← Chapters

အပိုင်း(၂၇)

Vol. 2 Ch. 27

အပိုင်း(၂၇)

Vol. 2 Ch. 27

"လင်အာရေ...ကိုကြီးပြန်လာပီ"

အိမ်အတွင်းသို့ မဝင်ခင် ရှစ်ဖုန့်က အပြင်မှ လှမ်းခေါ်လိုက်သည်။တံခါးအားဖွင့်လိုက်သောအခါ အဖြူရောင်ပုံရိပ်တစ်ခုအား ရုတ်တရက်တွေ့လိုက်ရ၏။

မှိန်ဖျော့ဖျော့ အခန်းထဲရှိ ထမင်းစားစားပွဲတွင် အသက်နှစ်ဆယ်ခန့်အရွယ် လူငယ်တစ်ယောက်က ထိုင်နေသည်။

သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယောက်ျားပီသသော ရုပ်ရည်ကိုပိုင်ဆိုင်ထား၏။

သူ၏ လက်ထဲရှိ ခရမ်းရောင် ယက်တောင်အား ညင်သာစွာ ဝေ့ယမ်းကာ သပ်ရပ်ကြော့ရှင်းမှုဟန်ကို ပေါ်လွင်စေသည်။

"ဆရာသခင် နယ်ပယ်အဆင့်"

သူ၏ အိမ်ထဲတွင်ရုတ်တရက် ပေါ်လာသော သိုင်းပညာရှင်လူစိမ်းအား မြင်လိုက်ရသော အခါတွင် ရှစ်ဖုန့်၏ မျက်နှာမှာ ချက်ခြင်း နက်မှောင်သွားသည်။သူက အော်ပြောလိုက်သည်။

"မင်းကဘယ်သူလဲ"

"ဟမ်...ဘာလို့မင်းဖြစ်နေတာလဲ"

အဖြူရောင်ဝတ်ရုံနှင့်လူငယ်မှာလည်း ရှစ်ဖုန့်အား မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

"အကိုကြီး...ပြန်လာပီပဲ"

ထိုအချိန်တွင် ထောင့်ဖက်ဆီမှ ရှစ်လင်၏ နူးညံ့သော အသံလေးထွက်ပေါ်လာသည်။

ရှစ်ဖုန့်လှည့်ကြည့်လိုက်သော အခါ အသေးလေးက မီးဖိုချောင်ထဲမှ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။

သူမ၏ ချစ်စရာ မျက်နှာဝိုင်းလေးတွင် ချွေးတို့ပင်စို့နေသည်။

ရှစ်ဖုန့် ရှစ်လင်၏ စိတ်ဝိညာဉ်အား အထက်အောက် ဂရုတစိုက် စစ်ဆေးလိုက်သည်။ ရှစ်လင် လုံးဝအဆင်ပြေသည်အား အတည်ပြုပီးမှ ပန်းယောင်ယက်တောင်ကို ဝေ့ယမ်းနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်အား လှည့်ကြည့်၍ ထပ်မံမေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

ထိုလူဘာမှမပြောနိုင်ခင်မှာပင် ရှစ်လင်က ပြောလိုက်သည်။

"ကိုကြီး...ဒါက ကိုကြီးလုံချန်တဲ့...ကိုကြီးဘာလို့သူ့ကို ပြင်းပြင်းထန်ထန်ကြီးဖြစ်နေရတာလဲ"

"လုံချန်..ဟုတ်လား.."

ရှစ်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ အဝတ်အစားများအား အကဲဖြတ်ရသလောက် ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ သားတစ်ယောက် နှင့် ပိုတူသည်။

သူ၏ အမြင်တွင် သူ့မိသားစုက ဤကဲဲ့သို့ ပုဂ္ဂိုလ်မျိုးနဲ့ အပြန်အလှန် အတုံ့အလှည့်မျ်ိုး မရှိဖူးပေ။

"ကိုကြီး.."

ရှစ်လင်ကထပ်မံ၍ ခေါ်လိုက်ပြန်သည်။

"ဒီနေ့ လင်အာလေ အဝတ်တွေကို လျှောဖို့အတွက် စမ်းချောင်ဆီကိုသွားခဲ့တယ်"

"အဲ့မှာ.. ရုတ်တရက် တောထဲကနေ ခွေးနက်ကြီးတစ်ကောင် ခုန်ထွက်လာပါလေရော"

"အကိုကြီး လုံချန်သာ အချိန်မှီပေါ်လာပြီးတော့ လင်အာကို မကယ်ခဲ့ရင်...လင်အာလေ ခွေးနက်ကြီး စားတာကို ခံနေရလောက်ပြီ"

အသေးလေးမှာ စကားလည်းပြောရင် အကြောက်မပြေသေးသည့် ပုံစံလေးဖြစ်နေသည်။

အသေးလေးမှာ သူမ၏ ရင်ဘက်အား ညင်သာစွာ ခပ်ဖွဖွလေး ပုတ်လိုက်၏။

သူမက ထိုနည်းလမ်းကို အသုံးပြု၍ သူမ၏ ထိန့်လန့်နေမှုအားရပ်တန့်ချင်ပုံရသည်။

သူမ၏ သေးငယ်သော အသွင်အပြင်က တစ်ခြားသူအား ငိုရခက် ရယ်ရခက်ပင်ဖြစ်စေသည်။

"ဟားဟား.."

လုံချန်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ကာ ထရပ်လိုက်သည်။

သူက ရှစ်ဖုန့်အားကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"ဒီက လုံချန်လို့ခေါ်ပါတယ်...ငါက ယွင်လိုင်အင်ပါယာရဲ့ နယ်စပ်ကို အပန်းဖြေ လမ်းလျှောက်ထွက်လာတာပါ.."

"ဒီနေ့..ညီလေးက စန်းယွဲ့မြို့ပေါ်မှာ ဟိုင်ကလန်ကို မင်းရဲ့သာလွန်တဲ့အကြွင်းမဲ့ပညာရပ်ကို သုံးပြီး တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ကာ ဟိုင်ပါထျန်းကို သတ်ခဲ့တာကိုတွေ့ခဲ့ရတယ်"

"အဲ့ အချိန်တုံးက ဒီလူဟာ ညီလေးကို နှစ်ထောင်းအားရမှုတွေဖြစ်မိတယ်"

"စန်းယွဲ့မြို့မှာ လှည့်လည်နေတုံး ဒီလူကယ်တင်ခဲ့တဲ့ချစ်စရာ လင်အာလေးက ညီလေးရဲ့ ညီမလေးဖြစ်နေမယ်တော့ ငါလုံးဝကို မမျှော်လင့်ထားမိခဲ့ဘူး"

"အိုး..ဘယ်လိုတောင်..တိုက်ဆိုင်မှုလဲ"

ရှစ်ဖုန့်က လုံချန်အား ခြားနားမှု မရှိပဲဲပြောလိုက်သည်။

လုံချန်က ရှစ်ဖုန့်၏ အေးစက်စက် သဘောထားအား စိတ်ထဲထားပုံ မရပေ။သူကညင်သာစွာ ပြုံး၍ ဆက်ပြောလိုက်သည်။

"ဟားဟား ညီလေးရှစ်ဖုန့်နဲ့ငါက တကယ့်ကို ကံစပ်နေတဲ့ပုံပဲ"

ရှစ်ဖုန့်က လုံချန်အား ဆက်လက်အာရုံစိုက်ခြင်းမရှိပေ။သူက ရှစ်လင်ဆီ လျှောက်သွားကာ မေးလိုက်သည်။

"လင်အာ..အမေနိုးလာပြီလား"

ရှစ်လင်ကခေါင်းခါပြလိုက်သည်။ ထို့နောက်ချက်ခြင် သူမ၏ အမူအယာက နက်မှောင်သွားကာ နှုတ်ခမ်းလေးစူပြီး မေးလိုက်၏။

"ဟင့်အင်း...ကိုကြီး...ကိုကြီးထင်နေတာ အမေက..."

"အဲ့လိုဖြစ်မှာမဟုတ်ဖူး"

ရှစ်ဖုန့်က သူမ၏ ခေါင်းလေးအား ညင်သာစွာပုတ်လိုက်သည်။

ထို့နောက်လုံချန်အား တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်ပြီး အိပ်ယာထက်တွင်လဲလျောင်းနေသော ပုယွဲ့ထံ လျှောက်သွားလိုက်သည်။

ပုယွဲ့မှာ သတိလစ်နေဆဲဖြစ်သည်။

ရှစ်ဖုန့်က သူမအား ဂရုတစိုက်စစ်ဆေးလိုက်ပြီးနောက် သူမ၏အခြေအနေမှာ အရမ်းတည်ငြိမ်နေသည်ကို သဘောပေါက်လိုက်သည်။

သူမနိုးမလာသေးသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမ၏ နှလုံသားသေဆုံးသွားရသောကြောင့်ဖြစ်သည်။သူမ၏ ရှင်သန်နေထိုင်မှု မျှော်လင့်ချက်တ်ို့အား ဆုံးရှုံးလိုက်ရကာ ပြန်လည်နိုးထရန်အတွက် ဆန္ဒ မရှိနေခြင်းဖြစ်သည်။

ဆယ့်ငါးနှစ်တိုင် မျှော်လင့်ချက် မျှော်မှန်းချက်တို့ဖြင့် စောင့်စားနေခဲ့သော်လည်း အဆုံးသတ်တွင် နှလုံးသားမရှိသည့်သူမှာ ရောက်လာပြီး အကြင်နာမဲ့ ကွာရှင်းစာတစ်စောင်ကိုသာ ပေးခဲ့သည်။

ဒေါသတကြီးဖြင့် ရုတ်ချည်းလှည့်ကာ သူ၏နောက်တွင် ရှိနေသော လုံချန်အား ရှစ်ဖုန့်အော်ပြောလိုက်သည်။

"လုံချန်..မင်း..ရှစ်ကျင်းထျန်းလို့ခေါ်တဲ့ ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူကိုသိလား."

ရှစ်ဖုန့်၏ လေသံက အစေခံတစ်ယောက်အား မေးမြန်းနေသည်နှင့်တူညီသည်။

"ရှစ်ကျင်းထျန်းလား."

"ဧကရာဇ်ရဲ့ သားမက်တော် ....တောင်ပိုင်းလက်အောက်ခံ ရဲ့ ဗိုလ်ချုပ်...ရှစ်ကျင်းထျန်း.."

လုံချန်က ထိုစကားလုံးတို့အား ရှေ့နောက်စဥ်းစားကာ အနည်းငယ်မျှ တွန့်ဆုတ်နေခြင်း မရှိပဲပြောလိုက်သည်။

ထိုစကားများအား သူပြောပြီးသည့်နောက် သူတစ်ခုခုမှားယွင်းနေသည်အား ချက်ခြင်း သဘောပေါက်လိုက်သည်။

ရှစ်ဖုန့်၏ သဘောထားမှာ တစ်စုံတစ်ယောက်အား စစ်မေးနေသကဲ့သို့ ဖြစ်နေသည်မှာ ရှင်းလင်းသည်။

သူ၏လေသံက တစ်စုံတစ်ယော်က အပြစ်ဖော်ဆုံးမသကဲ့သို့ လေသံမျိုးဖြစ်သည်။

ငယ်ငယ်လေးထဲက သူ့၏ အဖေမှလွဲ၍ သူ့အား မည်သူကဤကဲ့သို့ အသံကျယ်ကျယ်ဖြင့်ပြောရဲပါသနည်း။ မည်သူကများ သူ့ကိုမလေးမစား ပြုမူရဲပါသနည်း။

အစောပိုင်းက ရှစ်ဖုန့်၏ ခန္ဓာကိုယ်ဆီမှ သာလွန်သော ဖိအားတစ်ခုအား လုံချန် အမှန်တကယ်ခံစားလိုက်ရသည်။

ထိုအချိန်တွင် အလိုအလျောက် သူ့ကိုယ်သူနှိမ့်ချကာ ရှစ်ဖုန့်၏ မေးခွန်းအား ဖြေကြားမိလိုက်၏။သူ့၏ အဖေအား ပြန်လည်ဖြေကြားရသည်ထက်ပင် ပို၍ အလိုအလျောက်သဘာဝဆန်လွန်းသည်ဟုပင် သူခံစားမိသည်။

"ငါက...သူရဲ့ထောက်ခံမှု သဘောထားကို လိုချင်စိတ် အရမ်းထက်သန်နေလို့များ ဖြစ်နိုင်မလား"

"အနာဂတ် ပလ္လင်အတွက် သူ့ရဲ့အကူအညီကို အရမ်းများ လိုချင်စိတ်ထက်သန်နေလို့များလား"

"အဲ့တာကြောင့်များ အစော ပိုင်းကငါ နားလည်မှုလွဲသွားခဲ့တာလား"

လုံချန်က သူ့ခံစားချက်အား အလိုအလျောက်နားလည်မှု လွဲသွားခြင်းဟု မှတ်ယူလိုက်သည်။

"ဟားဟားဟား..ယွင်လိုင် အင်ပါယာမှာ ဧကရာဇ်ရဲ့ သားမက်တဲလား"

"ဟားဟားဟား..ဧကရာဇ်ရဲ့ သားမက်..ဧကရာဇ်ရဲ့သားမက်.."

ရှစ်ဖုန့်က သူ၏ ခေါင်းအားမော့ကာ အကျယ်ကြီးအော်ရယ်လိုက်သည်။

သူ၏ သတိလစ်နေသော အမေအားကြည့်ကာ သူ့အမေနှစ်ပေါင်းများစွာခံစားခဲ့ရသော ဒုက္ခများ နာကျင်မှုများ ပြဿနာများ နားကြည်းချက်များအား တွေးမိလိုက်ပြီး မျက်ရည်များပင်ကျလာခဲ့သည်။

သူသည် ငရဲဘုံကိုးခုဧကရာဇ်၏ မှတ်ဉာဏ်များဖြင့် နိုးထခဲ့သော်လည်း ယခုဘဝ၏ မှတ်ဉာဏ်များလည်း ကျန်ရှိနေသေးသည်။

ဤဘဝတွင် သူ၏ အမေက သူ့အား ဆယ်လကိုယ်ဝန်ဆောင်၍ မွေးဖွားပေးခဲ့ပြီး သူ့အားဒုက္ခသုက္ခခံကာ ပျိုးထောင်ပေးခဲ့သည်။သူမ၏ ကျေးဇူးတရားများက မိုးကောင်းကင်ထက်ပင် ကြီးမားလှပေသည်။

ရှစ်ကျင်းထျန်းသူအား ရိုက်လိုက်ချိန်တွင် သူ့အမေက သူမ၏ အားနည်းသော ခန္ဓာကိုယ်အား အသုံးပြု၍ တိုက်ခိုက်မှုအား ရပ်တည်ခုခံပေးခဲ့သည်။

"ကိုကြီး..ဘာဖြစ်တာလဲ..ညီမလေးကို မလှန့်ပါနဲ့.."

လင်အာလေးက ရှစ်ဖုန့်အား စိုးရိမ်တကြီး စိုက်ကြည့်နေသည်။

လုံချန်က ရူးသွပ်သွားပုံရကာ ရယ်မောနေသော ရှစ်ဖုန့်အားကြည့်လိုက်ပြီးနောက် အိပ်ယာပေါ်တွင် လဲလျောင်းနေသော သတိလစ်နေသည့် အမျိုးသမီးအား ကြည့်လိုက်သည်။

သူ၏စိတ်အား အပြေးအလွှားအလုပ်ပေးလိုက်ကာ ရှစ်ကျင်းထျန်းနှင့် ဤလူငယ်လေးကြားရှိ ဆက်ဆံရေးအား အနည်းငယ် မှန်းဆလိုက်သည်။

ဤလူငယ်လေး၏ ထောက်ခံမှု သဘောထားအားရရှိရန် အခွင့်အရေးတစ်ခု ရောက်လာပီဟု သူခံစားရသည်။

စကားပြောပီးသောအခု ရှစ်ဖုန့်က ရယ်နေရာမှရုတ်တရက် ရပ်တန့်လိုက်သည်။

ရှစ်ဖုန့်က သူ့အား မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို လုံချန်တွေ့လိုက်သည်။

သူ၏ ထက်ရှသော အကြည့်အောက်တွင် ရှစ်ဖုန့်က သူ၏ တစ်ကိုယ်လုံးအား ထွင်းဖောက်မြင်နိုင်သည်ဟုပင် လုံချန်ခံစားရသည်။

သူ၏ ဆံပင်များပင် ထောင်မတ်သွားသကဲ့သို့ခံစားရသည်။

"မင်းက..တော်ဝင်မိသားစု လုံမိသားစုက လူတစ်ယောက်မလား"

ရှစ်ဖုန့်က ရုတ်ချည်းလုံချန်၏ သရုပ်မှန်ကို ထုတ်ပြောလိုက်သည်။

"အာ.."

လုံချန်မှင်တပ်မိသွားကာ မသိမသာ ခေါင်းငြိမ့်လိုက်သည်။

"မင်းဒီကိုလာပြီးတော့..ငါ့ကိုရှာရတဲ့ ရည်ရွယ်ချက်ကဘာလဲ.."

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

ထို့နောက်သူက ဘေးတွင် ရပ်နေသော ရှစ်လင်အား ကြည့်လိုက်ကာ

လုံချန်အား လှည့်၍ ပြောလိုက်သည်။

"အရင်ဆုံး..မင်းရဲ့ မဖြစ်စလောက်အတွေးလေးတွေကို ဘေးက်ိုဖယ်ထားလိုက်..ဒီနေ့က်ိစ္စသာ လင်အာရဲ့ နှလုံးသားထဲ အရိပ်တစ်ခု အဖြစ်ကျန်ရစ်နေသေးရင်..ငါမင်းရဲ့ လုံမိသားစု တစ်ခုလုံးကို သေချာပေါက် သတ်ပစ်မယ်"

မာနကြီးခြင်း၊အထက်စီးဆန်ခြင်း၊ကြီးစိုးခြင်း..

ယွင်လိုင်အင်ပါယာ၏ နယ်နိမိတ်အတွင်းတွင် မည်သူကမျှ ဤကဲ့သ််ို့ ဆိုးဝါးသောစကားလုံးများအားပြောဆိုရဲခြင်း မရှိပေ။ယွင်လိုင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော ကောင်းကင်ဘုံလေ ဂိုဏ်းပင် ထိုကဲ့သို့ အထက်စီးဆန်သော စကားလုံးတို့အား မပြောရဲပေ။

ဘဝနှစ်ခုတွင် နေထိုင်ခဲ့သော ရှစ်ဖုန့်အဖို့ ခွေးနက်ကြီး သို့မဟုတ် တစ်စုံတစ်ယောက်က ကယ်ဆယ်ခြင်းမှာ ဘာမှမဟုတ်သည်က်ို ရှစ်ဖုန့်သိသည်။

ထိုအရာအားလုံးက လုံချန်၏ သရုပ်ဆောင်မှုများသာ ဖြစ်သည်။

လုံချန်မှာ ရှစ်ဖုန့်၏ စကားတို့အား တကယ်ယုံကြည်သည်။

အဘယ့်ကြောင့်ဆိုသော် ဤလူငယ်လေးမှာ ငရဲဘုံကိုးခုဧကရာဇ်၏ အမွေအနှစ်အား အမွေဆက်ခံထား၏။

သူ၏ ဆရာမှာ ငရဲဘုံကိုးခုဧကရာဇ်၏ တည့် နှောင်ကြိုးမဲ့ဧကရာဇ်ဖြစ်ပြီး ၎င်းက သူ၏ လုံမိသားစု သို့မဟုတ် ယွင်လိုင် အင်ပါယာ တစ်ခုလုံးအား သူ၏ လက်တစ်ချောင်းလှုပ်ရုံဖြင့် သုတ်သင်ပစ်နိုင်သည်။

ရှစ်ဖုန့်၏ စိုက်ကြည့်မှုမှတစ်ဆင့် လုံချန်မှာ သူ၏ အကြံအစည်များသည် ဤလူငယ်လေး၏ အောက်တွင် ကျရှုံးသွားရပြီဖြစ်သည်အား သိလိုက်၏။

သူက ခါးသီးစွာပြုံး၍ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက ငါ့အမှားတွေပါ..ဒါပေမဲ့ မလိုမုန်းထားတဲ့ ရည်ရွယ်ချက်မျိုးတော့ တကယ် မရှိခဲ့ပါဘူး.."

လုံချန်ကဆက်ပြောချင်သော်လည်း ရှစ်ဖုန့်၏ လက်ဝေ့ယမ်းကာ ကြားဖြတ်ဟန့်တားမှုအား ခံလိုက်ရသည်။

စိတ်မရှည်သော အမူအယာဖြင့် ရှစ်ဖုန့်က ပြောလိုက်သည်။

"မင်းငါ့ကို ဘာလို့ လာရှာတာလဲသာပြော..မင်းငါ့ကိုကို ဘာလုပ်ပေးစေချင်လို့လဲ.."

"အာ..ငါ့ကို. ..ပလ္လင်အတွက် တိုက်ခိုက်ရာမှာ ကူညီပေးပါ.."

လုံချန်ဂရုတစိုက်ပြောလိုက်သည်။ထိုသို့ပြောလိုက်ပြီးနောက် ရှစ်ဖုန့်၏ အမူအယာ ပြောင်းလဲမှုတို့အား ဂရုတစိုက် ကြည့်ရှုလိုက်၏။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters