← Chapters

အပိုင်း(၁၉)

Vol. 2 Ch. 19

အပိုင်း(၁၉)

Vol. 2 Ch. 19

ဟိုင်ပါထျန်း၏ တုတ်ခိုင်သော ခန္ဓာကိုယ်မှာ လွင့်ထွက်သွားသည်။

သူမြေပြင်ပေါ်သို့ ကျလာသောအခါ သူ၏ခန္ဓာကိုယ်အား ပစ်လှန်လိုက်၍ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်သည်။

"ဘန်း..."

သူ့၏ ခြေထောက်တို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသော အခါ မြေပြင်မှာ ခပ်အုပ်အုပ် ပေါက်ကွဲသံထွက်လာ၍ ပင့်ကူအိမ်ကဲ့သို့ ကွဲဲကြေသွားသည်။

ထိုအချိန်တွင် ဟိုင်ကလန်၏ ဂိတ်ဝရှေ့ရှိ ဧရိယာမှာ ဖရိုဖရဲ ရှုပ်ထွေးမှု အဖြစ်သို့ပြောင်းသွားသည်။

သွေးများဖြင့် ဖုံးလွမ်းနေသော အလောင်းများ အသားစများ သွေးကွက်များ က နေရာအနှံ့ပြန့်ကျဲနေသည်။

ကျိုးကြေနေသော ခြေလက်အင်္ဂါများက နေရာအနှံ့ပြန့်ကျဲနေပြီး မြေပြင်က တွင်းပေါက်များ ကျောက်တုံးများဖြင့် ပြည့်နေသည်။

"ဟား..ဟား..(အသက်ရှူသံပါ) "

ရှစ်ဖုန့်က လေးလံစွာ အသက်ကို ရှူသွင်းလိုက်သည်။

ဟိုင်ပါထျန်း၏ ဓားပင်လယ်မှ တစ်ခုတည်းဖြစ်ခြင်းအား ခုခံရန်အတွက် သူ့၏ ဓားချီအား အသုံးပြုလိုက်သော အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံစွမ်းအင်မှာ ကုန်ခန်းသွားပီဖြစ်၏။

အခြေခံအားဖြင့် သူက ဟိုင်ပါထျန်း၏ ဖိနှိပ်မှုအား ခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအား ရှောင်တိမ်းရန်အတွက်သူ၏ ရွှေ့လျားမှု ပညာရပ်အား သုံးခဲ့သည်။

ယခုတော့ သူ၏ ငရဲဘုံစွမ်းအင်အားလုံးအား သုံးစွဲခဲ့ပြီးဖြစ်၏။

ယင်မိစ္ဆာမှာ စိတ်ဝိညာဥ်နယ်ပယ်စွမ်းအင်နှင့် အံ့ဖွယ် မြေစွမ်းအားတို့အားပိုင်ဆိုင်ထားသော်လည်း ၎င်းက ဘာသိုင်းပညာရပ်ကိုမျှ သိရှိထားခြင်း မရှိပေ။

ဟိုင်ပါထျန်း၏ ဖိနှ်ိပ်သော သိုင်းနည်းစနစ်တို့ အောက်တွင် မြေတိုက်ခိုက်မှုများက ဟိုင်ပါထျန်းကြောင့် ထပ်ကာတလဲလဲ ကျိုးပြတ်ခဲ့ရသည်။

ယခု ၎င်းမှာရှစ်ဖုန့်၏ ဒိုင်းတစ်ခု အဖြစ်သာ အမှုထမ်းနိုင်သည်။

ယင်မိစ္ဆာက ဖြည်းဖြည်းချင်းထလာကာ ရှစ်ဖုန့်၏ နံဘေးတွင် ရပ်လိုက်သည်။

ထိုအချိန်တွင် ၎င်းမှာ တော်တော်လေး ဖရိုဖရဲဖြစ်ပုံပေါ်နေသည်။

သူ၏ဆံပင်တို့က ညစ်ပေနေကာ အဝတ်တို့က စုတ်ပြဲနေ၏။

ယင်မိစ္ဆာနှင့် နှိုင်းယှဥ်လိုက်ပါက ရှစ်ဖုန့်မှာ အနည်းငယ်အားနည်း သည့်ပုံဖြစ်သွားသည်မှလွဲ၍ အများကြီးပြောင်းလဲသွားခြင်း မရှိပေ။

ငရဲဘုံကိုးခုစွမ်းအင်ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးတို့မှာ အငွေ့ပျံသွားခဲ့ပြီး ဖြစ်သည်။

ကြမ်းကြုတ်ပြီး ကြီးစိုးသော ပုံစံရသော ဟိုင်ပါထျန်းအားကြည့်၍ စိတ်ဝိညာဥ်နယ်ပယ်အပေါ်သူ နားလည်မှုလွဲသွားကြောင်း ရှစ်ဖုန့်သိလိုက်သည်။

"ဟမ့်.."

"မင်းလက်ထဲ..တစ်ခြား ဘာလှည့်ကွက်လေးတွေ ရှိသေးလဲ ကြည့်ရသေးတာပေါ့.."

ဟိုင်ပါထျန်း အေးစက်စွာ နှာမှုတ်လိုက်သည်။

သူ၏ လက်ထဲတွင် အနက်ရောင် သံမဏိလှံအား ကိုင်ကာ ရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာသည်။

ဟိုင်ပါထျန်း ချဥ်းကပ်လာသည်ကို ကြည့်ကာ ရှစ်ဖုန့် ပြောလိုက်သည်။

"ဟေး..ခင်ဗျားက ပါးနပ်တဲ့သူဆိုရင် ကျုပ်ကိုသွားခွင့်ပေးလိုက်.."

"အသက်ရှင်ကျန်နေတဲ့ ဘဝလေးကို ပျော်အောင်နေထား.."

"ရက်အနည်းငယ် ကျင့်ကြံပီးရင်..ခင်ဗျားအသက်အတွက် ကျုပ်ပြန်လာမယ်.."

"အဲ့လိုမှမဟုတ်ရင်တော့...ကျုပ်ခင်ဗျားကို အခုချက်ခြင်းသတ်ရလိမ့်မယ်.."

"ဟမ့်.."

"မင်းက ထွက်သွားချင်တာလား"

"မင်းရဲ့ခွေးခေါင်းကို...ဒီမှာထားခဲ့လိုက်လေ.."

ဟိုင်ပါထျန်းက အော်ပြောလိုက်သည်။

အနက်ရောင် သံမဏိလှံက တောက်ပသော အပြာတစ်ဖန်ပြန်လည် လင်းလတ်လာပြီး ရှစ်ဖုန့်အား ထိုးလိုက်သည်။

"အရူး.."

ရှစ်ဖုန့်က အော်ပြောလိုက်သည်။

ရှစ်ဖုန့်က အံကိုကြိတ်ကာ သူ့ကိုယ်သူ့ပြန်လည်ပြောလိုက်သည်။

"အဆုံးထိ တိုက်ကြတာပေါ့ကွာ.."

သူ့ကိုယ်သူ စိတ်ဖြင့် အားပေးစကားပြောပီးနောက် ရှစ်ဖုန့်ကသူ၏ ဘယ်လက်ဖြင့် ယင်မိစ္ဆာ အလောင်းကောင်၏ လက်မောင်းအား ဆုပ်ကိုင်လိုက်ကာ ယင်မိစ္ဆာ၏ စွမ်းအင်အား စုပ်ယူရန်အတွက် ငရဲဘုံ က်ိုးခု ပညာရပ်အား အသုံးပြုလိုက်သည်။

သူ၏ ညာလက်ကိုကား ချိတ်တံဆိပ်ပုံစံများ ဆက်လက်ဖော်ဆောင် စေသည်။

ရုတ်ချည်း ရှစ်ဖုန့်အား ဗဟိုပြု၍ ဝန်းရံထားသော ပတ်ဝန်းကျင်ရှိလေထုက အေးစက်မှုအဖြစ်ပြောင်းသွားပြီး အပူချိန်မှာ တစ်ဟုန်ထိုး ကျဆင်းနေဆဲဖြစ်သည်။

ရှစ်ဖုန့်၏ ညာဘက်လက်မှာ ချိတ်ပိတ်ခြင်း လက်ဟန်တို့မှာ ပို၍ မြန်လာ၏။

ထိုအချိန်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ လေတို့နှင့်ပြည့်ကာ လျှင်မြန်စွာ ဖောင်းပွလာပုံရသည်။

"ဘန်း.."

ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ များပြားသော အာဃာတချီ ပမာဏ အား ခံနိုင်ရည် မရှိတော့ပဲ သူ၏ ရင်ဘက်မှာ ပွင့်ထွက်လာပြီး သွေးများ ပန်းထွက်လာသည်။

"ဘန်း.."

"ဘန်း.."

"ဘန်း. "

"ဘန်း.."

၎င်းမှာ အစဥ်အတန်းလိုက် တုန့်ပြန်မှုဖြစ်သည်။

ရှစ်ဖုန့်၏ ရင်ဘက် ပွင့်ထွက်သွားပြီးနောက် သူ့ခန္ဓာကိုယ်၏ တစ်ခြား အစိတ်အပိုင်းများ အဓိကျသော အစိတ်အပိုင်းများမှ သွေးတို့ ပန်းထွက်လာသည်။

သို့သော် ဟိုင်ပါထျန်းမှာ ထိုအချိန်၌ ပတ်ဝန်းကျရှိလေထုမှာ အေးခဲလာသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ အေးခဲလာပုံရပြီး သူထိုးလိုက်သော ကြမ်းကြုတ်ပီး ရက်စက်ပြင်းထန်သည့် လှံမှာ တော်တော်း နှေးကွေးလာသည်။

"ဒါ...ဒါက ဘာစွမ်းအားကြီးလဲ.."

ရုတ်တရက်သူ၏ အထက်ဆီမှ ကြောက်ခမန်းလိလိ ဖိအားကို ခံစား လိုက်ရပြီး ရုတ်ချည်း စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသည်။

"ငရဲဘုံကိုးခု.. အစွန်းရောက် ချိတ်တံဆိပ် လေးခု.."

ရှစ်ဖုန့်က ဟိန်းဟောက်လိုက်သည်။

သူ၏ ဘယ်လက်အား ယင်မိစ္ဆာဆီမှ ရုတ်သိမ်းလိုက်ကာ သူ၏ညာလက်ဖြင့် ပေါင်းစည်း၍ နက်နဲသိမ်မွေ့သော လက်သင်္ကေတစ်ခု ပုံဖော်လိုက်သည်။

ဟိုင်ပါထျန်း၏ ဦးခေါင်းအထက် နှစ်မီတာအကွာတွင် အ်ိမ်တစ်လုံးအရွယ် အဖြူရောင် စတုရန်းဆန်ဆန် ချိတ်တံဆိပ်တစ်ခုအား ပရိတ်သတ်လို့ ဝိုးတိုးဝါးတား မြင်ရသည်။

"ငရဲဘုံကိုးခု အစွန်းရောက် ချိတ်တံဆိပ်လေးခု.."

"ဒါက..ငရဲဘုံကိုးခု အစွန်းရောက် ချိတ်တံဆိပ်လေးခုပဲ.."

"ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အန္တိမ ပညာရပ်တွေထဲ တစ်ခုပဲ.."

စားသောက်ဆိုင်၏ သီးသန့်ခန်းထဲမှာ တိုက်ပွဲအား ကြည့်ရှုနေသော နလန်ယွမ်မှာ ဤအချိန်တွင် အမူအယာ အများကြီး ပြောင်းလဲသွားသည်။

သူ၏ မျက်လုံးများပင် ပြူးကျယ်နေ၏။

"ဒီစွမ်းအားက.. ငါ့ကိုတောင် အန္တရာယ်ရှိတဲ့ ခံစားချက်ကို ပေးတယ်.."

"ဆရာ...ဆရာတောင်....."

လုံချန်မှာ မယုံကြည်နိုင်ဟန် ပေါ်လွင်နေသည်။

"ဒီစွမ်းအားက အရမ်းကို အင်အားကြီးတယ်.."

၎င်းမှာ ပရိတ်သတ်အားလုံး၏ စုပေါင်းအမြင်လည်း ဖြစ်သည်။

ကောင်းကင်ထက်ရှိ ငရဲဘုံကိုးခု အစွန်းရောက် ချိတ်တံဆ်ိပ်လေးခုအား ကြည့်ကာ ၎င်း တို့မှာ တော်တော်လေး သေးငယ်သွားသည်ဟု သူတို့ခံစား လိုက်ရသည်။

"ဒါက တကယ်ကြီး သိုင်းလက်သင် တစ်ယောက်ရဲ့ စွမ်းအားလား."

ထိုအချိန်တွင် စိတ် အရှုပ်ထွေးမှု အဖြစ်နေဆုံး ပုဂ္ဂိုလ်မှာ မနေ့ကမှ စိတ်ဝိညာဥ် နယ်ပယ်သို့ ခြေချထားသော ပုထျန်းရှင်းပင်ဖြစ်သည်။

ဤလူငယ်လေး၏ အင်အားမှာသူ ယှင်ပြိုင်နိုင်သော အရာမဟုတ်ပေ။

မနေ့ကသူသာ လှုပ်ရှားမှု ပြုလုပ်ခဲ့လျှင်....

ပုထျန်းရှင်း ဆက်လက်တွေးတောခြင်း မပြုရဲပေ။

"သေလိုက်စမ်း...ပုရွက်ဆိတ်လေး.."

သူ၏ လက်တစ်ချက်အဝေ့တွင် ငရဲဘုံကိုးခု အစွန်းရောက် ချိတ်တံဆိပ်လေးခုမှာ ဟိုင်ပါထျန်းဆီသို့ သက်ဆင်းလာသည်။

"မဟုတ်ဖူး..."

"မလုပ်နဲ့..."

ဟိုင်ပါထျန်း မလိုလားစွာဖြင့် အော်ဟစ်လိုက်သည်။

"ဗုန်း.."

ချိတ်တံဆိပ်လေးခုကသူ့ဆီသို့ ကျလာပြီး သူ၏ တုတ်ခိုင်သော ခိုင်သော ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားသည်။

"ပြီးသွားပြီလား.."

အားလုံးက ကြက်သေသေစွာဖြင့် အဖြူရောင် ချိတ်တံဆိပ်ကြီးအား စိုက်ကြည့်နေကြသည်။

ထိုအချိန်တွင် အချိန်မှာ ရပ်တန့်နေပုံရရပြီး လေထုမှာလည်း တော်တော်လေးကို ငြိမ်သတ်တိတ်ဆိတ်လွန်းလှသည်။

အဖြူရောင်ချိတ် တံဆ်ိပ်ကြီး ဖြည်းဖြည်းချင် အရောင်မှ်ိန်သွားကာ ဘာမှမကျန်တော့သည်အထိ ပျောက်ကွယ်သွားသော အခါတွင်

ခန့်ညားပြီး ကြံခိုင် သန်မာသော ဟိုင်ပါထျန်းမှာ ပျောက်ကွယ်သွား၍

မြေပြင်ပေါ်တွင် အသားပုံကြီးသာ ကျန်ရစ်ခဲ့သည်ကို အားလုံးတွေ့လိုက်ရသည်။

"ဟိုင်ပါထျန်း သေပြီ.."

စန်းယွဲ့မြို့၏ မိသားစုကြီးလေးခုထဲမှတစ်ခု ဟိုင်ကလန်၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သော ဟိုင်ပါထျန်း စိတ်ဝိညာဥ်နယ်ပယ် အဆင့်တစ်ယောက်ဖြစ်သော ထိုပုဂ္ဂိုလ်မှာ ဤကဲ့သ်ို့ သေဆုံး သွားရပီဖြစ်သည်။

သူသည် အသားပုံတစ်ပုံအဖြစ်သို့ ပြောင်းသွားရ၍ အလောင်းပင် ကျန်ရစ်မနေခဲ့ချေ။

စန်းယွဲ့မြို့တစ်ခုလုံး ပွက်လောရိုက်သွားသည်။

"အာ...အဲ့ကောင်လေး ဘယ်ရောက်သွားတာလဲ.."

အားလုံး တုန်လှုပ်နေရာမှ ပြန်လည် အသိဝင်လာချိန်တွင် ရှစ်ဖုန့်တစ်ယောက် ပျောက်ကွယ်သွားပြီဖြစ်သည်ကို သတိပြုမိလိုက်သည်။

"ချီးပဲ..ဒီတစ်ခေါက်ငါတို့ တော်တော်လေးကို လုပ်ခဲ့တာပဲ.."

လူတိုင်း ငရဲဘုံကိုးခု အစွန်းရောက် ချိတ်တံဆိပ်လေးခု အပေါ်အာရုံ ရောက်နေသည့် အချက်အား အခွင့်ကောင်းယူ၍ ၎င်း ပျောက်ကွယ်မသွားခင် ဟိုင်ကလန်အတွင်းသို့ ခိုးဝင်ကာ တောင်အတုတစ်ခုထဲတွင် ရှစ်ဖုန့် ပုန်းအောင်းနေလိုက်သည်။

သို့သော် လောလောဆယ်တွင် သူ၏ အခြေအနေမှာလည်း ကောင်းမွန်မနေပါ။

သူ၏ စုတ်ပြဲနေသော အဝတ်တို့ဖြင့်မြေပေါ်တွင် စောင့်ကြောင့်ထိုင်နေကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးဝါးဝါး ပုံပျက်ပန်းပျက် ဖြစ်နေပြီးသွေးများတစ်စက်စက်ဆီးယိုကျနေသည်။

ခေါင်းအစခြေအဆုံး ကောင်းမွန်သော နေရာတစ်ခုမှရှာ၍ မရပဲ သူ၏ မရီဒီယန်များပင် ကျိုးပြတ်ကုန်သည်။

အဆိုးဝါးဆုံးမှာ သူ၏ ဒန်တန် တစ်ဝက် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

၎င်းမှာသူ၏ သိုင်းအခြေခံအား ဖျက်ဆီးခံလိုက်ရသည်နှင့်တူညီပြီး သူ၏ ကျင့်ကြံခြင်းမှာ ရပ်တန့်သွားခဲ့သည်။

"စိတ်ဝိညာဥ်နယ်ပယ် ငါးဆားနူ တစ်ကောင်ကို သတ်ပြီးတဲ့နောက်မှာ ငရဲဘုံကိုးခုဧကရာဇ်က သေရေးရှင်ရေး အကျပ်အတည်းနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး.."

"ငါ့ဒန်တန်ကို ပြန်တည်ဆောက်နိုင်ဖို့ နည်းလမ်းကိုရှာရမယ် ပြီးရင် သိုင်းပညာရဲ့ အထွတ်အထိပ်အထိကို တက်လှမ်းမယ်.."

"ငါ့အရင်ဘဝက ငါ့ကို တိတ်တဆိတ် အန္တရာယ်ပြုခဲ့တဲ့ အဲ့ ဆန်ကုန်မြေလေး သိုင်းဧကရာဇ် အစုလိုက် အပြုံလိုက်ကို ငါစာရင်း ရှင်းရအုံးမယ်.."

"သူတို့ကို ငရဲကဘာ ဝိညာဥ်သန့်စင်ဘုံကို ပစ်ချပြီးတော့ တစ္ဆေတစ်သောင်းရဲ့ ကိုက်ခဲမှုကို အဆုံးမဲ့ခံစားစေမယ်လို့ ငါပြောခဲ့တယ်.."

"ငါသာ ငါ့ရဲ့ ဒန်တန်ကို ပြန်တည်ဆောက်ချင်တယ်ဆိုရင်...သင့်တော်တဲ့ သဘာဝရတနာတစ်ခုကို လိုအပ်တယ်.."

"ဒါပေမဲ့ ဒီလိုစိတ်ပျက်စရာမြို့မှာ ဒီသဘာဝ ရတနာကို ငါကဘယ်နေရာသွား ရှာရမှာလဲ.."

"ဟူး. ကတ်သီးကတ်သတ်နှလုံးသားနဲ့ ငါရဲ့ဘာမှဟုတ်တဲ့ တပည့်လေး

ချင်ရူဖန်းသာ ဒီနေရာမှာ ရှိနေခဲ့ရင်..."

နလန်ယွမ်နှင့်လုံချန်တို့ ပြောခဲ့ပြသော ပါရမီရှင် သန့်စင်ပညာရှင်

ချင်ရူဖန်းအား ထျန်းဟန်တိုက်ကြီးတစ်ခုလုံးပေါ်ရှိ မရေတွက်နိုင်သော လူများက ကြည်ညိုလေးစားကြသည်။

သို့သော် ရှစ်ဖုန့်၏ နှလုံးသားထဲတွင်တော့မှာ ဘာမှဟုတ်သော ကတ်သီးကတ်သတ်နိုင်သူ တစ်ယောက်အဖြစ်သာ ဖြစ်သည်။

"ငရဲဘုံးကိုးခု ထာဝရ မပျက်စီးခြင်း.."

ရှစ်ဖုန့်က တိုးလျစွာပြောလိုက်၍ တပလ္လင်ခွေထိုင်လိုက်သည်။

သူက ချိတ်တံဆိပ်တစ်ခုပုံစံကို ဖြည်းညှင်းစွာ ပုံဖော်နေပြီး သူ၏ ချိတ်တံဆိပ်လက်ဟန် ပြောင်းလိုက်တိုင်း သူ၏ ဒဏ်ရာတို့က ဖြည်းညှင်းစွာပြန်လည် ကုစားနေသည်။

တစ်နာရီခန့်အကြာတွင် မြေပြင်မှ အဖြူရောင်ပုံရိပ်တစ်ခု တိတ်တဆိတ်ထွက်ပေါ်လာ၏။

အဖြူရောင်ပုံရိပ်ပေါ်လာသောအခါ ဂူတစ်ခုလုံး၏ အပူချိန်တစ်ခုလုံးမှာ ချက်ခြင်း ကျဆင်းသွားသည်။

ရှစ်ဖုန့်က သူ၏ ချိတ်တံဆိပ်လက်ဟန် အမြန်နှုန်းအား တိုးမြှင့်လိုက်ပြီး သူ့အရေပြားပေါ်ရှိ ဒဏ်ရာတို့အား ထိန်လန့်ဖွယ် အမြန်နှုန်းဖြင့် ပြန်လည်ကုစားနေသည်။

နောက်ထပ်ခြောက်နာရီ ကျော်လွန်သွားသောအခါ ထိခိုက်ထားသော ရှစ်ဖုန့်၏ အရေပြားနှင့်ခန္ဓာကိုယ်မှာ လုံးဝကို ပြန်လည် ကုသပြီးဖြစ်သည်။

သူ၏ ခန္ဓာကိုယ်တွင် အမာရွတ်တစ်ခုပင် ကျန်ရစ်နေခဲ့ခြင်း မရှိပေ။သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျိုးပြတ်နေသော မရီဒီယန်များပင် အများစုမှာ ကောင်းမွန်လာပီဖြစ်သည်။

ရှစ်ဖန့်က သူ၏ ချိတ်တံဆိပ်လက်ဟန်အား ရုတ်သိမ်းလိုက်ကာ သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။

သူရေရွတ်လိုက်သည်။

"ငါအဲ့ဒါကို အခု အသုံးပြုရလိမ့်မယ်.."

ထို့နောက် ပြန်လည် ရောက်ရှိလာသော ယင်မိစ္ဆာအား ခေါင်းမော့၍ ကြည့်လိုက်သည်။

"မင်းအဲ့နေရာကို ရှာတွေ့ပီလား.."

"ငါ့ကိုအဲ့ကို ခေါ်သွား.."

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters