← Chapters

အပိုင်း(၂၈)

Vol. 2 Ch. 28

အပိုင်း(၂၈)

Vol. 2 Ch. 28

"အာ..ငါ့ကို. ..ပလ္လင်အတွက် တိုက်ခိုက်ရာမှာ ကူညီပေးပါ.."

လုံချန်ဂရုတစိုက်ပြောလိုက်သည်။ထိုသို့ပြောလိုက်ပြီးနောက် ရှစ်ဖုန့်၏ အမူအယာ ပြောင်းလဲမှုတို့အား ဂရုတစိုက် ကြည့်ရှုလိုက်၏။

"ကောင်းပြီ"

ထိုအရာအား ကြားလိုက်ရသော အခါ ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲသွားချင်း မရှိပေ။ အလွယ်တကူပင် သဘောတူလိုက်သေးသည်။

"အာ..တကယ်လား."

ရှစ်ဖုန့်က စဥ်းပင်မစဥ်းစားပဲ သဘောတူလိုက်သော အခါ လုံချန်မှာ ယုံကြည်ရန်ခက်ခဲနေသည်။

ရှစ်ဖုန့်၏ သရုပ်မှန်ကိုပင် သူစတင်၍ သံသယဝင်လာသည်။

ဤ ပုဂ္ဂိုလ်က တကယ်ရော ငရဲဘုံကိုးခု ဧကရာဇ်၏ အမွေအား ဆက်ခံထားတာ ဟုတ်ပါရဲ့လား။

သူ၏ဆရာဖြစ်သူက တကယ်ရော နှောက်ကြိုးမဲ့/ကြောင့်ကြမဲ့ ဧကရာဇ် မိုရှောင်ယောင် ဟုတ်ပါရဲ့လော။

ထိုအရာကား လူသားတို့၏ သဘာဝသာဖြစ်သည်။ သင်ပ်ိုပြီးရိုးဖြောင့်စွာဖြင့် တဲ့တိုးဆန်လေ တစ်ခြားသောသူများက သင့်အား မယုံကြည်ရန် ပိုပြီးလွယ်ကူလေ ဖြစ်သည်။

လုံချန်၏ အတွေးအရတော့ ရှစ်ဖုန့်အနေဖြင့် အချိန်ခဏခန့်ယူပီးတော့ ကြေးစားတစ်ယောက်ရဲ့ ဝန်များ ၊ ကလိန်ကျမကျ၊ သူရနိုင်သော အကျိုးအမြတ်များ စသည်တို့အား ကြည့်ရှုစဥ်းစားပြီးဆုံးဖြတ်သင့်သည်ဟုထင်သည်။

"ငါသဘောတူပြီး ဖြစ်တာကြောင့် ငါကမင်းကို ပင်ကိုအားဖြင့် ကူညီမယ်..ဒါပေမဲ့ အနာဂတ်မှာ ငါ့အတွက် ကျင့်ကြံမှု အရင်းအမြစ်တွေအားလုံးကို..မင်းထောက်ပံ့ပေးရမယ်..ငါဘာပဲလိုချင်ချင် မင်းငါ့အတွက် ရှာပေးရမယ်.."

ရှစ်ဖုန့်က ပြောလိုက်သည်။

တကယ်တော့ ဘာအခြေအနေမှ ရှိနေခြင်း မရှိပဲ လုံချန်အား ကူညီရလောက်အထိ ရှစ်ဖုန့် အရူးတစ်ယောက်မဟုတ်ပေ။

ယခုအချိန်တွင် သူ၏ ခွန်အားမှ နိမ့်ပါးနေသည်။သူ့တွင် ကျင့်ကြံခြင်း အရင်းအမြစ် အများအပြား ချို့တဲ့လျက်ရှိသည်။

သူ၏ ယခင်ဘဝ၌ သိုင်းပညာလမ်းစဥ်၊ ကာယခန္ဓာကိုယ်နှင့် ဝိညာဉ်တို့အား ကျင့်ကြံခဲ့ခြင်းကို လူတိုင်းသိကြသည်။

တစ်စုံတစ်ခု အောင်မြင်အောင် စွမ်းဆောင်ရန်ပင် သူ့အတွက် အရင်းအမြစ်ပမာဏ တော်တော်များများ လိုအပ်လိမ့်မည်ဖြစ်သည်။

တကယ်တော့ ဤကဲ့သို့ သေးငယ်လှသော အင်ပါယာမျိုးတွင် ရရှိနိုင်သော အရင်းအမြစ်များမှာ အကန့်အသတ်ဖြင့် ရှိသည်ကို ရှစ်ဖုန့်သိသည်။

သို့သော် တက်နိုင်သလောက်တော့ သူ လုယက်အေးဓားပြတိုက်ယူ ရမည်ဖြစ်၏။

ရှစ်ဖုန့်၏ တောင်းဆိုချက်အားကြားလိုက်ပြီးနောက် ဤသည်ကမှ ကျိုးကြောင်းညီသည်ဟု လုံချန်ခံစားရသည်။

ထိုသို့မဟုတ်ပဲ ရှစ်ဖုန့်ကသာ ဘာအခြေအနေမှမပါပဲ လွယ်လင့်တကူ လက်သင့်ခံခဲ့လျှင် ထိုအရာက တစ်စုံတစ်ခုတော့ မှားယွင်းနေလိမ့်မည်ဖြစ်သည်။

"ကောင်းတယ်..ငါမင်းကျေနပ်အောင် အကောင်းဆုံးလုပ်ဆောင် ပေးမယ်.."

"ဒါပေမဲ့..အဲ့တာက ငါလုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအတွင်းက ဟာပဲ ဖြစ်ရမယ်"

"အကယ်၍ မင်းက အဆင့်ရှစ် နဲ့အဆင့်ကိုး ဆေးအမယ်တွေ အံ့ဖွယ်လက်နက်တွေကို လိုချင်တာဆိုရင်တော့ ယွင်လိုင်အင်ပါယာတစ်ခုလုံး မင်းလိုက်ရှာရင်တောင် မင်းရှာတွေ့မှာ မဟုတ်ဖူး.."

လုံချန်က ပြောလိုက်သည်။

"နားလည်ပြီ"

ရှစ်ဖုန့်ကပြောလိုက်သည်။ ခဏရပ်ပြီးနောက် သူကဆက်ပြော လိုက်သည်။

"ဒီည မြေဆွဲအား ၅၀ဆပါတဲ့ မြေဆွဲအားအခန်းကို ပြင်ဆင်ထားပေး

..ပီးတော့ ရှစ်ကျင်းထျန်းရဲ့ အချက်အလက်တွေကိုပါ ငါ့အတွက်စုစည်းပီး ကူးယူလာပေး"

"မြေဆွဲအား အဆငါးဆယ်"

လုံချန် အထိန့်တလန့် ထအော်လိုက်သည်။

"ဒါ..ဒါက မြေဆွဲအား အဆငါးဆယ်လေ..အဲ့တာကို ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင် အနည်းဆုံး ကြယ်ကိုးပွင်းအထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက် ဖြစ်နေဖို့လိုအပ်တယ်.."

သူ့ရှေ့ရှိလူငယ်လေးမှာ အရမ်းစိတ်ကြီးဝင်လွန်းသည်ဟု လုံချန်ခံစားမိသည်။

သူသည် စိတ်ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည့် ဟိုင်ပါထျန်းအား သတ်ခဲ့နိုင်ခဲ့သော်လည်း ယင်းမှာ ငရဲဘုံကိုးခုဧကရာဇ်၏ စွမ်းအားကြီးသိုင်းပညာရပ်အား အသုံးပြုခဲ့သောကြောင့်သာ ဖြစ်သည်။

သူ၏ ဆရာနလန်ယွမ်ပြေချက်အရတော့ ရှစ်ဖုန့်မှာ ကြယ်နှစ်ပွင့် စစ်သည်တော်နယ်ပယ်သာ ရှိသေးသည်ဟုသိရသည်။

သိုင်းပညာရပ်များမှာ အလွန်သိမ်မွေ့လှပြီး စွမ်းအားကြီးလှသည်။

ထို့ကြောင့် မြေဆွဲအား အခန်းထဲတွင် ကျင့်ကြံခြင်းက အချဉ်းနှီးသာဖြစ်၏။

သူ၏ ကြယ်နှစ်ပွင့် စစ်သည်တော် နယ်ပယ်ခန္ဓာကိုယ်ဖြင့်ဆိုလျှင် မြေဆွဲအား အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ နင်းခြေခံရသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။

ရှစ်ဖုန့်မှာ စန်းယွဲ့မြို့အနီး ရွာငယ်လေးတွင်မွေးဖွားလာခဲ့သောကြောင့် မြေဆွဲအားအခန်းထဲ၌ ဝင်ရောက်ကာ ကျင့်ကြံခြင်းအား တစ်ခါမှ မလုပ်ဖူးလောက်သည်ဟု လုံချန်ခံစားရသည်။

မြေဆွဲအားအခန်း၏ အဆငါးဆယ်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်အား သူမသိတာဖြစ်ရမည်ဖြစ်သည်။

"ပြဿနာရှိလို့လား"

ရှစ်ဖုန့်က မကျေမနပ်အနည်းငယ်ဖြစ်သွားသော မျက်နှာထားနှင့် မေးလိုက်သည်။

"အဲ့အတွက် ပြဿနာက မရှိပါဘူး..မင်းအတွက် မြေဆွဲအား ငါးဆယ်ဆ ပါတဲ့အခန်းကို ပြင်ဆင်ပေးစေချင်တာ တကယ်သေချာလား"

လုံချန်က ထပ်မံ၍ အတည်ပြုရန် မေးလိုက်သည်။

"ငါပြောရင် ပြောတဲ့အတိုင်းသာ လုပ်လိုက်..အနာဂတ်မှာလည်း ဒီအတိုင်းပဲ...မလိုအပ်တဲ့အရာတွေ ငါ့ကိုလာမေးမနေနဲ့.."

ရှစ်ဖုန့်က လက်အောက်ငယ်သားအား ဒေါသထွက်စွာပြောဆိုသကဲ့သို့ မကျေနပ်သည့်အမူအယာဖြင့် ပြောလိုက်သည်။

ရှစ်ဖုန့်၏ ယနေ့အပြုအမူနှင့် စကားလုံးတို့အား လုံချန်၏ ဝမ်းအတွင်း ဒေါသတို့နှင့်ပင်ပြည့်နှက်နေစေသည်။

သူသာ ငရဲဘုံကိုးခု ဧကရာဇ်ဆီမှ ဂိုဏ်းအမွေအနှစ်အား ဆက်ခံမထားလျှင် သူကဲ့သို့ ယွင်လိုင်အင်ပါယာ၏ မင်းသားတစ်ပါးအား အရပ်သားတစ်ယောက်ကဲ့သို့ ပြောဆိုရဲမှုအတွက် မြင်းငါးကောင်ဖြင့်ဆွဲ၍ အပိုင်းပိုင်းဖြတ်ပစ်ပြီးသည်မှာ ကြာပီဖြစ်သည်။

သူဤလူငယ်လေးနှင့် စကားပြောလိုက်တိုင်း ပြုသမျှနုခံနေရသည်ဟု လုံချန်သဘောပေါက်လိုက်မိသည်။

ကြီးမားသော အရာအား ရရှိအောင်မြင်စေရန်အတွက် လုံချန်က သူ၏ ဒေါသတရားတို့အား နှလုံးသားထဲတွင်သာ ဖိသိပ် လိုက်ပြီး ရှစ်ဖုန့်အား ပြောလိုက်သည်။

"ခြောက်နာရီအတွင်း မင်းအတွက် မြေဆွဲအားအခန်းကို သေချာပေါက် ပြင်ဆင်ထားပီးစေရမယ်...တစ်ချိန်တည်းမှာပဲ..ရှစ်ကျင်းထန်းရဲ့ အချက်အလက်တွေကိုလည်း ငါမင်းဆီကို ပို့ပေးမယ်"

"ငါမင်းကို အသိပေးစရာ နောက်တစ်ခုရှိသေးတယ်"

"ကောင်းကင်ဘုံ လေဂိုဏ်းရဲ့ အဆင့်နှစ် သန့်စင်ပညာရှင် မင်အန်းရဲ့ သေဆုံးမှုကို ကောင်းကင်ဘုံလေဂိုဏ်းက သိသွားပြီ"

"ကောင်းကင်ဘုံလေ ဂိုဏ်းက စန်းယွဲ့မြို့ဆီ ယင်ယန် တမန်တော်တွေကို စေလွှတ်ခဲ့တယ်လို့ ငါသတင်းရထားတယ်"

"သူတို့တွေ နှစ်ရက်အတွင်း ရောက်လာကြလိမ့်မယ်"

"သူတို့ရဲ့ ကျင့်ကြံမှု နယ်ပယ်အဆင့်က ဘယ်လောက်လဲ"

ရှစ်ဖုန့်က မေးလိုက်သည်။

"စိတ်ဝိညာဥ်နယ်ပယ် အထွတ်အထိပ် နှစ်ယောက်"

"သူတို့က ဘုရင်နယ်ပယ်ကို ဝင်ရောက်ဖို့အတွက် ခြေတစ်လှမ်းစာပဲ လို့တော့တယ်"

လုံချန်က ပြန်လည်ဖြေလိုက်သည်။

ရှစ်ဖုန့်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လုံချန်၏ မေးရိုးပင် ပြုတ်ကျစေနိုင်လောက်သော တစ်စုံတစ်ခုအား သူပြောလိုက်၏။

"အဲ့လိုဆိုရင် ငါ့အတွက် မြေဆွဲအား အခန်းကို ငါးဆထပ်တိုးပေး..ငါးဆယ့်ငါးဆ ပြောင်းလိုက်"

"မင်း...မင်းတကယ်ပဲ ထပ်ပီး အသက်မရှင်ချင်တော့တာလား"

"အရမ်းကောင်းတယ်..ငါသွားပြီး တစ်ယောက်ယောက်ကို အခုပဲ စီစဥ်ခိုင်းလိုက်မယ်"

ဤတစ်ကြိမ်တွင် လုံချန်က ရှစ်ဖုန့်အား သာမန်လူတန်းစားတစ်ယောက်ကဲ့သို့ တမင်တကာပြောလိုက်သည်။

ငါးဆယ့်ငါးဆ မြေဆွဲအား အခန်းတွင်းသို့ ဝင်ပြီးနောက် ဖြစ်လာမည့် ရှစ်ဖုန့်၏ မျက်နှာထက်ရှိ နောင်တရမှု၊ စိတ်ပျက်မှု၊ ကူကယ်ရာမဲမှု အမူအယာများကိုပင် သူမြင်တွေ့ချင်လာ၏။

"အိုး.ဟုတ်သား.."

သူထွက်သွားကာနီးတွင် မေးခွန်းတစ်ခုအား မေးရန်သူ ရုတ်တရက်မေးမိလိုက်သည်။

သူကရပ်လိုက်ကာ လှည့်၍ ရှစ်ဖုန့်အား မေးလိုက်သည်။

"မင်းနဲ့ဧကရာဇ် ရှောင်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးလဲ"

နှောင်ကြိုးမဲ့ ဧကရာဇ် မိုရှောင်ယောင်၏ ဘွဲ့နာမအား တစ်စုံတစ်ယောက်မှ ခေါ်သည်ကို ကြားလိုက်ရသောအခါတွင် သူ၏ နှလုံးသားထဲ၌ ရင်းနီးသော အာရုံတစ်ချို့အား ရှစ်ဖုန့် ခံစားလိုက်ရသည်။

အဲ့ကလေးနှောင်ကြိုးမဲ့မှာ သူ၏ တပည့်လေးများထဲတွင် အပျင်းဆုံးနှင့် အဆော့ဆုံးကောင်လေးဖြစ်သည်။အရိုက်ခံရဆုံးသော သူလည်းဖြစ်၏။

သို့သော် သူက အကောင်းဆုံးစွမ်းရည်များကို ပိုင်ဆိုင်ထားသောသူလည်း ဖြစ်သည်။တပည့်များထဲတွင် သူက ဧကရာဇ်နယ်ပယ်သို့ ပထမဆုံးခြေချနိုင်သူလည်းဖြစ်သည်။

အတိတ်မှ မှတ်ဥာဏ်များ သူ့စိတ်ထဲတွင် ပေါ်လာသော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ တင်းမာမှုမှ လျော့ပါးသွားသည်။သူက လုံချန်အား ပြောလိုက်သည်။

"ငါက မိုရှောင်ယောင်နဲ့ တကယ့်ကို ဆက်နွယ်နေတဲ့သူပဲ..မင်းသူ့ကိုရှာနိုင်ရင် မင်းအတွက်ကူညီပေးဖို့ ငါသူ့ကို တစ်ကြိမ်ပြောပေးလို့ရတယ်"

"တကယ်လား"

ရုတ်တရက် လုံချန်၏ မျက်ဝန်းတို့ ပြူးကျယ်သွားသည်။

ထို့နောက်သူက ရှစ်ဖုန့်အားခေါင်းငြိမ့်ပြကာ...

"ဒါဆို..ငါသေချာပေါက် အကောင်းဆုံး ရှာဖွေပါ့မယ်"

စကားပြောပြီးသည့်နောက် လုံချန်က လှည့်ထွက်သွားသည်။

လုံချန်ထွက်သွားပြီးနောက် ရှစ်လင်က ခါးလေးထောက်ကာ အရွယ်ရောက်သောလူကြီးတစ်ဦးဟန်ဖြင့် ပြောလိုက်သည်။

"ကိုကြီးလိုလူမျိုးတွေကလေ...တကယ့်ကို ပိုပြီး ထူးဆန်းလာတယ်..ညီမလေးလို ကလေးမျိုးတောင် ကိုကြီးကို နားမလည်နိုင်တော့ဘူး.."

ရှစ်လင်၏ အမူအယာအားကြည့်ကာ ရှစ်ဖုန့် ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။

သူကအသေးလေး၏ မေးစေ့အား လက်မဖြင့်ဖိလိုက်ကာ ပြောလိုက်သည်။

"ကလေးတွေဆိုတာ သွားကစားနေသင့်တာ..လူကြီးတွေပြောတာ ကို ခိုးနားမထောင်ရဘူး.."

"ကိုကြီးတို့ပြောတာကို..လင်အာခိုးနားမထောင်ပါဘူးနော်...

လင်အာခိုးနားမထောင်ရင်တောင် ကြားနေရတဲ့ဟာ.."

ရှစ်လင်က နှုတ်ခမ်းလေးဆူကာ ဖြေရှင်းချက်ထုတ်သည်။

"ဟီးဟီး "

ရှစ်ဖုန့် တခစ်ခစ်ရယ်မိသည်။

သူ၏ ညာဘက်အားလှန်လိုက်သောအခါ ရှစ်လင်၏ မျက်နှာဝိုင်းထက် ပိုကြီးမားသော အသားကင်ချောင်းကြီးက သူ၏ လက်ထဲတွင် ပေါ်လာသည်။

အသားကင်ချောင်းအား ရှစ်လင်ရှေ့တွင်ထား၍ ရှစ်ဖုန့်က ပြောလိုက်သည်။

"အသေးလေး ဗိုက်ဆာနေပီလား"

"မစားချင်ဘူးလား"

"အား..အသား..."

အသားကင်ချောင်းအား မြင်လိုက်ရသောအခါရှစ်လင် အလန့်တကြား အကျယ်ကြီးအော်၍ မီးဖိုချောင်ထဲသို့ ပြေးသွားသည်။

သူမကပြေးရင်းအော်လိုက်သည်။

"ငါ့ရဲ့ ခွေးနက်ကြီး အသား...."

"ရှစ်ဖုန့်..."

အခြားတစ်ဖက်တွင် လီရူမှာ ရှစ်ဖုန့်အား အပြေးရှာချင်ပါသော်လည်း လမ်းတစ်ဝက်အရောက်တွင် သူမမှာ ညစ်ပေနေသည်ကို သဘောပေါက်လိုက်သည်။

သူမကပြန်လှည့်၍ အိမ်သို့ ဦးတည်လိုက်သည်။

ရှစ်ဖုန့်ထံသို့ ဤကဲ့သို့ ပုံစံမျိုးဖြင့် သူမမသွားနိုင်ပေ။

သူမကိုသူမ သန့်ရှင်း၍ လှလှလေးပြင်ဆင်ချင်သည်။

သူမ၏ အလှပဆုံး အခြမ်းအား သူ့ကို မြင်တွေ့စေချင်သည်။

သူမ၏ ညို့ယူဖမ်းစားသော အလှအပအောက်တွင် ရှစ်ဖုန့် ကျဆင်းမည်အား စဥ်းစားကာ သူမစောင့်မနေနိုင်တော့ပေ။

သူမ၏ခြေလှမ်းတို့အား အမြန်လှမ်းလိုက်ကာ လမ်းလျှောက်နေရာမှ အသောလေးနှင်လိုက်သည်။

ထိုအချိန်တွင် လီရူ၏ စိတ်ထဲ၌ ရှစ်ဖုန့် လက်ဖဝါးအား လေထဲတွင် တိုက်ခိုက်ခဲ့သည် ပုံရိပ်က ပြည့်နှက်စွာစွဲထင် ကျန်ရစ်နေသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters