အပိုင်း(၁၆)
Vol. 2 Ch. 16
ထျန်းဟန် တိုက်ကြီးမှာ အင်အားကြီးသူ သန်မာသူများကသာ လေးစားခံကြရသော တိုက်ကြီးတစ်ခုဖြစ်သည်။
ဘာတွေဘယ်လိုပဲဖြစ်နေပါစေ သန်မာသူတို့သာ အမြဲလေးစားခံရ၏။
ငယ်ရွယ်သူတို့၏ မျက်လုံးထဲတွင် ဟိုင်ပါထျန်းမှာ ၎င်းတို့၏ ဘဝပန်းတိုင်တစ်ခုဖြစ်သည်။
သူတို့သည် သန်မာသည့် သိုင်းပညာရှင်များ ဖြစ်လိုကြပြီး စန်းယွဲ့မြို့ တစ်ခုလုံးအား အုပ်စိုး ချင်ကြသည်။
"စိတ်ဝိညာဥ် နယ်ပယ် အဆင့်."
ရှစ်ဖုန့်တစ်ယောက် ဟိုင်ပါထျန်းအား တွေ့လိုက်ရသော အခါတွင် သူ၏ ကျင့်ကြံမှု နယ်ပယ်အား သိလိုက်သည်။
"သူက ဟိုင်ကလန်ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ရမယ်"
ဟိုင်ပါထျန်းထွက်ပေါ်လာ ပြီးသည့်နောက်တွင် ဟိုင်ကလန်ဂိတ်ဝဆီမှ သိုင်းသမာများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာ၏။
ရှစ်ဖုန့်အား ဝန်းရံထားသော သိုင်းပညာရှင် စုစုပေါင်း ၅၀ခန့်ရှိသည်။
ဤသည်မှာ ဟိုင်ပါထျန်း၏ အမိန့်ဖြစ်၏။
သူတို့က ရှစ်ဖုန့် ထွက်မပြေးသွားစေရန် အရင် ဝိုင်းထားလိုက်ခြင်း ဖြစ်သည်။
ရှစ်ဖုန့်က သူ၏ သိုလှောင် လက်စွပ်အတွင်းမှ အနက်ရောင် အဝတ်ထုပ်ကို ထုတ်ယူလိုက်သည်။
အထဲတွင် ဘောလုံးကဲ့သို့ အရာတစ်ခု ပါပုံရ၏။
သူက ညာလက်ဖြင့်လွှဲယမ်းကာ ၎င်းကို ဟိုင်ပါထျန်းဆီသို့ ပစ်ပေးလိုက်သည်။
"ဒါက..ခင်ဗျား အတွက်ပဲ."
ဟိုင်ပါထျန်းက သူ၏ လှံကို ထုတ်ကာ အနက်ရောင် အဝတ်ထုပ်အား ထိုးလိုက်၏။
သူ၏ လက်ကို လှုပ်ခါလိုက်သည့်အခါ အနက်ရောင် အဝတ်က ရုတ်ချည်း ပြေကျသွားပြီး အထဲမှ အရာဝတ္ထုမှာ ပေါ်ထွက်လာခဲ့သည်။
မကြာခင်တွင် ဟိုင်ပါထျန်းတစ်ယောက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ အော်ဟစ်လိုက်ပြီး ကောင်းကင်ယံ၌ပင် အသံတို့ ပဲ့တင်ထပ်ကုန်၏။
"မင်း.. "
"ခွေးမသား..."
စန်းယွဲ့မြို့တစ်ခုလုံး အနည်းငယ် တုန်လှုပ်သွား ပုံရသည်။
"ဒုတ်..ဒုတ်..ဒုတ်..ဒုတ် ..ဒုတ်..ဒုတ်.."
ရင်ခုန်သံများအား ဆက်တိုက်ပင် ကြားနေရသည်။
"ဒါ...ဒါက..ဟိုင်ကလန်ရဲ့ တတိယသခင်လေး..ဟိုင်မင်မလား.."
"ဒီကောင်တော့...ရူးသွားပြီ..."
"သူက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ"
"မနေ့ကပဲ...ဟိုင်ကလန်က ရထားထိန်းနဲ့ ကောင်းကင်ဘုံလေဂိုဏ်းက အဆင့်နှစ် သန့်စင်သူကို သတ်ပစ်ခဲ့ပြီး.."
"ဒီနေ့လည်း..ဟိုင်းပါထျန်းရဲ့သားကို..တကယ်ကြီး သတ်ပစ်လိုက်ပြန်ပီ"
"ဘုရားရေ...ကမ္ဘာပေါ်မှာ..ဒီကောင် မလုပ်ဝံ့တဲ့ အရာများ ရှိသေးရဲ့လား.."
"သူက ဟိုင်ကလန်ရဲ့ မျက်နှာကို ဖြတ်ပီး ရိုက်လိုက်တာပဲ.."
"ငါမင်းကို...သေတာထက်ကို ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေချင်တယ်.."
"အားလုံး သူ့ကို တိုက်ကြစမ်း.."
"သူ့ကို မသတ်လိုက်နဲ့အုံး.."
ဟိုင်ပါထျန်းမှာ ဒေါသတကြီး ဟိန်းဟောက်၍ သူ၏ အံကိုကြိတ်ကာ ရက်စက်သည့် မျက်နှာသွင်ပြင်ကို ဖော်ဆောင်နေသည်။
သူ့သား၏ ကံကြမ္မာဆိုး ဝင်မှုအား ခန့်မှန့်ထားခဲ့မိပြီးဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ့သား၏ ဦးခေါင်းအား ဤကဲ့သို့ ပစ်ပေးလိုက်သောအခါ တွင် သူ့ရင်ထဲရှိ ဒေါသမီးတောက်က လုံးဝကို လောင်ကျွမ်းသွားခဲ့သည်။
သူက ရှစ်ဖုန့်အား သေတာထက်ဆိုးဝါးသည်အထိကို နှိပ်စက်ချင်နေပြီး တစ်စစီ အပိုင်းပိုင်းလုပ်ပစ်ကာ ခွေးစာကျွေးပစ်ချင်နေ၏။
ဟိုင်ကလန်၏ သိုင်းပညာရှင် ငါးဆယ်ကျော်က ဆေဘာဓား ဓားရှည် လှံတန်နှင့် ပုဆိန်လှံတို့ကို ကိုင်ဆောင်ကာ ရှစ်ဖုန့်ထံသို့ စုပြုံ၍လာ ခဲ့သည်။
ဆေဘာဓား၊ လှံနှင့် ဓားရိပ် ဓားချီတို့က လေထဲတွင် ပြည့်နှက်နေ၏။
လူအများ၏ မျက်လုံးထဲတွင်တော့ ရှစ်ဖုန့်မှာ သေလူ ဖြစ်နှင့်နေပီးသား ဖြစ်သည်။
ရှစ်ဖုန့်၏ အမူအယာမှာ ထူးခြားမှု မရှိပဲ အေးဆေးစွာ ပြောလိုက်သည်။
"ငါဒီနေ့ ငါကိုယ်တိုင် ထပ်ပီးတော့ ပြောမယ်"
"ငါကို သေစေချင်တဲ့ ဘယ်သူမဆို သေရမယ်.."
ရှစ်ဖုန့်၏ စကားလုံးတို့က နတ်ဆိုးအသံကဲ့သို့ လူတိုင်း၏ စိတ်ထဲတွက် ပဲ့တင်ထပ်သွား၏။
"ဘုန်း.."
ရုတ်တရက် မြေပြင်က ပြင်းထန်စွာ တုန်ခါလာသည်။
၎င်းက လှုပ်ခါပြီး အသံခပ်အုပ်အုပ် ထွက်လာ၏။
ထို့နောက် ချက်ခြင်း အန္တရာယ်ရှိသော ဆူးချွန်ဒါဇင်များစွာက မြေပြင်မှ ထိုးဖောက်ထွက်လာသည်။
အန္တရာယ်ရှိသော ဆူးချွန်များက ဟိုင်ကလန်မှ သိုင်းပညာ ရှင် ငါးဆယ်ကျော် တို့ ၏ ခန္ဓာကိုယ်များအား ထိုးဖောက်သွားကာ ကောင်းကင်ယံသို့ ဆက်လက် မြင့်တက်သွား၏။
၎င်းတို့က ငါးမီတာ အမြင့်သို့ ရောက်မှသာ ရပ်တန့်သွားသည်။
"အား.."
အန္တရာယ်ရှိသော မြေဆူးချွန်က သူ၏ ခါးနှင့် အစာအိမ်အားဖောက်ထွင်းသွားသော်လည်း ထိုသိုင်းသမားမှာ မသေဆုံးသေးပေ။
သူ၏ခန္ဓာကိုယ်က လေထဲ၌ တန်းလန်းဖြစ်နေကာ တစ်ဆက်ဆက်တုန်ယင်နေသည်။
သူ၏ ငိုကြွေးသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေ၏။
"အား..အား..အား..အား..အား.."
ငိုကြွေးသံများက ဆက်လက် ထွက်ပေါ်လာသည်။
ကောင်းကင်ထက်မှ သွေးမိုးများ ရွာသွန်းလာသည်နှင့်အမျှ ရှစ်ဖုန့်၏ အမူအယာမှာ အေးစက်နေသည်။
သူ၏ တစ်ကိုယ်လုံးမှာ အနီရောင်များ စွန်းထင်းနေပြီး သူ၏ ဆံပင်တို့က လေမတိုက်ပါဘဲ တဖျပ်ဖျပ်လွင့်နေ၏။
သူက ငရဲမှ တိုးထွက်လာသော နတ်ဆိုး တစ်ကောင်နှင့်တူပြီး သူ၏ နက်ရှိုင်းသော အသံမှာ ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။
"မင်းတို့ငါ့ကို သတ်ဖို့အတွက် အငြိုးထားပီး ယတိပြတ်ငါ့ဆီကို လာကတည်းက..ငါသတ်တာကို ခံရဖို့လည်း မင်းတို့ ပြင်ဆင်ထားသင့်တယ်..."
အတွေးတစ်ချက်ဖြင့် အန္တရယ်ရှိသော မြေဆူးချွန်တို့မှာ မြေပြင်သို့ ပြန်လည်ဆုတ်ခွာသွားသည်။
ဟိုင်ကလန်၏ သိုင်းပညာရှင်တို့မှာ ဖက်ထုပ်ကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။
"ဘုန်း..ဘုန်း..ဘုတ်...ဘုန်း..ဘုန်း.."
နက်ရှိုင်းသော အသံခပ်အုပ်အုပ်က ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
အစောပိုင်းက မသေဆုံးကြသေးသော သိုင်းပညာရှင်တို့မှာ ဤ ပြုတ်ကျမှုကြောင့် လုံးဝသေဆုံးသွား ရပီဖြစ်သည်။
"ဒါက..."
"ခုဏက..ဘာဖြစ်သွားတာလဲ"
"ဟိုင်ကလန်ရဲ့..သိုင်းပညာရှင် အကုန်လုံး..သေကုန်ပြီ.."
အဖြစ်အပျက်မှာ မြန်ဆန်လွန်းသောကြောင့် လူအများစုမှာ တုန့်ပြန်ချိန်ပင်မရလိုက်ပေ။
"ငါခုဏက တွေ့လိုက်တယ်.."
"ခုဏတုံးက..ငလျှင်တစ်ခု လှုပ်သွားခဲ့တယ်.."
"မရေတွက်နိုင်တဲ့..မြေဆူးချွန်တွေက ပေါ်ထွက်လာပြီး..ဟိုင်ကလန်ရဲ့ သိုင်းပညာရှင်တွေကို တိုက်ခိုက်ခဲ့တာ.."
"အဆုံးမှာ ဟိုင်ကလန်ရဲ့ သိုင်းပညာရှင်တွေက မြေဆူးချွန်တွေ ထိုးတာကိုခံရပြီးတော့..သေ သွားခဲ့ရတာပဲ"
လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
"အဲ့မြေဆူးချွန်တွေက..အဲ့လူငယ်လေး လုပ်ခဲ့တာပဲ ဖြစ်ရမယ်.."
"အားလုံးက သေဆုံးသွားခဲ့ပေမဲ့ သူကတော့ မြေပေါ်မှာ ကောင်းကောင်း မွန်မွန် ရပ်နေတုံးပဲ.."
"ဒါက လုံးဝကို မဖြစ်နိုင်ဘူး.."
"သူ့အသက်က ဘယ်လောက်ရှိပီမို့လဲ.."
သိုင်းပညာရှင်တစ်ယောက်မှာ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်နှင့်မြေကြီး၏ နိယာမများကိုနားလည်နိုင်မှသာလျှင် မြေစွမ်းအင် နည်းစနစ်တို့အား ယခုကဲ့သို့ အရမ်းထသွားထလာပုံစံမျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အနည်းဆုံးထိုလူမှာ ဘုရင်နယ်ပယ် အဆင့်သို့ ရောက်ရှိနေရမည်ဖြစ်၏။
"ဘုရင်နယ်ပယ် တစ်ယောက်က စန်းယွဲ့ မြို့ရဲ့ တစ်နေရာရာမှာ ဖုံးကွယ်နေနေတာ ဖြစ်ပုံရတယ်..."
သိုင်းပညာအကြောင်းအား တော်တော်လေး နားလည်လှသော လူတစ်ယောက်က ပြောလိုက်သည်။
အားလုံးက အသံလာရာဆီသို့ ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
"လူအိုကြီးပု..ဒါကလူအိုကြီးပုပဲ.."
ခုဏက စကားပြောလိုက်သော သူမှာ မနေ့က ရှစ်ဖုန့်အားဖမ်းဆီးကာ ကောင်းကင်ဘုံဂိုဏ်းအား ဖြေရှင်းချက် ပေးချင်ခဲ့သော လူအိုကြီးပု တဖြစ်လည်း ပုထျန်းရှင်းဖြစ်သည်။
နောက်ပိုင်းတွင် ရှစ်ဖုန့်၏ လမ်းညွှန်မှုဖြင့် စိတ်ဝိညာဥ်နယ်ပယ်၏ သတ်မှတ်ထားသော စံနှုန်းအပေါ် ထိတွေ့နိုင်ခဲ့သည်။
"ကြည့်စမ်..အဲ့တာ လူအိုကြီးပုပဲ.."
"သူအခု ထုတ်လွှတ်ပြထားတဲ့ တည်ရှိမှုပုံစံကို ကြည့်လိုက်အုံး.."
"သူက ဟိုင်ပါထျန်း လောက်ကို စွမ်းအား ကြီးတယ်.."
"ငါမနေ့က ကြားခဲ့ရတဲ့ ကောလဟာလတွေက အမှန်ဖြစ်ပုံပဲ.."
"လူအိုကြီးပုက..စိတ်ဝိညာဥ်နယ်ပယ်ကို ဝင်ရောက်သွားခဲ့ပြီတဲ့.."
ပုထျန်းရှင်းက ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်လိုက်သည်။
မနေ့က ထိုလူငယ်လေးကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ကြယ်ကိုးပွင့် သခင်နယ်ပယ်အဆင့်တွင် နှစ်ပေါင်းဘယ်လောက်ကြာ သောင်တင်နေမည်ကို မည်သူမျှ မသ်ိိနိုင်ပေ။
ဤ လူငယ်လေး၏ နောက်ကွယ်တွင် ကျွမ်းကျင်သူ တစ်ယောက် ရှိနေသည်ဟု သိလာရသည်။
ပုထျန်းရှင်းမှာ ရှစ်ဖုန့်၏ နောက်တွင် ကျွမ်းကျင်သူ တစ်ယောက် ရှိနေသည်ဟု သိနေသော်လည်း လောလောဆယ် ဟိုင်ကလန် သိုင်းပညာရှင်တို့၏ အလောင်းတို့အား စိုက်ကြည့်နေမိသော ဟိုင်ပါထျန်းနှင့် အတူတူပင်ဖြစ်သည်။
ယခုအချိန်တွင် သူထိန့်လန်နေမိသည်။
ဘုရင်နယ်ပယ်အဆင့် တည်ရှိမှုများသည် သူရန်စ၍ မရနိုင်သော တည်ရှိမှုဖြစ်သည်။
သူတို့နှစ်ခုကြားတွင် နယ်ပယ်တစ်ခုသာခြားသောလည်း ဘုရင်နယ်ပယ်နှင့် စိတ်ဝိညာဥ်နယ်ပယ်တို့မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ တည်ရှိမှုပင်ဖြစ်သည်။
သူတို့၏ လက်ချောင်းတစ်ချက်ဖြင့်ပင် ၎င်းတို့၏ အသက်ကို နှုတ်ယူ နိုင်၏။
"ပြီးသွားပြီ...အားလုံး.ပြီးသွားပြီ.."
"နှစ်ရာပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ဟိုင်ကလန်ရဲ့ အုတ်မြစ်က ငါ့လက်ထဲမှာ ပျက်စီးသွားရတော့မယ်.."
ဟိုင်ပါထျန်းတစ်ယောက် နောင်တရမှုတို့နှင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံဂိုဏ်းက သူ့အား အပြစ်တင်ရန်အတွက် ရောက်မလာသေးသော်လည်း ရုတ်တရက်ပေါ်လာသော ဤ ကျွမ်းကျင်သူကတော့ သူ့ဆီမှ အရာအားလုံးအား ယူဆောင်သွားတော့မည်ဖြစ်သည်။
မနေ့ကသူ့ဆီသို့ သတင်းပို့ခဲ့သော အဖြစ်အပျက်များအား ပြန်အမှတ်ရလာပြီး ဖြစ်နိုင်လျှင် ရထားထိန်း၏ အလောင်းအား တူးဖော်ကာ အပိုင်းပိုင်းလုပ်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်နေမိ၏။
ရထားထိန်းသာ မင်အန်း၏ ပုံရိပ်အား နှိမ့်ချထားရန်ပြောခဲ့ပြီး သူ့အား သွားခေါ်စဥ် စန်းယွဲ့မြို့သူမြို့သားတို့နှင့် ပြဿနာ မဖြစ်ခဲ့ပါလျှင်....
သူ့အား အပြစ်ဖို့မည့်အစား မနေ့ညက ကြီးကြပ်သူယွဲ့ အတူသွား၍ တောင်းပန်ခဲ့လျှင်....
အကယ်၍များ ...
သို့သော် ဘဝတွင် အကယ်၍များ ဆိုပြီးရှိမနေပါ။
ဟိုင်ပါဖျန်း၏ မျက်နှာမျာ ဖြူဖျော့သွားသည်။
"စီနီယာ.."
ဟိုင်ပါထျန်းက သူ၏ လက်သီးကို ဆုပ်၍ ယဥ်ကျေးစွာပြောလိုက်သည်။
"ကျွန်ုပ်တို့ ဟိုင်မိသားစုက ဒီကိစ္စမှာ တကယ်ပဲ မှားယွင်းခဲ့ပါတယ်.."
"ကျွန်ုပ်ရဲ့ ဟိုင်မိသားစုက စီနီယာကို စော်ကားမိတဲ့အထိ အမြင်ကန်းခဲ့တာပါ.."
"စီနီယာ အနေနဲ့..ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်.."
"ကျွန်ုပ်..ဟိုင်ပါထျန်းက ကျွန်ုပ်တို့ရဲ့..ဟိုင်မိသားစု မျိုးဆက် တစ်လျှောက်စုဆောင်းထားခဲ့တဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ရတနာတွေကို ပေးဆောင်ဖို့ ဆန္ဒရှိပါတယ်.."
"အနာဂတ်မှာ..စီနီယာရဲ့ ဦးဆောင်မှုနောက်ကိုလည်း ကျွန်ုပ် လိုက်ပါ့မယ်.."
"ဘာ.."
"ဟိုင်ကလန်ရဲ့ မျိုးဆက်တစ်လျှောက် စုဆောင်းထားတဲ့ ကြွယ်ဝမှု...."
"ဒါကဘယ်လောက်တောင်မို့လဲဟ.."
"ဘုရားရေ..."
"ဒါက..ငါ့အတွက်ဆို မိန်းမဆယ်ယောက်လောက်ကို လက်ထပ်လို့ ရတဲ့အထိ လုံလောက်တာ မလား"
ဟိုင်ပါထျန်း၏ စကားလုံးတို့အား ကြားလိုက်ရသောအခါ တစ်စုံတစ်ယောက်က ထိန်လန့်စွာ အော်ပြောလိုက်သည်။
"ကျွတ်..ဆယ်ယောက်တဲ့.."
"မင်းအတွက် လက်ထပ်ဖို့ တစ်ထောင်တောင် အေးဆေးပဲ.."
တစ်စုံတစ်ယောက်က မခိုးမခန့်ပြောလိုက်သည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise