← Chapters

ခွန်အား ပြသခြင်း

Vol. 06 Ch. 273

ခွန်အား ပြသခြင်း

Vol. 06 Ch. 273

အရုဏ်တက်ပြီဖြစ်သည်။ နေမင်းကြီးသည် အရှေ့ပြုဗာကျွန်းမှ သူ၏ပထမဆုံးသော ရောင်ခြည်အား မြင့်တက်ဖြာကျစေသောအခါ လှိုင်းလုံးများသည် နေရောင်အောက်တွင် တလက်လက်တောက်ပစွာ တုံ့ပြန်လာကြပေသည်။ ထန်ရှု၊ ဂူရှောင်ရွှဲ့နှင့် ဂူရင်တို့သည် ပင်လယ်ကြမ်းပြင်မှ လှေငယ်လေးဆီသို့ ပြန်လာခဲ့ကြသောအချိန်တွင် ထက်ခြမ်းကွဲနေသော ပင်လယ်ရေပြင်သည် တစ်ဖန် ပြန်ပိတ်သွားခဲ့ချေလေပြီ။

ကမ်းခြေသို့ ပြန်လာပြီးနောက်တွင်

ကျိချွိမိန်သည် ကမ်းခြေတွင် ရပ်စောင့်နေသည်မှာ အချိန်အတော်ကြာမြင့်နေခဲ့ပြီဖြစ်တော့သည်။ သူမသည် ထန်ရှုအား အရိုအသေပြုလိုက်သည်။

သူမအား ခေါင်းညိတ်ပြလိုက်ပြီး ထန်ရှုက မေးလိုက်သည်။

“စိတ်ဝိညာဉ်အားကောင်းတဲ့ဆေး ဖော်စပ်တာ အခြေအနေ ဘယ်လိုရှိလဲ။”

ကျိချွိမိန်က သူမ၏လက်အား တစ်ချက်လှည့်လိုက်ပြီး ကျောက်စိမ်းပုလင်း ၇လုံးအား ထုတ်လိုက်ကာ

“ဆေးပင်အကုန်လုံး အသုံးပြုပြီး စိတ်ဝိညာဉ်အားကောင်းဆေး ၇ပုလင်း သန့်စင်ဖော်စပ်နိုင်ခဲ့ပါတယ်။”

သုံးပုလင်းအား ထန်ရှု လက်ခံထားလိုက်ပြီး

“ယန်အာအတွက် တစ်ပုလင်း သုံးလိုက်ပါ။ ခင်ဗျားနဲ့ ရှောင်ရွှဲ့လည်း တစ်လုံးစီ ယူပါ။ နောက်ဆုံးတစ်လုံးကိုတော့ နောင်တစ်ချိန်လိုအပ်လာရင် သုံးဖို့ ရှောင်ရွှဲ့ကိုပဲ ပေးထားလိုက်ပါ။”

“နားလည်ပါပြီ။”

ကျိချွိမိန်က ဆေးပုလင်း၃လုံးအား ဂူရှောင်ရွှဲ့အားပေးကာ တစ်လုံးအား သူမအတွက် သိမ်းထားလိုက်ပြီးနောက် သူမက စကားဆိုလိုက်သည်။

“လေးစားရတဲ့သခင်… ငါ မနေ့က သတင်းရခဲ့တယ်။ ဒီနေ့ည ဟောင်ကောင်မှာ လေလံပွဲတစ်ခုရှိလိမ့်မယ်။ လေလံပွဲမှာ ပါမယ့် ပစ္စည်းတစ်ခုက စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံးတစ်ခုလို့လည်း သိခဲ့ရတာမို့ ဒီည ဟောင်ကောင်ကို သွားပြီး လေလံသွားဆွဲမယ်။”

စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံး…

ထန်ရှု၏အမူအရာ ပြောင်းလဲသွားပြီး တုံ့ဆိုင်းမနေတော့ဘဲ လေးနက်စွာ ပြန်ပြောသည်။

“စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံးက သာမန်ကိစ္စ မဟုတ်ဘူး။ ခင်ဗျားတို့ ပိုပြီးရှာနိုင်လေ ယန်အာ့ကို ကျွန်တော်တို့တွေ အချိန်ပိုပေးနိုင်လေပဲ။ အဲ့ဒါမို့ ကျွန်တော်လည်း ခင်ဗျားနှင့်အတူ သွားမယ်။”

ကျိချွိမိန် ခေါင်းညိတ်သည်။

ဂူရင်အား ကြည့်ရင်း ထန်ရှု အတန်ကြာအောင် တွေးလိုက်ပြီးမှ

“ရှောင်ရွှဲ့… ရင်ရင့်ကို ကိုယ်ပိုင်ကျွန်းဆီ ခေါ်သွားပြီး အဲ့ဒီမှာ ကစားခိုင်းမလို့ စီစဉ်ထားတာ။ ဒါပေမယ့် အခု အစီအစဉ်က ပြောင်းသွားတော့ အဲ့ဒါက အချိန် ဘယ်လောက်ယူမလဲ ငါလည်း မသိဘူး။ အဲ့ဒါမို့ ရင်ရင့်ကို ရှောင်ရွှဲ့နဲ့ ထားခဲ့လိုက်မယ်။ ဒီမှာ ရက်အနည်းငယ်လောက် ကစားပါစေဦး။ ပြီးမှ တစ်ယောက်ယောက်ကို စောင့်ရှောက်ခိုင်းပြီး ကြယ်တာရာကို ပို့ခိုင်းပေးလိုက်ပါ။”

“ပြသနာ မရှိပါဘူး။”

ဂူရှောင်ရွှဲ့က အပြုံးတစ်ပွင့်ဖြင့် အဖြေပေးလိုက်သည်။

ဂူရင်က နှုတ်ခမ်းလေး စူလျက် စကားတစ်လုံးမျှ မပြောချေ။ သူမသည် ထန်ရှုနှင့်လိုက်လိုသော်လည်း သူမ ကျောင်းတက်ရဦးမည်ကို သတိရကာ ထိုအတွေးအား စွန့်လွှတ်ရုံသာ တတ်နိုင်ခဲ့သည်။

မနက်စာ စားပြီးနောက် ဂူရင်အား ဂူရှောင်ရွှဲ့မှ အနားယူရန် ခေါ်သွားသည်ကို ခွင့်ပြုလိုက်ပြီး ထန်ရှုကမူ ပင်လယ်ကြမ်းပြင်မှ ရောင်ခြည်ဖြာနေသော စေတီလေးဆီသို့ ပြန်သွားခဲ့သည်။ ဂူယန်အာအား အဖော်လုပ်ပေးရခြင်းသည် သူ၏စိတ်အား ငြိမ်းအေး ချမ်းမြေ့စေသည်။ သူသည် မနက်မိုးလင်းထိတိုင်အောင် ကျင့်ကြံလိုက်သည်။ ပင်ပန်းဖို့မဆိုထားဘိ အားအင်အပြည့်နှင့်ပင် ဖြစ်သည်။

ဂူရှောင်ရွှဲ့မှ သူ့အတွက် သွေးယဇ်ပူဇော်သည့်နည်းအား အသုံးပြုပေးပြီးနောက်ပိုင်း တစ်ရက် နှစ်ရက် အနားယူလိုက်ရာ သူ အသုံးပြုခဲ့သော စိတ်စွမ်းအားနှင့် ကြယ်စွမ်းအားတို့သည် ပြန်လည်ပြည့်ဝလာခဲ့သည်။ ယခုဆိုလျှင် တိုးတက်သည့် အရိပ်အယောင်လေးကိုပင် ခံစားနေရပြီဖြစ်သည်။

သည်တစ်ကြိမ် ကျင်းမန်ကျွန်းသို့ လာရောက်သည့်ခရီးတွင် သိုလှောင်လက်စွပ်အား သန့်စင်ရန် သူ ပြင်ဆင်ထားခဲ့သည်။ လက်စွပ်အား သန့်စင်ရန် အဖိုးတန် ရှားပါးသော ပါဝင်ပစ္စည်းများအား ယူဆောင်လာခဲ့သည်။ သူ့အတွက် သိုလှောင်လက်စွပ်မရှိဘဲ အိတ်တစ်လုံးအား သယ်ဆောင်နေရခြင်းသည် အဆင်မပြေလှသောအရာဖြစ်သည်။

နေ့လည်စာ စားပြီးနောက် ထန်ရှုသည် ဝံပုလွေအကြီးအကဲနှင့် သူ၏အဖွဲ့အား တွေ့ဆုံသည်။ ထိုသူများ၏မျက်နှာထက်မှ လေးနက်မှုသည် သူ့အား တိတ်တဆိတ် ရွှင်မြူးစေသည်။ ထိုသူများ၏သဘောထားသည် ယခင်နှင့်မတူတော့ဘဲ အနည်းငယ်ခြားနားကြောင်း သူ မြင်နိုင်ပေသည်။ ဖြစ်နိုင်သည်က ကြယ်တာရာတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများထဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ထာဝရခန်းမမှ ကျွမ်းကျင်သူများစွာအား မြင်ရခြင်းသည် သူတို့၏ ဂုဏ်ဝင့်တတ်သော စိတ်သဘောထားအား အကြီးအကျယ် ပြောင်းလဲစေရန် လှုံ့ဆော်ပေးသည်လည်း ဖြစ်နိုင်ပေသည်။

“ခင်ဗျားတို့ ဘာတွေတွေးမိလဲ ကျွန်တော့်ကိုပြောပါ။”

အချိန်အနည်းငယ်မျှ လူ၁၂ယောက်အား သေချာစွာ အကဲခတ်ပြီးနောက်တွင် ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝံပုလွေအကြီးအကဲက ပြောလာသည်။

“သူဋ္ဌေး… ငါ အတော် စဉ်းစားရခက်နေတယ်။”

“ပြောပါ။”

“သူဋ္ဌေးရဲ့လက်အောက်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေရဲ့သားနဲ့ ငါတို့ကို ဘာကြောင့် လက်ခံတာလဲ။ ကြယ်တာရာက အယောက်၂၀ရော ထာဝရခန်းမက အစောင့်အရှောက်တွေရောက ငါတို့ထက် အားနည်းတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီကို ရောက်တဲ့ ၂ရက်အတွင်း ဒီက များပြားလှတဲ့ အစောင့်အရှောက်တွေနဲ့ နှိုင်းယှဉ်ကြည့်မိပြီး ကိုယ့်ကိုယ်ကိုယ် အတော်တောင် စိတ်ညစ်သွားမိတယ်။”

“ကျွန်တော့်လက်အောက်မှာ ရှိတဲ့ ကျွမ်းကျင်သူတွေကို တကယ်ပဲ များနေပြီလို့ ခင်ဗျား တကယ်ထင်တာလား။”

“မဟုတ်လို့လား။”

ဝံပုလွေအကြီးအကဲက တွေဝေစွာ မေးလိုက်သည်။

ထန်ရှုက ထီမထင်ဟန်ဖြင့်

“ဒါက ခင်ဗျား ဘာမှ မသိသေးဘူးလို့ ဆိုလိုတာပဲ။ ဒီဟာကို များတယ်လို့ ဘယ်ခေါ်လို့ ရပါ့မလဲ။ မရေတွက်နိုင်လောက်အောင် အဆုံးအစမဲ့ များပြားတာမျိုး။ တိမ်တွေလို ကျွမ်းကျင်သူတွေအများကြီး ရှိတာမျိုး အဲ့ဒီလိုမျိုးမှ များတယ်လို့ ခေါ်နိုင်တာ။ ထာဝရခန်းမမှာ အစောင့်အရှောက်တွေ အများကြီး ရှိတယ်ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ သနားစရာကောင်းလောက်တဲ့ အရေအတွက် ဖြစ်နေတယ်။ လုံလောက်ဖို့ဆိုတာ အဝေးကြီး။ ကျွန်တော် ကျင့်ကြံပေးချင်တဲ့ လူတွေက လူတော်တွေထဲက အတော်ဆုံး၊ သန်မာသောသူတွေထဲက အသန်မာဆုံး ဖြစ်စေချင်တာ။ ခင်ဗျားမပြောနဲ့ ထာဝရခန်းမထဲက အစောင့်အရှောက်တွေတောင် ကျွန်တော့်မျက်လုံးထဲမှာ ပုရွက်ဆိတ်သာသာပဲ ရှိတယ်။”

ဝံပုလွေအကြီးအကဲသည် ထန်ရှု မည်မျှ သန်မာသည်ကို အမှန်တကယ်မြင်ဖူးထားသော်လည်း ထာဝရခန်းမမှ အစောင့်အရှောက်များအား ပုရွက်ဆိတ်လောက်သာ သဘောထားသည်ဟူသော ထန်ရှု၏စကားအား နားထောင်ရသည်ကို အတော်ပင် ဘဝင်မကျကာ စိတ်တွင်းမှ ဒေါသထွက်မိသည်။ ထန်ရှုသည် အတော်ပင် စိတ်ကြီးဝင် မောက်မာလွန်းသည်ဟု တွေးမိသည်။ ကျန်သော ၁၁ယောက်သည်လည်း တူညီသော အတွေးများ ရှိကြသောကြောင့် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်မိကြသည်။

ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားကာ ခပ်တည်တည်ဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ အဲ့ဒါကို မယုံဘူးပေါ့ဟုတ်လား။”

“သူဋ္ဌေးက တကယ့်ကို အရမ်းသန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ထာဝရခန်းမမှ အစောင့်အရှောက်တွေက သူဋ္ဌေးထက် အားနည်းတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူတို့သာ ပုရွက်ဆိတ်တွေဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူ့ကိုမှ ကျွမ်းကျင်သူတွေဆိုတာ ခေါ်နိုင်တော့မှာတောင် မဟုတ်ဘူး။”

ထန်ရှု မျက်မှောင်ကြုပ်သွားသည်။ သူ၏ဘေးမှ ကျိချွိမိန်အား လှည့်ကြည့်ပြီး ဝံပုလွေအကြီးအကဲအား ပေါ့ပါးစွာ ပြောလိုက်သည်။

“ခင်ဗျား သူမရဲ့ခွန်အားကိုရော ဘယ်လိုထင်မိလဲ။”

ခပ်တွေတွေ ကြည့်ရင်း ဝံပုလွေအကြီးအကဲက အံ့အားသင့်ကာ အားပါးတရ ရယ်မောလိုက်ပြီးမှ ပြောလိုက်သည်။

“သူဋ္ဌေး… သည်အကြီးအကဲက သိုင်းပညာကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ကိုတောင် ရိုက်နိုင်မှာမဟုတ်ဘူး ဟုတ်တယ်မလား။”

“ကျိချွိမိန်… အပြင်ဘက်မီတာတစ်ရာအဝေးမှာရှိတဲ့ အဲ့ဒီသစ်ပင်တွေက ကျွန်တော့်မျက်လုံးတွေကို အနှောင့်အယှက်ဖြစ်နေတယ်။”

ကျိချွိမိန် ရှာဖွေလိုက်သည်။ သူမ၏အေးစက်သော မျက်လုံးများသည် ဝံပုလွေအကြီးအကဲနှင့် အခြားသူများအား သိမ်းကျုံးကြည့်လိုက်သည်။ လက်ထဲရှိ သူမ၏လမ်းလျှောက်တုတ်အား မြှောက်ကာ အပြင်ဘက် မီတာတစ်ရာအဝေးမှာရှိနေသော သစ်ပင်များအား ခုတ်ပိုင်းသည့်ဟန်ပြုလိုက်သည်။ သူမ၏ကိုယ်ခန္ဓာမှ လွှမ်းမိုးနိုင်သော အော်ရာတစ်ခု ထွက်လာပြီး မမြင်နိုင်သော ဓားလှိုင်းများသည် ခါးလောက် တုတ်သည့် ထိုသစ်ပင်တစ်ဒါဇင်ခန့်ဆီ ပျံသန်းထွက်သွားကာ ထိုသစ်ပင်များအား ပိုင်းဖြတ်လိုက်သည်။

“ဘန်း…ဘန်း…ဘန်း…”

ထိုသစ်ပင်တစ်ဒါဇင်ခန့်သည် ကျယ်လောင်သော အသံများ မြည်ဟိန်းကာ လဲကျသွားပြီး အမှုန့်များ ဖြစ်သွားကြသည်။

“ဘာရီး…”

ဝံပုလွေအကြီးအကဲနှင့်အဖွဲ့သားများသည် မီတာတစ်ရာအဝေးဆီမှ ခုတ်ပိုင်းခံလိုက်ရသော ထိုသစ်ပင်တစ်ဒါဇင်ခန့်အား ကြည့်ကာ ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် သိသိသာသာပင် တုန်ရီနေကြပြီး အလွန်အမင်းကို ထိတ်လန့်ကြောက်ရွံ့ နေတော့သည်။ ဝံပုလွေအကြီးအကဲနှင့် အဖွဲ့သားများသည် ကျိချွိမိန်အား လှည့်ကြည့်လိုက်ကြပြီး သည်အကြီးအကဲသည် ကြောက်စရာကောင်းသော မွန်းစတားတစ်ယောက် ဖြစ်သည်ဟု တွေးထင်မိကြလေသည်။

သူမ၏အော်ရာအား ပြန်ရုတ်သိမ်းလိုက်ပြီး ကျိချွိမိန်သည် လမ်းလျှောက်တုတ်အား ပြန်ချလိုက်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။

“လေးစားရတဲ့သခင်ရဲ့စွမ်းအားက သာမန်လူတွေလို မင်းတို့တိုင်းတာလို့ရတဲ့အရာ မဟုတ်ဘူး။ ကျင်းမန်ကျွန်းကို လက်သီးတစ်ချက်တည်းနဲ့ ငါ ဖျက်ဆီးနိုင်တယ်ဆိုရင်တောင် လေးစားရတဲ့သခင်ရဲ့ စွမ်းအားနဲ့ ယှဉ်မယ်ဆိုရင် ငါလည်း ပုရွက်ဆိတ်တစ်ကောင်လောက်တောင် စွမ်းအားမရှိဘူး။ မင်းတို့ တတွေ သခင်နဲ့ ကြုံခွင့်ရပြီး သူက တန်ဖိုးထားခြင်းကို ခံရတာ ကံကောင်းတယ်လို့ ဆိုရမယ်။ သခင့်ရဲ့စွမ်းအားနဲ့ ပတ်သက်လို့ ထပ်ပြီး သံသယရှိရဲဦးမယ်ဆိုရင် အဲ့ဒီလူကို ငါ အရင် သတ်ရလိမ့်မယ်။”

အမှတ်တမဲ့ဖြင့် ကျိချွိမိန်က သူမ၏သတ်ဖြတ်လိုသော စိတ်အား ထုတ်လွှတ်လိုက်သဖြင့် ဝံပုလွေအကြီးအကဲနှင့်အဖွဲ့သားများသည် သေလုနီးပါး ဖြူဖျော့သွားကြသည်။ လေထုထဲမှ ရေခဲတမျှ အေးစက်နေသော အော်ရာကြောင့် သူတို့၏ခန္ဓာကိုယ်များသည် တုန်ရီနေကြပြီး လှုပ်ရှားခြင်းငှာ မစွမ်းသာသောကြောင့် ပြန်လည်ရုတ်သိမ်းစေလိုမိကြသည်။ ဖိအားကြောင့် လေးလံလာသော သူတို့၏ခန္ဓာကိုယ်များအား ထပ်ပြီး မထိန်းချုပ်နိုင်ကြတော့ပေ။

ကြောက်စရာကောင်းတယ်။

သည်အကြီးအကဲက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။

သူမက လူသားတစ်ယောက်ရော ဟုတ်နိုင်ပါဦးမလား။

ဝံပုလွေအကြီးအကဲနှင့်အဖွဲ့သားများသည် သူတို့၏အကြည့်များသည် ထန်ရှုဆီသို့ ရောက်သွားကြသည်။ သည်တစ်ကြိမ်တွင်တော့ ထန်ရှုအား စိတ်ကြီးဝင်ကာ မောက်မာလွန်းသည်ဟု တွေးထင်မိကြသည့် သူတို့အားလုံး၏အတွေးများသည် ကွယ်ပျောက်သွားကြပြီဖြစ်လေသည်။ ထန်ရှု ခေါင်းမော့လိုက်သည်ကို မြင်ရသည့်အချိန်တွင် သူတို့၏ခန္ဓာကိုယ်များသည် ပေါ့ပါးသွားသည်ဟု ထင်မိကာ ပြန်လည်ထိန်းချုပ်သွားနိုင်ကြသည်။

“အကြီး… အကြီးအကဲ… ခုနက ကျင်းမန်ကျွန်းတစ်ခုလုံးကို လက်သီးတစ်ချက်နဲ့ ဖျက်ဆီးနိုင်တယ်လို့ ပြောလိုက်တာလား။”

ဝံပုလွေအကြီးအကဲက တုန်ရီစွာ မေးလိုက်သည်။

ကျိချွိမိန်က လှောင်ရယ်သံတစ်ချက်ပြုလိုက်ပြီး

“ကျင်းမန်ကျွန်းတစ်ခုလုံးလား။ သည်နေရာအတွက်ဆိုရင် ငါ့လက်ဖဝါးကတောင် ကြီးနေဦးမယ်။ မင်းတို့ကို ကြောက်လှန့်စေဖို့ အတွက်သာမဟုတ်ရင် ကျင်းမန်ကျွန်းကို လက်သီးတစ်ချက်နဲ့ ဖျက်ဆီးနိုင်တာ အသာထားဦး။ သည်ကမာကြီးကိုတောင် မထိမခိုက်ဘဲ ငါ မှုတ်ပစ်လိုက်နိုင်သေးတယ်။”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။” ကြောက်ရွံ့နေသည့်ကြားမှ ဝံပုလွေအကြီးအကဲက စောဒကတက်လိုက်သည်။

ထန်ရှုက မျက်နှာသေဖြင့် ရှင်းပြသည်။

“သူမ ပြောတာမှန်တယ်။ လူအများစုက ဂြိုလ်တစ်ခုကို လက်ချောင်းလေးတွေနဲ့တောင် ဖျက်ဆီးနိုင်တယ်။ ခင်ဗျားက သာမန်လူမို့ ခင်ဗျားမသိတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးတယ်။ အခုတော့ နားလည်ဖို့ မလိုသေးပေမယ့် ကျွန်တော့်စကားတွေ မှတ်ထားပါ။ ခင်ဗျားလုပ်နိုင်ရင် နောင်တစ်ချိန် လေထဲမှာ ခြေလှမ်းနိုင်ပြီး စကြာဝဠာထဲမှာ ခရီးသွားနိုင်တဲ့အထိဖြစ်အောင် ကျွန်တော် လေ့ကျင့်ပေးနိုင်တယ်။”

ဝံပုလွေအကြီးအကဲခမျာ ယောင်ယမ်းပြီး တံတွေးများပင် မျိုချလိုက်မိသည်။ ယခုလေးတင် ကျိချွိမိန် ပြသခဲ့သည့် တိုင်းတာမရသော ခွန်အားကြောင့်သာမဟုတ်ပါက သူတို့သည် ထန်ရှုနှင့် ကျိချွိမိန်တို့ ပြောသည့်စကားများအား မည်သည့်အခါမျှ ယုံကြည်လိမ့်မည်မဟုတ်ချေ။ သို့သော် လက်တွေ့မြင်ရခြင်းသည် ယုံကြည်ရခြင်းပင် ဖြစ်သောကြောင့် သူတို့သည် ထိုသူများ၏အရှေ့တွင် ပုရွက်ဆိတ်များထက်ပင် အားနည်းသေးကြောင်း နောက်ဆုံးတော့ နားလည်ခဲ့ရပြီဖြစ်သည်။

သစ္စာရှိမှုနှင့် အလုပ်များအား လုပ်ဆောင်နိုင်မှု။

ဝံပုလွေအကြီးအကဲနှင့်အဖွဲ့သားများသည် ထိုအကြောင်းအား ယခုအခါတွင် ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီဖြစ်သည်။ ထန်ရှုက သူတို့အား ပိုမိုသန်မာလာအောင် လုပ်ဆောင်ပေးမည်ဟု ကြားခဲ့စဉ်က သည်ကဲ့သို့ မတိုင်းတာနိုင်သည့် နည်းစနစ်တစ်ခုအား ပြသလိမ့်မည်ဟု ထင်မထားမိကြချေ။ ကျိချွိမိန်မှတဆင့် ထိုအရာအား ယခု မြင်နိုင်ခဲ့ပြီဖြစ်ပေသည်။

သည်အရာသည်သာ သူတို့ ထန်ရှုထံမှ သင်ယူလိုသော အစစ်အမှန်စွမ်းရည်ဖြစ်သည်။ သာမန်လူများတွင် မရှိနိုင်သော သည်ကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သင်ယူရန်ဖြစ်တော့သည်။ ထိုအတွက် သူတို့သည် ထန်ရှုအား သစ္စာရှိစွာ အလုပ်လုပ်ပေးရင်း သူတို့၏သစ္စာရှိမှုအား ပြသလိုစိတ်ရှိနေကြပြီဖြစ်သည်။

“ကောင်းတယ်။ ဒီကိစ္စကို နောက်ထပ် မပြောတော့ဘူး။ ခင်ဗျားတို့ ဒီနေ့မြင်တဲ့ အရာတိုင်းကို စိတ်ထဲမှာပဲ ထားပေးပြီး အခြားသူ မသိပါစေနဲ့။”

ထန်ရှုက အမိန့်ပေးလိုက်သည်။

“နောက်ပြီး ကျွန်တော်က ဟောင်ကောင်ကို သွားရမှာဖြစ်လို့ ခင်ဗျားတို့၁၂ယောက်က ကျွန်တော်ဝယ်ထားတဲ့ ကိုယ်ပိုင်ကျွန်းလေးဆီကို တိုက်ရိုက်သာ သွားလိုက်ပါ။ စီမံရေးရာတွေကို ဝံပုလွေအကြီးအကဲရဲ့ဖုန်းဆီ စာပို့ထားလိုက်မယ်။ ကျွန်တော်မရောက်လာမီထိ ခင်ဗျားတို့ အဲ့ဒီကျွန်းမှာ အခြေချဖို့ နေရာတစ်ခုကို လွတ်လွတ်လပ်လပ် ရှာနိုင်တယ်။ ကျွန်တော် ရောက်လာတာနဲ့ ဆက်သွယ်လိုက်မယ်။”

“ဟုတ်ကဲ့။”

ဝံပုလွေအကြီးအကဲနှင့်အဖွဲ့သားများသည် လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

ထိုလူ၁၂ယောက် ထွက်ခွာသွားကြပြီးနောက် ထန်ရှုသည် မိုညီအစ်ကို၂ယောက်အား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော့်နောက်လိုက်ခဲ့ပါ။ လေလံပွဲအတွက် ကျွန်တော်တို့ ဟောင်ကောင်ကို သွားကြမှာမို့။ အဲ့ဒီက ကိစ္စတွေအားလုံးကို ခင်ဗျားတို့ ညီအစ်ကို၂ယောက်ကပဲ စီမံပေးပါ။ စက်တင်ဘာကျ ကျွန်တော် တစ်စုံတစ်ယောက်ကို လွှတ်လိုက်မှာပါ။”

“ဟုတ်ကဲ့ဗျ။”

အိုအားဝမ်နှင့်မိုအားရှို့က လေးစားစွာ တုံ့ပြန်လိုက်သည်။

ထို့နောက် ထန်ရှုက ကျိချွိမိန်အား ကြည့်လိုက်ကာ

“ကျွန်တော်တို့ သွားကြစို့။ လေလံပွဲကို နောက်ကျလို့မဖြစ်ဘူး။ ဟုတ်သားပဲ။ ခင်ဗျား ပိုက်ဆံသယ်လာသေးလား။ ဒီရက်ပိုင်း ကျွန်တော့်မှာ ငွေကျပ်နေလို့။”

“သခင်မလေးက ၁၀ဘီလီယံ ပေးထားပါတယ်။ တကယ်ပဲ စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံးဖြစ်လို့ ပိုက်ဆံမလောက်ခဲ့ရင် သူမက ထပ်လွှဲပေးလိမ့်မယ်။” ကျိချွိမိန်က ဖြေသည်။

၁၀ဘီလီယံတောင်လား။

သူ၏မျက်ခုံးများအား ပင့်လိုက်ရင်း ထန်ရှုက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ထာဝရခန်းမက လက်ရှိမှာ ဝင်ငွေဘယ်လောက် ရှိတာလဲ။”

ကျိချွိမိန်မှ ခေါင်းယမ်းပြကာ

“မသိဘူးသခင်။ စီးပွားရေးကိစ္စအကြောင်း တစ်ခါမှ မမေးမိဘူး။”

ထန်ရှုက ပြုံးမိရင်း ကားပေါ်သို့ တစ်ခါတည်း တက်သွားသည်။

လူ၄ယောက်သည် ကားနှစ်စီးဖြင့် ကျင်းမန်ကျွန်း၏ဆိပ်ကမ်းသို့ မြန်ဆန်စွာ မောင်းနှင်လာကြသည်။ ထိုနေရာ၂ခုသည် နီးသော်လည်း သူတို့သည် ကျင်းမန်ကျွန်းမှ ဟောင်ကောင်သို့ ရေလမ်းခရီးဖြင့် သွားရမည်ဖြစ်ပြီး နာရီအနည်းငယ်မျှဖြင့် ရောက်ရှိနိုင်သည်။ ထန်ရှုအတွက် အံ့အားအသင့်ရဆုံးအချက်မှာ ထာဝရခန်းမတွင် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း မရှိသော်လည်း ဇိမ်ခံသဘောၤတစ်စီးရှိနေခြင်းပင်ဖြစ်သည်။ ဇိမ်ခံသဘောၤသည် ကြီးမားသည်ဟု မဆိုနိုင်သော်လည်း လူတစ်ရာခန့်ဆန့်ပေသည်။

“သူဋ္ဌေး… သူဋ္ဌေးလေးက သည်သဘောၤဝယ်ပြီးကတည်းက နှစ်နှစ်တစ်ကြိမ် အနီးနားကကျွန်းတွေဆီကို သွားလေ့ရှိတယ်။”

ထန်ရှုနောက်မှ ပါလာသော မိုအားဝမ်က သူ၏အံ့အားသင့်နေသောအမူအရာအား တွေ့သောကြောင့် လေသံတိုးတိုးဖြင့် ဘေးတွင် ရပ်ကာ ရှင်းပြလိုက်သည်။

“သည်ဇိမ်ခံသဘောၤက အတော်ကောင်းတာပဲ။ သွားကြစို့။ ဟောင်ကောင်ကို တတ်နိုင်သမျှ မြန်မြန် ရောက်ချင်တယ်။”

ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။

“ကောင်းပါပြီ။”

မိုအားဝမ်က သဘောၤပေါ်တက်ရန် ဦးဆောင်လမ်းပြလိုက်တော့သည်။

***

All Chapters