← Chapters

အချစ်၏စွဲလမ်းရာ

Vol. 06 Ch. 255

အချစ်၏စွဲလမ်းရာ

Vol. 06 Ch. 255

ခန်းရှ၏တုံ့ပြန်မှုအား ကြည့်ပြီး ထန်ရှု ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားရသည်။ ခန်းရှ၏မျက်ဝန်းတွင် နိုးနိုးကြားကြား အသိရှိနေခြင်းသည် လမ်းမှားတစ်ခုတွင် ရှာဖွေနေသည်နှင့်အလားတူနေလေသည်။

“ခင်ဗျား နိုးပြီလား။”

ထန်ရှုမှန်း ရှင်းရှင်းလင်းလင်း သိသွားချိန်တွင် ခန်းရှ၏မျက်ဝန်းမှ နိုးနိုးကြားကြား အသိရှိမှုသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ရှက်ကိုးရှက်ကန်းနှင့် မလုံမလဲဖြစ်သွားသော အမူအရာသည်  သူမ၏မျက်နှာလှလှလေးအား နီရဲသွားစေသည်။

“သူ..သူဋ္ဌေး… နင် ပြန်လာတာလား။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ငါ ခုလေးတင် ပြန်ရောက်ပြီး အနားယူမလို့ပဲ။ ဒါပေမယ့် မမျှော်လင့်ထားမိတာက…”

ရှက်ကိုးရှက်ကန်းနှင့် မလုံမလဲဖြစ်သွားသော အမူအရာသည်  ခန်းရှ၏မျက်နှာလှလှလေးထက်တွင် ပိုမိုသိပ်သည်းလာခဲ့သည်။ ထန်ရှု ပြောချင်သည့်အကြောင်းအရာအား သူမသိပေသည်။ သို့သော်လည်း သူမသည် သူ၏အခန်းထဲတွင် ရောက်နေပေသည်။ မနေ့ညက သူမသည် ဂူရင် အိပ်စက်ရန် အဖော်လုပ်ပေးပြီးနောက် ထန်ရှု၏အခန်းသို့ ရုတ်တရက် သွားလိုစိတ်များဖြစ်ပေါ်လာသည်။ သူ၏အခန်းထဲတွင် တစ်ခဏသာ ကစားခဲ့ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ငိုက်မျဉ်းယိမ်းယိုင်လာပြီး ထိုနေရာတွင် အိပ်မောကျသွားခဲ့ခြင်းဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ သူမသည် စောင်မခြုံထားဘဲ အောက်ခံလေးသာ ဝတ်ဆင်ထားမိခဲ့သည်။ ထိုအရာသည် ထန်ရှုက သူမ၏အရာအားလုံးနီးပါး တွေ့မြင်သွားခဲ့ပြီးပြီဟူသော အဓိပ္ပာယ်ပင် မဟုတ်လော။

သူမ၏အမူအရာအား ကြည့်ပြီး ထန်ရှု ပြုံးရုံပြုံးလိုက်ကာ

“ကောင်းပြီ။ ကျွန်တော့်အခန်းထဲမှာ ခင်ဗျားအိပ်ရတာ ပိုပြီးသက်တောင့်သက်သာ ဖြစ်တယ်ဆိုရင် ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပါ။ ကျွန်တော် ဧည့်သည်အခန်းမှာ သွားအိပ်လိုက်မယ်။”

ပြောပြီးသည်နှင့် ထန်ရှု အခန်းတွင်းမှ ထွက်ရန် လှည့်ထွက်လိုက်သည်။

ခန်းရှ တစ်ခဏမျှ အံ့အားသင့်သွားကာ အပြေးအလွှား ခေါ်လိုက်သည်။

“သူဋ္ဌေး… ငါ ဧည့်သည်အခန်းမှာ သွားအိပ်ပါမယ်။ နင်…နင် ဒီမှာနေပါ။”

သူမ ချက်ချင်း ကုတင်ပေါ်မှဆင်းကာ ခြေညှပ်ဖိနပ်စီးပြီး တံခါးဆီသို့ အပြေးသွားသည်။ သို့သော် တံခါးဆီသို့ ပြေးနေသောအချိန်တွင် သူမ သိရှိသွားသည်မှာ သူမ၏ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော စောင်အပါးလေးကိုလည်း လွှင့်ပစ်လိုက်မိပြီကိုတည်း။ သူမသည် စောင်ကို ပြန်သွားယူချင်သော်လည်း အောက်ခံအဝတ်အစားလေးသာ သူမ ဝတ်ထားမိလေသောကြောင့် ထိုခဏတွင် ထက်မြက်ကာ လိမ်မာပါးနပ်သော အမျိုးသမီးလေးသည် မမျှော်လင့်စွာပင် အယောင်ယောင်အမှားမှား လုပ်မိခဲ့ပြီဖြစ်သည်။

ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြုံးလိုက်ရင်း

“သည်မှာပဲ အိပ်လိုက်ပါ။”

သူ၏အခန်းမှ ထွက်လာပြီး ထန်ရှုသည် အခန်းတစ်ခန်း ရွေးလိုက်သည်။ သူ၏အဝတ်အစားတွင် သွေးစက်များ စွန်းထင်နေသည်မှာ မထင်ရှားသော်လည်း ထိုအဝတ်အစားများအား ထပ်မဝတ်ချင်လိုတော့ပေ။ ရေချိုးခန်းသို့သွားကာ ရေမိုးချိုးပြီးနောက် အဝတ်အစားလဲရန်မပါရှိသည်ကို ရုတ်တရက် သတိရသွားသည်။ ရွေးချယ်စရာမရှိတော့ဘဲ သူသည် ရေချိုးခန်းထဲမှာ အဝတ်ဗလာဖြင့် ထွက်လာကာ ကုတင်ပေါ်တွင် ကိုယ်တစ်ဝက်မှီကာ ထိုင်လိုက်ရင်း စောင်ဖြင့် ဖုံးလွှမ်းထားလိုက်သည်။ ထို့နောက် ခန်းရှဆီသို့ ဖုန်းဆက်လိုက်သည်။

“ပြောပါ သူဋ္ဌေး…”

ဒုတိယထပ်ရှိ မာစတာအခန်းထဲတွင် ခန်းရှသည် ညအိပ်ဝတ်စုံဝတ်ဆင်ထားလျက် ကုတင်ပေါ်တွင် ထိုင်ကာ အတွေးစိတ်ရိုင်းများ ဖြစ်ပေါ်နေသည်။ သူမ၏ဖုန်းမြည်လာသဖြင့် ယူကာ ကြည့်လိုက်ရာ ထန်ရှုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်နှာလေးထက်တွင် အနည်းငယ် နီစွေးသွားသော်လည်း လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“အာ… ကျွန်တော် သန့်ရှင်းတဲ့အဝတ်အစားနဲ့ အောက်ခံအဝတ်အစား ယူလာခဲ့ဖို့ မေ့သွားလို့ လာပို့ပေးလို့ရမလား။ ကျွန်တော် ပထမထပ်က အခန်းထဲမှာ ရှိတယ်။”

“ကောင်းပြီ။” ခန်းရှ ပြန်ဖြေလိုက်သည်။

၂မိနစ်ကြာသော် ခန်းရှသည် ဧည့်သန်းအခန်း၏တံခါးအား ခေါက်လိုက်သည့်အခါ ထန်ရှုမှ အထဲဝင်လာရန် ပြောသည်ကို ကြားလိုက်ရသည်။ သူမသည် တံခါးအား သတိကြီးစွာထားလျက် ဖွင့်လိုက်ရာ ဗလာကျင်းနေသော ကိုယ်ခန္ဓာအထက်ပိုင်းနှင့် ထန်ရှုအား အိပ်ရာထက်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ခန်းရှ၏မျက်နှာလေး အနည်းငယ်နီရဲသွားလျက်

“သူဋ္ဌေး… နင့်အဝတ်အစား…။”

ထန်ရှုက အိပ်ရာထောင့်စွန်းတစ်ဖက်အား ညွှန်ပြလျက်

“အဲ့ဒီမှာ ထားလိုက်ပါ။”

ခန်းရှ ထိုနေရာတွင် အလျင်အမြန် အဝတ်အစားများ သွားထားလိုက်ရင်း ထူးဆန်းသောအတွေးတစ်ခုသည် သူမ၏ခေါင်းထဲသို့ ရောက်လာသည်။

“သူက အခုမှ ရေချိုးပြီးခါစ အဝတ်အစားတွေ မဝတ်ရသေးဘူုးပေါ့။ ဒါဆိုရင် အခု သူက အဝတ်ဗလာဖြစ်နေမှာပေါ့။”

ထန်ရှု၏အဝတ်ဗလာဖြစ်နေမည့်သွင်ပြင်အား ခန်းရှ၏စိတ်တွင်းတွင် တားမနိုင်ဆီးမရ မြင်ယောင်ကြည့်မိကာ ထိုခဏဝယ် မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်ရောက်တော့မည့်နေလုံးကြီးသဖွယ် သူမ၏မျက်နှာလေးသည် နီရဲလာကာ ပိုမိုပူပြင်းလာလေသည်။

ခန်းရှ၏ငေးငိုင်နေသော အမူအရာအား ကြည့်ရင်း ထန်ရှု သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်မိသည်။ ထိုအချိန်မှာပင် ခန်းရှသည် သူ့အား ဆွဲဆောင်မှုရှိစွာဖြင့် ကြည့်လာခဲ့သည်။ သူမ ဝတ်ဆင်ထားသော ညအိပ်ဝတ်စုံလေးသည် ပြေပြစ်သိမ်မွေ့လှသော သူမ၏ခန္ဓာကိုယ်လေးအား ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်သောကြောင့် ဝတ်ဆင်ထားသော အတွင်းခံ၏အရောင်ကိုပင် တောက်ပသော အလင်းရောင်အောက်၌ အထင်းသား မြင်တွေ့နိုင်ပေမည်။

ထန်ရှုသည် ကိုယ်ကျင့်တရားဆိုးသွမ်းကာ ဖောက်ပြန်သောသူ တစ်ယောက်မဟုတ်သော်လည်း သူသည် ငယ်ရွယ်နုပျိုသည့်အရွယ်ဖြစ်သည်။ ဆွဲဆောင်မှုတွင် ကျရှုံးရန် အလွန်လွယ်ကူလှပေသည်။ သို့သော်လည်း သူသည် ခန်းရှအပါအ၀င် မည်သူ့ကိုမှ မည်သည့်တာဝန်ဝတ္တရားများ မယူနိုင်သေးသောကြောင့် သူ့ကိုယ်သူ စောင့်ထိန်းရမည်ဖြစ်သည်။

“တခြားကိစ္စ ရှိသေးလို့လား။”

၁၀စက္ကန့်ကျော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ထန်ရှုက ဖြည်းညှင်းစွာ မေးလိုက်သည်။

“ဟင်” ခန်းရှ သူမ၏အတွေးစိတ်ရိုင်းများမှ သတိပြန်ဝင်လာခဲ့ကာ အရှက်သည်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။ သူမ၏မျက်ဝန်းထဲတွင် အထိတ်တလန့်ဟန်များ ဝိုးတဝါးရှိနေလျက် ပြန်ဖြေလာသည်။

“ဟင့်အင်း။ မရှိပါဘူး။ ငါ အဆင်ပြေပါတယ်။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ဘာမှ မရှိဘူးဆိုရင်လည်း ပြန်ပြီး နားလိုက်ဦး။ မိုးတောင် မကြာခင်လင်းတော့မယ်။ ခင်ဗျား ကောင်းကောင်းအိပ်မပျော်ရင် မနက်ဖြန် အလုပ်ထဲမှာ စိတ်လန်းမှာမဟုတ်ဘူး။”

အလုပ်…။

ထန်ရှုက ထိုစကားအား ပြောလိုက်သည်တွင် ခန်းရှ၏ရင်ထဲသို့ ရေအေးအေးဖြင့် လောင်းချလိုက်သည့်နှယ် ခံစားလိုက်ရသည်။ ရုတ်တရက် သူမ၏စိတ်ထဲတွင် ဂျစ်တွန်းချင်စိတ်များ ပြည့်လာကာ သူမသည် ထန်ရှုအား အမှန်တကယ်ပင် မဆွဲဆောင်နိုင်သည်လားဟု ခံစားမိရသည်။ သူမအား ညအိပ်ဝတ်စုံအပါးလေးဖြင့် သူတို့၏အိပ်ရာထက်တွင် ထိုင်လျက်ရှိသည်ကို အခြားအမျိုးသားများသာ မြင်ပါက သူတို့ကိုယ်အား သူမဆီ ပစ်သွင်းလာကြမည်မှာ သေချာသလောက်ပင်။ သို့သော် အနှီထန်ရှုကမူ…

မျက်လုံးများ ကန်းနေရော့သလား…။

ခန်းရှသည် ထိုအတွေးအား တွေးမိသည်နှင့် သူမ၏ရင်ထဲတွင် ဒေါသတရားသည် လျင်မြန်စွာ ပေါက်ဖွားလာခဲ့သည်။ ရုတ်တရက် သူမသည် ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။

“ဒါနဲ့… ငါက နင့်ကို တကယ်ပဲ မဆွဲဆောင်နိုင်တဲ့ ငွေရှာပေးတဲ့ ဝန်ထမ်းတစ်ယောက်သက်သက်ပဲလား။”

ထိုခဏတွင် ထန်ရှုသည် အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။ အမျိုးသမီးများနှင့်ပတ်သက်သည့် သူ၏စိတ်ပိုင်းဆိုင်ရာ နားလည်နိုင်မှုစွမ်းရည်သည် မမြင့်မားသေးသောကြောင့် ခန်းရှ ဘာကြောင့် ရုတ်တရက် ထိုမေးခွန်းအား မေးသည်ကို သူ အမှန်တကယ်ပင် နားမလည်ပါချေ။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက မျက်နှာသေဖြင့်

“ယောကျာ်းလေးတွေအတွက် ခင်ဗျားက ဆွဲဆောင်မှုရှိပြီး ညှို့ယူနိုင်စွမ်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အချစ်ရဲ့ခံစားချက်အောက်မှာ ချောင်မပိတ်မိချင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားကို တာဝန်ယူနိုင်သေးမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ဝန်ထမ်းတစ်ယောက်ဆိုတာကလွဲပြီး တခြား ဘယ်လိုသက်ဆိုင်မလဲဆိုတာ ကျွန်တော် တကယ်ကို မသိတာပါ။”

“နင် ဘာပြောလိုက်တယ်။” ခန်းရှ၏လှပသော မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရကာ ထန်ရှုအား ကြည့်မိသည်။

သူက တကယ်ပဲ သူမကို ဝန်ထမ်းတစ်ယောက်လို့သာ သတ်မှတ်ထားတာလား။ သူမက သူ့အတွက် ငွေရှာဖွေပေးတဲ့ ကိရိယာတစ်ခုလား။

ထန်ရှုက အလေးအနက်ထားကာ ပြောလိုက်သည်။

“တာဝန်ယူမှုဆိုတာ ကျွန်တော် ဘယ်မိန်းကလေးကိုမှ ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ အဲ့ဒါက ကျွန်တော် အချစ် ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုမှာ မတည်ငြိမ်တဲ့သဘောလည်း မဟုတ်ဘူး။ ခံစားချက်အောက်မှာ ပြင်းပြင်းထန်ထန် မနှစ်မြုပ်ချင်သေးတဲ့သဘောပါပဲ။ ခင်ဗျားက အလွန်အမင်းကို ပြစ်ချက်မရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့်လေ ကျွန်တော် ခင်ဗျားကို ကျွန်တော့်ရဲ့ လက်အောက်ငယ်သားလို့ပဲ တွေးမိပါတယ်။”

ထန်ရှု၏တုံ့ပြန်မှုကို နားထောင်ရင်း ခန်းရှ အတော် ဒေါသထွက်လာသည်။ ဒေါသတရားနှင့် ဆုံးရှုံးရခြင်းတည်းဟူသော ခံစားမှုသည် သူမ၏နှလုံးသားထဲတွင် တစ်ချိန်တည်း ရောယှက်သွားသည့်အခါ သူမအား စဉ်းစားနိုင်စွမ်းမဲ့သွားခဲ့လေပြီ။ ထန်ရှု၏အကြည့်အောက်တွင် သူမသည် အံကြိတ်ကာ သူမ၏ညအိပ်ဝတ်စုံလေးအား ချွတ်ပစ်လိုက်သည်။ ပြီးနောက် သူ၏အရှေ့တွင် မတ်တတ်ရပ်လျက်

“ငါက နင့်ကို တာဝန်မယူခိုင်းဘူးဆိုရင်ရော…”

“ခင်ဗျား…”

ထန်ရှု ကသိကအောက်ဖြစ်စွာ ကြည့်လျက် ပြောစရာစကားလုံးများ ပျောက်ဆုံးသွားခဲ့ရသည်။

ခန်းရှသည် ထန်ရှုအား အေးစက်စွာ ကြည့်ရင်း သူမ၏ခြေထောက်သွယ်သွယ်လေးများအား အိပ်ရာထက်သို့ တင်ကာ သူမကိုယ်ပေါ်မှ အောက်ခံများအား ဖယ်ရှားလိုက်သည်။ ထန်ရှု၏ကျစ်လျစ်တောင့်တင်းသော အဝတ်ဗလာခန္ဓာအား တစ်ချက် ကြည့်ကာ သူမ၏အမူအရာသည် တစ်ချက်တွေဝေသွားသော်လည်း သူမကိုယ်လုံးလေးအား ထန်ရှုပေါ်သို့ တစ်ခါတည်း လှဲချလိုက်သည်။

ထန်ရှု၏ကိုယ်လုံးသည် တောင့်တင်းသွားရသည်။ သူ၏ရင်အုပ်အား ခန်းရှ၏နှုတ်ခမ်းလေးများမှ နမ်းရှိုက်နေသည်ကို ခံစားမိနေပြီး သူ၏ဝမ်းဗိုက်အောက်ပိုင်း နေရာမှ အပူစီးကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ ဆွဲဆောင်မှုနှင့် ထန်ရှု ရင်ဆိုင်လိုက်ရသောအခါ သူ၏စိတ်တွင်းမှ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်သည့်အတွေးများအားလုံး နစ်မြှုပ်သွားရကာ ထရပ်လိုက်ပြီး သူမ၏ကိုယ်လုံးလေးအား သူ၏ကိုယ်ဖြင့် ဖိထားလိုက်သည်။

“နာတယ်…”

နူးညံ့သိမ်မွေ့သော ညည်းသံလေးများနှင့်အတူ ရုတ်ခြည်းပင် အိပ်ခန်းသည် ချစ်ခြင်းတရား၏အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။

တစ်နာရီမျှ ကြာသွားပြီးနောက် ထန်ရှုတွင် ချွေးများ စိုရွှဲနေသကဲ့သို့ ခန်းရှသည်လည်း အားအင်များမရှိတော့လောက်အောင် နွမ်းလျနေခဲ့ပြီဖြစ်သည်။ ထန်ရှု မည်သို့မျှ မတတ်နိုင်တော့သော်လည်း သူ ထိုအရာအား လုပ်ဆောင်မိခဲ့ပြီဖြစ်သည်။ သို့သော် သူ နောင်တမရမိပါချေ။ ခန်းရှမှ တာဝန်မယူရပါဟု ဆိုသော်ငြားလည်း လက်လွတ်စပယ်နိုင်သူတစ်ယောက် မဖြစ်လိုသောကြောင့် အခြားနည်းလမ်းများဖြစ်သော ငွေကြေးဥစ္စာပြည့်ဝစွာ ထားခြင်း သို့မဟုတ် ကျင့်ကြံမှုရင်းမြစ်များအား ပေးခြင်းဖြင့် သူမအား သူ ပေးဆပ်နိုင်ပါသည်။

“ဒါ ခင်ဗျားရဲ့ပထမဆုံးအကြိမ်မဟုတ်လား။” ထန်ရှုက ရုတ်တရက် မေးလိုက်သည်။

“ဟင်…”

ထန်ရှု၏ခန္ဓာကိုယ်အောက်တွင် လဲလျောင်းနေသော ခန်းရှမှ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။

“ခင်ဗျား နောင်တမရဘူးလား။” ထန်ရှုက မေးသည်။

ခန်းရှ၏နှလုံးသားလေးသည် ခံစားချက်ပေါင်းများစွာနှင့် ပြင်းထန်နေခဲ့သည်။ ထိုခံစားမှုသည် ဖော်ပြခြင်းငှာ မစွမ်းသာလောက်သည်အထိ သူမအတွက် ရှုပ်ထွေးနေခဲ့သည်။ ထန်ရှုအား မည်သို့ပြန်ဖြေရမည်ကိုပင် မသိတော့ပါချေ။

သူမ နောင်တ ရခဲ့မိသလား။

အမှန်အတိုင်း ပြောရမည်ဆိုပါက သူမ လုပ်ခဲ့မိသည်အတွက် နောင်တအနည်းငယ် ရမိပေသည်။ သို့သော် အရာရာသည် ထိုမျှအထိ ဖြစ်ပျက်ခဲ့ပြီးလေရာ သူမအတွက် လက်ခံလိုက်ရုံသာ ရှိချေသည်။ ထန်ရှုနှင့် ဒီတစ်ညသာလျှင် အတူကုန်ဆုံးမည်ဖြစ်ပြီး မိုးလင်းသွားသည်နှင့် နောက်ထပ် မပတ်သက်တော့ရန် သူမကိုယ်သူမ နှစ်သိမ့်လိုက်တော့သည်။

ထန်ရှု ဆက်မမေးတော့ချေ။ အမျိုးသမီးများ၏အတွေးနှင့်တွေးခေါ်သည့်နည်းလမ်းများအား သူ ဘာမျှ မသိသည်ကို သူ နားလည်သည့်အပြင် ထိုအကြောင်းအရာကိုလည်း နှိုက်နှိုက်ချွတ်ချွတ် သူ မမေးမြန်းလိုပေ။ အရာရာသည် ဖြစ်ပျက်ခဲ့ပြီးသမျှတော့ နောင်တရနေလားဟူသောမေးခွန်းသည် ထပ်မေးရန် မလိုအပ်သောအကြောင်းအရာ ဖြစ်ခဲ့ချေသည်။

ခန်းရှ၏တွန့်ဆုတ်နေမှုအား သတိမထားမိဘဲ ထန်ရှုသည် ခန်းရှအား ညင်သာစွာ ပွေ့ဖက်ကာ သူမအား ချီမလိုက်ပြီး ရေချိုးခန်းထဲသို့ သယ်ဆောင်သွားလိုက်သည်။ သူမအား သန့်ရှင်းစင်ကြယ်စေရန် ဆောင်ရွက်ပေးပြီးသည်နှင့် အိပ်ရာပေါ် အသာပြန်တင်လိုက်သည်။ ခန်းရှအား စောင်ခြုံပေးလိုက်ပြီးနောက် ထန်ရှုသည် သူ၏အဝတ်အစားများအား ဝတ်ဆင်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

အခန်းထဲတွင် အရာရာသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်မှာ ခန်းရှသည် သူမ၏ရင်ခုန်သံကိုပင် ပြန်ကြားနေရသည်။ အရာရာဖြစ်ပျက်ပြီးသည့်နောက်တွင် ကျေနပ်နှစ်သိမ့်သော ခံစားမှုနှင့်အတူ ကြာရှည်စွာ နာကျင်မှုကိုလည်း သူမ ခံစားနေရသည်။ မှန်သောစကားဆိုရပါလျှင် ချစ်ရသူနှင့် ချစ်ကြည်နူးရသော အမျိုးသမီးတစ်ယောက်၏ပထမဆုံးအကြိမ်သည် မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုဖြစ်သည့်အပြင် တိမ်ယံထက်တွင် ဝဲပျံနေသည့် ခံစားမှုအလား ရင်ကို တလှပ်လှပ်ဖြစ်စေကာ ကျေနပ်ပီတိဖြစ်ရသည်။ ထိုအချင်းအရာသည် သူမ၏ပါးပြင်လေးအား ပူပြင်းလာစေသည်။

“သူ့ရဲ့အစီအစဉ်က… ကြည့်ရတော့ လုံး၀ တာဝန်မယူတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်။”

သူမ၏အတွေးထဲတွင် ပုံရိပ်များအား ပြန်လည်မြင်ယောင်လာပြီး ခန်းရှတစ်ယောက် တဖြည်းဖြည်း အိပ်မောကျသွားခဲ့ချေပြီ။

ထန်ရှုသည် သူ၏အခန်းသို့ ပြန်လာခဲ့ပြီး ချက်ချင်းပင် အိပ်ရာဝင်လိုက်သည်။ သူ့တွင် ကောင်းမွန်ကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာ ရှိသော်လည်း ကြာမြင့်စွာတိုက်ခိုက်ခဲ့ခြင်းနှင့် အိပ်ရာထဲတွင် တစ်နာရီကြာအောင် ချစ်ရည်လူးခြင်းတို့ပြုလုပ်ပြီးသည့်နောက်တွင် သူသည် လုံး၀ ခံနိုင်ရည်မရှိတော့ပါချေ။

(ငထန်ရှုလေး မတ်မတ်ခန်းနဲ့အတူ လူပျိုရည်ပျက်သွားပါပြီနော်။ ငိငိ)

နေ့လည်ခင်းအချိန်သည် မကြာမီ ရောက်ရှိလာခဲ့သည်။

ထန်ရှုသည် သူ၏ဖုန်းမြည်သံကြောင့် နိုးသွားခဲ့သည်။ ဖုန်းကို ထုတ်ကာ ကြည့်လိုက်ရာ သူ၏မိခင်ဖြစ်နေသည်။ သူသည် ပြုံးကာ ဖုန်းပြောလိုက်သည်။

“ဟိုင်း အမေ…မနေ့ညက ကိစ္စတစ်ခု ဖြစ်လို့ ကျွန်တော် ကြယ်တာရာကို ပြန်သွားခဲ့ရတယ်။ တအားညဉ့်နက်နေလို့ အမေ့ကို ကျွန်တော် မပြောတော့တာ။”

စုလင်းယွမ်၏အသံသည် ထွက်ပေါ်လာသည်။

“အမှန်တော့ သား ဘာကြောင့် အိပ်ရာမထသေးလဲဆိုပြီး အမေ အံ့သြသွားတာ။ အဲ့ဒါနဲ့ပဲ သားအခန်းကို သွားကြည့်တော့ လူမရှိသလို အိမ်ရှေ့မှာရပ်ထားတဲ့ သားရဲ့ကားကိုလည်း မတွေ့ဘူးလေ။ ဒါနဲ့ သား ဘယ်အချိန် ပြန်လာမလဲ ရှုအာ…။”

“ကျွန်တော် အချိန်တစ်ခုလောက် ပြန်မလာဖြစ်ဘူးအမေ။ ဒါနဲ့ ကျွန်တော် စုဘင်နဲ့ စုချွမ်ကို အလုပ်တစ်ခုပေးမယ်လို့လည်း ကတိပေးထားတော့ ကြယ်တာရာကို လာဖို့ ဖုန်းဆက်လိုက်မယ်။ ကျွန်တော် ကြယ်တာရာကနေ အခု ထွက်သွားရဦးမယ် ဘယ်အချိန်ပြန်လာဖြစ်မလဲ မသိသေးဘူး။ ဒါပေမယ့် အမေ စိတ်မပူပါနဲ့ ကျောင်းမဖွင့်ခင် ပြန်ရောက်လာမှာပါ။” ထန်ရှုက ပြောသည်။

စုလင်းယွမ်က အံ့အားသင့်သွားပြီး

“မြို့ကနေ ထွက်သွားဦးမလို့လား။ ခရီးထွက်တာလား အလုပ်ကိစ္စလား သား။”

“အလုပ်ကိစ္စတစ်ခုပါ အမေ။ ဒါပေမယ့် ကျွန်တော်လည်း အပန်းဖြေလို့ရမယ်။ အာ … ရင်ရင်ကိုပါ အတူခေါ်သွားမှာမို့  သူ့အတွက် စိတ်မပူနဲ့နော်အမေ။”

စုလင်းယွမ်က ရယ်လိုက်ရင်း  “”ကောင်းပြီ သားရေ။ ကိစ္စရှိရင် အမေ့ဆီ ဖုန်းဆက်။ ကြယ်တာရာကို ပြန်မလာခင် အမေ အဖွားနဲ့ ရက်အနည်းငယ်လောက် နေပြီး ဂရုစိုက်ပေးလိုက်ဦးမယ်။ ဟုတ်ပြီ.. စုရှန်ဖေးလည်း ပြန်ရောက်နေတယ်။”

ထန်ရှု၏မျက်နှာ အနည်းငယ် ပျက်သွားပြီး အေးစက်သောအလင်းတန်းတစ်ခု သူ၏မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားခဲ့သည်။ သူ၏မိသားစု အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ခဲ့ပြီးနောက် စုရှန်ဖေးသည် ကျောင်းသို့ တစ်ခါမှ ပြန်မလာတော့ဘဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း မဖြေဆိုခဲ့ပေ။ စုမိသားစုတွင် တစ်ခုခု ဖြစ်ပွားခဲ့သည်ကို ထန်ရှုလည်း သိထားခဲ့သည်။ သူတို့၏ပိုင်ဆိုင်မှုများအား အစိုးရမှ သိမ်းယူလိုက်ပြီးသည့်နောက် စုရှန်ဖေးနှင့် စုရန်နင်းတို့သည် ပျောက်ကွယ်သွားကြသည်။

အခု သူသည် ချင်ဟီဒေသရှိ သူတို့၏ဇာတိရပ်မြေသို့ ပြန်လာပြီဖြစ်သည်။ သူ ဘာများ လုပ်မည်နည်း။

“အမေ… အဲ့ဒီကောင် အမေ့ကို ဒုက္ခပေးသေးလား။”

“မပေးဘူး။ သူ့ကြည့်ရတာ တခြားလူတစ်ယောက်လိုပဲ ပြောင်းလဲသွားတယ်။ အခု သူက တော်တော် စဉ်းစားတတ်၊ တွေးခေါ်တတ်လာတယ်။ သား သူ့မိသားစုကို လုပ်ခဲ့တာတွေကို တစ်ခွန်းမှတောင် မဟဘူး။ စိတ်မပူနဲ့ ရှုအာ။ စုရှန်ဖေးက သူ့မိဘတွေကြောင့် ပျက်စီးခဲ့ပေမယ့် သူ့ပင်ကိုစရိုက်က ကောင်းပါတယ်။ သူသာ အမှားကိုသိ အမှန်ကိုပြင်ပြီး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုရင် အမေ့အတွက် ပြသနာ မရှိဘူး။ နောက်ပြီး သူက အမေ့ရဲ့တူလေးပဲလေ။” စုလင်းက ပြောသည်။

“သူက အမေ့တူမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် အမေသိထားရမှာက ဒီကမ္ဘာပေါ်မှာ အမေ့ကို ထိခိုက်နာကျင်အောင် မလုပ်တဲ့သူဆိုလို့ သားတစ်ယောက်ပဲ ရှိတယ်။ လူတွေရဲ့အတွင်းစိတ်ကို မသိနိုင်လို့ ကျွန်တော်တို့ သတိမလွတ်သင့်ဘူးအမေ။ အဲ့ဒီအတွက် အမေ့လုံခြုံရေးကို ဂရုစိုက်မှဖြစ်မယ်။ အမေ့လုံခြုံရေးအတွက် ကျွန်တော် သက်တော်စောင့်၂ယောက် ထားပေးရင်ရော ဘယ်လိုလဲ။ ကျေးဇူးပြုပြီးတော့ ဒါကို မငြင်းလိုက်ပါနဲ့ အမေ။ နောက်ပိုင်း ကျွန်တော် စီးပွားရေးလုပ်တဲ့အခါ တချို့လူတွေကို ပြစ်မှားမိနိုင်တယ်။ တရုတ်ပြည်စီးပွားရေးလောကဆိုတာ တိုက်ပွဲကွင်းပြင်တစ်ခုလိုပဲ မခြားနားဘူး။ အမေက ကျွန်တော့်ရဲ့အကြီးမားဆုံး အားနည်းချက် ဖြစ်လာလိမ့်မယ်။ ကျွန်တော့်အလုပ်တွေကို စိုးရိမ်သောကမရှိ လုပ်နိုင်အောင် အမေ့ရဲ့ဘေးကင်းမှုကို ကျွန်တော် စိတ်ချထားချင်တယ်။”

***

All Chapters