အတိတ်မှ တုန်လှုပ်စရာ ဖြစ်ရပ်များ
Vol. 06 Ch. 280
ခယ်ထျန်းဟောင်က ခေါင်းညိတ်လျက် ပြန်ပြောသည်။
“ဒီနေ့ည လေလံပွဲမှာ သူက ၂.၅ဘီလီယံ သုံးခဲ့တယ်။ ကျွန်တော့်အတွေ့အကြုံအရ အသက်၂၀ ဝန်းကျင် လူရွယ်တစ်ယောက်က သာမန်ထက်လွန်ကဲတာ လုပ်နိုင်တာကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ထာဝရခန်းမကို ကြည့်ရတာ အတော် လျှို့ဝှက်တဲ့ပုံပဲ။ ခမ်းနားသောအနာဂတ်နဲ့လည်း နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိပုံပေါ်တယ်။”
လီကျွီရန်က ရယ်မောလိုက်ပြီး
“ခမ်းနားသော အနာဂတ်ကျောက်မျက်လုပ်ငန်းက ထာဝရခန်းမရဲ့စီးပွားခွဲထဲက တစ်ခုလေ။”
“ဘာ”
ခယ်ကျန်းထောင်၏အမူအရာ ပြောင်းလဲသွားပြီး အံ့သြသွားသည့်ပုံဖြစ်သည်။
လီကျွီရန်၏မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွားကာ အနည်းငယ်ဂုဏ်ယူသည့်အမူအရာ ဖြစ်ပေါ်လာကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းတော့သိမှာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်၂၀က ကျင်းမန်ကျွန်းကို ငါ ရောက်ဖူးတယ်။ အဲ့ဒီတုန်းက ငါက စီးပွားရေးမှာ ပြသနာအချို့ရှိခဲ့ပြီး သဘောၤတွေနဲ့ ကုန်သယ်တဲ့အလုပ်တွေလည်း လုပ်တာပေါ့ကွာ။ အဲ့ဒီတုန်းက ထာဝရခန်းမမှာလည်း အရွယ်အစားကြီးမားတဲ့ ရေတပ်ဖွဲ့တစ်ခုရှိပြီး အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ ဂူအမျိုးသမီးက လုပ်ငန်းပိုင်ရှင်ပဲ။ ငါ သူမအကြောင်းကို စုံစမ်းဖို့ လူတွေကို လွှတ်ပေမယ့် ဘာမှ မသိရရုံတင်မကဘူး လွှတ်လိုက်တဲ့လူတွေပါ လေထဲမှာ ပျောက်ကွယ်သွားသလို ပေါ်မလာတော့ဘူး။”
အံ့သြတုန်လှုပ်စွာဖြင့် ခယ်ကျန်းထောင်က စကားထောက်ပေးလိုက်သည်။
“ဦးလေးလီဆိုလိုတာက … ဦးလေး လွှတ်လိုက်တဲ့လူတွေကို ထာဝရခန်းမက လူတွေက ရှင်းပစ်လိုက်တယ်လို့ ပြောချင်တာလား။”
“မဟုတ်ဘူးကွ။ သူတို့ သေတော့မသေဘူး။ ဒါပေမယ့် သူတို့အဖမ်းခံရပြီး အာဖရိကတစ်နေရာက မိုင်းတွင်းဧရိယာကို အပို့ခံရပြီး အဲ့ဒီမှာ အထမ်းသမားတွေ ဖြစ်သွားကြတယ်။ အဲ့ဒီမိုင်းတွင်းဧရိယာက ထာဝရခန်းမက ပိုင်တဲ့မိုင်းတွင်းဧရိယာလေ။ သူမက ငါ့ရဲ့အယူခံလျှောက်လဲချက်ကို လိုက်လျောပေးပေမယ့် ငါက အချက်၂ချက် ကတိပေးသဘောတူခဲ့ရတယ်။”
ထိုနှစ်က ဖြစ်ပျက်ခဲ့သည်ကို နားထောင်နေရင်း ခယ်ကျန်းထောင်က မေးလိုက်သည်။
“ဦးလေး ဘာကတိပေးလိုက်ရတာလဲ။”
လီကျွီရန်က အလေးအနက်ထားကာ ပြောလိုက်သည်။
“ပထမ သူမက ငါ့ကို ထာဝရခန်းမအကြောင်း စုံစမ်းတာကို ရပ်လိုက်ဖို့ ပြောတယ်။ မရပ်ခဲ့ရင် ငါနဲ့ ငါ့ကုမဏီကို ကမ္ဘာပေါ်ကနေ ကွယ်ပျောက် သွားရလိမ့်မယ်။ ဒုတိယတစ်ခုက သူမက ငါ့ကို ထန်မျိုးရိုးနာမည် ထန်ရှုဆိုတဲ့လူတစ်ယောက်ကို ကူပြီးရှာစေချင်တယ်။”
ခယ်ကျန်းထောင်က ရုတ်တရက် ပြောလိုက်သည်။
“ဒါဆို ဦးလေး ထန်ရှုကို ဖိတ်ရတဲ့အကြောင်းက ထာဝရခန်းမက ရှာခိုင်းထားတဲ့ လူဖြစ်နေလို့ပေါ့။”
“မဟုတ်ဘူးကွ. အစက ငါ အဲ့ဒီကိစ္စကို သတိမရဘူး။ သူက အလွန်ထူးခြားတယ်လို့ခံစားရတယ်ဆိုပြီး သူ့ကို ဖိတ်လာတာ။ သူက ထာဝရခန်းမရဲ့ သူဋ္ဌေးလို့ပြောတော့မှ အဲ့ဒီနှစ်က ကိစ္စကို သတိရသွားတာ။”
ခယ်ကျန်းထောင်က ပြုံးလိုက်ပြီး
“ဦးလေးလီကတော့ တကယ်ကို အမြင်အာရုံစူးရှပါပေတယ်။ ဒါပေမယ့် ထာဝရခန်းမကို ကြည့်ရတာ ဦးလေးကိုတောင် ခြိမ်းခြောက်ရဲတယ်ဆိုတော့ အတော့်ကို မောက်မာနေတဲ့ပုံပဲ။”
“ကျန်းထောင် ဦးလေးရဲ့စကားကို မှတ်ထား။ မင်း ဘယ်တော့မှ ထာဝရခန်းမရဲ့ရန်သူတစ်ယောက် မဖြစ်စေနဲ့။”
လီကျွီရန်က အေးဆေးစွာ ပြောလိုက်သည်။
“ဦးလေးဆိုလိုတာက ထာဝရခန်းက အတော်စွမ်းအားကြီးတယ်ပေါ့ လက်ရှိဦးလေးထက်တောင်မှလေ။” ခယ်ကျန်းထောင်က အံ့အားသင့်စွာ မေးသည်။
လီကျွီရန်က တဒင်္ဂမျှ ငြိမ်သက်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဖြစ်နိုင်တာက ထာဝရခန်းမက ချမ်းသာကြွယ်ဝမှုမှာ ငါနဲ့ ညီတူကောင်းညီတူနိုင်ပေမယ့် ကြောက်စရာကောင်းတဲ့စွမ်းအားကိုတော့ ငါ သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့ကျန်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ လွန်ခဲ့တဲ့နှစ်၂၀က ကုန်သဘောၤတွေနဲ့သွားတုန်း ပင်လယ်ဓားပြတွေနဲ့ ကြုံခဲ့ရတဲ့မြင်ကွင်းကို ဘယ်တော့မှ မမေ့နိုင်မှာကို စိုးကြောက်မိတယ်။”
“ဘာမြင်ကွင်းလဲ။”
ခယ်ကျန်းထောင်က အလျင်အမြန် စကားထောက်ပေးလိုက်သည်။
ဒေါင်ရှကျွန်းများအား လှမ်းကြည့်လိုက်ရင်း တစ်လုံးချင်းပြောပြသည်။
“ငါးမန်းနက်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်ဓားပြအဖွဲ့က ဆယ်စုနှစ်များစွာ ဒေါင်ရှကျွန်းစုမှာ စခန်းချခဲ့တယ်။ သူတို့တွေမှာ လက်နက်၂၀၀ကျော် ရှိတာမို့ အင်အားကလည်း အတော်ကြီးတယ်လို့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် သဘောၤတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ ထာဝရခန်းမက အစောင့်၂၀ရဲ့လက်ချက်နဲ့ သူတို့အကုန် မျိုးပြုတ်သွားတယ်လေ။”
“ဘာ…”
ခယ်ကျန်းထောင် ကြောက်လန့်တကြား ထအော်မိသည်။
အဝေးသို့ ကြည့်နေသော သူ၏အကြည့်အား ပြန်ရုတ်သိမ်းကာ လီကျွီရန်က သူ့အား လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်သည်။
“မင်း နားကြားမှားတာမဟုတ်ဘူး။ အဲ့ဒီဓားပြတွေကို ထာဝရခန်းမကလူတွေက သေနတ်မပါဘဲ လုံး၀ ချေမှုန်းပစ်လိုက်တာ။ သူတို့ယူလာတာ ဓားမြှောင်တစ်ချောင်းစီပဲ။ ဓားပြတွေအနားမှာ ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့တိုက်ခိုက်ကြတာ။ ဓားပြအယောက်၂၀၀ကျော် အသတ်ခံလိုက်ရပေမယ့် ထာဝရခန်းမက လူ၂၀က တစ်ယောက်ပဲ အပြင်းအထန် ဒဏ်ရာရတယ်။ ၆ယောက်က ဒဏ်ရာအသေးအဖွဲနဲ့ အသေအပျောက်လုံးဝမရှိဘူး။”
“ရှူး…”
ခယ်ကျန်းထောင် တုန်ရီသွားကာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရသည်။
သူ၏ပခုံးအား ခပ်ဖွဖွပုတ်လိုက်ပြီး လီကျွီရန်က လေးနက်စွာ ပြောလိုက်သည်။
“အဲ့ဒါကြောင့်မို့ ဦးလေးစကားကို မှတ်ထားပါ။ ထာဝရခန်းမရဲ့ရန်သူတစ်ယောက် မဖြစ်လာစေနဲ့။ သူတို့က ထိတ်လန့်စရာကောင်းလောက်အောင် ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းတယ်။ ငါ့ရဲ့သက်တော်စောင့်တွေ အလွန်စွမ်းအားကြီးပြီး စွမ်းအားရှိတဲ့သူတွေအများအပြား ငါ လေ့ကျင့်ပေးတာတောင်မှ သူတို့ကို ဘယ်တော့မှ မယှဉ်နိုင်ဘူး။”
“ကျွန်တော့်စိတ်ထဲမှတ်ထားပါ့မယ်။” သူ၏မျက်လုံးထဲတွင် ထူးခြားသော အရောင်လက်သွားကာ ခယ်ကျန်းထောင်က ခေါင်းကို လေးပင်စွာ ညိတ်ပြလိုက်သည်။
ဟောင်ကောင် ကောင်လွန်းကမ်းခြေ….
ထာဝရခန်းမသည် အလွန်ကျယ်ဝန်းသောဧရိယာတွင် ရှိပြီး ရှေးဟောင်းမျှော်စင်ပုံစံစားသောက်ဆိုင်ဖြစ်ပြီး မျှော်စင်၄ခုရှိကာ အထပ်၅ထပ်စီ ရှိသည်။ ထိုမျှော်စင်ပုံစံစားသောက်ဆိုင်၄ခုအကြားတွင် ခုနှစ်ထပ်အဆောက်အဦး တစ်ခုရှိသည်။ ပုံမှန်အားဖြင့် ထိုအလယ်စားသောက်ဆိုင်အား ထာဝရခန်းမသည် လူထုအား ဖွင့်လှစ်ကာမရောင်းချပေ။ အထူးဧည့်သည်တော်များ လာရောက်လည်ပတ်သည့်အခါတွင်သာ တရားဝင်ဖွင့်လှစ်ပေမည်။
ထိုစားသောက်ဆိုင်၄ခုတွင် မန်နေဂျာတစ်ယောက်စီ ရှိပြီး ထျန်းလီမှာ အထွေထွေမန်နေဂျာဖြစ်သည်။
“အကြီးအကဲထျန်း … ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။”
မြောက်ဘက်စားသောက်ဆိုင်၏သုံးလွှာတွင် သက်လတ်ပိုင်း လူကြီးလူကောင်းတစ်ယောက်သည် ထျန်းလီဘေးတွင်ရပ်ကာ ညင်သာစွာ မေးလိုက်သည်။ သူသည် မြောက်ပိုင်းစားသောက်ဆိုင်၏မန်နေဂျာဖြစ်သူ သန်းကျန်းဖြစ်သည်။
“သူဋ္ဌေး မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ အဲ့ဒီလူတွေ စားသောက်ဆိုင်ကို တိုက်ခိုက်ရဲရင် ငါတို့ ချက်ချင်းပြန်တိုက်မယ်။ ဒါပေမယ့် သူတို့ကို မသတ်နဲ့။ မသန်မစွမ်းဖြစ်အောင်ပဲ လုပ်။”
ထျန်းလီက အေးစက်တင်းမာသောလေသံဖြင့် ပြောလိုက်သည်။
“နားလည်ပါပြီ။”
သန်းကျန်းက ဒဏ္ဍာရီသဖွယ်ဖြစ်သော သူဋ္ဌေးကြီးအကြောင်းအား စူးစမ်းလိုသော်လည်း မဖော်ပြရဲချေ။
ဟောင်ကောင်ရှိ ထာဝရခန်းမပိုင်ဆိုင်သော မြောက်ဘက်စားသောက်ဆိုင်၏မန်နေဂျာဖြစ်လာခြင်းသည် မြင့်မားသော နေရာတစ်ခုဟု သတ်မှတ်နိုင်သော်လည်း သူသည် သူဋ္ဌေးလေးကိုသာ မြင်ဖူးပြီး သူဋ္ဌေးကြီးအား တစ်ခါမှ မတွေ့ဖူးချေ။
သူတို့၏အနောက်တွင် ခပ်ဟော့ဟော့ ဝတ်စားထားသော ဟောင်လဲ့သည် စီးကရက်အား လက်ကြားညှပ်ကာ ပျင်းရိစွာ ခြေချိတ်ထိုင်နေသည်။
“ကြည့်ရတာ ငါတို့ရဲ့သူဋ္ဌေးအသစ်ကလည်း အတော် ရက်စက်မယ့်ပုံပဲ။ အဲ့ဒါ အကြီးအကဲကျိ သူနဲ့ရှိနေလို့များလား။”
ထျန်းလီက သူမဘက် လှည့်ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“အကြီးအကဲကျိက ဟောင်ကောင်ကနေ ကျင်းမန်ကျွန်းကို ပြန်သွားတာ နာရီဝက်လောက်ရှိပြီ။”
ဟောင်လဲ့၏မျက်နှာထက်တွင် အံ့အားသင့်သွားဟန်ဖြစ်ပေါ်လာပြီး
“ထျန်းလီ … ငါတို့ရဲ့ သူဋ္ဌေးအသစ်အကြောင်း နင် ဘယ်လောက်သိလဲ။”
သူမအား ကြည့်ကာ ထျန်းလီက ခေါင်းယမ်းလျက်
“နင့်လောက် အများကြီးမသိမှာပဲ ငါစိုးတယ်။”
ဟောင်လဲ့က မျက်လုံးအဝိုင်းသားဖြစ်သွားကာ ပွစိပွစိ ပြောတော့သည်။
“ဟမ့် နင်က ကစားချင်နေတာလား။အရင်တုန်းက နင်က ဉာဏ်ကောင်းပါတယ်။ ကြားရတဲ့သတင်းတွေအရဆိုရင် ငါတို့ထဲမှာ အသန်မာဆုံးလည်း ဖြစ်တယ်။ လာပါ နင်သိသလောက် ငါ့ကို ပြောပြပါ။”
“သူဋ္ဌေးက အလွန်လိုက်လျောညီထွေဖြစ်ပြီး ငယ်သေးတယ်။ အကြီးအကဲကျိက သူမ မထွက်ခွာခင်က ငါ့ကို ပြောခဲ့တယ်။ မိုအားဝမ်နဲ့ မိုအားဝူတို့ရဲ့အခွင့်အရေးက လာပြီတဲ့ အဲ့ဒါက သူဋ္ဌေးရဲ့အမိန့်အရတဲ့။”
အခွင့်အရေးဟုတ်လား။ ဟောင်လဲ့ ကြောင်သွားပြီး ရုတ်ခြည်းပင် ဆိုဖာမှ ခုန်ထာလာကာ အရောင်တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် အော်မိသည်။
“နင်ဆိုလိုတာက သူတို့ သင်ယူပြီးပြီ….”
အားကျနေသော မျက်ဝန်းများဖြင့် ထျန်းလီက ပြောသည်။
“ဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့လည်း ငါတို့အခွင့်အရေးကို ယူရမယ်။ ငါတို့ အဲ့ဒါကို ရရင် အဆင့်တက်လှမ်းနိုင်မယ်။ မရရင် အချိန်အကြာကြီး စောင့်နေရနိုင်တယ်။”
ဟောင်လဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“ငါ ဒီအခွင့်အရေးကို ရအောင်ယူရမယ်။ သူဋ္ဌေးက ငါ့ကို ပြုစုခိုင်းမယ်ဆိုရင်တောင်မှ အရာရာကို စွန့်လွှတ်ပြီး လုပ်ပေးဦးမှာ။”
“ခွိ…”
ထျန်းလီ ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ပေ။ သူမက ဟောင်လဲ့အား စိုက်ကြည့်လိုက်ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
“သူဋ္ဌေးရှေ့မှာ ငါတို့လုပ်ဖို့ တစ်ခုပဲလိုတယ်။”
“ဘာများလဲ။”
“နာခံမှု။ အကြွင်းမဲ့ နာခံမှု။ သူဋ္ဌေးက ငါတို့ကို သေစေချင်ရင်တောင် နင် ဘယ်တော့မှ နောက်မတွန့်ရဘူး။”
ထျန်းလီက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
မျက်လုံးအဝိုင်းသားဖြင့် ဟောင်လဲ့က ဆိုဖာဆီပြန်သွားကာ ခြေချိတ်ထိုင်လိုက်ရင်း
“အဲ့ဒါကို ပြောဖို့ လိုသေးလို့လား။ အရင်တုန်းက သူဋ္ဌေးကြီးရော အခုအသစ်သူဋ္ဌေးကြီးရောက ငါတို့အသက်တွေကို ပိုင်ပါတယ်။”
ထျန်းလီ၏ဘေးတွင် ရပ်နေသော သန်းကျန်းသည် ထိုစကားများအား နားထောင်ရင်း သူ၏ရင်ထဲ၌ သိလိုစိတ်များ ပိုမိုပြင်းပြလာခဲ့သည်။ ထျန်းလီနှင့်ဟောင်လဲ့တို့၏စကားများမှ မည်သည့်သဲလွန်စမှ သူ မရရှိသော်လည်း သူတို့ ပြောနေသည့် အခွင့်အရေးသည် ထာဝရခန်းမ၏ အဓိက လျှို့ဝှက်ချက်ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။
ထျန်းလီနှင့် ဟောင်လဲ့တို့ မည်မျှသန်မာသည်ကို တခြားသူများ မသိရင်မသိနိုင်သော်လည်း သူကမူ ကောင်းစွာသိသည်။ အတိတ်တွင် ထျန်းလီ သူ့အား ကယ်တယ်ခဲ့စဉ်က သူမ ပြခဲ့သော တိုက်ခိုက်မှုခွန်အားသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူတို့ အခွင့်အရေးရနိုင်တယ်လို့ သူတို့က ပြောတယ်။ ငါရောပဲ ရနိုင်မလား…
တိတ်တဆိတ် ကြိတ်တွေးရင်း သန်းကျန်း မျှော်လင့်ချက်အပြည့်နှင့်ဖြစ်သည်။
သူ၏ခေါင်းအား လှည့်ကာ ပြတင်းပေါက်မှတဆင့် အပြင်သို့ ကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူ ခေါင်းယမ်းမိပြီး လေးနက်စွာ ပြောလိုက်သည်။
“အကြီးအကဲ ထျန်း … ဟိုဘက်က သူဋ္ဌေးတွေ လာပြီ။”
ပြတင်းပေါက်ဘက်လှည့်ကာ ထျန်းလီ အောက်ငုံ့ကြည့်လိုက်ရာ အနက်ရောင်ကား ၁၀စီးခန့်သည် လျင်မြန်စွာ ချဉ်းကပ်လာပြီး မြောက်ဘက်စားသောက်ဆိုင်၏အရှေ့တွင် ရပ်သွားသည်။ လူ၂၀ထက်မနည်းသော သက်တော်စောင့်များ ဆင်းလာသည့်နည်းတူ လူ၃ဦးသည် ကား၃စီးမှ ဆင်းလာခဲ့သည်။ ထိုလူ၃ယောက်အား သူမ မြင်ဖူးသည်။ ထိုသူများမှာ
ကျန်းအုပ်စု၏သူဋ္ဌေးကြီး ကျန်းဘ၊ ဝမ်ယွမ်အိမ်ခြံမြေလုပ်ငန်း၏သူဋ္ဌေးကြီး ချန်းကျန်းရီနှင့် ဒုကန်ဝိုင်လုပ်ငန်းမှ သူဋ္ဌေးကြီး ဒုချန်းဇီတို့ဖြစ်သည်။ ထို၃ဦး၏အနောက်မှ သူမ ရိုက်ခဲ့သော ဒုရန်က လိုက်ပါလာသည်။
“သန်းကျန်း … သူတို့ကို ကြိုပြီး ဒုတိယထပ်က ခန်းမကို ခေါ်သွားပါ။”
“ဟုတ်။”
သန်းကျင်းသည် သူ၏ရင်ထဲမှ စိုးရိမ်စိတ်နှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။ ထာဝရခန်းမသည် စွမ်းအားကြီးသော တိုက်ခိုက်ရေးသမားများအား ပိုင်ဆိုင်ထားသည်ကို သူသိသော်လည်း ယခုအကြိမ်သည် အင်အားကြီး၃စုအား ပြစ်မှားလိုက်မိပြီဖြစ်သည်။ သူ စိတ်ပူနေသည်မှာ ထာဝရခန်းမသည် ထိုသူများ၏ပြိုင်ဖက်မဟုတ်ခဲ့ပါက သူတို့၏မျက်နှာများသည် အမှန်တကယ်ပင် စုတ်ပြတ်သတ်နေမည်ကို ဖြစ်သည်။
ဟောင်လဲ့ဘက်လှည့်ကာ ထျန်းလီက ပြောသည်။
“ဒုတိယထပ်မှာ သူတို့ကို စောင့်ခိုင်းပြီး အချိန်မဖြုန်းကြရအောင်။ ဒီနေ့ ဆွေးနွေးတာ အဆင်မပြေဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အပြတ်ဆော်ရမယ်။”
ဟောင်လဲ့က ပြုံးလိုက်ပြီး
“ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာပဲ။ သူဋ္ဌေးက တကယ်ပဲ သူတို့အားလုံးကို သတ်ခိုင်းတယ်ဆိုရင် အဲ့ဒီအခွင့်အရေး ငါ့ကို ပေးစမ်းပါဟာ။ ဒီနှစ်တွေမှာ နှစ်တိုင်း အာဖရိကက ရွှေတွင်းနဲ့ စိန်တွင်းတွေဆီကို သွားတဲ့အချိန်ပဲ ခြေလက် ဆန့်လို့ရတာ။ အဲ့ဒါက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်။”
ထျန်းလီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး
“နင်ကမှ ကောင်းသေးတယ်။ နှစ်တိုင်း ခြေလက် လှုပ်ရှားနိုင်တယ်။ ငါ့မှာသာ။ ငါ သွေးမမြင်ရတာ နှစ်အတော်ကြာပြီပေါ့။ ကျင်းမန်ကျွန်းကို ပြန်ပြီး အခြားလူတွေနဲ့ နေရာချင်း ငါ လဲသင့်နေပြီ။ ငါတို့နေရာချင်းလဲဖို့ သူဋ္ဌေးကို ငါ တင်ပြရင်ရော ဘယ်လိုလဲ။”
“မရဘူး။”
ဟောင်လဲ့ မျက်နှာပျက်သွားကာ အမြန်အော်လိုက်သည်။
“ခွိ…”
ထျန်းလီထံမှ ရယ်သံထွက်လာကာ ဟောင်လဲ့အား စနောက်သောအပြုံးတစ်ချက် ပေးလိုက်ပြီး တံခါးဆီသို့ လျှောက်သွားတော့သည်။
မြောက်ဘက်ဆိုင်ရှိ ဒုတိယထပ်မှ ခန်းမသည် လူရာပေါင်းများစွာအား ဧည့်ခံနိုင်သည်အထိ ကြီးမားသည်။ သို့သော် ထိုခန်းမအတွင်းရှိ စားပွဲကုလားထိုင်များအား ဖယ်ရှားထားပြီး ကော်ဇော်နီထက်တွင် ကုလားထိုင်တစ်လုံးသာ ချန်ထားသည်။ ထိုနေရာတွင် ထျန်းလီ ခေါ်ဆောင်လာသော ကျန်းယုနှင့် ချန်းဖေးတို့သည် ကုလားထိုင်၏အရှေ့တွင် ဒူးထောက်လျက်သား ရှိနေပြီး သန်မာတောင့်တင်းသောလူ၄ယောက်မှ စောင့်ကြပ်နေသည်။
အရှက်နှင့် ဒေါသတရား…!
သူတို့နှစ်ဦးသည် ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာကြသူများဖြစ်ပြီး ဘဝတွင် ဇိမ်ခံပစ္စည်းများဖြင့် သာလွန်ကောင်းမွန်စွာ နေထိုင်လာခဲ့ရကာ မြှောက်ပင့်ကပ်ဖားနေကြသူများအကြားတွင် ပျော်မွေ့လာကြသူများဖြစ်ပေသည်။ သို့သော် မည်သည့်အကြောင်းကြောင့် သည်နေ့ကဲ့သို့သော မကောင်းဆိုးဝါးကောင်နှင့်ရင်ဆိုင်နေရပါသနည်း။ ဘယ်လိုတောင် ပြင်းထန်စွာ အရိုက်ခံရထားပြီး သည်နေရာတွင် ဒူးထောက်ရန် ဖိအားပေးခံရကာ မိဘများအား စောင့်ဆိုင်းနေရပါသနည်း။
***