← Chapters

အပိုင်း(၂၄)

Vol. 2 Ch. 24

အပိုင်း(၂၄)

Vol. 2 Ch. 24

နေလုံးကြီးမှာ တဖြည်းဖြည်း ဝင်နေပြီဖြစ်ပြီး ရှစ်ဖုန့် ရှို့လင်ရွာသို့ ပြန်လာသော အခါတွင် နေဝင်ရီတရော အချိန်ရှိပီဖြစ်သည်။

မြင်းနက်ကြီးမှာ ဟိုင်ကလန်နှင့်တိုက်ပွဲအတွင်းတွင် ပျောက်သွားသောကြောင့် ရှစ်ဖုန့်ပြန်လာသော အခါတွင် အရှိန်အဟုန်မြင့်မြင့်ဖြင့် ပြေးလာခဲ့ရသည်။

ယနေ့မှစတင်၍ သူ၏ ခန္ဓာကိုယ်အား မီးဆေးသန့်စင်ခြင်းတွင် အာရုံစိုက်ပြီး သူ၏ ကာယခွန်အားအား မြှင့်တင်မည်ဖြစ်သည်။

ရွာ၏ဝင်ပေါက်သို့ ရောက်သောအခါတွင် ရှစ်ဖုန့်ပြေးနေရာမှ ရပ်တန့်လိုက်ပြီး သူ၏အိမ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

ထိုအချိန်တွင် လယ်ကွင်းများဆီမှာ ရွာသားအချို့လည်း ပြန်လာရောနေကြပြီး ဖြစ်သည်။

သို့သော် ရှစ်ဖုန့်အား မြင်လိုက်ကြသော အခါတွင် ဂြိုလ်ဆိုးကြယ်တစ်လုံးမြင်လိုက်ရသကဲ့သို့ ရှောင်ကျဉ်သွားကြသည်။

ရှစ်ဖုန့်၏ နောက်တွင် သူ့အား ချဉ်းကပ်လာသော မြေးဖြစ်သူအား လယ်သမားအိုကြီးတစ်ဦးမှ လှမ်းဆွဲလိုက်သည်။လူငယ်က စိတ်ရှုပ်ထွေးစွာဖြင့် လယ်သမားအိုကြီးအား လှည့်၍မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..အဘိုးရဲ့.."

"မင်းသူ့ကို မမြင်ဘူးလား.."

လယ်သမားအိုကြီးက ရှစ်ဖုန့်အား ညွှန်ပြ၍ တီးတိုးပြောလိုက်သည်။

"အမ်"

"အဲ့တာက ရှစ်ဖုန့် မဟုတ်ဖူးလား"

"အရင်တုံးက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက တော်တော်လေးကို ကောင်းပါတယ်"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုံးက အဘိုးနဲ့ ကျွန်တော် လယ်ထဲမှာ အလုပ်အတူတူလုပ်နေရတာမို့ သူနဲ့မတွေ့ဖြစ်တာ"

"သူကဘာဖြစ်နေလို့တုံး.. အဘိုးရဲ့.."

လူငယ်က ရိုးသားသော မျက်နှာထားဖြင့် စိတ်ရှုပ်ထွေးစွာ အဘိုးအိုအား မေးလိုက်သည်။

လယ်သမားအိုကြီးက သူ့မြေး၏ နားနားသို့ ကပ်၍ တီးတိုးပြောလိုက်သည်။

"အရူးလေး..မင်းမသိဘူးလား.."

"အဲ့ကောင်လေးက ကြမ်းကြုတ်လွန်းတဲ့ အရူးပဲ"

"မနေ့ညက.. ရွာက လူအများကြီး သူရိုက်နှက်တာကို ခံလိုက်ရတယ်လေ"

"အခုထိ သူတို့တွေ အိပ်ယာထဲမှာ လဲနေကြပီး မထနိုင်ကြသေးဘူး.."

"ရွာခေါင်းဆောင်ရဲ့ လက်တွေတောင်မှ ကျိုးကြေသွားတယ်လို့ ငါကြားခဲ့တယ်"

"အနာဂတ်မှာ သူနဲ့ နီးနီးကပ်ကပ်မနေမိစေနဲ့.."

"မဟုတ်လို့ သူရူးသွားချိန်ကြရင်..မင်းပါအကြီးအကျယ် ထိခိုက်ပျက်စီးရလိမ့်မယ်"

"မဖြစ်နိုင်တာ...သူကအဲ့လောက်တောင် အစွမ်းထက်လာတာလား"

"ကျွန်တော်တို့ ငယ်ငယ်တုံးက ရွာထဲမှာ ကလေးတွေကသူ့ကို အနိုင်ကျင့်ကြတာကို ကျွန်တော်မှတ်မိပါသေးတယ်"

"ကျွန်တော်က အဲ့တုံးက သူ့ကို ကူညီခဲ့ရတာ"

လူငယ်က မယုံကြည်နိုင်စွာပြောသည်။

"ငါသာမင်းကို သူနဲ့နီးနီးကပ်ကပ် ရှိနေတာကို တွေ့ရင် မင်းရဲ့ခြေထောက်တွေကို ချိုးပစ်မယ်"

လယ်သမားအိုကြီးက သူ့မြေးအား ခြိမ်းခြောက်လိုက်သည်။

လမ်းမထက်ရှိရှစ်ဖုန့်အား တွေ့ကြသော အခါ ရွာသားအချို့က သူ့အကြောင်းကို တီးတိုးဆွေးနွေးနေကြသည်။

သူတို့အများစုက ရှစ်ဖုန့်အား ဂြိုလ်ဆိုးကြယ်ရှစ်ဖုန့်၏ ခေါင်းစဥ်တပ်ကြ၏။

ထိုအရာများအား ရှစ်ဖုန့် ကြားရလျှင်ပင် သူတို့နှင့်ဖက်၍ စိတ်အနှောက်အယှက်ဖြစ်ခံမည်မဟုတ်ပါ။

သူတို့အနေဖြင့် သူနှင့် သူ၏ မိသားစုအား မစော်ကားသ၍ သူတို့ပြောချင်တာ မှန်သမျှအား ပြောနိုင်သည်။

သူသည် ၎င်းတို့နှင့် လုံးဝကို မတူညီသော ကမ္ဘာမှဖြစ်သည်။

ရှစ်ဖုန့်မှာ သိုင်းပညာ၏ အထွတ်အထိပ်လမ်းစဥ်အထိ လျှောက်လှမ်းရန် ရည်ရွယ်ထားပြီး ဤကျေးရွာလေးမှာ သူ၏ ခေတ္တခဏ အခြေချရာသာဖြစ်သည်။

သူ့အနေဖြင့် မကြာခင် သို့မဟုတ် နောက်ပိုင်း ဤနေရာမှ ထွက်ခွာသွားမည်ဖြစ်၏။

"ရှစ်ဖုန့် သူရဲဘောကြောင်ကောင် နင်နောက်ဆုံးတော့ ဒီနေရာကို ပြန်လာပီပေါ့"

ထို့နောက် ပျော့ပြောင်းသော အော်သံတစ်ခုအား ရှစ်ဖုန့် ကြားလိုက်ရသည်။

ထိုအသံအား ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့် ခေါင်းကိုက်ချင်သလိုပါခံစားလိုက်ရသည်။

သူတစ်နေ့လုံး ပင်ပန်းနေပြီဖြစ်ပြီး အိမ်သို့ပြန်ကာ အနားယူချင်နေပြီ ဖြစ်သော်လည်း ပြဿနာများက သူ၏ တံခါးဝသို့ လာရောက် ခေါက်နေသည်။

ဒါကအမှန်တကယ်ကို အဆုံး မရှိခြင်းပင်။

သူ့အနေဖြင့်သူမအား တိုက်ရိုက်သတ်ပစ်လိုက်သင့်သည်။

သ်ို့သော အနာဂတ်၌ သူ၏ အစစ်အမှန်ပုံရိပ်အား အခြားသူများက အတင်းအဖျင်းပြောကြမည်အား သူကြောက်မိသည်။

သေမျိုးကမ္ဘာမှ သားသတ်သမား၏ သမီးအား စိတ်ကူးယဥ်မိရာ ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်ကြီးက အငြင်းခံလိုက်ရသည်။

ထို့ကြောင့် သူအနေဖြင့် သူမအားသတ်ခဲ့သည်။

သူ၏ နမည်အား ရှင်းလင်းနိုင်ရန်အတွက် အခြားနည်းလမ်း မရှိပေ။

ထိုထက်ပိုသည်ကား ယင်းကဲ့သို့ ကောလဟလမျိုးသည် ထျန်းဟန်တိုက်ကြီးတွင် ပုံမှန်မဟုတ်ပဲ ပျံ့နှံ့လွယ်သည်။

တစ်ယောက်မှဆယ်ယောက် ဆယ်ယောက်မှ တစ်ရာ နှင့် အဆုံးသတ်တွင် ထိုသတင်းအား မည်သူက ဖြန့်ခဲ့မှန်းကိုပင် သိနိုင်တော့မည် မဟုတ်ပေ။

သူ့အား အော်ခဲ့သော သူမှာ ရှို့လင်ရွာ၏ နံပါတ်တစ် အလှပဂေး လီထူဖု၏ သမီးဖြစ်သူ လီရူဖြစ်သည်။

သူမ၏ မျက်နှာလှလှလေးတွင် မနာဂုဏ်ယူမှုတို့အထင်းသားဖြစ်သည်။

သူမ၌ ကျောထောက်နောက်ခံရှိပြီဖြစ်သည်။

သူမဘေးရှိလူ ရှိနေသ၍ မိုးကောင်းကင်ကြီး ပြိုကျလျှင်ပင် ကြောက်ရွံ့မည်မဟုတ်ပဲ ရွာထဲရှိ ထိုလူငယ်လေးအားတော့ သင်ခန်းစာပေးနိုင်မည်ဟု သူမယုံကြည်ထားသည်။

ယန်ကျုံးမှာ စန်းယွဲ့မြို့ပြင်ပရှိ ဆင်းရဲသော မိသားစုမှ မွေးဖွားလာခဲ့သော်လည်း အသက်ခုနှစ်နှစ် အရွယ်တွင် တောင်ပေါ်သို့ ကစားရန် သွားခဲ့ရာ ကျောက်စိမ်းအပိုင်းအစ တစ်ခုအား မတော်တဆ တောင်တန်းထဲမှ ကောက်ရခဲ့သည်။

သို့သော် ထိုကျောက်စိမ်းအပိုင်းအစတွင် သိုင်းပညာအတွက် ကျင့်ကြံရန် ကျင့်ကြံခြင်းနည်းလမ်းများအား မှတ်တမ်းတင်ထားလိုက်မည်ဟုတော့ သူလုံးဝမမျှော်လင့်ခဲ့ပေ။

ထို့နောက် ယန်ကျုံးမှာ ကျောက်စိမ်းအပိုင်းအစတွင် မှတ်တမ်းတင်ထားသော ကျင့်ကြံခြင်းနည်းလမ်းများအတိုင်း လိုက်ပါကျင့်ကြံခဲ့သည်။

သူပိုပြီးကြီးပြင်းလာလေ သိုင်းပညာရပ်များအတွက် ကျင့်ကြံခြင်းနည်းလမ်းများ၏ အရေးပါပုံအား သူပိုနားလည်လာလေဖြစ်သည်။

သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် သူ့အနေဖြင့်သူ၏ သာမန်လူတန်းစားဟူသည့် ပုံရိပ်အား ဖယ်ရှားပစ်ရမည်ဖြစ်ပြီး ဇနီးမယားလှလှလေးတစ်ဦးအား လက်ထပ်ရမည်ဖြစ်သည်။

ထို့နောက်တွက်ယန်ကျုံးမှာ ကျင့်ကျံခြင်းတွင် ပို၍ လုံလဝီရိယ စိုက်လာခဲ့သည်။

သူ၏အသက် ဆယ့်ရှစ်နှစ်သို့ရောက်သော အခါတွင် စစ်သည်တော်နယ်ပယ်သို့ ခြေချနိုင်ခဲ့ပြီး အစစ်အမှန် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

သူ့အား စန်းယွဲ့မြို့ ရှိ ကလန်ကြီးလေးခုမှ လူငယ် ပါရမီရှင်များဖြင့် ပခုံးချင်းယှဥ်၍ ရပ်နိုင်သော သူတစ်ဦးအဖြစ်သိကြသည်။

သို့သော် ယန်ကျုံးကတော့ သူသည်သာ စန်းယွဲ့မြို့၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက် အဖြစ်အခိုင်အမာယုံကြည်ထား၏။

လက်ရှိသူ၏ သိုင်းပညာတွင် ရရှိထားသော အောင်မြင်မှုများမှာ သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု၊ ခိုင်မာသော စိတ်ဓာတ်နှင့် ပါရမီတို့ကြောင့်ဖြစ်သည်။

ကလန်ကြီးလေးခု၏ ပါရမီရှင်များဟု ခေါ်နေကြသော သူများမှာ သူတို့၏ ချမ်းသာကြွဝသော အရင်းအမြစ်များအား ပုံအောအသုံးပြုထားကြသောကြောင့်ဖြစ်သည်။

အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ယန်ကျုံးက လီရူ၏ ဘေးတွင် မတ်တပ်ရပ်နေသည်။

သူကသူ၏ ခေါင်းအားအနည်းငယ်မော့ထားကာ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားပြီး လူငယ်ကျွမ်းကျင်သူတစ်ဦး၏ ဟန်အပြည့်ဖြစ်သည်။

လီရူက ရှစ်ဖုန့်အား လက်ညှိုး ညွှန်ပြ၍ ယန်ကျုံးကို ပြောလိုက်သည်။

"အကိုကျုံး...အဲ့တာသူပဲ..မနက်က ညီမကို အနိုင်ကျင့်သွားတာ"

ယန်ကျုံး၏ နှုတ်ခမ်းထောင့်က တစ်ချက်တွန့်သွားကာ မျက်နှာ အမူအယာကား အထင်သေးခြင်းအပြည့်ဖြင့်ဖြစ်သည်။

သူက မိမိကိုယ်မိမိပြန်လည်၍ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ ငါလုံးဝကို မမျှော်လင့်ထားမိဘူး"

"ငါတကယ်ကြီး ဒီအမှိုက်လို သာမန်ကောင်ကို မင်းလေးအတွက်နဲ့ တိုက်ခိုက်ရတော့မယ် ကောင်မလေး"

"ဟီးဟီး..အကိုကအကောင်းဆုံးပဲဆိုတာကို ညီမသိသားပဲ.. အကိုကျုံး "

လီရူက ယန်ကျုံး၏ ပုခုံးထက်တွင် ခေါင်းလေးအသာအယာ မှီလိုက်ကာ တခစ်ခစ်ရယ်မောနေရင်း ချဉ်းကပ်လာနေသော ရှစ်ဖုန့်အား ပျော်စေပြက်စေ အမူအယာမျိုးဖြင့် ကြည့်နေ၏။

ရှစ်ဖုန့်က သူ၏ ခြေလှမ်းတို့ကို အရှိန်မြှင့်လိုက်သည်။

သူ့အနေဖြင့် ဤ စိတ်ရှုပ်စရာ ကိစ္စများအားဖြစ်နိုင်သမျှ မြန်မြန်ဖယ်ရှား၍ အိမ်သို့ ပြန်ချင်နေသည်။

ရှစ်ဖုန့်လျှောက်လာနေသည်ကိုကြည့်ရင်း လီရူ၏ ဆံနွယ်များမှ ထုတ်လွှတ်နေသော မွှေးရနံ့ကို လှည့်၍ ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထို့နောက် လီရူ၏ ချစ်စရာဦးခေါင်းလေးအောက်မှာ သူ၏ ပုခုံအားညင်သာစွာ လှုပ်ရှား၍ ထွက်လိုက်ပြီး လက်နှစ်ဖက်အား နောက်တွင်ပစ်ကာ ရှစ်ဖုန့်ထံသို့ လျှောက်လာလိုက်သည်။

"ငါ့အမြင်မှာတော့..မင်းတို့လို သာမန်လူတန်းစားတွေရဲ့ အသက်ဟာ ဟိုးအောက်ခြေအဆင့်မှာကဲရှိပြီး ပုရွက်ဆိတ်တွေနဲ့ ဘာမှာမကွာဘူး.."

"အမှန်အတိုင်းပြောရရင်..ငါအနေနဲ့က.. မင်းလိုကောင်စားမျိုးကို.. တိုက်ခိုက်ဖို့ဂရုတောင်မထားဘူး.."

"ဒါပေမဲ့...မင်းဟာ ငါ့ညီမလေးရူကို စော်ကားခဲ့တယ်"

"ဒီတော့ ပင်ကိုအားဖြင့် ငါ့အနေနဲ့ မင်းကိုလွှတ်ပေးလို့မရတော့ဘူး.."

"ဒီလိုလုပ်ရင်ရော..မင်းရဲ့ခြေထောက်တွေကို မင်းကိုယ်တိုင်ပဲရိုက်ချိုးလိုက်ပြီး အဲ့နောက်မှာ ညီမလေးရူရဲ့ အကြိုက်လိုက်လုပ်ပြီးတော့ သူကိုတောင်းပန်လိုက်"

"ပြီးရင် ငါက မင်းရဲ့နိမ့်ကျတဲ့အသက်လေးကို ချမ်းသာပေးမယ်"

ယန်ကျုံးက လမ်းလျှောက်ရင်း သူ၏လက်တို့ကို နောက်တွင်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောနေသည်။

သူ၏မျက်နှာထက်တွင် က လူတစ်ယောက်၏ သေခြင်း ရှင်ခြင်းအားဆုံးဖြတ်နေသော အမူအယာမျိုးအပြည့် ဟိတ်ဟန်ထုတ်ထား၏။

ထိုဆိုက်ဂိုက်ဖမ်းပုံမျိုးက စန်းယွဲ့မြို့၏ ကလန်ကြီးလေးခုမှ ဘိုးအေကြီးများ၏ အောက်သို့ နိမ့်ကျခြင်းမရှိပေ။

ယန်ကျုံး၏ စကားလုံးတို့ကြောင့် လီရူပင် အနည်းငယ် မှင်တက်မိကာ သူ၏နောက်ကျောအား စိုက်ကြည့်နေမိ၏။

ဒါမှ တကယ့်ယောက်ျားတစ်ယောက်ဖြစ်သည်။ ဒါကသူမလက်ထပ်သင့်သော ယောက်ျားတစ်ယောက်ဖြစ်၏။

"အရူး.."

ရှစ်ဖုန့်အား ယန်ကျုံးအား တစ်ချက် အကြည့်တို့ကစားလိုက်ကာ ရှေ့သို့ဆက်လက် လျှောက်လှမ်းလာသည်။

ဤကဲ့သို့ နည်းနည်းလေးမှ အသုံးမကျသော သိုင်းပညာရှင်မျိုးက ဘယ်နေရာမှနေ၍ ဘဝင်မြင့်ခြင်း အသိအား ရရှိခဲ့မှန်းသူမသိပေ။

"မင်း..."

ယန်ကျုံး၏ ဦးနှောက်မှာ ရှစ်ဖုန့်၏ အရူးဟုအခေါ်ခံလိုက်ရချိန်တွင် ရုတ်တရက် အနည်းငယ် ချာလပတ်လည်သွားရသည်။

သူ၏ အမြင်တွင် ရှစ်ဖုန့်ဟုခေါ်သော ထိုကောင်လေးက သူ့အား မြင်လိုက်သောအခါ သူ၏ ကျွမ်းကျင်သူတစ်ယောက် အမူအယာအား တွေ့ရသောအခါ ယန်ကျုံးကသူ့ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာနေသည်အား မြင်ရသောအခါ သူ၏ မျက်နှာအား မြင်ရသော အခါတွင် ကြောက်လန့်မှုတို့ ချက်ဖြင်းဖြစ်လာပီး စိုးရိမ်ထိန့်လန့်စွာဖြင့်

ခွတ်လွှတ်ပေးရန် အသနားခံရမည်ဖြစ်သည်။

သူ၏ အသက်အတွက် ယန်ကျုံးအား ဒူးထောက်က အလိုက်အကြိုက်ဆောင်၍ပင် တောင်းပန်ရမည်ဖြစ်သည်။

သို့သော် သူမိတ်ဆက်လိုက်ရသည်ကား ရှစ်ဖုန့်၏ အဖက်မတန်သော မျက်နှာပေးနှင့် အရူးဆိုသော စကားလုံးသာဖြစ်သည်။

"မင်း...မင်းကတော့..သေချင်နေတာပဲ"

ယန်ကျုံးချက်ချင်း အသိပြန်ဝင်သွားသည်။ထိုအချ်ိန်၌ သူသည် လုံးဝ ဒေါသထွက်နေပြီးဖြစ်သည်။

ရွာငယ်လေးတစ်ခုမှ အမှိုက်တစ်စက သူ့အား တကယ်ပင် မလေးမစားပြုမူရဲသည်။အထူးသဖြင့် သူ၏ အမျိုးသမီးရှေ့တွင်ဖြစ်၏။

သူသည် ရှစ်ဖုန့်အား သူ၏ အဆုံးမရှိသောဒေါသနှင့်ပေးတွေ့ပြီး ဤကမ္ဘာတွင်မွေးဖွားလာရသည်အား နောင်တရသွားသည်အထိ လုပ်ပစ်ချင်နေသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters