← Chapters

ခေါင်းမာသောသူ

Vol. 5 Ch. 62

ခေါင်းမာသောသူ

Vol. 5 Ch. 62

အခန်း (၆၂) - ခေါင်းမာသောသူ

" ကျွန်မ ရှင့်ကို သတိပေးတယ်။ ရှင့်ရဲ့ အဲအစ်မကို ကျွန်မတို့ ရန်စလို့မဖြစ်ဘူး။ ပုန်းရှောင်နေတာ ပိုကောင်းတယ်။ ရှင် သူမကိစ္စတွေကို ဝင်မစွက်ဖက်ရဘူး ကြားလား " တတိယ‌ယောင်းမလင်းက ချက်ချင်း အမိန့်ပေးသည်။

အရင်တုန်းက သူမယောက်ျားက သူမ(လင်းချင်းဟယ်)အတွက် ထင်းသယ်ယူပေးခဲ့ပေမယ့် စစ်အင်္ကျီက သူမယောက်ျားလက်ထဲ မရောက်ဘဲ ဒုတိယခဲအိုလက်ထဲပဲ ရောက်သွားသည်။ တတိယမောင်လေးလင်းက ထိုကိစ္စကို စိတ်ထဲမထည့်သော်လည်း တတိယ‌ယောင်းမလင်းကတော့ ဒေါသထွက်ခဲ့သည်။

" ဘယ်လိုလုပ် ငါက ဝင်စွက်ဖက်နိုင်မှာလဲ။ ငါမှာ ပိုက်ဆံမှ မရှိတာ " တတိယမောင်လေးလင်းက ထုတ်ဖော်ပြောသည်။

" အရင်တစ်ခါ ရှင် အသေးစားအလုပ်သမားအဖြစ် အလုပ်သွားလုပ်တုန်းက အဲလုပ်အားခကို ပေးပြီမလား " တတိယ‌ယောင်းမက မေးသည်။

" သန်ဘက်ခါမှ " တတိယမောင်လေးလင်းက ပြန်ဖြေသည်။

တတိယ‌ယောင်းမလင်းက နေ့ရက်တွေကို တွက်ချက်လိုက်သည်။ တတိယမောင်လေးလင်း ပိုက်ဆံရတာနဲ့တစ်ပြိုင်နက် သူမ ချက်ချင်း သိမ်းထားရမယ်။

" နှစ်ယွမ်ပဲ ရမယ်ဆိုတာ သေချာလား " တတိယ‌ယောင်းမက သူ့ကို စိုက်ကြည့်ပြီးမေးသည်။

" နေ့လည်စာလည်း ပါတယ်လေ။ မဟုတ်ရင် နှစ်ယွမ် မဟုတ်ဘူး " တတိယမောင်လေးလင်းက စိတ်တိုစွာဖြင့် ပြန်ပြောသည်။

တတိယ‌ယောင်းမလင်းက ဘာမှမပြောတော့ဘူး။ တတိယမောင်လေးလင်းက သူ့ကံကို စမ်းသပ်ရန် တောင်ပေါ်သွားချင်တယ်လို့ ပြောလိုက်သည်။ သူက အခု အိမ်မှာ အလုပ်မရှိတော့ သူ့ဇနီးက သူ့ကို မတားဘူး။

တတိယမောင်လေးလင်းသည် လင်းချင်းဟယ်ကို ရှာရန် လာခဲ့သည်။ လင်းချင်းဟယ်သည် လွန်ခဲ့သော နှစ်ရက်က လင်းမိသားစုထံ သွားကာ သူမစိတ်ထဲက မကျေနပ်ချက်တွေကို ပြန်လည်ဖြေရှင်းခဲ့ပြီးပြီ။

သူမက ပြန်သွားပြီး အကြီးအကျယ် ပြဿနာရှာရန် မစီစဉ်ထားဘူး။ အဲဒါက လင်းမိသားစုသည် သူမဆီကနေ ဘာတောင်းဆိုမှုမျိုးကိုမှ မလုပ်နိုင်တော့ဘူးဆိုတာ သိစေနိုင်ရန်အတွက် သတိပေးချက် တစ်ခုပါပဲ။ အခုတော့ နည်းလမ်းမရှိတော့ဘူး။ သူမ ပြန်ရောက်လာသောအခါ ထိုကိစ္စကို ပစ်ချထားပြီး ထိုအကြောင်းကို ဘယ်တော့မှ မစဉ်းစားတော့ဘူး။

တတိယမောင်လေးလင်း ရောက်လာမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

လင်းချင်းဟယ်သည် အပြင်ထွက်လာပြီး သူ့ကို တွေ့လိုက်သည်။ သူမက အရေးမကြီးသလို ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ " မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ မင်းမိန်းမဆီက မကြားဘူးလား။ အခု ငါ့မိသားစုက ဆင်းရဲနေပြီ ဒီကိုလာလို့ ဆင်းရဲတဲ့ဆွေမျိုးသားချင်းဖြစ်တဲ့ ငါတို့က မလွှတ်တမ်း အသုံးချမှာကို မကြောက်ဘူးလား "

" ဒါက ကျွန်တော် အသေးစားအလုပ်သမားအဖြစ် အရင်တစ်ခါ အလုပ်လုပ်တုန်းက ရခဲ့တာ။ အစ်မ… ကျေးဇူးပြုပြီး ဒါကို သိမ်းထားပြီး ချွေချွေတာတာ သုံးပါ။ အရင်ကလို အသုံးအဖြုန်း မကြီးပါနဲ့တော့ " တတိယမောင်လေးလင်းက သူ့အိတ်ကပ်ထဲမှ နှစ်ယွမ်ကို ထုတ်ယူလိုက်ပြီး သူမ၏စကားများကို ဂရုမစိုက်ဘဲ နေလိုက်သည်။

စုစုပေါင်း လေးယွမ်။ သူက သူ့ဇနီးကို နှစ်ယွမ် ပေးခဲ့ပြီး ကျန်တာက ဒီမှာပင်။

လင်းချင်းဟယ်သည် သူပေးလာသော နှစ်ယွမ်ကြောင့် အံ့အားသင့်သွားသည်။ ထို့နောက် သူမက အဲဒါကို ဘေးဖယ်ထားလိုက်သည်။ သူ့ကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။ " အရင်က ငါ မင်းကို အရမ်းချစ်ခဲ့တာ အလကား မဖြစ်ဘူးပဲ "

မူလပိုင်ရှင်၏ ချစ်မြတ်နိုးခြင်းက နှုတ်ဖြင့်သာ ပြောခြင်းဖြစ်သော်လည်း အမှန်တကယ် အရာကတော့ မျက်လုံးဖြူ ဝံပုလွေဖြစ်တဲ့ ဒုတိယအစ်ကိုလင်း၏ အကျိုးအမြတ် ဖြစ်သွားသည်။

တတိယမောင်လေးလင်းက ချော့မော့သည်။ " ခဲအိုက လူကောင်းပါ။ အစ်မ… ခဲအိုနဲ့ လိုက်လျောညီထွေဖြစ်အောင် အစ်မ နေသင့်တယ်။ သူက အစ်မကို ထောက်ပံ့ပေးနိုင်ပါတယ် "

" ငါ သိပါတယ်။ ငါ အဲလိုနေမှာပါ။ အထဲဝင်လာပြီး မင်းရဲ့ခန္ဓာကိုယ်ကို နွေးထွေးသွားအောင် ဂျင်းပြုတ်ရည် သောက်သွားပါ " လင်းချင်းဟယ်က ပြောသည်။

" မလိုပါဘူး။ ကျွန်တော် အခု ပြန်တော့မယ် " တတိယမောင်လေးလင်းက ခေါင်းခါသည်။ သူက အိမ်ထဲမဝင်တော့ဘဲ ထွက်သွားလိုက်သည်။

လင်းချင်းဟယ်က သူ့ကို ပြန်လွှတ်လိုက်ချိန်တွင် အိမ်ထဲ၌ လောင်အာ့နှင့် လောင်စန်းသာ ရှိနေသည်။ လောင်တနှင့် သူ့အဖေက တောတောင်ထဲမှာ တစ်ခုခုကို ဖမ်းမိနိုင်မလား စမ်းကြည့်ရန် တောင်ပေါ်တက်သွားကြသည်။

ဒါပေမယ့် ဒီတစ်ခါတော့ သူ ဘာမှမဖမ်းမိခဲ့ဘူး။ သားအဖ ပြန်လာတဲ့အခါ သူတို့လက်တွေက ဗလာဖြစ်နေသည်။

ဦးငယ်လေးက အခုလေးတင် အိမ်ရောက်လာပြီး သူ့အမေဆီ ပိုက်ဆံတွေ ပေးသွားကြောင်းကို လောင်အာ့က သူ့အဖေကို ပြောပြသည်။ ဟုတ်တာပေါ့… သူ မြင်လိုက်သည်။

ကျိုးချင်းပိုင်က အသိအမှတ်ပြုပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုည အိပ်ရာဝင်ချိန်၌ သူသည် လင်းချင်းဟယ်ကို မမေးခင် ကလေးတွေအားလုံး အိပ်ပျော်သွားသည့်အချိန်အထိ စောင့်ဆိုင်းခဲ့သည်။

လင်းချင်းဟယ်က လင်းမိသားစု၏ တုံ့ပြန်မှုကို အတိုချုံး ပြန်ပြောပြပြီး " ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေးမှာပဲ အသိစိတ်ရှိမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး "

ကျိုးချင်းပိုင်သည် ဘာမှမတတ်နိုင်သလို ခံစားလိုက်ရသည်။ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ဇနီးက ဘာလုပ်ချင်နေတာလဲ။ နောက်နောင်မှာ သူမက သူမရဲ့မိခင်မိသားစုနှင့် ပတ်သက် ဆက်နွယ်ဦးမှာလား။

" ကျွန်မခေါင်းကို ဝက်ဆီထဲမှာ နစ်မြုပ်ထားလေ့ရှိတယ်။ အဲဒါကြောင့် မျက်လုံးဖြူဝံပုလွေအုပ်စုကို ကူညီပေးခဲ့တာ။ နောက်ထပ်အဲလိုဖြစ်စရာ မရှိတော့ဘူး။ အဲဒီလို ဆွေမျိုးတွေ ရှိနေတာ အလကားပဲ။ သူတို့ကို နှောင့်ယှက်ဖို့ အရမ်းပျင်းတယ် " လင်းချင်းဟယ်က ထုတ်ပြောသည်။

" အဲဒီကိစ္စတွေကြောင့် ဒေါသထွက် စိတ်တိုမနေပါနဲ့ " ကျိုးချင်းပိုင်က ချော့သည်။

" ကျွန်မ စိတ်မတိုပါဘူး " လင်းချင်းဟယ်က သူ့ဘက် လှည့်လိုက်ပြီး " ဘာကို စိတ်တိုစရာ ရှိလို့လဲ။ ကျွန်မက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။ ကျွန်မကြောင့် သူတို့တွေ ဒေါသမထွက်ရရင် ကံကောင်းနေပြီ "

ကျိုးချင်းပိုင်သည် သူ့ဇနီးကို ဒီကိစ္စက စိတ်မထိခိုက်စေမှန်း ရိပ်မိသွားသည်။ မဟုတ်ရင် သူမ ပြန်လာပြီးနောက် ဘာမှ မပြောဘဲ နေမှာမဟုတ်ဘူး။

" မိန်းမ " ကျိုးချင်းပိုင်သည် သူ့လက်ကို သူမခါးပေါ် တင်လိုက်ပြီး အသံကို တိုးလိုက်သည်။

ဖုံးကွယ်နေသော ဖိတ်ခေါ်ချက်က ထင်ရှားပါသည်။ ပြီးခဲ့သော ရက်အနည်းငယ်တွင် သူမသည် သူနဲ့ ဤကဲ့သို့ အိပ်စက်ခဲ့သည်။ သူမ မှိန်းနေစဉ်တွင် သူက ကလေးတွေကို တစ်ဖက်မှာ အိပ်စက်စေခဲ့သည်။ သူ ဘာမှ မလုပ်ဘူးဆိုတာ သူမ တွေ့မြင်နေရလို့ သူ့ကို ခွင့်ပြုထားခဲ့သည်။ ပြီးတော့ သူမက ဝက်သားပြန်ရောင်းမယ့် ပြဿနာကို မဖြေရှင်းရသေးဘူး။ ထိုအကြောင်းကို တွေးမိတော့ စိတ်တုန်လှုပ်ပြီး အသက်ရှုကျပ်သလို ခံစားရသည်။ ဒီ ခေါင်းမာတဲ့သူက အဲဒါကို စဉ်းတောင် စဉ်းစားမှာမဟုတ်ဘူး။

" ရှင် မအိပ်နိုင်ရင် တစ်ဖက်ခြမ်းမှာ သွားအိပ်လိုက် " လင်းချင်းဟယ်က စိတ်တိုတိုနဲ့ ပြောလိုက်သည်။

" အို… " ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်လိုက်ပြီး သူမခေါင်းထက်တွင် သူရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။

" ရှင်က ဘာအတွက် သက်ပြင်းချနေတာလဲ " လင်းချင်းဟယ်က ပြောလိုက်သည်။

အခု သူတို့မှာ ကောင်းမွန်တဲ့ဘဝ ရှိပြီး သူ ရောင့်ရဲနေသင့်ပြီ။ မူလပိုင်ရှင် ရှိတုန်းကတော့ အေးချမ်းတဲ့နေ့ရက်တွေ မရှိခဲ့ဘူး။ သူက ဘာလို့ သက်ပြင်းချနေရတာလဲ။

" မိန်းမ… ကိုယ်တို့က အကြင်လင်မယားတွေလေ " ကျိုးချင်းပိုင်က ဆိုသည်။

သူ့အသံထဲတွင် မကျေနပ်ချက်တဲ့ အရိပ်အမြွတ်တွေ ပါဝင်နေသည်။

အရွယ်ရောက်ပြီးသား သူက သူ့ဇနီးကို ပွေ့ဖက်ပြီး ဘာမှ မလုပ်နိုင်ဘူး။ ဒါက နှိပ်စက်ညှဉ်းပန်းမှု မဟုတ်ရင် ဘာများဖြစ်နိုင်မလဲ။ သူက သာမာန်လူတစ်ယောက်လေ။ နူးညံ့ သိမ်မွေ့ပြီး နွေးထွေးတဲ့ အမျိုးသမီးက သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့အခါ သူက ဘယ်လိုလုပ် ထိုင်နေနိုင်မှာလဲ။ လုံးဝ မဖြစ်နိုင်ဘူး။

သူ့ရင်ခွင်ထဲ ရှိနေတဲ့ ဒီလူက တစ်ခြားသူလည်း မဟုတ်ဘူး၊ သူနဲ့အတူ သားသုံးယောက်ရှိတဲ့ သူ့ဇနီးပဲလေ။ သူမအကြောင်းကို ပိုသိချင်တာက သူ့အတွက် ပုံမှန်ပဲ မဟုတ်ဘူးလား။

ဒါပေမယ့် သူမက ငြင်းဆန်နေတယ်။

" ကျွန်မတို့က အကြင်လင်မယားမဟုတ်ရင် အိပ်တဲ့အခါ ရှင် ကျွန်မကို ဒီလို ပွေ့ဖက်လို့ရမယ် ထင်နေတာလား " လင်းချင်းဟယ်က ပြန်ပြောသည်။

သူမသည် ကျိုးချင်းပိုင်အတွက် ခံစားချက်ရှိသလို အကြင်လင်မယားလည်း ဖြစ်နေသည်။ ဒါပေမယ့် ဘာဖြစ်လဲ။ သူမက သမားရိုးကျ မဟုတ်ဘဲ သူမကိုယ့်သူမ သူ့ကို မပေးဘဲ နေလို့မရဘူးလား။

နေ့တိုင်း သူမ၏ ဝက်သားပြန်ရောင်းတာကို အဆင်မပြေသေးလို့ တစ်ရက်ထက်ပိုပြီး အသားမစားရဘူး။

" ဒါက ဖက်ထားရုံပဲလေ " ကျိုးချင်းပိုင်က ရှုံ့မဲ့စွာ ပြောသည်။

" ရှင့်သားကို ဖက်ပြီး အိပ်ချင်နေတာလား " လင်းချင်းဟယ်က ပြန်ပြောသည်။

ကျိုးချင်းပိုင်က နောက်ထပ် စကားထပ်မပြောတော့ဘဲ သူမကို ပိုပြီးတင်းကျပ်စွာ ဖက်ထားလိုက်သည်။

လင်းချင်းဟယ်က သူ့ကို လျစ်လျူရှုပြီး အိပ်ရန် ကြံစည်လိုက်သည်။ ကျိုးချင်းပိုင်က ပြောသည်။ " ဘယ်တော့လဲ "

" ဘာကို 'ဘယ်တော့လဲ' လဲ " လင်းချင်းဟယ်သည် သူ့လက်မောင်းကြားထဲတွင် နေရတာ အတော်လေး သက်တောင့်သက်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ နွေးထွေးပြီး တမူထူးခြားသော ကြွက်သားတွေ……။ သူ့ကိုယ်သင်းနံ့ကလည်း မွှေးနေသည်။ ဒါက ကျားဟိုမုန်း လို့ ခေါ်တဲ့ အနံ့ ဖြစ်ကောင်းဖြစ်နိုင်သည်။

" မင်း ဘယ်တော့မှ သဘောတူမှာလဲ " ကျိုးချင်းပိုင်က အသံအက်အက်ဖြင့် ခပ်တိုးတိုးမေးသည်။

အကန့်အသတ်မရှိ သူ မစောင့်နိုင်ဘူး။ သူ သည်းမခံနိုင်တော့သည့်အတွက် နောက်ဆုံးရက်ကို သူ မေးထားရမည်။ ဒီလိုပဲ ဆက်သွားနေရင် လူမဆန်တဲ့ဘဝ ဖြစ်သွားလိမ့်မည်။

" ကျွန်မ ပြောမယ်၊ ရှင် ဘာလို့ ဒီကိစ္စကို တစ်ချိန်လုံး တွေးနေတာလဲ။ တစ်ခြားကိစ္စတွေကို ရှင် မစဉ်းစားနိုင်တော့ဘူးလား " လင်းချင်းဟယ်က အသံထွက်လာသည်။

" အိမ်မှာ ဝက်တွေကို ကောင်းကောင်း ကျွေးမွေးထားတယ်။ နောက်နှစ် နွေဦးပေါက်မှာ ကိုယ်တို့တွေ ကြက်ပေါက်လေးတွေ ရနိုင်မယ်။ နောက်နှစ်မှာ အလုပ်မှတ်ရဖို့ ကိုယ် အလုပ်လုပ်မယ်။ ကိုယ်တို့မိသားစု အဆင်ပြေသွားလိမ့်မယ် " ကျိုးချင်းပိုင်က မှတ်ချက်ချသည်။

ဆိုလိုတာက သူတို့မိသားစုရဲ့ အနာဂါတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး။ အရမ်းကောင်းလိမ့်မယ်။

ဒါကြောင့် အိပ်ရာပေါ်က ကိစ္စကို သူ အာရုံမစိုက်ရင် ဘာအကြောင်းကို သူ တွေးနေရမှာလဲ။

လင်းချင်းဟယ်က ဒါကို အခွင့်အရေးယူပြီး ပြောလိုက်သည်။ " ရှင့်ရဲ့အလုပ်အမှတ်တွေနဲ့ ဒီဝက်နှစ်ကောင်တည်းက ကျွန်မတို့ ဘာလုပ်လို့ရမှာလဲ။ ပိုက်ဆံရှာဖို့ တစ်ခုခု စဉ်းစားကြတာပေါ့ "

" မင်းမှာ အကြံရှိလား " ကျိုးချင်းပိုင်က မေးသည်။

လင်းချင်းဟယ်က ထုတ်မပြောခင် ခဏ တုံ့ဆိုင်းနေပြီးမှ " ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိတယ် " ဒီအချိန်ပဲ ဖြစ်သင့်တယ်။

" ပြောလေ " ကျိုးချင်းပိုင်က ပြောသည်။

လင်းချင်းဟယ်သည် ဝန်ဆောင်ခပေးပြီး အစ်မမိန်ထံမှ အသားများယူကာ မြို့တွင်းရှိ မှောင်ခိုဈေးသို့ ပြန်လည် ရောင်းချမည့်အကြောင်းကို ထုတ်ပြောကာ တိုင်ပင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အစီအစဉ်ကို ထုတ်ပြောပြီးတာနဲ့ ကျိုးချင်းပိုင်က မဆိုင်းမတွ ငြင်းပယ်လိုက်သည်။

လင်းချင်းဟယ်သည် စိက်ပျက်လက်ပျက်ဖြင့် တစ်ဖက်လှည့်လိုက်ကာ ခေါင်းမာသောလူကို လျစ်လျူရှုလိုက်သည်။

All Chapters