← Chapters

အချုပ်အတည်း

Vol. 06 Ch. 288

အချုပ်အတည်း

Vol. 06 Ch. 288

တောက်ပသော နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ အလွန်လှပစွာ ကျရောက်လျက်ရှိသည်။

မနက်၉နာရီအချိန်တွင် ထန်ရှုသည် မိုညီအစ်ကို၂ယောက်နှင့်အတူ ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ မိုအားဝမ်က မနက်၉နာရီခွဲ လေယာဉ်အား လက်မှတ်ဖြတ်ထားသောကြောင့် လေယာဉ်တက်ရန် နာရီဝက်ခန့် လိုသေးသည်။ နဂါးကိုးကောင်ကျွန်းသို့ သွားသော တိုက်ရိုက်လေယာဉ်မရှိဘဲ ဆိုင်ပန်မှတစ်ဆင့် သွားရမည်ဖြစ်ပြီး ဆိုင်ပန်မှ နဂါးကိုးကောင်ကျွန်းသို့ ပင်လယ်လမ်းခရီးဖြင့် သွားရမည်ဖြစ်ပေသည်။

သည်ခရီးအတွက် ထန်ရှုသည် သူ၏ခရီးဆောင်အိတ်တွင် စာအုပ်အချို့ သယ်ဆောင်လာခဲ့သည်။ အဝါရောင်အင်ပါယာ၏ ဆေးပညာနိယာမ၊ စီးပွားရေးလုပ်ငန်းများ၏ အခြေခံသီအိုရီများ၊ နာနိုနည်းပညာနှင့် လေဆာကိရိယာတိုးတက်မှုသီအိုရီ စာအုပ်များဖြစ်သည်။

လတ်တစ်လောတွင် ထန်ရှုသည် သိပ္ပံနှင့် နည်းပညာစာအုပ်များ ဖတ်ရှုရန် စိတ်ဝင်စားနေသည်။ ခေတ်မီနည်းပညာသည် အင်မော်တယ်ကမ္ဘာတွင် မရှိလင့်ကစား နိုင်ငံသားတိုင်းသည် အစစ်အမှန်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ မျက်မှောက်ခေတ်၏ သိပ္ပံနှင့်နည်းပညာကို အသုံးချကာ ထန်ရှုသည် သူ၏စိတ်ကူးအချို့အား ပြောင်းလဲချင်သည်များ ရှိသည်။

အချိန်တစ်ချို့ကုန်လွန်သွားပြီးနောက် သူတို့၏လေယာဉ်သည် ဆိုင်ပန်ရှိ ကိုဘလာလေဆိပ်တွင် ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။ ထန်ရှုသည် လေယာဉ်ပေါ်မှ ဆင်းလာသည့်တစ်ခဏ ကောင်းကင်ပြာကို နောက်ခံထားကာ လတ်ဆတ်အေးမြသောလေ၏တိုက်ခတ်မှုကြောင့် လန်းဆန်းသွားရသည်။

“သူဋ္ဌေး… ကျွန်တော်တို့ နဂါးကိုးကောင်ကျွန်းကို သဘောၤနဲ့ တိုက်ရိုက်သွားမှာလား။ ဆိုင်ပန်မှာ တစ်ရက် နားချင်သေးလား။”

မိုအားဝမ်က ဆိုင်ပန်ကို ရောက်ဖူးသောကြောင့် သည်နေရာဖြင့် အကျွမ်းတဝင်ရှိပြီး ထန်ရှုအား မေးလိုက်သည်။

“သဘောၤတစ်စီး ငှားပါ။ ကျွန်းကို တိုက်ရိုက်သွားမယ်။” ထန်ရှု ပြောသည်။

“ဟုတ်ကဲ့။” မိုအားဝမ်က ဖြေလိုက်ပြီး သူ၏ဖုန်းဖြင့် ဖုန်းနံပါတ်တစ်ခုအား ဆက်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူက ဖုန်းချလိုက်ပြီး ထန်ရှုအား စကားဆိုလိုက်သည်။

“သဲနီကမ်းခြေဆိပ်ကမ်းမှာ သဘောၤတစ်စီး ငှားလိုက်ပြီ။ ဒါပေမယ့် သူဋ္ဌေး ကျွန်တော်တို့ မထွက်ခွာခင် ပစ္စည်းအချို့ဝယ်ရမယ်။ နဂါးကိုးကောင်ကျွန်းကို ဒီကနေဆို ၂ရက်လောက် သွားရလိမ့်မယ်။”

ထိုကဲ့သို့ အသေးအဖွဲကိစ္စလေးများအတွက် ထန်ရှုသည် အနှောင့်အယှက်မပေးချေ။ သူသည် လမ်းဘေးတွင် ဆိုက်ထားသော အငှားကားပေါ်တွင် ထိုင်လိုက်ပြီး

“ဒီလိုဆိုမှဖြင့် အဲ့ဒီကိစ္စကို ခင်ဗျားတို့ ဆောင်ရွက်လိုက်ပါ။”

ချက်ချင်းဆိုသလိုပင် သူသည် အင်္ဂလိပ်ဘာသာဖြင့် အငှားယာဉ်မောင်းအား

“သဲနီကမ်းခြေကို မောင်းပါ။”

သဲနီကမ်းခြေတွင်…

လူမည်းလူမျိုး တွန်ရတ်ဂီသည် ဦးထုပ်အဝါရောင် ဆောင်းလျက် စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီရှည်အနီရဲရဲဖြင့် ခြေညှပ်ဖိနပ်စီးကာ ဆေးပြင်းလိပ်ကြီးတစ်လိပ်အား ဖွာရှိုက်လျက်ရှိသည်။ သူသည် ဆိပ်ကမ်းတွင် ရပ်ကာ အော်ဟစ်လိုက်သည်။

“လာကြဟေ့… မင်းတို့ရဲ့ခွန်အားတွေကို ချွေတာပြီး ငါ့ရဲ့ကယ်ရီလေးနဲ့ ပင်လယ်ဆီကို သွားကြရအောင်။ ဒီဖေဖေကြီးက ဒီနေ့မှာ ပျော်ရွှင်နေတာမို့ ဈေးလျှော့ပေးမယ်။”

ကမ်းခြေတွင် လူတစ်ရာခန့်သည် ၎င်းတို့၏လှပတောင့်တင်းသော ကြွက်သားများဖြင့် ထွက်ပေါ်လာကြပြီး သဘောၤအသစ်တစ်စီးအား ပင်လယ်ဆီသို့ စက်သီးများဖြင့် ဆွဲချနေကြသည်။ ထိုကယ်ရီသဘောၤသည် မီတာ၈၀ ရှည်လျားကာ အတော်ပင် ခမ်းနားကောင်းမွန်လှသည်။

“သူဋ္ဌေး… ဟိုလူတွေ လာပြီ။” သူ၏အရှေ့မှ လူက လေးစားစွာ ပြောလိုက်သည်။

တွမ်ရတ်ဂီက လှည့်ကြည့်လိုက်ရာ ၁၀မီတာအကွာတွင် လူ၃ယောက်ရှိနေပြီး သူ၏အကြည့်များသည် မိုအားဝမ်ဆီသို့ ရောက်ရှိသွားသည်။ တွမ်ရတ်ဂီက ထိုသူများထံ လမ်းလျှောက်သွားကာ ထူးဆန်းသော လက်ဟန်တစ်ခုအား မိုအားဝမ်သို့ ပြလိုက်သည်။

မိုအားဝမ်ကလည်း တူညီသော လက်ဟန်အား ပြန်ပြလိုက်သည်။

“ဟေ့ကောင်ကြီး မတွေ့ရတာ ၈နှစ်တောင် ကြာသွားပြီးနော်။”

တွမ်ရတ်ဂီက အပြုံးဖြင့် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။

မိုအားဝမ်က ရယ်မောကာ

“မှန်တယ်။ တိတိပပပြောရရင် ရှစ်နှစ်နဲ့ ခြောက်လရှိပြီ။ ငါက မင်းကို သေပြီလို့ထင်နေချိန်မှာ တွေ့ရတာ အခုလိုတွေ့ရတာ အံ့သြဝမ်းသာတယ်ကွာ။”

“မင်းတို့ ကုမ္ပဏီမှာ ဆိုရိုးရှိတယ်မလား။ လူကောင်းတွေ အသက်မရှည်ပေမယ့် လူဆိုးတွေက အသက်ရှည်တယ်ဆိုတာလေ။ ငါလည်း အဲ့လိုကြောင့် နေမယ်။ ဒါနဲ့ ဒါက မင်းရဲ့သူဋ္ဌေးကြီးလား။”

“ဟုတ်တယ်။ သူက ငါ့ သူဋ္ဌေးပါ။” မိုအားဝမ်က ပြောသည်။

သူ၏လက်ကို ဆန့်တန်းလိုက်ရင်း ထန်ရှုက ခေါင်းညိတ်ကာ

“ကျွန်တော်က ထန်ရှုပါ။”

တွမ်ရတ်ဂီကလည်း သူ၏လက်အား ထန်ရှုဆီ ကမ်းလိုက်ရင်း ရယ်ရယ်မောမောဖြင့်

“လေးစားပါတယ် မစ္စတာထန်။ မိုအားဝမ်ကို မင်းရဲ့လက်အောက်ငယ်သားအဖြစ် ထားနိုင်တယ်ဆိုကတည်းက မင်းမှာ ဘာအရည်အချင်းတွေရှိလဲဆိုတာ စိတ်ဝင်စားနေတာ။ လက်ရည်နည်းနည်းလောက် စမ်းရင်ရော ဘယ်လိုလဲ။ ငါက အတော်လေး သန်မာပါတယ်။”

“သူဋ္ဌေး… တွမ်က အရမ်းစွမ်းအားကြီးတယ်။ အရွယ်ရောက် အာဖရိကဆင်တစ်ကောင်ကို လက်ချည်းသက်သက်နဲ့ တစ်ခါ သတ်ဖူးတယ်။” မိုအားဝမ်က ပြောပြသည်။

ထန်ရှုက ခေါင်းယမ်းကာ ရယ်မောလိုက်ရင်း

“ခင်ဗျား ကျွန်တော်နဲ့ ရင်ဆိုင်ချင်တယ်ဆိုရင် သေဖို့အတွက် ပြင်ဆင်ထားရမယ်။ ဒါပေမယ့် ခင်ဗျားဆန္ဒရှိရင် အခု ကြိုးစားကြည့်နိုင်တယ်နော်။”

“ဟင့်အင်း…ဟင့်အင်း။ ငါတို့က သူငယ်ချင်းတွေပဲကွာ။ ဘယ်လိုဖြစ်ပြီး သေခြင်းရှင်ခြင်းပြိုင်ပွဲ လုပ်လို့ ဖြစ်မှာလဲ။ နောက်ပြီး မိုအားဝမ်က ငါ့ရဲ့သူငယ်ချင်းရဲဘော်ရဲဘက်။ မင်းက သူ့ရဲ့သူဋ္ဌေး။ ငါက မင်းကို သတ်မိရင် သူက သေချာပေါက် ငါ့ကို ဆန့်ကျင်ဖို့ အရာရာလုပ်လိမ့်မယ်။ အရိုးသားဆုံးပြောရရင် ငါတောင်မှ သူ့ပြိုင်ဘက်မဟုတ်သေးဘူး။”

တွမ်ရတ်ဂီက လက်ကို အကြိမ်ကြိမ် ခါကာ ငြင်းလိုက်သည်။

“တွမ်… ငါကလည်း သူဋ္ဌေးရဲ့ပြိုင်ဘက် မဟုတ်သေးဘူး။”

မိုအားဝမ်က အေးဆေးစွာ ၀င်ပြောသည်။

“ဘယ်လို…”

တွမ်ရတ်ဂီ အံ့အားသင့်ရလွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်လာသည်။ သူသည် လိမ်ညာမပြောတတ်သော မိုအားဝမ်၏ အကျင့်စရိုက်အား သိသည်။ ထိုသို့ဆိုမှဖြင့် သည်လူငယ်လေး မစ္စတာထန်သည် တကယ်ပင် စွမ်းအားရှိသောသူတစ်ယောက်ပေလော။

ထန်ရှုသည် ထိုကဲ့သို့သော အသေးအမွှားကိစ္စများဖြင့် ရှုပ်ထွေးရမည်ကို စိတ်မပါချေ။ သူသည် ကမ်းခြေကို ကြည့်လိုက်ရင်း

“ဒီသဘောၤက ကျွန်တော်တို့ကို ငှားမယ့်ဟာလား။”

တွမ်ရတ်ဂီက ခေါင်းညိတ်လျက်

“ဒီကယ်ရီက မနေ့ကမှ ရောက်တယ်ဆိုပေမယ့် သူမကို မောင်းနှင်မယ့် သဘောၤသားတွေက ကောင်းကောင်းလေ့ကျင့်ပေးထားခံရသူတွေမို့ သေချာကိုင်တွယ်ထိန်းသိမ်းနိုင်တယ်။ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေ ရောက်တာနဲ့ အချိန်မရွေး ရွက်လွှင့်နိုင်ပြီ။”

“ကျွန်တော်တို့ ဒီည မထွက်နိုင်ဘူးပေါ့။” ထန်ရှုက မျက်မှောင်ကြုပ်ကာ မေးသည်။

တွမ်ရတ်ဂီက သူ၏ပခုံးများအား တွန့်ပြကာ

“ငါတို့ ညဘက်ထွက်နိုင်ပါတယ်။ ဒါပေမယ့် ကမ်းရိုးတန်းနဲ့ဇလဗေဒက သတင်းထုတ်ပြန်ထားတယ်။ မနက်ဖြန်မနက်မှာ ဆူနာမီအသေးစားတစ်ခု ဖြစ်ပေါ်ဖို့ ရှိတယ်တဲ့။ ဘေးကင်းစေရအောင် ငါတို့ အဲ့ဒီဆူနာမီ ဖြစ်ပြီးမှ ထွက်တာကောင်းမယ်လို့ ပြောချင်တယ်။”

ဆူနာမီလား။

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းကို ညိတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီလိုဆိုမှဖြင့် ကျွန်တော်တို့ ဒီမှာ တစ်ရက်စောင့်ကြတာပေါ့။ အားဝမ် … အနီးနားက ဟိုတယ်မှာ အခန်းအချို့ငှားလိုက်ပါဦး။”

“ငါ ဟိုတယ်နဲ့စားသောက်ဖို့ ပြင်ဆင်ပေးထားပါတယ်ကွာ။ ဒီနားက အဆင့်မြင့်ဟိုတယ်တစ်ခုမှာပဲ။ မင်းတို့ကို ကြိုဆိုတဲ့အနေနဲ့ သင့်တော်တဲ့ ညစာစားပွဲလေး တစ်ခုလည်း ပြင်ဆင်ထားတယ်။”

တွမ်ရတ်ဂီက အပြုံးဖြင့် ပြောသည်။

ထန်ရှု၏မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးတစ်ပွင့် ခပ်ရေးရေး ပေါ်လာပြီး ခေါင်းတစ်ချက်ညိတ်ကာ

“ကျေးဇူးတင်ပါတယ်ဗျာ။”

“ကိစ္စ မရှိပါဘူး။ အားဝမ်က ငါ့အသက်ကို အကြိမ်အနည်းငယ် ကယ်ခဲ့ဖူးတယ်လေ။ အိုကေ… ငါ မင်းတို့ကို အနားယူဖို့ ဟိုတယ်မခေါ်သွားခင် သဘောၤပြင်ဆင်တာ သွားပြောလိုက်ဦးမယ်။”

ဟိုတယ်ကို သွားသော လမ်းတွင် ထန်ရှုက မိုအားဝမ်အား မေးလာသည်။

“ခင်ဗျားတို့၂ယောက်က အတူတိုက်ပွဲဝင်ဖူးတဲ့ ရဲဘော်ရဲဘက်တွေလား။”

မိုအားဝမ်က ခေါင်းညိတ်ပြရင်း

“အရင်တုန်းက ကျွန်တော်တို့က တစ်ဖွဲ့တည်းမို့လို့ အချို့စစ်ဆင်ရေးတွေဆို သူနဲ့ကျွန်တော် အတူတူ တာဝန်ထမ်းဆောင်ရတာလေ။ စစ်ဆင်ရေးတွေက အန္တရာယ် တအားများတယ်။ ဘေးချင်းယှဉ်တိုက်ရတာ အကြိမ်ပေါင်းများစွာနဲ့ စစ်ဆင်ရေးအတွင်းမှာ သေလုမျောပါးလည်း ဖြစ်ဖူးတယ်။ သူက ကျွန်တော် ယုံကြည်ရတဲ့အထဲက လူတစ်ယောက်ပဲ။ ထာဝရခန်းမမှာ အလုပ်လုပ်ဖို့ အရင်တုန်းက ဖိတ်ဖူးတယ်။ ဒါပေမယ့် သူ ငြင်းခဲ့တယ်။”

ထန်ရှုက ခေါင်းညိတ်ရင်း

“သူက ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်။ ကြည့်ရတာ သူ့ဘဝကလည်း သာယာနေတဲ့ပုံပါပဲ။”

“သူဋ္ဌေး… ကျွန်တော် သူနဲ့ နောက်ဆုံးအကြိမ်တွေ့ခဲ့တာကနေဆိုရင် ရှစ်နှစ်ရှိသွားပြီပေါ့။ ဒါပေမယ့် သူ့ဆီက သတင်းတွေ ကြားရတယ်။ လွန်ခဲ့တဲ့နှစ်တွေက ဒေသခံအာဏာရှိတဲ့သူတွေနဲ့ ပြသနာတက်လို့ ဆိုးရွားတဲ့နေ့တွေနဲ့ သူ ရှင်သန်နေခဲ့ရတာ။ ၂နှစ်ကျော်လောက် နောက်က အလိုက်ခံနေရတယ်။ တစ်ခါကဆို သူ့ကို သေပြီတောင် ကျွန်တော် ထင်သွားတာ။ သူ့ရန်သူတွေလက်ထဲက အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့မိဘူး။ အဲ့ဒီလူတွေကို အမြစ်ဖြုတ်ဖို့ တခြားအင်အားစုကို သူ အသုံးချခဲ့တယ်။ သူ့ရဲ့ရန်သူတွေက အာဏာနဲ့ အမြတ်အစွန်းအတွက် တိုက်ခိုက်နေကြတဲ့သူတွေဆိုတော့ အဆုံးမှာ သူ ခြေကုပ်ရယူနိုင်ခဲ့ပြီး ဒီနေရာမှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တယ်။”

မိုအားဝမ်က ပြောပြသည်။

ထန်ရှုက သိလိုစိတ်ဖြင့်

“ခင်ဗျားတို့၂ယောက်က ရဲဘော်ရဲဘက်တွေဆို ဘာဖြစ်လို့ သူ့ကို အကူအညီမပေးတာလဲ။”

“လူတစ်ယောက်ရဲ့ဘဝက သူကိုယ်တိုင် ထုဆစ်တာကောင်းတယ်။ သူ သေရင် ကျွန်တော် လက်စားချေတာ လုပ်ပေးမယ်ဆိုပေမယ့် သူက ကောင်းကင်နဲ့ မြေကြီးကြားမှာ သူ့ခြေထောက်ပေါ် သူရပ်တည်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မှီခိုမှရမယ်။ ကျွန်တော်က ထာဝရခန်းမက အဖွဲ့ဝင်တစ်ယောက်လို့ မပြောထားတဲ့အတွက် ကျွန်တော့်ရဲ့အိမ်ကို ဒုက္ခတွေ ဘယ်တော့မှ သယ်မှာ မဟုတ်ဘူး။”

မိုအားဝမ်က ရှင်းပြသည်။

ထန်ရှုက ဖြည်းညှင်းစွာ ခေါင်းညိတ်ရင်း

“ကြည့်ရတာ ယန်အာ လေ့ကျင့်ပေးတဲ့သူတိုင်း အတော်ကောင်းကြတာပဲ။”

“သူဋ္ဌေးကြီးက ကျွန်တော်တို့တွေကို မွေးစားပြီး ပျိုးထောင်ပေးခဲ့တယ်။ လူကုန်ကူးတဲ့သူတွေ လက်ထဲက ကျွန်တော်တို့တတွေကို ကယ်တင်ပြီး အခြေခံလိုအပ်ချက်တွေ ပေးရုံသာမကဘူး လေ့ကျင့်သင်ကြားဖို့ အရင်းအမြစ်များစွာလည်း သုံးခဲ့တာမို့ ကျွန်တော်တို့အသက်တွေကို ထာဝရခန်းမက အမြဲ ပိုင်ဆိုင်ထားတာပါ။”

မိုအားဝမ်က ပြောပြသည်။

ထန်ရှု တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူပေါင်းများစွာအား သူ လေ့ကျင့်သင်ကြား ပေးခဲ့သော်လည်း အနည်းငယ်သာ အသက်ရှင်ခဲ့သည်။ ထိုအသက်ရှင် ကျန်ရစ်သူများမှာလည်း အင်မော်တယ်ကမ္ဘာတွင် ကစင့်ကလျားဖြစ်ကာ အေးချမ်းသောဘဝသို့ ရွှေ့ပြောင်းနေနိုင်သူ ရှားပါးလှသည်။ နှစ်ရာပေါင်းများစွာတိုင်း သူ့ကို ကန်တော့ရန်အတွက်သာလျှင် ပေါ်လာနိုင်ကြသည်။ လူ့စွမ်းအားရင်းမြစ်သည် စွမ်းအားရှိသော ခွန်အားတစ်ရပ်ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ယခင်က သူ မည်မျှ မှားယွင်းနေခဲ့သည်ကို ယခုအခါ ပိုမိုသေချာလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သစ္စာရှိကာ သန်မာသော လက်အောက်ငယ်သားများစွာ မွေးထုတ်လိုသည့် သူ၏အတွေးသည်လည်း ပိုမိုခိုင်မာလာခဲ့သည်။

ဆိုင်ပန်၏လောင်ကမ်းခြေဟိုတယ်…

သူတို့ ထိုနေရာသို့အရောက်တွင် တွမ်ရတ်ဂီ၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်သော ငယ်ရွယ်ပြီး ကျက်သရေရှိလှသည့် အမျိုးသမီးငယ်တစ်ယောက်သည် စောင့်ကြိုနေလျက်ရှိသည်။

“ရှင်က မစ္စတာထန်လား။”

၁၂စင်တီမီတာ မြင့်သော ဒေါက်ဖိနပ်အား စီးထားသည့် အိုင်ဂျက်စမင်းသည် လျှောက်လှမ်းလာသည်။ သူမ၏သေးသွယ်သော ခါးလေးသည် လှုပ်ခါလျက် ဆွဲဆောင်မှုရှိစွာ လှပသော အိုင်ဂျက်စမင်းသည် ဖြူဝင်းသော အသားအရေ၊ ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာလေးများဖြင့် ရင်ခုန်ချင်စရာ ကောင်းလှသည်။

“ကျွန်တော်ပါပဲ။”

ထန်ရှုက ခေါင်းညိတ်ကာ အဖြေပေးသည်။

အိုင်ဂျက်စမင်းက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ရင်း

“ကျွန်မရဲ့သူဋ္ဌေးက မစ္စတာထန်ရောက်လာရင် လမ်းပြပေးဖို့ မှာထားပါတယ်။ ကျွန်မမှာ အစီအစဉ်တွေများစွာ ပြင်ဆင်ထားတာမို့ ရှင် ဆန္ဒရှိသလို အချိန်မရွေး ရွေးချယ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကို သူဋ္ဌေးက ပေးမှာပါ။”

“ကျေးဇူးပြုပြီး လမ်းပြပါဦး။”

တစ်ဖက်လူ စကားထဲတွင် ထည့်ပြောသွားသည့် အစီအစဉ်ဆိုသည်များအား ထန်ရှု စိတ်ဝင်စားသွားသည်။ အိုင်ဂျက်စမင်း၏အနောက်မှ လိုက်သွားကြရာ ဟိုတယ်၏အပြင်အဆင်သည် အကောင်းဆုံး သမုဒ္ဒရာရှုခင်းအား ကြည့်ရှုခံစားနိုင်သော မြင်ကွင်းကောင်းဖြစ်သည်။

“အစီအစဉ်စာရင်းက ဒီမှာပါ။ မစ္စတာထန် အားလုံးကို လုပ်ဆောင်ဖို့ ဆန္ဒရှိသလား ဒါမှမဟုတ် အဲ့ဒီအထဲကမှ အချို့ကိုပဲ ရွေးချယ်ပြီး လိုချင်ပါသလားရှင့်။” အိုင်ဂျက်စမင်းက အပြုံးဖြင့် ပြောသည်။

အစီအစဉ်စာရင်းအား ကြည့်လိုက်ရာ ထန်ရှု၏အမူအရာ ရုတ်ခြည်းပင် ပြောင်းလဲသွားရသည်။ ထိုအစီအစဉ်အားလုံးအား သူ သိရန်ပင် မသေချာလှပေ။ ထိုအထဲမှ သူ ကြားဖူးသည်မှာ ထိုင်းအနှိပ်၊ ပင်လယ်ကြမ်းပြင်ဒိုက်ဗင်ထိုးခြင်းနှင့် ရေလွှာလျှောစီးခြင်းတို့ ဖြစ်သည်။

“ကျွန်တော် ထိုင်းအနှိပ်ကို စမ်းကြည့်မယ်။ နတ်သမီးခုနှစ်ဖော်အကဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်ပဲ။ ကျန်တာတော့ ကျွန်တော် ကျော်လိုက်တော့မယ်။”

ထန်ရှုက မိုအားဝမ်ဆီသို့ အစီအစဥ်စာရင်းအား လှမ်းပေးရင်း အပြုံးဖြင့်

“ကျွန်တော်တို့ အပန်းဖြေထွက်လာတယ်လို့ သဘောထားပြီး အနားယူပါ။ ဒီစာရင်းထဲက ခင်ဗျားတို့၂ယောက်လည်း ရွေးချယ်နိုင်တယ်။”

ထန်ရှု၏ရွေးချယ်မှုဖြစ်သည့် နတ်သမီးခုနှစ်ဖော်အကအား ကြားပြီး မိုအားဝမ် ရုတ်တရက် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်မိသည်။ သူသည် ထိုစာရင်းအား မိုအားဝူဆီ ပေးကာ အပြုံးဖြင့် ပြောသည်။

“သူဋ္ဌေး… ကျွန်တော် ဒီအစီအစဉ်တွေကို စိတ်မဝင်စားပါဘူး။ နောက်ပြီး သူဋ္ဌေးက ဒီနေရာနဲ့ အကျွမ်းတဝင် မရှိတော့ တခြားသူစိမ်းတွေ သူဋ္ဌေးကို အနှောင့်အယှက်မပေးအောင် ကာကွယ်ဖို့လည်း လိုတယ်။ ဒါပေမယ့် အားဝူက ဒီလိုပျော်စရာလေးတွေ သဘောကျတာမို့ သူ့ကိုတော့ ရွေးခိုင်းလိုက်မယ်။”

မိုအားဝူက မငြင်းဆန်ဘဲ အစီအစဉ်အနည်းငယ်ကို ရွေးလိုက်သည်။

ထန်ရှုအား ကြည့်ပြီး အိုင်ဂျက်စမင်း၏အပြုံးသည် ဆန်းသစ်စလမင်းသဏ္ဍာန်ဖြစ်လာသည်။

“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ မစ္စတာထန်။ မစ္စတာအားဝူအတွက်ကတော့ ခဏစောင့်ပေးပါ။ ရှင့်ကို အခြားတစ်ယောက် လမ်းပြပေးပါလိမ့်မယ်။”

***

All Chapters