အပိုင်း(၂၆)
Vol. 2 Ch. 26
ပိတ်ဆို့မှုမှာ ကျိုးပြတ်သွားသော်လည်း လက်ဖဝါး၏ အဟုန်ကတော့ တန့်သွားခြင်းမရှိသေးပေ။၎င်းမှာ ရှစ်ဖုန့်ထဲသို့ ဆက်လက် ကျဆင်းလာသည်။
ထိုအချိန်တွင် ရှစ်ဖုန့်နောက်ဆုံးလှုပ်ရှားလိုက်သည်။
သူ၏ ရွေ့လျားမှု နည်းစနစ်အားသုံးလိုက်ပြီး ညာခြေဖြင့် မြေပြင်အား ဆောင့်နင်းလိုက်သည်။ ဤအချိန်တွင် သူနောက်သို့ ခုန်မဆုတ်ခဲ့ပေ။
ထိုအစားသူက အမြှောက်ဆံတစ်ခုကဲ့သို့ လက်ဖဝါးထံသို့ ပစ်ဝင်သွားသည်။
သူ၏လက်ထဲရှိ အနည်းငယ်တုန်ခါနေသော အဖြူရောင်ဓားအား ယင်မိစ္ဆာနှင့် မြေဆူးချွန်တို့ တိုက်ခိုက်ခဲ့သော နေရာထံသို့ ထိုးသွင်းလိုက်သည်။
"ဝုန်း"
မိုးခြိမ်းသော အသံကဲ့သို့ ကောင််းကင်ကြီးမှာ မြည်ဟီးသွား၏။
ရှစ်ဖုန့်၏ လုပ်ဆောင်ချက်မှာ ကြီးမားလွန်းသွားခဲ့ပြီး ရှို့လင်ကျေးရွာ ရှိ ရွာသားအများစု၏ အာရုံအား ဆွဲဆောင်နေနှင့်ပြီးသားဖြစ်နေသည်။
"အဲ့..အဲ့တာကဘာလဲဟ"
အစောပိုင်းကမှ လယ်ထဲမှ ပြန်ရောက်လာသော လူငယ်တစ်ယောက်က မနီးမဝေး ကောင်းကင်ထက်၌ ဖြစ်ပေါ်နေသော ဧရာမလက်ဝါးကြီးအား ကြည့်၍ မှင်တက်နေမိသည်။
လက်ဖဝါးပုံရိပ်မှ ဖိအားအားခံစားလိုက်ရကာ သူ့ကိုယ်သူ သေးကွေးလှသော ပုရွက်ဆိတ်တစ်ကောင်အဖြစ် ခံစားမိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်မဲ့ဖြစ်သွားရသည်။
"ကောင်းကင်ထက်မှာ ပုံရိပ်တစ်ခု ရှိနေတဲ့ပုံပဲ.."
ပေါက်ပြားတစ်ခုအား သယ်ဆောင်လာသော တုတ်ခိုင်သည့် ယောက်ျားတစ်ဦးက ဆူညံပွက်လောရိုက်သံအား ကြားလိုက်ရသောအခါ ထိုဦးတည်ချက်အတိုင်း အပြေးလာခဲ့သည်။
သူသည် လေထဲတွင်ပေါ်နေသော ပုံရိပ်အတိုင်း လိုက်လာသည်။
သို့သော်ထိုပုံရိပ်က လက်ဖဝါးပုံရိပ်ထက် အများကြီးသေးငယ်နေ၏။
"အဲ့လူက.....ရှစ်ဖုန့်မလား"
ရွာသားများက သူတို့၏ ဦးခေါင်းအား ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြပြီး ကောင်းကင်ထက်တွင် လူငယ်လေးတစ်ယောက်က ကြောက်မက်ဖွယ် ဖြူဖျော့ဖျော့ အဖြူရောင်ဓားရှည်အား ကိုင်ကာ၎င်းဓားအား ဧရာမ လက်ဖဝါးပုံရိပ်ကြီးထံသို့ ထိုးသွင်းနေသည်ကို သူတို့တွေ့လိုက်ကြရသည်။
ထိုလူငယ်လေး၏ ဓားချက်အောက်တွင် ပေါက်ကွဲသံတစ်ဖြောင်းဖြောင်းက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေ၏။
ရွာသားများ၏ မျက်လုံးထဲ၌ လူငယ်လေး၏ ဓားချက်အောက်တွင်ညဧရာမလက်ဖဝါးပုံရိပ်ကြီးမှာ တကယ့်ကို ပြိုကွဲလာသည်။ထို့နောက်တွင် ဘာသဲလွန်စမှ ကျန်ရစ်မနေပဲ မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ ဓားတစ်ချောင်းကိုသာ ကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။
သူ၏ ဆံပင်ရှည်တို့က လေထဲတွင် တဖျပ်ဖျပ်လွန့်လူးနေပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်ပင်တူညီနေသည်။
သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လျှင်မြန်စွာ ဆင်းသက်လာသော်လည်း ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ရှို့လင်ရွာသာရွာသားများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ တုန်လှုပ်သွားကြသည်။
"ငါတကယ်ကို အမြင်မမှားခဲ့ဘူးပဲ..အဲ့လူက တကယ်ရှစ်ဖုန့်ဖြစ်နေတာပဲ"
အစောပိုင်းက မြင်ကွင်းကြောင့် တုန်လှုပ်နေသော ရွာသားတစ်ယောက်က ကျယ်လောင်စွာ ထုတ်ဖော်ပြောကြားလိုက်သည်။
"ငါသိနေတယ်..ငါတို့ရွာလေးကို ကျူးကျော်ဝင်ရောက်ပြီးတော့ ငါတို့ရဲ့အိမ်ကို ဖျက်ဆီးပစ်ချင်နေတဲ့ နတ်ဆိုးတွေ ရှိနေတယ်ဆိုတာကို.."
"ရှစ်ဖုန့်က နတ်ဆိုးတွေကို သူကိုယ်တိုင် အနိုင်ယူပြီးတော့ ငါတို့ရဲ့ အိမ်ကိုကာကွယ်ခဲ့တယ်.."
"ထျန်းဟန်တိုက်ကြီးက ထူးဆန်းတဲ့ကမ္ဘာတစ်ခုပဲ.."
"လူတွေကြားထဲမှာ နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေ အများကြီးရှိနေပြီး သူတို့ဟာ သူရဲကောင်းတွေရဲ့ အစစ်အမှန် ဇတ်လမ်းတွေပဲ.."
၎င်းတို့မှာသာမန်ဘဝတွင်သာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အမြဲနေထိုင်ခဲ့သူများ ဖြစ်ကြသောကြောင့် သိုင်းပညာရှင်များကြားရှိ အစစ်အမှန်တိုက်ပွဲအား တစ်ခါမျှ မြင်ဖူးခြင်စ မရှိကြချေ။
သူတို့၏ ရွာအား ဖျက်ဆီးတော့မည့် ရွာအထက်တွင်ပေါ်လာသော အမြင်အားဖြင့် နတ်ဆိုးသဏ္ဍန် ဧရာမလက်ဖဝါးကြီးအား ရှစ်ဖုန့် အနိုင်ယူလိုက်သည်ကို မြင်လိုက်ကြရသောအခါတွင် ပင်ကိုအရ ထိုဒဏ္ဍာရီလာ သူရဲကောင်းများနှင့် နှိုင်းယှဥ်မိသွားကြသည်။
"ရှစ်ဖုန့်က ကောင်းကင်ဘုံ နတ်ဘုရားတမန်တော်ဆိုတာကို ငါသိနေတယ်"
"ကောင်းကင်ဘုံနတ်ဘုရားက သူ့ကို ကြီးမြတ်တဲ့ စွမ်းအားတွေ နှင်းအပ်ပြီးတော့ ငါတို့ရွာလေးကို နတ်ဆိုးတွေရန်ကနေ သူ့ကို ကာကွယ်ခွင့်ပြုလိုက်တာပဲ"
ရွာသားတစ်ယောက်က သူ၏ စိတ်ကူးစိတ်သန်းအား စတင်ပြောဆိုသည်။
"ရှစ်ဖုန့်က အရင်ကနဲ့မတူပဲ ရုတ်တရက်ကွဲပြားလာတာကို မအံ့သြတော့ပါဘူး"
"ရွာရဲ့သန်မာတဲ့သူ ခြောက်ယောက်ကို သူက အားထုတ်စရာတောင်မလိုပဲ ရိုက်နှက်ခဲ့တယ်.."
"ဒီတော့ ဒါက သူ့ကို ကောင်းကင်ဘုံ နတ်ဘုရားက စွမ်းအားတွေ နှင်းအပ်ပေးခဲ့လို့ပေါ့"
တစ်စုံတစ်ယောက်က ထပ်ပေါင်းပြောဆိုသည်။
"ရှစ်ဖုန့်က ကောင်းကင်ဘုံ နတ်ဘုရားရဲ့ တမန်တော်ဆိုရင် မနေ့ညက သူဘာလို့ ငါတို့ရွာက လူတွေကို ရိုက်နှက်ခဲ့ရတာလဲ"
"ရွာခေါင်းဆောင်တောင်မှ သူရ်ိုက်တာကို ခံခဲ့ရတယ်လို့ ငါကြားခဲ့တယ်"
တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
"အဲ့တာက... သူတို့ဟာ တမန်တော်ကို ဆန့်ကျင်စော်ကား ခဲ့ကြလို့ပဲ"
လမ်းလျှောက်လက်ကိုင်တုတ်ဖြင့် လူအိုကြီးတစ်ယောက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူကသူ၏ ခေါင်းအားအနည်းငယ်မော့ကာ ရှစ်ဖုန့်လေထဲတွင် ပေါ်နေသော ဦးတည်ရာသို့ မျက်လုံးအနည်းငယ်မှေး၍ ကြည့်လိုက်သည်။
သူ၏ အမူအယာမှာ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးအား အမှန်အကန် မြင်နိုင်သကဲ့သို့ ဟန်ပန်အပြည့်ဖြင့်ဖြစ်သည်။
"သူတို့က တမန်တော်ကို တစ်စုံတစ်ယောက်ရဲ့ မြင်းကို ခိုးယူတယ်ဆိုပြီး မဟုတ်မမှန် အသရေပျက်စကားတွေပြောဆိုခဲ့တယ်"
"အဲ့တာက တမန်တော်ကို ဆန့်ကျင်စော်ကားတာပဲ"
"ငါမမှားဘူးဆိုရင်....မြင်းကလည်း တမန်တော်ကို ကြီးမြတ်သော နတ်ဘုရားကပဲ အပ်နှင်းထားတာ ဖြစ်ရမယ်"
"အဲ့တာ နတ်ဘုရား မြင်းတစ်ကောင်ပဲ"
"သူတို့က တမန်တော်ကိုတင် စောက်ကားပြောဆိုခဲ့တာမဟုတ်ပဲ.. နတ်ဘုရားရဲ့ မြင်းကိုလည်း ဆန့်ကျင်စော်ကားခဲ့တယ်"
"သူတို့ အပြစ်ပေးခံရတာ ထိုက်တန်ပါတယ်လေ"
ထိုအချိန်တွင် ရွာသားများက သူ့အား ရွာ၏ အစောင့်အရှောက် ကောင်းကင်ဘုံတမန်တော်တစ်ပါးအဖြစ် လေထဲတိုက်ဆောက်ကာ စိတ်ကူးယဥ်နေကြသည်ကိုတော့ သူလုံးဝသတိထားမိခြင်း မရှိပါချေ။
သူမြေပေါ်သို့ ကျရောက်ရောက်ချင်း ယန်ကျုံးတစ်ယောက် ပျောက်ကွယ်သွားပြီးလားဆိုသည်အား ရှာဖွေနေမိသည်။
သို့သော် ၎င်းမှာ ရှစ်ဖုန့်၏ မျှော်လင့်ချက်များလည်းဖြစ်သည်။
သူက သူ၏ ကာယခန္ဓာကိုယ် အကန့်အသတ်ထက် သာလွန်သော သိုင်းပညာရပ်ကို အသုံးပြုခဲ့သည်။
ယန်ကျုံး၏ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသေယ ဝိညာဉ်ထွက်ခွာ မသွားလျှင် ရှစ်ဖုန့်အနေဖြင့် ၎င်းအား ထွက်ခွာသွားရန်အတွက် လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
ခုဏက ငရဲဘုံကိုးခု ဓားပညာရပ်အား သူအသုံးပြုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ရှိ ငရဲဘုံကိုးခု စွမ်းအင်မှာ လုံးဝ ခမ်းခြောက်သွားခဲ့ပြီဖြစ်သည်။
အစောပိုင်းက လေထဲရှိ လက်ဖဝါးပုံရိပ်မှာ ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်၏ စွမ်းအား အပြည့်အဝဖြင့်ညီမျှသည်။
ရှစ်ဖုန့်က ထိုအရာအားတားဆီးရန်အတွက် သခင်နယ်ပယ်တစ်ဦးနှင့် နှိုင်းယှဥ်နိုင်သော သူ၏ ကာယခန္ဓာကိုယ်၊သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံကိုးခု ဓားပညာရပ်တို့အပြင် ယင်မိစ္ဆာ၏ စိတ်ဝိညာဥ်စွမ်းအင်နှင့် မြေစွမ်းအားတို့ကိုပါ အသုံးပြုခဲ့သည်။
တကယ်တမ်းတွင် သူသည်ထိုအရာအား တားဆီးနိုင်ခဲ့ရုံသာဖြစ်သည်။
ယနေ့ရှစ်ဖုန့် မမျှော်လင့်ပဲ ကြုံကြိုက်ခဲ့သော ပုဂ္ဂိုလ်မှာ အစစ်အမှန် ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်ဖြစ်ပြီး ၎င်းထံမှာ တိုက်ခိုက်မှု တစ်ခုအား တားဆီးနိုင်ခဲ့၏။
သို့သော် ထိုသို့တားဆီးချိန်တွင် ငရဲဘုံကိုးခုစွမ်းအင်တို့အားသုံးပစ်လိုက်ရသည်။
သူသာ ကြယ်ခြောက်ပွင့် စိတ်ဝိညာဥ်နယ်ပယ်တစ်ယောက်အား ခွန်အားသက်သက်ဖြင့် ရင်ဆိုင်ခဲ့လျှင် အသတ်ခံရန် စောင့်ဆိုင်းနေရသော သိုးငယ်လေးတစ်ကောင်ကဲ့သို့သာ ဖြစ်သွားမည်ဖြစ်သည်။
အခြားတစ်ဖက်တွင် ယန်ကျုံးမှာ ထွက်ပြေးသွားခဲ့သော်လည်း လီရူကတော့ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
ခုဏက ယန်ကျုံး၏ စွမ်းအားကြီးရောင်ဝါအောက်တွင် လီရူတစ်ယောက် ခုခံနိုင်စွမ်း မရှိခဲ့ပေ။သူမ မြေပြင်ပေါ်တွင် ဒူးထောက်နေကာ မျက်နှာက ဖြူဖျော့နေပီး ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။
"ရှစ်...ရှစ်..ရှစ်ဖုန့်..ငါ့....ငါ့ကို ကယ်.. ကယ်ပါ.."
လီရူက ရှစ်ဖုန့်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး အသနားခံသည်။
သူမ၏ အသံမှာ မရပ်မနားတုန်ယင်နေပြီး သူမကိုယ်သူမ ဘာဖြစ်သွားမှန်းပင် မသိချေ။
သူခန္ဓာကိုယ်သူမ ထိန်းချုပ် မရသည်ကိုသာ ခံစားမိသည်။
"မင်းမကြာခင်သက်သာသွားပါလိမ့်မယ်...အများဆုံးအနာဂတ်မှာ သွက်ချာပါဒ လိုက်သွားရုံလောက်ပါပဲ.."
ရှစ်ဖုန့်က လီရူအား မပြောင်းလဲသော အမူအာယာဖြင့်ကြည့်လိုက်ပြီး အမှုမထားသလိုဆက်ပြောလိုက်သည်။
ရှစ်ဖုန့်အနေဖြင့် ဤမိန်းမအပေါ်တွင် စိတ်ကောင်းအနည်းငယ်မျှ ရှိမနေပါ။သူမက သူ့အား ရင်ဆိုင်ရန် သူမ၏ လူအား ရှာဖွေရဲသည်။အဆုံးသတ်တွင် သူမ၏ လူကြောင့်ပင် ဤကဲ့သို့ အဆုံးသတ်ခဲ့ရသည်။သူမကိုယ်သူမပင် အပြစ်တင်သင့်သည်ဖြစ်သည်။
သူမကို မသတ်ခြင်းကပင် ကောင်းချီးပေးမှုကြီး ဖြစ်နေပီဖြစ်သည်။
သို့သော် ဤကဲ့သို့ မိန်းမမျိုးအား သတ်ဖြတ်လိုက်ခြင်းက ပုရွက်ဆိတ်တစ်ကောင်အား နင်းခြေလိုက်ခြင်းနှင့် ဘာမှ ကွာခြားမှု မရှိပေ။
ရှစ်ဖုန့်သာ သူမကိုသတ်ချင်လျှင် သူ၏ လက်များသာ ညစ်ပေသွားမည်သာဖြစ်သည်။
စကားပြောပီးသည့်နောက် ဘယ်လိုပင် သူမကူကယ်ရာမဲ့ နာကျင်နေသည့်ပုံပေါ်နေပါစေ ရှစ်ဖုန့်ဂရုမစိုက်တော့ပေ။
သူ၏ ခြေတို့ကိုလှမ်းလိုက်ကာ အိမ်ဆီသို့ တည့်တည့်မတ်မတ်သွားလိုက်သည်။
လင်အာက ကြက်ပေါင်ချောင်းစားရန်အတွက် သူပြန်အလာအား စောင့်မျှော်နေတော့မည်ဖြစ်သည်။
လီရူက သူမမြင်ကွင်းမှ နှလုံးသားမဲ့သော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်အား မယုံနိုင်စွာ ကြည့်နေမိသည်။
"ရှစ်...ရှစ်ဖုန့်"
ထိုပုံရိပ်က ဘာကြောင့်သူမအား ထားခဲ့မှန်းလီရူ နားမလည်နိုင်ပေ။
သူ သူမအား ကြိုက်နှစ်သက်သည်ဟု ပြောခဲ့သည်မဟုတ်လော။
ဤအချိန်က ထိုအရာအား အကောင်းဆုံး သက်သေပြရန် အချ်ိန် မဟုတ်ပါလော။
လီရူမှာ ကူကယ်ရာမဲ့မှုနှင့် မလည်မဝယ်ဖြစ်မှုကိုခံစားနေရသည်။
ယန်ကျုံး၏ လှည့်စားမှုကြောင့် သူမက ဤနေရာတွင် သားကောင်ဖြစ်သွားသည်ဟုခံစားနေရသည်။
သူမစောစောက အသံတစ်ခုကြားလိုက်ရသည်။
၎င်းမှာ ခေါင်းတလားထဲဝင်ရန်ခြေတစ်လှမ်းသာလိုတော့သော လူအိုကြီးတစ်ယောက်၏ အသံဖြစ်သည်။
၎င်းမှာ သူမ၏ အလှအပကိုစောင့်ကြည့်ပီး သူမအား ညို့ယူရန် လူငယ်လေးတစ်ယောက်အသွင်ပြောင်းထားသော နတ်ဆိုးတစ်ကောင်ဖြစ်မည်မှာ သေချာသည်ဟု သူမပြောနိုင်၏။
သို့သော် ရှစ်ဖုန့်က နတ်ဆိုးအား.ရှင်းရှင်းလင်းလင်းအနိုင်ယူ၍ သူမအားကယ်တင်ခဲ့သည်။သူမနားမလည်ခြင်းက သူဘာကြောင့် ဒီအတိုင်းထွက်ခွာသွားရပါသနည်း။
သူသာသူမအား ဂရုစိုက်၍ နှစ်သိမ့်မှုပေးလျှင် သူမအနေဖြင့် သူ့ကို အခွင့်အရေးပေးလိမ့်မည်ဖြစ်သည်။
လီရူဘာကြောင့်မှန်းမသိတော့ပေ။
ရှစ်ဖုန့် ယန်ကျုံး၏ လက်သီးအား ဖမ်းဆုပ်သည့် အချိန်မှစ၍ နတ်ဆိုးအားတိုက်ခိုက်ရန် လေထဲသို့ ခုန်သည့်အချိန် ဓားဖြင့် တိုက်ခိုက်သောအချိန် ထိုပုံရိပ်များက သူမစိတ်ထဲတွင် ပြန်လည်ပြသသကဲ့သို့ ပေါ်လာနေပြီး ထိုအရာများအား သူမခေါင်းထဲမှ ထုတ်ရတော့မည်မဟုတ်ပေ။
တဖြည်းဖြည်းနှင့် သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်မနေတော့ပဲ လွတ်လပ်စွာ လှုပ်ရှားလာနိုင်သည်ကို သဘောပေါက်လာသည်။
သူမမြေပြင်ပေါ်မှ ထရပ်လိုက်သော်လည်း ထိုပုံရိပ်ကတော့ စိတ်ထဲမှ ဖျောက်ဖျက်၍ မရပေ။
"ရှစ်ဖုန့်..ငါ..ရှစ်ဖုန့်ကို ရှာရမယ်..."
"ငါသူ့ကို ချစ်မိနေတာကို ငါသိသွားပြီဆိုတာကို ငါသူ့ကိုသွားပြောရမယ်..."
(ဒီအပိုင်းကတကယ်တလွဲပါဗျာ)
ဆက်ရန်....
ဘာသာပြန်သူ-Arise