← Chapters

ကားမောင်းသင်တန်း၌ ကားမောင်းလေ့ကျင့်ခြင်း

Vol. 05 Ch. 212

ကားမောင်းသင်တန်း၌ ကားမောင်းလေ့ကျင့်ခြင်း

Vol. 05 Ch. 212

ဆီဇာတော်ဝင်ဟိုတယ်၏အထူးအခန်းအတွင်းတွင်…

ချန်းဝေ၏မျက်ခွံများ လှုပ်ရှားလာပြီး နူးညံ့အိစက်နေသော အိပ်ရာထက်တွင် ရှိနေရင်းမှ သူမ၏မျက်လုံးများအား အသာဖွင့်လိုက်သည်။ အိပ်ချင်နေသော မျက်လုံးများနှင့် ထထိုင်လိုက်စဉ်တွင် ထန်ရှု၏ပုံရိပ်အား ဝိုးတဝါး တွေ့လိုက်ရသောကြောင့် ဒေါသများ ဆူပွက်လာရသည်။ သူမ၏နူးညံ့သော ကိုယ်လုံးလေးသည် အိပ်ရာထက်မှ ဝုန်းကနဲ ထလိုက်ကာ သွေးဆာနေသော ကျားတစ်ကောင်သဖွယ် ထန်ရှု၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။

“ထန်မျိုးရိုးနဲ့ ကောင်စုတ်လေး… ဒီနတ်သမီးက နင်နဲ့တော့ ချရတော့မယ်။”

ထန်ရှု၏အတွေးများ ဆိုးရွားစွာ နှောင့်ယှက်ခံလိုက်ရတော့သည်။ သူ လှည့်ကြည့်လိုက်ရာ သူ့အား ဝုန်းဒိုင်းကြဲမည့်အသွင် ဖြစ်နေသော ချန်းဝေအား တွေ့လိုက်ရသည်။ ချန်းဝေ၏ညအိပ်ဝတ်စုံသည် လျော့ရဲနေပြီး သူမ၏ခါးတွင် ချည်ထားသော ကြိုးစသည် ပြေကျနေသောကြောင့် သူမ၏အလယ်ပိုင်းရပ်ဝန်းအား ညအိပ်ဝတ်စုံသည် လှစ်ဟပြထားသည့်နှယ် ဖြစ်နေရာ ချန်းဝေ၏လှုပ်ရှားမှုအရ နှင်းကဲ့သို့ ဖြူဝန်းသော ရွှေရင်နှစ်မြွှာနှင့် ထိုအရာများ၏ထိပ်မှ ချယ်ရီသီးနီနီရဲရဲလေး၂ခုကိုပါ အမှတ်မထင် မြင်လိုက်ရသောကြောင့် ထန်ရှု၏မျက်ဝန်းများ မသိမသာ ရပ်တန့်သွားရသည်။

ဒါ…ဒဏ္ဍာရီလာ ရွှေရင်လွှာလေများလား?

ထန်ရှု၏ဦးနှောက်အတွင်းတွင် လျှပ်စီးလက်သလို ဖြစ်သွားစဉ်တွင် ချန်းဝေသည် သူ၏အရှေ့သို့ ခုန်ပျံကာ ရောက်ရှိလာလေပြီ။ ပန်းနုရောင် လက်သီးဆုပ်လေးသည် သူ၏နှာခေါင်းအား ထိတော့မည့်ဆဲဆဲတွင် ထန်ရှု ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏ဝမ်းဗိုက်အောက်ရှိ အစိတ်အပိုင်းမှ အပူချိန်မြင့်တက်လာမှုအား ခံစားနေရသောကြောင့် သူသည် အလင်း၏အလျင်အတိုင်း လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ချန်းဝေ၏ခါးလေးအား ဆုပ်ကိုင်ကာ သူမ၏လက်သီးဆုပ်လေးအား ရှောင်လိုက်သည်။ ထို့နောက် ဘယ်ဘက်ဘေးမှနေ၍ သူမ၏ ဖွံ့ဖြိုးရန် အရှိန်ယူနေသော ရင်သားအား အားနှင့် ဆုပ်ကိုင်လိုက်ကာ အမှိုက်တစ်ခုအလား အိပ်ရာပေါ်သို့ ပြန်ပစ်တင်လိုက်သည်။

“ခင်ဗျားအဝတ်အစားတွေကို အရင်ဦးဆုံး မပြင်ဆင်ရသေးခင် အိပ်ရာက ထမလာနဲ့။ ခင်ဗျားရဲ့ဖွံ့ထွားနေတဲ့အရာတွေကို ပြချင်နေမယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ရာသီဥတုက ပူနေသလို ခင်ဗျားကိုယ်တွင်းက တောက်လောင်နေတဲ့မီးနဲ့ဒေါသတွေကို ထိန်းသိမ်းသင့်တယ်။ ခင်ဗျားကိုယ်လုံး မလောင်သွားအောင် ဂရုစိုက်ဦး။ အဲ့ဒါဆို ခင်ဗျားအကူအညီမဲ့စွာနဲ့ သေတော့ဘူးပေါ့။ အိုး… ခင်ဗျားကို ပြောဖို့ မေ့တော့မလို့။ အဲ့ဒါက အမှန်တကယ်တော့ တော်တော်လှတယ်။”

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲလွဲခိုနေပြီး သူသည် ချာကနဲလှည့်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

အိပ်ရာပေါ် ပစ်တင်ခံလိုက်ရသော ချန်းဝေသည် အားယူကာ ထပ်မံ ထလိုက်သည်။ သို့သော်လည်း ထန်ရှု၏စကားများအား ကြားလိုက်ရသောအခါ သူမ ရုတ်တရက် ရပ်တန့်သွားရသည်။ သူမ၏ရင်ညွန့်ဆီသို့ ငုံ့ကြည့်လိုက်ရာ ရုတ်တရက် အော်ဟစ်လိုက်မိပြီး သူမ၏ညအိပ်ဝတ်စုံအား အထိမခံသောနေရာများဆီသို့ ဖုံးလွှမ်းသွားစေရန် အမြန်ဆွဲဝတ်လိုက်သည်။ ထို့နောက် ခေါင်းအုံးတစ်လုံးအား ကောက်ယူလိုက်ပြီး ထန်ရှုအား ပစ်ပေါက်လိုက်ရင်း ဆဲဆိုတော့သည်။

“မကောင်းတဲ့အကောင် … သောက်ကောင်စုတ် … ချီးလိုပဲ နင်က ဘာအတွက် လာကိုင်တာလဲ။”

ထန်ရှု၏အောက်ပိုင်းသည် အပူချိန်မြင့်တက်လာသည်။ သို့သော်လည်း သူ၏ပထမဦးဆုံးအကြိမ်အား ချန်းဝေသို့ ပေးရန် မည်သည့်အခါမျှ မရည်ရွယ်ထားသောကြောင့် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး မည်သို့မျှ မဖြစ်လေဟန်ဖြင့်

“ကျွန်တော်သာ မကောင်းတဲ့ကောင်ဆိုရင် နေရာမှာတင် ခင်ဗျားကြီး အစားခံနေရတာ ကြာပြီပေါ့။ အခုချိန်လောက်ဆို ခင်ဗျား အိပ်ရာထဲကနေ တွားသွားပြီးတောင် ထွက်နိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ပြောရဲတယ်။”

ချန်းဝေ ညာလက်မြှောက်ကာ ထန်ရှုအား လက်ညှိုးထိုးလိုက်ရင်း ဒေါသတကြီးဖြင့် ကြိမ်းမောင်းတော့သည်။

“နင်…နင်… အရှက်မရှိတဲ့ကောင်ပဲ။”

“ကျွန်တော်သာ တကယ်အရှက်မရှိဘူးဆိုရင် ခင်ဗျားနှုတ်ခမ်းလေးဖွင့်ပြီး ကျွန်တော့်ကို ဆဲဆိုဖို့နေသာသာ ခင်ဗျားရဲ့လက်ချောင်းလေးတွေ မလှုပ်ရှားနိုင်တော့မှာတောင် စိုးကြောက်မိပါရဲ့။”

“…”

ချန်းဝေ ငိုမဲ့မဲ့ဖြင့် ထန်ရှုကို ကြည့်မိသည်။ မနေ့တုန်းက ထန်ရှုသည် ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသည့် မေမေ့သားအလိမ်မာလေးသဖွယ် ဖြစ်သည်ကို သူမ တွေ့ခဲ့သည်။ သူ၏ ပြတ်သားပြီး ဉာဏ်နီဉာဏ်နက် များတတ်မှုသည် ရွှန်းရွှန်းဝေအောင် စကားပြောဆိုရာတွင်သာ ဖြစ်ပြီး သူ၏သိုင်းပညာစွမ်းရည်တွင် မဟုတ်ပါချေ။ သို့သော် တစ်ညအတွင်းတွင် သူမသည် ရုတ်တရက် သူ၏ပြိုင်ဖက်မဟုတ်တော့မည်ဟု မည်သူက တွေးထင်ပါလိမ့်မည်နည်း။

ထန်ရှုသည် ပျင်းရိပျင်းတွဲဟန်ဖြင့်

“ခင်ဗျား အအေးမမိချင်ဘူးဆိုရင် မြန်မြန်ရေချိုးပြီး အဝတ်အစား ဝတ်လိုက်။ ခင်ဗျားအတွက် မနက်စာ ကျွန်တော် ဝယ်ထားပြီးပြီ။ စားသောက်ပြီးရင် ဟိုတယ်မှာ လိမ်လိမ်မာမာ နေနော်။ ကျွန်တော် လုပ်စရာလေးရှိနေလို့ အပြင်သွားလိုက်ဦးမယ်။”

“ချီးလိုပဲ ငါက နင့်စကားကို ဘာကြောင့် နားထောင်ရမှာလဲ။ ငါ နင့်ကို အခုထိ မကျေလည်သေးဘူးနော်။ နင် ဘာကြောင့် ရုတ်တရက် ငါ့ကို မေ့အောင် လုပ်သွားတာလဲ။ ငါ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို မကောင်းတာနဲ့ ပြန်ပေးတာတော့ မဟုတ်ပါဘူးနော်။” ချန်းဝေ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော် အမှား၂ခုထောက်ပြမယ်။ ပထမ ခင်ဗျား မရူးသေးဘူးဆိုရင် မနေ့က အလောင်းအစားကို သတိရသင့်တယ်။ ဒုတိယ ခင်ဗျား ကျွန်တော့်ကို ယှဉ်ပြီး မသင့်လျော်တဲ့ အပြုအမူတွေ ပိုပြီး လုပ်ခဲ့ပြီးပြီ။ နောင်ဆိုရင် နှုတ်က ပေါက်ကရတွေ မပြောဘဲ ခင်ဗျားဦးနှောက်ကို သုံးပြီး လုပ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။” ထန်ရှုက ပြောလိုက်သည်။

ချန်းဝေ စိတ်ဆိုးရလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီဖြစ်သည်။ မည်သို့ပင် သူမ ဆန္ဒ ရှိစေကာမူ သူမ ဘာမှ မလုပ်နိုင်ပါချေ။ ထန်ရှုအား ဒေါသတကြီး ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး တုန်ရီနေသော အသံဖြင့်

“နင် မယုံရင် နေပေါ့။ ငါ ဟန်ကျင်းဝူကို အခုချက်ချင်း ဖုန်းဆက်ပြီး နင် ငါ့ကို ထိခိုက်အောင်လုပ်တာကို ပြောပစ်လိုက်မယ်။”

ထန်ရှု ဖုန်းထုတ်လိုက်ပြီး ဟန်ကျင်းဝူ၏နံပါတ်အား ရှာလိုက်ကာ

“ခင်ဗျား အခု ဖုန်းဆက်နိုင်တယ်။ ဆရာမဟန်ကျင်းဝူက ခင်ဗျားကို ယုံရင် ကျွန်တော် ဘာမှမပြောတော့ဘဲ ချက်ချင်းထွက်သွားပေးမယ်။ ဘယ်အရာကို ဘယ်လိုလုပ်သင့်တယ်ဆိုတာတော့ သူမ သိလိမ့်မှာပေါ့။ သူမ ကျွန်တော့်ကို ယုံဖို့ရွေးရင် ခင်ဗျားတို့သူငယ်ချင်းနှစ်ယောက်ကြားက ခင်မင်မှုကို အကျိုးသက်ရောက်လိမ့်မယ် ဆိုတာ သေချာတယ်။”

“…”

ချန်းဝေ တိတ်ဆိတ်သွားခဲ့သည်။

မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူမ၏မျက်နှာထက်မှ ဒေါသများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။ သူမ တစ်ဖန် မော့ကြည့်လာသောအခါ သူမ၏မျက်နှာလေးသည် ပြုံးယောင်သန်းနေပြီး စူးစမ်းလိုသောအကြည့်တို့ဖြင့်

“ငါ့ကို ပြောပါဦး။ နင့်ရဲ့ညဘက်အရည်အချင်း စွမ်းရည်လေးက ဘယ်လောက်ထိအောင် ခံလဲလို့။”

“မနေ့က ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာ ဆရာမဟန်ကျင်းဝူရဲ့မျက်နှာကို ထောက်နေလို့။ ဒါပေမယ့် ခင်ဗျားက တကယ်ကို စိတ်ရှုပ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့ ယဉ်ကျေးနေလည်း အလကားပဲ။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ပုံစံအတိုင်းပဲ ခင်ဗျားကို ဆက်ဆံနိုင်တော့မယ်။ ဘယ်လိုလဲ။ ကျွန်တော့်ပုံစံက အသုံးမဝင်ဘူးလို့ ခင်ဗျား ထင်လား။” ထန်ရှု ပြောလိုက်သည်။

ချန်းဝေ လက်မထောင်ကာ ပြောလိုက်သည်။

“အဲ့ဒါ အရမ်းကောင်းတယ်။ တကယ်ပြောရရင် မနေ့တုန်းက နင့်ကို နည်းနည်းလေးတောင်မှ သဘောမကျဘူး။ ဒါပေမယ့် ဒီနေ့တော့ နင် ငါ့ရဲ့လေးစားမှုကို အတော်ရသွားတယ်လို့ဆိုရမယ်။ နင် သိလား။ အခုတော့ ငါ နင့်ကို တော်တော်စိတ်ဝင်စားနေပြီ။”

“ကျေးဇူးပြုပြီး ခင်ဗျား တည်တည်တံ့တံ့ နေလို့ရမလား။ ယောကျာ်းတစ်ယောက်အကြောင်း သိချင်တဲ့ မိန်းမတစ်ယောက်က အဲ့ဒီလူနဲ့ ချစ်ဖို့ဆိုတာ မဝေးတော့ဘူး။ ပြီးတော့ ကျွန်တော် ခင်ဗျားကို စိတ်မဝင်စားဘူး။”

ချန်းဝေ အားပါးတရ ရယ်လိုက်ရင်း အသံကျယ်ကျယ်ဖြင့်

“လူတွေက နင့်အပေါ် စိတ်ဝင်စားပါတယ်ဆိုမှ အဲ့ဒီသူတွေကို စိတ်မဝင်စားတဲ့အကြောင်းပြောတဲ့ နင်က တကယ့်လူပဲ။ ဒါပေမယ့် ငါ နင့်ကို ချစ်မိနေရင်တောင်မှ ဒီကြီးမြတ်တဲ့အန်တီက ကြောက်မှာမဟုတ်ဘူးနော်။ အဆိုးဆုံးအခြေအနေဆိုရင် ငါ့ရဲ့လက်မောင်းတွေထဲမှာ နင့်ကို စိတ်ကြွလာဖို့ ငါကိုယ်တိုင် လုပ်ရရုံပဲပေါ့။ လှိုင်းတွေရဲ့ရိုက်ခတ်မှုအောက်က မိုးမခပင်လို နင့်ရဲ့စိတ်တည်ငြိမ်အေးဆေးနိုင်မယ်လို့ ငါတော့ မယုံပေါင်။”

“ဖြစ်မှာမဟုတ်ဘူး ကျွန်တော် ပြောတာကို ယုံလိုက်။ မိုးမခပင်လို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် တင်စားပြောရရင် မိန်းမတစ်ယောက်ရဲ့နှောင့်ယှက်မှုကို ခံရဖို့ အခွင့်အရေးတောင်မှ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ရည်ရွယ်ခဲ့မယ်ဆိုရင် လိင်ဆက်ဆံပြီး ခင်ဗျားပါးစပ်ပိတ်ဖို့အတွက်သက်သက်ပဲ။ ”

“နင်…”

ချန်းဝေ ဒေါသထွက်သွားသည်။ သို့သော် သူမ၏ဒေါသများသည် စာအုပ်တစ်အုပ်၏စာမျက်နှာများ လှန်လိုက်သည့်အလား မြန်ဆန်စွာပင် အပြုံးတစ်ပွင့်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက်

“ဟွန့်… နင်က ငါ့ကို စိတ်ရှုပ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်လို့ ပြောတယ်မဟုတ်လား။ ငါက ရိုးသားတဲ့ မိန်းမတစ်ယောက် မဟုတ်ရင်တောင်မှ ဒီလိုအလှလေးနဲ့ ပထမဆုံး လိင်ဆက်ဆံဖို့နေသာသာ အိပ်မက်တောင်မှ မမက်နဲ့။ ဒီကြီးမြတ်တဲ့ အန်တီလေးငါက တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါကျရင် အထူးကော်လိုပဲ မခွာတမ်း ကပ်နေမိမှာ။ ငါ့ကို အသည်းခွဲချင်ရင် အနည်းဆုံး အဲ့ဒီလူကို အရေခွံ နွှာပစ်မယ်။”

ထန်ရှု မျက်လုံးပြူးသွားရသည်။ သည်နေရာတွင် ဆက်ပြီးနေပါက သေချာပေါက် သူ လမ်းမှားတော့မည်ဟု ခံစားနေရသောကြောင့် မတ်တတ်ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော် လုပ်စရာရှိနေသေးလို့ အရင်သွားတော့မယ်။ ခင်ဗျား အခန်းထဲကနေ ခြေတစ်လှမ်းတောင် မလှမ်းဖို့ မှတ်ထားပါ။ အဲ့လိုမှ မဟုတ်ရင် ခင်ဗျား မတော်တဆ တစ်ခုခု ဖြစ်ရင် ကျွန်တော့်တာဝန် မဟုတ်ဘူး။”

ချန်းဝေ အိပ်ရာထက်မှ ထပ်မံ ခုန်ထွက်လာပြီး ထန်ရှုရှေ့တွင် ပိတ်ကာတားလိုက်ပြီး အလျင်စလိုလေသံဖြင့်

“နင် ဘယ်သွားမှာလဲ။”

“ဒါ ကျွန်တော့်ကိုယ်ရေးကိုယ်တာပါ။”

“နင့်ကိုယ်ရေးကိုယ်တာလည်း ငါ လိုက်မှာပဲ။ နင့်အကြောင်းပြချက်ကို ငါ မကျေနပ်ဘူးဆိုရင် နင် ဘယ်သွားသွား ငါ နောက်ကလိုက်မှာ။” ချန်းဝေ စိတ်မကြည်သာစွာဖြင့် ပြောလိုက်သည်။

ထန်ရှု ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ကားမောင်းသင်တန်းကျောင်း သွားရမယ်။ ကျောင်းအုပ်နဲ့ မနေ့ကတွေ့ဖို့ ပြောထားတာကို ခင်ဗျားကြောင့် ကျွန်တော် မေ့သွားခဲ့တယ်။ ဒီနေ့မှ မသွားရင် ရိုင်းရာကျလိမ့်မယ်။”

ချန်းဝေ မျက်လုံးပြူးသွားရကာ လမ်းတစ်ခု ဖွင့်ပေးလိုက်သည်။

“နုံအလိုက်တဲ့ချာတိတ်ပဲ။ အခု နင် ယာဉ်မောင်းလိုင်စင်ရဖို့ပဲ တွေးနေတာလား။ မေ့လိုက်တော့။နင် ဒီလိုအရှုပ်ကို မပြောရင်တောင်မှ အဲ့ဒီကို ငါ လိုက်ရမှာ ပျင်းလွန်းတယ်။ ကောင်းပြီ။ ငါ နင့်ကို ပြောမယ်။ နင် နေ့လည်ထိ ပြန်မလာဘူးဆိုရင် ငါ့ဘာသာ အပြင်မှာ ထွက်စားမယ်။”

နေ့လည် ပြန်လာရမှာလား?

ထန်ရှု ခေါင်းညိတ်ကာ “ကျွန်တော် အချိန်မီ ပြန်လာဖို့ ကြိုးစားပါမယ်။”

ဆီဇာတော်ဝင်ဟိုတယ်မှ ထွက်ခွာလာခဲ့ပြီး ထန်ရှု အချိန်ကို ကြည့်လိုက်ရာ မနက်အစောပိုင်းသာ ရှိသေးသောကြောင့် သူတို့မိသားစုဆိုင်လေးဆီကို သွားပြီး  မိခင်ဖြစ်သူအား ရင်ရင့်အကြောင်း ရှင်းပြလိုက်သည်။ ဆိုင်မှ ၂ရက်ခန့် အနားယူရန် မိခင်အား တောင်းဆိုပြီးနောက် သူသည် ကားမောင်းသင်တန်းကျောင်းသို့ အငှားကားဖြင့် လာခဲ့သည်။

ကားမောင်းသင်တန်းကျောင်း၏ကျောင်းအုပ်အမည်မှာ ကျောင်သဲချွမ် ဖြစ်သည်။ သူသည် သက်လတ်ပိုင်းအရွယ် ကျော်လွန်ပြီးဖြစ်သော်လည်း ကျန်းမာနုပျိုနေဆဲဖြစ်သည်။ သူ၏ဘဝသည် အောင်မြင်မှုသော ပုံရိပ်တစ်ခုအား တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။

“မစ္စတာထန်… လုံရွှဲ့ယောင်က မင်းရဲ့အခြေအနေကို ငါ့ကို ပြောပြထားပါတယ်။ အကြီးအကဲလုံကလည်း သေချာမှာထားတာမို့ မင်း စိတ်မပူပါနဲ့။ ဒီကိစ္စအတွက် ဖြစ်လာမယ့် ပြသနာလေးတွေအတွက် ငါ  ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ ကားနဲ့ပတ်သက်ပြီး မင်းဘာတွေ သိထားလဲဆိုတာနဲ့ ကားမောင်းနိုင် မမောင်းနိုင်တော့ ငါ သေချာမသိရသေးလို့ မင်းကို ဒီကိုလာခိုင်းဖို့ ငါ စဉ်းစားလိုက်တာ။ မင်းအတွက် အကောင်းဆုံးနည်းပြနဲ့ အထူးအခွင့်အရေးကို စီစဉ်ပေးထားတာမို့လို့ ကားတွေနဲ့ ရင်းနှီးသွားမှာပါ။”

ကျောင်သဲချွမ်က အရာရာ ကိုယ်တိုင်စီစဉ်ပေးထားသည့်ဟန်ဖြင့် တရင်းတနှီး ပြောဆိုလိုက်သည်။

ထန်ရှု သိလိုစိတ်ဖြင့်

“အကြီးအကဲလုံ ဟုတ်လား။ လုံကျန်ယုလား ဦးလေးလုံဟန်ဝမ်လား ဘယ်သူ့ကို ပြောတာလဲ။”

“လုံဟန်ဝမ်ပါ။” ကျောင်သဲချွမ်က ဖြေလိုက်သည်။

“အာ… ကျွန်တော် ယာဉ်မောင်းလိုင်စင်ယူချင်တယ်ဆိုတာကို သူ ကြားသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကျောင်းအုပ်ကျောင်… အရင်တုန်းက ကျွန်တော် ကားမောင်းဖို့ အခွင့်အရေး မရခဲ့ဖူးတော့ ကားမောင်းတာနဲ့ ပတ်သက်ပြီး သိပ်မသိပါဘူး။  ကြည့်ရတာ ကျောင်းအုပ်ကို ဒုက္ခပေးရတော့မယ်နဲ့တူပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ယာဉ်မောင်းလိုင်စင်ရတဲ့အထိ စောင့်ပေးပါ။ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် တစ်ခုခု ကျွေးပါမယ်ဗျ။” ထန်ရှု တစ်ချက်ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“ဟားဟားဟား…. မင်း ငါ့ကို ချီးမွန်းလွန်းနေပါပြီကွာ။ ကျေးဇူးပဲကွ။” ကျောင်သဲချွမ် ခပ်ဖွဖွရယ်လိုက်သည်။

မကြာမီ ထန်ရှုသည် သူ့အား သင်ကြားပေးမည့် အထူးနည်းပြအား တွေ့ဆုံရန် ကျောင်သဲချွမ်နောက်မှ လိုက်သွားလိုက်သည်။ နည်းပြ၏အမည်မှာ လီဖြစ်သောကြောင့် ထန်ရှုမှ နည်းပြလီဟု တန်းခေါ်နိုင်ပေသည်။

နည်းပြလီသည် ကားရှေ့တွင် မတ်တတ်ရပ်လျက် အပြုံးဖြင့် စကားဆိုလိုက်သည်။

“ဟုတ်ပြီ။ မင်းကို ကားနဲ့ရင်းနှီးဖို့ အရင်စလိုက်ရအောင်။ ပြီးရင် ကားမောင်းတာရဲ့အရေးကြီးတဲ့အချက်တွေကို ဆရာ သင်ပေးမယ်။ ဒီမနက်မှာ ပထမဆုံးလုပ်ရမှာက လေ့ကျင့်ဖို့ပဲ။ နေ့လည် အချိန်ရသေးရင် ငါတို့အပြင်ဘက်ထွက်မောင်းကြည့်ကြတာပေါ့။”

“ဟုတ်ကဲ့ဗျ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

၁၀မိနစ်ကြာပြီးနောက်…

ထန်ရှုသည် ကားအစိတ်အပိုင်းများနှင့် ရင်းနှီးသွားခဲ့ပြီဖြစ်သည်။ ဘေးတွင် ထိုင်နေသော နည်းပြလီအား ထန်ရှု ကြည့်လိုက်ပြီး

“ကျွန်တော် အားလုံးမှတ်မိသွားပါပြီ။ မောင်းကြည့်ကြတော့မလား။”

နည်းပြလီက ပြုံးလိုက်ပြီး

“မလောနဲ့။ ကားမောင်းတဲ့စွမ်းရည်က အချက်တွေနဲ့ ဆရာသင်ပေးထားတဲ့ စည်းမျဉ်းတွေအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေရမယ်။”

သူသင်မျှအားလုံးကို ထန်ရှု မှတ်မိသည်ဟုဆိုခြင်းအား နည်းပြလီ မယုံကြောင်း ထန်ရှု ချက်ချင်းသိလိုက်သည်။ ထန်ရှု တစ်ခဏမျှ  ချီတုံချတုံဖြစ်သွားပြီးနောက်

“ကျွန်တော် အားလုံးကို တကယ်မှတ်မိနေတာပါ။ တစ်ချက်ကြိုးစားခွင့်ပေးပါ။ မှားတာတစ်ခုခုရှိရင် ကျွန်တော့်ကို ပြင်ပေးပါ။”

ထန်ရှု၏ပုံရိပ်သည် သာမန်မဟုတ်သည်ကို နည်းပြလီ သိသဖြင့် ထန်ရှု၏တောင်းဆိုချက်ကို ကြားသောအခါ သူ သဘောတူလိုက်သည်။ သို့သော်လည်း နည်းပြလီသည် မသေချာသေးသောကြောင့်

“မင်း ကားမောင်းတဲ့အခါ ဂီယာချိန်းတာပဲဖြစ်ဖြစ် ကလပ်နဲ့ ဘရိတ်ကို အသုံးပြုတာပဲဖြစ်ဖြစ် သတိထားပြီး အာရုံစိုက်ပါ။ တအားကြီး ဖိမနင်းထားနဲ့။”

“ဟုတ်ကဲ့ပါ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

ထန်ရှုသည် ထိုင်ခုံခါးပတ် ပတ်လိုက်ပြီး ဟန်းဘရိတ်အား ချလိုက်ကာ နည်းပြလီသင်ပေးထားသည့်အတိုင်း လိုက်နာဆောင်ရွက်လိုက်သည်။ သူသည် ကားအား ဖြည်းညှင်းစွာ ထွက်လိုက်ပြီး ကားမောင်းလေ့ကျင့်ကွင်းထဲတွင် ဖြည်းညှင်းစွာ စတင်မောင်းနှင်လေသည်။ ၂၁မိနစ်ကြာသောအခါ ကားမောင်းခြင်းနှင့် အရေးကြီးသော အစိတ်အပိုင်းများအား ချောမွေ့စွာ သူ လုပ်ဆောင်ပြီးပြီဖြစ်သည်။ ထို့ပြင် ဘေးထိုင်ခုံတွင် ထိုင်နေသော နည်းပြလီ သဘောကျရသည်အထိ သင်ကြားထားသည့်အစီအစဉ်အတိုင်း သူ မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

“ကောင်းတယ်။ မင်းက တကယ် အံ့သြဖို့ကောင်းတဲ့ကောင်ပဲကွ။ အကြိမ်အနည်းငယ်တောင် လေ့ကျင့်ပြီးသွားပြီ။ မင်း သိလား… ကျောင်းက ကျောင်းသားတော်တော်များများ အဲ့ဒါကို ရက်အများကြီး လေ့ကျင့်ရတယ်။ တစ်ချို့ဆို ခုထိတောင် အဲ့ဒါကို မလုပ်နိုင်သေးဘူး။ ဆရာသာ မင်း အရင်တုန်းက မမောင်းတတ်မှန်း မသိထားဘူးဆိုရင် အတွေ့အကြုံရှိတဲ့ ကားမောင်းသမားလို့တောင် ထင်မိလိမ့်မယ်။”

နည်းပြလီ သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။

“ဒါက တအား လွယ်ပါတယ်။ ကျွန်တော့်မှာလည်း သင်ယူမှုနှုန်းမြန်တဲ့ စွမ်းရည်ရှိလို့ပါ။” ထန်ရှု ပြုံးလျက် ပြောလိုက်သည်။

“ဒါ မင်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် မင်း အရှိန်တင် မမောင်းသင့်သေးသလို စိတ်လိုက်မာန်ပါ မမောင်းသင့်သေးဘူး။ ကားမောင်းတဲ့ လူတစ်ယောက်က တည်ငြိမ်အေးဆေးတဲ့ စိတ်ရှိရမယ်။ စိတ်မရှည်တဲ့အချိန် ဒါမှမဟုတ် စိတ်ခံစားမှုကို တစ်ခုခု သက်ရောက်နေတဲ့ အခြေအနေမျိုး မရှိရဘူး။ ဆိုရိုးတစ်ခု ရှိတယ် လူတစ်ယောက်က ပိုမိုစွမ်းဆောင်နိုင်လာလေ အမှားပိုလုပ်မိလာလေတဲ့။ ဒါက ကားမောင်းခြင်းရဲ့စည်းမျဉ်းတစ်ခုလည်း ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ ကားသမားတွေက သူတို့အတွေ့အကြုံကို အမှီပြုပြီး နမော်နမဲ့လုပ်ကြတယ်။ စိတ်ကြီးဝင်ပြီး အခြားကားကို ကျော်တက်ချင်ကြတယ်။ အရှိန်တွေ တအားတင်ပြီး မောင်းကြတယ်။ အဲ့ဒီအမှားတွေအတွက် ရလဒ်က ကိုယ်ပိုင်အသက်ပေးလိုက်ရတာပဲ။”

***

All Chapters