်ပုံကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။
ဓားချီနှင့် လက်ဖဝါးပုံရိပ်တို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့မိချိန်တွင် ဓားချီမှာ လက်ဖဝါးပုံရ်ိပ်ကြောင့် ပျောက်ကွယ်သွားရသည်။
ကြောက်မက်ဖွယ် လက်ဖဝါးပုံရိပ်များ ဖျော့တော့သွားသော်လည်း သူ၏ထံသို့ဦးတည် လွင့်ပျံလာနေသေးသည်။
"ဒါက....ဘာတွေဖြစ်နေတာလဲ.."
ကြီးကြပ်သူယွဲ့မှာ လက်ဖဝါးပုံရိပ်အား ရှောင်တိမ်းချင်ပါသော်လည်း
သူ့အနီးပတ်ဝန်းကျင်မှာ အေးခဲတင်းကျပ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ လှုပ်ရှားမှုများမှာ အလွန်နှေးကွေးလာပြီး သူ့အတွက်ထို ပုံရ်ိပ်အား ရှောင်တိမ်းရန်မဖြစ်နိုင်ပေ။
"မဟုတ်ဖူး....မလုပ်နဲ့..."
ဤအချိန်တွင် ကြီးကြပ်သူ ယွဲ့တစ်ယောက်မှာ အမှန်တကယ် ကြောက်လန့်နေပီဖြစ်သည်။
ထိန့်လန့်တုန်လှုပ်ဖွယ် လက်ဖဝါးပုံရိပ်အား နောက်တွင်ချန်ထားခဲ့က ၎င်းက သူ၏ ရင်ဘက်အား ရိုက်လိုက်သည်ကို ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေရုံသာ တက်နိုင်ခဲ့သည်။
"မဟုတ်ဖူး..."
ကြီးကြပ်သူယွဲ့အဲ့ အော်သံမှာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပီး သူ၏ မျက်နှာထက်တွက် မလိုလားမှုတို့ဖြင့် ပြည့်နေသည်။
သူမသေချင်းသေးပါ။
အိမ်တွင် မကြာသေးခင်ကမှ လက်ထပ်ထားခဲ့သော ဇနီးချောလေး ရှိနေသေးသည်။
မိသားစုခေါင်းဆောင်က ပေးအပ်လိုက်သော တာဝန်များအား ထမ်းဆောင်ပြီးနောက် ယနေ့ညအိမ်သို့ပြန်ကာ သူမအား ဖူးဖူးမှုတ် ချော့မော့အလိုလိုက်ရန် မူလကစီစဥ်ထားခဲ့သည်။
"ဗြန်း..."
တောက်ပသော အနီရောင်သွေးတို့က ကြီးကြပ်သူ ယွဲ့၏ ရင်ဘက်ဆီမှ ရေပန်းကဲ့သို့ ပန်းထွက်လာသည်။
သူသည် ခေါင်းကိုငုံ့ကာ အရာအားလုံးအား မှင်တက်စွာဖြင့် ကြည့်နေမိသည်။
သေခြင်းတရား၏ အမှောင်ထုက သူ၏ အသိစိတ်အား ဖြည်းဖြည်းချင်း တိုက်စားသွားခဲ့သည်။
သူ၏ အရပ်မြင့်မြင့် တောင့်တင်းသော ခန္ဓာကိုယ်မှာ ဆူးချွန်ထ်ိပ်ဖျားမှ နောက်ပြန်လန်ကျသွား၏။
"ဘုန်း...."
သူသည်မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားခဲ့သည်။
အထွတ်အထပ်သခင်နယ်ပယ်တစ်ဦးမှာ ကျဆုံးသွားခဲ့ရပီဖြစ်သည်။
"ဟား.ဟား..ဟား...(ရယ်သံမဟုတ်ပါ ပါးစပ်ဖြင့်အသက်ကိုခပ်ပြင်းပြင်းရှူနေရတာပါ)
ရှစ်ဖုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျော့ခွေနေပီဖြစ်ပီး ကိုယ်ကိုယ်ကိုင်းညွှတ်၍ အသက်အား ပြင်းထန်စွာ ရှူနေရသည်။
"ဟား..ဟား..(အပေါ်ကလိုပါပဲရယ်သံမဟုတ်ပါ)...ငရဲဘုံကိုးခု အကြွင်းမဲ့ နတ်ဆိုးချိတ်ပိတ်ခြင်းကို အမှိုက်သခင်နယ်ပယ် တစ်ယောက် အတွက် နဲ့ သုံးရလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး.."
"ဒီနွားအိုကြီး မသေခင်မှာ ထိုက်တန်တယ်ဆိုတာကို သေချာပေါက်ခံစားသွား ခဲ့ရမှာပဲ..."
ရှစ်ဖုန့်စကားပြောပီး မကြာခင်တွင် သူ၏ ခန္ဓာကိုယ်၌ အဖြူရောင်အလင်းတစ်ခု လင်းလက်လာခဲ့သည်။
အထွတ်အထိပ် သခင်နယ်ပယ် တစ်ယောက်၏ သေခြင်းစွမ်းအင်အား ချေဖျက်ပီးသည့်နောက်တွင် သူသည် ကြယ်ကိုးပွင် သိုင်းလက်သင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပီး စစ်သည်တော် နယ်ပယ်သို့ ဝင်ရန် အတွက် ခြေတစ်လှမ်းသာလိုတော့သည်။
"ငါ တွက်ချက်တာ မှားသွားတဲ့ပုံပဲ.."
"အရမ်းကိုနီးစပ်ခဲ့တယ်.."
"ဒီစိတ်ပျက်စရာ အရာတွေကွာ.."
သူ့ကြောင့်ပြောင်းလဲသွားခဲ့သော စစ်မြေပြင်အား ကြည့်ရင် ရှစ်ဖုန့်ကျိတ်၍ ကျိန်ဆဲလိုက်သည်။
အတွေးတစ်ချက်ဖြင့် မြေပြင်မှာ ထပ်မံ၍ တုန်ခါလာသည်။
မြေဆူးချွန်တို့မှာ ပြန်လည်ကျုံ့ဝင်သွားပြီး မြေပြင်မှာလည်း အပြင်းအထန်လှုပ်ရှားသွားသည်။
အလောင်းများမှာလည်း မြေကြီးအတွင်းသို့နစ်ဝင်သွားခဲ့သည်။
ခဏအကြာတွင် မြေပြင်တစ်ခုလုံးမှာ ပုံမှန်အခြေအနေသို့ပြန်ဖြစ်သွားခဲ့သည်။
ထိုနေရာတွင် ဘာမှမဖြစ်ပျက်ခဲ့သလိုပင်ဖြစ်သည်။
မလှမ်းမကမ်းတွင် အဖြူရောင်ပုံရိပ်တစ်ခုက ဆွဲကိုင်၍ သူ့ဆီသို့လာနေသော ယင်မိစ္ဆာအလောင်းကောင်အား ရှစ်ဖုန့်တွေ့လိုက်ရသည်။
၎င်းမှာ ကြီးကြပ်သူယွဲ့ မရေတွက်နိုင်သော ဆူးချွန်များအား ရှောင်တိမ်းစဥ် လက်လွှတ်ခဲ့သော ဟိုင်မင်ပင်ဖြစ်သည်။
နောက်ပိုင်းတွင် ရှစ်ဖုန့်က ဟိုင်မင်အား ရည်ရွယ်ချက် ရှိရှိ အသက်ရှင်ရက် ချန်ထားခဲ့ခြင်းဖြစ်သည်။
ယင်မိစ္ဆာက ရှစ်ဖုန့်ရှေ့သို့လျှောက်လာကာ ဟိုင်မင်အား အမှိုက်ကဲ့သို့မြေပြင်ပေါ် ပစ်ထုတ်လိုက်သည်။
ရှစ်ဖုန့်က ခေါင်းကိုငုံကာ ဟိုင်မင်အား စိတ်ဝင်တစား ကြည့်လိုက်သည်။
သူ၏ ဆံပင်များမှာ ရှုပ်ပွနေပီး အဝတ်အစားများမှာ စုတ်ပြဲနေ၏။
၎င်းမှာသူတောင်းစားတစ်ယောက်နှင့်ပင်တူသည်။
ဤသကောင့်သားအားသတ်လိုက်ပြီးလျှင် ရှစ်ဖုန့်အနေဖြင့် စစ်သည်တော်နယ်ပယ်သို့ ရောက်ရှိသင့်သည်။
"ဟင့်အင်း...မင်းငါ့ကိုသတ်လို့မရဘူး.."
"ငါ့အဖေက... ဟိုင်ပါထျန်းပဲ.."
ဟိုင်မင် ရှစ်ဖုန့်စိုက်ကြည့်နေသော နေရာနားမှ မော့ကာ သူ့အဖေ၏ နမည်အား အလျင်စလိုထုတ်ပြောလိုက်သည်။
"မင်းအဖေက ဟိုင်ပါထျန်းမကလို ဟိုင်ပါတီဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.."
"ငါမေးတာကိုသာဖြေ.."
"အဲ့လိုမှမဟုတ်ရင်တော့..မင်းအကျိုးဆက်ကိုသိပါတယ်.."ဟု
ရှစ်ဖုန့်ကပြောလိုက်သည်။
"မင်း.."
"ကောင်းပြီ..ပြောပါ"
"မင်းငါ့ကိုမသတ်သ၍...ငါမင်းသိချင်တာ အကုန်ပြောပြမယ်"
ဟိုင်မင်က လျှင်မြန်စွာတုန့်ပြန်ပြောဆိုလိုက်သည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise