← Chapters

သွေးအေးအေးနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 06 Ch. 282

သွေးအေးအေးနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 06 Ch. 282

ဒေါသသံဖြင့် ရယ်မောလိုက်ရင်း ချန်းကျန်းရီး၏ အကြည့်များသည် ထန်ရှုအား သတ်ဖြတ်လိုစိတ် တောက်လောင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ၏လက်မအား ထောင်ပြလိုက်ကာ အော်ပြောသည်။

“ကောင်းတယ်။ သိပ်ကောင်းတယ်။ အခုချိန်ထိ ငါ့ကို ဒီလိုမျိုး ဘယ်သူမှ အနိုင်မကျင့်ရဲတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မင်းမှာ အစွမ်းအစရှိရင် ငါ့သားကို အသုံးမချနဲ့ ဟေ့ကောင်။”

ထန်ရှုက မျက်နှာသေဖြင့် ပေါ့ပေါ့ပါးပါး ပြောသည်။

“သူတို့ကို လွှတ်ပေးလိုက်ပါ။”

“ဟုတ်ကဲ့ သူဋ္ဌေး။”

ကျန်းယုနှင့် ချန်းဖေးအား စောင့်ကြည့်နေသော အစောင့်၄ယောက်က ထို၂ယောက်အား ထူမကာ ချန်းကျန်းရီဆီ တွန်းပို့လိုက်သည်။

“အွတ်…”

“အား…”

အော်သံနှစ်သံနှင့်အတူ ချန်းဖေးနှင့်ကျန်းယုတို့ လဲပြိုသွားပြီး ဖခင်များ၏အနောက်တွင် ပုန်းခိုကာ ထန်ရှုအား မုန်းတီးစွာ ကြည့်နေကြသည်။

ချန်းကျန်းရီက အသံနက်ကြီးဖြင့် အတူပါလာသောသူများအား ပြောသည်။

“သွားကြစို့။”

“ဖြည်းဖြည်းပေါ့။ ထာဝရခန်းမက ခင်ဗျား ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာလို့များ ထင်နေလား။ ခင်ဗျားတို့ ကျွန်တော့်ကို ဖြေရှင်းချက်မပေးနိုင်ရင် ဘယ်သူမှ ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့။” ထန်ရှုက ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

ကျန်းထျန်းဘက နောက်သို့ ခြေလှမ်းဆုတ်လိုက်ကာ သရော်လိုက်သည်။

“ဘာလဲ။ မင်းက ငါတို့ကို နှောင့်ယှက်ချင်တာလား။ မင်း ယုံချင်ယုံ မယုံချင်နေ ထာဝရခန်းမကို ငါက နေ့တစ်ဝက်အတွင်း ဖျက်ဆီးလိုက်နိုင်တယ်။”

ကျန်းထျန်းဘအား ဖိတ်ခေါ်သည့်အမူအရာပြကာ ထန်ရှုက ပေါ့ပါးစွာ ပြောသည်။

“ခင်ဗျားမှာ အစွမ်းရှိရင် လုပ်လိုက်လေ။ ကျွန်တော် ဝင်လာတဲ့အချိန်မှာ ခင်ဗျားတို့ခေါ်လာတဲ့ လူအုပ်ကြီးကို မြင်ခဲ့သားပဲ။ သူတို့ကိုပါ အထဲခေါ်လိုက်။ ခင်ဗျားတို့မှာရှိတဲ့ အင်အားကို ကျွန်တော် ကြည့်စမ်းပါရစေ။”

တစ်ခဏမျှ တွေတွေကြီးစိုက်ကြည့်နေပြီးမှ ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့သည် တစ်ယောက်နှင့်တစ်ယောက် ခေါင်းညိတ် အချက်ပြလိုက်ပြီး သူတို့၏သက်တော်စောင့်များအား လျင်မြန်စွာ အမိန့်ပေးလိုက်သည်။ မိနစ်အနည်းငယ်အတွင်း ထာဝရခန်းမ၏ ခန်းမအတွင်းသို့ ဦးရေ ၂၀၀ခန့်ရှိသော လူအုပ်စုကြီး ဝင်ရောက်လာသည်။ ယခုမူ ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့ စိတ်သက်သာရာ ရသွားခဲ့ပြီဖြစ်သည်။ သူတို့၏သားများအား ပြန်လည်ရရှိထားပြီး ကာကွယ်မှုအပြည့်ဖြင့် ရှိနေသည့်အပြင် လက်အောက်ငယ်သားများသည်လည်း ဝန်းရံထားပြီဖြစ်သည်။ သူတို့ အမိန့်ပေးလိုက်သည်နှင့် ထာဝရခန်းမမှ လူများသည် အသားပုံများအဖြစ် အရိုက်ခံရသွားရပေမည်။ ထို့ပြင် သူတို့၏ လက်အောက်ငယ်သားများတွင် လက်နက်များလည်း ပါရှိပေသည်။ တစ်ချက်လှုပ်လိုက်သည်နှင့် ကျည်ဆံများသည် ထာဝရခန်းမမှ လူအားလုံးအား အဆုံးသတ်ရန် လုံလောက်ပေသည်။

ဒုချန်ဇီ၏လူများသည်လည်း အတွင်းသို့ ဝင်လာကြသည်။ သို့သော်လည်း သူ၏လူများနှင့် ပေါင်းစည်းကာ သူကိုယ်တိုင် မသိလိုက်ပါဘဲ အမှတ်တမဲ့ဖြင့် သူနှင့် ကျန်းထျန်းဘနှင့်ချန်းကျန်းရီတို့ အကြားတွင် အကွာအဝေးအချို့ ခြားထားမိချေသည်။

“ဒီမှာ တစ်ခုခုတော့ မှားနေပြီ။”

အမြဲလိုလို သတိရှိနေသော ဒုချန်ဇီသည် ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဖြစ်သည်။ သူသည် လူအားလုံးအား တစ်ချိန်လုံး အကဲခတ်နေရာ ထန်ရှု၊ ထျန်းလီနှင့် ဟောင်လဲ့တို့၏မျက်နှာထက်တွင် အကြောက်တရား တစိုးတစိမျှပင် မရှိဘဲ လှောင်ပြောင်လိုသည့်အမူအရာများပင် ပေါ်လွင်နေပေသည်။ ထိုအချက်သည် သူ့အား တိတ်တဆိတ် သတိကြီးနေစေသည်။ ထို့ပြင် ဓားမြှောင်များသာ ကိုင်ဆောင်ထားသော ခန်းမအတွင်းရှိ အစောင့်များကို ကြည့်ရာတွင်လည်း ရိုးရှင်းမှုမရှိဘဲ ထိုသူများသည် ကြောက်လန့်ခြင်းအလျဉ်းမရှိရုံသာမက လှုပ်ရှားဖို့ကိုပင် စိတ်မရှည်ဖြစ်နေသည်ကို ခပ်ရေးရေး သူ တွေ့မြင်နေရသည်။

မှန်သည်။ သည်အဖြစ်အပျက်သည် စစ်ပွဲတစ်ခုနှင့် အလားသဏ္ဍာန်တူသော်လည်း လူဦးရေ ၁၀၀မှ ၂၀၀အတွင်းရှိသော အဖွဲ့ကြီးအား လူ၃၄ယောက်မှ တိုက်ခိုက်နိုင်မည်တဲ့လား။

ချက်ချင်းပင် ဒုချန်ဇီသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ထာဝရခန်းမမှ လူများ၏တိုက်ခိုက်မှုအား မမြင်ရသေးသော်လည်း တစ်ယောက်ချင်းစီသည် သေချာပေါက် ရိုးရှင်းမည်မဟုတ်ဘဲ စွမ်းရည်အပြည့်ရှိမည်မှာ သေချာသလောက်ပင်။

“ငါ အလွယ်တကူ မလှုပ်ရှားသင့်ဘူး။”

စိတ်ထဲမှ အတွေးနှင့်အတူ သူသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားလိုက်သည်။

“ထန်ရှု…”

ထန်ရှု၏ဘေးတွင် ရှိနေသော ကျန်းရှင်းယာသည် တိုက်ပွဲတစ်ပွဲဖြစ်ရန်အသင့်ဖြစ်နေသော မြင်ကွင်းအား ကြည့်ကာ ကြောက်စိတ်ဝင်လာသည်။ သူမသည် နောက်သို့ ခြေလှမ်းဝက်မျှ ဆုတ်လိုက်မိပြီး ထန်ရှု၏ပခုံးများအား ဆုပ်ကိုင်ထားမိသည်။

သူမ၏ကျောအား အသာပုတ်ပေးလိုက်ပြီး ထန်ရှုသည် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား အေးဆေးစွာ ပြောလိုက်သည်။

“ဒါ ခင်ဗျားတို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။  ခင်ဗျားတို့မှာ ဘာအာမခံချက်မှ မရှိရင် အခုဆုံးဖြတ်ချက်အတွက် ခင်ဗျားတို့ရဲ့ကျန်တဲ့ ဘဝသက်တမ်းအတွက် နောင်တရနေမှာ ကျွန်တော် စိတ်ပူမိတယ်။”

“ဟား..ဟား..ဟား..” ကျန်းထျန်းဘ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း

“ငါ့ဘဝမှာ အရူးတွေ အများကြီး တွေ့ဖူးပါတယ်ကွာ။ မင်းလို အရူးမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး ဟေ့ကောင်ရေ။ အခု မင်းရှိနေတဲ့ အခြေအနေကို မမြင်လို့လား။ ငါတို့ ဆန္ဒရှိရင် မင်းတို့ကို သတ်ဖို့ဆိုတာ အလွယ်လေးပဲ။”

လှောင်ရယ် ရယ်လိုက်ရင်း ချန်းကျန်းရီက ပြောသည်။

“ဒါအမှန်ပဲ။ မင်းက ငါတို့သားတွေကို ဓားစာခံအဖြစ် ခေါ်သွားတော့ ဒီကိုလာရုံမှတစ်ပါး ငါတို့မှ ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါပေမယ့် အခု မင်းရဲ့မှီခိုရာ ဘာလဲ။”

ကျန်းထျန်းဘတို့၂ယောက် ပြောပြီးသည်နှင့် သူတို့၏လက်အောက်ငယ်သားများသည် တစ်ယောက်ပြီးတစ်ယောက် သေနတ်များနှင့် ဓားမြှောင်များအား ဆွဲထုတ်ကြကာ သူတို့သူဋ္ဌေး၏အမိန့်အား စောင့်ရင်း ထန်ရှုနှင့် သူ၏အဖွဲ့သားများအား ခက်ထန်စွာ ကြည့်နေကြသည်။

“ဖြောင်း…ဖြောင်း…ဖြောင်း…”

ထန်ရှုက လက်ခုပ်လက်ဝါးတီးကာ ပြုံးလိုက်သည်။

“ကောင်းတယ်။ ခင်ဗျားတို့သတ္တိက ချီးကျူးထိုက်ပါပေတယ်။ ဒုကန်ဝိုင်လုပ်ငန်းရဲ့သူဋ္ဌေး ဒုချန်ဇီကရော ဘယ်လိုလဲ။”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဒုချန်ဇီက လျင်မြန်စွာ အဖြေပေးလိုက်သည်။

“သားတစ်ယောက် အရိုက်ခံရတဲ့ အဖေသာဖြစ်ခဲ့မယ်ဆိုရင် ငါလည်း ကွဲပြားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မင်းတို့ကြားထဲက ပြသနာ ဖြေရှင်းပြီးမှပဲ ငါတို့ကြားထဲက ပြသနာအတွက် ပြောကြတာပေါ့။”

ထိုသို့ ပြောပြီးသည်နှင့် သူ၏လူများအား စုစည်းကာ နှစ်ဖက်စလုံးနှင့် ၁၀မီတာအကွာသို့ နောက်ဆုတ်လိုက်ကာ သူနှင့် မသက်ဆိုင်ကြောင်း ပြလိုက်သည်။

“ဒုချန်ဇီ…”

“ဒုမျိုးရိုး…”

ဒုချန်ဇီ ထို့ကဲ့သို့ ဆုံးဖြတ်လိမ့်မည်ဟု မထင်သောကြောင့် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့နှစ်ဦးသား ဒေါသထွက်သွားကြသည်။

ထန်ရှုက ပြုံးလိုက်ကာ

“ဒီအရူးနှစ်ယောက်ထက်စာရင် ခင်ဗျားကမှ စမတ်ကျသေးတယ်။ ဒါနဲ့ ခင်ဗျားတို့က ကျန်းထျန်းဘနဲ့ ချန်းကျန်းရီနော် ဟုတ်လား။ ခင်ဗျားတို့က ကစားချင်တယ်ဆိုမှတော့ ကျွန်တော်က အဖော်လုပ်ပေးရမှာပေါ့။ သူတို့၄ယောက်ကလွဲလို့ ကျန်တဲ့သူတွေကို အကုန်သတ်ပစ်။”

သူ၏အသံထွက်ပေါ်လာသည်နှင့် ထျန်းလီ၊ ဟောင်လဲ့၊ မိုအားဝမ်နှင့် မိုအားဝူတို့သည် ချန်းကျန်းရီနှင့် ကျန်းထျန်းဘတို့ဆီ ချက်ချင်း ပြေးသွားသည်။ သူတို့၏အရှိန်သည် အလွန်မြန်ဆန်လှသောကြောင့် ၁၀မီတာအကွာအဝေးအား မျက်စိတစ်မှိတ်အတွင်း  ရောက်ရှိသွားသည်။

“ဇွပ်…ဇွပ်…ဇွပ်…”

ထို၄ယောက်သည် ဓားမြှောင်များအား သူတို့ရှေ့တွင် ထားကာ ဝှေ့ယမ်းလိုက်ပြီး ကျန်းထန်းဘနှင့် ချန်းကျန်းရီတို့၏ပခုံးများအား ထိုးစိုက်လိုက်သည်။ မျက်တောင်တစ်ချက်ခတ်အတွင်းတွင် ထျန်းလီနှင့်ဟောင်လဲ့တို့သည် ထို၂ယောက်အား ဖမ်းကာ ဘေးသို့ ပြန်ဆုတ်လာကြသည်။ ထိုအချိန်တွင် မိုအားဝမ်နှင့် မိုအားဝူတို့၏လှုပ်ရှားမှုများသည် ပြေပြစ်ချောမွေ့လှစွာဖြင့် တိမ်များအား ဖြတ်သန်းသွားသကဲ့သို့၊ ရေများအကြား စီးဆင်းသွားသကဲ့သို့ မဟန့်တားနိုင်လောက်အောင် လှုပ်ရှားသွားကာ ၎င်းတို့၏အေးစက်လှသော ဓားအလင်းရောင် ဖြတ်သန်းသွားတိုင်း တစ်ဖက်ရန်သူများ၏ လက်ကောက်ဝတ်များအား လှီးဖြတ်သွားခြင်းဖြင့် သေနတ်များအား လွတ်ကျစေသည်။

“သတ်…”

ထာဝရခန်းမ၏အစောင့်များသည် ကိုယ်စီကိုင်ဆောင်ထားသော ဓားမြှောင်များဖြင့် ချက်ချင်းဆိုသလို လှုပ်ရှားလာကြပြီး ရာဂဏန်းမျှရှိသော လူအုပ်ကြီးဆီသို့ တစ်ရှိန်ထိုး ပြေးဝင်သွားကြသည်။ တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ထိုအစောင့်များ၏ ပထမဆုံးပစ်မှတ်မှာ သေနတ်ကိုင်ဆောင်ထားသော လူများဖြစ်သည်။ ထာဝရခန်းမ၏အစောင့်များမှ ရုတ်တရက် အရှိန်အဟုန်ကြီးစွာ တိုက်ခိုက်မှုများကြောင့် ကျန်းထျန်းဘတို့၏တစ်ချို့လူများသည် သူတို့၏အပေါင်းအပါများမှ ပစ်လွှတ်လိုက်သော ကျည်ဆန်များအား ကျောပေးခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။

“ဒိုင်း…ဖောက်…ဖောက်…”

သေနတ်သံများ ဆူညံနေတော့သည်။

ထန်ရှုက တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေစဉ်တွင် သူ၏အနားရှိ ကျန်းရှင်းယာမှာမူ မျက်ဝန်းများထဲတွင် အကြောက်တရားများ ကြီးစိုးနေလျက် ဖြူဖျော့နေသော ဟန်ဖြင့် ထန်ရှု၏ပခုံးများအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ကြည့်နေသည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိသော ထျန်းလီနှင့် ဟောင်လဲ့တို့သည် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား ဆုပ်ကိုင်ထားကာ ၎င်းတို့၏လည်မျိုအား ဓားမြှောင်တစ်ချောင်းစီဖြင့် ထောက်ထားသည်။

တစ်ဖက်သတ်တိုက်ပွဲသည် သနားစရာကောင်းသော အော်သံများဖြင့် ဆက်လက်ဖြစ်ပွားနေသည်။

သွေးများ ပန်းထွက်နေသည့်နည်းတူ ကျည်ဆန်များမှာလည်း ဦးတည်ရာနေရာအနှံ့ တရွှီရွှီဖြင့် ပျံသန်းနေကြသည်။ ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့၏ရာပေါင်းများစွာသော လူများသည် မြက်ပင်များအား တံစဉ်ဖြင့် လှီးဖြတ်လိုက်သကဲ့သို့ လဲပြိုသွားကြသလို သန်မာသော သေနတ်ကိုင် အယောက်၂၀မှာလည်း သေနတ်များမရှိကြတော့ဘဲ မိနစ်ဝက်အတွင်း ပြင်းထန်စွာ ဒဏ်ရာများ ရကုန်ကြသည်။

“ဖူး…”

အညှာအတာကင်းမဲ့ကာ ရက်စက်လှသော သတ်ဖြတ်မှုကြီးသည် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား ထိတ်လန့်တုန်လှုပ်သွားစေပြီး ထိုတိုက်ခိုက်နေသောမြင်ကွင်းအား ကြည့်ကာ သူတို့နှစ်ယောက်၏ နှလုံးခုန်သံများ ပိုမိုမြန်ဆန်လာရသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

သူ၏ပခုံးထက်မှ နာကျင်မှုဒဏ်အား ကြံ့ကြံ့ခံရင်း ချန်းကျန်းရီသည် တီးတိုးရေရွတ်မိကာ အကြောထဲများမှပင် စိမ့်ကာတုန်ရီသွားရသည်။ ထာဝရခန်းမ၏အစောင့်များသည် သည်ကဲ့သို့ အစွမ်းအစရှိလိမ့်မည်ဟု ထင်မထားသောကြောင့် ထိတ်လန့်ကြောက်ရွံ့မှုများသည် သူ၏အတွေးအား ကြီးစိုးနေသည်။ သူ ခေါ်ဆောင်လာသော သူများထဲတွင် သာမန်လူများ သို့မဟုတ် ဝါနုသူများ တစ်ယောက်မှ မပါဝင်ချေ။ တစ်ယောက်ချင်းစီသည် လူ၂ယောက် ၃ယောက်အား တိုက်ခိုက်နိုင်စွမ်းရှိသူများ ဖြစ်ကြသော်လည်း ထာဝရခန်းမ၏အစောင့်များအား ပြန်လှန်ခုခံခြင်းပင် မပြုနိုင်ကြပါပေ။

ဒီလူတွေ …. ဒီလူတွေက ဘာတွေလဲ ဘယ်သူတွေလဲ။ အညှာအတာကင်းမဲ့ကာ ရက်စက်လှသော တိုက်ခိုက်မှုစွမ်းရည်အား မည်သို့ပိုင်ဆိုင်ထားပါသလဲ။

တိုက်ခိုက်မှုမြင်ကွင်း၏ ခပ်လှမ်းလှမ်းတွင် ရှိနေသော ဒုကန်ဝိုင်လုပ်ငန်း၏သူဋ္ဌေးကြီးဖြစ်သူ ဒုချန်ဇီသည်လည်း ထိုမြင်ကွင်းအား တွေ့မြင်ပြီး တုန်လှုပ်နေရကာ မျက်လုံးများ ပြူးကျယ်လျက် ကြက်သေသေလျက်ရှိသည်။

ထန်ရှုသည် ထိုကဲ့သို့ မှန်ကန်သော နည်းလမ်းဖြင့် အထိန်းအကွပ်မရှိ သတ်ဖြတ်လိမ့်မည်ဟု သူလည်း မထင်ထားမိပေ။ သူ၏လူများသည်လည်း သန်မာကာ ရက်စက်ကြသူများပြီး သေနတ်များ ပါရှိသော်လည်း ထိုသူများနှင့်ဆိုပါက ဘာမျှ မဟုတ်ချေ။

“အဖြစ်အပျက်က ကြီးမားလွန်းတယ်။”

သူ၏တံတွေးအား မျိုချလိုက်ပြီး ဒုချန်ဇီတစ်ယောက် ဘေးဘီအား ကြည့်လိုက်ရာ အခြားသူများသည်လည်း ကြက်သေသေလျက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဖြူဖျော့နေသော သားဖြစ်သူအား စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များအား တိုက်ပွဲသို့ ပြန်ပို့လိုက်သည်။

၂မိနစ်ကြာသော် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့၏လူများမှ အယောက်၃၀သာ ကျန်တော့သည်။ ထိုသူများ၏မျက်နှာထက်တွင်လည်း အကြောက်တရားများ လွှမ်းမိုးနေပြီး သည်ခန်းမမှ လွတ်မြောက်ရန် တံခါးဆီသို့ အပြေးပြေးနေကြသည်။

ထန်ရှုဘက်မှ လက်အောက်ငယ်သားတစ်ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရခဲ့သည်။

သို့သော်လည်း မိုအားဝမ်နှင် မိုအားဝူတို့က အခြားလူ၄ယောက်နှင့်အတူ ခန်းမတံခါးဝအား ပိတ်ဆို့ထားပြီး လက်တွင် ဓားမြှောင်များ ကိုင်ဆောင်ကာ ထွက်ပြေးလာသော လူ၃၀အား အကြင်နာကင်းမဲ့သောမျက်ဝန်းများဖြင့်  ကြည့်နေသည်။

“သတ်…”

လူ၆ယောက်သည် ထွက်ပြေးလာသူများအား ပြင်းထန်စွာ ဆီးကြိုလိုက်သည်။

“ရပ်…ရပ်လိုက်” နာကျင်ကြောက်ရွံ့နေသော အသံဖြင့် ကျန်းထန်းဘ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထန်ရှု၏မျက်နှာထက်တွင် သရော်လိုသည့်ဟန်များ ပေါ်ထွက်လာပြီး ထျန်းလီအား အချက်ပြလိုက်ရာ ထျန်းလီမှ ချက်ချင်းအော်လိုက်သည်။

“ရပ်လိုက်။”

သူမ ပြောလိုက်သည့်တိုင်အောင် လူ၃၀အနက် ၁၀ယောက်နီးပါးမှာ အသတ်ခံလိုက်ရပြီဖြစ်ပြီး

သတ်ဖြတ်မှု ရပ်တန့်သွားပြီဖြစ်သည်။ ထန်ရှုသည် သူ၏စီးကရက်တိုအား တောက်လွှတ်လိုက်ရာ ၁၀မီတာအကွာရှိ ထောင့်တစ်ခုမှ အိုးထဲသို့ တည့်မတ်စွာ ကျသွားသည်။ သူ၏ပခုံးထက်မှ ကျန်းရှင်းယာ၏ လက်ကလေးအား ညင်သာစွာ မလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ခင်ဗျား ကြောက်နေလား။”

ကျန်းထျန်းဘ၏အရှေ့တွင် ရပ်လိုက်ပြီး ထန်ရှုက ထူးဆန်းသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

ကျန်းထျန်းဘ တုန်ရီနေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သေပြီ။ မင်းတော့ သေပြီပဲ။ ဒီလောက် လူအများကြီး မင်းသတ်လိုက်တာ ဥပဒေကို မင်း မကြောက်တာလား။”

“ဥပဒေ ဟုတ်လား။” ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် မခိုးမခန့်အပြုံးတစ်ခု ချိတ်ဆွဲလာပြီး

“ကျွန်တော်က သတ်ဖြတ်ဖို့ အမိန့်ပေးရဲပေမယ့် အကျိုးဆက်ကိုတော့ ကြောက်ရွံ့မယ်လို့် ခင်ဗျား တွေးနေတာလား။ ဘာများလဲလို့။ ခင်ဗျားရဲ့လူတွေ ခံနိုင်ရည်မရှိတာကို အခု ခင်ဗျားက ကျွန်တော့်ကို ဥပဒေနဲ့ ခြိမ်းခြောက်နေတာလား။ ဟာသပဲ။ ဟားဟားဟား…”

ဘေးမှ ချန်းကျန်းရီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ထန်ရှုအား ကြည့်လိုက်ပြီး

“မင်းနိုင်တယ်။ ငါတို့ ရှုံးတယ်။ မင်း တောင်းဆိုမှာကို ပြောပါ။ ဒီနေ့ကိစ္စကို အဆုံးသတ်ကြရအောင်။”

သူ၏မျက်လုံးများအား  ကြည့်ပြီး ထန်ရှုက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ အသတ်မခံရဘဲ ကျန်ရှိနေသော လူအယောက်၂၀ကျော်အား လှည့်ကြည့်လိုက်သည်။ ထိုသူများဆီသို့ လျှောက်သွားပြီး

“ဒီလိုမိုက်မဲတဲ့ သူဋ္ဌေးတွေရဲ့နောက်လိုက်ဖြစ်ရတာ မင်းတို့အားလုံး ကံမကောင်းတာပဲ။ ငါက အတော် ကြင်နာတတ်တဲ့သူမို့လို့ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ မင်းတို့ အဲ့ဒါကို လိုချင်လား မလိုချင်ဘူးလား။”

“လိုချင်ပါတယ်။”

ကြောက်ရွံ့တုန်ရီနေသော လူအယောက်၂၀ကျော်က အလျင်စလို ဖြေကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ကြောက်ရွံ့သည့်အတွက် ဘာမျှ မဖြစ်ပွားစေရန် ဆုတောင်းမိသော်လည်း သည်အဖြစ်အပျက်သည် ညစဉ်ခြောက်လှန့်နေတော့မည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

***

All Chapters