နာကျင်မှုများအောက်မှ သတ်ဖြတ်သူ
Vol. 05 Ch. 246
ကျုံးထောင် ချက်ချင်းပင် ဟောင်ချန်းရင်အား လှည့်ကြည့်လိုက်ပြီး တစ်ဖန် သူ၏အကြည့်များသည် ထန်ရှုအပေါ်သို့ ကျရောက်သွားသည်။ သူ၏နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရီသွားကာ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ နားလည်ပြီ။ မစ္စတာ မင်းက ငါ့ကို လိမ်ခေါ်ပြီး ငါ့ခြေထောက်ကို ချိုးလိုက်တာပေါ့။
ငါ ခန့်မှန်းရမယ်ဆိုရင် မင်းက စုရွာသားတွေအတွက် လက်စားချေတာပဲ ဖြစ်မယ်ဟုတ်တယ်မလား။”
ထန်ရှုက ပြုံးလိုက်ပြီး
“မှန်တယ်။ ဒါ အမှန်တကယ်ကို လက်စားချေတာပဲ။ ကြယ်တာရာကနေသာ ငါ အပြေးမလာခဲ့ဘူးဆိုရင် ငါ့အဖွားက ဆက်ပြီး ဒုက္ခခံစားနေရလိမ့်မယ်ဆိုတာကို မင်း သိရမယ်။ ဆေးရုံခွဲခန်းအပြင်ဘက်မှာ နေရင်း ခွဲစိတ်ဖို့အတွက် သောက်ကျိုးနည်း လေးစားစရာကောင်းတဲ့ ဆရာဝန်တွေကို ဆက်စောင့်နေရဦးမှာပဲ။ အဲ့ဒီသောက်လေးစားစရာကောင်းတဲ့ ဆရာဝန်စုတ်တွေက ထွက်မလာဘဲ ခွဲခန်းထဲမှာ ဖဲရိုက်နေကြတယ်။”
ဟောင်ချန်းရင်၏ပြသနာထဲတွင် ဝင်ပါမိသောကြောင့် နောင်တများနှင့်အတူ ပြင်းထန်သော နောင်တတရားသည် ကျုံးထောင်၏ရင်တွင်းတွင် မြင့်တက်လာခဲ့သည်။ သူသည် မူလက သူ၏ဘဝမြင့်တက်ရန် မျှော်လင့်ခဲ့သည်။ တစ်ဖက်မှလည်း ဟောင်ချန်းရင်ဆီမှ အကျိုးအမြတ်ရမည့်အပြင် ဒေသတရားရုံးခေါင်းဆောင်၏အရှေ့တွင် သူ့အတွက် စကားကောင်းပြောပေးမည့် ဟောင်ချန်းရင်၏ အထောက်အပံ့လည်း ရနိုင်ပေမည်။ အရာရာတိုင်းသည် သူ့အား ဒေသဆေးရုံ၏ ဆေးရုံအုပ်ကြီးအဖြစ် ရာထူးတက်ရန် အခွင့်အရေးတစ်ခု ပေးနေသည်။ သို့သော် အဆုံးသတ်တွင် မည်သည်အကျိုးကျေးဇူးမျှ မရဘဲ သူ့အတွက် ဒုက္ခရောက်စေမည့် ပြသနာများသာ အမှန်တကယ် ဖြစ်ခဲ့သည်။ သူသည် ဆရာဝန်တစ်ယောက် ဖြစ်သောကြောင့် သူ့ခြေထောက်၏အခြေအနေအား သိသည်။ ဖြစ်နိုင်သည်မှာ သူသည် ကျန်ရှိသောဘဝတွင် မသန်မစွမ်းတစ်ယောက်အဖြစ် ခရီးဆက်ရပေတော့မည်။
ထန်ရှုသည် ဟောင်ချန်းရင်အား ကြည့်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ငါ ပြောတဲ့အတိုင်း လုပ်ပြီးသွားရင် မင်းကို ငါ သွားခွင့်ပြုမယ်။”
ဟောင်ချန်းရင်သည် အံ့သြပျော်ရွှင်သောအမူအရာ ဖြစ်ပေါ်လာပြီး အလျင်စလို မေးလိုက်သည်။
“ဘာလုပ်ပေးရမလဲ ငါ့ကို ပြောပါ။”
ထန်ရှုက ပြောသည်။
“ငါက မင်းကို ဆိုးဆိုးရွားရွား ရိုက်ပြီးသွားပြီ။ အဲ့ဒီအတော်ဝမ်းနည်းစရာကောင်းတဲ့ အချိန်ကို မင်းကို လွှဲပေးလိုက်မယ်။ အခု မင်းကိုယ်တိုင် မြင်ပြီး ခံစားကြည့်။ အခြားသူတွေက မင်းကို မြင်တဲ့အခါ ဘဝတစ်လျှောက်လုံး သူတို့က အဲ့ဒါကို သတိရနေလိမ့်မယ်။ အဲ့ဒါကြောင့် ဒီကျုံးမျိုးရိုးကို ငါ မင်းကို ရိုက်ခဲ့သလိုမျိုး ထပ်တူညီအောင် ရိုက်စေချင်တယ်။ သူ ပြန်ချမှာကို စိတ်မပူနဲ့။ သူ လုပ်ရင် ဒီကျောက်တုံးနဲ့ နောက်ခြေထောက်ကို ငါ ချိုးပစ်လိုက်မယ်။”
“မင်းလုပ်ရဲလား။” ကျုံးထောင်က ဟောင်ချန်းရင်အား စိုက်ကြည့်လိုက်သည်။
ပြန်ဖြေမည့်အစား ဟောင်ချန်းရင်က ထန်ရှု ပစ်ပေးလိုက်သော သစ်ကိုင်းအား ဆုပ်ကိုင်လိုက်သည်။ သူသည် ကျုံးထောင်ဆီသို့ အငြိုးတကြီး ရန်သူအလား ထိုင်နေရာမှ တရွေ့ရွေ့သွားလိုက်သည်။ လူတိုင်းသည် ကိုယ့်အတွက်သာ ကြည့်ကြသောသူများသာ ဖြစ်ပြီး အဆုံးသတ်တွင် နတ်ဆိုးကသာ အနိုင်ယူသွားလိမ့်မည်။ အန္တရာယ်မှ လွတ်မြောက်ရမည်ဆိုပါက ကျုံးထောင်အား ရက်ရက်စက်စက် ရိုက်ရန်မဆိုထားဘိ ထန်ရှုက သူ့အား သတ်ခိုင်းမည်ဆိုရင်တောင် သူ တွေဝေနေမည်မဟုတ်ပေ။
“ဖုန်း…ဖုန်း…ဖုန်း…”
ဟောင်ချန်းရင်သည် ကျုံးထောင်အား မြေပြင်ပေါ်တွင် ငယ်သံပါအောင် အော်နေရသည်အထိ ရိုက်နှက်လိုက်သည်။ ၂မိနစ် ၃မိနစ်ကြာအောင် ရိုက်နှက်လိုက်ပြီးနောက် ကျုံးထောင်သည် စုတ်ပြတ်သတ်သွားကာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီးမှသာ ရပ်တန့်လိုက်သည်။ ဟောင်ချန်းရင်သည် ထန်ရှုအား မျှော်လင့်ချက်များစွာဖြင့် ကြည့်လိုက်သည်။
ထန်ရှုသည် ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် လက်မထောင်ပြကာ ပြောလိုက်သည်။
“အရမ်းကောင်းတယ်။ မင်းက ရက်စက်မှုသရဖူဆောင်းတဲ့သူပဲ။ မင်းရဲ့သနားစရာကောင်းတဲ့ အသက်လေးကို ထိန်းသိမ်းဖို့ သူ့ကို ဒီလို ဆိုးရွားတဲ့ အခြေအနေဖြစ်အောင်တောင်မှ ရိုက်ရဲတယ်။ ကောင်းပြီ။ မင်းတို့၂ယောက်လုံး သွားလို့ရပြီ။ ဒါပေမယ့် တစ်ခုတော့ မှတ်ထား။ မင်း လက်တုံ့ပြန်ချင်ရင် ငါ့ကို လာရှာလှည့်။ ငါ့နာမည်က ထန်ရှု အလွန်ကို သမားရိုးကျဆန်ပြီး နှစ်လိုဖွယ်ကောင်းတဲ့သူ တစ်ယောက်ပဲ။ ဟုတ်တာပေါ့… မင်းတို့ ငါ့ကို လက်တုံ့ပြန်ချင်တယ်ဆိုရင်တော့ သေဖို့အတွက်ပါ ပြင်ဆင်ထားရမယ်။”
ထိုသို့ ပြောပြီးသည်နှင့် လင်ရိုဗာကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။ ၂ကီလိုမီတာ မောင်းပြီးသည်နှင့် ထန်ရှုသည် လမ်းဘေးတွင် ကားအားရပ်လိုက်ကာ စက်သတ်ထားလိုက်သည်။ ထို့နောက် သူသည် ဟောင်ချန်းရင်နှင့် ကျုံးထောင်တို့ဆီသို့ တိတ်တဆိတ် ပြန်လာခဲ့ရာ မြက်ခင်းပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော ထို၂ယောက်အား တွေ့လိုက်ရလေသည်။
ထိုသူနှစ်ယောက်၏လက်စားချေမှုအား သူမကြောက်သော်လည်း သူ၏အဖွားအား တစ်စုံတစ်ခု ပြုလုပ်လိုက်မည်ကိုဖြင့် သူ စိုးထိတ်လှသည်။ ထို့ကြောင့် သူ ထွက်သွားပြီးနောက် ထိုသူများ မည်သည့်အရာအား ပူးပေါင်းကြံစည်မည်ကို သူ ကြားလိုသည်။
လင်ရိုဗာကား ထွက်သွားသည်ကို ကြည့်ရင်း ကျုံးထောင်သည် ဟောင်ချန်းရင်အား မုန်းတီးစွာ ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဟောင်မျိုးရိုး… ငါက မင်းဖြစ်စေချင်တာကို ကူညီပေးခဲ့တယ်။ မင်းက မမျှော်လင့်စရာ ကောင်းလောက်အောင် ငါ့ကို ဒီလိုမျိုး ပြန်ပေးတယ်ပေါ့။ ကောင်းတယ်။ မင်း သိပ်ကောင်းတယ်။ ငါ ဒီနေ့ကိစ္စကို မဖြေရှင်းရရင် မင်း ချမ်းသာပြီး အာဏာရှိဦးတော့ ငါ သေတဲ့အထိ မင်းကို ဆွဲချသွားမှာပဲ။ ယီးပဲ စောင့်နေလိုက် သောက်ရူးကောင်။”
ဟောင်ချန်းရင်က သူ့အား ကြည့်လိုက်ပြီး အချိန်အတန်ကြာမျှ စကားမပြောသော်လည်း သူ၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲလာသည်။ လူသတ်လိုသောစိတ်သည် သူ၏မျက်လုံးအိမ်များတွင် ပြည့်လာခဲ့သည်။
ရုတ်ခြည်းပင် သူသည် ထန်ရှုပြောသည့်စကားများ မှန်ကန်သည်ကို ခံစားမိသည်။ ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးနှင့် ဆက်ဆံခံရသောသူများသည် သူ့အား ဘဝတစ်လျှောက်လုံး သတိရနေပေလိမ့်မည်။ သည်နေ့ကဲ့သို့ ဆိုးရွားသောအခြေအနေမျိုးနှင့် သူ့အား မည်သူတစ်ဦးတစ်ယောက်ကမှ သတိရနေသည်ကို သူ မလိုချင်ပေ။ သူ့အား ကူညီခဲ့သောလူအား သူ တစ်ကြိမ် သစ္စာဖောက်ခဲ့သည်ကို မည်သူကိုမျှ မသိစေချင်ပေ။
“ဒုဆေးရုံအုပ် ကျုံး… စကားပြောရအောင်။”
နောက်ဆုံးတွင် သူ စကားပြောလိုက်သည်။
ကျုံးထောင်က ခါးခါးသီးသီး အော်ဟစ်လိုက်သည်။
“မင်းနဲ့ငါကြားမှာ စကားပြောစရာ ဘာကောင်းတဲ့ကိစ္စ ရှိမှာလဲ။ မင်းက သောက်ကျိုးနည်းကို သေမှာကြောက်တဲ့ ကောင်ပဲကွ။ မင်းရဲ့သောက်အသက်လေးကို ထိန်းဖို့ ငါ့ကိုတောင် ဆိုးဆိုးရွားရွား ရိုက်တဲ့ကောင်။ နောက်ပိုင်း ငါသာ မသန်မစွမ်းတစ်ယောက်ဖြစ်သွားရင် အရာရာက အဆုံးသတ်သွားပြီပဲ။ ဒေသဆေးရုံအုပ် မဖြစ်ရုံတင်မကဘူး အလုပ်ကတောင် ကန်ထုတ်ခံရလိမ့်မယ်။ အဲ့ဒါအားလုံး မင်းကြောင့်ပဲ ခွေးမသား။”
ဟောင်ချန်းရင်က ထီမထင်ဟန်ဖြင့်
“ဒုဆေးရုံအုပ် ကျုံး… ခင်ဗျားပါးစပ် ပိတ်ထားလိုက်။ လူတိုင်းက ကိုယ့်အတွက်ပဲ ကြည့်ပြီး အဆုံးသတ်တွင် နတ်ဆိုးကသာ အနိုင်ယူသွားလိမ့်မယ်ဆိုတဲ့ ဆိုရိုးစကားကို မင်းလည်း သေချာပေါက် သိတာပဲ။ ငါက ငယ်သေးတယ်။ ဘဝမှာ နေလို့ မဝသေးဘူး။ ငါ မင်းအပေါ် မှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် နောက်ကျရင် မင်းကို အလျော်ပေးမှာပါ။”
ကျုံးထောင် ဒေါသထွက်သွားသည်။
“အလျော်ပေးမယ်ဟုတ်လား။ သောက်ကျိုးနည်း မင်းက ငါ့ကို ဘာနဲ့အလျော်ပေးမှာလဲ။ ငါ့ခြေထောက်က ကျောက်တုံးနဲ့ ရိုက်ချိုးခံလိုက်ရတယ်။ ငါ့မှာ ဆေးပညာအတွေ့အကြုံတွေရှိရင်တောင်မှ၊ ဆေးပညာဖွံ့ဖြိုးနေတာတောင်မှ ငါ့ခြေထောက်က အရင်လို ကောင်းတော့မှာ မဟုတ်ဘူး။ ယီးလိုပဲ မင်း နားမလည်ဘူးလား။ ငါ မသန်မစွမ်းတစ်ယောက် ဖြစ်တော့မယ်ကွ။”
ဟောင်ချန်းရင်က လေးလံသောလေသံဖြင့်
“အဲ့ဒါဆို မင်းက ဘာလိုချင်တာလဲ။ ငါ့ခြေထောက်ကို အလျော်လိုချင်တာလား။”
ကျုံးထောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အော်ပြောတော့သည်။
“မင်းခြေထောက်ကို အလျော်ပေးမယ်ဟုတ်လား။ မင်းတောင်မှ အခုခြေထောက်တစ်ဖက်ပဲ ရှိတော့တာလေ ခွေးမသားရဲ့။ အဲ့လိုပြောဖို့ မင်းမှာ အရည်အချင်းရှိသေးတယ်လို့ ထင်နေသေးတာလား။ အဟက် ငါ ကျုံးထောင်က နတ်ဆိုးလိုလူတွေအတွက် မကောင်းမှုအများကြီး လုပ်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမထိုက်တန်တဲ့ အဆုံးသတ်နဲ့ အပြစ်ခံရအောင် လွန်လွန်ကျူးကျူး ဘာကိုမှ မလုပ်ခဲ့ဘူးကွ။”
ဟောင်ချန်းရင်သည် သူ့အား စိုက်ကြည့်ကာ အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူသည် ကျုံးထောင်၏မျက်နှာပေါ်မှ ပြင်းထန်သော အမူအရာအား ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လျက်
“ငါ နားလည်ပြီ။ မင်းကို တစ်ကြိမ် အကြွေးတင်ပြီးမှတော့ နောက်တစ်ခါ ထပ်တင်လည်း အကြောင်းမဟုတ်တော့ဘူး။ အဲ့လိုဆိုမှတော့ ငရဲကို သွားပေတော့။”
ပြောပြီးသည်နှင့် ဟောင်ချန်းရင်သည် သူ၏ဘေးမှ ကျောက်တုံးအား ကောက်ကာ ကျုံးထောင်၏ဦးခေါင်းအား ထုနှက်လိုက်တော့သည်။ သူ၏တစ်ကိုယ်လုံးတွင် ဒဏ်ရာများစွာ ရထားသော်လည်း လူသတ်လိုသောစိတ်က သူ့အား ချက်ချင်းပင် ခွန်အားဖြစ်ထွန်းစေသည်။ ကျောက်တုံးသည် ကျုံးထောင်၏ခေါင်းအား တိကျစွာ ထိမှန်ကာ မျက်နှာမှောက်လျက် ကျသွားစေသည်။ ဟောင်ချန်းရင်သည် သူ၏ခြေထောက်ကျိုးအား တရွတ်တိုက်ဆွဲကာ လျှောက်လာပြီး ကျောက်တုံးအား ကောက်လျက် သူ၏လက်အစုံဖြင့် ကျုံးထောင်၏ဦးခေါင်းအား ထပ်မံ ထုနှက်လိုက်ပြန်သည်။
“ဟူး…”
အသက်တစ်ရှိုက်အတွင်း ကျုံးထောင်၏ဦးခေါင်းအား အချက်များစွာ ထုနှက်လိုက်ပြီးနောက် ဟောင်ချန်းရင်သည် စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းရှည်ကြီးတစ်ချက်အား မှုတ်ထုတ်လိုက်သည်။ ကျုံးထောင်အား သေခြင်းတရားဆီသို့ ပို့လိုက်ပြီးနောက် သူ၏မှုန်မှိုင်းသော မျက်နှာတွင် သွေးများစိုရွှဲလျက် ရှိပေသည်။
“ဖြောင်း…ဖြောင်း…ဖြောင်း…”
မြက်ပင်အုပ်အုပ်များထဲတွင် ပုန်းခိုနေသော ထန်ရှုသည် ဟောင်ချန်းရင်၏လူသတ်နေမှုအား မတားဆီးခဲ့ချေ။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ကာ လက်ခုပ်တီးလျက် ဟောင်ချန်းရင်၏ရှေ့သို့ ထည်ဝါစွာ ရောက်လာပြီး လေးစားသောဟန်ဖြင့် ပြောလိုက်သည်။
“ဝိုး…အံ့သြစရာပဲ။ သူဋ္ဌေးဟောင်က တကယ်ကို ရက်စက်တဲ့သူပါလား။ ဒီလိုသာမန်သူဋ္ဌေး တစ်ယောက်က လုပ်ရဲလိမ့်မယ်လို့ အံ့သြစရာမရှိဘူးပဲ။ မင်း သူ့ကို သတ်နေတဲ့ပုံက တကယ်ကို အံ့အားသင့်စရာကောင်းလွန်းလို့ ငါ ဗွီဒီယို ရိုက်ထားလိုက်မိတယ်။ ဒီဟာကို အင်တာနက်ပေါ်ကို တင်လိုက်ရင် မြင်ယောင်ကြည့်စမ်း။ သေချာပေါက် အာရုံစိုက်စရာဖြစ်လာတော့မှာ။”
ဟောင်ချန်းရင် ထန်ရှုအား မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်မိရင်း ထန်ရှု၏စကားအား ကြားလိုက်သောအခါ တိတ်ဆိတ်သွားကာ မည်သို့မျှ မတုံ့ပြန်တော့ပေ။ ထန်ရှုသည် သူ့အား အလွန်ဆိုးရွားစွာ ရိုက်ခဲ့ရုံသာမက သူ၏လူသတ်မှုကိုပါ သက်သေအဖြစ် ယူထားလိမ့်မည်ဟု သူ မထင်ထားခဲ့မိသောကြောင့်
သတိလစ်လုနီးပါး ဖြစ်သွားရသည်။
ထန်ရှုက ပြုံးလိုက်ရင်း
“ဘာလဲ။ ငါ ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့မိတာလား။ မင်းရဲ့ရက်စက်တဲ့အခြမ်းကို နောက်ဆုံးတော့ ငါ မြင်နိုင်သွားမယ်လို့ ဘယ်တော့မှ မတွေးထားခဲ့ဘူးပေါ့။”
ဟောင်ချန်းရင် မပျော်ရွှင်စွာ မျက်မှောင်ကြုပ်လိုက်ရင်း
“သူဋ္ဌေး ညီအစ်ကို… ငါ တောင်းပန်ပါတယ်ကွာ။ မင်း ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား။ ငါ အမှန်တကယ်ကို မင်းကို လက်စားချေလိုစိတ် မရှိပါဘူး။ သူ့ကို ငါသတ်တယ်ဆိုတာ သူ့မှာ မုန်းတီးတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်။ ဒီညအဖြစ်အပျက်ကို ငါလည်း ဘယ်သူကို့မှ ထပ်ပြီး မသိစေချင်တော့ဘူး။”
ထန်ရှုက လက်မထောင်ပြကာ လေးစားသောလေသံဖြင့် ပြောလိုက်သည်။
“သိပ်သေချာတာပေါ့။ မင်းက တကယ် အတွက်အချက်ကောင်းတာပဲ။ မင်းကို ကြည့်ရတာ မင်းဦးလေးကို မှီခိုပြီး အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ ပျော့စိပျော့ဖတ်တစ်ယောက် မဟုတ်ပါဘူး။ ကောင်းပြီ ငါ မင်းကို မသတ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ငါ ထွက်သွားပြီး တစ်ခဏ တွေးလိုက်တော့ ငါ့ဒေါသကို ဖောက်ခွဲဖို့လိုတယ်လို့ ငါ ခံစားမိတာနဲ့ မင်းရဲ့ခြေထောက်နောက်တစ်ဖက်ကို ချိုးချင်ခဲ့တာ။ ဒါပေမယ့် အခုတော့ ငါ စိတ်ပြောင်းသွားပြီ။”
“ဒါ..ဒါဆို မင်း ငါ့ကို သွားခွင့်ပြုနေတာလား။” ဟောင်ချန်းရင်၏ရင်ထဲအေးစက်သွားကာ အသေအချာ မေးလိုက်သည်။
ထန်ရှုက ရယ်မောလိုက်ရင်း
“မင်း အချိန်မရွေး ထွက်သွားလို့ရတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ ရွာသားတွေကို နောက်ပိုင်းကျရင် မင်း လျော်ကြေးပေးရမယ့် အခြေအနေတစ်ခုတော့ ရှိတယ်။ ငွေသားဆိုရင် ကောင်းတယ်။”
ငွေလား…။
ဟောင်ချန်းရင် ကြိတ်ကာ သက်ပြင်းချလိုက်သည်။ သူ၏ရင်ဘတ်အား ပုတ်ကာ ကတိပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ သေချာပေါက် ကိုယ်တိုင်… မဟုတ်ဘူး အဲ့ဒီရွာသားတွေဆီ လူလွှတ်ပြီး သေချာပေါက် လျော်ကြေးပို့လိုက်ပါမယ်။ စီမံကိန်းကိုလည်း ငါ ချက်ချင်း ရပ်လိုက်မယ်။ အနာဂတ်မှာ စုကျေးရွာကို ပြသနာရှာရဲတဲ့သူမှန်သမျှ ငါ ဟောင်ချန်းရင်ကို အရင်ကျော်ဖြတ်ရလိမ့်မယ်လို့ ငါ အာမခံတယ်။ မင်း.. ကျေ… ကျေနပ်တယ်မဟုတ်လား။”
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဟောင်ချန်းရန်အား ထူရန် သူ၏လက်အား ကမ်းပေးလိုက်ရင်း ပြောသည်။
“မင်း ခြေထောက်က ကျိုးနေတယ်။ ဒီလိုပုံနဲ့ မင်း ထွက်သွားရင် လူတွေက အကြောင်းရင်း ရှာကြလိမ့်မယ်။ ဒီအလောင်းကိုလည်း ကူညီပေးရမှာဆိုတော့ ငါ မင်းကို ချင်ဟီဒေသဆေးရုံကို ပို့ပြီးသွားရင် ပြန်လာပြီး ဒါတွေ ရှင်းပေးလိုက်မယ်။”
ဟောင်ချန်းရင်က သက်သေပြုသည့်အနေဖြင့်
“မင်း..မင်း..ဒီလူသတ်မှုကို တကယ် မထုတ်ဖော်တော့ဘူးမလား။”
“မင်း နှုတ်လုံနေသမျှကာလပတ်လုံး ငါက ဒါကို မင်းအတွက် ဖုံးထားပေမယ်။” ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ကျေးဇူး… ကျေးဇူးတင်ပါတယ်ကွာ ညီအစ်ကို။” ဟောင်ချန်းရင် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ထန်ရှုက သူ့အား ရယ်စရာသတ္တဝါအား ကြည့်သကဲ့သို့ ကြည့်မိပြီးမှ ကားဆီသို့ သယ်လာခဲ့သည်။ ထို့နောက် အမြန်ဆုံးအရှိန်ဖြင့် မောင်းနှင်လာပြီး ချင်ဟီဒေသဆေးရုံ၏လူနာခန်းသို့ တိတ်တဆိတ် ပြန်ပို့ပေးလိုက်သည်။
“ညီအစ်ကို… မင်း… မင်း ငါ့ကို အပြင်ကို ဒီလိုမျိုးနဲ့ ထုတ်တာလား။”
ဟောင်ချန်းရင်သည် လူနာခန်းထဲသို့ ပြန်ရောက်သည်နှင့် သူ၏မိန်းကလေးမှာ နေရာတွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူက ထွက်ခွာတော့မည့်ဆဲဆဲ ဖြစ်နေသော ထန်ရှုအား ချက်ချင်း မေးလိုက်သည်။
ထန်ရှုက ပြန်လှည့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်
“ဘာဖြစ်လို့လဲ။ အဲ့ဒါ ပြသနာရှိလို့လား။”
ဟောင်ချန်းရင် တံတွေးတစ်ချက် အမြန်မျိုချကာ လေးလေးပင်ပင် ခေါင်းယမ်းပြလိုက်သည်။ ထန်ရှုသည် ၃ထပ်မှ အတွင်းလူနာဆောင်သို့ သက်သက်သာသာတက်ကာ ပြတင်းပေါက်အား ဖြတ်ကျော်လျက် သူ့အား လွယ်ကူစွာ ပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်။ သူသည် အလွန်အမင်း အံ့အားသင့်နေသော်လည်း မဖော်ပြရဲပါချေ။
သူက ကြောက်စရာကောင်းတယ်။ မွန်းစတားတစ်ကောင်လိုပဲ။
ထန်ရှုက မျက်နှာသေဖြင့် ပြောသည်။
“မင်းပြောတဲ့ ၃ထပ်ဖြစ်စေ ၁၃ထပ်ဖြစ်စေ ငါ ဆန္ဒရှိမယ်ဆိုရင် မင်းကို လွယ်လွယ် ထုတ်သွားလို့ရသလို လွယ်လွယ်လည်း ပြန်ပို့ပေးနိုင်တယ်။ ငါ ဘာတွေလုပ်နိုင်သလဲဆိုတာ မင်းတွေးဝံ့မှာမဟုတ်ပါဘူး။ ကောင်းပြီ။ မင်း ပြသနာကိုမင်း ဂရုစိုက်။ မင်းရဲ့တခြားပြသနာကို ရှင်းဖို့ ငါ နည်းလမ်းရှာလိုက်ဦးမယ်။”
ပြောပြီးသည်နှင့် ထန်ရှု၏ပုံရိပ်သည် ပြတင်းပေါက်မှ လျှောချသွားကာ ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ဟောင်ချန်းရင်သည် မသန်မစွမ်းခြေထောက်ဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်လာကာ အပြင်ဘက်ရှိ မှောင်မည်းနေသော ကောင်းကင်ကြီးအား ကြည့်နေမိသည်။ သူ၏ရင်တွင်းမှ အကြောက်တရားသည် အတော်ကြာသည့်တိုင်အောင် လျော့နည်းမသွားပါချေ။ ထန်ရှုသည် သူသာ ကတိမတည်ပါက သူ့အား တုံ့ပြန်ကာ သူ၏လူသတ်မှုသက်သေအား ရဲလက်သို့ အပ်ခြင်း သို့မဟုတ် အင်တာနက်ပေါ်သို့တင်ခြင်းများ ပြုလုပ်မည်ကို စိုးထိတ်ကာ သူသည် ထန်ရှုအား မဖော်ပြတတ်လောက်အောင် ကြောက်နေမိသည်။
“ငါ အများကြီး လျှောက်မတွေးတော့ဘူး။ ငါ့ဒဏ်ရာကို ဂရုစိုက်ပြီး ဒီဟာအတွက် ဆင်ခြေတစ်ခုကို ရှာထားရမယ်။”
မိနစ်အနည်းငယ်ကြာ တွေးပြီးနောက် ဟောင်ချန်းရင်သည် နံပါတ်တစ်ခုအား နှိပ်ကာ လေးနက်သော အသံဖြင့်
“ဟူဇီ… အိပ်ရာက ထပါဦးဟ။ ချက်ချင်း မင်းဖင်ကြီးကို ဒီကြွခဲ့။ တစ်ယောက်တည်းပဲ လာ။ မင်းနဲ့ ကျောက်တုံးတစ်တုံး သယ်လာပြီး ငါ့လူနာခန်းထဲ တန်းလာလိုက်။ မြန်မြန်လေး…။”
***