← Chapters

မှတ်သားထိုက်စရာ အကျိုးသက်ရောက်မှု

Vol. 05 Ch. 237

မှတ်သားထိုက်စရာ အကျိုးသက်ရောက်မှု

Vol. 05 Ch. 237

စွန်းမောင်နှမများမှာ ထိုစကားအား ကြားသည်နှင့် ကျေနပ်နှစ်သိမ့်သွားကြသည်။ ထွက်လာသောအရာများသည် အမှန်တကယ်ပင် ကင်ဆာဆဲလ်များသာဆိုပါက သူတို့မိခင်ကြီး၏အခြေအနေသည် ကုသရနိုင်သည်ဟု ဆိုလိုရင်းပင်ဖြစ်တော့သည်။

နာရီဝက်ကြာပြီးနောက် အမျိုးသမီးကြီး၏တွန့်လိမ်နေသော ခန္ဓာကိုယ်မှာ လျော့ကျသွားပြီး ပုတ်ဟောင်နေသော အနံ့မှာမူ စိတ်ပျက်စရာကောင်းလောက်အောင် ထွက်နေလျက်ရှိသည်။ အနက်ရောင် စေးကပ်နေသော အရာများသည် မျက်နှာနှင့် ဆံပင်များပါ မကျန် သူမ၏ခနာကိုယ်တစ်ခုလုံးမှ ထွက်လာသည်။

“ထွက်ပလေ့စေဦး။ မိနစ်အနည်းငယ်လောက် စောင့်ပြီးမှ အဒေါ့်ကို သန့်ရှင်းပေးလိုက်ပါ။”

စကားပြောနေရင်း ထန်ရှုသည် အမျိုးသမီးကြီး၏ခန္ဓာကိုယ်မှ ငွေအပ်၉ချောင်းအား ဆွဲထုတ်လိုက်သည်။ ထိုအပ်များအား အရက်ပြန်ဖြင့် ပိုးသတ်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။

အခန်းအပြင်ဘက်သို့ ထန်ရှု၏အနောက်မှ ပါလာသော သိုက်ရှင်းရွှယ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဆရာသခင်… ဘာနည်းလမ်းကို သုံးပြီး ကုပေးလိုက်တာလဲ။ ဆေးစက်အနည်းငယ် ထည့်ပြီး အပ်ကိုးချောင်းစိုက်တယ်။ အဲ့ဒီဟာလေ။”

“သူမကို ပေးလိုက်တဲ့ဆေးရည်က အထူးသီးသန့်ပဲ။ ဒီကမ္ဘာပေါ်မှာ ငါကလွဲပြီး လူအနည်းငယ်လောက်ပဲ အဲ့ဒါကို ဖော်စပ်နိုင်လိမ့်မယ်။ ငွေအပ်၉ချောင်း စိုက်တာက သူမရဲ့ကိုယ်မှာ ကင်ဆာအဆိပ်တွေ မပျံ့သွားအောင် ကာကွယ်ဖို့နဲ့ ထွက်နေတဲ့ ကင်ဆာဆဲလ်တွေ လျော့သွားအောင်အတွက် အရေးကြီးတဲ့သွေးကြောအမှတ်တွေကို ချိတ်ပိတ်လိုက်တဲ့သဘောပဲ။” ထန်ရှုက ရှင်းပြသည်။

“အကျိုးသက်ရောက်မှုက ဘယ်လိုရှိလဲ။” သိုက်ရှင်းရွှယ်က မေးသည်။

“ငါ အဒေါ့်ကို မစမ်းသပ်ကြည့်ရသေးတော့ ဘယ်လိုသိမှာလဲ။ သူမသားသမီးတွေ သန့်ရှင်းရေးလုပ်ပြီးတဲ့အထိ စောင့်ကြတာပေါ့။ ပြီးမှ အခြေအနေကို ထပ်ပြီး စမ်းသပ်ကြည့်ရမယ်။” ထန်ရှုက ပြောသည်။

မကြာမီ စွန်းကျန့်ဟိုင်နှင့် စွန်းကျန့်ကျွင်းတို့ အခန်းထဲမှ ထွက်လာသည်။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ထန်ရှုအား ကြည့်ကာ စွန်းကျန့်ဟိုင် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ မေးလိုက်သည်။

“ဒေါက်တာ ထန်… ငါ့အမေ… သူမ…”

ထန်ရှုက ခေါင်းကို ယမ်းကာ စကားဖြတ်ပြောလိုက်သည်။

“ကျွန်တော် မသိသေးဘူး။ ကျွန်တော် စမ်းသပ်ပြီးတဲ့အထိ စောင့်ပါ။ အဲ့ဒါမှ ဆေးရဲ့အကျိုးသက်ရောက်မှုကို သိရလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ ထိုင်ပြီး ခဏလောက် စောင့်ပါဦး။”

“ကောင်းပါပြီ။” စွန်းကျန့်ဟိုင် ခေါင်းညိတ်သည်။

ထန်ရှု၏အရှေ့ဘက်အခြမ်းတွင် ဝင်ထိုင်လိုက်ကာ သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒေါက်တာထန်… အရင်တုန်းက ငါတို့ တွေ့ဖူးကြသေးလား။ ဒေါက်တာ့ကို သိနေတယ်လို့ ငါ ထင်နေလို့ပါ။ တစ်မျိုးမထင်လိုက်ပါနဲ့။ ဒီဟာက ဒေါက်တာနဲ့ သူငယ်ချင်းဖြစ်ဖို့ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ ငါ့မှာ လူတွေကို တစ်ခုမြင်ဖူးရင် မှတ်မိတတ်တဲ့ ထူးခြားတော့ အရည်အချင်းတစ်ခုရှိတာမို့ ဒေါက်တာ့ကို တစ်နေရာရာမှာ မြင်ဖူးနေတာ သေချာတယ်။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ကျွန်တော်လည်း လူတွေကို မှတ်မိပါတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားကိုတော့ အရင်တုန်းက တွေ့ဖူးတယ်လို့ မထင်ဘူးခင်ဗျ။”

စွန်းကျန့်ဟိုင်က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ရင်း

“ငါ့ရဲ့မှတ်ဉာဏ်မကောင်းတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းက လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကြယ်တာရာတိုင်းရင်းဆေးရုံကြီးရဲ့တာဝန်ကျ ကျွမ်းကျင်ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်တယ်။ တကယ်ကိုပဲ သူရဲကောင်းဆိုတာ ငယ်ရွယ်တဲ့သူတွေဆီက ထွက်ပေါ်လာတာပါပဲ။”

“ကျွန်တော်က အဲ့ဒီမှာ နာမည်ချိတ်ထားရုံလောက်ပါပဲ။ ဆေးကုသပေးတဲ့အချိန်ကလည်း ရှားပါတယ်။ နောက်ပြီး တရားဝင်ဆရာဝန်တစ်ယောက်လည်း မဟုတ်သေးပါဘူး။”

“ဘာကြီး” စွန်းကျန့်ဟိုင် အံ့အားသင့်ကာ ပြောလိုက်သည်။ “မနေ့က အလုပ်စလုပ်တာမလား။ ဘယ်လိုဖြစ်ပြီး…”

“ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးသွားလို့ နွေရာသီအားလပ်ရက် ရထားတာပါ။ ပြောရမယ်ဆိုရင် ဆေးရုံအုပ်ကြီးလီက တလေးတစား ကမ်းလှမ်းတာကို စိတ်မပျက်စေချင်လို့ နွေရာသီအားလပ်ရက်မှာ ဆေးကုသမှုပေးဖို့ သဘောတူထားခဲ့တာပါဗျ။ စက်တင်ဘာဆိုရင်တော့ ရှန်ဟိုင်းတက္က သိုလ်ကို တက်ဖို့ ကျွန်တော် သွားရလိမ့်မယ်။ အဲ့ဒီနောက်တော့…” ထန်ရှုက ရှင်းပြသည်။

စွန်းကျန့်ဟိုင်က ထန်ရှုအား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိတော့သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးခါစ ကျောင်းသားတစ်ယောက်မှ ကျွမ်းကျင်ထူးချွန်သော ဆေးပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ၏အိပ်မက်ထဲတွင်မှ မမျှော်လင့်ထားခဲ့ပေ။

တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူက သိလိုစွာ မေးလိုက်သည်။

“ဒေါက်တာထန်… ဒီလို ဆေးပညာကျွမ်းကျင်မှုနဲ့ဆို ဘာကြောင့် ဆေးတက္ကသိုလ်ကို မလျှောက်တာလဲ။”

ထန်ရှုက ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်။

“မလျှောက်ဘူးဗျ။ ကျွန်တော့်ဘဝမှာ ဒေါက်တာတစ်ယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိတယ်။ ပညာရေးလုပ်နေရင်း စီးပွားရေးလေးလည်း လုပ်ရသေးတယ်။ အရာအားလုံးက ကျွန်တော့်ကို အလုပ်များစေတယ်ဗျာ။”

စွန်းကျန့်ဟိုင်က အံ့အားသင့်စွာဖြင့်

“ဒေါက်တာက စီးပွားရေးလည်း လုပ်နေတာလား။ ဘာစီးပွားရေး လုပ်လဲဆိုတာ ငါ့ကို ပြောနိုင်မလား။”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ထန်ရှုက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ရင်း

“အလှကုန်နဲ့ ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်အချို့ပါဗျာ။ လုပ်ငန်းက အခုမှ စတည်ထောင်ခါစမို့ နာမည်ပြောဖို့ အဆင်မပြေလှပါဘူး။”

စွန်းကျန့်ဟိုင် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ၏အမူအရာ အကြီးအကျယ် ပြောင်းသွားပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဟုတ်ပြီ။ ငါ သတိရပြီကွ။ အံ့သြစရာ မရှိတော့ဘူး။ ဒေါက်တာ့ကို အရင်က သိသလိုလိုဖြစ်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ဟုတ်တယ်။ ဒေါက်တာ့နာမည်က ထန်ရှု.. ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ တရားဝင် ပိုင်ရှင် သူဋ္ဌေးကြီး မှန်လား။”

“ခင်ဗျား ဘယ်လို သိလဲ။” ထန်ရှု အံ့သြသွားသည်။

စွန်းကျန့်ဟိုင်က တုန်လှုပ်စွာဖြင့် ပြန်မေးလိုက်သည်။ “ဒေါက်တာက တကယ်ပဲ ခမ်းနားသော ထန် လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးလား။”

“ဟုတ်ပါတယ်။” စွန်းကျန့်ဟိုင်က ခန့်မှန်းနိုင်သည်ကို သိကတည်းက ထန်ရှု မငြင်းတော့ဘဲ ဝန်ခံလိုက်သည်။

စွန်းကျန့်ဟိုင်က အားယူပြုံးလိုက်ပြီး

“ငယ်ရွယ်ပြီး တကယ်ကို အလားအလာကောင်းတဲ့သူပဲ။ ဒါနဲ့ ငါက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက တာဝန်ခံဒါရိုက်တာတစ်ယောက်ပါ။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနက သူငယ်ချင်းတစ်ယောက်နဲ့ အတူသောက်ကြတုန်းက သူက ဒေါက်တာ့အကြောင်း ပြောဖူးတယ်။ ငါက စပ်စပ်စုစုနဲ့ ဒေါက်တာရဲ့လုပ်ငန်းအကြောင်းကို မေးကြည့်ပြီး စာရွက်စာတမ်းတွေပေါ်က နာမည်နဲ့ ဓာတ်ပုံကို တွေ့ခဲ့တာ။ ဒါပေမယ့် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးရဲ့နတ်ဆေးသမားတော်က ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးတစ်ယောက် ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူးပေါ့။”

ဘေးတွင် ရပ်နေသော သိုက်ရှင်းရွှယ်သည် ထန်ရှုအား ကြည့်နေရင်း ကျောက်ရုပ်သဖွယ်ဖြစ်နေသည်။ ကြယ်တာရာ၏ အထက်တန်းအကျဆုံး တောင်တံခါးအိမ်ရာတွင် နေနိုင်သော ထန်ရှု၏မိသားစုသည် ချမ်းသာလှသည်ဟု သူမ သိထားသော်လည်း ထန်ရှုသည် ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဋ္ဌေးကြီးတစ်ယောက် ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိပေ။

ဘုရားသခင် … နောက်ဆုံးတော့ သူမက အင်အားကြီးတဲ့ ဆရာသခင်တစ်ယောက်ရဲ့တပည့် ဖြစ်လာခဲ့ပြီပေါ့။

ထိုအခိုက်အတန့်တွင် သိုက်ရှင်းရွှယ်တစ်ယောက် စိတ်တွင်းမှ အူမြူးနေခဲ့ချေပြီ။ ထန်ရှု၏လက်ထောက် ဖြစ်လာခဲ့ပြီး ထန်ရှုအား ဆရာတစ်ယောက်အဖြစ် ကြည်ညိုလေးစားကာ ပျော်မြူးနေခဲ့ခြင်းသည် ကံကောင်းလှသည်ဟု သူမ ခံစားနေရသည်။ ထိုကဲ့သို့ အံ့အားသင့်စရာကောင်းလှသော ဆရာတစ်ယောက်ရှိခြင်းသည် လူအများအပြားအား အိပ်မက်မှ ရယ်မောကာ နိုးထစေနိုင်ပေလိမ့်မည်။

ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။ ခင်ဗျားရဲ့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနက ဒါရိုက်တာက ကျွန်တော့်သတင်းတွေကို ပေါက်ကြားစေမှတော့ ကျွန်တော် သူ့ကို တရားစွဲသင့်သလား။”

စွန်းကျန့်ဟိုင် ကြက်သေသေသွားပြီး စိတ်မသက်မသာဖြစ်သွားသည့်အမူအရာအား သူ၏မျက်နှာထက်တွင် ဖြစ်ပေါ်လာကာ အလျင်စလိုဖြင့်

“ဒေါက်…ဒေါက်တာထန်… ကျေးဇူးပြုပြီးတော့ မလုပ်ပါနဲ့။ ငါတို့က ညီအစ်ကိုတွေလို နေကြလို့ သူ ငါ့ကို ပြောပြတာပါ။ ငါတို့ အတူကြီးပြင်းလာတယ် ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ကျောင်းအတူတူ တက်ခဲ့ကြတယ်။ ပြီးတော့ ဝန်ကြီးဋ္ဌာနကို အတူဝင်ခဲ့၊ အတူ ခရီးရောက်ခဲ့ကြတယ်။ တခြားသူတွေကိုတော့ ဘာစကားမှ သူ ပြောမှာ မဟုတ်ပါဘူး။”

ထန်ရှုက ပြုံးလျက်

“ကျွန်တော်က စလိုက်တာပါ။ ဒါပေမယ့်လည်း ကျွန်တော့်အကြောင်းတွေ တခြားသူတွေကို မပြောဖို့တော့ ခင်ဗျားရဲ့အတန်းဖော်ကို ပြောပေးပါ။ ကျွန်တော်က ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဋ္ဌေးဆိုပေမယ့်လည်း ထင်ပေါ်တာ မကြိုက်ဘူးဗျ။ အဲ့ဒါကြောင့် လုပ်ငန်းရဲ့စီမံခန့်ခွဲမှုအာဏာကို အထွေထွေမန်နေဂျာ ခန်းရှကိုပဲ လွှဲထားတာ။ စီမံခန့်ခွဲမှုအတွက် ခေါင်းမရှုပ်ရတော့ဘူးဗျာ။”

“ငါ မင်းပြောတာကို သေချာ ပြောလိုက်ပါမယ်။” စွန်းကျန့်ဟိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ စွန်းဝမ်ကျင်းနှင့် စွန်းဝမ်မင်းတို့ညီအစ်မနှစ်ယောက်သည် အလွန်လျင်မြန်စွာပင် သူတို့၏မိခင်ကြီးအား ရေမိုးချိုးအဝတ်အစားလဲပေးပြီးသွားကြသည်။ စွန်းဝမ်ကျင်းသည် ထူးဆန်းသော အမူအရာဖြင့် ဧည့်ခန်းသို့ လာကာ ပြောလိုက်သည်။

“ဒေါက်တာထန်… အမေ့ကို အထဲလာပြီး တစ်ချက်လောက် ကြည့်ပေးပါလား။ အမေ…အမေက…”

“အဒေါ် ဘယ်လိုနေလို့လဲ။” ထန်ရှုက မတ်တတ်ထရပ်လိုက်ရင်း မေးလိုက်သည်။

စွန်းဝမ်ကျင်းက ပြန်ဖြေသည်။

“သူ အရမ်းနေလို့ကောင်းသွားတယ်လို့ အမေက ပြောတယ်။ ၁၀နှစ်လောက် ပိုငယ်သွားသလို ခံစားရတယ်တဲ့။ အမေ့ရဲ့ခြေတွေလက်တွေက အားနည်းနေသေးပေမယ့် နာကျင်မှုကို ဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေက လုံးဝကို ပျောက်ကွယ်သွားသလိုပဲ။”

ထန်ရှုက ခေါင်းညိတ်ကာ အခန်းတွင်းသို့ လျှောက်လာခဲ့ရာ လန်းဆန်းသော အမူအရာဖြင့် အိပ်ရာထက်တွင် လဲလျောင်းနေသော အမျိုးသမီးကြီးအား တွေ့ရသည်။

“အဒေါ်ရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ သွေးခုန်နှုန်း စမ်းဦးမယ်ခင်ဗျ။”

အမျိုးသမီးကြီးက ကျေးဇူးတင်သော အမူအရာဖြင့်

“ကျေးဇူးတင်ပါတယ် ဒေါက်တာထန်… အဒေါ် အရင်ကထက်စာရင် ပိုပြီးနေလို့ကောင်းလာတယ်။”

ထန်ရှုက ခပ်ဖွဖွ ပြုံးကာ သွေးခုန်နှုန်းအား စမ်းလိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုလျက် သူမအား စမ်းသပ်ရာ အမျိုးသမီးကြီး၏ ခနာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်များ၏သုံးပုံနှစ်ပုံခန့်သည် ဖယ်ရှားပြီးဖြစ်နေပြီး သုံးပုံတစ်ပုံ ကျန်နေသေးသည်ကို သူ တွေ့ရသည်။ ထို့အပြင် သည်တစ်ကြိမ် သူမ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် လူငယ်တစ်ယောက်ထက် လျော့နည်းမည်မဟုတ်ပါချေ။

“ဒါ လုံး၀ မမျှော်လင့်ထားတဲ့အရာပဲ။ ခန္ဓာကိုယ်သန့်စင်ဆေးရည်ရဲ့အကျိုးသက်ရောက်မှုက သာမန်လူတစ်ယောက်အပေါ်မှာ အတော်ကြီးတာပဲ။ ငါသာ ဒီအရည်ကို ရောင်းမယ်ဆိုရင် ဆေးရည်တစ်စက်ကိုပဲ ငွေအများကြီး ရလိမ့်မယ်မဟုတ်လား။”

ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။ သို့သော် သူ၏အပြုအမူမှာ စွန်းမောင်နှမများအား စိတ်လှုပ်ရှားသွားစေကာ စိတ်မသက်မသာ ဖြစ်သွားကြသဖြင့် စွန်းကျန့်ဟိုင်က အလျင်စလို မေးလိုက်သည်။

“ဒေါက်တာ ထန်… အမေ့အခြေအနေက ဘယ်လိုလဲ။”

ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး

“အဒေါ်ရဲ့ကင်ဆာဆဲလ် သုံးပုံနှစ်ပုံက အမြစ်ပြတ် ပယ်သတ်ပြီးသွားပြီ။ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ ဖြည်းဖြည်းချင်း ပယ်သတ်ဖို့ လိုမယ်လို့ ကျွန်တော် ထင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ဒီဆေးရည်တစ်ပုလင်းကို ခင်ဗျားတို့ကို ပေးထားမယ်။ အရင်က ကျွန်တော့်ရဲ့ညွှန်ကြားချက်တွေအတိုင်း အစက်၃စက်ယူပြီး ရေနဲ့ရောပြီးမှ သောက်ခိုင်းပါ။ ပုလင်းထဲက ဆေးရည် ကုန်သွားရင် အဒေါ်ရဲ့ကင်ဆာဆဲလ်တွေ အကုန် အမြစ်ပြတ်သွားပါလိမ့်မယ်။ ဒါပေမယ့်…”

စွန်းမောင်နှမများ ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားကြသည်။

“ဒါပေမယ့်ဆိုတာ ဘာများလဲ ဒေါက်တာထန်…” စွန်းဝမ်ကျင်းက မေးလိုက်သည်။

“ဒါပေမယ့်… ခင်ဗျားတို့ စိတ်ထဲ ပြင်ဆင်ထားရမယ်။ အဒေါ်ရဲ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေ လုံး၀ ကုန်စင်သွားတာနဲ့ ပုံမှန်အခြေအနေ ပြန်ရောက်သွားလိမ့်မယ်ဆိုပေမယ့် အဒေါ်က အနည်းဆုံး နှစ်၂၀လောက် အသက်ရှည် နေနိုင်မှာပါ။ အဲ့ဒါကြောင့် ခင်ဗျားတို့ ၄ယောက်က အဒေါ့်ကို သားသမီးဝတ်တရား အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြပါခင်ဗျာ။” ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“နှစ်… နှစ်၂၀ ဟုတ်လား။” စွန်းဝမ်ကျင်းက ပုံမှန်မဟုတ်သောလေသံဖြင့် မေးလိုက်သည်။ မိခင်ကြီးသည် အသက်၈၀နီးပါး ရှိပြီကို သူမ သိထားသည်။ နောက်ထပ် နှစ်၂၀ ပိုနေနိုင်မည်ဆိုပါက မိခင်သည် နှစ်၁၀၀ အသက်ရှည်မည်ဟု ဆိုလိုရင်းပင် မဟုတ်ပေလော။

ထန်ရှုက ရယ်မောလိုက်ရင်း

“ဟုတ်တယ်။ နောက်ထပ် အနည်းဆုံး နှစ်၂၀။”

စွန်းဝမ်ကျင်း တံတွေးတစ်ချက် မျိုချလိုက်သည်။ ထန်ရှု လှမ်းပေးထားသော ပုလင်းအား ကြည့်နေရင်း သူမက တစ်ခဏမျှ ချီတုံချတုံ ဖြစ်ကာ မေးလိုက်သည်။

“ဒေါက်တာ ထန်… ဒီဆေးရည်အကြောင်း ကျွန်မ ရှင့်ကို မေးလို့ရနိုင်မလား…”

ထန်ရှုက ပြောသည်။

“ဒါက အပြင်မှာ ရဖို့ အင်မတန်မှ ခက်ခဲရှားပါးတဲ့ ကျွန်တော့်ရဲ့လျှို့ဝှက်ဆေးရည်ပါ။ ဒီလျှို့ဝှက်ဆေးရည်ဖော်စပ်ရတာ အတော်ကြီးကို ပြင်းထန်ခက်ခဲပြီး အသက်နှင့်ရင်းရတာမို့ ကျွန်တော် ခင်ဗျားရဲ့အမေကို ကုသတာ ဘယ်သူမှ မသိစေချင်တာပါ။ နို့မိုလို့ဆိုရင် ဒီဟာက ကျွန်တော့်ကို ဒုက္ခအကြီးအကျယ် ရောက်စေလိမ့်မယ်။”

“ငါတို့ ဘယ်သူကိုမှ မပြောပါဘူး။” စွန်းမောင်နှမများက အလျင်အမြန် ကတိပေးကြသည်။

စွန်းဝမ်ကျင်းက စကားထပ်ပြောလိုက်သည်။

“ဒေါက်တာ ထန်… ဆရာ့ရဲ့ခြေကြွခလေး…”

ထန်ရှုက လက်ကို ဝှေ့ယမ်းလိုက်ရင်း

“ငွေကြေးအတွက်ကတော့ ကျွန်တော်ပြောထားတဲ့ ၃ချက်ကိုပဲ စိတ်ထဲ ထည့်ထားပေးပါ။ ကောင်းပြီ။ အထွေအထူး မရှိတော့ဘူးဆိုတော့ ကျွန်တော် အခု ပြန်တော့မယ်။ ရက်အနည်းငယ် စောင့်ဖို့ မှတ်ထားပါ။ တကယ်လို့ အဒေါ်ရဲ့အခြေအနေကို စိတ်ချလက်ချ ပိုသိချင်တယ်ဆိုရင် အဲ့ဒီရက်တွေနောက်ပိုင်း တခြားဆေးရုံကို ခေါ်သွားပြီး ဆေးစစ်ကြည့်လိုက်ပါ။”

တခြားဆေးရုံကိုလား…။

စွန်းမောင်နှများ ချက်ချင်းပင် ထန်ရှု၏ဆိုလိုရင်းအား သိသွားသဖြင့် တစ်ပြိုင်နက်တည်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

စွန်းမိသားစု၏နေအိမ်မှ ပြန်လာခဲ့ပြီး…

လိုက်ပါလာသော သိုက်ရှင်းရွှယ်တစ်ယောက် အံ့သြတုန်လှုပ်မှု မပြယ်သေးဘဲ အိမ်ရာ၏ဝင်ပေါက်မှ ထန်ရှုနှင့်အတူ ထွက်ခွာလာသည်။ သူတို့သည် လမ်းဘေးတွင် ရပ်ကာ တက္ကစီအား စောင့်ဆိုင်းနေစဉ်အတွင်း ထန်ရှုက

“ကောင်းပြီ။ ဒီနေ့ကုသမှု အခြေအနေကို မင်းလည်း မြင်ပြီးပြီဆိုတော့ အကျိုးသက်ရောက်အမှုအတွက် မင်းလည်း အဲ့ဒါကို အာရုံစိုက်ထားရမယ်။ နောက်ပြီး ဒီအမျိုးသမီးကြီးရဲ့ကင်ဆာရောဂါအကြောင်းကို ဘယ်သူကိုမှ ပြောလို့မရဘူးနော်။ ငါ့ကို ကတိပေးပါ။”

နောက်ဆုံးတွင် သိုက်ရှင်းရွှယ် သတိပြန်ဝင်လာကာ အလေးအနက် ကတိပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဆရာသခင်။ ဒီကိစ္စကို ကျွန်မဆီက လုံး၀ မပေါက်ကြားစေရပါဘူး။”

ထန်ရှုက ခေါင်းညိတ်လိုက်ရင်း

“တရုတ်တိုင်းရင်းဆေးရုံကြီးမှာ ငါ အများဆုံး ၃ရက်လောက်ပဲ ဆေးကုသပေးနိုင်တော့မယ်။ အဲ့ဒါပြီးရင် ထပ်သွားတော့မှာမဟုတ်ဘူး။ မင်းကို ဆေးပညာသင်ကြားပေးဖို့ကတော့ အဲ့ဒီ၃ရက်အတွင်းမှာ မင်း ပြင်းပြင်းထန်ထန် ကြိုးစားမှရမယ်။ နောက်ပိုင်း ငါ အချိန်အားရင် ထပ်ပြီး သင်ပေးပါမယ်။”

သိုက်ရှင်းရွှယ်၏ မျက်နှာထက်တွင် ဝမ်းနည်းစိတ်ဓာတ်ကျသွားသော အမူအရာ ပေါ်ပေါက်လာသော်လည်း သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဆရာသခင်က အလုပ်များတဲ့သူတစ်ယောက်မှန်း ကျွန်မ သိပါတယ်။ စိတ်မပူပါနဲ့ ဆရာသခင်။ ကျွန်မ ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစားနဲ့ သင်ယူပါ့မယ်။”

***

All Chapters