← Chapters

ရည်ရွယ်ချက်ရှိရှိ ရန်ငြိုးထားခြင်း

Vol. 06 Ch. 276

ရည်ရွယ်ချက်ရှိရှိ ရန်ငြိုးထားခြင်း

Vol. 06 Ch. 276

ယာဉ်မတော်တဆမှုသည် ထန်ရှုအတွက် သေးငယ်သော အခန်းကဏ္ဍလေးတစ်ခုသာ ဖြစ်သည်။ သူ၏လက်ရှိခွန်အားနှင့်ဆိုပါက ရန်သူသည် ကြီးမားသောအင်အားရှိသည့်တိုင် သူ့တွင် ကြောက်ရွံ့စိတ်မရှိချေ။ တစ်ဖက်လူသည် ရိုးရှင်းစွာ လျော်ကြေးပေးလာပါက သူတို့အတွက် ကောင်းမည်ဖြစ်ပြီး သူ့အား ထပ်မံပြစ်မှားရဲပါက သူတို့၏ကျန်ရှိနေသောသက်တမ်းတွင် အမှတ်ရနေသည့်တိုင်အောင် ဒဏ်ရာများပေးလိုက်မည်ဖြစ်သည်။

“ကျွန်တော် ခင်ဗျားတို့ရဲ့အခု လုပ်ဆောင်ချက်ကို မကြိုက်ဘူး။”

ဟမ်းမား၏ထိုင်ခုံပေါ်တွင် ထိုင်နေသော ထန်ရှုက အေးစက်တင်းမာစွာ ပြောလိုက်သည်။

“ကျွန်တော်က ဘယ်သူကိုမှ စပြီး အနိုင်မကျင့် မစော်ကားဘူး။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကို လာထိရဲရင်တော့ ပြန်တိုက်ခိုက်ရလိမ့်မယ်။ ဒီစကားတွေကို မှတ်ထားပါ။

ကျွန်တော်တို့ရှေ့မှာ လာပြီး မထီမဲ့မြင်အနိုင်ကျင့်တဲ့သူတွေကို

သေအောင် တိုက်ခိုက်ပါ။

တောင်းပန်လာရတဲ့အထိ ဖိအားပေးပါ။

အရိုအသေပေးပြီး သူတို့အမှားတွေ ဝန်ခံလာရတဲ့အထိ ရိုက်ပါ။

သူတို့ဘာကောင်တွေဆိုတာကို မေ့ထားပါ။”

နှိပ်ကွပ်တာ၊ အနိုင်ကျင့်တာ။

ထိုအခိုက်အတန့်တွင် ထန်ရှုက သူ၏အရိုးထဲမှလာသော အနိုင်ယူလိုမှုုအား ထုတ်ဖော်လိုက်သည်။

မိုအားဝူက လေးနက်သောအသံဖြင့်

“ကျွန်တော်တို့ ရင်ထဲစွဲနေအောင် မှတ်ထားပါ့မယ် သူဋ္ဌေး။”

မိုအားဝမ်အား လှည့်ကြည့်ကာ ထန်ရှု ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောလိုက်သည်။

“ထျန်းလီကို ဖုန်းဆက်ပြီး အဲ့ကောင်တွေရဲ့ နောက်ခံအကြောင်း စုံစမ်းခိုင်းလိုက်ပါ။ သူတို့ရဲ့စိတ်နေသဘောထားကို ကြည့်ရတာ ဒီအတိုင်း ပြီးသွားမယ့်ပုံစံမရှိဘူး။ အချိန်တိုင်း ပြင်ဆင်ထားပါ။ သူတို့ ကျွန်တော်တို့ကို အနိုင်ကျင့်ရဲရင် ပြန်ပြီးတိုက်ခိုက်ရလိမ့်မယ်။”

“ကျွန်တော် ချက်ချင်း အကြောင်းကြားလိုက်ပါမယ်။” မိုအားဝမ်က ပြောလိုက်သည်။

ထန်ရှုဘေးတွင် ထိုင်နေသော ကျိချွိမိန်က တစ်ခဏမျှ တွေဝေနေပြီးနောက် မေးလိုက်သည်။

“လေးစားရတဲ့သခင်… အဲ့ကလေးတွေရဲ့မိသားစုကို ကျွန်မကိုယ်တိုင် သွားတိုက်စေချင်လား။”

“ဟင့်အင်း။” ထန်ရှုက ခေါင်းယမ်းပြသည်။ “ခင်ဗျားအလုပ်က လေလံပွဲမှာ ပါဝင်ဖို့ပဲ။ အဲ့ဒီအရာက တကယ်ပဲ စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံးဆိုရင် ဘယ်လောက်ပဲပေးရပေးရ ယူရမယ်။ ပြီးရင် ကျင်းမန်ကျွန်းကို တတ်နိုင်သမျှ မြန်မြန် ပြန်ကြမယ်။”

“နားလည်ပါပြီ။” ကျိချွိမိန်က ပြောသည်။

သက်တန့်ရောင်လေလံစံအိမ်…

၎င်းသည် ဟောင်ကောင်ရှိ အကြီးဆုံး လေလံစံအိမ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရောင်းချသောလေလံပစ္စည်းများနှင့် ဂုဏ်သတင်းများကြောင့် သည်လေလံစံအိမ်သည် ဆယ်စုနှစ်များစွာ နာမည်ကောင်းတစ်ခု ရထားပေသည်။ ဟောင်ကောင်ရှိ ချမ်းသာပြီး သြဇာရှိသောသူများသာမက ပြည်မနှင့် ပြည်ပမှ ထိုကဲ့သို့လူစားမျိုးများသည်ပင်  သက်တန့်ရောင်လေလံစံအိမ်သို့ အချိန်ပေးပြီးလာရောက်ကာ ကြိုက်နှစ်သက်သော ပစ္စည်းများ ဝယ်ယူနိုင်ရန် မျှော်လင့်ထားကြသည်။

ထန်ရှု၏အသိအမြင်အရ ထိုလေလံစံအိမ်သည် ရှယ်ယာပိုင်ရှင်များစွာ ရှိမည်ဖြစ်ပြီး ထိုသူများသည် အလွန်ချမ်းသာသောသူများဖြစ်ကြကာ လီကျွီရန်ပင်လျှင် ရှယ်ယာဝင်ထားသေးသည်။

“ကျေးဇူးပြုပြီး ဖိတ်စာပြပါ။”

အနက်ရောင် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားသော လူရှစ်ယောက်သည် ဝင်ပေါက်တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး လှပစွာ ဝတ်စားထားသော မိန်းမလှလေး၂ဦးသည် ဧည့်သည်များ၏ဖိတ်စာများအား စစ်ဆေးလျက်ရှိသည်။

သူမ၏တုတ်ကောက်နှင့် လျှောက်သွားကာ ကျိချွိမိန်က ဖိတ်စာလှမ်းပေးလိုက်သည်။ စစ်ဆေးပြီးသည်နှင့် သူတို့၄ယောက်ထိုင်ရန် ထိုင်ခုံနံပါတ်များရကာ တံခါးဖွင့်ပေးလိုက်သည်။ အတွင်းထဲရှိ ဧည့်ကြို မိန်းကလေးက လေလံကျင်းပမည့်နေရာသို့ သူတို့အား လမ်းပြခေါ်ဆောင်သွားသည်။ နေရာသည် လူတစ်ထောင်အား ကောင်းစွာ ကြည့်ရှု ဧည့်ခံနိုင်သည်အထိ ကြီးမားကျယ်ဝန်းလှသည်။ ထိုအချိန်တွင် ရာပေါင်းများစွာသော လူများရောက်နေကြပြီဖြစ်ပြီး ဧည့်သည်များသည် ဝင်လာမစဲ တသဲသဲဖြစ်နေသည်။ သူတို့၄ယောက်သည် ရရှိထားသော ခုံနံပါတ်များအရ ခြောက်တန်းမြောက် ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။

“စဖို့ ဘယ်လောက်အချိန်လိုသေးလဲ။”

ကျိချွိမိန်အား ကြည့်ကာ ထန်ရှု မေးလိုက်သည်။

အချိန်အား ကြည့်လိုက်ရင်း ကျိချွိမိန်က ပြန်ဖြေသည်။

“ပွဲက ၆နာရီမှာစမှာ။ အခု ၅နာရီ၃၈မိနစ် ရှိပြီဆိုတော့ နောက် ၂၂မိနစ်နေရင် စတော့မယ်။”

ထန်ရှု ခေါင်းညိတ်ပြသည်။ ယခင်က ကျင်းမန်ကျွန်းတွင် လေလံပွဲတစ်ကြိမ် ပါဝင်ဆင်နွှဲဖူးပြီး ပိုက်ဆံအများကြီး သုံးပစ်ခဲ့ရသည်။ ထိုချမ်းသာသောလူများသည် သူတို့နှစ်သက်သောအရာတွေ့ပါက ယှဉ်ပြိုင်ရန် ငွေကြေးဘယ်လောက်ပဲကုန်ကုန် ပုံအောလိုက်ကြသည်ကိုလည်း သူ မြင်တွေ့ဖူးထားပြီဖြစ်သည်။

ပင်ဟဲလမ်းမ၊ ကျူး၏စံအိမ်ထောင့်တွင်…

ကျန်းယု၊ ချန်းဖေးနှင့် ဒုရန်တို့သည် မှုန်ကုပ်သော အမူအရာများဖြင့် ဆေးလိပ်သောက်နေကြပြီး သူတို့အား အယောက်၂၀ထက်မနည်းသော လူများက ဝန်းရံထားသည်။ သူတို့သည် အရိုက်ခံခဲ့ရပြီး အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသောကြောင့် ထိုကိစ္စအား ရပ်တန့်ရန် မဖြစ်နိုင်ချေ။

“ချီချန်းချင်… မင်း ငါတို့နဲ့ မပူးပေါင်းချင်ရင် မြန်မြန် သွားကွာ။ မင်းက ဒီနေရာမှာ ဘာကို စောင့်ကြည့်နေတာလဲ။ ဒီသခင်လေးက စိတ်ကြည်နေတာမဟုတ်ဘူးနော်။ ရင်ထဲမှာ ဒူးရင်းသီးတွေသီးနေတာ။ ငါ ရိုက်တာမခံရအောင် အပြင်ထွက်သွားတော့။”

ကျန်းယုက ဆေးလိပ်မီးခိုးများအား မှုတ်ထုတ်လိုက်ကာ ပေါ့ချီကားရှေ့တွင် မှီရပ်နေသော ချီချန်းချင်အား ကျိန်ဆဲလိုက်သည်။

အချိန်တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ချီချန်းချင်က ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်ပြီး

“ကျန်းယု… မင်း စိတ်ဆိုးနေတယ်ဆိုတာ ငါသိပေမယ့် လက်တုံ့မပြန်ခင် အဲ့ဒီလူတွေအကြောင်းကို အရင်စုံစမ်းသင့်တယ်လို့ ငါ ပြောချင်တယ်။ မင်းတို့ ရန်သူအကြောင်းသိမှ လက်စားချေတာ နောက်မကျပါဘူးကွာ ဒီစကားကို ပေါ့ပေါ့တန်တန်မထားစေချင်ဘူး။”

“ထွက်သွား။”

ချန်းဖေးက အေးစက်သောအမူအရာဖြင့် အော်ငေါက်လိုက်သည်။

သူ၏သူငယ်ချင်း၃ယောက်ကို ကြည့်ပြီး ထိုသူများသည် တကယ်ပင် ငတုံးများဖြစ်သည်ကို ရုတ်တရက် သူ ခံစားမိသွားသည်။ ထိုအခိုက်အတန့်တွင်ပင် ထိုသူများနှင့် နှစ်ပေါင်းများစွာ အပေါင်းအသင်း လုပ်မိသည့်သူသည်လည်း ငတုံးတစ်ယောက် ဖြစ်နေခဲ့သည်ကို နားလည်သွားတော့သည်။ ရိုးရွိက်စ်ကားပိုင်ရှင်သည် သာမန်လူတစ်ယောက် မဟုတ်သည်ကို သူ ရေးရေးမျှ ခံစားမိနေသည်။ ထို့ကြောင့် သူသည် ဒီပြသနာထဲတွင် မပါဝင်လိုပေ။ ထိုအရာသည် ပြသနာတစ်ခုအား ဖန်တီးမိပါက မိသားစုတွင်းရှိ သူ၏နေရာအား အကြီးအကျယ် ရိုက်ခတ်သွားလိမ့်မည် ဖြစ်သည်။

အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူသည် ပြန်ရန် သူ၏လူထွားကြီး၂ယောက်အား အချက်ပြကာ သူ၏ပေါ့ချီကားအတွင်းသို့ဝင်သွားပြီး စက်နှိုးကာ လျင်မြန်စွာ မောင်းထွက်သွားသည်။

သို့သော်လည်း သူသည် တကယ်ထွက်ခွာသွားခြင်း မဟုတ်ချေ။ အနီးရှိ အဆောက်အဦးရှေ့တွင် ပြန်လှည့်လာပြီးနောက် အနီးရှိ အဆောက်အဦးနားတွင် ကားရပ်လိုက်သည်။ အဆောက်အဦးအတွင်းရှိ အခန်းတစ်ခုအတွင်းသို့ ဝင်သွားကာ သူနှင့် လူထွားကြီး၂ယောက်သည် ပြတင်းပေါက်မှန်များတဆင့် ကျန်းယုနှင့်အခြားသူများအား ငုံ့ကြည့်လိုက်သည်။

ကျန်းယု၏မျက်လုံးများထဲတွင် အေးစက်မှုန်မှိုင်းသော အရိပ်အယောင်တစ်ချက် ထွက်ပေါ်လာခဲ့ပြီး ဘဝင်မကျသောလေသံဖြင့် ပြောလိုက်သည်။

“ချီမျိုးရိုးကတော့ ထွက်သွားပြီ။ နောက်ပိုင်း သူက ငါတို့ထဲက တစ်ယောက်မဟုတ်တော့ဘူး။ သူနဲ့ပတ်သက်ရဲတဲ့သူမှန်သမျှ ငါ့အကြောင်းသိသွားစေရမယ်။”

ချန်းဖေးက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“အဲ့ဒီခွေးကောင်က သင့်တော် မတော် ကြည့်လုပ်ဖို့ ပြောချင်နေသေးတယ်။ သူက သူရဲဘောကြောင်သူပါကွာ။ ငါ သူ့ကို ကြောက်တတ်တဲ့သူတစ်ယောက်မှန်း သိပေမယ့် ဒီလိုမျိုး သောက်ကျိုးနည်းလောက်အောင် သတ္တိမရှိမှန်း ထင်မထားမိဘူး။ ငါတို့ ဟိုကောင်လေးကို လက်စသတ်ပြီးရင် ချီချန်းချင်ကို နောက်ပိုင်းကျရင် ချောက်တွန်းဖို့ အခွင့်အရေးတစ်ခု ရှာကြတာပေါ့။ ငါတို့နဲ့မှ မပေါင်းသင်းရင် သူက အီးပေါလော တစ်ယောက်ဆိုတာ သိသွားစေ့ရမယ်။”

နာကျင်ထိတ်လန့်ခဲ့ရသော ရိုးရွက်စ်ကား အဖြစ်အပျက်သည် ဒုရန်၏မျက်ဝန်းများထဲတွင် ပြန်လည်မြင်ယောင်နေသည်။ ကားပိုင်ရှင်အကြောင်းအား စုံစမ်းရန် တစ်စုံတစ်ယောက်အား စေလွှတ်ထားသော်လည်း ယခုချိန်ထိ မည်သည့်သတင်းမျှ မရချေ။

သူသည် အန္တရာယ်နှင့်ပတ်သက်လာပါက အလွန်ကြိုမြင်တတ်ပေသည်။ ၎င်းသည် သူ ၈နှစ်အရွယ်တွင် ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း သိမြင်လာခြင်းဖြစ်တော့သည်။ သူသည် ထိုကားပိုင်ရှင်လူငယ်အား တွေ့စဉ်က အန္တရာယ်ရှိသော ခံစားမှုမျိုးအား တူညီစွာ ရင်တွင်းမှ သိမြင်ခဲ့သည်။ အရိုက်ခံရခြင်းသည် ရှက်စရာကောင်းလှသော်လည်း သူသာ အရိုက်အနှက်မခံရပါက ဖြစ်နိုင်မည်ဆိုလျှင် ဒီရန်ပွဲ၌ သူမပါလိုလှချေ။

“ငါတို့ လက်စားမချေခင် အဲ့ဒီလူတွေရဲ့နောက်ကြောင်းကို သေချာစုံစမ်းသင့်တယ်လို့ ငါ ထင်တယ်။ ငါတို့၃ယောက်က ဟောင်ကောင်မှာ အတော်အင်အားရှိတယ်ဆိုပေမယ့် နောင်တစ်ချိန် ငါတို့မိသားစုတွေရဲ့အစစ်အမှန် ဆရာသခင်တွေ ဖြစ်နိုင်ဖို့ဆိုတာ ပြောဖို့ခက်သေးတယ်။ ဒီတစ်ကြိမ်မှာ ငါတို့အမှားလုပ်မိရင် မိသားစုထဲက ငါတို့နေရာတွေကို အကြီးအကျယ်ထိခိုက်လိမ့်မယ်။ အထူးသဖြင့် မင်းပဲ ကျန်းယု။ မင်းက ကျန်းအုပ်စုက အကြီးဆုံးသား ဖြစ်ပေမယ့် မင်းအဖိုးကြီးက မင်းညီကို ပိုပြီးအရေးပေးတယ်လေ။”

ဒုရန်က စီးကရက်မီးအား ငြိမ်းလိုက်ကာ အလေးအနက်ထား ပြောလိုက်သည်။

ထိုစကားကြောင့် ကျန်းယု ချက်ချင်း တိတ်ဆိတ်သွားသည်။

သူသည် ဘဝင်မြင့်ကောင်း မြင့်နိုင်သည်။ မောက်မာကောင်း မောက်မာနိုင်သည်။ မာနကြီးကောင်း ကြီးနိုင်သည်။ သို့သော် သူသည် မိုက်မဲသောသူ တစ်ယောက်တော့ မဟုတ်ပေ။ ရိုးရွိက်စ်ကားတစ်စီး ပိုင်ဆိုင်သူသည် ထိုကားအား ငှားရမ်းလာခြင်း သို့မဟုတ် ရှိုးထုတ်ချင်ခြင်းကြောင့် မဟုတ်ပါက အမှန်တကယ်ပင် သြဇာအာဏာကြီးသူတစ်ယောက် ဖြစ်နိုင်သည်။ သူ၏မိသားစု၌ လက်ရှိသူ၏နေရာသည် အထိမခံ ကြွေပန်းကန်ဖြစ်နေသောအရာဖြစ်သည်။ သူသာ အမှန်တကယ် ပျားအုံကို တုတ်နှင့်ထိုးခဲ့မိပါက သူ၏ညီသည် မိသားစုခေါင်းဆောင်အဖြစ် နေရာလွှဲပြောင်းယူသွားနိုင်ပေသည်။

မိနစ်ဝက်မျှ တိတ်ဆိတ်နေပြီးမှ ကျန်းယုက ဖြည်းညှင်းစွာ ပြောလာသည်။

“မင်းပြောတာမှန်တယ်။ ဒါပေမယ့် ငါ ဒီနေ့အဖြစ်အပျက်ကို ဘယ်တော့မှ ဒီအတိုင်း မလွှတ်ပေးနိုင်ဘူး။ အဲ့ဒီချာတိတ်က ဆွေးနွေးဖို့ တစ်ယောက်ယောက် လွှတ်မယ်လို့ ပြောတယ်မဟုတ်လား။ ဘယ်သူလာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဒါနဲ့ ဒုရန် မင်း ဒီကားရဲ့ပိုင်ရှင်ကို စုံစမ်းဖို့လွှတ်ထားတာ အဆက်အသွယ် မရသေးဘူးလား။ ဘယ်လောက်ကြာမှ ရမှာတဲ့လဲ။”

“သေချာမသိဘူး။ မြန်သင့်တာကို။”

ဒုရန်က ခေါင်းယမ်းပြကာ ဖြေလိုက်သည်။

ထိုသို့စကားပြောကြနေစဉ်အတွင်း အော်ဒီ၃စီးသည် ရိုးရွိက်စ်ကားအနီးတွင် ရပ်လာသည်။ ကားတံခါးဖွင့်သွားသောအခါ အေးစက်မှုန်ကုပ်နေသောဟန်ဖြင့် ထျန်းလီသည် အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူထွားကြီး၆ဦးနှင့်အတူ ဆင်းလာခဲ့သည်။

လူရွယ်၃ယောက်အား အေးစက်စွာ ကြည့်ရင်း ထျန်းလီသည် သူတို့ဆီ တန်းတန်းမတ်မတ် လျှောက်သွားကာ ပြောလိုက်သည်။

“ငါ့သူဋ္ဌေးရဲ့ကားကို ဘယ်သူတိုက်တာလဲ။

ထျန်းလီကိုကြည့်ပြီး ကျန်းယုတို့၃ဦးသား အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့သည် မကြာခဏပင် ဟောင်ကောင်ရှိ ထာဝရခန်းမတွင် သွားရောက် စားသောက်ကြကာ ထျန်းလီကိုလည်း သိကြသည်။ သူမကို တွေ့သည့်အခါတိုင်း အပြုံးဖြင့် နှုတ်ဆက်လေ့ရှိသောကြောင့် အေးစက်ပြီး တည်တင်းသောမျက်နှာဖြင့် သူမအား သူတို့ မြင်တွေ့ရခြင်းသည်  သည်တစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

“ထျန်းလီ… ခင်ဗျားပြောလိုက်တာက ဒီရိုးရွိက်စ်ကားပိုင်ရှင်က ခင်ဗျားရဲ့သူဋ္ဌေးလား။”

ကျန်းယုက ထိုအခိုက်အတန့်တွင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သူ၏မျက်လုံးတွင် ထာဝရခန်းမသည် ရိုးရှင်းသော စားသောက်ဆိုင် စီးပွားရေးလုပ်ငန်းတစ်ခုသာ ဖြစ်သည်။ ထိုစီးပွားရေးသည် အလွန်ကောင်းနေလျှင်တောင်မှ ကျန်းအုပ်စုနှင့် ယှဉ်နိုင်ရန် အားနည်းပါသေးသည်။

ထျန်းလီက အေးစက်စွာဖြင့် ပြောသည်။

“ပြောစမ်း။ ဘယ်သူ ငါ့သူဋ္ဌေးရဲ့ကားကို တိုက်တာလဲ။”

“ကျွန်တော်ပဲ။ ခင်ဗျား အခု ဘာလုပ်ချင်လဲ။” ကျန်းယုက ဒေါသထွက်ထွက်ဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။

ထိုစကားအား ကြားသည်နှင့် ထျန်းလီသည် သူ့အရှေ့သို့ လျှောက်လာပြီး စကားတစ်ခွန်းမှမပြောဘဲ ခပ်ပြင်းပြင်း ပါးရိုက်လိုက်သည်။ ရိုက်ချက်သည် အတန်ပင် အားပါသောကြောင့် ကျန်းယု၏ တစ်ခြားပါးတစ်ဖက်သည် နီရဲယောင်ကိုင်းလာသည်။ ကျန်းယုသည် နောက်သို့လှန်သွားကာ မြေပေါ်သို့ ဝုန်းကနဲ လဲကျသွားတော့သည်။

“ထျန်းလီ ခင်ဗျား သေချင်နေတာလား။”

ချန်းဖေး အံ့သြတုန်လှုပ်သွားကာ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူ့အနားမှ လူထွားကြီးများနှင့်  နေရာလဲကာ အော်ဟစ်လိုက်သည်။

ထျန်းလီက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူမ၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ချန်းဖေးရှေ့သို့ ရောက်သွားကာ ပြင်းထန်စွာ ပါးရိုက်လိုက်သည်။ သည်တစ်ကြိမ် သုံးလိုက်သော သူမ၏ခွန်အားသည် ပိုမိုကြီးမားလှသောကြောင့် ချန်းဖေးခမျာ လေထဲလွင့်ပျံသွားတော့သည်။

“သည်မိန်းမကို သတ်ကြစမ်း။”

ကျန်းယုသည် မြေပြင်ပေါ်လဲကျနေရာမှ လေးဘက်ထောက် ထလာကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ချက်ချင်းဆိုသလိုပင် လူနှစ်ဆယ်ထက်ပိုသော လူထွားကြီးများနှင့် ထျန်းလီဖြင့် ပါလာသော ခြောက်ယောက်တို့သည် ပြင်းထန်စွာ တိုက်ခိုက်ကြပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုသူများသည် သယ်ဆောင်လာသော တုတ်များ၊ ဓားများဖြင့် တုတ်ရေး၊ ဓားရေး အစွမ်းပြကြပြီဖြစ်တော့သည်။

“အရူးတွေ…”

ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ထျန်းလီသည် လက်ပိုက်လျက် အနီးရှိတိုက်ပွဲအား ကြည့်ရင်း မနူးညံ့စွာ ဆဲရေးလိုက်သည်။

သူမ ခေါ်ဆောင်လာသော လူ၆ယောက်၏မျက်ဝန်းများထဲတွင် အေးစက်သောအရိပ်တစ်ခု လက်သွားခဲ့သည်။ သူတို့၏လက်ကောက်ဝတ်များဆီမှ ချွန်ထက်သော ဓားမြှောင်များ ပေါ်ထွက်လာပြီး တွေဝေခြင်းအလျဉ်းမရှိဘဲ လူအယောက်၂၀အား လျင်မြန်စွာ ဆီးကြိုတိုက်ခိုက်လိုက်တော့သည်။

“ဘန်း…ဘန်း…ဘန်း…”

ထာဝရခန်းမမှ လူ၆ယောက်၏လှုပ်ရှားမှုသည် အလွန်အမင်း မြန်ဆန်လှပြီး သူတို့၏သိုင်းပညာသည် အယောက်၂၀ထက် များစွာ သာလွန်သောကြောင့် မိနစ်ဝက်အတွင်းမှာပင် ထိုအယောက်၂၀အား မြေပြင်ပေါ်တွင် အကုန်လှဲသိပ်နိုင်ခဲ့ချေသည်။

ယောင်ကိုင်းနေသော မျက်နှာအား ပွတ်သပ်ရင်း ကျန်းယုနှင့်ချန်းဖေး အံ့သြတုန်လှုပ်သွားသည်။ ထျန်းလီ၏အကြည့်များသည် ဒုရန်ဆီသို့ ရောက်သွားကာ အေးစက်စွာ ပြောခဲ့သည်။

“အစက နင်နဲ့ ချီချန်းချင်ကို ဒီ၄ယောက်ထဲမှာဉာဏ်အကောင်းဆုံးလို့ ငါ တွေးခဲ့မိတယ်။ ဒါပေမယ့် အခုကြည့်ရတာတော့ သူက နင့်ထက် ပိုစမတ်ကျပြီးတော့ ဒီအမှုထဲမှာ နင်တို့နဲ မပါဝင်ဘူး။”

***

All Chapters