← Chapters

အပိုင်း(၂၅)

Vol. 2 Ch. 25

အပိုင်း(၂၅)

Vol. 2 Ch. 25

"မင်း..မင်းကတော့..သေချင်နေပီ"

ယန်ကျုံးက ဒေါသထွက်စွာ ကြုံးဝါးလိုက်ပြီး ကင်းကောင်ခွန်အားကဲ့သ်ို့ လက်သီးတစ်လုံးအား ရှစ်ဖုန့်၏ ရင်ဘက်ထံ ပစ်သွင်းလိုက်သည်။

ရှစ်ဖုန့်သာ သာမန်အရပ်သားတစ်ယောက် ဖြစ်နေပါက ထိုလက်သီးချက်နှင့် သူထိမိလျှင် သူ၏ အင်္ဂါအစိတ်အပိုင်းများ တစ်စစီ ကွဲကြေသွား လိမ့်မည်ဖြစ်သည်။အနည်းဆုံး အနေဖြင့် သူ၏ ဘဝတစ်လျှောက်လုံး အကြောသေသွားမည်ဖြစ်ပြီး အဆိုးဆုံး အနေဖြင့် သေသည်အထိ သူ၏ နှလုံးအား တစ်အားဆောင့်ဆွဲပစ်သော နာကျင်မှုဒုက္ခမျိုးအား ခံစားရမည်ဖြစ်သည်။

ထိုလက်သီးထိုးချက်အား ရက်စက်ပြီး လူမဆန်လှသည်ဟုပင် ပြောနိုင်၏။သာမန်လူပုဂ္ဂိုလ်တစ်ယောက်ဆိုပါက ဤလက်သီးချက်၏ အောက်တွင် သူ၏ ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားရမည်ဖြစ်သည်။

"အကိုယန်ကျုံး သူ့ကို ရိုက်နှစ်ပစ်လိုက်စမ်းပါ"

ယန်ကျုံး ၏ နောက်တွင် ရပ်နေသော လီရူမှာ ယန်ကျုံးသူမအား ကူညီနေသည်ကို မြင်ရသောအခါတွင် ရွှင်ပြစွာ ပြုံးနေမိသည်။

ရှစ်ဖုန့်၏ အမူအယာမှာ ပြောင်းလဲခြင်း မရှိပဲ အေးအေးဆေးဆေးနှင့်သက်တောင့်သက်သာပင်ဖြစ်သည်။

သူကဘယ်လက်ဖြင့် အားနည်းပြီး အရမ်းကို သာမာန်ကာလျှံကာဖြစ်လှသော လက်ဝါးတစ်ခုအား ရှေ့သို့ တွန်းထုတ်လိုက်သည်။

သို့သော် ရှစ်ဖုန့်၏ အားနည်းပြီး နှေးကွေးလှသော လက်ဝါးက ယန်ကျုံး၏ ကြမ်းကြုတ်သော လက်သီးချက်ဖြင့် အလွယ်တကူ တွေ့ဆုံသွားသည်။

ချက်ခြင်း ရှစ်ဖုန့်၏ လက်ငါးချောင်းက ယန်ကျုံး၏ လက်သီးအား မြဲမြံစွာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်၏။

"အား"

ဝက်တစ်ကောင် အသတ်ခံရချိန်တွင် ထွက်ပေါ်လာသော နှလုံးခြောက်ခြားစွာ အော်ဟစ်သံကဲ့သို့ အသံက ယန်ကျုံး၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

အပိုင်းပိုင်းခြေမွပစ်ရန် စောင့်ဆိုင်းနေသော အလွန်များပြားသည့် အားတစ်ခုက သူ၏ လက်သီးဆီမှလာနေသည်ကို ယန်ကျုံးခံစားမိသည်။

ထိုအချိန်တွင် ယန်ကျုံး၌ အစောပိုင်းကကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်၏ ဟန်ပန်အမူအယာမျိုး ထပ်ပီးရှိမနေတော့ပေ။

အလွန်ပြင်းထန်လှသော နာကျင်မှုက သူ့၏ မျက်နှာအား ကြမ်းကြုတ်သော သားရဲတစ်ကောင် နာကျင်မှုကြောင့် ပြင်းထန်စွာ အော်ဟစ်သကဲ့သို့ ထိန်းချုပ်ထား၏။

"ငါ..ငါ့ကို..လွှတ်ပေးစမ်...ငါ..ငါက စန်းယွဲ့မြို့ရဲ့ ဝမ့်ကလန်ကလူပဲ"

"မင်း.. မင်း..ဝမ့်မိသားစုနဲ့..ရန်..ရန်သူတွေဖြစ်ချင်လို့လား."

ယန်ကျုံးမှာ အလွန်ပြင်းထန်နာကျင်လှသောကြောင့် ထိုင်ချလိုက်ရကာ ဝမ့်မိသားစုအား နောက်ခံအဖြစ်ထုတ်ပြောလိုက်သည်။

"ဟမ့်.."

ဝမ့်ကလန်ဟု ရှစ်ဖုန့်ကြားလိုက်ရသောအခါတွင် သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်သွားကာ ပြုံလိုက်သကဲ့သို့ နှာတစ်ချက်လည်းမှုတ်လိုက်သည်။

"ဟိုင်ပါထျန်းတောင်..ငါသတ်တာကို ခံခဲ့ရတာ.."

"ဝမ့်ကလန်ရဲ့ ဖက်တီးတောင်မှ ငါ့ကိုမြင်တာနဲ့ နောက်ဆုတ်သွားရတာကို..မင်းလို ဝမ့်ကလန်ရဲ့ ခွေးအဆင့်ပဲရှိတဲ့ကောင်ကများ"

ရှစ်ဖုန့်က ပြောလည်းပြောရင်း သူ၏ လက်ရှိခွန်အားကိုလည်း တိုးမြှင့်လိုက်သည်။

"အား.................................."

အခြားတစ်ဖက်၌ ရပ်နေသော လီရူမှာ ကြက်သေသေနေသည်။

ထိုမတိုင်ခိုင်က သူမရှေ့ရှိမြင်ကွင်းအား မျက်တောင်ခက် စိုက်ကြည့်နေခဲ့သည်။

"မြေပြင်ပေါ်တွင် လဲကာ အော်ဟစ်နေသောသူက သူမနှလုံးသားထဲ၌ မကျော်လွှားနိုင်သော အနိုင်မခံအရှုံးမပေးတတ်သည့် အကိုယန်ကျုံးတဲ့လား"

ရက်စက်တတ်သော အပြုံးနှင့် ယန်ကျုံးအား နာကျင်စွာ အော်ဟစ်စေသောသူမှာ သူမ အသနားအညှာတာမဲ့စွာ ငြင်းပယ်ခဲ့၍ နိမ့်ချစွာဆက်ဆံခဲ့သော ရှစ်မိသားစုမှ ဆင်းရဲနွမ်းပါးသည့် ကောင်လေးဖြစ်နေခဲ့သည်။

ရုတ်တရက် ကမ္ဘာကြီးက စိတ်ကူးယဉ်ဆန်လာသည်ဟု ပင်လီရူခံစားမိလာသည်။ယခုသူမအိမ်မက်မက်နေသည်ဆိုလျှင်ပင် ထိုအရာကား မဖြစ်နိုင်ဖွယ်ရာ အိမ်မက်လားဟု သူမသိချင်နေမိသည်။

ရှစ်ဖုန့်က ယန်ကျုံးအား အေးစက်စွာစိုက်ကြည့်လိုက်ကာ သူ၏ ညာလက်သီးအား တင်းကျပ်စွာဆုပ်ရင်း ယန်ကျုံးထုတ်လွှတ်ခဲ့သော ကင်းကောင်ကဲ့သို့တူညီသော လက်သီးမျိုးဖြင့် ၎င်း၏ ရင်ဘက်အားထိုးချလိုက်သည်။

"မင်းဘယ်သူလဲ...ငါ့တပည့်ကို ဘယ်လိုတောင်အနိုင်ကျင့်ရဲရတာလဲကွ"

ရုတ်တရက် အိုမင်းပြီးအက်ကွဲကွဲနိုင်သော အသံတစ်ခုက ယန်ကျုံး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

ယန်ကျုံး၏ ခန္ဓာကိုယ်အတွင်းမှ အကန့်သတ်မဲ့ စွမ်းအားများ တစ်ဟုန်ထိုးမြင့်တက်လာသည်ကို ရှစ်ဖုန့်ခံစားမိသည်။

ရှစ်ဖုန့်သူ၏ ညာလက်သီးအား ကမန်းကတန်း ရုတ်သိမ်းလိုက်ကာ ယန်ကျုံး၏ လက်သီးအား ကိုင်ထားသော သူ၏ ဘယ်လက်အားလဲ အလျှင်အမြန် လွှတ်လိုက်သည်။

သူသည်လည်းနောက်သို့ လျှင်မြန်စွာဆုတ်လိုက်ကာ ခုနှစ်မီတာ သို့မဟုတ် ရှစ်မီတာအကွာအဝေးလောက်မှရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ယန်ကျုံး၏ ပတ်လည်၌ ပြင်းထန်စွာ လေတိုက်ခတ်လာပြီး လမ်းကြောင်းတစ်လျှောက်ရှိ သစ်ရွက်များ သစ်ကိုင်းများနှင့် ကျောက်တုံးများမှာ လေကြောင့်လွင့်ပျံ၍ ယန်ကျုံး၏ ပတ်လည်တွင် ကခုန်သကဲ့သို့ဖြစ်နေသည်။

"ပုရွက်ဆိတ်လေး...မင်းကများ ငါတပည့်ကို အရှက်ခွဲတယ်..သေလိုက်စမ်း.."

ယန်ကျုံးစကားပြောလိုက်သော အခါတွင် အက်ကွဲကွဲအသံထွက်ပေါ်လာပြီး ၎င်းမှာ ခုဏက လူအိုကြီးပင် ဖြစ်သည်

သူစကားပြောပီး မကြာခင်တွင် တံခါးအရွယ် ဧရာမဓားကြီးတစ်ချောင်းက ရှစ်ဖုန့်၏ အထက်ကောင်းကင်တွင် ရုတ်တရက် ဖွဲ့စည်းလာပြီး မြေပြင်ပေါ်တွင် ရပ်နေသော ရှစ်ဖုန့်အား သဲသဲမဲမဲ ခုတ်ပိုင်းချလိုက်သည်။

"မအေလိုး..."

ရှစ်ဖုန့်က အသက််တစ်ချက်ရှူသွင်းရင်း ကျိန်ဆဲလိုက်ကာ သူ၏ လှုပ်ရှားမှုပညာရပ်အား အစောတလျှင် ထုတ်ဖော်လိုက်သည်။

သူ၏ ညာခြေထောက်အား ခပ်ပြင်းပြင်းမြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ကာ နက်ရှိုင်းသော ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာလည်းနောက်သို့ ပျံတက်သွားသည်။

"ဗုန်း..."

ဧရာမဓားကြီးက မြေပြင်ကို ခုတ်ပိုင်းလိုက်ပြီး ပြင်းထန်သော ပေါက်ကွဲမှုကို ထုတ်ဖော်လိုက်သည်။

ရှစ်ဖုန့်ရပ်နေသော နေရာတွင် ဧရာမ ချိုင့်ကြီးတစ်ခု ချက်ခြင်းဖြစ်ပေါ်လာသည်။

ကျောက်တုံးအပိုင်းအစများနှင့် ဖုံမှုန့်များက နေရာအနှံ့ လွင့်ပျံနေ၏။

ဖုံမှုန့်များ အလယ်တွင် အဖြူရောင်ပုံရိပ်တစ်ခု လွင့်မျောသည်။

ဟုတ်ပါသည်။ ၎င်းက လွင့်မျောနေခြင်းဖြစ်သည်။ ယန်ကျုံး၏ ခြေထောက်တို့မှာ မြေပြင်မှ တစ်မီတာအကွာတွင်ရှိနေပြီး သူ၏ ခန္ဓာကိုယ်က လေထဲတွင်လွင့်မျောနေသည်။

"သူတောင်းစားအိုကြီး..ဒီတော့ဒါက..တာအိုဝိညာဉ်ပေါ့"

ရှစ်ဖုန့်က အေးစက်စွာအော်ဟစ်လိုက်ပြီး လေထဲတွင်လွင့်မျောနေသော ယန်ကျုံးအားကြည့်လိုက်သည်။

"သူတောင်းစားအိုကြီး...ခင်ဗျားအဲ့အခြေအနေကို ဘယ်လောက်ထိန်းထားနိုင်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့"

ဝိညာဉ်ဆိုသည်မှာ လူတစ်ယောက် သေဆုံးသွားပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသော အရာဖြစ်သည်။

လူတစ်ယောက်သေဆုံးသွားပြီးသည့်နောက်တွင် ၎င်း၏ ဝိညာဉ်မှာ ကမ္ဘာကြီးနှင့်အတူ ပျက်စီးသွားကြရသည်။

သို့သော် အထူးဝိညာဉ် သို့မဟုတ် စွမ်းအားကြီး ဝိညာဉ်အားပိုင်ဆိုင်ထားသောသူ သို့မဟုတ် လျှို့ဝှက်နက်နဲသော ဝိညာဉ်မှော်ပညာရပ်များအား သင်ယူထားကာ ၎င်းတို့၏ ဝိညာဉ်အား ရှစ်သန်စေနိုင်သော သူ အချို့လည်း ရှိကြ၏။

ရှစ်ဖုန့်ရှေ့ရှိ ယန်ကျုံး၌ လောလောဆယ်တွင် ဝိညာဉ်တစ်ခုအား ပိုင်ဆိုင်ထားသည်။

ယန်ကျုံးထုတ်လွှတ်နေသော ဖိအားအရ ဤဝိညာဥ်မှာ ၎င်း အသက်ရှင်စဥ်ကာလက စွမ်းကြီးကျွမ်းကျင်သူ ဖြစ်ခဲ့မှန် ရှစ်ဖုန့်သေချာပြောရဲသည်။

၎င်းမှာအနည်းဆုံး စိတ်ဝိညာဥ်နယ်ပယ် ခန့် ရှိမည်ဖြစ်သည်။

သို့သော် ဤကဲ့သို့ ဝိညာဉ်မျိုးအား ပိုင်ဆိုင်ထားခြင်းက သေမျိုးခန္ဓာကိုယ်တစ်ခုအတွက် တော်တော်လေး အန္တရာယ်များလှသည်။

ယန်ကျုံးမှာ သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ သေမျိုးခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်ထက် ပိုသန်မာသည်ဆိုရုံသာရှိသည်။

သူသည် ခန္ဓာကိုယ်အား သန့်စင်ခြင်း အစစ်အမှန်သိုင်းပညာရှင်တစ်အယောက်ဖြစ် လျှောက်လှမ်းနိုင်ရန်မှာ ဝေးကွာလှသေးသည်။

ဤကဲ့သို့ ဝိညာဉ်အမျိုးအစားမျိုး မဖြစ်မနေရှိနေပြီး သေမျိုး ခန္ဓာကိုယ်၏ အကန့်အသက်ထက်သာလွန်သော သိုင်းပညာရပ်အား အသုံးပြုနေလျှင် ယန်ကျုံး၏ မရီဒီယန်များ ပေါက်ကွဲသကဲ့သို့ဖြစ်ကာ သူ၏ ဒန်တန်ပင် ကွဲကြေ၍ သူ၏ ခန္ဓာကိုယ်လဲ ပေါက်ကွဲထွက်သွားမည်ဖြစ်သည်။

"သေစမ်း"

ရှစ်ဖုန့်က ထိုအရာများအား ဖောက်မြင်နိုင်သောကြောင့်ယန်ကျုံး၏ ဝိညာဉ်မှာ ဒေါသအလွန်ထွက်နေပုံရသည်။

ဒေါသတကြီးကြုံးဝါးသံနှင့်အတူ ယန်ကျုံးက သူ၏ ညာလက်က်ို မြှောက်လိုက်ပြီး ရှစ်ဖုန့်၏ ခေါင်းထက်လေထဲတွင် ဧရာမလက်ဖဝါးကြီးက ချက်ခြင်းပေါ်လာသည်။

၎င်းမှာ အစောပိုင်းက ဓားကြီးထက် သုံးဆလေးဆခန့် ပိုမိုကြီးမားပြီး

ရှစ်ဖုန့်အား သဲကြီးမဲကြီး ရိုက်ချလိုက်သည်။

လက်ဖဝါးအား အကဲဖြတ်ရသလောက်၎င်းက အရာအားလုံးအား အပိုင်းပိုင်းဖြတ်ပစ်မည့်ပုံပေါ်သည်။

"သောက်ချီးပဲ..ထပ်လာပြန်ပီ"

ရှစ်ဖုန့်က ထပ်မံဆဲဆိုလိုက်သည်။သူကသူ၏ ရွေ့လျားမှုပညာရပ်အား ထပ်မံသုံးလိုက်ကာ ညာခြေထောက်အား မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ပြီးနောက်သို့ ခုန်ပျံဆုတ်လိုက်သည်။

သို့သော် ထိုလက်ဖဝါးက ယခင် ဧရာမဓားကြီး မဟုတ်ပေ။

ရှစ်ဖုန့်လှုပ်ရှားလိုက်သော်လည်း လက်ဖဝါးရိုက်ချက်က ရှစ်ဖုန့်အားထပ်မံ၍ ချိန်ရွယ်ထားဆဲဖြစ်ကာ အောက်သို့ဆက်လက်ကျဆင်းလာသည်။

ရှစ်ဖုန့်က သူ၏ လမ်းကြောင်းတွင် ရပ်တန့်လိုက်ပြီး သူ၏ ခေါင်းအားမော့လိုက်သည်။အတွေးတစ်ချက်ဖြင့် မြေပြင်မှ အာဃာတ မြေဆူးချွန်များ ထွက်ပေါ်လာပြီး ဆင်းသက်လာသော လက်ဖဝါးဖြင့် တွေ့ဆုံကြသည်။

"ယင်မိစ္ဆာ"

ရှစ်ဖုန့် ကြုံးဝါးလိုက်သည်။ မြေပြင်မှာ အဖြူရောင်ပုံရိပ်တစ်ခု ပစ်လွှတ်သလိုထွက်လာကာ လေထဲသို့ဦးတည်လိုက်သည်။၎င်းကသူ၏ ညာလက်အားဆုပ်လိုက်ကာ လက်ဖဝါးအား ညာလက်သီးဖြင့် ထိုးချလိုက်၏။

သွေးရောင်ဓားရှည်အား ရှစ်ဖုန့်က လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

"ငရဲဘုံကိုးခု ဓားပညာရပ်"

ဓားရှည်မှာ ကခုန်နေပြီး ဖားလောင်းကဲ့သို့ အဖြူရောင်ရုန်း အများအပြားက ရှစ်ဖုန့်၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝဲပျံနေသည်။ဓားကလျှင်မြန်စွာ ကခုန်နေလေ ရုန်းများက ပိုစုစည်းမိလာလေဖြစ်သည်။

၎င်းတို့က သိပ်သည်းစွာစုပုံလာပြီး ရှစ်ဖုန့်က အော်ပြောလိုက်သည်။

"သွားတော့.."

ရှစ်ဖုန့်က လက်ထဲမှဓားဖြင့် ကောင်းကင်ကိုညွှန်လိုက်ပြီး သိပ်သည်းစွာ စုစည်းနေသော ရုန်းများက တစ်ဟုန်ထိုး သွေးဓားဆီဦးတည်သွားသည်။

မူလကသွေးနီရောင်ဓားမှာ ဖြူဖတ်ဖတ်အဖြူရောင်အဖြစ်သို့ပြောင်းသွားပြီး ရှစ်ဖုန့်၏ လက်ထဲတွင် ဖြူဖတ်ဖတ် အဖြူရောင်အလင်းကိုထုတ်လွှတ်ကာ တုန်ခါနေသည်။

"ဝုန်း..."

ကြမ်းကြုတ်သော မြေဆူးချွန်က လက်ဖဝါးဖြင့် အရင်ထိတွေ့သွားသည်။လက်ဖဝါးနှင့် ထိတွေ့မိသော အခိုက်အတန့်တွင် မြေဆူးချွန်မှာ ချက်ခြင်း ပြိုကွဲသွားသည်။

"ဖန်း.."

ထို့နောက် နောက်မှလိုက်လာသော ယင်မိစ္ဆာက ညာလက်သီးတွင် သူ၏ ခွန်အားအားလုံးအား စုစည်းကာ လက်ဖဝါးအားထိုးချလိုက်သည်။

ယင်မိစ္ဆာ၏ လက်သီးချက်အောက်တွင် လေထဲရှိလက်ဖဝါးပုံရိပ်မှာ လေထဲတွင် တားဆီးလိုက်သည်။

သို့သော် ၎င်းက အသက်ရှူကြိမ် နှစ်ကြိမ်ခန့်သာကြာသည်။

ယင်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ယင်တစ်ကောင်အား ရိုက်ချသကဲ့သို့ ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွား သည်။

ပိတ်ဆို့မှုမှာ ကျိုးပြတ်သွားသော်လည်း လက်ဖဝါး၏ အဟုန်ကတော့ တန့်သွားခြင်းမရှိသေးပေ။၎င်းမှာ ရှစ်ဖုန့်ထဲသို့ ဆက်လက် ကျဆင်းလာသည်။

ထိုအချိန်တွင် ရှစ်ဖုန့်နောက်ဆုံးလှုပ်ရှားလိုက်သည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters