ရိုက်ချက်
Vol. 06 Ch. 281
ထျန်းလီနှင့် ဟောင်လဲ့တို့ ဒုတိယထပ်ရှိ ခန်းမသို့ လာကြသောအခါ ကျန်းယုနှင့် ချန်းဖေးတို့က ဒေါသတရားနှင့်ဒူးထောက်နေသည်ကို တွေ့ရသဖြင် သူတို့၏မျက်ဝန်းများထဲတွင် မနှစ်သက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ထိုနှစ်ယောက်၏နောက်ခံသာ ကြီးမားမှုမရှိခဲ့ပါက သူမတို့၏သူဋ္ဌေးကြီးအား ပြစ်မှားရဲသည့်အတွက် ထိုနှစ်ယောက်အား သတ်ပြီးဖြစ်ပေလိမ့်မည်။
“ထျန်းလီ … ငါ့ကို လွှတ်ပေးစမ်း။”
ထျန်းလီကိုတွေ့သောအခါ ကျန်းယုက ရုတ်ခြည်းပင် ကြမ်းပြင်မှ ခုန်ထလာသော်လည်း စောင့်ကြပ်နေသည့် အစောင့်၂ယောက်မှ သူ၏ပခုံးအား တင်းကျပ်စွာ ကိုင်ထားပြီး တစ်ယောက်က လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။
ထျန်းလီက ခနိုးခနဲ့ဟန်ဖြင့်
“နင် ပိုပြီးမနာချင်ရင် ရုန်းဖို့ မကြိုးစားနဲ့။ နင်တို့မိဘတွေ မကြာခင် ရောက်တော့မယ်။ သူတို့က နင်တို့ကို အပြစ်မပေးချင်ရင် ငါက အဲ့ဒါကို လုပ်ပေးရမှာပေါ့။ ငါ့ကို လူသတ်ရအောင် တွန်းအားမပေးနဲ့။ နားလည်ထား။”
အထိုးခံရသဖြင့် မူးဝေသွားသောကြောင့် ကျန်းယု ထပ်ပြီး မရုန်းကန်ရဲတော့ချေ။
ဒူးထောက်နေရင်း ချန်းဖေး၏မျက်လုံးများသည် တောက်လောင်နေခဲ့သည်။ ကျန်းယု အထိုးခံရသည်ကို မမြင်လိုက်ပါက သူ မတ်တတ်ရပ်လိုက်သည်မှာ ကြာရော့ရှိပေမည်။ သက်ပြင်းကို လေးပင်စွာ ချရင်း သူက ထျန်းလီအား စိုက်ကြည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
“ထျန်းလီ… ခင်ဗျားရဲ့ ထာဝရခန်းမစားသောက်ဆိုင်က အလွန်နာမည်ကြီးပြီး ဟောင်ကောင်မှာ ကောင်းမွန်တဲ့ စီးပွားရေးလည်း ရှိတယ်။ ဒါကို ခင်ဗျားက ကျွန်တော့်ကို ဆန့်ကျင်ရဲတယ်ပေါ့။ စောင့်ကြည့်နေလိုက်စမ်းပါ။ ခင်ဗျား အလှည့် မကြာခင် ရောက်လာတော့မယ်။ အချိန်ကျလာတာနဲ့ ခင်ဗျားကို ကျွန်တော့်ရှေ့မှာ ဒူးထောက်တောင်းပန်ခိုင်းထားမယ်။”
“သောက်ရူးတစ်ကောင်ပဲ။”
ထိုအကောင်အား စကားပြန်ပြောမနေတော့ပဲ ထျန်းလီက လက်ပိုက်ကာ စောင့်နေခဲ့သည်။
ထာဝရခန်းမ၏မြောက်ဘက်စားသောက်ဆိုင်ရှေ့တွင် ရှူတည်တည်မျက်နှာထားဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူ၁၀ယောက်က ကားပေါ်မှ ဆင်းလာသော ကျန်းထျန်းဘ၊ ချန်းကျန်းရီနှင့် ဒုချန်ဇီတို့အား ကြည့်နေခဲ့သည်။ ထိုသူတို့၏အနောက်မှ လိုက်ပါလာသောလူများ၏ရွေ့လျားမှုသည် ပိုမိုနီးကပ်လာသောအခါ အရေအတွက် ရာဂဏန်းခန့်ရှိသည်ကို တွေ့ရသည်။
“ဘေးတစ်ဖက်တစ်ချက်မှာ ရပ်။”
အမိန့်ပေးသံနှင့်အတူ သန်းကျန်းသည် အစောင့်၄ယောက်၏အနောက်တွင် ပေါ်လာပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူ၁၀ယောက်က ရုတ်ခြည်းပင် လမ်းတစ်ခု ဖွင့်ပေးလိုက်သည်။
အကြင်နာကင်းမဲ့ကာ အေးစက်သော အရိပ်အယောင်သည် ကျန်းထျန်းဘ၏ မျက်ဝန်းများထဲတွင် လူသတ်လိုစိတ်နှင့်အတူ ဖြစ်ပေါ်လာသည်။ သူက သန်းကျန်းအား အေးစက်စွာ ကြည့်လိုက်ပြီး
“ဒီထာဝရခန်းမလေးက ဒီလိုရူးသွပ်တာမျိုး လုပ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားမိဘူး။ ဒါက ဟောင်ကောင်ကွ … ကျင်းမန်ကျွန်း မဟုတ်ဘူး။ ငါတို့ကို စော်ကားတဲ့အတွက် မင်း ဒီမှာပဲ သေချင်သလား။”
သန်းကျန်းက ထီမထင်ဟန်ဖြင့်
“ငါတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီလို့ မင်းထင်ရင် မင်းရဲ့လူတွေကို လှုပ်ရှားဖို့ ပြောလိုက်လေ။ မင်းတို့ ပြသနာအကြီးတစ်ခု လုပ်ခဲ့ပြီးမှ သေချာပေါက် ဒီနေရာမှာ ပြသနာရှာချင်သေးတာတော့ မဟုတ်ဘူးမလား”
ဒေါသအား မျိုသိပ်ကာ ကျန်းထျန်းဘက အံကြိတ်လိုက်ပြီး
“တော်ပြီ။ ငါ့သားက ဘယ်မှာလဲ။”
“အထဲမှာ။” သန်းကျန်းက ပြောသည်။
“ထျန်းလီနဲ့တွေ့ဖို့ ခေါ်သွားပေး။” ကျန်းထျန်းဘက အေားစက်စွာ ပြောလိုက်သည်။
သန်းကျန်းက ရုပ်သေဖြင့် တုံ့ပြန်လိုက်သည်။
“မင်းတို့ အထဲကို ဝင်နိုင်တယ်။ ဒါပေမယ့် ဒီလူတွေကတော့ အပြင်မှာပဲ နေခဲ့ရမယ်။ ကျန်းထျန်းဘ၊ ချန်းကျန်းရီနဲ့ ဒုရန်ဇီတို့က မင်းတို့လူ၂ယောက်စီ အထဲကို ခေါ်သွားနိုင်တယ်။ အဲ့လိုမှမဟုတ်ရင် မင်းတို့က ငါတို့ကို ဆန့်ကျင်နေတယ်လို့ မြင်မိနေလိမ့်မယ်။”
ချန်းကျန်းရီက ရှေ့သို့တက်လာကာ အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ဘယ်သူလဲဆိုတာ မင်းသိနေပေမယ့် မင်းက မောက်မာရဲသေးတာလား။ ကြည့်ရတာ ထာဝရခန်းမမှာ ရဲရင့်သူတွေအများကြီးရှိတဲ့ပုံပဲ။ ဒါပေမယ့် မင်းတို့မှာ တကယ်ရော အရည်အချင်းရှိရဲ့လားလို့ ငါ ကြည့်ချင်စမ်းပါဘိ။”
ထိုသို့ပြောပြီး သူ၏အနောက်မှ သက်တော်စောင့်၂ယောက်အား ခေါင်းညိတ်အချက်ပြလိုက်ပြီး ဦးဆောင်ဝင်သွားသည်။ ထာဝရခန်းမအား ချေမွခြင်းသည် ထိုအခိုက်အတန့်တွင် ကျန်းထျန်းဘ လိုချင်သော အရာမဟုတ်ပေ။ အဆုံးတွင် သူ၏သားသည် ထိုသူများ၏လက်ထဲတွင် ရှိနေသေးသည်။ သူ၏ရင်တွင်းမှ ဒေါသများ ပိုမိုပြင်းထန်လာသော်လည်း သူ၏သက်တော်စောင့်၂ယောက်နှင့်အတူ ဝင်သွားခဲ့သည်။
သူ၏အနောက်မှ ဒုချန်ဇီသည် ဒုရန်နှင့် သက်တော်စောင့်တစ်ယောက်အား ခေါ်ယူကာ ဝင်လာရင်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ငါ့သားက မင်းတို့လက်ထဲမှာ မဟုတ်ပေမယ့်လည်း မင်းတို့နေရာက ကျားသိုက် ဟုတ် မဟုတ် ငါ ကြည့်ချင်တယ်။”
သန်းကျန်း ပြန်လည်မတုံ့ပြန်တော့ဘဲ ထိုသူများအား ဒုတိယထပ်သို့ ခေါ်ဆောင်လာသည်။ ခန်းမတံခါးအား ဖွင့်ပြီးနောက် သူသည် ထျန်းလီဆီ တည့်တည့်မတ်မတ် လျှောက်သွားပြီး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။
ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့သည် သားဖြစ်သူများအား ဖိအားပေးကာ ဒူးထောက်ခိုင်းထားပြီး မျက်နှာများလည်း ပြင်းထန်စွာ အရိုက်ခံထားရသည်ကို တွေ့သောအခါ ၎င်းတို့၏ဒေါသများအား မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် ပေါက်ကွဲလာကြသည်။
“ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းက ထျန်းလီပေါ့ ဟုတ်လား။ မင်းမှာ ဒီလိုသတ္တိကြီး ရှိလိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး။ ကြည့်ရတာ ဒီကိစ္စက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမှာ မဟုတ်ပုံပဲ။” ကျန်းထျန်းဘက လေသံတင်းမာစွာ ပြောလိုက်သည်။
ထျန်းလီက ခံစားချက်မရှိဟန်ဖြင့်
“ကောင်းသားပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမယ် မပြီးဘူးကတော့ ရှင် ဆုံးဖြတ်ပေါ့။ သူဋ္ဌေးက နောက်ဆုံးပြောခဲ့တာသာ မရှိရင်၊ ရှင့်သားကလည်း ဒီနေရာမှာ ဒူးမထောက်ဘူးဆိုရင် အလောင်းဖြစ်တာ ကြာပြီပေါ့။”
“မင်း လုပ်ရဲသလား။” ကျန်းထျန်းဘ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အေးစက်မှုန်ကုတ်နေဟန်ရှိသော ချန်းကျန်းရီက ထျန်းလီအား စူးစူးနစ်နစ် စိုက်ကြည့်နေပြီးမှ သူ၏အကြည့်များသည် ဖျစ်ညှစ်ပြုံးထားဟန်ရှိသော ဟောင်လဲ့ဆီသို့ ရောက်သွားကာ အေးစက်စက်လေသံဖြင့်
“အကြီးအကဲဟောင်ကလည်း ဒီပြသနာထဲ ဝင်ပါမလို့လား။”
ဟောင်လဲ့က ရယ်မောလိုက်ရင်း
“ကျွန်မ ဝင်မပါရင် သူဋ္ဌေးက ကျွန်မကို ကန်ထုတ်လိမ့်မယ်။ သူဋ္ဌေးက မျက်နှာသာပေးဖို့ နည်းလမ်းမရှိတော့ ဒီကို အပြေးလာရတော့တာပဲ။”
ချန်းကျန်းရီ မျက်မှောင်ကြုပ်သွားရင်း
“မင်းရဲ့သူဋ္ဌေး ဟုတ်လား။ ဆိုလိုတာက ထာဝရခန်းမနဲ့ ခမ်းနားသောအနာဂတ်တို့က ပိုင်ရှင်တစ်ဦးတည်းပေါ့။”
ဟောင်လဲ့က ပြုံးလိုက်ရင်း
“ရှင်က စမတ်ကျသားပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ဒီလိုမိုက်မဲတဲ့ သားတစ်ယောက်ကို မွေးထားရတာလဲ။ ကျွတ် … ကျွတ် ရှင့်မိန်းမက ရှင့်ကို ညာထားပြီး သူက ရှင့်သွေးသားမဟုတ်ဘူးလို့တော့ ကျွန်မကို မပြောဘူးမဟုတ်လား။”
“ယီးပဲ။” ချန်းကျန်းရီက စိတ်တွင်းမှ တုန်လှုပ်သွားသော်လည်း ဒေါသတကြီး အော်ဟစ်နေသေးသည်။
ချန်းကျန်းရီ၏အော်သံအား မကြားသည့်အလား ဟောင်လဲ့က ပြုံးကာ သူမဘာသာ ရေရွတ်နေသည်။
“ဒါလည်း မမှန်သေးပါဘူး။ သူသာ ရှင့်သားမဟုတ်ရင် သူ့ကို ကယ်ဖို့ ဒီကို ရှင်အပြေးလာမှာမဟုတ်ဘူး။ ဒါမှန်တယ်။ ရှင်တို့သားအဖတွေက ဒီအင်န်အေ(မျိုးရိုးဗီဇတူ မတူ)တော့ စစ်ပြီးပြီလို့ ကျွန်မ ယုံတယ်။”
သူမအား ဒေါသကြီးစွာ ကြည့်လိုက်ပြီး ချန်းကျန်းရီ၏အကြည့်များသည် ထျန်းလီဆီသို့ ရောက်သွားကာ ကြိမ်းမောင်းလိုက်သည်။
“ငါ့သားကို လွှတ်ပေးဖို့ မင်းဘာလိုချင်တာလဲ။”
ထျန်းလီက ခေါင်းကို ယမ်းပြီး ပြန်ဖြေသည်။
“ဒီဟာက ကျွန်မတို့ ပြန်ပြောရမယ့်အရာ မဟုတ်ဘူး။ ကျွန်မတို့ သူဋ္ဌေးက ဒီကိုလာနေပြီ။ အဲ့ဒီအကြောင်းအရာ ဆွေးနွေးဖို့ သူ့ကို စောင့်ရမယ်။”
“မင်းရဲ့သူဋ္ဌေးက ဘယ်သူလဲ။” ချန်းကျန်းရီက အေးစက်စွာ မေးလိုက်သည်။
ထျန်းလီက ထီမထင်ဟန်ဖြင့် သရော်လိုက်သည်။
“ရှင် သူ့အကြောင်းကို သိချင်ရင် စောင့်မှရမယ်။”
ထိုအခိုက်အတန့်တွင် ဒုချန်ဇီ၏အနောက်တွင် ရပ်နေသော ဒုရန်သည် ကျန်းယုနှင့် ချန်းဖေးတို့အား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ထျန်းလီအား ရန်မရှာခဲ့သည်မှာ သူ ကံကောင်းသည်ဟု တိတ်တဆိတ် တွေးနေမိသည်။ သို့မဟုတ်ပါက ထို၂ယောက်နည်းတူ သူလည်း ဒူးထောက်နေရပေလိမ့်မည်။
သူ၏ဖခင်ဖြစ်သူ ဒုချန်ဇီမှာမူ အထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ဟောင်လဲ့ကို မြင်လိုက်ရသောကြောင့် မျက်မှောင်ကြုပ်လျက်ရှိသည်။ ထာဝရခန်းမနှင့် ခမ်းနားသော အနာဂတ်တို့သည် သူဋ္ဌေးတစ်ယောက်တည်းမှန်း သူ ထင်မထားခဲ့ပေ။ ခမ်းနားသော အနာဂတ်သည် အတော် အင်အားကြီးပြီး အာဖရိကရှိ ရွှေတွင်းနှင့် စိန်တွင်းအချို့အား တစ်ဦးတည်း လုပ်ကိုင်နေသည်ကို သူ သိထားပေသည်။ ထိုလုပ်ငန်းစုသည် အပေါ်ယံတွင် ဘီလီယံအနည်းငယ် ပိုင်ဆိုင်မှုရှိသည့်ဟန် ထင်ရသော်လည်း တကယ်မည်မျှ ပိုင်ဆိုင်ထားကြောင်း မည်သူမျှ မသိကြချေ။
အမြင်ရှိသော ဒုချန်ဇီသည် ထျန်းလီနှင့် ဟောင်လဲ့တို့ မည်မျှ အကြောက်တရား ကင်းမဲ့ပုံကို သူ မြင်နိုင်ပေသည်။ ဒေါသတကြီး ဖြစ်နေသော ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား ကြည့်ရင်း မည်သို့မျှ မတတ်နိုင်သော်လည်း ပညာရှိစွာဖြင့် တိတ်တဆိတ်နေရန် သူ ရွေးချယ်လိုက်သည်။
သည်နေ့တွင် ဖြစ်ပျက်ခဲ့သောအကြောင်းအရာအား သူ သိရှိပြီးဖြစ်ပြီး သည်အချင်းအရာသည် သူ နောက်ဆုတ်နိုင်သော သက်သေဖြစ်သည်။ သူ နောက်မှ လိုက်လာခဲ့သော်လည်း ကျန်းထျန်းဘနှင့် ချန်းကျန်းရီသည် ထာဝရခန်းမနှင့် ခမ်းနားသော အနာဂတ်အား ဘာမှ လုပ်နိုင်ခြင်း မရှိပါက သူ နောက်ပြန်ဆုတ်ကာ တန်းတောင်းပန်နိုင်ပေသည်။ သူ့သား အရိုက်ခံရသည့်ကိစ္စကိုလည်း သူသည် တိတ်ဆိတ်စွာ မျိုချလိုက်ရုံမှတစ်ပါး တတ်နိုင်သည့်အရာ မရှိချေ။
၁၀မိနစ်ကျော် ကြာပြီးနောက် ထန်ရှုသည် မိုအားဝမ်၊ မိုအားဝူ၊ ကျန်းရှင်းယာတို့နှင့်အတူ ဟောင်ကောင်ရှိ ထာဝရခန်းမစားသောက်ဆိုင်သို့ ရောက်လာကြသည်။ လုံခြုံရေး၁၀ယောက်သည် ထန်ရှုအား မသိသော်ငြား မိုညီအစ်ကို၂ယောက်အား သိကြသောကြောင့် သူတို့အား အရိုအသေပေးကာ လမ်းဖွင့်ပေးသည်။
“ထျန်းလီ ဘယ်မှာလဲ။” အစောင့်များအား ကြည့်ကာ ထန်ရှုက လေးနက်သောအသံဖြင့် မေးသည်။
ထိုအစောင့်က မိုညီအစ်ကို၂ယောက်အား ကြည့်လိုက်ရင်း ချက်ချင်းပင် သူ့အား မေးသူသည် သူဋ္ဌေးကြီးအသစ်မှန်း သိလိုက်သောကြောင့် အလျင်အမြန် ဖြေလိုက်သည်။
“ဒုတိယထပ်က ခန်းမမှာပါ။”
အစောင့်အနည်းငယ်၏လမ်းပြမှုအောက်တွင် ထန်ရှုသည် အပေါ်ထပ်သို့ တက်သွားသည်။ ခန်းမအတွင်းသို့ ဝင်လာသည်နှင့် ကျန်းထျန်းဘနှင့် အခြားသူများ၏အခြေအနေအား မျက်စိတစ်ချက်ဝေ့ကာ ကြည့်လိုက်သည်။ ထို့နောက် သူသည် ထျန်းလီနှင့် ဟောင်လဲ့တို့ မတ်တတ်ရပ်နေသော အလယ်ကြားရှိ ကုလားထိုင်ဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။
“မင်းက ထာဝရခန်းမနဲ့ ခမ်းနားသောအနာဂတ်တို့ရဲ့ သူဋ္ဌေးပေါ့။”
ထန်ရှုအား အထင်သေးစွာ ကြည့်ပြီး ချန်းကျန်းရီက အေးစက်စွာ မေးလိုက်သည်။ ထန်ရှုအား မမြင်ဖူးသောကြောင့် ဟောင်ကောင်မှ သူတို့ထိမရသော လူများထဲတွင် မပါသောသူဟု သူ တွေးကာ တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။
ထန်ရှုသည် ကျန်းချန်းရီအား အာရုံမထားဘဲ သူ၏အိတ်ထဲမှ စီးကရက်တစ်လိပ်အား ထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ ထို့နောက် ကျန်းရှင်းယာဘက်သို့ လှည့်ကာ
“မင်း တစ်ခြားအခန်းမှာ သွားစောင့်ချင်သလား။ ဒီမှာ နေရင်တော့ မင်း ခံနိုင်ရည်မရှိမှာစိုးရတယ်။ စိတ်မပူပါနဲ့ ထာဝရခန်းမက အစားအသောက်တွေက ကောင်းတော့ မင်း စိတ်ကျေနပ်သွားစေရမယ်။”
ထန်ရှုနှင့် လိုက်ပါလာခဲ့ပြီး သည်နေရာမှ မြင်ကွင်းအား မြင်တွေ့ရခြင်းသည် ကျန်းရှင်းယာ၏ စိတ်ကူးပုံဖော်မှုထက်ပင် ကျော်လွန်နေခဲ့သည်။ ကျန်းထျန်းဘ၊ ချန်းကျန်းရီ၊ ဒုကျန်ဇီ၊ ထျန်းလီနှင့်ဟောင်လဲ့စသည့် သည်နေရာတွင် ရှိနေသော လူအများအပြားအား သူမ သိသည်။ ဒူးထောက်ထိုင်နေသော ကျန်းယုနှင့် ချန်းဖေးတို့ကိုပင် သူမ ရှင်းရှင်းလင်းလင်း သိသေးသည်။
“ကျွန်မ ဒီမှာပဲ နေမယ်။”
ထန်ရှုက သူမအား တစ်ကြိမ် ကူညီဖူးသည်ကို စဉ်းစားပြီး ကျန်းရှင်းယာက တွေဝေမှုမရှိဘဲ ဖြေလိုက်သည်။
သူမအား ခေါင်းညိတ်ကာ ထန်ရှုကာ သူမ ရှိနေခြင်းအတွက် စိတ်ထဲ မထားချေ။ သူသည် ကျန်းထျန်းဘ၊ ချန်းကျန်းရီနှင့် ဒုကျန်ဇီတို့အား ကြည့်ပြီး ဒူးထောက်နေသော ကျန်းယုနှင့် ချန်းဖေးတို့အား လက်ညှိုးထိုးကာ မေးလိုက်သည်။
“သူတို့မိဘတွေက ဘယ်သူလဲ။ ပြပါဦး။”
ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့ ရှေ့သို့ ခြေနှစ်လှမ်းတိုးလာကာ ထန်ရှုအား အေးစက်စွာ စိုက်ကြည့်နေကြသည်။
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
“ဒီနေ့ပြသနာကို အားလုံးသိပြီးပြီလို့ ကျွန်တော် ယုံတယ်။ အဲ့ဒါကြောင့် ထပ်မပြောတော့ဘူး။ ကျွန်တော့်ကို ဖြေရှင်းချက်ပေးပါ။”
ကျန်းထျန်းဘက မထီမဲ့မြင်ဟန်ဖြင့် ပြန်ဖြေသည်။
“ဒီကိစ္စကို ငါတို့အားလုံးသိပြီးပြီ။ မင်းရဲ့ကားကို တိုက်တာ ငါ့သားအမှားဆိုတာ ငါဝန်ခံတယ် ဒါပေမယ့် မင်းလုပ်တာလည်း လွန်လွန်းတယ်။ ငါ့သားကို လွှတ်ပေးပြီး အပြစ်ဝန်ခံပါ။ နို့မဟုတ်ရင် ဒီပြသနာက အေးအေးချမ်းချမ်း ပြီးမှာ မဟုတ်ဘူး။”
ကျန်းထျန်းဘ၏အဖြေအား ခေါင်းညိတ်ထောက်ခံလိုက်ပြီး ချန်းကျန်းရီက အေးစက်စွာ ပြောသည်။
“ငါ့သားကို ဆုံးမဖို့ လုပ်ပိုင်ခွင့်ရှိတာ ငါပဲ။ ငါ့သားကို ရိုက်ရဲတဲ့ဘယ်သူမဆို ခြေလက်အချိုးခံရပြီး ငါ့သားကို တောင်းပန်ရမယ်။”
“သူ့သားရဲ့လက်ကို ချိုးလိုက်စမ်း။” ခေါင်းလှည့်ကာ ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ဂျွတ် … ဂျွတ်…”
ချန်းဖေး၏ဘေးတွင် ရပ်နေသော လူနှစ်ယောက်က လျင်မြန်စွာ လှုပ်ရှားလာသည်။ တစ်ယောက်က သူ၏ပခုံးများအား ကိုင်ထားကာ တစ်ယောက်က ချန်းဖေး၏လက်ကောက်ဝတ်အား ရိုက်လိုက်သည်။ ပြင်းထန်သော ခွန်အားတို့ကြောင့် ချန်းဖေး၏လက်ကောက်ဝတ်နှစ်ဘက်စလုံး ကျိုးသွားသည်။
“ယီး…ပဲ”
ချန်းကျန်းရီ ဒေါသပေါက်ကွဲသွားကာ ချန်းဖေးဆီသို့ ပြေးတော့သည်။
“ထွက်သွား…”
ချန်းဖေးအနားရှိ အစောင့်၏လက်ထဲတွင် ချွန်မြသော ဓားမြှောင် ပေါ်လာကာ ချန်းဖေး၏လည်ပင်းအား ထောက်ထားသည်။ သူ၏မျက်ဝန်းအစုံသည် ရေခဲတမျှ အေးစက်နေပြီး ချန်းကျန်းရီသာ ပြေးဝင်လာပါက ချန်းဖေးအား လည်လှီးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
ချန်းကျန်းရီ အသက်ရှုရပ်တန့်သွားရပြီး ပြေးနေသည်ကိုလည်း အတင်းရပ်လိုက်ရသည်။
သူ၏အနောက်မှ ကျန်းထျန်းဘသည်လည်း ခြောက်ခြားတုန်လှုပ်နေသည့်ပုံပေါ်သည်။ သူ၏စိတ်ကူးရိုင်းထဲတွင်တောင်မှ ထန်ရှုသည် သည်အသက်အရွယ်လေးဖြင့် အလွန်ရက်စက် ကြမ်းကြုတ်မည်ကို မတွေးထားမိချေ။
ချန်းကျန်းရီဆီမှ စကားတစ်ခွန်းမျှဖြင့် သားဖြစ်သူ ချန်းဖေး လက်ကောက်ဝတ် အချိုးခံလိုက်ရပြီဖြစ်သည်။
ချက်ချင်းပင် ကျန်းထျန်းဘသည် ထိုသို့ သူ မပြောလိုက်မိသည့်အတွက် ကံကောင်းသည်ဟု ကြိတ်ကာ တွေးမိသည်။ သို့မဟုတ်ပါက လက်ကောက်ဝတ်အချိုးခံလိုက်ရသူသည် သူ၏သားပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
***