အပိုင်း(၁၃)
Vol. 1 Ch. 13
"မင်း..."
"ကောင်းပြီ... ပြောပါ..."
"မင်းငါ့ကိုမသတ်သေးသ၍... ငါမသ်ိချင်တာ အကုန်လုံးကို...မင်းကို ပြောပြမယ်.."ဟု ဟိုင်မင်က ပြောသည်။
"ပြောစမ်း...မင်း ရှစ်ကျင်းထျန်းဆိုတဲ့ နမည်နဲ့လူအကြောင်းကို ကြားဖူးလား.."
"သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘုရင် နယ်ပယ်အဆင့်မှာရှ်ိတယ်.."ဟု
ရှစ်ဖုန့်က မေးလိုက်သည်။
အရှေ့ပိုင်းဒေသ၏ ဝေးလံခေါင်ဖျားသော နိုင်ငံငယ်လေးတွင် ဘုရင်နယ်ပယ်တစ်ယောက်မှာ ဂုဏ်ထင်ကျော်စောသော တည်ရှိမှုတစ်ခု ဖြစ်သည်။
"ရှစ်ကျင်းထျန်းလား"
"ဘုရင်နယ်ပယ်..ပညာရှင်လား.."
"ငါတို့ရဲ့ မိုးပြာရောင်လမြို့မှာတော့ ဘုရင်နယ်ပယ် ပညာရှင်တစ်ယောက်မှမရှိဘူး.."
"အမြင့်ဆုံး ကျင့်ကြံမှု နယ်ပယ်ရှိတဲ့သူက ငါ့ရဲ့အဖေ ဟိုင်ပါထျန်းရယ် ကျန်မိသားစုကြီး သုံးခုရဲ့ ခေါင်းဆောင်တွေရယ်ပဲ..အားလုံးက စိတ်ဝိညာဥ်နယ်ပယ်တွေကြီးပဲ.."ဟု ဟိုင်မင်က စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ပြန်ဖြေလိုက်သည်။
သူ၏ အဖြေကြောင့် ရှစ်ဖုန့် သူ့အား သတ်ပစ်မည်ကို ဟိုင်မင်ကြောက်သည်။
ရှစ်ဖုန့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဒီတော့..ဒီငတိက.. မိုးပြာရောင်လမြို့ အကြောင်းပဲသိတာပေါ့.."
"ငါမင်းကို သေချာပေါက် လိမ်နေတာမဟုတ်ဖူး..လုံးဝကိုမလိမ်တာပါ"
ဟိုင်မင်တစ်ယောက် ရှစ်ဖုန့်မျက်မှောက်ကြုတ်သွားသည်ကို မြင်လိုက်ရသော အခါ သူ၏ အဖြေအား ရှစ်ဖုန့် စိတ်မကျေမနပ် ဖြစ်သွားသည်ဟု ထင်ပြီး အလျှင်အမြန် ကျီးလန့်စာစားသော မျက်နှာဖြင့် ဖြေရှင်းချက်ထုတ်လိုက်သည်။
"ကောင်းပြီ..ကောင်းပြီ.."
ရှစ်ဖုန့်က သူ၏ လက်ကိုဝေ့ယမ်းပြလိုက်က ဆက်ပြောလိုက်သည်။
"မင်းတို့ဟိုင်ကလန်က...အဆင့်နှစ် သန့်စင်ပညာရှင် တစ်ယောက်ကို လာလို့ မိုးပြာရောင်လမြို့တော်ကို ဖိတ်ခေါ်ခဲ့တာလဲ.."
ကလန်သေးတစ်ခုအတွက် အဆင့်နှစ် သန့်စင်ပညာရှင် တစ်ယောက်အား မိုးပြာရောင်လမြို့တော်သို့ ဖိတ်ခေါ်ရန်မှာ ငွေကြေးသုံးစွဲရမှု အရမ်းပင်ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် အကြောင်းတစ်ခုခုတော့ ရှိနေမည်မှာသေချာသည်။
သန့်စင်ပညာရှင်တစ်ယောက်အား ဖိတ်ခေါ်ခြင်းက နက်နဲ့သိမ်မွေ့သော ရှေးဟောင်းပစ္စည်းတစ်ခုအား ဝယ်ယူရတာထက်ပင် ပိုစျေးကြီး
မှန်းလူတိုင်းသိကြသည်။
"ဒါ...ဒါကာ.."
ဟိုင်မင်၏ မျက်နှာထက်တွင် တွန့်ဆုတ်သော အမူအယာ တို့ဖြစ်ပေါ်လာသည်။
"မင်းငါ့ကိုမပြောချင်ဘူးဆိုလည်း...မင်းသေလို့ရပီ.."
ရှစ်ဖုန့်လက်တစ်ဖက်အား ဝေ့ယမ်းလိုက်သော အခါတွက် မနီးမဝေးမြေပြင်ပေါတွင် လဲလျောင်းနေသော နှင်းဖြူရောက်ဓားက အသက်ဝင်လျှက် ရှစ်ဖုန့်ထံသို့ လာတော့မည်ပုံပေါ်နေသည်။
၎င်းကရှစ်ဖုန့်၏ ခြေထောက်နားရောက်လာသော အခါ သူ၏ ခြေဖျားထိပ်ဖြင့် ဆက်တင်လိုက်ပြီး ဓားမှာ လေထဲမြောက်တတ်လာသည်။
သူက သူ၏ လက်ကို ရှေ့သို့လှမ်းကာ ဓားကို ဆုပ်ကိုင်လိုက်သည်။
"ငါ..ငါပြောမယ်...ငါပြောပြပါ့မယ်...ငါ့ကိုမသတ်ပါနဲ့.."
ဟိုင်မင်ထိပ်ထိပ်ပျာပျာဖြစ်သွားရသည်။
"လွန်ခဲ့တဲ့.. အချိန်တစ်ချို့အကြာက..ငါ့မိသားစုက အစေခံတွေဟာ ဥမှင်တစ်ခုကို မတော်တဆ ရှာတွေ့ခဲ့တယ်.."
"နောက်ကျ ငါ့အဖေကို ခေါ်လာခဲ့ပြီးတော့ မြေအောက်ဥမှင်ထဲမှာ လျှို့ဝှက်အခန်းတစ်ခုကို ရှာတွေ့ခဲ့တယ်"
"အထဲမှာ..သွေးနီရောင် အရိုးစုတစ်ခုနဲ့..သွေးနီရောင်ဓားတစ်ချောင်း ရှိနေခဲ့တယ်.."
"သွေးနီရောင်ဓား တစ်ချောင်းလား"
"အဲ့ဓားက ဘာတွေများ ထူးဆန်းနေလို့လဲ"
"အဲ့တာကို စစ်ဆေးဖို့အတွက် အဂ္ဂရိတ်ဆရာတစ်ယောက်ကို ရှာဖို့ လိုတာမဟုတ်ဖူးလား"
ရှစ်ဖုန့်ကမေးလိုက်သည်။
"အဲ့...အဲ့ဒါက နတ်ဆိုးဓားပဲ.."
"သွေးက်ို စုပ်နိုင်တဲ့ နတ်ဆိုးဓား"
"ငါ့အဖေက ဓားကို ကောက်ကိုင်လိုက်တဲ့ အချ်ိန်မှာ သူ့ကိုယ်ထဲက သွေးတစ်ဝက်မကက ချက်ခြင်းစုပ်ယူခံလိုက်ရတယ်.."
"ကံကောင်းတာက ငါ့အဖေမြန်မြန်လွှတ်လိုက်လို့ပဲ.."
"ဒါပေမဲ့ ဓားက အစေခံရဲ့ ကိုယ်ပေါ်ကို ပစ်ချလိုက်သလို ဖြစ်သွားခဲ့တယ်"
"ငါ..ငါ..ဓားက အဲ့အစေခံရဲ့သွေးတွေကို ခြောက်တဲ့အထိ စုပ်ယူပစ်လိုက်တာကို မြင်ခဲ့ရတယ်.."
"သူ့..သူကိုယ်ကြီးက ရှုံ့တွလာခဲ့တာ.."
ဟိုင်မင်၏ ပုံစံကို ကြည့်ရသည်မှာ ထိုနေ့ကဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောရင်း ကြောက်လန့်မှုတို့က သူ့ထံတွင် ကြီးစိုးနေဆဲဖြစ်နေသည့်ပုံရသည်။
"ဒါကတော်တော်လေး..စိတ်ဝင်စားစရာပဲ.."
ဟိုင်မင်၏ အသေးစိတ် ပြောကြားချက်များအား ကြားလိုက်ရပြီးသည့်နောက် ရှစ်ဖုန့်စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ငါမင်းသိချင်တာ..အကုန်ကို..ပြောပြပီးသွားပီ"
"မင်းက..အခုမင်းပေးထားတဲ့.. ကတိကိုတည်ပြီးတော့..ငါ့ကိုလွှတ်ပေးပါ.."
ဟိုင်မင်က ပြောလိုက်ပြီး ခေါင်းမော့ကာ ရှစ်ဖုန့်အား ကြည့်လိုက်သည်။
ရှစ်ဖုန့်က သွားဖြဲကာ ပြုံးပြလိုက်သည်။
"မင်းက...အများကြီးလာတွေးနေတာကိုး.."
သူ၏ ဓားအားဝေ့ယမ်းလိုက်သော အခါတွင် ဟိုင်မင်၏ ခေါင်းမှာ ကောင်းကင်ထက် ပျံတက်သွားသည်။
သူ၏ ဘယ်လက်အား တစ်ချက်ဝေ့ယမ်းလိုက်ပြီး ဟိုင်မင်၏ ခေါင်းအား ဖမ်းယူလိုက်ကာ သိုလှောင်လက်စွပ် အတွင်းသို့ထည့်လိုက်သည်။
ထို့နောက် ဟိုင်မင်၏ အလောင်းမှာ ဖြည်းဖြည်းချင်း မြေကြီးထဲသို့ နစ်ဝင်းသွားသည်။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းထွက်ပေါ်လာသည်။
ဤ တစ်ကြိမ်တွင် အဖြူရောင် အလင်းမှာ ယခင်က ထက်ပိုမို၍ ပြင်းထန်လာသည်။
ဟိုင်မင်အားသတ်ကာ ၎င်း၏ သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ ကြယ်တစ်ပွင့် စစ်သည်တော် နယ်ပယ်သို့ အောင်မြင်စွာ ချေခြနိုင်ခဲ့ပြီး ထျန်းဟန်တိုက်ကြီး၏ အစစ်အမှန် သိုင်းသမားတစ်ယောက် ဖြစ်လာသည်။
ရှစ်ဖုန့်က လရောင်ဝတ်ရုံ(အဖြူပဲနည်းနည်းမှိုင်းတဲ့သဘော)အား သို
လှောင်လက်စွပ်အတွင်းမှ ထုတ်ကာ သူ့ဘေးရှိ ယင်မိစ္ဆာအား ပစ်ပေးလိုက်သည်။
"အဲ့ ဝတ်ရုံကိုဝတ်လိုကိ"ဟု ပြောလိုက်သည်။
"မင်းမနက်ဖြန် ငါနဲ့အတူတူမြို့ကိုသွားပြီးတော့.. ကိစ္စကြီးတစ်ခု လုပ်ဖို့ရှိတယ်.."
"တစ်ချိန်လုံး အဝတ်ဗလာနဲ့ပဲ နေနေရင် မကောင်းဘူး."
"ဒီဝတ်ရုံက တောက်ပတဲ့ ပိုးချည်နဲ့လုပ်ထားတာ..ပိုးချည်ရဲ့ အရည်အသွေးကတော့ မဆ်ိုးပါဘူး.."
ယင်မိစ္ဆာက သူ့အား နားလည်သည် မလည်သည်ကို ရှစ်ဖုန့် ဂရုစိုက်
နေခြင်း မရှိပေ။
သူအမိန့်ပေးထားပြီးသည် ဖြစ်သောကြောင့် ယင်မိစ္ဆာမှာ နာခံရမည်ဖြစ်သည်။
မနက်ဖြန် စန်းယွဲ့မြို့သို့ ခရီးထွက်ရန် ရှစ်ဖုန့် အစီအစဥ်ချလိုက်သည်။
ဟိုင်ကလန်အား ဆက်လက် အနှောက်အယှက်ပေးနေမည့်အစားသူက အားလုံးကို သတ်ပစ်ပြီး စိတ်ဝင်စားစရာ သွေးစုပ်ဓားအား သွားရောက်ကြည့်ရှုမည်ဖြစ်သည်။
အားလုံးကိုလုပ်ဆောင်ပြီးသည့်နောက်တွက် နှင်းဖြူရောင်ဓားအာ
မြေပြင်တွင် နောက်တစ်ကြိမ်ထိုးစိုက်က အခန်းအတွင်းသို့ ဝင်သွားသည်။
ကောင်းကင်မှညလည်း တဖြည်းဖြည်း ရောင်နီလင်းလက်လာပီဖြစ်သည်။
နေမင်းကြီးက နာရီအနည်းငယ်အတွင် နိုးထလာတော့မည့်ပုံရလေသည်။
သူ၏အခန်းထဲသို့ ပြန်ရောက်သည့်အခါတွင် ရှစ်ဖုန့်က ယင်မိစ္ဆာအား မြေကြီးထဲတွင် ပြန်လည် ဖုံးကွယ်နေစေလိုက်သည်။
ပုယွဲ့နှင့် ရှစ်လင်တို့ ရုတ်တရက် နိုးလာပြီး သူတို့၏ အိမ်အတွင်းတွင် အရမ်းကိုသွေးဆုပ်နေသော ပုံစံဖြင့် တစ်စုံတစ်ခုအား တွေလိုက်ရပါက ထိိန့်လန့်သွားကြမည်ဖြစ်သည်။
ရှစ်ဖုန့်က မြေကြီးထဲရှိ ယင်မိစ္ဆာ၏ အပေါ်တည့်တည့်တွက် တင်ပ္လင်ခွေထိုင်လိုက်ကာ ၎င်းမှထုတ်လွှတ်သော ယင်မိစ္ဆာစွမ်းအင်ကို စုပ်ယူရင်း တိတ်ဆိတ်စွာ ကျင့်ကြံနေလိုက်သည်။
စစ်သည်တော်နပယ်သို့ သူရောက်ရှိပီးသည့်နောက်တွင် အဆင့်တက်ရန်အတွက် လိုအပ်သော စွမ်းအင်မှာ သိုင်းလက်သင် အထွတ်အထိပ်အဆင့်၏ အနည်းဆုံးဆယ်ဆခန့်ရှိသည်။
သေခြင်းစွမ်းအင်ကို စုပ်ယူခြင်း မရှိဘဲ အမှောင်ယင်ချီကိုသာစုပ်ယူပါက ကြယ်နှစ်ပွင့် စစ်သည်တော်အဆင့်သို့ရောက်ရန် သုံးရက်အချ်ိန်ယူ ရမည်ဖြစ်သည်။
သူ၏ကျင့်ကြံမှု အဆင့်မြင့်တက်လာသည်နှင့်အမျှ အနာဂတ်တွင်သူအဆင့်တတ်ရန်အတွက် ခက်ခဲမှုနှုန်းမှာလည်း မြင့်မားလာမည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်အတွက် ကြယ်တစ်ပွင့် စစ်သည်တော်အဆင့်မှ ကြယ်နှစ်ပွင့် စစ်သည်တော် အဆင့်သို့ရောက်ရှိရန် သုံးရက်သာ အချ်ိန်ယူရမည်ဖြစ်သည်။
သူကထျန်းဟန်တိုက်ကြီး တစ်ခုလုံးပေါ်တွင် မွန်းစတားဆန်သော တည်ရှိမှုတစ်ခုအဖြစ် သုံးသပ်နိုင်သည်။
ကျင့်ကြံနေရင်း အချ်ိန်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
မကြာခင်တွင် အိမ်အပြင်ဘက်ဆီမှ လင်းကြက်တွန်သံကိုပင် ကြားနိုင်၏။
"ကိုကြီး.."
အခန်းထဲမှ နူးညံ့သော အသံလေး ထွက်ပေါ်လာခဲ့သည်။
ရှစ်ဖုန့် သူ၏ အာရုံတို့ ပြန်ရလာကာ ကျင့်ကြံမှုကို ရပ်တန့်လိုက်သည်။
သူကအိပ်ယာပေါ်မှာ ထပြီးနေပြီဖြစ်သော ရှစ်လင်ကိုကြည့်လိုက်သည်။
ရှစ်ဖုန့်ကသူမအား နွေးထွေးစွာပြုံးပြလိုက်သည်။
"မနေ့ညက ညီမလေး ဘာမှမစားပဲနဲ့တောင် အိပ်ပျော်သွားတာပဲ"
"အခု..ဗိုက်ဆာနေပြီလား."
"အင်း...သမီးဆာနေပြီ.."
ရှစ်လင်က တစ်စုံတစ်ခုအား သဘောမပေါက်မိခင် သူမ၏ ခေါင်းလေးအားငြိမ့်ပြလိုက်သည်။
သူမ၏ ချစ်စရာမျက်နှာလေးတွင် စိတ်ရှုပ်ထွေးမှုတို့ ဖြစ်နေကာ မေးလိုက်သည်။
"ကိုကြီး..ကိုကြီးကဘာလို့ မြေကြီးပေါ် ထိုင်နေရတာလဲ"
ရှစ်ဖုန့်သူမအား မည်ကဲ့သို့ ရှင်းပြရမည်မှန်းမသိချေ။ ထို့ကြောင့်သူက သူမအား ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ပြီး ဝတ်ကျေတန်းကျေဖြေလိုက်သည်။
"ကိုကြီးက..တွေးစရာလေး တစ်ချို့ ရှိနေလို့ပါ"
"ညီမလေးက ငယ်သေးတော့ နားမလည်နိုင်သေးတဲ့ အရာတွေ..အများကြီးရှိသေးတယ်"
ရှစ်လင်က သူမ၏ မျက်လုံးဝိုင်းကြီးတို့အား ပုတ်ခတ်ပုတ်ခတ်လှုပ်ကာ စိတ်ရှပ်ထွေးသော အမူအယာတို့ ရှိနေသေးသည်။
သူမနားမလည်ခဲ့ပါ။
ဒါကမြေကြီးပေါ် ထိုင်နေတာပဲမဟုတ်ပါလော။
သူမကလေးဖြစ်ရသည်နှင့် ဘာတွေများ သက်ဆိုင်သွားရပါသနည်း။
ရှစ်ဖုန့်က သူ၏ အဝတ်တို့အား ညင်သာစွာ ပုတ်ခါကာ ထရပ်လိုက်ပြီး
ရှစ်လင်အားပြောလိုက်သည်။
"ကိုကြီး.ညီမလေးအတွက်သွားချက်ပေးမယ်.."
"အရင်ဆုံး ညီမလေးမျက်နှာကို သွားသစ်လိုက်အုံး.."
"အာ..ဟုတ်ကဲ့."
ရှစ်လင်ကခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"စားပီးရင်..သမီးကိုကြီးနဲ့အတူ တောင်ပေါ်တက်ပြီး ထင်းသွားချိုးဖို့ ရှိသေးတယ် ပြီးရင်..အဲ့တာတွေကို သမီးတို့ မြို့မှာသွားပြီး ငွေနဲ့လဲရမယ်လေ"
ရှစ်ဖုန့်ကသူမဆီ လျှောက်သွား ကာ ခေါင်းလေးအား တယုတယပွတ်သက်လိုက်သည်။
"ညီမလေးက ဒီနေ့..အိမ်မှာပဲနေပြီးတော့..မေမေ့ကို ဂရုစိုက်ရမယ်.."
"တစ်ခြားဘယ်လိုမှ လျှောက်မသွားနဲ့.."
"ကိုကြီးပြန်လာတဲ့အခါကြရင်..ညီမလေးအတွက် အကင်ခဲ့မယ်.."
ရှစ်ဖုန့်ယနေ့ အရေးကြီးသည့်အရာတစ်ချို့ လုပ်စရာရှ်ိသည်။ထို့ကြောင့် ဤအသေးလေးအား တစ်လျှောက်လုံးအတူခေါ်သွား၍ အဆင်ပြေပြေနေနေ၍မရပေ။
"အာ...အကင်လား"
"ကိုကြီး လင်အာအတွက် အကင် တကယ်ယူလာပေးမှာလား"
အကင်ဟုကြားလိုက်ရသောအခါတွင် ရှစ်လင်တစ်ယောက် သူမ၏ မျက်ဝန်းကြီးမှာ ချက်ခြင်း အရောင်လတ်သွားခဲ့သည်။
အမူအယာကတော့ မယုံကြည်နိုင်မှုတို့နေသည့်ပုံပင်။
သူမနောက်ဆုံးအကြိမ်ထိုအရာအား စားခဲ့ဖူးသည်မှာ လွန်ခဲ့တဲ့တစ်နှစ်က ရှစ်ဖုန့်တောင်ပေါ်၌ ရစ်ငှက်တစ်ကောင်အား ဖမ်းမိခဲ့တုံးက ဖြစ်သည်။
ရှစ်လင်အတွက်တော့ အသားကင်မှာ ကြိုက်ပြီးရင်းကြိုက်ပင်ဖြစ်သည်။
"ဟူး...သနားစရာကောင်းတဲ့ ကလေးလေးပဲ.."
ရှစ်ဖုန့်စ်ိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။
အတိတ်တုံးက အသားများအား စားသုံးခြင်းမှာ ၎င်းတို့အား ဇိမ်ခံရန်အတွက်ဖြစ်သည်။
ထိုအရာကိုတွေးမိပြီး သူ၏ အတိတ်အား ပြန်အောင့်မေ့မိသွားသောအခါ ရှစ်ဖုန့်စိတ်ထဲ အမှန်တကယ် မကြည်မသာခံစားလိုက်ရသည်။
ထို့နောက် ရှစ်ဖုန့်က အသေးလေးအား ပြုံးပြကာ ပြောလိုက်သည်။
"ကြက်သား ကင်ကြီးပဲတင်မကဘူး..."
"ဒီကိုကြီးက လင်အားလေးအတွက် ဝက်ပေါင်ကင်တွေ ပန်းကိတ်(လမုန့်ပုံစံ) တွေ ငှက်တောင်ပံတွေ.နဲ့...ငါးမန်းတောင်တွေပါ..ယူလာပေးမယ်"
"ဘာပဲဖြစ်ဖြစ်..အဲ့တာကအကုန်အရသာရှိတယ်.."
"ဒီကိုကြီးက လင်အာအတွက် အဲ့တာတွေ အကုန်ယူလာပြီးတော့..ဟော့ဒီဗိုက်ကလေး တင်းသွားအောင် ကျွေးမယ်ဗျာ..ဟုတ်ပြီလား"
"ကိုကြီး လင်အာက ကြက်ကင်နဲ့..ဝက်ပေါင်ကင်တွေပဲ လိုချင်တာ.."
"ဟီးဟီး...အဲ့တာတွေကလည်း အဆင်ပြေပါတယ်"
တောက်ပသော အပြုံးတစ်ခုက ရှစ်လင်၏ မျက်နှာလေးထက်တွင် ပေါ်လာသည်။
တကယ်တော် ကြက်ကင်နှင့် ဝက်ပေါင်ကင်မှလွဲ၍ တခြား သော အရာများအား ရှစ်လင်အနေဖြင့် မစားဖူးသောကြောင့်ဖြစ်သည်။
သူမအတွက် ထိုအရာများအားကြားရသည်က တို့ဟူးနှင့် အလေ့ကျ
အသီးအရွက်များကဲ့သို့ပင်ဖြစ်သည်။
"ကောင်းပြီ.."
"မျက်နှာအရင်သွားသစ်တော့.."
"ကိုကြီး ညီမလေးအတွက် ချက်ထားလိုက်မယ်"
"ကောင်းပါကြီ အကိုကြီး.."
ရှစ်လင်မှာ တော်တော်လေးပျော်ရွှင်နေပုံရကာ သူမ၏ မျက်နှာလေးတွင် ကြိုတင်မျှော်မှန်းမှုတို့ပင် ဖြစ်ပေါ်နေသည်။
သွက်လက်စွာဖြင့် ရေကိုယူကာ သူမ၏ မျက်နှာအား သစ်လိုက်သည်။
ရှစ်လင်ထွက်သွားသော အခါ ရှစ်ဖုန့်က အိပ်ယာနားသို့သွား၍ သူ၏ အမေ ပုယွဲ့၏ အခြေအနေအားစစ်ဆေးလိုက်သည်။
သူမတကယ်အဆင်ပြေပြေရှိသည်ကို တွေ့လိုက်သည်။
ထိုထက်ပိုသည်ကာ ယမန်နေ့က ရှစ်ကျင်းထျန်းကြောင့် ရခဲ့သော ဒဏ်ရာတို့မှာ အခြေခံအားဖြင့် ပြန်လည် သက်သာလာပီဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်မှ ဆိုးဝါးသော ယင်ချီတို့ကြောင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ထိခိုက်ဒဏ်ရာများပင် ဖြည်းဖြည်းချင်း ပြန်လည် ကုသာနေပီဖြစ်သည်။
သက်သာလာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရပြီးနောက် အိမ်၏ တစ်ခြားထောင့်ရှိ ကျိုးပဲ့နေသော မီးဖိုချောင်ဆီသို့ ရှစ်ဖုန့်လျှောက်သွားလိုက်သည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise