← Chapters

ငါ့တူလေးကိုဘယ်သူထိရဲသလဲ

Vol. 38 Ch. 539

ငါ့တူလေးကိုဘယ်သူထိရဲသလဲ

Vol. 38 Ch. 539

အခန်း (၅၃၉) ငါ့တူလေးကိုဘယ်သူထိရဲသလဲ

ကောင်းကင်ထက်တွင် ပျံသန်းလာသော နျန်ချန်က မီးဝင်းဝင်းတောက်သောမျက်လုံးများဖြင့် ရန်ကျောက်ကဲနှင့် ရှီကျွင်းကို ငုံ့ကြည့်လာသည်။

ရန်ကျောက်ကဲ၏အမူအရာမှာ ပုံမှန်အတိုင်းဖြစ်ပြီး နျန်ချန်ကို အေးအေးဆေးဆေးပင် လက်ဝှေ့ယမ်းပြရင်း နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်သည်။

“ဟေး... လက်ရှစ်ချောင်းဘုရင်... ဘယ်လိုလဲ... အဆင်ပြေလား”

ကောင်းကင်ထက်မှနျန်ချန်ကိုလှမ်းကြည့်ရင်း ကျွန်းပေါ်မှလူတိုင်း အံ့အားသင့်သွားကြသည်။

နျန်ချန်၏မျက်နှာက နီရဲသွားပြီး ရန်‌ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အားလုံးက နျန်ချန်၏ လက်ကိုလှမ်းကြည့်မိတော့ နဂိုကတည်းက ဖြတ်တောက်ထားသောသူ၏ဘယ်ဘက်လက်မအပြင် ညာဘက်လက်ညှိုးလည်း မရှိတော့ကြောင်း အံ့သြဖွယ်ရာ တွေ့ရ၏။

နျန်ချန်မှာ ယခုအခါ တကယ်ပင် ‘လက်ရှစ်ချောင်းဘုရင်’ ဖြစ်နေပေပြီ။ သို့သော် မည်သူမှ မရယ်မောနိုင်ကြဘဲ ရန်ကျောက်ကဲနှင့် နျန်ချန်ကို စူးစိုက်ကြည့်ရင်း သူတို့အားလုံး ထိတ်လန့်အံ့သြလျှက် ရှိကြသည်။

ရန်ကျောက်ကဲဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော အရာဝတ္ထုကို အနည်းငယ်ဖြေလျှော့လိုက်ရာ သွေးနီရောင်အလင်းတန်းများ တောက်ပလာသည်။

အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လုံးလုံးလျားလျား ထိန်းချုပ်ဖမ်းဆုပ်ထားသလိုပင်။

ခန့်မှန်းတွက်ချက်ခြင်းများ အတည်ပြုပြီးနောက် လူတိုင်း မျက်လုံးအပြူးသားဖြင့် စကားမပြောနိုင်ဖြစ်ရသည်။

“နျန်ချန်ရဲ့လက်ချောင်း ပြတ်သွားတာလား ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ နဂါးကိုးကောင်လက်ချောင်းကို ဒီလူငယ်က တကယ်ပဲ ဖြတ်တောက်ယူလိုက်တာလား”

ဒီလူငယ် အလွန်တရာစွမ်းအားမြင့်မားသည်ကို သိရှိကြသော်လည်း ယခုလောက် အစွမ်းထက်မည်ဟု တစ်ခါမှ တွေးမထားခဲ့ကြပေ။

ရှန်စစ်ချန်က ရှန်ယင်းကို လှမ်းကြည့်ရင်း...

“ယင်းအာ... သမီး ဘာမှမဖြစ်ဘူးနော်”

ရှန်ယင်းက ခေါင်းညိတ်ပြစဉ် ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“မင်းရဲ့သမီးက ခေါင်းပေါ်က ဆံချည်တစ်မျှင်တောင် မထိခိုက်ခဲ့ပါဘူး ၊ ငါ့တူလေးသာ ဒဏ်ရာရသွားခဲ့တာ”

သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။

“မင်းရဲ့တူက ငါတို့သွေးနီနဂါးဂိုဏ်းက တပည့်တွေအများကြီးကို သတ်ပစ်လိုက်တာတောင် မင်းက ဒီလိုပြောရဲသေးသလား”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အိုး... ဒါပေါ့ ဒါပေါ့ ၊ လူတွေအများကြီးက ငါ့တူ‌လေးတစ်ယောက်တည်းကို ဝိုင်းသတ်ဖို့ကြိုးစားကြတာ ၊ မင်းတို့တပည့်တွေအများကြီးကို သတ်ပစ်ရုံသာမကဘူး အစုလိုက်အပြုံလိုက် အကုန်လုံး သတ်ပစ်သင့်တယ်”

သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်ရင်း...

“မင်း...”

“ပြောကြည့်... ငါ ဘာဖြစ်သလဲ”

ထို့နောက် ရန်ကျောက်ကဲက ရှန်ယင်းကို လှည့်ကြည့်ပြီး...

“’ရှန်’ မိန်းကလေး... နျန်ဝေက မင်းကို အနိုင်ကျင့်တာမဟုတ်ဘူးလို့ ပြောခဲ့တယ် ၊ ဒီတော့ ငါ့တူလေး’ရှီကျွင်း’ က မင်းကို အနိုင်ကျင့်ခဲ့တာလား”

ရှန်ယင်းက ချီတုံချတုံဖြင့် ခေါင်းငုံ့ထားစဉ် သူမဘေးနားမှ သွေးနီနဂါးဂိုဏ်းသားများကတော့ သူမကို ထိတ်လန့်စွာဖြင့် ကြည့်နေမိကြသည်။

သူမ အဖြေပြန်မပေးခင် ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ငါ့တူလေးက မင်းကိုအနိုင်ကျင့်ခဲ့တယ်ဆိုရင် ဘယ်နေရာ အနိုင်ကျင့်ခဲ့တာလဲ မေးချင်တယ် ၊ မင်းက မတရားခံရတဲ့သူဆိုပေမယ့် သက်သေမရှိဘဲ ဘာမှစွပ်စွဲလို့မရဘူးနော်... သိတယ်မလား ၊ ဒီမှာ လူတွေအများကြီးရှိတယ် ၊ မင်း ဘယ်လိုမတရားခံခဲ့ရသလဲ ပြောလို့ရတယ် ၊ မင်းအတွက် မတရားခံရတာမှန်ရင် အတည်ပြုပေးနိုင်တယ်”

သွေးနီနဂါးဂိုဏ်းမှ အဘိုးကြီး ‘ဝမ်ချင်’ က အေးစက်သည့်လေသံဖြင့်...

“မင်းရဲ့တူက ငါတို့ဂိုဏ်းက ရှန်ယင်းကို ဖမ်းခေါ်သွားတယ်ဆိုတာ သက်သေရှိပြီးသားပဲလေ ၊ ငါတို့ဂိုဏ်းကတပည့်တွေက သူ့ကိုတားဆီးဖို့ကြိုးစားတာကို သူက သတ်ပစ်လိုက်တာ ၊ မင်းရဲ့တူလေးက ရှန်ယင်းကို ဘာလို့ဖမ်းဆီးသွားရသလဲဆိုတဲ့ မေးခွန်းအတွက် မင်းတို့ဘက်က အဖြေပေးရမှာ မဟုတ်ဘူးလား”

“ရှန်ယင်း အခု ဘာမှမဖြစ်တာ ကံကောင်းတယ် ၊ ဒါလည်း အချိန်မနှောင်းခင် သူတို့ကို ရှာတွေ့သွားလို့ပဲ ၊ မဟုတ်ရင် မင်းရဲ့တူလေးက ဘာလုပ်ဖို့ ရည်ရွယ်ချက်ရှိမလဲ မသိနိုင်ဘူး ၊ ဘာပဲဖြစ်ဖြစ် ဒီကောင်စုတ်လေး လူသတ် ပြန်ပေးဆွဲတယ်ဆိုတဲ့အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ဝမ်ချင်ကို လှောင်ပြောင်သလို ကြည့်လိုက်ရင်း...

“ဘာလဲ... အဲဒါက မင်းတို့ပါးစပ်ထဲက လုပ်ဇာတ်အမှန်တရားကြီးလား”

ဝမ်ချင်က...

“မင်းက အသက်ငယ်ငယ်နဲ့ အမတလက်ဖွဲ့အဆင့်ရောက်နေပြီဆိုတာ သိပါတယ် ၊ ပြီးတော့ မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင်’ကျွမ်းခွန်’ ရဲ့ ရုပ်အလောင်းကိုလည်း မင်းရဲ့ကိုယ်ပွားအဖြစ် သန့်စင်နိုင်ခဲ့တယ် ၊ ဒါပေမဲ့ မင်းရဲ့စွမ်းအားနဲ့ မင်းရဲ့တူလေး အပြစ်တွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

“လောကမှာ တရားမျှတမှုဆိုတာ ရှိတယ် ၊ မင်း ငါ့ကိုသတ်ပြီး နှုတ်ပိတ်လိုက်နိုင်တယ် ၊ ဒါပေမဲ့ မိုးအောက်မြေပြင်တစ်ခုလုံးက အမှန်တရားကိုသိတဲ့လူတိုင်းကို နှုတ်ပိတ်လို့မရနိုင်ဘူး”

ဝမ်ချင်က ရန်ကျောက်ကဲကို တင်းမာစွာ ကြည့်ရင်း...

“မင်း ဘယ်လောက်အစွမ်းထက်ထက် လူတိုင်းကို နှုတ်ပိတ်လို့မရနိုင်ဘူး ၊ ဟုတ်တယ်မလား”

“မင်းက ဘယ်နေရာက ပေါ်လာမှန်းမသိဘဲ ဒီသမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေတယ် ၊ ဒါပေမဲ့ မင်းက ကမ္ဘာတစ်ခုလုံးကိုချုပ်ကိုင်ပြီး မင်းကိုဆန့်ကျင်ရဲတဲ့သူမရှိအောင် ဖိနှိပ်ထားမယ်ဆိုရင်တော့... ဒီကမ္ဘာကလူတွေကို အထင်သေးတာပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက တုန်လှုပ်ဟန်မရှိဘဲ ဝမ်ချင်ကို စိတ်ဝင်တစားဖြင့် တည်ငြိမ်စွာ ကြည့်လိုက်သည်။

ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကိုဆန့်ကျင်ရန် ရုတ်တရက်ထွက်ပေါ်လာသည့် အပြင်လူတစ်ယောက်အဖြစ် စွပ်စွဲရန်ကြိုးစားနေသည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲက လျှင်မြန်ခြင်းလည်းမရှိ ဖြည်းညင်းခြင်းလည်းမရှိသော လေသံဖြင့်...

“ဒီ ‘ရန်’ မျိုးနွယ်က မိုးအောင်မြေပြင်ကလူတိုင်းကို အထင်မသေးတတ်ပါဘူး ၊ ဒါပေမဲ့ တစ်ချို့လူတွေကိုတော့ အထင်ကြီးလို့ကိုမရဘူး ၊ ဥပမာ မင်းတို့ဂိုဏ်းလိုမျိုးပေါ့”

ထိုစကားကိုကြားတော့ သွေးနီနဂါးဂိုဏ်းမှလူများ ရန်ကျောက်ကဲကို ရန်လိုမုန်းတီးစွာ ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“ငါ့ကို ဒီလိုမကြည့်နဲ့ ၊ မင်းတို့ကို တခြားသူတွေက မျက်နှာသာပေးကောင်းပေးနိုင်တယ် ၊ ဒါပေမဲ့ ဂုဏ်သိက္ခာဆိုတာကတော့ သူများပေးလို့မရဘူး ၊ ကိုယ်တိုင်တည်ဆောက်ယူရတာ”

ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းရင်း ရှီကျွင်းကို အနားခေါ်လိုက်၏။

သူက လူငယ်၏ပခုံးကို အသာပုတ်ရင်း...

“ဒီကိစ္စမှာ ကာယကံရှင်နှစ်ယောက်ကပဲ အမှန်တရားကို သိတာပါ ၊ ဒါပေမဲ့ အခု သူတို့နှစ်ယောက်လုံးရဲ့ ထွက်ဆိုချက်တွေက မတူညီဘူး ၊ ဒါပေမဲ့ ငါကတော့ ငါ့ရဲ့တူလေးစကားကိုပဲ ယုံကြည်တယ်”

ရန်ကျောက်ကဲက ဝမ်ချင်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်ရင်း...

“နျန်ဝေ သေဆုံးသွားခဲ့တယ် ၊ သူက မင်းတို့ဂိုဏ်းက ဘိုးဘေးအကြီးအကဲ’နျန်ချန်’ ရဲ့မြေးဖြစ်နေလို့ပဲဖြစ်ဖြစ် ၊ တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ထောက်ထားလို့ပဲဖြစ်ဖြစ် ၊ ဂိုဏ်းတစ်ခုလုံးအတွက် စဉ်းစားလို့ပဲဖြစ်ဖြစ်... ရှန်ယင်းက အမှန်တရားကို မပြောဘဲ ငါ့တူလေးကို အပြစ်ပုံချခဲ့တယ်”

ရှန်ယင်း နှုတ်ခမ်းများကို ခပ်တင်းတင်းဖိကိုက်ထားလျှက် ခေါင်းငုံ့နေစဉ် သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများကတော့ ဒေါသချောင်းချောင်း ထွက်သွားကြသည်။

ရန်ကျောက်ကဲက သူတို့ကို အရေးမစိုက်ဟန်ဖြင့်...

“ဒါပေမဲ ရှန်ယင်းက နျန်ဝေ အပြစ်မရှိကြောင်း ပြောနိုင်ရုံလောက်ပဲ ရှိလိမ့်မယ် ၊ ငါ့တူလေးအပြစ်ရှိတယ်လို့ သူ စွပ်စွဲလို့ မရနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ ငါ့တူလေးက သူ့ကို ဖမ်းခေါ်သွားတယ်ဆိုပေမယ့် သူ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် မထိခိုက်စေခဲ့ဘူး”

“မင်းတို့ကြံစည်ထားတဲ့ လုပ်ဇာတ်ကြီးအတွက် အဖြေပေးပါဆိုရင် အဲဒီအဖြေကိုပဲ ငါပေးနိုင်တယ်”

“ငါ့တူလေးက မင်းတို့ဂိုဏ်းကတပည့်ရှန်ယင်းကို ဖမ်းခေါ်သွားခဲ့ပေမယ့် ဆံချည်တစ်မျှင်တောင် မထိခဲ့ဘူး ၊ ဒါပေမဲ့ တစ်စုံတစ်ခုကိုတော့ သက်သေပြနိုင်ခဲ့တယ် ၊ အဲဒါက ဘာလဲဆိုတော့ မင်းတို့ဂိုဏ်းကတပည့်တွေ တစ်ယောက်မှ သောက်သုံးမကျဘူးဆိုတာပဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ငါ့တူလေးကို တစ်ယောက်ချင်းမတိုက်ခိုက်နိုင်လို့ အုပ်စုဖွဲ့ပြီးတိုက်ခိုက်တာတောင် မနိုင်ခဲ့ကြဘူးမဟုတ်လား ၊ ဒီတော့ သူများကို လက်ညှိုးထိုးနေမယ့်အစား ကိုယ့်အခြေအနေကိုယ်ပြန်သုံးသပ်ပြီး ကိုယ့်ဂိုဏ်းကတပည့်တွေကို ဘယ်လိုသင်ပြပေးရမလဲ စဉ်းစားသင့်တယ် ၊ မဟုတ်လို့ကတော့ အကုန်လုံး သေဖို့လွယ်ကုန်လိမ့်မယ်”

“ကဲ... ဒီ မှတ်ချက်စကားကို မင်းတို့ ဘယ်လိုထင်သလဲ”

ထို့စကားကြားတော့ သွေးနီနဂါးဂိုဏ်းမှလူများ ဒေါထွက်ကုန်ကြပြီး ဝမ်ချင်ဆိုလျှင် ဒေါသကြောင့် တစ်ကိုယ်လုံးပင် တုန်ယင်လျှက် ရှိ၏။

အခြားသိုင်းဂိုဏ်းပေါင်းစုံမှ သိုင်းသမားများလည်း အကြည့်ချင်းဖလှယ်လိုက်ကြရင်း စိတ်ရှုတ်ထွေးနေကြသည်။

ရေသလင်းနန်တော်မှလူများက မည်သည့်စကားမှမဆိုဘဲ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှအကြီးအကဲက မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...

“ဒါက အတော်လေး အဓိပ္ပါယ်ရှိပါတယ်”

လက်ရှိအခြေအနေတွင် အမှန်တရားက ပိုပြီးဝေဝါးသွားသည်။ လူတိုင်းစိတ်ထဲတွင် သံသယကိုယ်စီရှိကြသော်လည်း မည်သူမှ ငတုံးများ မဟုတ်ကြပေ။

ပြဿနာကြီးတစ်ခုလုံးက ဖြေရှင်းမရဘဲ တဖြည်းဖြည်း သံသရာလည်နေပြီ ဖြစ်၏။

ရှီကျွင်းပြောသမျှ အပြည့်အဝ မယုံကြည်နိုင်သော်လည်း ရှန်ယင်း ထွက်ဆိုသည့်စကားကလည်း ပြီးပြည့်စုံခြင်းမရှိဘဲ သံသယဝင်စရာအချက်များနှင့် ပြည့်နက်နေသည်။ ထို့ကြောင့် သွေးနီနဂါးဂိုဏ်း၏ စွပ်စွဲချက်ကို အမှန်ဟု မယူဆနိုင်ပေ။

ရှီကျွင်းလည်း စိတ်သက်သာရာရသွားပြီဖြစ်သည်။ သွေးနီနဂါးဂိုဏ်းမှ အလိမ်အညာစကားလုံးများအောက်တွင် အပြည့်အဝ အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်သည့်တိုင် အနည်းဆုံးတော့ တိမ်ညိုများလွင့်စင်လျှက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာပေပြီ။

ရှန်ယင်းက အမှန်အတိုင်းမပြောသဖြင့် အနည်းငယ် မကျေမနပ်ဖြစ်ရသည့်တိုင် ဤသည်က အကောင်းဆုံးရလဒ်ဖြစ်ကြောင်း သူ သိရှိသည်။

အနည်းဆုံးတော့ သမုဒ္ဒရာကမ္ဘာကြီးတွင် သူ၏ဂုဏ်သတင်းက နစ်မွန်းစွန်းထင်းနေတော့မည် မဟုတ်ပေ။

ရှီကျွင်းက စကားပြောရန် ဟန်ပြင်လိုက်စဉ် အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲ၏ စကားသံက သူ့နားထဲ ဝင်လာသည်။

“တိတ်တိတ်နေ... အခုမှ ဇာတ်လမ်းစမှာ...”

ထိုအချိန်...

ရန်ကျောက်ကဲနှင့် ရှီကျွင်းကို တစ်ချိန်လုံး စူးစိုက်ကြည့်နေသည့် နျန်ချန်က အေးစက်စွာဖြင့် စကားဝင်ပြောသည်။

“ကောင်းကင်ဘယ်လောက်မြင့်တယ် မြေကြီးဘယ်လောက်နက်တယ်ဆိုတာ မသိတဲ့လူငယ်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေတတ်ကြတယ်”

သူ့အသံက ကြမ်းတမ်းသောနဂါးဟောက်သံပမာဖြစ်ရာ လူတိုင်းထိတ်လန့်သွားရပြီး နားများပင် အူသွား၏။

ထို့နောက် နျန်ချန်က ရှီကျွင်းကို လက်သီးဖြင့် ထိုးနှက်ချလိုက်ပြီး...

“ဒီ အဘိုးကြီးရဲ့မြေး သေသွားပြီ ၊ ဒီတော့ မင်းလည်း ဒီလောကမှာ ရှိမနေသင့်ဘူး ၊ ကောင်းကင်ဘုံမှာရှိနေတဲ့ ဝေအာအတွက် မင်းရဲ့ နှလုံးသွေးနဲ့ တရားမျှတမှု ရှာပေးရမယ်”

နျန်ချန်၏ မျက်ဝန်းများက အေးစက်နေပြီး...

“ငါ့ကိုဘယ်သူမှ တားလို့မရဘူး”

နျန်ချန် ၊ ရန်ကျောက်ကဲနှင့် ရှီကျွင်းတို့နှစ်ဦးကြားသို့ ပုံရိပ်တစ်ခု ရောက်လာသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပင် ဖြစ်၏။

ရန်ကျောက်ကဲက ခပ်တည်တည်ဖြင့်...

“အပြောထက်အလုပ်က ပိုပြီးအရေးကြီးပါတယ် အဘိုးကြီး...”

သူက ဆက်ပြောသည်။

“ငါ့တူကို ထိရဲရင် ထိကြည့်လေ ၊ ဟိုနေ့က ငါချန်ထားခဲ့တဲ့ မင်းရဲ့လက်ချောင်းတွေအကုန်လုံး ဖြတ်ပစ်လိုက်မယ်”

All Chapters