အပိုင်း (၂၁)
Vol. 2 Ch. 21
"သွေး အရိုးစု"
အရိုးစုအားစိုက်ကြည့်ရင်း ရှစ်ဖုန့်၏ နှလုံးတို့ တဒိတ်ဒိတ်ခုန်နေသည်။
လေးလံသော တောင်တစ်လုံးက သူ့ဆီသို့ ဖိကျလာသကဲ့သို့ ဧရာမဖိအားတစ်ခုအား ၎င်းဆီမှသူ ခံစားနိုင်သည်။
ဤပုဂ္ဂိုလ်မှာ သေချာပေါက် သူ၏ မျိုးဆက်တွင် သူအသက်ရှင်စဥ်ကာလက ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း မသိနိုင်သော အကြောင်းပြချက်တစ်ချ်ို့ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် သူသည် သေဆုံးခဲ့ရသည်။
အရိုးစုက တောက်ပသော သွေးရောင်စိုစိုကို ထုတ်လွှတ်နေသည်။
အကယ်၍ မန္တရားသန့်စင်သူတစ်ဦးသာ ၎င်းအား သန့်စင်ခဲ့လျှင် ၎င်းမှာသေချာပေါက် ထိပ်တန်းအဆင့် သန့်စင်ရေး ပစ္စည်း ဖြစ်လာမည်ဖြစ်သည်။
ရှစ်ဖုန့်ထိုအချင်းအရာအား စဥ်းစားနေစဥ်တွင် ရွှေရောင်အလင်းတန်းအတွင်း၌ ရှိနေသော သွေးရောင်အရိုးစုမှာ ရုတ်တရက် လက်မအရွယ် အပိိုင်းပိုင်း စတင် ကွဲကြေလာသည်။ ပေါက်ကွဲမှု အလင်းများလည်း ဆက်တိုက်ထုတ်လွှတ်လျက် ရှိသည်။
ထို့နောက်ချက်ခြင်း ရွှေရောင်အလင်းတန်းတစ်ခုလုံးမှာ အသားကြိတ်စက်ကဲ့သို့ဖြစ်လာသည်။
ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းဖြစ်သွားသော သွေးရောင်အရိုးစုမှာ အထဲ၌ ရူးသွပ်စွာ လည်ပတ်နေပြီး ဖြည်းဖြည်းချင်း ကြိတ်မွှေသကဲ့သို့ ဖြစ်လာ၏။
သို့သော် ထိုအရာက သိပ်မကြာလိုက်ပေ။ အသက်ရှူကြိမ် အနည်းငယ်အတွင်း သွေးနီရောင် အမှုန့်များက မြေပြင်ပေါ်သို့ ကျလာသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။
ထို့နောက်သိပ်မကြာခင် ရွှေရောင်အလင်းတန်းအတွင်းတွင် သွေးနီရောင် အရည်တို့ကား စီးမျောနေတော့သည်။
သွေးရောင်အရိုးစု၏ ရိုးတွင်းခြင်ဆီများက တကယ့်ကိုပင် အရာခပ်သ်ိမ်းရဲ့ မူလဇစ်မြစ်၏ သန့်စင်ခြင်းအား ခံလိုက်ရသည်။
"ဒီအသင်္ချေ အရင်းအမြစ်က ရိုးတွင်းခြင်ဆီတွေကို စုပ်ယူလိုက်တာလား"
ရှစ်ဖုန့်က ရွှေရောင် အလင်းတန်းအတွင်းမှ သွေးနီရောင် ရိုးတွင်းခြင်ဆီတို့အား ကြည့်နေရင်းတွေးနေမိသည်။
မမျှော်လင့်ထားပဲ အလင်းတန်းက သူ၏ နေရာအား စလိုက်မီးကဲ့သို့ ရွှေ့ပြောင်းလိုက်ကာ ရှစ်ဖုန့်အား ထိုးလိုက်ပြီး ရုတ်ချည်းသူအား ဖုံးလိုက်သည်။
အလင်းတန်းအတွင်းမှ သွေးနီရောင်ရိုးတွင်းခြင်ဆီတို့က သူ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ကူးခတ်လာသည်။
မျက်တောင်တစ်ခတ်စာအတွင်း သွေးရောင်ရိုးတွင်းခြင်ဆီတို့က သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်။
သူ၏ တစ်ကိုယ်လုံးနှင့် ချွေးပေါက်များမှတစ်ဆင့် သူ၏ အသွေး အသား အရိုးနှင့် ရိုးတွင်းခြင်ဆီအတွင်းသို့ ဖြတ်သန်းစီးဝင်သွားသည်အား ရှစ်ဖုန့် ရှင်းရှင်းလင်းလင်းခံစားနိုင်၏။
"အား"
ရှစ်ဖုန့်ခေါင်းကိုမော့ကာ အော်ညည်းလိုက်သည်။ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးတိုင်းအား ဓားဖြင့် ပိုင်းဖြတ်နေသကဲ့သို့ ခံစားရသည်။
"ဟားဟား....ကောင်းတယ်"
အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်၏ ရည်ရွယ်ချက်အား နားလည်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အလွန်ပြင်းထန်သော နာကျင်မှုအား သည်းခံလိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်က သူ၏ အရိုးများအား ဖလှယ်နိုင်ရန်အတွက် ကူညီနေသည်။
အရိုးစုမှာ နှစ်ပေါင်းမည်မျှအကြာက သေဆုံးခဲ့သည်ကို လူတိုင်းကမသိကြသော်လည်း ၎င်း၏ မသေဆုံးနိုင်သေးသော အကြွင်းအကျန်များ ယနေ့ထိတိုင်ကျန်ရစ်နေသေးပြီး ဝင်းလက်တောက်ပနေသော သွေးရောင်အလင်းကို ထုတ်လွှတ်နေဆဲဖြစ်သည်။တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းက သာမန်ထက်ထူးကဲကြောင်းကို ပြောနိုင်သည်။
သွေးနီရောင် ရိုးတွင်းခြင်ဆီ ဖြင့် သူ၏ အရိုးအားလုံးအား သန့်စင်၍ပြီးမြောက်အောက် စုပ်ယူပြီးပါက သူသည် သေချာပေါက် ပိုမို၍ သန်မာလာမည်ဖြစ်သည်။
"အနည်းဆုံးတော့...မင်းမှာ အသိတရား..ရှိသေးတာပဲ.."
ရှစ်ဖုန့်အံကြိတ်ကာ နာကျင်မှုအား သည်းခံရင်း အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို ကြည့်၍ ပြောလိုက်သည်။
"အား......"
ရှစ်ဖုန့်တစ်ယောက် အလွန်ပြင်းထန်သော နာကျင်မှုအား သည်းခံနိုင်စွမ်းမရှိတော့ဘဲ သူ၏ ခေါင်းကိုမော့၍ နာကျင်စွာ နောက်ထပ်တစ်ကြိမ် အော်ဟစ်လိုက်သည်။
ထိုအလွန်ပြင်းထန်လှသော နာကျင်မှုမှာ သူ၏ အရိုးများအတွင်း နက်ရှိုင်းစွာစိမ့်ဝင်နေသော အရာတစ်ခုဖြစ်သည်။
"အား...."
သူဘယ်နှစ်ကြိမ်ခန့် ဤကဲ့သို့ နာကျင်စွာ အော်ဟစ်ခဲ့မိမှန်းအား ရှစ်ဖုန့် မသိတော့ပေ။ အချိန်များ မည်မျှ ကုန်ဆုံးသွားသည်အား သူမသိသော်လည်း ထိုပြင်းထန်လှသော နာကျင်မှုကြောက့် သူ၏ မျက်နှာမှာ သေလုအောင်ဖြူဖျော့နေပြီး သူ၏တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့်နစ်နေသည်။
သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် ဆက်တငင်ငင်ဖြစ်နေပြီး သူ၏ စိတ်ခွန်အား မည်မျှပင် သန်မှလှပါစေ နာကျင်မှုကြောင့် သူမူးမေ့သွားပြီး ၎င်းကြောင့် ပြန်နိုးထလာရသော အကြိမ်အနည်းငယ်ခန့်ပင်ရှိခဲ့သည်။
"ဟူး...ဟူး...ဟူး.."
ရှစ်ဖုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျော့ခွေနေပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။သူသည် သေခြင်းတံခါးဝမှ ရုန်းကန်လှုပ်ရှားလာရသော လူတစ်ယောက်နှင့်ပင်တူသည်။
"ဒါ...ဒါက..နောက်ဆုံးတော့..ပြီးသွားပြီ"
ပြင်းထန်လှသော နာကျင်မှုတို့ကြောင့် သူ၏ စကားလုံးတို့ပင် တုန်ယင်နေ၏။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းမှာ ပျောက်ကွယ်သွား နှင့်ပြီး ဖြစ်သည်။ရှစ်ဖုန့်သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းအာ ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အရိုးတို့မှာ သွေးနီရောင်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
သူ၏ ကိုယ်အား အနည်းငယ် လှုပ်ရှားလိုက်သောအခါ သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးများအားလုံးမှ ပဲလှော်များကဲ့သို့ ကွဲအပ်သော အသံများ ထုတ်လွှတ်နေသည်။
သူ့ကိုယ်သူ ပက်လက်လှန်၍ ထရပ်လိုက်ကာ ညာလက်သီးကို ဆုပ်လိုက်ပြီး ရှေ့သို့ထိုးလိုက်သည်။
"ဝှူး...."
လက်သီးဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လေထုအလွှာ နှစ်ခုအကြား တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုတို့ကြောင့် ထွက်ပေါ်လာသော အသံလှိုင်းပေါက်ကွဲသံ အနည်းငယ် ခန့်ပင် ထွက်ပေါ်လာသည်။
လက်သီးက လေထဲတွင်ရပ်တန့်သွားပြီး ရှစ်ဖုန့်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"မဆိုးပါဘူး.."
"အစတုန်းက..ငါ့ကိုယ်ကိုပြုပြင်ဖို့အတွက် ငါ့မှာ အချိန်မရှိခဲ့ဘူး.."
"ငါအခုလက်သီးထိုးလိုက်တဲ့ အခါမှာ..ဒါကတကယ့်ကို ကြယ်တစ်ပွင့် သခင်တစ်ယောက်ရဲ့ ခွန်အားမျ်ိုး ရှိနေတာပဲ.."
"ငါ့ဒန်တန်ကို ပြန်မကုသနိုင်သေးတဲ့ နေ့ရက်တွေအထိ ငါ့ရဲ့ခန္ဓာကိုယ်ကို ငါသန့်စင်တယ်"
"ငါသာ ကြီးမြတ်သော နက်နဲသိမ်မွေ့တဲ့ ငရဲဘုံကိုးခု ခန္ဓာကိုယ်အဆင့်ကိုသာ ရောက်သွားရင် ကမ္ဘာကြီး တစ်ခုလုံးကို ငါ့ခွန်အားသက်သက်နဲ့ ဖြတ်ကျော်လွှမ်းမိုးနိုင်ပြီ"
"ဒီလို ကြီးမားတဲ့ စွမ်းအားနဲ့ဆိုရင် ဘယ်ကောင်းကင်ဘုံရတနာကမှ ပုံမှန်အားဖြင့် ငါ့အတွက် ဘာမှ မဟုတ်တော့ဘူး.."
ရှစ်ဖုန့်က ထိုသို့ပြောပြီးနောက် သူ၏အကြည့်အား အလင်းတန်းထဲတွင် ဝရုန်းသုဉ်းကား သောင်းကျန်းနေသော နောက်ထပ် အလင်းတစ်ခုဖြစ်သည့် သွေးဓားဆီသို့ ပြောင်းလဲလိုက်သည်။
ရှစ်ဖုန့်က လမ်းလျှောက်သွားပြီး အလင်းတန်း၏ အပြင်ဘက်တွင် ရပ်လ်ိုက်သည်။
သူကအထဲမှ သွေးဓားအား ပြောလိုက်သည်။
"မင်းမှာ စိတဝိညာဉ်တစ်ခု ရှိနေတာကြောင့် ပင်ကိုအားဖြင့် ငါ့ရဲ့ ရည်ရွယ်ချက်တွေကို နားလည်မယ်လို့ ငါယုံကြည်တယ်...ဒီနေ့မှာ မင်းကိုထိန်းချုပ်ပြီးတော့ မင်းရဲ့ ဂုဏ်ဝင့်ဖွယ် ခရီးကို ဆက်လက်ပြီး လျှောက်လှမ်းဖို့အတွက် ခေါ်ဆောင်သွားခွင့်ငါ့ကိုပြုပါ"
ရှစ်ဖုန့်က စကားပြောရင်း သူ၏ ညာလက်အား ရွှေရောင်အလင်းဆီသို့ လှမ်းလိုက်သည်။ သူသည် အလွန်လျှင်မြန်လှသော အမြန်နှုန်းဖြင့် သွေးဓား၏ ဓားရိုးအား စုပ်ကိုင်လိုက်သည်။
"ဗုန်း. "
လျှပ်စီးကြောင်းတစ်ခုက သူ၏ ခေါင်းထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ရှစ်ဖုန့်၏ စိတ်နယ်ပယ်မှာ ရုတ်တရက် တုန်ခါသွားသည်။ သူ၏ စိတ်ထဲတွင် သွေးနီရောင် ကမ္ဘာတစ်ခုက ရုတ်ချည်း ပေါ်လာသည်။
ကောင်းကင်ရောမြေကြီးပါရဲရဲနီနေပြီး ကမ္ဘာတစ်ခုလုံးအား သွေးနီရောင်တို့ဖြင့် လွှမ်းခြုံထားသည်။
မြေပြင်တွင် အလောင်းများ ပြန့်ကျဲနေပြီး မိုင်တစ်ရာ အချင်းဝက်အတွင်း နေရာတိုင်းတွင် အလောင်းများ ရှ်ိသည်။
ဤအလောင်းများအားလုံးတွင် တူညီသော ဝိသေသလက္ခဏာများ ရှိသည်။
၎င်းတို့အားလုံးမှာ ရှုံ့တွနေကြပြီး ၎င်းတို့၏ စိုစွတ်မှုအား စုပ်ယူခံလိုက်ရသောကြောင့် ရှုံ့တွခြောက်သွေ့သွားရသော အလောင်းများဖြစ်သည်။
ထိုထက်ပိုသည်ကား ကမ္ဘာတစ်ခုလုံးမှာ သေခြင်းရောင်ဝါများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။
သုံးမီတာရှည်လျားသော တုတ်ခိုင်သည့် ပုံရိပ်တစ်ခုက လေထဲတွင်လွင့်နေသည်။ ၎င်းမှာ ကိုယ်လုံးတီး လူတစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အား ထူးဆန်းသော ရုန်း(ရှေးဟောင်းကျောက်ထွင်းအက္ခရာပုံစံ)များနှင့်ဆင်တူသည့် သွေးရောင်မျဉ်းများဖြင့် ဖုံးထားသည်။ ၎င်းကသူ့အား တော်တော်လေး နတ်ဆိုးဆန်သော အသွင်ကိုဆောင်စေသည်။
ထိုလူ၏ မျက်နှာမှာ သွေးအေးသောပုံစံရှိသည်။သူ၏ သွေးနီရောင်ဆံပင်တို့က လေနှင့်အတူ ကခုန်နေပြီး သူ၏ မျက်လုံးတို့က သွေးနီရောင် အလင်းတို့ကို ထုတ်လွှတ်ကာ ရှေ့သို့ စိုက်ကြည့်နေသည်။သူက သွေးအေးစွာ ပြောလိုက်သည်။
"သတ်"
သူက သူ၏ သွေးဓားအား ဝေ့ယမ်းလိုက်ပြီး အာကာသလေဟာနယ်မှာ အပိုင်းပိုင်းဆုတ်ပြဲသွားသည်။ အဆုံးမရှိ ဟင်းလင်းပြင်ထဲတွင် အာကာသ လေဟာနယ်မှာ အဆက်မပြတ် ဆက်လက် အက်ကွဲနေသည်။
"အား...အား...အား..အား..အား..."
ရုတ်တရက် အနက်ရောင် ကွက်လပ် အဟကြားမှ မချိတင်ကဲ အော်ညည်းသံများက ထွက်ပေါ်လာသည်။မရေတွက်နိုင်သော ခြေပြက်လက်ပြက်များ ခန္ဓာကိုယ်များ ဦးခေါင်းများက မုန်တိုင်းတစ်ခုကြောင့် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ မြေပြင်ပေါ်သို့ တဖွဲဖွဲပြုတ်ကျလာသည်။
"သတ်..သတ်ပစ်..သတ်..သတ်..သတ်.."
ထိုလူ၏ ပါးစပ်ဆီမှ ကြုံးဝါးအော်ဟစ်သံ ဆက်တိုက်ထွက်ပေါ်လာသည်။
သွေးရောင်ဓားရှည်မှာ ဟင်းလင်ပြင်ထဲတွင် သွေးရူးသွေးတန်း ကခုန်နေပြီး အနက်ရောင် အဟအကွဲများ ရုတ်ချည်းပေါ်လာသည်။ကောင်းကင်နှင့် မြေကြီးထက်တွင် စိမ်မချမ်းမြေ့စရာ အော်ဟစ်ငိုကြွေးသံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ဤသည်မှာ သတ်ဖြတ်ခြင်းပွဲတော်တစ်ခုဖြစ်ပြီး အလောင်းမိုးများက ကောင်းကင်ထက်ဆီမှ ကျဆင်းလာ၏။
ရှစ်ဖုန့်ပင် ဤ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ဖြည်းဖြည်းခြင်း နစ်မြောလာပြီး လူများအား သတ်ဖြတ်ရခြင်းကို စတင်၍ သဘောကျနှစ်ခြိုက်လာသည်။
"မကောင်းတော့ဘူး..."
ရှစ်ဖုန့် ရုတ်တရက် အသိပြန်ဝင်လာကာ အော်လိုက်သည်။
"စိတ်ပြန်ထိန်းစမ်း"
"ဝုန်း"
သူ၏ ခေါင်းအတွင်းရှိ သွေးကမ္ဘာမှာ ချက်ခြင်းပြိုကွဲသွားပြီး လက်တွေ့လောကသို့ သူအသိပြန်ဝင်လာသည်။
"လခွမ်း.."
"သီးသီးလေးပဲဟ.."
"ငါ့စိတ်ငါထိန်းချုပ်မှုလွတ်ပြီးတော့...သတ်ဖြတ်ခြင်းကိုပဲသိတော့တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်တော့မို့.."
သူ၏လက်အတွင်းရှိ သွေးဓားရှည်အားကြည့်ကာ နှလုံးသားထဲ၌ စွဲကျန်ရစ်နေသော အကြောက်တရားကို သူခံစားမိနေဆဲဖြစ်သည်။သူသည် နတ်ဆ်ိုးတစ်ကောင်ဖြစ်ရန်အတွက် အရမ်းကို နီးစပ်ခဲ့၏။
ထိုအချိန်တွင် ရွှေရောင်အလင်းနှင့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ယင်မိစ္ဆာမှာလည်း မြေအောက်ထဲသို့ တူးဝင်သွားပြီဖြစ်ပြီး ရှစ်ဖုန့်နှင့်သူ၏ လက်အတွင်းရှိသွေးဓားတို့သာ ကျန်ရစ်ခဲ့သည်။
"ခုဏကမြင်ကွင်းမှာ ငါတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်က ဘယ်လိုတည်ရှ်ိမှုမျ်ိုးလဲ"
"သူက အာကသာလေဟာနယ်ကို သူ့ရဲ့ဓားတစ်ချက်တည်းနဲ့ ခွဲထုတ်လိုက်ပြီးတော့ အဆုံးမရှိ ဟင်းလင်းပြင်တွေကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ထောင်ချီဝေးတဲ့နေရာက ရန်သူတွေကို ခုတ်ပိုင်းပစ်တယ်"
သူ၏ စိတ်ထဲတွင် အစောပိုင်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအား ရှစ်ဖုန့် ပြန်၍ အမှတ်ရလာသည်။
ထိုပုဂ္ဂိုလ် သူ၏ ဓားဖြင့် အာကာသလေဟာနယ်ကို အပိုင်းပိုင်းခုတ်ပိုင်းပစ်ခဲ့သည်။
မိုင်ပေါင်း ထောင်ချီအဝေးမှ ရန်သူများမှာ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံခဲ့ရသည်။ထိုသူတို့၏ အလောင်းများမှာ အာကာသအက်ကွဲကြောင်းများ ထဲမှ ပြုတ်ကျလာသည်။ထိုသူများထဲတွင် ဧကရာဇ်နယ်ပယ်များ၏ အလောင်းများပင် အများအပြားပါဝင်သည်။
"အဲ့ပုဂ္ဂိုလ်က ဘယ်လို လူမျ်ိုးလဲ.."
"အဲ့ခေတ်ကရော...ဘယ်လိုခေတ်မျိုးလဲ.."
ဆက်ရန်........
ဘာသာပြန်သူ-Arise