← Chapters

အပိုင်း(၂၃)

Vol. 2 Ch. 23

အပိုင်း(၂၃)

Vol. 2 Ch. 23

"ခင်ဗျာတို့ စိတ်ဝင်စားရင် ကြိုးစားကြည့်လို့ရတယ်"

ရှစ်ဖုန့် ၏ အသံက မှေးမှိန်ပျောက်ကွယ်သွားသော်လည်း သုံးယောက်သားမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဘာမှတော့ မတုန့်ပြန်ကြချေ။

ပိန်ပိန်သွယ်သွယ်ဖြူဖျော့ဖျော့ အသားအရေဖြင့် အဟာရချို့တဲ့ပုံပေါက်နေပြီး အဝါရောင်ဝတ်ရုံအား ဝတ်ဆင်ထားသောသူမှာ ကျောက်မိသားစု၏ ခေါင်းဆောင် ကျောင်လုံဟိုင်ဖြစ်သည်။သူက လဲ့ရီအား ကြည့်ကာပြောလိုက်သည်။

"ဘာလို့..ခင်ဗျား မကြိုးစားကြည့်တာလဲ"

"ဝမ့်မိသားစု ခေါင်းဆောင်နဲ့ ကျုပ်က ဘေးကနေ ကူညီပေးမယ်လေ"

"ဒီနားရွက်တံတွေး တက်စွတ်နေတဲ့ ကောင်ဆိုးလေးကို ကျုပ်တို့ သုံးယောက် မကိုင်တွယ်နိုင်ဘူးဆိုတာကို ကျုပ်တော့မယုံဘူး..."

ကျောက်လုံဟိုင်၏ စကားအားကြားလိုက်ရသောအခါ လဲ့ရီ၏ မျက်နှာမှာ ချက်ခြင်း ပုတ်သိုးသွားပြီး အော်ပြောလိုက်သည်။

"ကျောက်လုံဟိုင်...မင်းကငါ့ကို လှိမ့်လို့ရမဲ့ သောက်ကလေးတစ်ယောက်များ မှတ်နေတာလား.."

"မင်းက ငါ့ခေါင်းပြုတ်အောင်ထိုးကျွေးနေတာလား..အခွင့်ရေးတောင်မရစေရဘူး.."

"မင်းတို့ လုပ်ချင်တယ်ဆိုရင်..ငါတို့သုံးယောက် အတူတူပဲ တိုက်မယ်"

"ဟုတ်ပါပြီ...အခုကငါတို့တွေ ငြင်းခုန်နေရမဲ့ အချိန်မဟုတ်ဖူး.."

"ငါတို့အတူတူတိုက်ကြတာပေါ့.."

"ရတနာတွေကို ခွဲဝေဖို့ကိစ္စကိုက နောက်မှပြောကြမယ်"

"ဒီလူငယ်လေး ရဲ့ကိုယ်ပေါ်မှာ ရှိနေတဲ့ လျှို့ဝှက်ချက်ကလည်း အဲ့ဓားအောက်က်ို မနိမ့်ကျဘူးဆိုတာကို မင်းတို့ မမေ့ကြနဲ့"

ဂင်တိုတိုနှင့်ဖက်တီး ဝမ့်ယောင်က ပြောလိုက်သည်။

နောက်ဆုံးတွင် လဲ့ရီနှင့် ကျောက်လုံဟိုင်မှာ ဝမ့်ယောင်၏ဆိုလိုရင်းကို

သဘောပေါက်သွားကြသည်။

"ဟုတ်တယ်...ဒီကလေးရဲ့ သိုင်းပညာရပ်က သိုင်းလက်သင်တစ်ယောက်ကိုတောင် အဆင့်တွေ ခုန်ပျံကျော်လွှားပြီးတော့ စိတ်ဝိညာဉ်နယ်ပယ်တစ်ဦးကို သတ်ဖြတ်နိုင်စေတဲ့အထိ ကြမ်းတဲ့ ပုံမှန်မဟုတ်တဲ့ သိုင်းပညာရပ်ပဲ..."

"အကယ်၍များ သူတို့သာ ထိုသိုင်းပညာရပ်အား ရရှိ၍ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင်...."

ထိုသို့တွေးမိလိုက်ကြသောအခါ နှစ်ယောက်သားမှာ ဟန်မဆောင်နိုင်ပဲ တံတွေးပင်မျိုချမိသည်။ဤမက်လုံးမျ်ိုးက တကယ့်ကိုပင် ကြီးမားလွန်းလှသည်။

ထိုလူသုံးယောက်တို့၏ စကားများနှင့် အမူအယာများအား မြင်တွေ့လိုက်ရသော အခါတွင် ရှစ်ဖုန့်က သူ၏ သွေးဓားကို ဆွဲကိုင်၍ ထိုသုံးထံသို့ မကြောက်မရွံ့လျှောက်လှမ်းသွားသည်။

သူကလမ်းလျှောက်နေရင်း ပြောလိုက်သည်။

"ခင်ဗျားတို့ ဆွေးနွေးကြလို့ပြီးပြီလား..."

"ကျုပ်သာ ဒီနေ့ မသေဆုံးခဲ့ရင် ခင်ဗျားတို့ရဲ့ ကံကြမ္မာက ဟိုင်ကလန်လို ဖြစ်မယ်ဆိုတာကိုတော့ မှတ်ထားကြနော်..."

ရှစ်ဖုန့်၏ စကားလုံးတို့က သုံးဦးသားအား ပြင်းပြင်းထန်ထန် အမူအယာတို့ ပြောင်းလဲသွားစေသည်။

တစ်စုံတစ်ခုကြောင့် ဤကဲ့သို့ ဖြစ်နိုင်မည်ဖြစ်သော်လည်း တစ်ယောက်ယောက်က ထိုကဲ့သို့ ပြောလာသောအခါတွင်တော့ ၎င်းက မည်မျှလေးနက်မှန်း လူတိုင်းသိကြသည်။

သုံးယောက်သား အတွေးကိုယ်စီဖြင့် ခေတ္တမျှ ငြိမ်ကျသွားသည်။စ

ထို့နောက် ဂင်တိုတိုဖက်တီး ဝမ့်ယောက်က ရှစ်ဖုန့်အား အရင်ဆုံး ဖော်ရွေစွာပြောလိုက်သည်။

"ငါ့ရဲ့ ဝမ့်မိသားစုက မင်းနဲ့ ရန်သူဖြစ်ချင်တဲ့ ဆန္ဒ မရှိပါဘူး"

ဝမ့်ယောင်ထိုသို့ပြောလိုက်သော အခါတွင် ကျန်နှစ်ဦး၏ အမူအယာမှာ ချက်ခြင်းပြောင်းလဲသွားသည်။

ဝမ့်ယောင်၏ စကားလုံးတို့က ဤလူငယ်လေးအား ရှုံးနိမ့်သည်ဟု ဝန်ခံသည်နှင့်ညီမျှသည်။

ရှစ်ဖုန့်က ကျေနပ်သော အမူအယာဖြင့် ခေါင်းညိတ်ပြီးပြောလိုက်သည်။

"အရမ်းတော်တယ်...ခင်ဗျားတော်တော်လေး ချင့်ချိန်တတ်တာပဲ"

"မင်း..."

ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါ ဝမ်းယောင်တစ်ယောက် အရမ်းဒေါသထွက်သွားပြီး မျက်နှာပင်နီရဲလာသည်။

အကယ်၍ ထိုကဲ့သို့ပြောသောသူမှာ စန်းယွဲ့မြို့မှ အခြားသော သူများသာ ဖြစ်နေခဲ့လျှင် ၎င်းတို့ သူ၏ လက်ချက်ဖြင့် မျိုးပြုတ်သည်မှာ ကြာပြီဖြစ်သည်။

ဝမ့်ယောင်မှာ ဒေါသထောင်းကနဲထွက်သွားသော်လည်း သူ့ကိုယ်သူပြန်ထိန်းလိုက်ကာ သူ့စိတ်သူ နှစ်သိမ့်လိုက်သည်။

"ဒီကလေးက လူတွေရဲ့ခေါင်းပေါ်တောင် တက်ကိုက်မဲ့ ခွေးရူးပဲ"

"ဒီလိုခွေးရူးနဲ့ ငါငြင်းခုံနေဖို့မလိုဘူး"

"ဒီလို အထက်စီးဆန်ပြီး ကြီးစိုးတတ်တဲ့ကလေးမျိုးက သူ့ကိုယ်သူ ဘယ်လို ထိန်းချုပ်ရမှန်းမသိတာကြောင့် ကြာကြာ အသက်မရှည်ပါဘူး"

"ခင်ဗျားတို့ကရော..."

ရှစ်ဖုန့်က လဲ့ရီနှင့် ကျောက်လုံဟိုင်အား ကြည့်ကာ မေးလိုက်သည်။

"ဟမ့်..ဖက်တီး ဝမ့်ယောက်က သူ့ရပ်တည်ချက်ကို ကြေညာပီးမှတော့ ငါကဘာထပ်ပြောရအုံးမှာလဲ"

"ငါ့ရဲ့ ကျောက်မိသားစုကလည်း..မင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး..."

ကျောက်လုံဟိုင်ကလည်း သူ၏ ရပ်တည်ချက်အား ကြေညာလိုက်သည်။

"အာ..ကောင်းတယ်...နောက်တစ်ယောက်တော့ ကျန်နေသေးတယ်"

ရှစ်ဖုန့်က သူ၏ ခေါင်းအား စိတ်ကျေနပ်စွာဖြင့် ညိတ်ပြလိုက်သည်။

နောက်ဆုံးတွင် လဲ့ရီအား ကြည့်လိုက်ကာ....

"ခင်ဗျားကရော..အရူးအကြီးစားကြီး"

"ငါမရူးသေးဘူး..ဒီမြေခွေးအိုကြီး နှစ်ကောင်က မင်းနဲ့ သေတဲ့အထိ တိုက်မှာကို ဘေးကနေ ပွဲတစ်ခုလိုရပ်ကြည့်နေကြမှာ..."

"ငါနိုင်သွားရင်တောင်...ငါရမဲ့ အကျိုးအမြတ်က ဒီနှစ်ခုတည်း..."

လဲ့ရီက အေးစက်စွာစကားဆိုလိုက်သည်။

ရှစ်ဖုန့်က သူ၏ လမ်းကြောင်းမှရပ်ကာ သုံးယောက်လုံးအား သိမ်းကျုံးကြည့်လိုက်သည်။

အတွေးတစ်ချက်ဖြင့် မြေပြင်မှာတုန်ခါလာပြီး သူ့ခြေထောက်ရှေ့ရှိ မြေပြင်မှာ ကွဲအက်ကာ ပွင့်သွားသည်။

"နေအုံး..."

ဖက်တီးဝမ့်ယောင်က ရုတ်တရက် ရှစ်ဖုန့်ကို အော်ပြောလိုက်သည်။

"ဟမ်"

လူတိုင်း၏ အာရုံစိုက်မှုတို့က ဝမ့်ယောင်ဆီသို့ ဦးတည်လိုက်သည်။

"ဘာလဲ"

"ခင်ဗျားက အရှုံးမပေးချင်ဘူးလား"

"ခင်ဗျား ကြိုးစားကြည့်ချင်သေးလို့လား"

ရှစ်ဖုန့်က မျက်လုံးတို့ ကျဉ်းမြောင်းစွာကြည့်၍ ဝမ့်ယောင်အားပြောလိုက်သည်။

"စန်းယွဲ့မြို့ရဲ့ မိုင်းသုံးဆယ် အကွာမှာ..."

ဝမ့်ယောင်စကားဆုံးအောင် မပြောနိုင်ခင် လဲ့ရီက ကြားဝင်၍ အော်ငေါက်လိုက်သည်။

"ဝမ့်ယောင်...မင်း..."

ဝမ့်ယောင်က လဲ့ရီအား တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်ပြီး ရှစ်ဖုန့်က်ိုပြောလိုက်သည်။

"စန်းယွဲ့မြို့ရဲ့ မြောက်ဘက် မိုင်သုံးဆယ်အကွာမှာ ရှေးဟောင်း အမွေအနှစ်တစ်ခုရှိတယ်"

"သုံးရက်နေရင်...ငါတို့မိသားစုကြီးသုံးခုက ငါတို့ရဲ့ သိုင်းပညာရှင်တွေကိုခေါ်ပြီးတော့ အဲ့ကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့သွားကြမှာ.."

"မင်းစိတ်ဝင်စားတယ်ဆိုရင်...ငါတို့တွေ သုံးရက်နေရင် တွေ့ကြမယ်.."

"သုံးရက်နေရင်..ပြန်ဆုံကြတာပေါ့"

ရှစ်ဖုန့်က စကားပြောလိုက်ပြီးနောက် ရှေ့သို့ခြေလှမ်းလိုက်ကာ အက်ကွဲကြောင်း အတွင်းသို့ ခုန်ဆင်းသွားသည်။

ထို့နောက်ချက်ခြင်း မြေပြင်မှာ ထပ်မံလှုပ်ရှားလာပြီး အက်ကွဲကြောင်းမှာလည်း လျှင်မြန်စွာ ပိတ်သွားခဲ့သည်။

ရှစ်ဖုန့်ထွက်သွားပြီးနောက် ကျောက်လုံဟိုင်က ဝမ့်ယောင်အား အစောတလျှင် မေးလိုက်သည်။

"ဖက်တီး...ငါတို့သုံးယောက် ဒီအခွင့်အရေးကိုယူပြီးတော့ ငါတို့ရှိသမျှ အစွမ်းကုန်နဲ့ တိုက်ခိုက်ပြီး အဲ့ကလေးကို မြေအောက်မှာ သတ်လိုက်ကြမလား"

ဝမ့်ယောင်က သူ၏ ခေါင်းကိုခါယမ်းပြ၍ ပြောလိုက်သည်။

"ငါတူညီတဲ့အရာကိုပဲ..ပြောရမှာပဲ"

"ရွေးချယ်စရာ မရှိတော့တဲ့ အချိန်က လွဲပြီးတော့ ငါသူနဲ့ ရန်သူတွေမဖြစ်ချင်ဘူး.."

"သူ့မှာ ဟိုင်ပါထျန်းလိုလူကိုတောင် သတ်ပစ်နိုင်တဲ့ နည်းလမ်းရှိရင် ငါတို့ရဲ့တိုက်ခိုက်မှုကို သူမတားနိုင်ပါဘူးဆိုတဲ့ အာမခံချက်လည်း ရှိမနေဘူး.."

"အိမ်ကိုပြန်ကြတာပေါ့.."

"အိမ်ကိုပြန်ပီး ကလန်ရဲ့တပည့်တွေကို အသိပေးထားလိုက်"

"ဒီပုဂ္ဂိုလ်က ဂြိုလ်ဆိုးကြယ်တစ်လုံးပဲ"

"သူ့ကို ရန်မစမိစေနဲ့လို့"

ထိုအချိန်တွင် လဲ့ရီက ဝမ့်ယောင်အား ရုတ်တရက် ထအော်လိုက်သည်။

"သောက်ဖက်တီး..မင်းခေါင်းကို မြည်းတစ်ကောင်များ အကန်ခံလိုက်ရတာလား"

"မင်းဘာလို့ အဲ့သူတောင်းစားလေးကို..ကျန်တဲ့ကိစ္စတွေပါပြောပြလိုက်ရတာလဲ"

ဝမ့်ယောင်က လဲ့ရီအား မေးခွန်းအားဖြေရန်ဂရုမစိုက်သကဲ့သို့အထင်သေးသော အမူအယာ အပြည့်ဖြင့် ကြည့်လိုက်သည်။

သူကစိတ်မရှည်သော လေသံဖြင့်ပြောလိုက်၏။

"ငါတို့ အမွေအနှစ်ကို ရှာတွေ့ခဲ့တာ..အခုဆို သုံးနှစ် ရှိခဲ့ပြီ"

"ဒီသုံးနှစ်လုံးမှာ..အချိန်တိုင်း သိုင်းပညာရှင်တွေ အများအပြားသေဆုံးခဲ့ရတဲ့အပြင် ငါတို့လေးယောက်လုံးတောင်မှ အဲ့ကနေ ပြန်ပြန်ဆုတ်ခဲ့ရတာ အကြိမ်ပေါင်းမနည်းဘူး..."

"ဟိုင်ကလန်ကလည်း ကျဆုံးသွားပြီ..ငါတို့ရဲ့အင်အားက သိသိသာသာကို ကျဆင်းသွားပြီ"

"ငါတို့သုံးယောက်တည်းနဲ့ အမွေအနှစ်ကို ဖောက်ဝင်နိုင်မယ်လို့ မင်းကထင်နေတာလား"

"ဖက်တီးပြောတာ မှန်တယ်"

ကျောက်လုံဟိုင်က ပြောလိုက်သည်။

"အဲ့ကလေးရဲ့ နည်းလမ်းတွေက ထူးဆန်းတယ်"

"အမွေအနှစ်ကို သွားတဲ့လမ်းမှာ အဲ့ကလေးက ငါတို့အတွက် သော့ချက် ဖြစ်နေမလားဆိုတာကို ဘယ်သူသိနိုင်မှာလဲ"

ကျောက်လုံဟိုင်က ခေတ္တရပ်ကာ လဲ့ရီအား သရော်သော အမူအယာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ ခေါင်းကမှ မြည်းကန်ခံလိုက်ရတာလား"

"မင်းရဲ့ ဝက်ဦးနှောက်က မြည်းတက်နင်းတာခံလိုက်ရပြီလို့ ငါထင်တယ်"

"ဟမ့်...မင်းတို့ ကြိုက်သလိုသာလုပ်ပေါ့"

"မင်းတို့တွေ အိမ်ထဲကို ဝံပုလွေတစ်ကောင်ကို ခေါ်မထည့်မိဘူးလို့ပဲ ငါမျှော်လင့်ပါတယ်"

လဲ့ရီက ဒေါသတကြီး သူ၏ အင်္ကျီလက်အား ဝေ့ယမ်းလိုက်ကာ ကျောက်လှေကားဆီသို့ လှည့်ထွက်သွားသည်။

အခြားတစ်ဖက်တွင် ရှစ်ဖုန့်မှာ မြေကြီးထဲသို့ ဝင်ရောက်ပြီးနောက် လျှင်မြန်စွာ ထွက်ပြေးနေသည်။ တကယ်တော့ ကလန်ခေါင်းဆောင် သုံးယောက်ပေါင်းကာ တိုက်ခိုက်၍ သူ့အား သတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ခုဏက သူဖြီးလှိမ်ခဲ့ခြင်းဖြစ်သည်။

ယခုသူ၏ ဒန်တန် တစ်ဝက်က ကွဲကြေနေကာ အထွတ်အထိပ်အဆင့် သိုင်းပညာရပ်ဖြစ်သော ငရဲဘုံကိုးခုချိတ်တံဆိတ်လေးခုအား သူ အတင်းအကျပ် အသုံးပြုခဲ့လျှင် ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။

အန္တရာယ်ဇုံမှ လွတ်မြောက်လာပြီးနောက် ရှစ်ဖုန့် မြေပြင်ပေါ်သို့ ထွက်လာကာ လျှို့ဝှက် အခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။

ဤလျှို့ဝှက်ခန်းမှာ ယင်မိစ္ဆာရှာတွေ့ထားသော ဟိုင်ကလန်၏ ရတနာသိုလှောင်ခန်းဖြစ်သည်။

ရှစ်ဖုန့်၏ ဆိုလိုချက်အရ အထဲရှိ ရွှေ၊ငွေ၊ကျောက်စိမ်းနှင့် ရတနာများမှာ သူ၏ စစ်ပွဲ အကျိုးရလဒ်များဖြစ်သည်။

ဆယ်ခုထက်ပိုသော ရတနာသေတ္တာကြီးများအား ရှစ်ဖုန့် တစ်ခုချင်းဖွင့်လိုက်သည်။

၎င်းတို့၌ ရွှေငွေလက်ဝတ်ရတနာများ ရွေဒင်္ဂါးငွေဒင်္ဂါးများ ရွေထည်ငွေထည်များ အပြည့်ဖြစ်သည်။

ဤအရာများသည် ဟိုင်ကလန်မှ နှစ်ရာပေါင်းများစွာ စုစည်းထားသော အရာများဖြစ်သည်။

၎င်းတို့မှာ ရှစ်ဖုန့် ယနေ့အလုပ်ကြိုးစားမှု၏ ဆုလာဘ်များဖြစ်ပြီး ရှစ်ဖုန့်၏ နှုတ်ခမ်းတို့ အနည်းငယ်တွန့်ကွေးသွားကာ ရတနာသေတ္တာများအား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။

"အခုဆို လင်အာလေး ကြက်ပေါင်ချောင်းတွေ နေ့တိုင်းစားနိုင်တော့မယ်"

ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။

ဤပိုက်ဆံများက ကြက်ကင်များ ငါးမန်းတောင်များ ငှက်ကင်များ ပင်လယ်ခရုများ နှင့် ဂျင်းဆင်းများ ဝယ်ရန် လိုသည်ထက်ကိုပိုသေးသည်။

သို့သော် ရှစ်ဖုန့်အား စိတ်ကျေနပ်မှု အပေးနိုင်ဆုံးမှာ ကမ္ဘာဦးကျောက်တုံးများဖြင့် ပြည့်နှက်နေသော သေတ္တာငါးလုံးပင်ဖြစ်သည်။

သေတ္တာငါးလုံးတွင် ကမ္ဘာဦးကျောက်တုံး ငါးထောင်ပါရှိသည်။သို့သော် ၎င်းတို့မှာ အဆင့်နိမ့်များ ဖြစ်ကြသည်။

ကမ္ဘာဦးကျောက်တုံးများက ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်က်ို သယ်ဆောင်သည်။ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်များမှာ နှစ်ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ စုစည်းလာခဲ့ပြီးမှာ တောက်ပလာသော နေမင်းကြီးနှင့် လတို့ ကဲ့သို့ ပင်ဖြစ်သည်။

ကမ္ဘာဦးကျောက်တုံးများထဲတွင် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီအများအပြား ပါဝင်သည်။ ထိုထက်ပိုသည်ကား ၎င်း၌ပါဝင်သော ယွမ်ချီတွင် ဘာမသန့်စင်မှုမှ ပါဝင်မနေပေ။

သိုင်းသမားများ ကျင့်ကြံကြသောအခါတွင် ၎င်းအား တိုက်ရိုက်စုပ်ယူနိုင်သည်။အကျိုးရလဒ်က ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီအား ဒီအတိုင်းတိုက်ရိုက်စုပ်ယူခြင်းထက် အဆများစွာ ပိုပြင်းထန်၏။

သို့သော် ကမ္ဘာဦးကျောက်များ၌လည်း အကောင်းနှင့်အဆိုးရှိသည်။ကမ္ဘာဦး ကျောက်တုံးများ၏ သန့်စင်မှုမှာ ၎င်းတို့၌ပါရှိသော ကမ္ဘာဦးစွမ်းအင် ပါဝင်မှု ပေါ်မူတည်၍ ကွဲပြားသည်။

၎င်းတို့၌ အဆင့်နိမ့်၊အလယ်အလတ်၊အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အသီးသီးရှိကြ၏။

အလယ်အလတ်အဆင့် ကမ္ဘာဦးကျောက်တုံးတစ်တုံးက အဆင့်နိမ့် ကမ္ဘာဦးကျောက်တုံး တစ်ရာနှင့်ညီမျှ၏။

အဆင့်မြင့် ကမ္ဘာဦးကျောက်တုံးတစ်တုံးမှာ အလယ်အလတ်အဆင့် ကမ္ဘာဦးကျောက်တုံး တစ်ရာနှင့်ညီမျှသည်။

ထို့အတူ ထိပ်တန်းအဆင့် ကမ္ဘာဦးကျောက်တုံးတစ်တုံးမှာလည်း အဆင့်မြင့် ကမ္ဘာဦးကျောက်တုံး တစ်ရာနှင့်ညီမျှ၏။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters