အပိုင်း(၁၇)
Vol. 2 Ch. 17
"ဟိုင်ပါထျန်းက..စန်းယွဲ့မြို့ရဲ့ အုပ်စိုးသူ လေးဦးတည်းကတစ်ဦးဖြစ်ဖို့ ထိုက်တန်တယ်..."
"သူက ရွေးချယ်မှုကို ဘယ်လို ကောင်းကောင်းမွန်မွန် လုပ်ရမလဲ ဆိုတာကိုသိတယ်"
"သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုတွေကို ဆုံးရှုံး ရတော့ရော ဘာဖြစ်တုံး.."
"သူသာ အသက်ရှင်နေသေးရင် သူ့လို စိတ်ဝိညာဥ် နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်အတွက် ချမ်းသာ ကြွယ်ဝမှုဆိုတာက ဘာမှမဟုတ်ဖူး..."
တစ်ခြားလူတစ်ယောက်က ပြောလိုက်သည်။
"မင်းဘယ်လိုထင်လဲ.."
"အဲကျွမ်းကျင်သူက လှုပ်ရှား မှာလား.."
တစ်စုံတစ်ယောက်က စတင်၍ ခန့်မှန်းလိုက်သည်။
လူတိုင်းက ဟိုင်ပါထျန်းအား ကြည့်နေချိန်တွင် တစ်ခြားသော မြင်ကွင်းတစ်ခုက သူတို့၏ အာရုံများကို စွဲဆောင်လိုက်၏။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်ဆီမှ အဖြူရောင်အလင်းတစ်ခု လင်းလက်လာသည်။
"သူ ထပ်ပီးတော့..အဆင့်တက်သွားပြန်ပီ.."
"ကြယ်သုံးပွင့် သိုင်းလက်သင်အဆင့်..."
"သူ..သူအဆင့်တက်သွားပြန်ပီ.."
"ဘုရားရေ..သူမနေ့က ကြယ်နှစ်ပွင့် အဆင့်တက်တာကို ငါတွေ့ခဲ့တယ်.."
"နှစ်ရက်အတွင်း.. ကြယ်သုံးပွင့်ဆက်တိုက်..အဆင့်တက်တာ.."
"ဒါက....ကောင်းကင်ဘုံကို..ရိုးရိုးလေးနဲ့..အံတုနေတာပဲ.."
နောက်ထပ်လူတစ်ယောက်က အော်ပြောလိုက်သည်။
ရှစ်ဖုန့်မှာ သာမန်လူတစ်ယောက်အဖြစ်မှ ကြယ်နှစ်ပွင့် စစ်သည်တော် နယ်ပယ်အဆင့်ထိ နှစ်ရက်အတွင်း အဆင့်ထိ တက်ခဲ့သည်ကို သူတို့သာသိခဲ့လျှင် သူတို့၏ အမူအယာများ မည်ကဲ့သို့ ဖြစ်ကုန်ပါမည်နည်း။
သို့သော် လောလောဆယ်တွင် ရှစ်ဖုန့်မှာ သူ၏ ကျင့်ကြံမှု အဆင့်အား ဖုံးကွယ်ထား၏။
သူ၏ နည်းလမ်းမှု ဖြင့်ဆိုလျှင် ဟိုင်ပါထျန်းနှင့် ပုထျန်းရှင်း အပါအဝင် မည်သူကမျှ သူ၏ အစစ်မှန်ကျင့်ကြံမှု အဆင့်အား မြင်နိုင်စွမ်းမရှိပေ။
ထိုသို့ မဟုတ်ပါက မြို့တစ်ခုလုံးပင် ရူးသွပ်သွားလောက်သည်။
"ဒါပေမဲ့.. အနည်းဆုံး သူ့ရဲ့နောက်ကွယ်ကနေ ဘုရင်အဆင့်နယ်ပယ်တစ်ဦးက လမ်းညွှန်ပေးနေတာပဲ.."
"ဒါ့အပြင် သက်စောင့်ဆေးလုံးတွေ အံ့ဖွယ် ဆေးတွေရဲ့ အကူအညီအနဲ့ဆိုရင် တကယ်တမ်း ဒါက အံ့သြစရာတော့ မဟုတ်ဘူး.."
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
လူအနည်းစုကလည်း ခေါင်းငြိမ့်လိုက်ကြသည်။
လူတိုင်းက ရှစ်ဖုန့်၏ နောက်ကွယ်မှ ကျွမ်းကျင်သူအား ပိုမို၍ သိချင်လာကြသည်။
ထို့အပြင် စန်းယွဲ့မြို့၏ အင်အားအကြီးဆုံး ကျင့်ကြံမှု အဆင့်မှာ စိတ်ဝိညာဥ်နယ်ပယ်သာဖြစ်၏။
"ဟီး...ဟီး.."
ရှစ်ဖုန့်က ရယ်မောလိုက်သည်။
သူ၏ သွေးများစွန်းနေသော မျက်မှာက အေးစက်သော အပြုံးကို ဆင်မြန်းထား၏။
သူက ခေါင်းကိုမော့၍ လေးစားသမှုအမူအယာကို ဆက်လက် ထိန်းထားသော ဟိုင်ပါထျန်းအား ပြောလိုက်သည်။
"ခင်ဗျားကို သတ်ပြီးတဲ့အခါကျရင်တော့..ကျုပ်ခင်ဗျားကို တောင်းပန်ပါ့မယ်.."
"အခုတော့..သေလိုက်တော့.."
ရှစ်ဖုန့်စကားပြောပြီးသော အခါတွင် အဖြူရောင်ပုံရိပ်တစ်ခုက ဟိုင်ပါထျန်း၏ ရှေ့တွင်ပေါ်လာကာ မျက်နှာအား ထိုးလိုက်၏။
၎င်းမှာ မြေအောက်ထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေသော ယင် မိစ္ဆာဖြစ်သည်။
ဘယ်လောက်ပဲ ရှစ်ဖုန့်မနေ့ညက ပေးခဲ့သော လရောင်ကဲ့သို့ ဖြူစွတ်သော ဝတ်ရုံအား ဝတ်ဆင်ထားပါစေ သူ၏ ချောမောသောမျက်နှာမှာ ပို၍ ရက်စက်သည့်ပုံ ပေါက်လာသည်။
"ဟမ်.."
သူ့မျက်လုံးရှေ့ရှိ တုန်ဟန်ထိုး ပြန့်ကားလာသော အဖြူရောင်လက်သီးအားကြည့်ကာ ဟိုင်ပါထျန်းမျက်လုံး ပြူးသွားသည်။
လက်သီးဆီမှ အေးစက်သော အရိပ်အယောင်အား ခံစား လိုက်ရ၏။
သူ၏ ပင်ကိုအသိကြောင့် ဟိုင်ပါထျန် လျှင်မြန်စွာ နောက်ဆုတ်လိုက်သည်။
၎င်း၏ လက်သီးချက်က မထိခဲ့သောလည်း အေးစက်လွန်းသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာဆဲဖြစ်သည်။
ချက်ခြင်းသူ၏ မျက်နှာမှာ ရေခဲပြင်ကဲ့သို့ အေးစက်သွားသလို ခံစားလိုက်ရသည်။
သူက သူ၏မူလစွမ်းအင်အား အလျှင်မြန် လှည့်ပတ်ကာ သူ၏ ခန္ဓာ
ကိုယ်ဆီသို့ ဖြန့်ကျက်လိုက်သည်။
ထိုအချိန်တွင် ဘုန်း ဆိုသော အသံနှင့်အတူ ကြမ်းကြုတ်ရက်စက်သော မြေဆူးချွန်က သူ၏အောက်ခြေဘက်မှ လွှတ်ကနဲ ထွက်လာသည်။
"ကောင်းကင်ပျံဝဲ နဂါး.."
ဟိုင်ပါထျန်းက ကြုံးဝါးလိုက်သည်။
သူ၏ အနည်းငယ် ဖရိုဖရဲဖြစ်နေသော ပုံရိပ်မှာ ရုတ်တရက် ရွှေရောင် အလင်းတို့ လင်းလက်သွားပြီး သူသည် အပေါ်သို့ ပျံတက်သွားကာ ထိုးသွင်းချက်အား ရှောင်လိုက်၏။
သူ၏ ကိုယ်အတွင်းဆီမှ ဖျော့တော့သော နဂါးအော်သံကိုပင် ကြားရသည်။
ဟိုင်ပါထျန်းမှာ ကြမ်းကြုတ်သော ထိုးချက်အား ရှောင်တိန်း နှိုင်လိုက်သော်လည်း ဆူးချွန်က လေထဲသို့ ဆက်လက်မြင့်တက်၍ သူ၏ နောက်သို့ လိုက်ပါဆဲဖြစ်သည်။
"လူနှင့်လှံတစ်သားတည်းဖြစ်၍ ကြမ်းကြုတ်သောနဂါး ပင်လယ်ထဲဝင်ခြင်း.."
ဟိုင်ပါထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏လက်ရှိ အနက်ရောင် သံမဏိလှံက ရွှေရောင်အလင်းတန်း တောက်ပသွားသည်။
သူသည်လှံနှင့်တစ်သားတည်း ဖြစ်သွားပုံရပြီး မျက်စိကျိန်းလောက်စရာ အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။
၎င်းမှာ ဟိုင်ပါထျန်းသည် အံ့ဖွယ် ရွှေ ရောင်နဂါးအဖြစ် ပြောင်းသွား သကဲ့သို့ ဖြစ်ပြီး သူရုတ်တရက်သက်ဆင်းလာချ်ိန်တွင် ဖိနှိပ်သော စွမ်းအားအား သူနှင့်အတူ ယူဆောင်လာသည်။
နဂါးတစ်ကောင်၏ အော်ဟစ်သံက စန်းယွဲ့မြို့၏ လေထုထက်တွင် ပဲ့တင်ထပ်နေသည်။
"ဘုန်း...ဘုန်း.."
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်သို့ မြင့်တက်လာသော ဆူးချွန်များက ဟိုင်ပါထျန်းအား မည်ကဲ့သို့ဖြတ်ကျော်သွားပါစေ တစ်စစီကွဲအက်သွားကာ ကျောက်တုံး အပိုင်းအစများက နေရာအနှံ့သို့ လွင့်ထွက်သွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။
"ဒါ..ဒါက..တော်ဝင်လုံမိသားစုရဲ့ ပြီးပြည့်စုံတဲ့ ပညာရပ် ဖြစ်တဲ့...
ကောင်းကင်ဘုံပျံသန်းနဂါးနဲ့ အထိန်းအကွတ်မဲ့နဂါး ပင်လယ်ထဲ ဝင်ခြင်း ပညာရပ်ပဲ.."
ဟိုင်ပါထျန်းအသုံးပြုသော သိုင်းပညာရပ်၏ မူလဇစ်မြစ်အား မှတ်မိသော ပိုင်းခြားနိုင်စွမ်း ရှိသည့်သူတစ်ယောက်က အော်ပြောလိုက်သည်။
"ပြောကြတာတော့ ဟိုင်ကလန်ရဲ့ ဘိုးဘေးက လုံကလန်ရဲ့ အဖွဲ့သားတစ်ယောက်ကို မတော်တဆ ကယ်တင်ခဲ့ဖူးတယ်တဲ့.."
"နောက်ကျ လုံကလန်က အဲ့အတွက် ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ သိုင်းပညာရပ်နှစ်ခုကို ပေးခဲ့တယ်လို့ပြောတယ်.."
"ဒီတော့..ဒါက အမှန်ပေါ့.."
တစ်စုံတစ်ယောက်က ထပ်ပေါင်းပြောဆိုလိုက်သည်
"ဟား..ဟား.ဟား....ဟား.ဟား.ဟား..ဟား.ဟား..ဟား..ဟား.."
ဟိုင်ပါထျန်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
မြေဆူးချွန်များမှာ သူ့ကြောင့် လုံးလုံးလျားလျား ပြိုပျက်ကုန်ပီဖြစ်သည်။
ရွှေရောင် အလင်းတန်းက ပျောက်ကွယ်သွားကာ သူ၏ အစစ်အမှန် ခန္ဓာကိုယ် ပေါ်ထွက်လာပြီး သူ၏ ဆံပင်ရှည်တို့ ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ ကခုန်နေသည်။
သူက သူ၏ ဦးခေါင်းအား ကောင်းကင်ထက်သို့ မော့၍ သွေးရူးသွေးတန်းအော်ရယ်လိုက်သည်။
"ယင် အလောင်းကောင်..ဒီတော့ ဒါက အံ့ဖွယ် မြေစွမ်းရည်ကို ပိုင်ဆိုင်တဲ့ ယင်အလောင်းကောင်ပေါ့.."
"ကောင်းကင်ဘုံက ငါတို့ကို မပစ်ပယ်သေးဘူးပဲ.."
ထိုအချ်ိန်တွင် ဟိုင်ပါထျန်းမှာ ရူးသွပ်သွားသော ပုံနှင့်ပင်တူသည်။
သူတွင် ပုံမှန်အားဖြင့် မြင့်မားပြီး ပြင်းထန်သော ရောင်ဝါတို့ ပိုင်ဆိုင်မနေတော့ပါ။
ဟိုင်ပါထျန်းတစ်ယောက် သွေးရူးသွေးတန်းအော်ရယ်ကာ သူ၏ မျက်လုံအိမ်တို့ဆီမှ မျက်ရည်များပင်စီးကျလာသည်။
သူ ထက်ပြီးသေရန်မလိုအပ်တော့ပါ။
ယနေ့အဖို့ သူ့အား မည်သူကမျှ သတ်နိုင်တော့ မည်မဟုတ်ပေ။
ကလန်အတွင်း သူတစ်ယောက်တည်း ကျစ်ရစ်ခဲ့လျှင်တောင် ဟိုင်ကလန်က ယခင်ကအတိုင်း ဟိုင်ကလန်ပဲ ဖြစ်နေအုံးမည်ဖြစ်သည်။
သူဟိုင်ကလန်မှာ ရှိနေသ၍ စန်းယွဲ့မြို့၏ မည်သူကမျှ သူ့အား စော်ကား ရဲမည်မဟုတ်ပေ။
သူသားတစ်ယောက်အား ဆုံးရှုံးလိုက်ရသော်လည်း ၎င်းမှာ အသုံးမကျဆုံးနှင့် သူချစ်ခင်မှု အနည်းဆုံးသူဖြစ်သည်။
ဟိုင်ပါထျန်း၌ သားနှစ်ယောက် ကျန်ရှိနေသေးသည်။
အကြီးဆုံးသား ဟိုင်ရှုံးက ပြင်ပတွင် လေ့ကျင့်ရေးဆင်းနေသည်။
သူ၏ ဒုတိယသား ဟိုင်ထောင်က ထျန်းတန့်(ကောင်းကင်လှုပ်ခတ်) တောင်တန်းမှ လူအိုကြီး ထျန်းတန့်၏ မျက်စိကျမှုကိုခံရပြီး ရွေးချယ်ခံရကာ သိုင်းပညာများ သင်ယူရန် ဂိုဏ်းအတွင်းသို့ ဝင်သွားခဲ့သည်။
မကြာခင် သို့မဟုတ် နောက်တော့ သူတို့ပြန်လာကြမည်ဖြစ်သည်။
ထိုအချိန်တွင် သူတို့သုံးဦးသားက ဟိုင်ကလန်အား ပိုမြင့်မားသည်အထိ ဆွဲခေါ်သွားကြလိမ့်မည်ဖြစ်သည်။
"ကျွန်ုပ်တို့က ဟိုင်ကလန်နဲ့စန်းယွဲ့မြို့ကို ပေါင်းစည်းဂုဏ်တက်စေပြီးတော့ ဟိုင်ကလန်ဘိုးဘေးတို့ရဲ့ အကြာကြီးရင်မှာပိုက်ထားခဲ့တဲဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ့မယ်.."
"ဟမ့်."
"ငါတောင်မသေသေးပဲနဲ့များ..ဒါကို ပြောဖို့က စောလွန်းနေတယ် မဟုတ်ဖူးလား."
ရုတ်တရက် အေးစက်စက် နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာကာ ဟိုင်ပါထျန်းအား သူ၏ စိတ်ကူးယဥ်မှုများဆီမှ ပြန်လည် ဆွဲထုတ်လိုက်သည်။
ဟိုင်ပါထျန်းက ရှေ့သို့ စိုက်ကြည့်လိုက်သည်။
သူက သွေးတို့ဖြင့် ဖုံးနေသော လူငယ်လေးအား ကြည့်လိုက်၏။
သူ၏ အံကိုကြိတ်ကာ ပြောလိုက်သည်။
"သူတောင်း....."
"စားလေး..."
"ငါ ဟိုင်ပါထျန်းက ဒီနေ့မင်းကို အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပစ်မယ်လို့ မိုးကောင်းကင်နဲ့ ကျိန်ဆိုတယ်.."
"ဟီး..ဟီး.."
ရှစ်ဖုန့်က တသောသော ရယ်လိုက်သည်။
နောက်ဆုတ်ရမည့်အစား သူက ရှေ့တိုး၍ ဟိုင်ပါထျန်းဆီသို့ လျှောက်လှမ်းရင်းပြောလိုက်သည်။
"ခင်ဗျားပဲ ခုဏတုံးကတော့ အရမ်းလေးစားတဲ့ အမူအယာနဲ့ ကျုပ်ကို စီနီယာဆိုပြီး..ခေါ်နေတာ မဟုတ်ဘူးလား.."
"စန်းယွဲဲ့ တစ်မြို့လုံးရဲ့ ရှေ့မှာတောင် တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်ချင်ပါတယ်ဆိုပြီး ပြောခဲ့သေးတယ်လေ.."
"ဘယ်လိုဖြစ်ပြီး..အပြောင်းအလဲတွေ မြန်သွားရတာတုံး.."
"ဘဝက တကယ့်ကို လျှက်တပြတ်ဆန်လွန်းတာပဲ.."
"မင်းတော့..သေခြင်းတရားနဲ့ ရင်ဆိုင်ချင်နေတာပဲ.."
ယနေ့တွင် ဟိုင်ပါထျန်းမှာ မျက်နှာလုံးဝ ပျက်ခဲ့ရပြီ ဖြစ်သည်။
ယနေ့ကိစ္စမှာ အနာဂတ်တွင် စန်းယွဲ့မြို့၌ သေချာပေါက် ရယ်မောစရာ တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး စန်းယွဲ့မြို့၏ စားသောက်ဆိုင်တိုင်းတွင် ဆွေးနွေစရာ အကြောင်းအရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ယနေ့ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးမှာ သူ၏ ရှေ့တွင် ရှိနေသော ဤ သူတောင်းစားလေး၏ ကျေးဇူးကြောင့်ပင်ဖြစ်၏။
"ဓားပင်လယ်မှ တစ်ခုတည်းဖြစ်စေ"
ဟိုင်ပါထျန်းက နက်နဲသိမ်မွေ့သော အနက်ရောင်လှံကို ရှေ့သို့ ထိုးထုတ်လိုက်ပြီး လူသားအရွယ် မိုးပြာရောင် ဓားချီအဖြစ် မဖွဲ့စည်းသွားခင် သူ၏ ရှေ့၌ ဓားပုံရိပ်များစွာ ရုတ်ချည်း ပေါ်ပေါ်လာသည်။
နက်နဲသိမ်မွေ့သော အနက်ရောင်သံမဏိလှံအား တွန်းပို့မှုနှင့်အတူ ဓားချီက ရှစ်ဖုန့်ဆီသို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။
"ထိုးချက် နှစ်ဆယ့် ကိုးခု..."
"ငါခုဏက ရှင်းရှင်းလင်းလင်းတွေ့လိုက်တယ်.."
"ဟိုင်ပါထျန်းရဲ့ ဓားပင်လယ်မှ တစ်ခုတည်းဖြစ်ခြင်းက တစ်ကြိမ်ကို ဓားရ်ိပ် နှစ်ဆယ့်ရှစ်ခုပဲ ထုတ်နိုင်တယ်လို့ပြောကြတာ.."
"သူချိုးဖြတ်နိုင်သွားလိမ့်မယ်လို့..ငါမထင်ထားမိဘူး.."
ဓားစွမ်းအင်က သူ့ဆီသို့ ခုတ်ပိုင်းလာသော အခါတွင် ပင်လယ်ငိုကြွေးသံကို ရှစ်ဖုန့် ရှင်းလင်းစွာခံစားလိုက်မိသည်။
ကြီးကြပ်သူယွဲ့ အသုံးပြုခဲ့သော ဓားနည်းစနစ်တောင်မှ ဟိုင်ပါထျန်း၏ ဓားချီဖြင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
ဓားရောင်ဝါတို့ ဖြတ်သန်းလာချိန်တွင် ဟင်းလင်းပြင်အား အလွှာလိုက်ခွဲထုတ်ခံရသော အသံတို့ ထွက်ပေါ်လာ၏။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်အား ဖြတ်၍ ခေါင်းအားဖြတ်သွားမည့် ဓားရောင်ဝါ၏ မြင်ကွင်းအား လူတိုင်းစိတ်ကူးကြည့်၍ ရနိုင်သည်။
ရှစ်ဖုန့်၏ အမူအယာက လေးနက်သွားကာ အော်ပြောလိုက်သည်။
"ငရဲဘုံဓား.."
ရုတ်တရက် တိုက်ပွဲအား ကြည့်နေကြသော စန်းယွဲ့မြို့မှ လူများ မှာ ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
ရှစ်ဖုန့်က သူ၏ ညာလက်အား ဓားတစ်လက် အဖြစ်ပြောင်းကာ ရှေ့သ်ို့ညွှန်လိုက်သည်။
ချက်ခြင်းပင် သိပ်သည်းသော အဖြူရောင်ဓား ရိပ်တို့ကသူ ၏ ရှေ့တွင် ပေါ်လာ၏။
ထို့နောက် ချက်ခြင်း ဓားရိပ်တို့က လူသားအရွယ် သိပ်သည်းသော အဖြူရောင်ဓား ရောင်ဝါ အဖြစ်သို့ ပြောင်းကာ ရှေ့သို့ လျှင်မြန်စွာ ေဖာက်ထွက်သွားသည်။
"ဒါ..ဒါက ဟိုင်မိသားစုရဲ့ ဓားပင်လယ်မှ တစ်ခုတည်းဖြစ်စေ နည်းစနစ်ပဲ.."
"သူ.တကယ်ပဲ ဟိုင်ကလန်ရဲ့ လျှို့ဝှက်ပညာရပ်ကို သိနေတယ်.."
"သူက ဟိုင်ပါထျန်းရဲ့ တရားမဝင်သားများ ဖြစ်နိုင်မလား.."
ဟိုင်ပါထျန်း၏ အမေနှင့်သားအား အကြင်နာမဲ့စွာ စွန့်ပစ်မှုကြောင့် ယခုအခါတွင် ဟိုင်ကလန်အား တရားမျှတမှု ရှာဖွေရန် ပြန်လာခဲ့ခြင်း ဖြစ်နိုင်မည်လား။
"ထိုးချက် သုံးဆယ်..ငါခုဏက တကယ်ပဲ ဓားရိပ် သုံးဆယ်တွေ့လိုက်တယ်.."
"ဒီလူငယ်လေးက တကယ်ပဲ ဟိုင်ပါထျန်းထက်ကို ဓားရိပ်တစ်ခု ပိုထုတ်ခဲ့တာပဲ.."
"ဘုရားရေ..ငါများအမြင်မှားနေသလား."
"သူက သိုင်းလက်သင် တစ်ယောက်ပဲဟာ.."
"ဟမ့်..အသွင်အပြင်ပဲ ရှ်ိတာပါကွာ.."
"သူက ဟိုင်ပါထျန်းရဲ့ ဓားပင်လယ်မှ တစ်ခုတည်းဖြစ်ခြင်း အစစ်အမှန်ဓား ချီကို ဟန့်တားနိုင်မယ်လို့ထင်နေတာလား.."
"သူက.. အိမ်မက်မက်နေတာပဲ.."
ဓားစွမ်းအင်နှစ်ခုမှာ မြန်ဆန်လွန်းသောကြောင့် လူတိုင်း၏ စိတ်ထဲတွင် လက်ခနဲ ဖြစ်သွားရသည်။
သူတို့ဘာမှမပြောနိုင်ခင် မှာပင် အထင်နှင့် အမြင်မှာ တပ်တပ်ဆင်အောင် လွဲသွားတော့သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise