← Chapters

ကောလိပ်ဝင်ခွင့်ရမှတ်များ

Vol. 05 Ch. 248

ကောလိပ်ဝင်ခွင့်ရမှတ်များ

Vol. 05 Ch. 248

ထန်ရှုသည် အိတ်ကို ယူကာ အတွင်းမှ ငွေနဂါးမြက်ပင်အားလုံးကို ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာအောင် စစ်ဆေးပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။

“ငွေနဂါးမြက်ပင် ၂၈ပင်ဆိုတော့ စုစုပေါင်း ယွမ်၂သောင်း၈ထောင်။ အစ်ကိုကြီးဘင်… ကျွန်တော့်ကို ဘဏ်အကောင့်နံပါတ် ပေးပါဦး။ အခုပဲ ပိုက်ဆံလွှဲပေးလိုက်မယ်။ ချွမ့်အတွက် ဝေစုကတော့ ကိုယ့်ဘာသာပဲ ခွဲပေးလိုက်တော့။”

စုဘင်နှင့်စုချွမ်တို့ အတော် စိတ်လှုပ်ရှားသွားကြသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် စုဘင်၏အကောင့်ထဲသို့ ယွမ်၂သောင်း၈ထောင် ရောက်လာခဲ့ပြီဖြစ်သည်။

“ဟုတ်ပြီ။ မနေ့ညက မင်းက ၇ပင် ရှာတွေ့ခဲ့တယ်ဆိုတော့ ငါ မင်းကို ၇ထောင် ပေးမယ်။” စုဘင်က ရိုးသားစွာဖြင့် စုချွမ်ဆီသို့ ချက်ချင်း ငွေလွှဲပေးလိုက်သည်။

ထန်ရှုသည် ငွေနဂါးမြက်ပင်အိတ်အား သူ၏ကားထဲသို့ ထည့်လိုက်ပြီးနောက် စုချွမ်အား ကြည့်ကာ ပြောလိုက်သည်။

“ချွမ်… ငါ အစ်ကိုကြီးဘင်ကို ပြောပြီးပြီ။ သူ ငါနဲ့ ကြယ်တာရာကို လိုက်ဖို့ ပြင်နေတယ်။ မင်းကရော။ ကြယ်တာရာကို ငါနဲ့အတူ လိုက်ချင်လား။”

စုချွမ်က တွေဝေခြင်းမရှိဘဲ ပြန်ပြောသည်။

“ငါ့ကို အစ်ကိုကြီးဘင်ကလည်း ပြောထားတယ်။ ငါ သွားမယ်။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ဒါ သိပ်ကောင်းတယ်။ အချိန်ကျလာပြီဆိုရင် ငါ မင်းတို့၂ယောက်ကို အတူတူ နေရာချပေးမယ်။ အစ်ကိုကြီးဘင်က ရိုးသားဖြောင့်မတ်တဲ့ သူတစ်ယောက်ဆိုတော့ အန္တရာယ်ကင်းတဲ့ အလုပ်တွေအတွက် ကောင်းတယ်။ မင်းက ဦးနှောက်သုံးတဲ့နေရာမှာကောင်းတော့ နောင်ကျရင် မင်းအတွက် တခြားရာထူး ငါ စီစဉ်ပေးမယ်။”

“ကောင်းတယ်။ မင်းအနောက်ကို လိုက်ရတာ ကောင်းတယ်လို့ ငါ ခံစားမိတယ်။” စုချွမ်က ပြုံးကာ ပြောလိုက်သည်။

“ဖုန်းမြည်သံ”

ထန်ရှု ပြန်ပြောတော့မည့်အချိန်တွင် သူ၏ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းအား ထုတ်ကာ နံပါတ်အား ကြည့်လိုက်ရာ ဟန်ကျင်းဝူ ခေါ်သည်မှန်း တွေ့လိုက်ရသည်။

“ဟယ်လို ဆရာမဟန်…” ထန်ရှုက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ထန်ရှု နင့်အမှတ်တွေကို အမြန် စစ်လိုက်ပါဦး။ ဘုရားသခင်! တက္ကသိုလ်ဝင်ခွင့်အမှတ်က စုစုပေါင်း ၇၅၀ ပေးတာမှာ  နင်..နင်က ၇၄၆မှတ် ရနေတယ်။ ငါ တကယ် ထင်မထားမိဘူး။ ဒါ အံ့အားသင့်စရာ မယုံနိုင်စရာကြီး။ နင် အမှတ်ပြည့်ရဖို့က ၄မှတ်ပဲ လိုတော့တာ။” ဟန်ကျင်းဝူ၏ အံ့သြဝမ်းသာပြီး တုန်ရီနေသောအသံက ဖုန်းထဲမှ ထွက်လာသည်။

ထန်ရှု တစ်ခဏမျှ အံ့အားသင့်သွားရသည်။ ရုတ်ခြည်းပင် ဒီနေ့သည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်များ ထုတ်ပြန်သည့်နေ့ဖြစ်သည်ကို သူ သတိရသွားခဲ့သည်။ ဟန်ကျင်းဝူဆီမှ သတင်းစကား ကြားရသောကြောင့် သူမသည် သူ၏ဖြေခွင့်နံပါတ်နှင့် ရလဒ်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်ကို သူ သိလိုက်သည်။ ထို့နောက် ထန်ရှုက ရယ်လိုက်ရင်း

“ဆရာမဟန်… ဒီနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဆရာမ ဂုဏ်ယူရအောင် ကျွန်တော်လုပ်ပြမယ်လို့ ကျွန်တော်  မပြောခဲ့ဘူးလား။ ဒါနဲ့ ယွမ်ချူးလင်နဲ့ ချန်းယန်နန်တို့ အမှတ်တွေကရော ဘယ်လိုလဲ။”

ဟန်ကျင်းဝူက အမြန် ပြန်ဖြေသည်။

“ငါ သူတို့အမှတ်တွေကို မစစ်ရသေးဘူး။ သူတို့လည်း ကောင်းလိမ့်မယ်လို့ ငါ အခု ယုံကြည်နေတယ်။ ထန်ရှု… ဂုဏ်ယူပါတယ်ဟယ်။”

ထန်ရှုက ရယ်လိုက်ရင်း

“အစကနေ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ဆရာမကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ပြောချင်နေတာ။”

ဟန်ကျင်းဝူက ရယ်မောကာ

“နင် သိတဲ့အတွက် ကောင်းပါတယ်။ ဒါနဲ့ နင် အခု ဘယ်မှာလဲ။ နင့်အမှတ်တွေ ကောင်းတဲ့အတွက် တစ်ခုခု ငါ ကျွေးမယ်လေ။”

“ကျွန်တော့်ဇာတိကို ပြန်ရောက်နေတယ်။ ဒီမှာ မတော်တဆတစ်ခု ဖြစ်သွားတယ်လေ။ ကျွန်တော် ကြယ်တာရာကို ပြန်ရောက်ရင် ဆရာမဆီ ဖုန်းဆက်လိုက်မယ်။”

“ကောင်းပြီ။” ဟန်ကျင်းဝူ ပြောလိုက်သည်။

ဟန်ကျင်းဝူ ဖုန်းချသွားပြီးနောက် ထန်ရှုသည် သူ၏ဖြေခွင့်နံပါတ်ဖြင့် သူ၏ရလဒ်အား ရှာဖွေကာ အတော် စိတ်ကျေနပ်သွားသည်။ စာပေနှင့်ဘာသာစကားတွင် ၄မှတ်လျော့သွားသဖြင့် သူ ဘာသာစုံအမှတ်ပြည့်မရခြင်း ဖြစ်ပြီး ကျန်သည့်ဘာသာများအားလုံး အမှတ်ပြည့်ဖြစ်သည်။

“ဖုန်းမြည်သံ”

သူ၏အမှတ်များအား စစ်ဆေးနေချိန်တွင် ဖုန်းထပ်မြည်လာခဲ့သည်။ သည်တစ်ကြိမ်တွင် အိုးရန်လူလူထံမှ ဖြစ်သည်။

“လူလူ… ဘာဖြစ်လို့လဲ။”

စိတ်ခံစားမှု ကောင်းနေသောကြောင့် ထန်ရှု ရယ်ကာ မေးလိုက်သည်။

အိုးရန်လူလူက အလျင်အမြန် မေးလာသည်။

“ထန်ရှု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထွက်လာပြီ။ နင် အမှတ် ဘယ်လောက်ရလဲ။”

“၇၄၆” ထန်ရှု ဖြေသည်။

“စုစုပေါင်းအမှတ်က ဘယ်လောက်လဲ။ နင့်ရလဒ်က ဘယ်လိုလဲ။” အိုးရန်လူလူ ပဟေဠိဖြစ်သွားကာ ပြန်မေးလိုက်သည်။

“စာပေနှင့်ဘာသာစကားမှာ ၄မှတ်လျော့သွားလို့ ဘာသာစုံအမှတ်ပြည့် မရဘူး။ ကျန်တဲ့ဘာသာတွေမှာတော့ အမှတ်ပြည့်ရတယ်။”

“ဘာရီး။ နင်က ဘာသာစုံအမှတ်ပြည့်ဖို့ ၄မှတ်ပဲ လိုတယ်လို့ ပြောလိုက်တာလား။”

ထန်ရှုက ရယ်လိုက်ရင်း “အမှန်ပဲ။”

အိုးရန်လူလူက အံ့သြတုန်လှုပ်နေရင်း

“ထန်..ထန်ရှု… နင်…နင် ငါ့ကို ညာနေတာမဟုတ်ဘူးနော်။ အိုး…ကောင်းကင်ဘုံကြီး! ဒါ သိပ်အံ့သြဖို့ကောင်းတယ်။ ဟေး… နင်က သိပ္ပံပညာကို သဘောကျတဲ့ပုံဆိုတာ ငါ သတိရသွားပြီ ဟုတ်တယ်မလား။ ဒီလောက်အမှတ်အမြင့်ကြီး ရဖို့ဆိုတာ တကယ်ကို မမျှော်လင့်ထားမိဘူး။ ဖြစ်နိုင်တာက ရွှမ်းချင်ခရိုင်မှာ ရှိတဲ့ သိပ္ပံဘာသာရပ်တွေအတွက် အမှတ်အမြင့်ဆုံးက အခြားလူမဟုတ်ဘူး နင်ပဲနေမှာ။”

“ပြသနာမရှိတော့ဘူး။ ငါ့အတွက်က အောင်တာနဲ့ ရှန်ဟိုင်းတက္ကသိုလ်မှာ ဝင်ခွင့်ရတယ်ဆိုရင် အဆင်ပြေပါတယ်။”

ထန်ရှုက ရယ်ကာ ပြောလိုက်သည်။

အိုးရန်လူလူက ချစ်ခင်လေးစားသောအသံဖြင့်

“ထန်ရှု… နင် တော်တယ်ဆိုတာ ငါ အမြဲသိတယ်။ ဒါပေမယ့် နင် ဒီလိုအံ့သြစရာကောင်းလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။ ဒါနဲ့ နင် ကျင်းမန်ကျွန်းကို ဘယ်တော့လာမှာလဲ။ ငါ နင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ညစာ လိုက်ကျွေးမယ်လေ။”

ထန်ရှု တွေဝေသွားကာ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး

“ငါ ဒီက ကိစ္စတွေပြီးတာနဲ့ မင်းကို လာရှာပါမယ်။”

“ကောင်းတယ်။” အိုးရန်လူလူ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

သူ၏ဘေးတွင် ရပ်နေသော စုဘင်နှင့်စုချွမ်တို့သည် ထန်ရှု အမှတ်များ စစ်ဆေးနေစဉ်ကတည်းက အံ့သြရသဖြင့် ကျောက်ရုပ်သဖွယ် ဖြစ်နေကြသည်။ အိုးရန်လူလူနှင့် ထန်ရှု ဖုန်းပြောပြီးသည့်တိုင်အောင် သူတို့နှစ်ယောက်သည် ကြောင်တောင်တောင် ဖြစ်နေကြဆဲဖြစ်သည်။ သူတို့သည်လည်း ယခင်က ကျောင်းသားများဖြစ်ခဲ့သောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ၇၄၆မှတ်၏ အဓိပ္ပာယ်အား ပုံမှန်အားဖြင့် နားလည်ကြပေသည်။

“ထန်…”

စုချွမ် စကားပြောမည့်ဟန်ပြင်ရုံရှိသေးသည် ထန်ရှု၏ဖုန်းက မြည်လာပြန်သည်။

ထန်ရှုသည် ဖုန်းခေါ်သူအား ကြည့်လိုက်ပြီး မချိုမချဉ်အပြုံးသည် သူ၏မျက်နှာထက်တွင် ပေါ်လာသည်။ သူက စုချွမ်အား ကြည့်ကာ ခေါင်းယမ်းပြလိုက်ပြီး ဖုန်းပြန်ဖြေလိုက်သည်။

“ကျန်ယု…တစ်ခုခု ဖြစ်လို့လား။”

“ထန်ရှု…တကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထွက်လာပြီ။ မင်း အမှတ်ဘယ်လောက်ရလဲ။”

“၇၄၆”

“ဘယ်လောက်”

“၇၄၆”

“အို…ဘုရားသခင်…”

နောက်ထပ် မိနစ်၄၀အတွင်း ထန်ရှုသည် ဖုန်းခေါ်ဆိုမှု ၂၀ကြိမ်ထက်မနည်း လက်ခံရရှိခဲ့သည်။ သူတို့အားလုံးသည် ထန်ရှု၏အမှတ်များအကြောင်း မေးကြခြင်းသာ ဖြစ်သည်။

ကြယ်တာရာတိုင်းရင်းဆေးရုံအုပ်ကြီး လီဟွန်ဂျီလည်း ထိုအကြောင်းမေးရန် ဖုန်းခေါ်လာခဲ့သည်။ သူ၏ရမှတ် ၇၄၆မှတ်အား သိရသည့်အချိန်တွင် လူတိုင်း အံ့သြတုန်လှုပ်သွားကြပြီး အသိပြန်ဝင်ရန်ပင် ခက်ခဲသွားကြသည်။

ထန်ရှုသည် အံ့သြစရာကောင်းသည်ကို သူတို့အားလုံး သိသွားကြပြီဖြစ်သည်။

ရှုထောင့်တိုင်းတွင် အံ့သြစရာ!

သို့သော် ထန်ရှု၏ပညာရေးရလဒ်ကောင်းသည် သူတို့တွေ အိပ်မက်ထဲတွင် မမက်ဖူးလောက်အောင် အလွန်ကြောက်စရာကောင်းလှပေသည်။

ထန်ရှုသည်လည်း ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့၏အမှတ်များအား သိခဲ့သည်။ ယွမ်ချူးလင်သည် ၆၆၃မှတ် ရခဲ့ပေရာ မနှစ်က တက္ကသိုလ်ဝင်ခွင့်အဆင့်အရ တက္ကသိုလ်တစ်ခု၏ ဝင်ခွင့်စာမေးပွဲအား အောင်မြင်ရန် လွယ်ကူပေလိမ့်မည်။ ထိပ်တန်းတက္ကသိုလ်တစ်ခုအတွက် စာမေးပွဲအောင်ခြင်းမဟုတ်လျှင်တောင်မှ ဒုတိယတန်းစား တက္ကသိုလ်များ ဝင်ရန်အတွက် ပြသနာ ရှိလိမ့်မည်မဟုတ်ချေ။ ချန်းယန်နန်ကမူ သူမ၏အမှတ်သည် ၆၇၄မှတ်ဖြစ်သောကြောင့် ယွမ်ချူးလင်ထက်စာပါက ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် စုလင်းယွမ်သည် မီးဖိုဆောင်မှ ထွက်လာသည်။ ထန်ရှုသည် စုဘင်၊ စုချွမ်တို့နှင့်စကားပြောနေသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး

“စုဘင်၊ စုချွမ်… သားတို့ရော နေ့လည်စာ ဒီမှာပဲ စားသွားကြနော်။ ရှုအာ… ဒီနေ့က အရမ်းအရေးကြီးတဲ့နေ့ဆိုတာ အမေ သတိရပေမယ့် အဲဒါက ဘာလဲဆိုတာ အမေ မေ့နေတယ်။ သား ပြောတာ ငါတို့မိသားစု…”

ထန်ရှုက သူမအား အပြုံးဖြင့် စကားဖြတ်လိုက်သည်။

“အမေ… ကျွန်တော် အခုပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်တွေ စစ်ပြီးသွားပြီ။ စုစုပေါင်း ၇၅၀ ပေးတာမှာ ကျွန်တော်က ၇၄၆မှတ် ရခဲ့တယ်။”

စုလင်းယွမ် တစ်ခဏမျှ ကြက်သေ သေသွားပြီးနောက် သူမ၏မျက်ဝန်းအစုံသည် ချက်ချင်း နီရဲလာသည်။ သူမ၏မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်သောအမူအရာများ ထွက်ပေါ်လာခဲ့သည်။ အေပရွန်ဖြင့် သူမ၏လက်များအား သုတ်ပြီးနောက် ထန်ရှုဆီ လျှောက်လာကာ သူ၏လက်မောင်းအစုံအား ကိုင်လျက် အလျင်စလို မေးလိုက်သည်။

“ဘယ်လောက်။ သားက ဘယ်လောက်ရတာလဲ။”

“၇၄၆ အမေ။ ဘာသာစုံအမှတ်ပြည့်ရဖို့ ၄မှတ်ပဲ လိုတာ။”

စုလင်းယွမ်သည် ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေရင်း သူမ၏မျက်ဝန်းများမှ  မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်။ ထန်ရှုအား ကိုင်ထားသည်ကို လွှတ်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ကာ တသိမ့်သိမ့် ရှိုက်ငိုနေတော့သည်။

ထန်ရှုလည်း ထိုင်ချလိုက်ကာ မိခင်ဖြစ်သူအား ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူ၏မိခင်သည် အလွန်ဝမ်းသာသွားသောကြောင့် ငိုကြွေးသည်ကို သူ သိနေသည်။ ထန်ရှုက နှစ်သိမ့်ရန် စကားတစ်လုံးမျှ မပြောဘဲ မိခင်ကို ညင်သာစွာ ပွေ့ဖက်ထားကာ သူမ၏ရင်ထဲမှ အရာအားလုံးကို ဖွင့်ထုတ်ခွင့်ပြုထားသည်။

စုဘင်နှင့် စုချွမ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တိတ်တဆိတ် ထွက်ခွာသွားကြသည်။

တစ်မိနစ်ကြာအောင် ငိုပြီးနောက် စုလင်းယွမ်သည် ငိုနေသည်ကို ရပ်တန့်လိုက်ပြီး ထန်ရှုအား မျက်ရည်များ ပြည့်နေသော မျက်နှာဖြင့် မော့ကြည့်ကာ စိတ်လှုပ်ရှားသောအသံဖြင့် ပြောလိုက်သည်။

“ဆန်နီ…သားက အကောင်းဆုံးပဲ။”

ထန်ရှုက ရယ်လိုက်ရင်း “ကျွန်တော့်ရင်ထဲမှာ အမေကသာ အကောင်းဆုံးလူပါ။”

ကြယ်တာရာ ပထမပြည်သူ့ဆေးရုံတွင် ဖြစ်သည်။

စွန်းဝမ်ကျင်းသည် လက်ထဲတွင် ဆေးစစ်ချက်အဖြေအား ကိုင်ထားသည်။ သူမသည် ဆေးရုံအပြင်ဘက်သို့ မိန်းမောတွေဝေနေဟန်ဖြင့် ထွက်လာသည်။ အဆောက်အဦးအပြင်ဘက်တွင် စွန်းမိသားစုဝင်များသည် ရပ်စောင့်နေကြသည်။ အကြည့်အားလုံးသည် သူမအပေါ်တွင်သာ ရှိနေပြီး လက်ထဲမှ ဆေးစစ်ချက်အဖြေအား စိုက်ကြည့်နေကြသည်။ သူမ၏အမူအရာအား မြင်သောအခါ မကောင်းသော ခံစားမှုတို့သည် စွန်းမိသားစုဝင်များ၏ရင်တွင်းတွင် မြင့်တက်လာတော့သည်။

“ဝမ်ကျင်း… အဖြေက ဘာတဲ့လဲ။” စွန်းကျန့်ဟိုင်က သူမဆီ လျှောက်လာကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

စွန်းဝမ်ကျင်းက သူ့အား ဆေးစစ်ချက်အဖြေ လှမ်းပေးလိုက်ရင်း လူနှင့်စိတ်မကပ်သည့်ဟန်ဖြင့် ဖြေလိုက်သည်။

“အစ်ကိုကြီးဘာသာပဲ ကြည့်လိုက်ပါ။”

စွန်းကျန့်ဟိုင် လျင်မြန်စွာ ယူကာ အဖြေအား ကြည့်လိုက်ရာ သူ၏မယုံကြည်နိုင်သော အမူအရာ ပေါ်ပေါက်လာခဲ့သည်။ ထိုအမူအရာသည် စက္ကန့်အနည်းငယ်သာ ရှိပြီးနောက် အလွန်အမင်း ဝမ်းမြောက်ခြင်းသို့ ပြောင်းလဲသွားသည်။

“ကင်ဆာဆဲလ်တွေ မရှိတော့ဘူး။ အမေ့ကင်ဆာ ပျောက်ကင်းသွားပြီကွ။”

မယုံကြည်နိုင်ဟန်အမူအရာများသည် စွန်းကျန့်ကျွင်း၊ စွန်းဝမ်မင်းနှင့် အမျိုးသမီးကြီး၏မျက်နှာထက်တွင် တစ်ချိန်တည်း ပေါ်ထွက်လာသည်။ သူတို့သည် အလျင်အမြန် ဆေးစစ်အဖြေအား လာဖတ်ကြရာ အလွန်အမင်း ဝမ်းသာပျော်ရွှင်ဟန်သည် အားလုံး၏မျက်နှာထက်တွင် ပေါ်ပေါက်လာလေသည်။

စွန်းဝမ်ကျင်းသည် နောက်ဆုံးတွင် မိန်းမောနေရာမှ နိုးထလာသည်။ ထန်ရှု၏ချောမောသော မျက်နှာလေးအား သူမ၏စိတ်ထဲတွင် မြင်ယောင်လာမိသည်။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ကျွန်မတို့တစ်မိသားစုလုံး ထန်ရှုကို ကောင်းကောင်း ကျေးဇူးတင်ရမယ်။ သူဟာ နတ်ဆေးသမားတော် တစ်ယောက်လို့ လူတွေက ပြောကြပေမယ့်၊ သူ ဆေးပညာ တအား ကျွမ်းကျင်တာ ကျွန်မသိပေမယ့် အရင်က ဒါကို လုံး၀ မယုံကြည်ခဲ့မိဘူး။ ဒါပေမယ့် အခု သူက နတ်ဆေးသမားတော်တစ်ယောက်ဆိုတာ ကျွန်မ တကယ် ယုံကြည်သွားပြီ။ သာမန်နတ်ဆေးသမားတော်တွေထက် ပိုစွမ်းအားကြီးတဲ့သူတစ်ယောက်ပဲ။”

စွန်းကျန့်ဟိုင်ကလည်း ခေါင်းညိတ်လိုက်ရင်း

“အမှန်ပဲ။ အသည်းကင်ဆာအလယ်အဆင့်ကို ကုသနိုင်တာဆိုကတည်းက ထန်ရှုက ကမ္ဘာပေါ်မှာ အစွမ်းရှိဆုံး ပြိုင်ဖက်ကင်းသမားတော်တစ်ယောက်ပဲ။ ဒါပေမယ့် သူက ငါတို့ကို မပြောပြစေချင်ဘူး။ သူ့အတွက် လျှို့ဝှက်ပေးပါလို့တောင် မှာထားသေးတယ်။ အရိုးသားဆုံး ပြောရရင် သူ့ရဲ့ဆုံးဖြတ်ချက်ကို ငါလည်း သဘောတူပါတယ်။ ကင်ဆာကုနိုင်တယ်ဆိုတဲ့ ဒီသတင်းသာ ပျံ့သွားရင် အကျိုးကျေးဇူးတွေ အများကြီး ရမှာဖြစ်သလို သူ့အတွက်လည်း ဒုက္ခတွေ သယ်လာလိမ့်မယ်။”

စွန်းဝမ်မင်းက ပြောသည်။

“ထန်ရှုက ငါတို့ဆီက ဘာမှ မလိုချင်တာကို သိပေမယ့် အမေ့အသက်ကို ကယ်လိုက်တဲ့ သူ့ကျေးဇူးကို တုံ့ပြန်ဖို့ တစ်ခုခုတောင် မရှိဘူး။ ဟာ…ဟုတ်ပြီ။ အစ်မကြီး သူက ကြယ်တာရာဆေးရုံမှာ ဆေးကုသပေးနေပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေထားတဲ့ ကျောင်းသားတစ်ယောက် မဟုတ်လား။ ဒီနေ့ အောင်စာရင်း ထွက်ပြီလေ။ သူသာ အမှတ်ကောင်းကောင်း မရခဲ့ဘူးဆိုရင် ငါ့အဆက်အသွယ်တွေဆီ ဖုန်းဆက်ပြီး သူ့ကို ထိပ်တန်းတက္ကသိုလ်တစ်ခုခုမှာ ဝင်ခွင့်ရအောင် ပြောပေးလိုက်မယ်။ ငါ့မှာ ကျောင်းနေဖက် သူငယ်ချင်းဟောင်းတစ်ယောက်ရှိတယ်။ သူက ပေကျင်းက ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ စာသင်ပေးနေတယ်။ သူ့ယောကျာ်းက အဲ့ဒီမှာ ဋ္ဌာနမှူးဆိုတော့ အထူးဝေစုတစ်ခု ရတော့ ထည့်လို့ရတယ်။”

စွန်းကျန့်ဟိုင် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ရင်း

“ဝမ်ကျင်း… ထန်ရှုဆီ ဖုန်းဆက်ပြီး သူ အမှတ်ဘယ်လောက်ရလဲ မေးစမ်းပါဦး။ သူ့အမှတ်က မမြင့်ဘူးဆိုရင် ဝမ်မင်းကို သူ့သူငယ်ချင်းဆီ ဖုန်းဆက်ခိုင်းကြတာပေါ့။”

“ဟုတ်ကဲ့အစ်ကိုကြီး။” စွန်းဝမ်ကျင်းက ခေါင်းညိတ်ကာ ထန်ရှုဆီ ဖုန်းဆက်လိုက်သည်။

၂မိနစ်ကြာပြီးနောက် ဖုန်းချလိုက်ချိန်တွင် စွန်း၀မ်ကျင်း၏မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှုအမူအရာအား တွေ့မြင်နိုင်မည် ဖြစ်ပေသည်။

စွန်းကျန့်ဟိုင် မျက်မှောင်ကြုပ်သွားသည်။ သူက လေးနက်သောအသံဖြင့်

“ဘာတဲ့လဲ။ သူ့အမှတ်တွေက တော်တော်ဆိုးနေလို့လား။”

စွန်းဝမ်ကျင်းက သူမ၏မိသားစုဝင်များအား ကြည့်ကာ ခေါင်းယမ်းပြရင်း ပြုံးလိုက်သည်။

“မဆိုးပါဘူး။ ဆန့်ကျင်ဘက်ပြောရရင် မတအားတောင် ကောင်းနေတယ်။ ထန်ရှု မလိမ်မှန်း ယုံကြည်နေလို့သာ မဟုတ်ရင် သူ ဒီလောက် အမှတ်တွေကောင်းနေမယ်လို့ တကယ် ယုံကြည်မိမှာတောင် မဟုတ်ဘူး။ သူ့အမှတ်က ၇၄၆မှတ်။ စုစုပေါင်းပေးတဲ့အမှတ်အောက် ၄မှတ်ပဲလျော့တယ်။”

“ဘာ…”

ထိုစကားအား ကြားလိုက်သည်နှင့် စွန်းမိသားစုဝင်တိုင်း အံ့သြတုန်လှုပ်သွားကြရသည်။ သည်သတင်းသည် သူတို့အား အကြီးအကျယ်ကို တုန်လှုပ်စေသည်။

အချိန်အတန်ကြာသွားခဲ့သည်။

စွန်းကျန့်ဟိုင်က မချိပြုံးပြုံးလိုက်ရင်း

“ငါတို့ သူ့ကို ဒီရှုထောင့်က မကူနိုင်ဘူးဆိုမှတော့ နောက်တစ်နည်း စဉ်းစားကြတာပေါ့။ ငါတို့စွန်းမိသားစုအပေါ်မှာ သူ့ကျေးဇူးရှိနေတာကို စိတ်ထဲ အမြဲမှတ်ထားကြရမယ်။”

***

All Chapters