အပိုင်း(၁၄)
Vol. 1 Ch. 14
"ကိုကြီး..စောစော ပြန်လာဖို့..မမေ့နဲ့နော်.."
"အင်း...ညီမလေးလဲ ကိုကြီးစကားကို.. လိမ်လိမ်မာမာနဲ့..နားထောင်ရမယ်နော်.."
"လျှောက်ကစား မနေပဲနဲ့...အိမ်မှာပဲ မေမေ့ကို ဂရုစိုက်နော်"
အိမ်အပြင်ဘက်တွင် ရှစ်လင်က ခြံဝန်းထဲမှ မြင်းနက်ကြီးအား ခေါ်ထုတ်သွားသော ရှစ်ဖုန့်ကို လက်ပြနှုတ်ဆက် ရင်း ကျန်ရစ်ခဲ့သည်။
ရှစ်ဖုန့်က အလျှင်လိုခြင်း မရှိသလို မြင်းပေါ်သို့ တက်ခြင်းလဲ မပြုပေ။
သူကမြင်းအား ရှေ့မှဆွဲကာ ရွာလမ်းလေးအတိုင်း ဝင်သွားသည်။
သိပ်မကြာခင် ရှေ့ခပ်လှမ်းလှမ်း၌ ပုံရ်ိပ်တစ်ခု မတ်တပ် ရပ်နေသည်အား တွေ့လိုက်ရ၏။
ထိုပုံရိပ်မှာမိန်းကလေးတစ်ယောက်နောက် ကျောပေးထားသောပုံရိပ်ဖြစ်၏။
သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်တို့က ပုခုံးထက်ကျနေပီး လေအဝေ့တွင် ဆံနွယ်တို့က လိုက်ပါ မျောလွင့်နေသည်။သူမ၏ အဝတ်တို့မှာလည် တစ်ဖျက်ဖျက် လွန့်လူးနေ၏။
ရှစ်ဖုန့်ထိုပုံရိပ်အား ကြည့်လိုက်ကာ သူမမည်သူဖြစ်သည်အား လျှင်မြန်စွာပင် မှတ်မိလိုက်သည်။
သူမမှာ ဝက်သားရောင်းသော သားသတ်သမား လီထူဖု၏ ခေါ်သူ၏ သမီး လီရူဖြစ်သည်။
သူမတို့မိသားစုမှာ ရှို့လင်ရွာတွင် ချမ်းသာကြွယ်ဝသည်ဟု မှတ်ယူနိုင်ပြီး လီရူမှာလည်း ရွာတွင် အလှဆုံး မိန်းကလေးတစ်ယောက် ဖြစ်သည်။
သူ၏ မှတ်ဉာဏ်များတွင် ရှစ်ဖုန့်မှာ တစ်ကြိမ်တစ်ခါက သူမအား ချစ်မြတ်နိုးခဲ့ဖူးသည်။
သူမက ရှို့လင်ရွာတွင် အလှပဆုံး မိန်းမငယ်လေးတစ်ယောက် ဖြစ်ရုံသာမက သူမ၏ မိသားစုမှာလည်း ဝက်တို့အား သတ်ကာ အသားကို ရောင်းကြသည်။
သူသာသူမအား လက်ထပ်ခဲ့ပါက သူ့ညီမလေးနှင့် သူ၏ မိခင်တို့မှာ အသားအား နေ့တိုင်းစားနိုင်မည်ဖြစ်သည်။
လပြည့်ညတစ်ညတွင် သူတို့နှစ်ဦးသား ရွာ၏ လမ်းလေးထဲတွင် ဆုံခဲ့ကြသည်။
ရှစ်ဖုန့်သတ္တိတို့အားခဲကာ သူမအား မေတ္တာမျှနေကြောင်း ဝန်ခံခဲ့သော်လည်း အဆုံးသတ်တွင် ရက်ရက်စက်စက် အကြင်နာမဲ့စွာ အငြင်းခံခဲ့ရသည်။
ထိုအချိန်က လီရူ ပြောခဲ့သည်မှာ...
"ငါ့ရဲ့ ဖူးစာဖက်က ..ဟောဒီ့ထျန်းဟန် တိုက်ကြီးပေါ်မှာ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေရမယ်...စစ်သည်တော်နယ်ပယ်ကို ရောက်ရှိပြီးတော့ ..အစစ်အမှန်ကျင့်ကြံခြင်း သိုင်းသမားတစ်ယောက် ဖြစ်နေရမယ်.."
"တစ်နေ့ကြရင်..သူက မြင့်မားတဲ့မြင်းကြီးကို စီးပြီးတော့..ငါ့ကိုလက်ထပ်ဖို့အတွက် လာရလိမ့်မယ်"
ထိုမှတ်ဥာဏ်များအား ပြန်တွေးမိသောအခါ ရှစ်ဖုန့်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ခါးသပ်သပ်ပြုံးလိုက်မိသည်။
သူ့ကိုယ်သူ အတ်ိတ်တုံးက အရမ်းအသုံးမကျသော သူတစ်ယောက်အဖြစ် မျှော့်လင့်ထားခဲ့မိခြင်း မရှိပေ။
ဤအချိန်တွင် သူ့အနေဖြင့် တစ်တွင်းသာရှာပြီး ပြေးပုန်းချင်လှသော ဆန္ဒရှိနေသည်။
သူကငရဲဘုံကိုးခု ဧကရာဇ်ကိုမှ အန္တိမ ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်ခဲ့သူဖြစ်သည်။
သူ၏ အတိတ်ကမှတ်ဥာဏ်များ မနိုးထဲ့ဘူး ဆိုလျှင်တောင် သူ၏ ဝိညာဥ်မှာ အန္တိမငရဲဘုံကိုးခု ဧကရာဇ်အဖြစ်ရှိနေသေးသည်။
ရှစ်ဖုန့်ရောက်လာသောအခါ လီရူက ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
ရှစ်ဖုန့် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသည်ဟု မြင်ခဲ့ဖူးသော မျက်နှာမှာ ယခင်အတိုင်း အေးစက်ပီး အဖက်မလုပ်သော အမူအယာ ဖြင့်ပင်ဖြစ်သည်။
ရှစ်ဖုန့်နောက်တစ်ကြိမ် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်မိသည်။
ဤဘဝရှိသူ၏ စံနှုန်းများမှာ တကယ်ကိုပင် နိမ့်ကျလွန်းလှသည်။
ဤကဲ့သို့ အလှအပမျ်ိုးဖြင့်သူ၏ ယခင်ဘဝတွင် ဒူးထောက်၍ ယင်မိစ္ဆာအလောင်းကောင်နှင့် ကမ်းလှမ်းကာတောင်းပန်းတိုးလျို တောင်းဆိုလျှင်ပင် သူကတော့ လိုချင်မိမည်မဟုတ်ပေ။
လပ်ထပ်ဖို့ဆိုသည်က ပိုတောင်ဝေးသေးသည်။
"ရှစ်ဖုန့်.."
လီရူက မျက်လုံးတို့အား စွေကြည့်ကာ ခေါ်လိုက်သည်။
သူမ၏ အမူအယာမှာယခင်အတိုင်းပင်ဖြစ်သည်။ သူ့အား နှ်ိမ့်ချ၍ ကြည့်နေတုံးပင်။
"ဘာဖြစ်လို့လဲ.."
"မင်းမနက်အစောကြီး ဒီနေရာကိုလာပြီး ငါ့ကိုဘာလို့ လာတားနေတာလဲ"
"မင်းငါ့ကို စပ်ဆုပ်ကဲ့ရဲ့ဖို့ ကြိုးစားနေတာလား"
ဤအမျိုးသမီးကသူ့အား စောင့်နေခြင်းဖြစ်ကြောင်းကို သူပြောနိုင်သည်။
ဤအမျိုးသမီးမှာ မနက်စောစော သူ့အိမ်အပြင်ဘက်ရှိ အမှောင်ရိပ်တွင် ပုန်းအောင်းနေပြီး သူထွက်မသွားခင် သူ့အားစောင့်၍ တွေ့ခြင်း ဖြစ်သည်ဟုပင် ရှစ်ဖုန့်တွေးတောနေမိ၏။
သူရောက်လာသောအခါ သူမကဖြည်းဖြည်းချင်းလှည့်၍ သူမ၏ မျက်နှာသေ အမူအယာအား လှစ်ဟာပြထားသည်။
သူမ၏ နဖူး၊ မျက်နှာနှင့် လည်ပင်းတို့ရှိ ချွေးသီးတို့အားကြည့်ကာ သူ၏ ခန့်မှန်းချက်မှာ တော်တော်လေး ဖြစ်နိုင်သည်ဟု ရှစ်ဖုန့်တွေးမိလိုက်သည်။
"နင်..."
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါ လီရူ ကူကယ်ရာမဲ့စွာဖြင့် ကြက်သေသေ သွားမိသည်။
သူမကြိုတင်ပြင်ဆင်လာခဲ့သော စကားလုံးတို့ကိုပင် ပြန်မျိုချလိုက်မိသည်။
ဤ ဖြစ်ရပ်က သူမစိတ်ကူးထားသည်နှင့် လုံးလုံးလျားလျားကို ကွဲပြားနေသည်။
မူလက ရှစ်ဖုန့်အနေဖြင့် သူမအားတွေ့သည့်အခါ သူမစိတ်ကျေနပ်စေ ရန် ဖော်လံဖား၍ ဝပ်တွားခယလိမ့်မည်ဟု ထင်ထားခဲ့သည်။
ဤဆင်းရဲသားက အတိတ်တုံးက သူမဆီက လိုချင်တာကို မရနိုင်တော့ဘူးဟု ထင်သွားကြောင်း သဘောပေါက်မိသွားသည်။ ထို့ကြောင့်သူမအားဆွယ်ရန် သူ၏ ဗျူဟာကို ပြောင်းလဲခဲ့တာဖြစ်မည်ဖြစ်သည်။
သူမအတွက်အလို့ငှာ သူ့အနေဖြင့် လိုချက်တာရရန် အတွက် တော်တော်လေးကြိုးစားအားထုတ်ခဲ့ရမည်ဖြစ်သည်။ သို့သော် အဲ့တော့ရော ဘာဖြစ်သနည်း။
ထိုအချက်ကို တွေးမိသွားသောအခါ လီရူတစ်ယောက် မထီမဲ့မြင်ပြုံးလိုက်သည်။
သူမက အရာအားလုံးအား ကြိုမြင်ထားသည်ဟူသော အမူအယာအား ထုတ်ပြ၍ ပြောလိုက်သည်။
"ရှစ်ဖုန့် ...ဒီအတွေးတွေကို..လက်လွှတ်လိုက်ပါ.."
"ဘာ.."
ရှစ်ဖုန့်က ရုတ်ချည်း နဖူးကြောများ တွန့်သွားအောင် မျက်မှောင်ကြုတ်လိုက်သည်။
သူစကားပြောရန်ပြင်လိုက်စဥ် လီရူက သူမပြောနိုင်ခင် ကြိုပြောလိုက်သည်။
"နင်က ရွာရဲ့ သန်မာတဲ့ ယောက်ျားအနည်းငယ်ကို ရိုက်ခဲ့တဲ့အပြင်ဘရွာခေါင်းဆောင်ကို ပါ ရိုက်နှက်ခဲ့တယ်.."
"နင့်ကိုယ် နင် သိုင်းပညာရှင် တစ်ယောက်များ ထင်နေတာလား "
"ငါစိတ်တော့ မကောင်းပေမဲ့.. နင့်မှာ ကြမ်းကြုတ်တဲ့ တိရစ္ဆာန်လို ခွန်အားပဲရှိတာ"
"ငါပြောတဲ့ မြင့်မားတဲ့ မြင်းကြီးကိုစီးပြီးတော့.. ငါ့ကိုလက်ထပ်ဖို့ အတွက်လာမဲ့သူ ဆိုတာက.."
"ဂုဏ်ကျက်သရေ ရှိတဲ့ တင်စား မှုနဲ့သူကိုပြောတာ..နင့်လို သူများစီက မြင်းကိုခိုးလာတဲ့သူမဟုတ်ဖူး"
"နင်သာဒီလိုလုပ်နေရင်...ငါတို့ တစ်ရွာလုံးကို ပါဝင်ငြိစွန်းစေပြီး မီးတွင်းထဲကိုပဲ တွန်းပို့လိုက်သလို ဖြစ်နေလိမ့်မယ်"
"ရှစ်ဖုန့်...နင့်ရဲ့ အချိန်တွေကို ဖြုန်းတီး မနေပါနဲ့တော့.."
"ငါတို့ နှစ်ယောက်ကြားထဲမှာ..ဘယ်လိုမှမဖြစ်နိုင်ဘူး.."
"ငါ့နှလုံးသားထဲမှာ... တစ်ခြား တစ်ယောက် ရှိနှင့်နေပြီးသား"
လီရူ၏ စကားများအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ နဖူးကြောများ ပို၍ တွန့်လာသည်။
ဤမိန်းမအား ထိုကဲ့သို့ ဘဝင်မြင့်မှုမျ်ိုး ဘယ်နေရာကနေ ရလာသလဲဟု မေးရန်ပြင်လိုက်ချင်တွင် လီရူက သူ့အား ပြေခွင့်မပေးပဲ ဆက်ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူမ၏ မျက်နှာထက်၌ ဂုဏ်ယူမှု၊ ဘဝခိုက်မှုတို့နှင့် ပြည့်နေ၏။
"သူက ဘယ်သူလဲဆိုတာကို..နင်သိချင်နေမှာပဲ..ဟုတ်တယ်မလား."
"သူကနင်နဲ့ လုံးဝကိုခြားနားတဲ့ သူတစ်ယောက်ပဲ.."
"နင်တို့နှစ်ယောက်မှာ..တစ်ယောက်က ကောင်းကင် တစ်ယောက်ကမြေကြီးပဲ..တစ်ယောက်တကယ့်အာဂလူ"
"နင်ကတော့..နင့်ဘဝတစ်လျှောက်လုံး နိမ့်ကျတဲ့ အောက်ခြေမှာသာ နေထိုင်တဲ့...သာမညောင်ည လူတစ်ယောက်ပဲ"
"သူက တကယ့် အစစ်အမှန်သိုင်းသမား တစ်ယောက် ဖြစ်တယ်"
"သူက အသက်နှစ်ဆယ်ရှိနေပေမဲ့.. သူရဲ့ ကျင့်ကြံမှုက စစ်သည်တော် နယ်ပယ်ကို ရောက်နေပီ.."
"မိုးပြာရောင်လမြို့ရဲ့ မိသားစုကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ဝမ့်မိသားစုကသူ့ကို မိသားစုရဲ့ ကိုယ်ရံတော်အဖြစ်ငှားရမ်းခဲ့တယ်"
"ငါ့ရဲ့နှလုံးသားက..."
"တော်လောက်ပြီ.."
သူမဆက်လက်ပြောဆိုနေသေးသည်အား မြင်လိုက်ရသောအခါတွင် ရှစ်ဖုန့် ကြားဖြတ် အော်လိုက်သည်။
"သောက်လခွီးပဲ...ဒီမိန်းမက ဘယ်တော့မှ ဆုံးမှာကို မဟုတ်တော့ဘူး"
သို့သော် ခဏအကြာတွင် လီရူ၏ အသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"ရှစ်ဖုန့် နင်စိတ်ဆိုးနေစရာ မလိုပါဘူး..."
"ငါဒါတွေကိုပြောနေတယ်ဆိုတာက..နင်ကောင်းဖို့ အတွက်ပဲ.."
"နင်ကိုယ်နင်မြင်နိုင်ပီးတော့ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာတွေကို ရပ်တန်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
"အချိန်တွေကို..ထပ်ပီးဖြုန်းမနေနဲ့...ငါ့ကိုလည်း ထပ်ပီး စိတ်ကူးတွေယဥ်မနေနဲ့.."
ဤတစ်ကြိမ်တွင်တော့ ရှစ်ဖုန့်လုံးဝ သည်းမခံနိုင်တော့ပေ။
သူ၏ မျက်လုံးက အေးစက်သော အငွေ့အသက်တို့ဖြင့် ကျဥ်းမြောင်းသွားကာ
"မင်းသောက်အဓိပ္ပါယ်မရှိတဲ့ လီးစကားတွေကို ထပ်ပြောနေပြီး ငါ့ကို အော်ဂီဆန်အောင် လုပ်နေမယ်ဆိုရင် ငါမင်းကို အချက်ခြင်း သတ်ပစ်မယ်"
"ငါ့ လမ်းကို ပိတ်မနေပဲ အခုချက်ခြင်း လစ်လိုက်တော့.."
လီရူတစ်ယောက် ဘာကြောင့်မှန်းမသိသော်လည်း ရှစ်ဖုန့်မှာ တစ်ခြား သူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
သူ၏ စကားအတိုင်းလိုက်မလုပ်ပါက သူအနေဖြင့် တကယ်အသတ်ခံရမည်ဟု ခံစားလိုက်ရကာ လီရူတစ်ယောက် တုန်လှုပ်မှုအား မထိန်းချုပ်နိုင်ခဲ့ပေ။
ထိုခံစားချက်အောက်တွင် လီရူတစ်ယောက် တုန်လှုပ်ကာ လမ်းလျှောက်ရန်ပင် မတက်နိုင်တော့ပေ။
ရှစ်ဖုန့် ခန္ဓာကိုယ်ကို လှုပ်ရှား၍ နောက်သို့ ခုန်ဆုတ်ကာ မြင်းပေါ်သို့ ဆင်းသတ်လိုက်သည်။
သူကလီရူအား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး မြင်း၏ ဝမ်းဗိုက်အား ကန်လိုက်၏။
"ကျား..."
မြင်းနက်ကြီးက နာကျင်မှုကြောင့် အော်ဟစ်ကာ ရှစ်ဖုန့်နှင့်အတူ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
တဖြည်းဖြည်းပျောက်ကွယ်သွားသော ရှစ်ဖုန့်၏ ပုံရိပ်အား ကြည့်ရင်း လီရူတစ်ယောက် အိပ်မွေ့ချခံလိုက်ရသူတစ်ယောက် ကဲ့သို့ ခံစား လိုက်ရသည်။
သူမသာ နောက်တွင် ထိုင်၍ သူ နောက်ကျောအား ဖက်ထားလိုက်ရလျှင်.....
"အား..သူမတွေများ တွေးနေပါလိမ့်.."
သူမတွင် အကို ယန်ကျုံး ရှိနေပြီးသားဖြစ်သည်။
သူ့လို ဆင်းရဲသားမျိုးက အကိုယန်ကျုံးနှင့် မည်ကဲ့သို့ နှိုင်းယှဥ်၍ ရနိုင်ပါအံ့နည်း။
အကိုယန်ကျုံးမှာ စစ်မှန်သော သိုင်းသမားတစ်ယောက် ဖြစ်သည်။
သူ၏ အနာဂတ်အောင်မြင်မှုများက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
"သူ...သူခုဏက ငါ့ကိုခြိမ်းခြောက်လိုက်တာမလား ."
"ဒါကမပြီးသေးပါဘူး.."
"ငါအကိုယန်ကျုံးကို..ပြောပြပီးတော့..ငါ့ဘက်က ရပ်တည်ပေးဖို့ကို တောင်းဆိုရမယ်.."
"ရှစ်...ဖုန့်...."
"နင်ဒါအတွက်..နောင်တ ရရလိမ့်မယ်.."
ရှစ်ဖုန့်က သူ၏ ခြေဖဝါးအောက်တွင် ဒူးထောက်၍ သူ့အား သနားညှာတာပေးရန် တုန်လှုပ်ကာ တောင်းပန်နေသည့် မြင်ကွင်းအား လီရူတစ်ယောင် ကြိုမြင်ယောင်နမိသည်။
အကြောင်းပြချက် တစ်ချို့ကြောင့် ရှစ်ဖုန့် ဘယ်သို့ဘယ်ပုံဆက်ဆံ ခံရမည်အားတွေးမိလေ သူမပို၍ စိတ်လှုပ်ရှားမှုအား ခံစားရလေဖြစ်သည်။
ဆက်ရန်....
ဘာသာပြန်သူ- Arise