အပိုင်း(၁၈)
Vol. 2 Ch. 18
ကြမ်းကြုတ်ပီး ကြီးစိုးသော အဖြူရောင်နှင့် အပြာရောင် ဓားစွမ်းအင် နှစ်ခုက ကျယ်လောင်သော အသံနှင့်အတူ ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြသည်။
ရုတ်ချည်း ထိပ်တိုက်ပြင်းထန်စွာတွေ့မိသော အလယ်ဗဟိုချက်နေရာတွင် ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှုက ဦးတည်ချက်အနှံ့သို့ ကသောင်းကနင်း ထွက်သွားသည်။
ထိုအရာကိုမြင်လိုက်ရ၍ ပွဲကြည့်ပရိတ်သတ်တို့မှာ အလျှင် အမြန် နောက်သို့ ဆုတ်လိုက်ကြသည်။
သို့သော် ၎င်းတို့မှာ နီးကပ်လာသောကြောင့် အချိန်မှီ မရှောင်တိမ်းနိုင်ကြချေ။
"အား..."
"အား.."
စိတ်မချမ်းမြေ့စရာ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။
စန်းယွဲ့မြို့၏ မြို့သူမြို့သားများ၌ အများစုမှာ သာမန်လူများနှင့် အဆင့်နိမ့်သိုင်းသမားများသာ ဖြစ်ကြသည်။
စိတ်ဝိညာဥ်နယ်ပယ် အဆင့် စွမ်းအင်တစ်ခုက ၎င်းတို့ ခုခံနိုင်သော အရာမဟုတ်ပေ။
ပြင်းထန်သော စွမ်းအင်နှင့် ပေါက်ကွဲမှုကြောင့် သာမန်လူများစွာတို့၏ ခန္ဓာကိုယ်များမှာ ၎င်းတို့ကြား နစ်မြုပ်သွားသည်။
သိုင်းလက်သင်အများအပြားက အရင်းအမြစ်စွမ်းအင်အား ခန္ဓာကိုယ်တွင်းတွင် အဆက်မပြတ်လှည်ပတ်၍ ခုခံလိုက်ကြသော်လည်း ပြင်းထန်သော စွမ်းအင်ထဲတွင် နစ်ဝင်သွားဆဲဖြစ်ပြီး စိတ်မချမ်းမြေ့စရာ အော်သံများသာ ကျန်ရစ်ခဲ့သည်။
ဟိုကလန်၏ ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်တွင် ရှိနေသော စားသောက်ဆိုင်မှာ အနည်းဆုံး မီတာ တစ်ရာခန့်ဝေးသည်။
ထိုအချိန်တွင် စားသောက်ဆိုင် ဒုတိယ အလွှာရှိ သီးသန့်အခန်းဆီမှ သစ်သားပြတင်းတံခါးက ပွင့်လာသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်နှင့် အသက်အရွယ်ကြီးရင့်သော လူကြီးတစ်ယောက်တို့က ပြတင်းပေါက်၌ မတ်တပ်ရပ်နေ၏။
အဖြူရောင်နှင့် လူငယ်မှာ အသက် နှစ်ဆယ်ခန့် ရှိပုံရသည်။
သူက စက္ကူယပ်တောင်တစ်ခုအား သူ၏လက်ထဲတွင် ဝေ့ယမ်းကာ
ယောက်ျားပီသမှုနှင့် ကြော့မော့မှုဟန်ပန်ကို ဖြစ်စေသည်။
လူအိုကြီးကတော့ တစ်ခေါင်းလုံး ဖြူဖွေးသော ဆံပင်တို့ရှိပြီး ခံညားသော အသွင်အပြင်ရှိသည်။
သူသည်လည်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။
ထိုနေရာတွင် ရပ်နေပြီး လူအများစုအား သူ၏ ကျင့်ကြံမှုကိုထောက်လှမ်းနိုင်ရန်အတွက် လက်လှမ်းမမှီနိုင်ဟူသော ခံစားချက်ကိုပေးစွမ်းကာ လှုပ်ခါ၍ မရနိုင်သော တောင်တစ်လုံးကဲ့သို့ပင်ဖြစ်သည်။
"အဲ့ကလေးရဲ့ ပါရမီက ဒီကမ္ဘာကြီးမှာ ရှားမှရှားပဲ.."
လူအိုကြီးက သူ့ရှေ့ရှိ ဟိုင်ကလန်၏ တိုက်ပွဲကိုကြည့်ကာ အေးအေးဆေးဆေး ပြောလ်ိုက်သည်။
အကြီးအကဲ၏ စကားအားကြားလိုက်ရသောအခါ လူငယ်လေးက အကြီးအကဲအား စူးစိုက်ကြည့်လိုက်သည်။
"ဆရာ. ဆရာအကဲဖြတ်တာက သူ့အပေါ်မှာ မမြင့်မားလွန်းနေဘူးလား.."
"ချန်အာ...မင်းကငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးတော့ ဘယ်လိုပါးနပ်မှု ရှိရမယ် ကြံစည်ရမယ်ဆိုတာကို သင်ယူခဲ့တယ်.."
"မင်းက သိုင်းပညာရပ်တွေကိုလည်း အတော်အတန်ကို သိပြီးသားပဲ.."
"ဒီကလေးကတော့... တော်တော်လေးကို ရှားမှာရှား ပါရမီရှင်လို့ပြောလို့ရတယ်.."
"မင်းသာ သူ့ကို မင်းရဲ့အတောင်အောက်မှာ ထားနိုင်ရင် အနာဂတ်ကြ မင်းရဲ့ ပလ္လင်အတွက် တိုက်ပွဲမှာ သူက ကြီးမားတဲ့ အကူအညီ ပေးနိုင်မဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်.."
လူအိုကြီးက ပြောလိုက်သည်။
အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသော လူငယ်မှာ ယွမ်လိုင် အင်ပါယာ၏ စတုတ္ထမြောက်မင်းသား လုံချန်ဖြစ်သည်။
ဤလူအိုကြီးမှာ ယွမ်လိုင် အင်ပါယာ၏ ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး လောလောဆယ်တွင် အင်ပါယာ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သော နလန်ယွမ် ဖြစ်သည်။
"အိုး.."
နလန်ယွမ်၏ စကားလုံးတို့အား ကြားလိုက်ရသောအခါ လုံချန်၏ မျက်လုံးတို့ အရောင်လတ်သွားသည်။
ထို့နောက်သူက ပြောလိုက်သည်။
"ဒါဆို ဘာလို့ဆရာက သူ့ကို ဆရာရဲ့ သင်ပြမှုအောက်မှာ မထားရတာလဲ"
"သူသာ ဆရာ့ကိုသိရင် သူသေချာပေါက် အရမ်းပျော်မှာလို့ ကျွန်တော် ထင်တယ်"
သို့သော် နလန်ယွမ်က သူ၏ ခေါင်းအား ခါပြလိုက်မည်ဟုတော့ မမျှော်လင့်ထား မိခဲ့ချေ။
"ဆရာလည်း..အဲ့လိုလုပ်ချင်တာပဲ..."
"ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက သူ့မှာ ဆရာတစ်ယောက်ရဲ့ အမွေကို ဆက်ခံထားပြီးသွားပြီ.. "
"ဒါက မရိုးရှင်းတော့ ဘူး မလား."
လုံချန်၏ မျက်နှာထက်တွင်တော့ အမူအယာက မပြောင်းလဲသွားချေ။
"ဆရာသာ သူ့ကိုလက်ခံဖို့ အတွက် ဆန္ဒရှိတယ်ဆိုရင် သူရဲ့ဂိုဏ်းကို ပြောင်းမှာပဲ မဟုတ်ဖူးလား"
"ယွမ်လိုင် အင်ပါယာမှာ ဘယ်သူကမှ ဒီဆွဲဆောင်မှုကို ငြင်းဆန်းနိုင်မှာ မဟုတ်ဖူးလို့ ကျွန်တော် ယုံတယ်.."
"ဟား..ဟား.."
နလန်ယွမ်က ရယ်လိုက်သည်။
သူ၏ ရယ်သံထဲတွင် ကိုယ့်ကိုယ်ကိုယ် ပျက်ရယ်ပြုမှုတို့ပါ၍ သူကပြောလိုက်သည်။
"ချန်အာ..အမြဲတမ်းမင်းထက် တစ်စုံတစ်ယောက်က သန်မာနေတယ်ဆိုတာကို သိထားရမယ်.."
"ဒီလူငယ်လေး ဆရာရဲ့ အမွေအနှစ်ကိုသာ သိရင် မင်းဒီလို ပြောမှာ မဟုတ်တော့ဘူး.."
"အိုး..."
"သူရဲ့ ဂိုဏ်းက ဆရာ့ထက်တောင် ပိုပြီး စွမ်းအားကြီးတာ များဖြစ်နိုင်မလား.."
လုံချန်၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့က ရှိနေဆဲဖြစ်သည်။
ယွမ်လိုင်အင်ပါယာ၏ ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်မှာ အရင်က တစ်ခါမျှ စစ်မှန်စွာ မယှဥ်ပြိုင်ကြဘူးသော်လည်း လူအများ၏ နှလုံးသားထဲ၌ အထင်ရှားဆုံးသော အဆင့်ရှိသူများမှာ ကောင်းကင်ဘုံ လေ(ထျန်းဖုန်း)ဂိုဏ်း၏ ခေါင်းဆောင် ဖုန်းချမ့်ယွီ
နှင့် အင်ပါယာ၏ အကြံပေးပုဂ္ဂိုလ် နလန်ယွမ်တို့ ဖြစ်ကြသည်။
"ငါသာ မမှားဘူးဆိုရင် ..သူသိုင်းနည်းစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် အသုံးပြုခဲ့တဲ့ အနှစ်သာရစွမ်းအင်က...ပြင်းထန်တဲ့ယင်နဲ့ ပြင်းထန်စွာအေးစက်တဲ့ ငရဲဘုံကိုးခု စွမ်းအင်ပဲ.."
"သူက ငရဲဘုံ ကိုးခု ဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ"
နလန်ယွမ်ပြောလိုက်သော နမည်အား ကြားလိုက်ရသော အခါတွင် နှစ်ပေါင်းများစွာတိုင် စွမ်းအား အာဏာနှင့် အကျိုးအမြတ်ကြား အပြင်းအထန် ကြိုးပမ်းလေ့ကျင့်ခဲ့ရမှုတို့ကြောင့် တစ်ချိန်လုံး တည်ငြိမ်စွာဖြင့် ဘာပြောင်းလဲမှုမှ ရှိမနေခဲ့သော သူ၏ မျက်နှာမှာထိုအချိန်၌ ရုတ်တရက် တုန်ယင်သွားသည်။
သူက တုန်လှုပ်စွာ ပြောလိုက်သည်။
"ငရဲဘုံကိုးခု ဧကရာဇ်.....ကောလဟာလတွေအရ သူက လွန်ခဲ့တဲ့ နှစ်ငါးဆယ်က သေသွားခဲ့ပြီး မဟုတ်ဖူးလား.."
"ပီးတော့.. ဒီကောင်လေးက..ဆယ့်ငါးဆယ့်ခြောက် အရွယ်ပဲ ရှိသေးတာလေ.."
"ဒါက...ဘယ်လို ဖြစ်နိုင်မှာလဲ"
နှစ်ငါးဆယ်ကုန်လွန်သွားခဲ့ပီဖြစ်သော်လည်းကြီးမြတ်သော ငရဲဘုံက်ိုးခု ဧကရာဇ်၏ နမည်မှာ လူတိုင်း၏ နှလုံးသားထဲ၌ စွဲထင်နေဆဲ ဖြစ်သည်။
"အဲ့အချိန်တုံးက...ကြီးမြတ်တဲ့ ငရဲဘုံက်ိုးခု ဧကရာဇ်က နတ်ဆိုးတောင်ကြောမှာ အမည်မသိ အကြောင်းပြချက် တစ်ချို့ကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပြီး ထျန်းဟန်တိုက်ကြီး တစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့တယ်.."
"ဒါပေမဲ့..ကြီးမြတ်တဲ့ဧကရာဇ်က သူ အသက်ရှင်နေတုံးက တပည့် ခုနှစ်ယောက်ကို လက်ခံခဲ့တယ်တဲ့.."
"သူတို့က..."
"သေခြင်း ဧကရာဇ်..လင်ယဲ့ဖုန်း.."
"ကြောင့်ကြမဲ့ ဧကရာဇ် မိုရှောင်ယောင်.."
"ထျန်းဟွမ်မြို့ အရှင်သခင် လန်အောင်းယွဲ့.."
"သေခြင်းမဲ့တောင်တန်းရဲ့ လောချင်းချွမ်"
"သူတော်စင်အဆင့် နည်းစနစ်သန့်စင် ဆရာသခင် ရှောင်းထျန်းယီ.."
"မော်ကြွားဓား အိမ်တော်ရဲ့ ယွမ်ရီမုံ့ ..."
"ကမ္ဘာ့ နံပါတ်တစ် ဆေးဝါးရောင်းချသူ ချင်ယူဖန်း"
လုံချန်၏ နှုတ်ခမ်းဝမှ နမည်တစ်ခု ချင်းစီ ထွက်လာသည်။
ထိုလူများမှာ နတ်ဘုရားများ ကဲ့သ်ို့ ပင်ဖြစ်သည်။
သူတို့ထဲက မည်သူမဆို သူ၏ ယွမ်လိုင်အင်ပါယာအား အလွယ်တကူ ဖျက်စီး နိုင်စွမ်း ရှိ၏။
နလန်ယွမ်က တ်ိတ်တဆိတ် ခေါင်းငြိမ့်၍ စိတ်ဖြာလိုက်သည်။
"သေခြင်း ဧကရာဇ်က အလယ်ပိုင်းဒေသမှာရှိတယ်.."
"ထျန်းဟွမ်မြို့နဲ့ သေခြင်းမဲ့တောင်တန်းက မြောက်ပိုင်းဒေသမှာ ရှိတယ်"
"မော်ကြွား ဓား အိမ်တော်က အနောက်ပိုင်းဒေသမှာ.."
"ဒီလေးယောက်လုံးက ယွမ်လိုင်အင်ပါယာနဲ့ မိုင်ထောင်ချီဝေးတဲ့ဆီမှာ ရှိနေတယ်"
နလန်ယွမ်၏ စကားတို့အား ကြားလိုက်ရသောအခါ လုံချန်က သူ၏ခေါင်းကို ငြိမ့်၍ အခြေအနေအား ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ကျန်နေတာက ကျန်တဲ့ ကြီးမြတ်သူ သုံးယောက်ပဲဆရာ"
"သူတို့တွေက ဘယ်မှာရှိတယ်ဆိုတာက အမြဲအတည်တကျနဲ့သေချာ ရှိမနေဘူး ..အထူးသဖြင့် ကြောင့်ကြမဲ့ ကြီးမြတ်သော ဧကရာဇ်ပဲ"
"ကောလဟာလတွေအရ သူ့ဘဝတစ်ခုလုံးကို လွတ်လွတ်လပ်လပ်နဲ့ ပဲနေပြီး...ကမ္ဘာကြီးရဲ့ ကျော်ကြားတဲ့ သမိုင်းဝင်ဒေသတွေကိုပဲ လှည့်လည် သွားလာနေတာတဲ့.."
"ထျန်းဟန် တိုက်ကြီး တစ်ခုလုံးမှာ နေရာတိုင်းက သူ့ခြေရာတွေကြီးပဲ.."
"တစ်စုံတစ်ယောက်ကတော့...မြို့သေးသေးလေးတစ်ခုမှာ သူနဲ့ ဆုံ
ရလောက်အောင် ကံကောင်းခဲ့လိမ့်မယ်..."
"ဖြစ်နိုင်တာက..."
"ငါ့ရဲ့ စိတ်ဖြာမှုကလည်း မင်းနဲ့အတူတူပဲ ချန်အာ.."
နလန်ယွမ်က ပြောလိုက်သည်။
လုံချန်လေအေးတို့ကို ရှူသွင်းလိုက်သည်။
အကယ်၍ ဤလူငယ်လေးသာ ဧကရာဇ် ရှောင်ယောင်၏ တပည့်တစ်ယောက် ဖြစ်နေလျှင် ထိုအရာက အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးအား လှုပ်ခါသွားစေနိုင်သော အဓိက ဖြစ်ရပ်ကြီးတစ်ခု သေချာပေါက် ဖြစ်လိမ့်မည် ဖြစ်သည်။
ဤလူငယ်လေးအား သူ၏ အတောင်အောက်တွင် ခေါ်ထားကာ ပလ္လင် အတွက် တိုက်ခိုက်ခိုင်းရန် မဆိုထားဘိ သူက ယွမ်လိုင် အင်ပါယာ၏ ဧကရာဇ်ဖြစ်ချင်လျှင်ပင် သူ၏ ဖခင်က ထိုလူငယ်လေးအား လေးစားစွာ လက်လွှဲပေးမည်ဖြစ်သည်။
သူ၏ အခြေအနေဖြင့် ၎င်းအား သူ့အတောင်အောက်တွင် ထားချင်သည်တဲ့လား။
"ဟားဟား.."
လုံချန်၏ ဘေးတွင် ရှိနေသော နလန်ယွမ်က သူ၏ အတွေးတို့အား ဖောက်မြင်နိုင်ပုံရသည်။
သူကညင်သာစွာရယ်၍ ပြောလိုက်သည်။
"ဆရာ..က တကယ်တော့ သူ့ကို မင်းရဲ့အတောင်အောက်မှာ ထားဖို့ကိုတောင်းဆိုတာမဟုတ်ဖူး.."
"အဲ့အစား..သူရဲ့ပုံစံအမှန်ကို မင်းကမသိဟန်ဆောင်ပြီးတော့...
မတော်တဆ မင်းရဲ့ မင်းသားပုံရိပ်ကို မရည်ရွယ်ပဲ ဖော်ပြပြီးတော့ မိတ်ဆွေဖွဲ့ရမယ်.."
"မင်းရဲ့...အကြံအစည်တွေကို တစ်ခြားသူတွေ ဖောက်ထွင်းမမြင် နိုင်စေဖို့ကို သတိရပါ.."
"မဟုတ်ရင်...မင်းအတွက် အကျ်ိုုးဆက် ပြဿနာတွေ ဖြစ်လာလိမ့်မယ်.."
"ဆရာ့ရဲ့ လမ်းညွှန်ပြသမှု အတွက် ဒီတပည့်က ကျေးဇူးတင်ပါတယ်"
လုံချန်က သူ၏ လက်နှစ်အား အရိုအသေပေးဟန် ဆုပ်၍ နလန်ယွန်အားဦးညွှတ်ဂါရဝပြုလိုက်သည်။
ထိုအချန်၌ ရှစ်ဖုန့်မှာ သေခြင်းရှင်ခြင်းကြားထဲတွင် ခရီးပေါက်နေဆဲဖြစ်သည်။
တစ်စုံတစ်ယောက်ကသူ့အား အခြားဘက်မှ အကြံအစည်ပြုလုပ်နေသည်ကို သူမသိခဲ့ပေ။
တရပ်စပ် ဖြစ်နေသော လှံပုံရိပ်တို့၏ အောက်တွင် ၎င်းက ဘယ်နှစ်ခု ရှိပြီမှန်းပင် ရှစ်ဖုန့်မရေတွက် နိုင်ချေ။
သူ၏ နက်နဲသိမ်မွေ့သော လှုပ်ရှားမှု နည်းစနစ်နှင့် သူ၏ နောက်တွင် ရှိနေသော ယင်မိစ္ဆာ၏ အကူအညီကြောင့်သာ မဟုတ်လျှင် ဟိုင်မိသားစု၏ ရှေ့တွင် အသားပုံကြီးဖြစ်နေလောက်ပီဖြစ်သည်။
ရှစ်ဖုန့်၏ လှုပ်ရှားမှုတို့က ယစ်ထုပ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သို့သော် လှံရိပ်တို့ မြေပြင်ပေါ်သို့ ကျရောက်လာသော အခါတွင် ၎င်းတို့က ရှစ်ဖုန့်အား မထိခိုက်စေကြောင်းကို သတိပြုမိလိုက်ကြသည်။
"သူတောင်းစားလေး..မင်းဒါကို ဘယ်လိုရှောင်မလဲ ကြည့်ကြသေးတာပေါ့.."
ဟိုင်ပါထျန်းမှာ သူ၏ခေါင်းထက်ရှိ လေထဲတွင် ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
အနက်ရောင်သံမဏိလှံအား ပစ်ထုတ်ကာ ဟိုင်ပါထျန်းအော်သည်။
"တောင်တန်းတွေကိုဖြိုဖျက်ပီး ပင်လယ်တွေကို ပြောင်းပြန်လှန်ခြင်း"
ထို့နောက် ချက်ခြင်း အနက်ရောင်သံမဏိလှံမှာ အပြာရောင်အလင်းတို့ စတင် တောက်ပလာသည်။.
ဟိန်းဟောက်သော အသံလှိုင်းတို့က လေထုထဲတွင် ပြည့်နှက်နေကာ ရှစ်ဖုန့်ထံသို့ ဆင်းသက်သွားသည်။
မြည်ဟည်းနေသော အလွှာအထပ်ထပ်ဖြစ်နေသော လှိုင်းလုံးတို့၏ စွမ်းအားအား ရှစ်ဖုန့် ချက်ခြင်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာလှိုင်းလုံးတို့ အလယ်ရှိ သောလှေကလေးကဲ့သို့ ဖြစ်နေပီး အချိန်မရွေး ဖျက်စီးခံရနိုင်သကဲ့သို့ ခံစားရသည်။
သူသည် လှိုင်းလုံးတို့၏ ဝါးမြိုခြင်အားခံရကာ အပိုင်းပိုင်း ဆုတ်ဖြဲခံရမည်ဖြစ်သည်။
"ဟမ့်.."
"ကျုပ်က ဒီလိုအရာနဲ့ သေမယ်လို့ ခင်ဗျားထင်နေတာလား.."
"ကျုပ်ဘာတွေ လုပ်နိုင်တယ်ဆိုတာ ခင်ဗျားကိုပြမယ်.."
ရှစ်ဖုန့်က ကြုံးဝါးလိုက်သည်။
ရှစ်ဖုန့်စကားပြောနေစဥ်အတွင်းမှာပင် သူ့၏ဘေးမြေပြင်မှ အာဃာတမြေဆူးချွန်တို့ ပေါက်ကွဲထွက်လာကာ ဟိုင်ပါထျန်း၏ ပြိုင်ဘက်ကင်း စွမ်းအားပြည့်လှံ ထိုးချက်ဆီသို့ ဦးတည်သွားသည်။
"ဟမ့်."
ဟိုင်ပါထျန်းက အထင်သေးစွာ နှာမှုတ်လိုက်၏။
အပြာရောင်အလင်းအားထုတ်လွှတ်နေသော လှံက မြေဆူးချွန်နှင့် ထိတွေ့သွားသည်။
"ဖန်း..ဖန်း..ဖန်း..ဖန်း.."
မြေဆူးချွန်မှာ အလွှာလိုက် ကွဲကြေသွားပြီး ကျောက်တုံးတို့က နေရာအနှံ့သို့ လွင့်ထွက်သွားသည်။
လှံထိုးချက်တစ်ဝက်အရောက်တွင် အဖြူရောင်လက်သီး တစ်ချက်က ရုတ်တရက်ပေါ်လာကာ အနက်ရောင်သံမဏ်ိလှံ၏ ထိပ်ဖျားကို ထိုးချလိုက်သည်။
"ဗုန်း.."
စွမ်းအင်တို့ ထိပ်တိုက်ထိတွေ့ ပေါက်ကွဲမှု အသံက ထွက်ပေါ်လာပြီး ထိုအချင်းအရာကြောင့် ကျန်ရှိနေသော မြေဆူးချွန် တစ်ဝက်မှာလည်း လုံးဝ ကွဲကြေသွားကာ ၎င်းထဲမှာ အဖြူရောင်ဝတ်ရုံနှင့် ယင်မိစ္ဆာထွက် ပေါ်လာသည်။
၎င်းကမြေပြင်ကို ပြင်းထန်စွာတုန်ခါသွားစေပြီး ရှစ်ဖုန့်၏ ခြေထောက်နား ကျလာသည်။
မသဲမကွဲညည်းညူသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဟိုင်ပါထျန်း၏ မြင့်မားပီး တောင့်တင်းသော ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ပျံထွက်သွားသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise