အပိုင်း(၂၂)
Vol. 2 Ch. 22
"အဲ့ပုဂ္ဂိုလ် ကဘယ်လို လူစားများလဲ"
"အဲဒီ့ခေတ်ကရော..ဘယ်လိုခေတ်မျိုးလဲ.."
ရှစ်ဖုန့်က သူ၏ လက်ထဲရှိသွေးဓားအား စိုက်ကြည့်ရင်း နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။
ဓား၏ ကိုယ်ထည်က သိပ်သည်းကာ ပုရွက်ဆိတ်အရွယ် ရုန်းများ ထွင်းထုထားသည်။ ထိုရုန်းများက ထျန်းဟန်တိုက်ကြီး၏ ယနေ့ခေတ် ရုန်းများနှင့် မတူညီပဲ ကွဲပြားသည်။၎င်းတို့က ရှစ်ဖုန့်ဖတ်ရှူခဲ့သော ရှေးဟောင်းစာအုပ်များ၌ပင် ပေါ်ထွက်လာခဲ့ဖူးခြင်း မရှိပေ။၎င်းတို့က ရှေးခေတ်အချိန် နှစ်ပေါင်း သောင်းဂဏန်းလောက်ခန့်က ဖြစ်လောက်သည်။
ကျန်ရစ်နေသော သဲလွန်စများကို အခြေခံ၍ ဤလူလုပ် ဥမှင်မှာ နှစ်ပေါင်း ထောင်ဂဏန်းအနည်းငယ်ခန့် ရှိပြီဖြစ်သည်။အဘယ်ကြောင့် ဤသွေးအရိုးစုနှင့်သွေးဓားတို့က ဤနေရာ၌ အဆုံးသတ်ခဲ့ရသည်ကို သူမသိပါ။
၎င်းသွေးအရိုးစုမှာ သူ့စိတ်ထဲတွေ့ခဲ့ရသော အသက်ရှင်နေတုံးသူ၏ အရိုးစုများလား။သို့မဟုတ် ၎င်းက ထိုသူ၏ မျိုးနွယ်တူများမှ ဆင်းသက်လာခဲ့သောသူလား။၎င်းတို့၏ ရောင်ဝါများက တော်တော်လေး တူညီမှု ရှိသည်ကိုတော့ ရှစ်ဖုန့်ခံစားမိသည်။ဤသွေးဓား၏ ရောင်ဝါပင် ၎င်းတို့နှင့် တော်တော်လေး တူညီမှုရှိသည်။
အချိန်ဒီရေများတိုက်စားလာခဲ့ပြီးနောက်တွင် ဤကိစ္စများအား မည်သူမျှ သိကြတော့မည်မဟုတ်ပါ။
သို့သော် ရှစ်ဖုန့်က သတင်းအချက်အလက်များအား စူးစမ်းချင်ရုံသာဖြစ်သည်။သူသည် စပ်စုရုံသာဖြစ်ပြီး ထိုကိစ္စအား အမြစ်အထိ လိုက်လံတူးဖော်ခြင်း သို့မဟုတ် သမိုင်းကြောင်းအမှန်အား လိုက်လံရှာဖွေခြင်းတို့အား လုပ်ဆောင်မည်မဟုတ်ပါ။
သူ၏တစ်ဘဝလုံး သိုင်းပညာလမ်းစဥ်၏ အထွတ်အထိပ်ကိုသာ လိုက်စား၍ ဒဏ္ဍာရီလာ နတ်ဘုရားနယ်ပယ်အတွင်းသို့ ဝင်ရောက်ရန် တစ်ခုတည်းကိုသာ ရည်ရွယ်ထားသည်။
"ဝမ်းနည်းစရာပဲ...ဝမ်းနည်းစရာပဲကွာ.."
သူက သွေးဓားအားကြည့်လိုက်ကာ နှလုံးသားထဲမှ ညည်းတွားလိုက်သည်။
"အစတုံးက ငါဟာ အံ့ဖွယ် နက်နဲမှုအဆင့် ရှေးပစ္စည်းကို ရပီလို့ထင်နေတာ ဒါပေမဲ့ ဒီလက်နက်က ထိခိုက်မှုတွေကြောင့် နက်နဲသ်ိမ်မွေ့မှု အဆင့်နှစ် ရှေးပစ္စည်းနဲ့ တူညီမှု အဆင့်ပဲရှိတော့တယ်"
ဤသွေးဓားက သူ့အား အဘယ်ကြောင့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် တူညီသော ခံစားချက်အားပေးပြီး ၎င်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ထိန်းချုပ်ခြင်းအား ခံခဲ့ရသည်ကို ရှစ်ဖုန့်နားလည်သည်။
၎င်း၏ အစစ်အမှန်ခွန်အား မှာ အတိတ်မှအရာတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။
"ဟူး..."
"ငါ့ဇတ်ကောင်က အရမ်းကို မြင့်မားလွန်းပြီး ငါကလည်း အရမ်းကိုချောမောလွန်းတာကြောင့် အံ့ဖွယ် ရှေးပစ္စည်းတစ်ခုတောင် ကောင်းကင်ကနေ ပြုတ်ကျလာရတယ်လို့ ထင်နေတာ"
"ငါက အပြစ်အနာအဆာရှိတဲ့ လက်နက်တစ်ခုကို တကယ်ကြီး ရလိမ့်မယ်လို့ ငါလုံးဝမထင်ခဲ့မိဘူး"
"ထားလိုက်ပါ...ထားလိုက်ပါ.."
"ဒါက အပြစ်အနာအဆာရှိတဲ့ လက်နက်တစ်ခု ဖြစ်နေတော့ရော..ဘာဖြစ်လဲ.."
"ငါအခု..အဲ့တာကို..အသုံးပြုလို့ရနေတာပဲဟာ.."
"အဲ့တာထက် ဒီအရာမှာ ရှေးဟောင်းလက်နက်စိတ်ဝိညာဉ်တစ်ခု ရှိနေတာပဲဟာ...အနာဂတ်ကျရင် ပြန်ပြုပြင်ဖို့ အခွင့်အရေးရလာနိုင်တယ်.."
ရှစ်ဖုန့်က စကားပြော၍ သူ၏ ညာလက်အား လေထဲတွင် လှုပ်ရှားလ်ိုက်ကာ ဓားအားသန့်စင်ရန်အတွက် ၎င်းအတွင်းသို့ ကန့်သတ်ချုပ်ချယ်မှုတစ်ခုအား ဂရုတစိုက် ထည့်သွင်းလိုက်သည်။
"အမ်"
ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်အား ရှစ်ဖုန့် ချက်ခြင်းသဘော ပေါက်လိုက်သည်။ဤဓား၏ စိတ်ဝိညာဉ်အရဆိုလျှင် ၎င်းမည်မျှင်ပင်အားနည်းလာပါစေ သူကသန့်စင်ဖို့ကြိုးစားလျှင် ယင်းအနေဖြင့်ဘသေချာပေါက် ခုခံလိမ့်မည်ဖြစ်သည်။ယခင်ကကဲ့သို့ တုန့်ပြန်ခံရခြင်း ပြဿနာများကိုပင် သူခံစားရနိုင်သည်။
အစက သူ့အနေဖြင့် တော်တော်လေး အားထုတ်ရလိမ့်မည်ဟု ထင်ထားသော်လည်း ဓားအတွင်းသို့ ကန့်သတ်ချုပ်ချယ်မှုအား အလွယ်တကူ ထည့်သွင်းနိုင်မည်ဟုတော့ လုံးဝမျှော်လင့်မထားခဲ့ပါ။
ဘာခုခံမှုမှ ရှိမနေခဲ့သည့်အပြင် သန့်စင်မှုပင် လျှင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။
"လက်နက်စိတ်ဝိညာဉ်က ဒီဓားထဲမှာ ထက်ပီးတော့ မရှိတော့ဘူးနဲ့တူတယ်"
ရှစ်ဖုန့် ဂရုတစိုက် အာရုံခံလိုက်သည်။
ထိုအချိတ်၌ သူ၏ စိတ်ထဲတွင် သန့်စင်ထားသော သွေးဓား တစ်ခုတည်းသာ ရှိသည်။
ဓားတွင် ရှိနေသော လက်နက်စိတ်ဝိညဉ်မှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
(မှတ်ချက်-ကျွန်တော်က ရှေးကပစ္စည်းဆိုပြီးသုံးခဲ့ပါတယ် Artifactဆိုတာ အရိန္ဒမာလှန်လို လက်နက်တွေကို အဲ့လိုခေါ်ပါတယ်ဗျ ကျွန်တော်က weaponကလည်းလက်နက်မို့ ရှေးပစ္စည်းလို့ခွဲဲသုံးဖို့စဥ်းစားပေမဲ့ ဘာသာပြန်ရတာထောက်တာမို့ နောက်ပိုင်း လက်နက်လို့ပဲယူသုံးပါတော့မယ်)
သို့သော် ၎င်းမှာ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းလား သို့မဟုတ် ၎င်းမှာ နောက်ဆုံးထွက်သက်သာ ရှိတော့သောကြောင့် လေနှင့်အတူ ငြိမ်းသက်သွားသော ဖယောင်းတိုက်ကဲ့သို့ သူ့ဟာသူ မီးစာကုန် ရေခန်း ဖြစ်သွားရခြင်းလားဆိုသည်ကိုကား ရှစ်ဖုန့်မသိပါ။
ဒါကနောက်ထပ် ပဟေဠိဆန်သော အရာဖြစ်သည်။
သို့သော် လက်နက်စိတ်ဝိညာဉ်က အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကြောင့် ဖျက်ဆီးခံရခြင်း နှင့် ပိုတူသည်ဟုတော့ ရှစ်ဖုန့် ခန့်မှန်းထားသည်။
တစ်ခုကရွှေရောင်အလင်းဖြစ်နေစဥ်တွင် တစ်ခုကသွေးနီရောင် ဖြစ်ခဲ့သည်။၎င်းတို့တွေ့ဆုံချိန်တွင် တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခဲ့ကြသည်။
၎င်းတို့က ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြမည်မှာ သိသာသည်။
"ဟမ်"
ရှစ်ဖုန့် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
စင်္ကြံလမ်းဆီမှာ လျှောက်လှမ်းလာသော ခြေသံများအား သူကြားလိုက်ရသည်။
ရှစ်ဖုန့်က သူနှင့် မီတာ ဒါဇင် အနည်းငယ်ခန့်ဝေးသော ဆီရှိ လှေကားအုံဆီသို့ လှည့်ကြည့်လိုက်သည်။ ကျောက်လှေကားများပေါ်မှ ခြေထောက်သုံးစုံထွက်ပေါ်လာသည်။
ထိုခြေထောက်သုံးစုံက ကျောက်လှေကားထက်မှဆင်းသက်လာပြီး ရှစ်ဖုန့်၏ မြင်ကွင်းရှေ့တွင် ပုံရိပ်သုံးခုက ဖြည်းဖြည်းချင်းပေါ်လာသည်။
ရောက်လာသော ထိုပုံရိပ်သုံးခုမှာ သက်လက်ပိုင်းအရွယ် များဖြစ်ကြပြီး ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။၎င်းတို့က ခရမ်းရောင်၊အဝါရောင်နှင့် အနီရောင်တို့ အသီးသီးဖြစ်ကြသည်။တစ်ချက်ကြည့်ရုံဖြင့် သူတို့မှာ ချမ်းသာကြွယ်ဝပြီး သြဇာတိက္ကမကြီးမားသော မိသားများမှ ဖြစ်သည်ဟု ပြောနိုင်သည်။
" စိတ်ဝိညာဉ်နယ်ပယ်..သိုင်းပညာရှင် သုံးယောက်"
တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့၏ ကျင့်ကြံမှု အဆင့်အား ရှစ်ဖုန့်ပြောနိုင်သည်။
ရှစ်ဖုန့်အား တွေ့လိုက်သောအခါ သူတို့ အံ့သြမှင်တက်မိသွားကြသည်။
စန်းယွဲ့မြို့၏ သိုင်းပညာရှင်သုံးယောက်အား တွေ့လိုက်ရချိန်တွင် ၎င်းတို့၏ သရုပ်မှန်အား ရှစ်ဖုန့် ချက်ခြင်း ခန့်မှန်းလိုက်နိုင်သည်။
သူတို့အကြည့်ချင်းဆုံသွားပြီးနောက် ရှစ်ဖုန့်က အလျှင်လိုခြင်း မရှိပဲပြောလိုက်သည်။
"ငါဒီနေ့ တကယ့်ကို ကံကောင်းတာပဲ.."
"တစ်ရက်တည်းနဲ့... စန်ယွဲ့မြို့ရဲ့ အရေးကြီးဆုံး ပုံရိပ်တွေကို တွေ့ရတယ်"
ဟိုင်ပါထျန်းအား သတ်ဖြတ်ခြင်းမှ ကျန်ရှိနေသော စွမ်းအား အကြွင်းအကျန်များ အရ ထိုသုံးယောက်အနေဖြင့် သူ့အား မတိုက်ခိုက်ရဲဟု ရှစ်ဖုန့်ယုံကြည်သည်။
စန်းယွဲ့မြို့အား အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အနောက်ပိုင်းနှင့် တောင်းပိုင်းဟူ၍ ပိုင်းခြားထားသည်။၎င်းတို့အား ကျောက်၊ဝမ့်၊လဲ့နှင့် ဟိုင်ကလန်တို့က အသီးသီး ထိန်းချုပ်ထားကြသည်။
သူတို့ထဲတွင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ညာဘက်၌ ရပ်နေပြီး သေဆုံးသွားသော ဟိုင်ပါထျန်းကဲ့သို့ ဒေါင်မြင့်မြင့်နှင့် တုတ်ခိုင်သောသူမှာ လဲ့မိသားစု၏ ခေါင်းဆောင်ဖြစ်သူ လဲ့ရီဖြစ်သည်။
အပေါ်ယံတွင် ကလန်ကြီးလေးခုမှာ သဟဇာတဖြစ်ကြသည့် အသွင်ရှိသော်လည်း တကယ့်လက်တွေ့တွင် သူတို့သည် အကျိုးအမြတ်အချို့အတွက် တိုက်ခိုက်နေကြဖြစ်သည်။လဲ့ကလန်နှင့် ဟိုင်ကလန်တို့မှာ တစ်ခုနှင့်တစ်ခု ရင်းနှီးကြပြီး ခမည်းခမက် ဆက်ဆံရေးလည်းဖြစ်သည်။
သူတို့က ဝမ့်ကလန်နှင့် ကျောက်ကလန်တို့အား ရင်ဆိုင်တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ထားကြသည်။
ဟိုင်ပါထျန်းမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဟိုင်ကလန်မှလူများမှလွဲ၍ တစ်ခြားသောသူများထက် ထိုက်ိစ္စကြောင့် ဒေါသအမျက် ခြောင်းခြောင်းအထွက်ရဆုံးသော သူမှာ လဲ့ရီမှလွဲတစ်ခြား မရှိပေ။
ယနေ့မှစတင်၍ စန်းယွဲ့မြို့၏ မျှခြေမှာ ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။
လဲ့ကလန်က ဝမ့်ကလန်နှင့် ကျောက်ကလန်တို့၏ တိုက်ခိုက်မှုများအား ခုခံလိုသည်။
လဲ့ရီက ရှစ်ဖုန့်နှင့် သူ၏ လက်ထဲရှိ သွေးဓားအား မြင်လိုက်ရသော အခါ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ကောင်ဆိုးလေး...မင်းအခုထွက်သွားလို့ရပြီ.."
"ငါတို့..မင်းကိုတားမှာမဟုတ်ဖူး.."
"ဒါပေမဲ့..ဒီဓားကတော့ ဟိုင်ကလန်ရဲ့ အမွေပစ္စည်းတစ်ခုပဲ..မင်းအဲ့တာက်ို ငါတို့နဲ့ ချန်ထားခဲ့ဖို့လိုတယ်"
လဲ့ရီက ရှစ်ဖုန့်အား သူတို့သုံးယောက် အတူတူရှိသည်အား သိရှိစေရန် ငါတို့ဟူသော အသုံးအနှုန်းအား ရည်ရွယ်ချက်ရှိရှိဖြင့် ထည့်၍ပြောသည်။
အကယ်၍ ဤနေရာ၌ သူတစ်ယောက်တည်းသာ ဆိုပါလျှင် ရှစ်ဖုန့်အား ဟိတ်ကြီးဟန်ကြီးဖြင့် မျက်နှင်ချင်းဆိုင်၍ ဤကဲ့သို့ ပြုမူရဲမည်မဟုတ်ပေ။ထိုထက်ပိုသည်ကား သူ၏ခွန်အားမှာ ဟိုင်ပါထျန်းနှင့် တန်းတူသာရှိသည်။ ဟိုင်ပါထျန်းပင် ဤငတိ၏ သေသည်အထိ သမခြင်းအား ခံရလျှင် သူဆိုပါက ပြောနေရန်ပင် မလိုချေ။
သို့သော် သူတို့သုံးဦးသားမှာ ဤနေရာသို့ တူညီသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လာခဲ့ကြသောကြောင့် ၎င်းတို့အနေဖြင့် သူ့အား ဆန်ကျင်ကြမည်မဟုတ်ဟု လဲ့ရီယုံကြည်သည်။
ဟိုင်ကလန်၏.မြေအောက် လမ်းကြောင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သွေးဓားတစ်ချောင်းရှိနေပြီး လက်ရှိသူတို့၏ ပြိုင်ဘက်မှာ ဆန့်ကျင်ဘက်ရှိ လူငယ်လေးဖြစ်သည်။
ဟိုင်ကလန်က ဤလမ်းကြောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။
ဟိုင်ပါထျန်းက သတင်းများအား မပေါက်ကြားစေရန် အမိန့်ထုတ်တားမြစ်ထားသော်လည်း ထိုကဲ့သို့ အရာအား တားဆီးထားနိုင်သော နံရံဟူ၍ ရှိမနေပေ။အဆုံးသတ်၌ ကလန်ကြီးသုံးခု၏ နားထဲသို့ ထိုသတင်းက ရောက်လာသည်။
"ချလွမ်"
ရှစ်ဖုန့်က သူ၏ ဘယ်လက်ရှိ လက်ခလယ်အား လက်မဖြင့် ဖိချလိုက်ကာ သွေးဓားကို ပေါ့ပါးစွာ မယူလိုက်ပြီး ကြွပ်ဆတ်ဆတ်အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
လဲ့ရီအား ကြည့်၍ အရူးတစ်ယောက်အား ကြည့်နေရသည်ဟူသော အမူအယာဖြင့် ပြောလိုက်သည်။
"ဟိုင်လန်ကို ကျုပ်တော်တော်များများ ဖျက်ဆီးပစ်ပြီးသွားပြီ"
"အခုက စပြီးတော့ ဟိုင်ကလန်နဲ့ ဆက်နွယ်နေတဲ့ အရာမှန်သမျှဟာ ကျုပ်နဲ့သက်ဆိုင်တဲ့ဟာတွေပဲ.."
"အဲ့တာထက်..ဒါက ဟိုင်ကလန်နဲ့ သက်ဆိုင်တဲ့ဟာလေ..ခင်ဗျားနဲ့ ဘာသောက်ကြောင်းများ ဆိုင်နေလို့တုံး.."
"မင်း....မင်း..."
ရှစ်ဖုန့်၏ စကားလုံးတို့က အညှာအတာ ကင်းမဲ့လှသည်။
လဲ့မိသားစု၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူသည် အားလုံး၏ အထက်တွင် ရှိနေခဲ့ပြီး မည်သူကမျှသူ့အား ထိုကဲ့သို့ ပြောရဲကြခြင်း မရှိပေ။
ထိုထက်ပိုသည်ကား သူ့အားထိုသို့ပြောဆိုနေသော တစ်ဖက်မှလူမှာဆယ့်လေးဆယ့်ငါးအရွယ် လူငယ်လေးတစ်ယောက်ဖြစ်နေခြင်းပင်။
သူသည် ဒေါသထွက်လွန်းလှသောကြောင့် မျက်နှာပင် နီရဲနေသည်။ သို့သော် ရှစ်ဖုန့်၏ စကားတို့အားတော့ ငြင်းဆန်နိုင်ခြင်း မရှိပေ။
လဲ့ရီ၏ အခက်တွေ့နေသော အမူအယာအားကြည့်ကာ ဝမ့်မိသားစုနှင့် ကျောက်မိသားစု၏ ဘိုးအေနှစ်ပါးက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ လျှိူ့ဝှက်စွာ ပြုံးလိုက်ကြသည်။
အလယ်၌ ရပ်နေသောသူမှာ ဝမ့်မိသားစု၏ အကြီးအကဲ ဝမ့်ယောင်ဖြစ်သည်။သူက တောက်ပသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ့်ဒသမခြောက်မီတာ သာဒေါင်မြင့်သည်။သူသည် ဂင်တိုတိုနှင့်ဝဖိုင့်ဖိုင့် ပုဂ္ဂိုလ်ဖြစ်၏။
သူ့အား သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် ဝမ့်မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဟု ပြောရမည်ထက် သူ၏ ပုံစံမှာ ချမ်းသာကြွယ်ဝသော ကုန်သည်တစ်ယောက်နှင့် ပိုဆင်တူသည်ဟု ပြောရမည်ဖြစ်သည်။
ဝမ့်ယောင်က ရှစ်ဖုန့်အား ကြည့်ကာပြုံးလိုက်သည်။
သူ၏ ပြုံးလိုက်လျှင် ငွားငွားစွင့်စွင့် ဖြစ်နေသော ဂန္ဓမာ ပန်းပွင့်ကဲ့သို့ မျက်နှာဝိုင်းကြီးနှင့် ပြောလိုက်သည်။
"ညီလေး..မင်းရဲ့သိုင်းပညာရပ်က တကယ့်ကိုပဲ အရမ်းကို အစွမ်းထ်လှပါတယ်"
"ငါဝမ့်ယောင်တောင်မှ အဲ့တာကို တားဆီးနိုင်မယ်လို့ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူး.."
"ဒါပေမဲ့ အဲ့သိုင်းပညာရပ်ကို မင်းအနေနဲ့ ဘယ်နှစ်ကြိမ်များ အသုံးပြုနိုင်မှာမို့လဲ.."
"ငါတို့ဘက်မှာက...သုံးယောက်တောင်ရှိတယ်.."
"ဟမ့်.."
ရှစ်ဖုန့်က နှာတစ်ချက်မှုတ်ကာ သုံးယောက်လုံးအား မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။
"ခင်ဗျားတို့ စိတ်ဝင်စားရင်...ကြိုးစားကြည့်လို့ရတယ်.."
ဆက်ရန်..
ဘာသာပြန်သူ-Arise