← Chapters

အပိုင်း(၂၀)

Vol. 2 Ch. 20

အပိုင်း(၂၀)

Vol. 2 Ch. 20

ရှစ်ဖုန့်က ပြည်လည်ရောက်ရှိလာသော ယင်မိစ္ဆာအား ခေါင်းမော့ကြည့်လိုက်သည်။

"မင်းအဲ့နေရာကိုရှာတွေ့ပီလား."

"ငါ့ကိုအဲ့ကို ခေါ်သွားပေး"

ယင်မိစ္ဆာကာရှစ်ဖုန့်၏ စကားလုံးတို့အား နားလည်ပုံရကာ မြေကြီးထဲသို့ တိုးလျိုဝင်သွားသည်။

ထို့နောက်ချက်ခြင်း ယင်မိစ္ဆာရပ်နေသော မြေပြင်မှာ စတင်၍ ကွဲအက်လာသည်။

ယင်းမှာ ရှစ်ဖုန့်က သူတို့အားတစ်ခြားသူများက ရှာဖွေ သတိပြုမိသွားမည်ကို မလိုလားသောကြောင့်ထို့သို့ ရည်ရွယ်၍ လုပ်ခိုင်းခြင်းဖြစ်သည်။

ဟိုင်ကလန်၏ သိုင်းပညာရှင်များမှာ သေဆုံးသွားကြပီဖြစ်သော်လည်း အစေခံတစ်ချို့နှင့်အမျိုးသမီးများတော့ ကျန်ရစ်နေခဲ့ကြသေးသည်။

မကြာခင် အနက်မီတာဝက်ရှည်လျားပြီး မြေပြင်ပေါ်တွင် မီတာဝက်ခန့်ကျယ်ဝန်းသော အက်ကွဲကြောင်းကြီး ကျန်ရစ်နေခဲ့သည်။၎င်းမှာ ပိန်းပေါက်အောင်နက်မှောင်နေပြီး အောက်ခြေကို မြင်ရခြင်း မရှိပေ။

ရှစ်ဖုန့်က ထရပ်လိုက်ကာ အက်ကွဲကြောင်းထဲသို့ ခုန်ဆင်းလိုက်သည်။

ထို့နောက်မြေမြင်မှာ ထပ်မံ၍လှုပ်ရှားလာပြန်သည်။

အက်ကွဲကြောင်းမှာ ဖြည်းညှင်းစွာပြန်လည်ပိတ်သွားပြီး မြေပြင်မှာလည်းမူလအခြေအနေသို့ ပြန်ပြောင်းသွားသည်။

ဤတောင်အတုဂူထဲတွင်ဘာမှမဖြစ်ပျက်ခဲ့သည့် နှယ်ဖြစ်သည်။

ရှစ်ဖုန့်မှာ နေရာလွတ်ငယ်လေးတစ်ခုထဲတွင်ညရှိနေပြီး ဘာအလင်းရောင်မှရှိမနေပါ။

ယင်မိစ္ဆာက လမ်းကြောင်းကိုဦးဆောင်နေပြီးသူချဥ်းကပ်လာသော အခါတွင် ခိုင်ခံ့သော မြေနံရံတို့မှာ တစ်စစီပြိုကွဲသွားပြီး လူတစ်ယောက်လျှောက်လှမ်းသွားနိုင်သော လမ်းကြောင်းကိုဖန်တီးလိုက်သည်။

ရှစ်ဖုန့်လမ်းကြောင်းထဲ လျှောက်လှမ်းသွားသောအခါ သူ၏နောက်တွင် ကျန်ရစ်ခဲ့သော အက်ကွဲကြောင်းတို့က အသက်ဝင်လာသကဲ့သို့ တစ်ခုပြီးတစ်ခု ပိတ်သွားခဲ့သည်။

ရှစ်ဖုန့်အရင်ဘဝတွင် မည်မျှပင် အသ်ိပညာကြွယ်ဝခဲ့ပါစေ ကောင်းကင်နှင့်မြေကြီး၏ အံ့သြဖွယ်ရာများကိုက ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ ခံစားရုံမှလွဲ မတက်နိုင်ပေ။

၎င်းမှာယင်မိစ္ဆာကဲ့သို့ သဘာဝလွန် မြေစွမ်းအားနှင့် ထူးဆန်းသောအရာကိုတောင် ဖန်တီးနိုင်သည်။

ယင်မိစ္ဆာသာ အဆင့်ကိုးသို့ ရောက်ရှိပါက မည်မျှ စွမ်းအားကြီးမည်မှန်းသူမသိချေ။

သို့သော်ယခုတော့ ထိုအကြောင်းအားတွေးတောရန် စောလွန်းနေပါသေးသည်။

သွားစရာ ခရီးရှည်ကြီးတစ်ခုရှိနေသေးသည်။

ယင်မိစ္ဆာက လူလုပ်ဥမင်တစ်ခုသို့ မရောက်မီအထိ အမွေးတိုင် တစ်ဝက်ခန့်စာ အချိန်ကုန်လွန်၍ ရှစ်ဖုန့်အားခေါ်လာခဲ့သည်။

ခြေရာလက်ရာလက္ခဏာ အမှတ်အသားများအားကြည့်၍ ၎င်းက ဤနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာနေပီဖြစ်သည်။

လမ်းကြောင်းက သိပ်တော့ မရှည်လျားပေ။

ရှစ်ဖုန့်နှင့် ယင်မိစ္ဆာတို့က လမ်းကြောင်း၏ အလယ်တွင် ရပ်နေသည်။

သူတို့၏ ရှေ့တွင် ကျောက်တံခါးတစ်ခု ရှိနေပြီး ၎င်း၏နောက်တွင် လှေကားတို့ရှိသည်။

တံခါး၏ နောက်ကွယ်ဆီမှ ထူးဆန်းသော ဖောဋ္ဌဗ္ဗာရုံကို အဝေးမှနေ၍ ရှစ်ဖုန့်ခံစားမိသည်။

"ဘာဖြစ်တာလဲ.."

"ဒီခံစားချက်ကို..ငါ နည်းနည်း နင်းနီးနေသလိုပဲ.."

ရှစ်ဖုန့်က ကျောက်တံခါးအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက မဟုတ်သေးဘူး.."

"အဲ့ ကလေကချေရဲ့ ပြောချက်အရတော့ အထဲမှာသွေးနီရောင် နတ်ဆိုးဓားရှိတယ်တဲ့.ဒါပေမဲ့..ငါ့ဘဝတစ်ခုလုံးဒီလိုဓားမျိုးကို တစ်ခါမှာ..မတွေ့ခဲ့ဖူးဘူး.."

"တကယ့်ကို ဘာတွေဖြစ်နေတာလဲ.."

ရှစ်ဖုန့်က သံသယတို့ဖြင့် ကျောက်တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ရုတ်တရက် ရှစ်ဖုန့်၏ နဖူးက လက်ခနဲ ရွှေရောင် အလင်းတစ်ခု လင်းလက်လာသည်။

ရွှေရောင်အလင်းမှာ လက်သီးဆုပ် အရွယ် ရှိပြီး အသက်ဝင်နေသကဲ့သို့ပင်ဖြစ်သည်။ ၎င်းမှာ ရှစ်ဖုန့်၏ ခေါင်းထက်တွင်နှစ်ကြိမ်လှည့်ပတ်၍ တိတ်ဆိတ်စွာရစ်ဝဲနေသည်။

ရှစ်ဖုန့်၏ သူငယ်အိမ်တို့ ကျုံ့သွား၍ အံ့အားသင့်စွာ ပြောလိုက်သည်။

"အရာခက်သိမ်းရဲ့ မူလဇစ်မြစ်"

"ငါသေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကို အဲ့အမှိုက် ဧကရာဇ်တွေ ယူဆောင်သွားခဲ့ပီလို့ထင်နေတာ ....အဲ့တာက ငါနဲ့အတူ ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး"

"ငါ့ရဲ့ဝိညာဥ်က ဖျက်ဆီးခံလိုက်ရတာတောင် ပြန်လည် ဝင်စားနိုင်ခဲ့တဲ့ အကြောင်းပြချက်က အရာအားလုံးရဲ့ မူလဇစ်မြစ်နဲ့များ ဆက်နွယ်နေတာများဖြစ်နိုင်မလား"

မကြာခင် ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်သည်။

"အဲ့အချိန်တုံးက ဒီပစ္စည်းကို ငါရခဲ့တာတောင် သူ့ရဲ့ အဓိပ္ပါယ်ကို နည်းနည်းလေးတောင် မဖော်နိုင်ခဲ့ဘူး...ရှေးခေတ် အန္တိမ သတ္တဝါတွေချန်ထားရစ်ခဲ့တဲ့ မှတ်တမ်းအချို့ကို လှန်လှောခဲ့ရာမှာ ဒီအရာခပ်သိမ်းရဲ့ မူလဇစ်မြစ်အကြောင်းကို ဖော်ညွှန်းထားတဲ့ စာလိပ်အနည်းငယ်တော့ရှိခဲ့တယ်..."

"မှတ်တမ်းတွေအရတော့ တစ်စုံတစ်ယောက်ဟာ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကို ရရှိသွားရင် နောက်ဆုံးကြ နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်တဲ့"

"နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း"

ရှစ်ဖုန့်က ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

ဤအရာမှာ ကျင့်ကြံသူ အပေါင်း၏ လေ့လားလိုက်စားနေသော အရာဖြစ်ပြီး မိုးကောင်းကင်ထက်၌ နတ်ဘုရားနယ်ပယ်အဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်မှာ နှစ်ကပေါင်း တစ်သောင်းခန့်ရှိပီဖြစ်သည်။

"အမှန်ပဲ.."

ရှစ်ဖုန့်ရုတ်တရက် အတွေးနစ်နေရာမှ အသိပြန်ဝင်လာသည်။

အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ဆီမှ သူ၏ အကြည့်တို့အား လွှဲလိုက်ကာ သူ၏ ရှေ့တွင် ရှိနေသော ကျောက်တံခါးကြီးအား ကြည့်လိုက်သည်။

"တံခါးနောက်က ရနေတဲ့ ရင်းနီးတဲ့ခံစားချက်က အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်လို ခံစားချက်မျိုးပဲ..ဒါပေမဲ့...လုံးဝအတိအကျကြီးတော့ မဟုတ်ဖူး...တူတယ်ဆိုရုံလေးပဲ ရှိတာ.."

"ဒါက အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်လိုမျိုး တူညီတဲ့ ရှေးဟောင်း အံ့ဖွယ် လျှို့ဝှက်နက်နဲသိမ်မွေ့မှုအဆင့် ရှေးပစ္စည်းများ ဖြစ်နေနိုင်မလား"

ဤအချိန်တွင် သူ၏ ဒန်တန်မှာ ကွဲနေခဲ့ပြီး သူ၏ နှလုံးသားမှာ အများအပြားမတည်မငြိမ်ဖြစ်၍ မနေသော်လည်း စိတ်ကိုတော့ တည်ငြိမ်အောင်ထိန်းထားနိုင်စွမ်း မရှိပေ။

"အံ့ဖွယ် ရှေးဟောင်း ရှေးပစ္စည်း"

၎င်းမှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအား တုန်လှုပ်သွားစေ နိုင်သော အကြီးမားဆုံး ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

သူကဲ့သို့ ငရဲဘုံဧကရာဇ်တစ်ပါး သေဆုံးသွားရခြင်းထက်ပင် ပိုမို၍ တုန်လှုပ်မှုကကြီးမားနိုင်သည်။

လူတွေက ဤကဲ့သို့ မဖြစ်စလောက် နေရာလေးတွင် အံဖွယ် ရှေးဟောင်း လျှို့ဝှက်နက်နဲမှု အဆင့် ရှေးပစ္စည်းတစ်ခု ရှိနေသည်အား လူများသိကြလျှင် လူဘယ်လောက်များများဤနေရာသို့ အပြေးအလွှားလာကြ၍ လူဘယ်လောက်များများသေဆုံးကြရပြီး သွေးချောင်းမည်မျှစီးမည်ကို မည်သူမျှသိနိုင်စွမ်း ရှိမည်မဟုတ်ပါ။

၎င်းကချဲ့ကားပြောဆိုရခြင်းမဟုတ်ရပါ။ အလောင်းများတောင်လိုပုံပြီးသွေးများ မြစ်များကဲ့သို့ စီးဆင်းနေမည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်ပင်အပြေးအလွှား မသွားနိုင်သေးခင် အရင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ပိန်းပေါက်အောင်မှောင်နေသော အမှောင်ထုအား ဖြတ်သန်းသွားသော ရွှေရောင်ကြယ်တစ်လုံးကဲ့သို့ ရှေ့သို့ ပြေးထွက်သွားသည်။

ထိုအရာအားမြင်လိုက်ရသောအခု ရှစ်ဖုန့်လည်းနောက်မှ အပြေးအလွှားလိုက်သွားသည်။

"ဝုန်း"

ရုတ်တရက်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းမရောက်ခင် ကျောက်တံြခါးက ရုတ်တရက် ပြိုကျသွားပြီး အကျိုးအပဲ့များကြားထဲမှ သွေးနီရောင်အလင်းတစ်ခုထွက်လာသည်။

"အုန်း.."

ရွှေရောင်အလင်းနှင့် သွေးနီရောင်အလင်းတို့က သွေးကြွေးကမ္ဘာ့ရန်ဘက်များကဲ့သို့ အပြင်းအထန်ပစ်ဆောင့်ကြသည်။

ပြေးနေဆဲဖြစ်သော ရှစ်ဖုန့်မှာ ရုတ်တရက် ကြမ်းကြုတ်ပြင်းထန်သော လှိုင်းတစ်ခုက ရုတ်တရက်လေထုထဲမှ သူ့ဆီသို့အပြင်းလာနေသည်ကို ခံစားလိုက်ရသည်။ရှစ်ဖုန့်က ခုခံရန်ခက်ခဲသိကိုသိသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ကြိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ နောက်ကိုလွင့်ပျံထွက်သွားရသည်။

နောက်သို့လွှင့်ထွက်နေရင်း ရွှေရောင်အလင်းနှင့် အပြင်းအထန်ပစ်ဆောင့်မိသော သွေးနီရောင်အလင်းမှာလည်း နောက်သို့ပြန်ကန်ထွက်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။

"ဘန်း"

"ချလွမ်"

ရှစ်ဖုန့်နှင့် သွေးနီရောင်အလင်းမှာ ရှေ့ဆင့်နောက်ဆင့် မြေပေါ်သို့ ပြုတ်ကျလာသည်။

သွေးနီရောင်အလင်းမှာပျောက်ကွယ်သွားပြီး တစ်မီတာရှည်၍ လက်သုံးသစ်အကျယ်ရှိသော သွေးရောင်ဓားရှည်တစ်ချောင်းပုံစံပေါ်လာ၏။

ထို့နောက်ချက်ခြင်း လေထဲတွင်လွှင့်မျောနေဆဲဖြစ်သော ရွှေရောင်အလင်းတန်းမှာ ခြင်းတစ်ခုကဲ့သို့ ထူထဲသော သိပ်သည်းသည့် ရွှေရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။၎င်းကသွေးဓားအား လှိုင်ဂူတစ်ခုကဲ့သို့ ဖုံးအုပ်ထား၏။

မြေပြင်ပေါ်တွင်ကျနေသော သွေးဓားမှာ ထပ်မံလှုပ်ရှားလားကြီး ၎င်း၏ မလိုလားမှုကိုဖော်ပြ၍ ကြမ်းကြုတ်မှုအားထုတ်ဖော်နေသည်။၎င်းကရွှေရောင်အလင်းတန်းကို ဖြတ်သန်း၍ ခုတ်ခြင်း ထိုးခြင်း ပိုင်းခြင်းတို့ကို မရပ်မနားပြုလုပ်သည်။

ရှစ်ဖုန့်က ရပ်၍ ကြည့်နေသည်။အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကအနိုင်ရနေသည်မှာ သိသာသော်လည်း ထိုမာနကြီးသောသွေးဓားအား မည်ကဲ့သို့ ထိန်းချုပ်ရမည်ဟု ရှစ်ဖုန့်က ယခုတွေးတောနေသည်။

စိတ်ဝိညာဉ်တစ်ခုနှင့် လျှို့ဝှက်ဆန်းကြယ်သော လက်နက်တစ်ခုကသာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာတော့ သိသာသည်။

အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်မှာ သူနှင့် ဆက်နွယ်နေသော်လည်း သူ၏ ယခင်ဘဝ၌ဖြစ်စေ ယခုဘဝ၌ ဖြစ်စေ ၎င်းက ဆရာဟောင်းတစ်ပါးကဲ့သို့သာဖြစ်သည်။သူ့အနေဖြင့် ထိုအရာပေါ်တွင် အမိန့်ပေးနိုင်စွမ်း မရှိပေ။

ထိုအချိန်တုံးက အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ပေါ်လာခဲ့ပြီး ထျန်းဟန်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်ခဲ့ရသည်။ နေရာအနှံ့မှ ကျွမ်းကျင်သူများက မန်ခူအပျက်အစီး ရှေးဟောင်းအမွေအနှစ်ရှိရာသို့ လာကြပြီး ၎င်းတို့ထဲတွင် ငရဲဘုံက်ိုးခုဧကရာဇ်နှင့် သူ၏ လက်အောက်ရှိ ငရဲကမ္ဘာ ဗိုလ်ချုပ် ရှစ်ဦးပင်ပါဝင်သည်။

နောက်ဆုံးတွင် ငရဲဘုံကိုးခုဧကရာဇ်ပင် သူ့အားအရာခပ်သိမ်းရဲ့ မူလဇစ်မြစ်က မည်ကဲ့သို့ ဆွဲဆောင်ခဲ့သည်ကို ပုံမဖော်နိုင်ခဲ့ပေ။၎င်းအတွက် အစွမ်းထက်သော ပုဂ္ဂိုလ်တို့၏ တိုက်ပွဲအလယ်တွင် အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်မှာ သူ့လက်ထဲသို့ ကျရောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။

အပေါ်ယံတွင် အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်အား ငရဲဘုံကိုးခု ဧကရာဇ်က ရသွားသည်ဟု မြင်ရသော်လည်း တကယ့်လက်တွေ့တွင် ရရှိခြင်းနှင့် မရရှိခြင်းကြားက ကွာခြားချက်အား အသိဆုံးသော သူမှာ သူပင်ဖြစ်သည်။ဤအရာအား သူရသည််ဖြစ်စေ မရသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။

ပုံမှန်အားဖြင့် သူ၏ ကိုယ်ခန္ဓာအား စူးစမ်းလေ့လာသော အခါတိုင်းတွင် အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်က မည်သည့်နေရာတွင် ပုန်းအောင်းနေသည်အား သူ ရှာဖွေ၍ မရပေ။တစ်ခါတစ်ရံတွင်တော့ သူမရှာဖွေသော်လည်း ထိုအရာက အလိုအလျောက် ပျံထွက်လာကာ သူ့အား စက်ဝိုင်း သဏ္ဍန် လှည့်ပတ်နေတတ်သည်။

၎င်းအား သူဖမ်းချင်သော အခါတွင် ဖမ်းဆီးရန် မဖြစ်နိုင်ပေ။

အစွမ်းထက် အတားအဆီးများအား သူ တပ်ဆင်ထားလျှင်ပင် ၎င်းက ထိုအတားအဆီးတို့အား လွယ်လင့်တကူ ချိုးဖြတ်သွားနိုင်သည်။

နောက်ဆုံးတွင် ထိုအရာအား မည်ကဲ့သို့ ဖျက်ဆီးပစ်လျှင် ရနိုင်မည်နည်းဟူသော နည်းလမ်းအား ရှာဖွေရန် ရှေးဟောင်းမှတ်တမ်းများအား ငရဲဘုံကိုးခု ဧကရာဇ်မှာ အင်တိုက်အားတိုက် ရှာဖွေတော့သည်။

အဓိကအကြောင်းအရာအား ပြန်သွားရမည်ဆိုလျှင် ရှစ်ဖုန့်က သွေးဓားအား မည်ကဲ့သို့ ရယူရမည်နည်းဟု စဥ်းစားနေချိန်တွင် နောက်ထပ်သိပ်သည်းလှသော ရွှေရောင်အလင်းတန်းတစ်ခုအား အရာခပ်သိမ်းရဲ့မူလ ဇစ်မြစ်က ထပ်မံပစ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ပြိုကျပျက်စီးနေသော ကျောက်တံခါးထံသို့ ချိန်ရွယ်ထားပုံရသည်။

၎င်းဘာလုပ်ချင်နေသည်အား ရှစ်ဖုန့်ခန့်မှန်းရန် ကြိုးစားနေချိန်တွင် ရွှေရောင်အလင်းမှာ လျှင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်ပြီး ၎င်းနှင့်အတူ သုံးမီတာရှည်လျားသော လူသားအရွယ် သွေးနီရောင် အရိုးစုတစ်ခုအား သယ်ဆောင်လာသည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters