ကမ္ဘာကိုတုန်လှုပ်စေသူ
Vol. 38 Ch. 540
အခန်း (၅၄၀) ကမ္ဘာကိုတုန်လှုပ်စေသူ
သိုင်းသူတော်စင်အဆင့်တိုက်ပွဲ၏ နောက်ဆက်တွဲငလျင်လှိုင်းများဒဏ်ကို ခံနိုင်ရည်မရှိမည်စိုးရိမ်ကြ၍ အခြားသောသိုင်းသမားများ ဘေးဘက်ခပ်လှမ်းလှမ်းသို့ ရွှေ့ပြောင်းသွားကြသည်။
ရန်ကျောက်ကဲက ရွှီဖေးကိုလှမ်းကြည့်ရင်း အသံပို့လွှတ်စနစ်ဖြင့် တစ်စုံတစ်ခုကို တိတ်တဆိတ် ပြောဆိုလိုက်သည်။
ရွှီဖေး၏ မျက်ဝန်းများ အနည်းငယ်တုန်ခါသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လေထဲသို့ လက်ကိုဆန့်တန်းလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည်နှင့်အတူ လက်သီးသိုင်းကိုပါ ပေါင်းစပ်ထုတ်ဖော်လိုက်သည်။ ကြီးမားသော လှံရှည်တစ်စင်းက နျန်ချန်ထံသို့ ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်လာသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “နဂါးကိုးကောင်လက်သည်း” သည် သွေးနီနဂါးအစစ်အမှန်သိုင်းကိုယ်ပွားထက်တွင် တောက်ပနေသည်။ နဂါးလက်သည်း (၈)ချောင်းသာ ကျန်ရှိတော့သဖြင့် သိသိသာသာပင် အားပျော့သွားသည်။
နဂါးကိုးကောင်လက်သည်းသည် အထွတ်ထိပ်မှော်ဝင်လက်နက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လက်သည်းတစ်ချောင်း ပြတ်ထွက်သွားချိန်တွင် တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုကို ထိန်းသိမ်းထားနိုင်သော်လည်း လက်သည်းများအနက် တစ်ခုကို ဆုံးရှုံးသွားရသဖြင့် စွမ်းအားကတော့ အထွတ်ထိပ်အဆင့်မရှိတော့ဘဲ ဆိုးရွားစွာ လျော့နည်းသွားသည်။
ရန်ကျောက်ကဲက...
“မင်း လက်ချောင်းကိုးချောင်းနဲ့တောင် ငါ့ကိုမနိုင်တာ ၊ အခု လက်ရှစ်ချောင်းနဲ့ ငါ့ကို နိုင်မယ်ထင်သလား”
နျန်ချန်က မည်သည့်စကားမှမဆိုဘဲ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အာရုံကြောများ တုန်ခါသွားသည်။
များပြားလှစွာသော သွေးနီနဂါးများက လေထဲသို့ပျံတက်သွားပြီး ဆူညံသော ကြုံးဝါးသံများ ပြုလုပ်လိုက်ကြ၏။
နျန်ချန်က သူ့လည်ပင်းကို အသာလှည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးနီနဂါးများ၏လည်ပင်းများကလည်း ထိုအတိုင်းလိုက်ပြီး တွန့်လိမ်သွားကြသည်။ ထိုနောက် ၎င်းနဂါးများ၏ လည်ပင်းများက ဖုထစ်ဖောင်းကားလာသည်။
မကြာမီ ရာနှင့်ထောင်နှင့်ချီသော သွေးနီနဂါးများ အတူတကွ ကြုံးဝါးအော်ဟစ်လိုက်ကြပြီး များပြားလှစွာသော သွေးနီရောင်စက်ဝန်းများကို ပါးစပ်ထဲမှ အန်ထုတ်လိုက်ကြသည်။ ထို သွေးနီရောင်စက်ဝန်းများက လေထုထဲတွင် ပေါက်ကွဲထွက်သွား၏။
သွေးနီနဂါးဂိုဏ်း၏ လျှို့ဝှက်ပညာတစ်ရပ်ဖြစ်သော “သွေးနီနဂါးစက်ဝန်း” ဖြစ်၏။
ယခင်က သွေးနီနဂါးဂိုဏ်းမှ အမတဝိညာဉ်သိုင်းဆရာသခင် ဟိုင်ကျန့်ကျယ်သည်လည်း သူ၏စွမ်းအားများ မြှင့်တင်ရန် ဤလျှို့ဝှက်နည်းလမ်း အသုံးပြုခဲ့သည်ကို ရန်ကျောက်ကဲ တွေ့မြင်ဖူးသည်။
ယခု သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် နျန်ချန်က ထိုပညာ အသုံးပြုလိုက်သည့်အခါ သွေးနီရောင်အလင်းတန်းများက ပတ်ဝန်းကျင်မိုးမြေတစ်ခွင်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
နျန်ချန်၏ ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော သွေးနီနဂါးကြီးက သွေးနီရောင်အလင်းတန်းများကို ဆုပ်ယူလိုက်ပြီး ထိုနဂါးကြီး၏ လည်ပင်းသည်လည်း တဖြည်းဖြည်း ဖောင်းကားလာ၏။
ထို သွေးနီနဂါး အစစ်အမှန်သိုင်းကိုယ်ခွဲက ပါးစပ်ကိုဖွင့်ဟလိုက်လေရာ သွေးနီရောင်နေမင်းတစ်စင်းပမာ စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး လေထုတစ်ခုလုံး သွေးရောင်လွှမ်းသွားစေသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ ကြီးမားပြင်းထန်သောစွမ်းအားလှုံ့ဆောက်မှုကြောင့် သွေးနီရောင်စက်ဝန်းကြီးက နဂါးကိုးကောင်လက်ချောင်းထက်သို့ ဆင်းသက်လာပြီး အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။ နဂါးကိုးကောင်လက်ချောင်းက သွေးနီရောင်အစက် (၈)စက်အဖြစ် လေထဲတွင် စုဆုံသွားပြီး ရန်ကျောက်ကဲနှင့် ရှီကျွင်းထံသို့ ဖိအားအပြည့်ဖြင့် ကျဆင်းသွား၏။
ရန်ကျောက်ကဲမျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပုံရိပ်က လေထဲတွင် လှုပ်ရှားသွားပြီး လက်သီးကို ရှည်လျားသည့် လှံရှည်ပမာ စက်ဝိုင်းသဏ္ဌန် လှည့်ပတ်လိုက်သည်။ထို စက်ဝိုင်းသဏ္ဌန်လှံရှည်ထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခွင် လွှမ်းခြုံထားသော သွေးနီရောင်အစက် (၈)စက်ကို ဖုံးလွှမ်းသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကွေးညွှတ်ထားသော လှံရှည်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်နှင့် သွေးနီရောင်အစက် (၈)စက်သည် ဖရိုဖရဲ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူရှိရာနေရာတွင် မတုန်မလှုပ် တည်ရှိနေသော်လည်း နျန်ချန်၏ သွေးနီနဂါး အစစ်အမှန်သိုင်းကိုယ်ခွဲကြီးကတော့ မတည်မငြိမ်ဖြစ်ကာ လှုပ်ခါသွားသည်။
ထိုအချိန်...
ရန်ကျောက်ကဲမျက်နှာက ခံစားချက်ကင်းမဲ့နေသည့်တိုင် သူ့စိတ်ထဲတွင် တစ်ချက်လှုပ်ခတ်သွား၏။
အနက်ရောင်ချီစွမ်းအားစီးကြောင်းတစ်ခုက အဝေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ ကျွန်းငယ်လေးထံ ရောက်ရှိလာသည်။
နျန်ဝေက အေးစက်စွာဖြင့်...
“ကောင်လေး... မင်း စော်ကားထားတဲ့သူတွေများလွန်းလို့ အားလုံးက မင်းကို ရှင်းပစ်ချင်နေကြတာ ၊ ဒီအဘိုးကြီးတစ်ယောက်တည်း မဟုတ်ဘူး”
ရန်ကျောက်ကဲက အံ့သြဟန် မရှိဘဲ...
“ရှားလော်ဂိုဏ်းက လူတွေပဲ”
သူအရှေ့သို့ ရောက်လာသည့် အနက်ရောင်ဓားချီ၏စွမ်းအားကို ရန်ကျောက်ကဲ စိမ်းသက်မနေပေ။ ထို ဓားချီမှာ ရှားလော်ဂိုဏ်း၏ ထူးခြားသောဓားသိုင်းဖြစ်သော “အမှောင်ဓားချီ” ပင် ဖြစ်၏။
ကြောက်မက်ဖွယ်ရာ အနက်ရောင်ဓားချီက ကျွန်းငယ်လေးကို ထက်ပိုင်းကွဲသွားစေသည်။ ကျောက်တုံးကျောက်သားများ လွင့်စင်ထွက်သွားပြီး ရန်ကျောက်ကဲ ရှိသည်အခြမ်းနှင့် အခြားသူများရှိသည့်အခြမ်းက ညီညာစွာ ပြတ်တောက်သွား၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နဂါးဟိန်းသံတစ်သံ ပြုလုပ်လိုက်ပြီး အစိမ်းရောင်ချောက်နက်ဓားကို ပစ်လွှတ်လိုက်လေရာ အစိမ်းရောင်ဓားအလင်းတန်းက ကြီးမားသော အစိမ်းရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။
ထိုအစိမ်းရောင်နဂါးကြီးက ကြောက်မက်ဖွယ်ရာ အနက်ရောင်ဓားချီကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။ အမှောင်ဓားချီမှာ ချက်ချင်းအက်ကွဲသွားပြီး အတွင်းထဲမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
အမှောင်ဓားချီထဲတွင် ဖုံးကွယ်နေသော နောက်ထပ်ဓားဝိညာဉ်တစ်ခု ရှိနေသည်ပင်။ ထိုဓားချီက “သွေးပင်လယ်ဓားချီ” ဖြစ်၏။
ထို သွေးပင်လယ်ဓားချီက ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ဖြစ်သော အစိမ်းရောင်နဂါးကြီး၏လည်ပင်းထက်သို့ တဟုန်ထိုး ဝင်ရောက်လာပြီး နဂါးကြီးလည်ပင်းတစ်လျှောက် သွေးစီးကြောင်းတစ်ခု ထင်ဟပ်သွားသည်။ နဂါးကြီး၏လည်ပင်းကို ထိုးခွဲပစ်ချင်သည့်အလား ထိုအနီရောင်သွေးစီးကြောင်းက လျှင်မြန်စွာ ကျယ်ပြန့်လာ၏။
ထိုခဏတွင် ရန်ကျောက်ကဲမျက်ဝန်းများဆီမှ အေးစက်သောဓားအလင်းတန်းများထွက်ပေါ်လာပြီး အစိမ်းရောင်အကြေးခွံနဂါးကြီးက ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားလိုက်ရာ အစိမ်းရောင်အလင်းတန်းများက ကောင်းကင်ကိုလွှမ်းခြုံလျှက် မြေပြင်ကို ဝါးမြိုသွားသည်။
နဂါးကြီးမျက်ဝန်းထဲမှ အေးစက်သောအလွန်းတန်းများ ထွက်ပေါ်လာပြီး ရှည်လျားသောကြုံးဝါးသံက ကောင်းကင်ကိုးထပ်ကို ထိုးဖောက်သွားကာ ဓားအလင်းရောင်က တဟုန်းဟုန်း တောက်လောင်လာသည်။
ရန်ကျောက်ကဲက အင်္ကျီလက်ထဲမှ မိုးပြာရောင်နဂါးဓားသိုင်း ၊ ‘ကောင်းကင်ကိုးထပ်ပြောင်းလဲ’ ဓားကွက်ကို အသုံးပြုလိုက်ခြင်းဖြစ်ပြီး အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်ကာ ရန်သူ၏ သွေးပင်လယ်ဓားချီကို ခုခံလိုက်ခြင်းပင်။
ထို့နောက်မှာတော့ အစိမ်းရောင်နဂါးကြီးက တိမ်တိုက်များကြားတိုးဝင်ပြီး လှစ်ခနဲ ပျောက်ကွယ်သွားကာ အရိပ်အယောင်ပင် မတွေ့မြင်ရတော့ပေ။
သွေးနီရောင်ဓားအလင်းတန်းမှာ ထပ်မံဖိအားပေးတိုက်ခိုက်ချင်သော်လည်း ပစ်မှတ်မရှိတော့သဖြင့် တုံ့ဆိုင်းသွားသည်။
“တိမ်လွှာနဂါးဝှက်” ဓားကွက်အောက်တွင် အစိမ်းရောင်နဂါးကြီးက ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ တိမ်တိုက်များအနောက်သို့ ဝင်ရောက်သွားခြင်းဖြစ်၏။ သို့သော် ချက်ချင်းပင် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဓားအလင်းတန်းက ကြီးမားသောနဂါးကြီးအသွင် ပြောင်းလဲသွားပြီး ပြန်းထန်စွာလှည့်ပတ်လျှက် သွေးနီရောင်ဓားအလင်းတန်းကို လွှမ်းခြုံသွားသည်။
ကြောက်မက်ဖွယ်ရာ သွေးနီရောင်အလင်းတန်းကြီး ချက်ချင်းပင် အက်ကွဲသွား၏။
သို့သော် အက်ကွဲသွားသော သွေးနီရောင်အလင်းတန်းများကြားမှ အဖြူရောင်အရိုးသဏ္ဌန်ရှိသော ဓားသွားတစ်စင်း ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအဖြူရောင်အရိုးသဏ္ဌန်ဓားရှည်က အစိမ်းရောင်နဂါးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။ ထိုဓားရှည်နောက်တွင်တော့ အရိုးချပ်ဝတ်လွှမ်းခြုံထားသည့် လူတစ်ယောက်၏သွင်ပြင် ထွက်ပေါ်လာသည်။
အရိုးချပ်ဝတ်က ကြီးမားသော အရိုးဆူးချွန်များဖြင့် ဖွဲ့စည်းထားသဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ကြမ်းတမ်းရက်စက်သည့် ချီစွမ်းအားကို ခံစားရသဖြင့် လူတိုင်း၏စိတ်ထဲ အေးခဲသွားမတတ် ခံစားလိုက်ကြရသည်။
“ရှားလော်ဂိုဏ်းချုပ် ‘ကောင်းကင်မိစ္ဆာ’ ဖုန်းကျန်းရှန်”
ရောက်ရှိလာသူက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ရှားလော်ဂိုဏ်း၏ ဂိုဏ်းချုပ် ၊ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် နံပါတ် (၄) အဆင့်ရှိသော ‘ဖုန်းကျန်းရှန်’ ပင် ဖြစ်သည်။
ရှားလော်ဂိုဏ်း၏ ထိပ်တန်းအဆင့်သိုင်းပညာဖြစ်သော အေးစိမ့်အရိုးဖြူဓားချီက သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော အရိုးဖြူခန္ဓာအဖြစ်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းကျသွားသည်။
သူက ဓားရှည်ဖြင့် ရန်ကျောက်ကဲကိုရော ၊ ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ဖြစ်သည့် အစိမ်းရောင်နဂါးကြီးကိုပါ ထိုးခွဲရန် ကြိုးစားလိုက်၏။
ရန်ကျောက်ကဲမျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ သူ့မျက်ဝန်းများတွင် အေးစက်သောအလင်းတန်းများ ထွက်ပေါ်လာသည်။
များပြားလှစွာသော အင်းသင်္ကေတများက မိုးမြေမဖြစ်တည်မီ ပရမ်းပတာအခြေအနေတစ်ခုအလား နက်ရှိုင်းသော အစီအရင်တစ်ခု ဖြစ်ပေါ်လာပြီး ရန်ကျောက်ကဲ၏ဓားသွားထိပ်တွင် စုဝေးလာသည်။
အစိမ်းရောင်နဂါးကြီး ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာအနေအထားတစ်ခုသို့ ကျရောက်သွားသည်။ ဓားသွားထိပ်ဖျားမှ ဝိညာဉ်သင်္ကေတအစီအရင်က ပရမ်းပတာအခြေအနေမှသည် တုနှိုင်းမရကြောက်စရာကောင်းသော အဖျက်စွမ်းအားကြီး ထွက်ပေါ်လာသည်။
အရိုးဖြူဓားနှင့် ရန်ကျောက်ကဲ၏ဓား ထိပ်တိုက်တွေ့မိသည်နှင့် ပြင်းထန်သော နောက်ဆက်တွဲလှိုင်းလုံးများ ဘေးသို့ ဖြာထွက်သွားပြီး သူတို့ခြေထောက်အောက်ရှိ ကျွန်းငယ်လေး နှစ်ပိုင်းပြတ်သွားကာ ပင်လယ်ပြင်သည်ပင် အက်ကွဲသွားသည့်အလား ထင်မှတ်ရ၏။
ရန်ကျောက်ကဲ၏ ဝိညာဉ်အစီအရင်ကို တွေ့မြင်သည်နှင့် အားလုံး အံ့အားသင့်သွားပြီး တုန်လှုပ်သွားကြသည်။
“အမတလက်ဖွဲ့ အလယ်ဆင့် သိုင်းဆရာသခင်”
“အရင်က ပင်လယ်နက်စင်္ကြံမှာ အမတလက်ဖွဲ့ ကနဦးအဆင့်ကို တက်ခဲ့တာမဟုတ်လား... အခုကျ...”
အရိုးဖြူချတ်ဝတ်ကြောင့် ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျန်းရှန်’ ၏ မျက်နှာအမူအရာကို မတွေ့မြင်ရသော်လည်း သူ၏မျက်ဝန်းများမှတစ်ဆင့် တုန်လှုပ်ချောက်ချားမှုကို ထင်ရှားစွာ တွေ့မြင်ရသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း လူတိုင်း ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ရ၏။
နျန်ချန်၏ နဂါးကိုးကောင်လက်သည်းတစ်ချောင်းကို ကိုင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဖြင့် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ‘နျန်ချန်’ ကို တိုက်ခိုက်နေဆဲမှာပင် အခြားသော သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်သော ‘ဖုန်းကျန်းရှန်’ ကို၏ တိုက်ခိုက်ခြင်းကို တုံ့ပြန်နိုင်နေဆဲပင်။
သို့သော်...
မထင်မှတ်စွာပင် အဝေးတစ်နေရာမှ မိုးခြိမ်းသံများထွက်ပေါ်လာပြီး ပင်လယ်နက်ရှိုင်းရာအရပ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ရန်ကျောက်ကဲ ခြေထောက်အောက်မှ ကျွန်းငယ်လေး ကောင်းကင်ထက်သို့ ပေါက်ကွဲလွင့်ထွက်သွားသည်။
ရန်ကျောက်ကဲ မျက်လုံးများ ကျဉ်းမြောင်းလိုက်ရင်း...
“သမုဒ္ဒရာကမ္ဘာက ဒီသိုင်းပညာ... ဒါက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းထဲက လေ့ဟွမ်ဂိုဏ်းလား ၊ ငါ သူတို့ဂိုဏ်းနဲ့ တစ်ခါမှ ပြဿနာမဖြစ်ဖူးပါဘူး...”
အတွေးများ သူ့ခေါင်းထဲ လျှပ်ပြက်သလို ဖြတ်သန်းသွားစွာ ချက်ချင်းပင် မိုးကြိုးတုန်လှုပ်သိုင်းကွက်ကို အသုံးပြုကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
ရန်ကျောက်ကဲ ဓားချက်ထုတ်ဖော်လိုက်သည်နှင့် သူ့ထံဝင်ရောက်လာသော မိုးကြိုးအလင်းတန်းက တစ်စစီ ကွဲကြေသွားလေ၏။