← Chapters

အပိုင်း(၁၅)

Vol. 1 Ch. 15

အပိုင်း(၁၅)

Vol. 1 Ch. 15

မိုးပြာရောင်လမြို့မှာ ယွင်လိုင်အင်ပါယာ နယ်နိမိတ်အတွင်း ရှိ သေးငယ်လှသော မြို့လေးတစ်မြို့သာ ဖြစ်သော်လည်း သူ၏ လူဦးရေမှာ ရာထောင်ချီ ရှိသည်။

ရှစ်ဖုန့်က မိုးပြာရောင်လမြို့၏ လမ်းမများထက်တွင် မြင်းအားဆွဲခေါ်၍ ပုံမှန်လျှောက်လှမ်း လာခဲ့​ပြီး မြို့၏ အလွန့်အလွန် အသက် ဝင်လှမှုအား ခံစားနေသည်။

သူ၏ အရင်ဘဝ၌ သိုင်းပညာ၏ အထွပ်အထိပ်အဆင့်ထိ လေ့လာလိုက်စားခဲ့ကာ သူ့၌ သာမန်လူပုဂ္ဂိုလ်တို့၏ ဘဝအတွေ့အကြုံများလည်း ရှိခဲ့ပြီးဖြစ်သည်။

"တစ်ဆ်ိတ်လောက်ပါ...ဟိုင်ကလန်ကို ဘယ်လိုသွားရမလဲဆိုတာများ သိပါသလား"

ရှစ်ဖုန့်ကသာမန် အရပ်သားပုံစံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို တားလိုက်ကာ ယဥ်ကျေးသော အမူအယာဖြင့် မေးလိုက်သည်။

"အိုး..ဟိုင်ကလန်လား.."

"ဒီလမ်းအတိုင်း သွားပြီးရင်..မင်းနောက်ထပ်ဘယ်ဘက်ခြမ်းက လမ်းသုံးလမ်းအထိကို သွားဖို့လိုသေးတယ်"

လူငယ်ကပြန်လည်ဖြေကြား လိုက်သည်။

သူကရှစ်ဖုန့်အား အကဲခတ်လိုက်ပြီး ဤဆယ်ကျောက်သက်အရွယ်ကောင်လေးဆီမှ တစ်နည်းနည်းဖြင့် ရင်းနီးပုံရသော ခံစားမှုကိုရနေသည်။

"နားလည်ပြီ..."

ရှစ်ဖုန့်က ခေါင်းငြိမ့်ပြလိုက်ကာ လူငယ်ညွှန်ပြသော ဦးတည်ဘက်သို့ မြင်းကို ဆွဲကာ သွားလိုက်သည်။

ရှစ်ဖုန့်တော်တော်ဝေးဝေးသို့ ရောက်သွားသည်အထိ ကြည့်ရင်း ဤဆယ်ကျော်သက်အရွယ်ကောင်လေးအား ရင်းနီးစွာသိနေသည်ဟု ခံစားနေရဆဲဖြစ်သည်။

တစ်နေရာ၌တွေ့ဖူးသည်ဟု ခံစားမှုမျိုးဖြစ်ကာ အထူးသဖြင့် ၎င်း၏ မြင်းပင်ဖြစ်သည်။

"အမ်.."

".ဆယ်ကျော်သက်အရွယ်."

"ဟိုင်ကလန်.."

"အဆင့်နှစ် သန့်စင်ပညာရှင်.."

"လူအိုကြီး ပု"

စကားလုံးအများအပြားက လူငယ်၏ စ်ိတ်ထဲတွင်ထွက်ပေါ်လာကာ အချင်းချင်း ချိတ်ဆက်မိသွား၏။

လူငယ်က ရုတ်ချည်း အသိဝင်လာသည်။

"သူက မနေ့က ဟိုင်ကလန်ရဲ့ ရထားထိန်းနဲ့ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်နှစ်သန့်စင်ပညာရှင်ကို သတ်ပစ်ခဲ့တဲ့သူမလား.."

"သူက.. ဟိုင်ကလန်းကို ဘာလို့သွားတာလဲ"

"သူက မိုးပြာရောင်လမြို့က မြို့သူမြို့သားတွေကို ပါဝင်မငြိစွန်းစေချင်တာကြောင့် ဟိုင်ကလန် ကိုသွားပြီးတော့ အသေခံချင်တာ များလား"

"ဟေးဟေး..ခုဏကအဲ့လူငယ်လေးကို မင်းမြင်ဖူးလား"

"အဲ့တာသူလေ.."

"မနေ့က ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်နှစ် သန့်စင်ပညာ ရှင်ကို သတ်ပစ်လိုက်တဲ့သူ"

"ခုဏတုံးက..ဟိုင်ကလန်ကို ဘယ်လိုသွားရမလဲဆိုပြီး သူက ငါ့ကိုမေးသွားတာ"

"ဘာကြီး.."

"အဲ့တာက သေခြင်းတရားရဲ့ ရင်ပြင်ပဲ မဟုတ်လားဟ.."

"ဟိုင်ကလန်ကို..သွားကြည့်ကြရအောင်.."

"မင်းခုဏက..တွေ့လိုက်လား"

"အဲ့လူငယ်လေးက မနေ့က ကောင်းကင်ဘုံလေ ဂိုဏ်းရဲ့ အဆင့်နှစ် သန့်စင်ပညာရှင်ကို သတ်ခဲ့တဲ့သူ ဖြစ်ပုံရတယ်"

"ငါကြားတာတော့ သူက ဟိုင်ကလန်ကို ဘယ်လိုသွားရမလဲဆိုပြီး..တခြားသူတွေကို မေးနေတယ်တဲ့.."

"မင်းပြောတာ အမှန်ပဲလား"

"လာ..သွားကြည့်ကြရအောင်.."

"သူ့ကိုယ်သူ အညံ့ခံလိုက်ပါစေပဲ ငါမျှော်လင့်တယ်"

"အဲ့တာကသာ ငါတို့မိုးပြာရောင်လမြို့အပေါ် ကျလာမည့် ကောင်းကင်​ဘုံလေဂိုဏ်းရဲ့ အမျက်ဒေါသကို ငြိမ်းသက်စေနိုင်သော တစ်ခုတည်းသော နည်းပဲ..."

"ကောင်ကင်ဘုံလေ ဂိုဏ်းရဲ့ အဆင့်နှစ် သန့်စင်ပညာရှင်ကို သတ်ခဲ့တဲလူငယ်လေးက ဟိုင်ကလန်ကိုသွားတယ်လို့ ငါကြားခဲ့တယ်..သွားကြစို့"

"သွားကြရအောင်.."

"ဒါကငါတို့ မိုးပြာရောင်လမြို့ရဲ့ သေခြင်း ရှင်ခြင်းနဲ့ ဆိုင်တဲ့ က်ိစ္စပဲ"

"အဲ့ကောင်လေးကိုဖမ်းဖို့ ဟိုင်ကလန်ကို ကူညီကြစို့"

"ကျွတ်...ဟိုင်ကလန်မှာ သိုင်းပညာထူးချွန်တဲ့ သူ ဟိုင်ပါထျန်းတစ်ယောက်လုံးရှိနေတဲ့ဟာ..မင်းရဲ့အကူအညီလိုမှာတောင် မဟုတ်ဖူး.."

"မင်းက အရည်အချင်းရော မှီတာမို့လား"

ရုတ်ချည်း မိုးပြာရောင်လမြို့၏ လေထုမှာ ဂယက်ထာလာသည်။

ထိုသတင်းအား လက်ခံရရှိကြသော လူများမှာ ဟိုင်ကလန်ဆီသို့

အသောနှင်ကြ၏။

တကယ်တမ်းပြောရလျှင် ကောင်းကင်ဘုံလေဂိုဏ်း၏ အဆင့်နှစ် သန့်စင်ပညာရှင်မှာ မိုးပြာရောင်လမြို့တွင် အသတ်ခံခဲ့ ရခြင်းဖြစ်သည်။

ဤကိစ္စ၏ သက်ရောက်နိုင်မှု အကျိုးက ကြီးမားလွန်း၏။

ထိုအရာကို အလေးအနက်ထားရလောက်သည်အထိ မြို့တစ်ခုလုံး၏ သေခြင်း ရှင်ခြင်းနှင့် ပက်သက်နေသည်။

အမှန်အတိုင်းပြောရလျှင် ကောင်းကင်ဘုံလေဂိုဏ်းကဲ့သို့ ကြီးမားပြီး အင်အားကြီးသော ဂိုဏ်းတစ်ခုကမိုးပြာရောင် လမြို့ကဲ့သို့ မြို့ငယ်လေးတစ်ခုအား ဒေါသအလျောက် အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။

ရှစ်ဖုန့်တစ်ယောက် လျှောက်လှမ်းလာရင်း သူ၏ ဘေးပတ်ဝန်းကျင်တွင် လူများ စွာရှိလာသည်ကို သတိထားမိသွားသည်။

သူတို့အားလုံးက သူ့အားကြည့်ကာ ဆွေးနွေးနေကြပုံရ၏။

ဖြည်းဖြည်းချင်း ရှစ်ဖုန့်နားလည်လာခဲ့သည်။

လူတိုင်းမှာ ဤနေရာသို့ ပြပွဲတစ်ခု ကြည့်ရန်အတွက် ရောက်လာကြသည်ကို နားလည်လိုက်သည်။

မူလအစက သိုသိုသိပ်သိပ်သာ လုပ်ဆောင်ချင်ခဲ့သော်လည်း ဟိုင်လကလန်အား မျိုးဖြုတ်ရန် လူသိရှင်ကြား လုပ်ရတော့မည်ပုံပေါ်သည်။

ရှစ်ဖုန့်တွင် သူအား သေသည်အထိသတ်ဖြတ်ချင်နေသော ကလန်အတွက် လုံဝမျိုးဖြုတ်ပစ်သည့် ဖြေရှင်းချက်တစ််ခုသာရှိသည်။

ဟိုင်ကလန်ခန်းမတွင် ဟိုင်မိသားစု၏ ခေါင်းဆောင် ဟိုင်ပါထျန်းမှာ

မငြိမ်မသက်ဖြင့် ရှေ့နောက်ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။

ယနေ့မနက်သူနိုးလာသောအချိန်တွင် သူ၏ ရင်ဘက်ထဲ၌ ကျောက်တုံးတစ်တုံး စို့ထားသလို ခံစားရကာ ထိုခံစားချက်ကသူ့အား မွန်ကျပ်စေသည်။

ကြီးမာသော အရာတစ်ခုခုဖြစ်ပျက်တော့မည်ဟု သူဆက်တိုက်ခံစား

နေရသည်။

နောက်တာ့ မနေ့ညက ကိစ္စမည်ကဲ့သို့ ​ဖြစ်သွားသည်အား သိချင်လာ၍ ကြီးကြပ်သူ ယွဲ့အား ခေါ်ခိုင်းလိုက်သည်။

အစေခံတို့ပြန်ရောက်လာသောအခါ ကြီးကြပ်သူယွဲ့၊ ဟိုင်ရမ်၊သူ၏သား ဟိုင်မင်နှင့် တခြားသိုင်းသမားတို့မှာ ပြန်ရောက်မလာသေးဟူသော တင်ပြချက်ကိုသာ ရရှိလိုက်သည်။

ဤအချက်က ဟိုင်ပါထျန်းအား ပိုမို၍ မသာမသာဖြစ်စေသည်။

ဟိုင်ရမ်နှင့် ကြီးကြပ်သူ ယွဲ့တို့အပေါ် သူ၏ နှစ်ပေါင်းများစွာ နားလည်ထားမှုအရ သူတောင်းဆိုသည်အား လုပ်ပီးလျှင် ပြီးပြီးချင်း မကြာခင် သေချာပေါက်ပြန်လာမ​ည်ဖြစ်သည်။

သူအိပ်ပျော်နေခဲ့လျှင်တောင်မှ သူတို့ကသူ့အား သတင်းပို့ရန် မအိပ်ပဲ စောင့်နေကြမည်ဖြစ်သည်။

"သူတို့ဘာလို့ပြန်မလာသေးတာလဲ...ဘာလို့ပြန်မလာကြသေးတာလဲ"

"ဘယ်အချိန်ရှိနေပီလဲ..ကွာ.."

"သူက သိုင်းလက်သင်လေး တစ်ယောက်ပဲ..မဟုတ်ဖူးလား"

ဟိုင်ပါထျန်းတစ်ယောက် ပို၍ ပို၍ သည်းမခံနိုင်ဖြစ်လာသည်။

"အဲ့ကောင်လေးရဲ့.နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့ ကျွမ်းကျင်သူ တစ်ချို့များ ရှိနေတာလား.."

ကြီးကြပ်သူယွဲ့နှင့် သူ့အဖွဲ့ရှိသိုင်းသမားတို့အား ကိုင်တွယ်နိုင်ရန်မှာ ထိုလူ၏ ကျင့်ကြံမှု နယ်ပယ်မှာ အနည်းဆုံး သူ၏ အဆင့်ဖြစ်ရမည်ဖြစ်သည်။

ထိုလူသာ တကယ့်တမ်း သူ၏ အဆင့်၌ရှိနေပါက ကြီးကြပ်သူယွဲ့နှင့် တစ်ခြားသော သူများမှာ သေချာပေါက် ပြန်လာနိုင်မည် မဟုတ်ပေ။

ဒါကရန်သူအား ဘယ်နေရာကို သေချာပေါက် ထွက်ပြေးရမည်ဆိုသည်အား သတိပေးနှင့်ပီးသား ဖြစ်နေမည်ဖြစ်သည်။

သူတို့သာ မင်အန်းအား သတ်သွားသော တရားခံအား မဖမ်းနိုင်ပါက ဤကိစ္စအား ကောင်းကင်ဘုံလေဂိုဏ်းကို မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။

ဟိုင်ကလန်၏ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော အုတ်မြစ်က သူ၏ လက်ထက်ရောက်ကာမှ ဖျက်ဆီးခံရတော့မည်လား။

ဟိုင်ပါထျန်းမှာ သူ၏ နှလုံသားထဲတွင် နောင်တ အတော်အတန် ရနေပီဖြစ်သည်။

သူသာအစောထဲကသိခဲ့ပါက ယမန်နေ့ညက သူကိုယ်တိုင်ပင် သွား ခဲ့မည်ဖြစ်သည်။

"သ.သခင်ကြီး..."

ရုတ်တရက် ပုံရိပ်တစ်ခုက ကသုတ်ကရုတ် ဝင်ရောက်လာပြီး အမောတကော ပြောလိုက်သည်။

ဟိုင်ပါထျန်းမှာ တော်တော်လေးကို ဒေါသထွက်နှင့်ခဲ့ပြီး ဖြစ်သည်။

အစေခံဖြစ်သည်က ဤကဲ့သို့ပြုမူနေသည်ကို တွေ့လိုက်ရသောအခါ သူ့အားမြေပြင်ပေါ်သို့ လဲကျသွားသည်အထိ တိုက်ရိုက်ကိုပါးရိုက်ထုတ်လိုက်သည်။

သူကဒေါသတကြီး အော်ငေါက်လိုက်၏။

"ဘာက်ိစ္စလဲကွ.."

"မင်းဘာလို့ ဒီလောက် ထိပ်ထိပ်ပြာပြာ ဖြစ်နေရတာလဲ"

ထိုလူက သူ့ရှေ့သို့ တွားသွားလာကာ သူ၏ မျက်နှာဘယ်ဘက်ခြမ်းအား သူ၏ ဘယ်လက်ဖြင့် ကာ၍ သတိထားပြောလိုက်သည်။

"မိသားစု ခေါင်းဆောင် မ​​နေ့က အရှင်မင်အန်းကိုသတ်သွားတဲ့ လူငယ်လေးက (စန်းယွဲ့) မိုးပြာရောင်လမြို့မှာ ပေါ်လာပါတယ်"

"ပေါ်လာတယ်..ဟုတ်လား.."

ဟိုင်ပါထျန်း၏ မျက်လုံးတို့ အရောင်လတ်သွားခဲ့သည်။

"ကောင်းတယ်...သူထွက်ပေါ်လာတာ ​ကောင်းတယ်..ထွက်လာတာ

ကောင်းတယ်"

သူက ၎င်းထပ်မံမပေါ်လာမည်ကို ကြောက်နေခဲ့ခြင်း ဖြစ်သည်။

"သူ အခုဘယ်မှာလဲ.."

"သူ့ဘေးမှာရော...တစ်ယောက်ယောက်..ရှိနေသေးလား."

ဟိုင်ပါထျန်းကမေးလိုက်သည်။

"သူတစ်ယောက်တည်း..ဟိုင်ကလန်ဆီကို..လမ်းလျှောက်လာခဲ့တာပါ.."

အစေခံက ပြန်လည်ဖြေကြားလိုက်သည်။

"တစ်ယောက်တည်းပဲတဲ့လား..."

ဟိုင်ပါထျန်း ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်သွားသည်။

သူက စန်းယွဲ့မြို့တွင် ပေါ်လာခဲ့ပြီး ကြီးကြပ်သူယွဲ့မပေါ်လာသည်ကို ကြည့်ပါ တစ်ခုခုတော့ တကယ်ဖြစ်ပျက်ခဲ့သည်မှာ သေချာသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်​အစေခံမှာ တစ်ယောက်တည်းဟု ပြောနေ၏။ သူမယုံနိုင်ပါ။

သူတွေးထားသလိုသာ ​ဖြစ်ရမည်ဖြစ်သည်။

ထိုလူငယ်လေး၏ နောက်ကွယ်တွင် သူ့ထက်ပို၍ အားမနည်းလှသော ကျွမ်းကျင်သူ တစ်ယောက်ရှိနေသည်။

ထိုကျွမ်းကျင်သူက အမှောင်ထဲတွင် ပုန်းနေ၏။

"ဟိုင်ကလန်ရဲ့ သိုင်းပညာရှင် အားလုံးကို စုစည်းလိုက်စမ်း"

"သွားတော့.."

ဟိုင်ပါထျန်းက သူ့ရှေ့ရှိ အစေခံအား ပြောလိုက်သည်။

"ဟုတ်..ဟုတ်ကဲ့ ဒီအစေခံက အခုပဲ သွားပါ့မယ်"

ဟိုင်ပါထျန်း၏ အမိန့်အား ကြားလိုက်ရသောအခါ အစေခံမှာ ခြေတစ်လှမ်းသာ နောက်ကျပါက ဟိုင်ပါထျန်း၏ ရိုက်နှက်​​ခြင်းအား ထပ်မံခံရမည်ကို ​ကြောက်လန့်သောကြောင့် ခန်းမထဲမှ အလျှင်အမြန်ပြေးထွက်သွားသည်။

အစေခံထွက်ခွာသွားသည်ကို ကြည့်ပီးနောက် ဟိုင်ပါထျန်း လျို့ဝှက်စွာ သက်ပြင်းချလိုက်သည်။

"မင်အာလည်း မနေ့ညက ကံဆိုးမှုနဲ့ ကြုံတွေခဲ့ရမှာသေချာတယ်"

"ဟူး..."

သူ၏သားတစ်​ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဟိုင်ပါထျန်းမှာသူ၏ ညာလက်ဖဝါးအား လှန်လိုက်သော အခါ

အနက်ရောင်သံမဏိ လှန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာသည်။

လှန်အားကိုင်ဆောင်လိုက်သောအခါ ဟိုင်ပါထျန်းမှာ ပို၍ ပို၍ ကြီးစိုးသော ပုံစံ ဖြစ်လာခဲ့ပြီး အပြင်သို့ လျှောက်လှမ်းထွက်လာသည်။

ထိုအချိန်တွင် ရှစ်ဖုန့်မှာ ဟိုင်ကလန်၏ ဂိတ်ဝရှေ့သို့ ရောက်နှင့်နေပြီဖြစ်သည်။

၎င်းမှာ ဟင်္သါပြဒါး ဂိတ်ဖြစ်ပြီး ငါးမီတာမြင့်၍ သုံးမီတာကျယ်ဝန်းသည်။

ဂိတ်၏ တစ်ဖက်တစ်ချက်စီတွင် ကြီးမားပြီး ကြီးစိုးသည့် ကျောက်တုံးခြင်္သေ့ကြီး နှစ်ခု ရှိသည်။

ဂိတ်၏ အပေါ်တွင်"ဟိုင်ကလန်"ဟု စာလုံးရေးထွင်းထားသော မော်ကွန်းထိုး ကျောက်ပြားရှိပြီး နေရောင်အောက်တွင် တောက်ပနေသည်။

တစ်ချက်ကြည့်ရုံနှင့်ပင် ချမ်းသာကြွယ်ဝသော မိသားစု တစ်ခုမှန်းသိနိုင်သည်။

"ငါသာ ဒီမိသားစုကို ဖျက်ဆီးပစ်လိုက်လျှင် ငါရလာမဲ့ ချမ်းသာကြွယ်ဝမှုက ငါ့ လင်အာလေးကို ဘဝတစ်လျှောက်လုံး အသားကင်

ကျွေးနိုင်လောက်အောင်ကြွယ်ဝတယ်"

ရှစ်ဖုန့်က နီရဲသော ဟိုင်ကလန်၏ တံခါးကိုကြည့်ကာ ရေ ရွတ်လိုက်သည်။

မကြာခင် ဟင်္သါပြဒါး(အနီရောင်ပါပဲ) တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်ကို ရှစ်ဖုန့် တွေ့လိုက်ရ၏။

တံခါးပွင့်လာသောအခု ခွန်အားကြီးပီး ကြီးစိုးပုံရသည့် လူတစ်​ယောက်က စန်းယွဲ့မြို့သူ မြို့သားတို့၏ ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာသည်။

"ဟိုင်ပါထျန်း...ဒါတကယ့်ကို..ဟိုင်မိသားစု ခေါင်းဆောင် ဟိုင်ပါထျန်းပဲ.."

"ဒါက.. ငါ့ဘဝမှာ သူ့ကို သုံးကြိမ်မြောက် တွေ့ဖူးခြင်းပဲ.."

"ကောင်းကင်ဘုံရေ...သူက ငါရဲ့ အသည်းကြော်ပဲ"

"ငါ့မျက်လုံးထဲမှာတော့..သူကသာ ငါတို့ စန်းယွဲ့မြို့မှာ အသန်မာဆုံး လူတစ်ယောက်ပါပဲ"

လူအုပ်ကြီးမှာ ဆူညံပွက်လော ရိုက်မှုများ ဖြစ်လာ၏။

ထို့နောက်တွင် မိသားစုလေးခုလုံး၏ ခေါင်း​ဆောင်အားလုံး လူအုပ်ထဲတွင်ထွက်ပေါ်လာသည်။

သူတို့ကက စန်းယွဲ့မြို့၏ ဒဏ္ဍာရီဆန်သော ပုံရ်ိပ်များဖြစ်ပြီး လူအများ၏ မျက်လုံးထဲတွင် အသည်းကြော်(အိုင်​ဒေါ) များ အဖြစ် ရှုမြင်ကြသည်။

ဆက်ရန်..

ဘာသာပြန်သူ -Arise

All Chapters