အပိုင်း(၂၉)
Vol. 2 Ch. 29
ရွာရှိ နံပါတ်တစ် အလှပဂေးကသာ ရှစ်ဖုန့်နှင့် ထိုက်တန်သည်ဟု လီရူ ခံစားမိသည်။
သူမ၏ အိမ်အနားသို့ အရောက်တွင် အိမ်၏ ရှေ့တည့်တည့်တွင် ဆယ်မီတာရှည်လျားသော လူသွားလမ်းလေးရှိ၏။အိမ်လေးမှာ လီထူဖု လက်ရှိနှစ်များအတွင်း ဆောက်လုပ်ထားခဲ့သော အိမ်ကလေးဖြစ်သည်။
ရှို့လင်ရွာ၏ အချမ်းသာဆုံးဖြစ်သော လီထူဖုမှာ မြို့ထဲရှိလူချမ်းသာများထံမှ သင်ယူ၍ ဤအိမ်ကလေးအား ဆောက်လုပ်ထားခြင်းဖြစ်သည်။
လမ်းလေး၏ တစ်ဖက်တစ်ချက်စီတွင် ဝက်ခြံတန်းလေးရှိ၏။
လမ်းလေးထဲသူမ ဝင်လာသောအခါ တစ်ခုခုလွဲမှားနေသည်ဟု စိတ်ထဲ၌ ခံစားလိုက်ရသည်။
အများအားဖြင့် နေ့တစ်နေ့၏ ဤအချိန််တွင် အိမ်ရှိအစေခံများက ဝက်များအား အစာကျွေးမွေးနေရမည်ဖြစ်သော်လည်း ယနေ့တွင်တော့ သူတစ်ယောက်မှ မမြင်တွေ့မိပေ။
ဝက်များက ဝက်ခြံထဲတွင် နုန်းခွေသကဲ့သို့ လဲလျောင်းနေ၏။
၎င်းတို့မှာ ဖခင်ဖြစ်သူ၏ ရတနာများဖြစ်ကြသည်။သူဗိုက်ဆာနေလျှငအတောင်မှ ၎င်းတို့အားအဆာမခံစေပေ။ယနေ့အတွက် သူဘာတွေများဖြစ်နေပါသနည်း။
စိတ်ရှုပ်ထွေးစွာဖြင့် သူမအိမ်နာသို့ နီးကပ်လာသည်။အကြောင်းပြချက်တစ်ချို့ကြောင့် ယနေ့တွင် တော်တော်လေးတိတ်ဆိတ်နေသည်ဟု သူမခံစားရသည်။အရမ်းတိတ်ဆိတ်လွန်းသောကြောင့် မွန်းကြပ်မှုတို့ကိုပင် သူမခံစားမိသည်။သူမပိုပီး လျှောက်ဝင်လာလေ ထိုကဲ့သို့ ခံစားရလေဖြစ်သည်။
လီရူတံခါးနားသို့ လျှောက်လာပြီး ခေါက်ရန်ပြင်လိုက်သော်လည်း တံခါးက အလိုအလျောက်ပွင့်သွားသည်။ထို့နောက်တွက် ပြန့်ကျဲနေသော အလောင်းများအား တွေ့လိုက်ရသောကြောင့် သူမမျက်လုံးတို့ ပြူးကျယ်သွားသည်။
သူမ၏အဖေ မုတ်ဆိတ်လီထူဖုမှာ အလောင်းတစ်လောင်းအား သားသတ်ဓားဖြင့်လှီးဖြတ်နေသည်။
သူ၏ ပါးစပ်တွင် အသားစများ သွေးများဖြင့် ပြည့်နှက်နေပီး တစ်ခုခုအား ဝါးနေ၏။အနီရောင်အရည်များက သူ၏ ပါးစပ်ဆီမှ ပန်းထွက်လာသည်။
"အဖေ...အဖေ.."
လီရူမှာ ကြက်သေသေစွာ ရပ်နေမိသည်။ သူမ၏ ခန္ဓာက်ိုယ်မှာ အေးစက်လာပြီး ခြေထောက်များမှာ မထိန်းချုပ်နိုင်ပဲ တုန်ယင်လာသည်။
သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်ကို သူမသဘောပေါက်လိုက်သည်။
"ခီးခီး..ခီးခီး.."
လီထူဖု၏ နှုတ်ခမ်းမှာ ခြောက်ခြားဖွယ် တွန့်ကွေးသွားပြီး ခြောက်ခြားဖွယ် ရယ်မောလိုက်သည်။သူ၏ ခေါင်းမှာ သစ်သား ရုပ်သေးရုပ်ကဲ့သို့ လည်၍ လီရူအား လှည့်ကြည့်လိုက်သည်။သူ၏ မျက်လုံးများက လုံးဝ ဗလာ နတ္ထိဖြစ်နေသည်ကို သူမတွေ့လို့ရသည်။
"မိန်းမတစ်ယောက်....လှပတယ်..အရသာရှိတယ်..အရသာရှိတဲ့ကိုယ်.."
လီထူဖုမှာ အက်ကွဲကွဲ ရှတတနှင့် နားများပင် စူးစေသော ဆိုးရွားသော
အသံဖြင့် စကားတစ်လုံးချင်းပြောလိုက်သည်။
လီထူဖုက သူ၏ ညာလက်အား သိန်းငှက်လက်သည်းကဲ့သို့ ပုံစံပြောင်း၍ လီရူအား ချိန်ရွယ်လိုက်သည်။သူ၏ လက်ချောင်းများက လက်ဖဝါးဖက်ကွေးနေပြီး လက်သည်းများက အတွင်းသို့ လှည့်နေသည်။
လီရူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်မြေပြင်မှကြွတက်သွားပြီး ထပ်ကာတလဲလဲစုပ်ယူခံနေရသည်။
"ခီးခီး..ခီးခီး."
လီရူ၏ မျက်နှာနှင့် နီးကပ်လေ သူပိုပျော်လေဖြစ်သည်။
ထိုအချိန်တွင် လီထူဖုမျက်နှာထက်ရှိ အန္တရာယ်ပေးမည့် လက္ခဏာနှင့် ထူးဆန်းသော အပြုံးမှာ ရပ်တန့်သွားသည်။ထို့နောက် လီထူဖုက အော်ပြောလိုက်သည်။
"ရူအာ..ပြေးတော့..မြန်မြန်..အား....."
လီရူ၏ ခန္ဓာကိုယ်မှ စုပ်ယူခြင်းအား ဆုံးရှုံးသွားပြီး လီထူဖုမှာလဲ မြေပြင်ပေါ်သို့လဲကျသွားသည်။
"ဟီးဟီးဟီးဟီးဟီ..."
လီထူဖု၏ မျက်နှာထက်တွင် အန္တရာယ်ပြုမည့် အပြုံးတို့ ပေါ်လာပြန်သည်။
"တိရစ္ဆာန်...တိရစ္ဆာန်.."
လီထူဖုမှာ အံကြိတ်ကာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါနေသည်။သူ၏ မျက်နှာမှာ ဖျော့တော့နေပြီး နဖူးထက်တွင် ချွေးသီးများ ကျနေသည်။ ၎င်းမှာ အပြင်းအထန် ခုခံမှုအား ပြုလုပ်နေသကဲ့သို့ ဖြစ်သည်။
"အဖေ..."
လီရူမှ မြေပြင်မှ တွားသွားလာပြီး လုံးဝဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"မြန်မြန်ပြေး.."
လီထူဖုက လီရူအား ထပ်မံအော်ငေါက်လိုက်သည်။
"မဟုတ်ဖူး...ကြားလား...စကားတွေ..ဒါဆို...သေတော့..."
လီထူဖုက အက်ကွဲကွဲ အသံနှင့် စကားလုံးများအား တစ်လုံးချင်းပြောသည်။
ထို့နောက် ရုတ်ချည်း လီထူဖုက သူ၏ ဝက်သတ်ဓားအား မြှောက်လိုက်ကာ သူ့ကိုယ်သူ ထိုးလိုက်သည်။
"အား..."
လီထူဖုက ခေါင်းမော့၍ အော်ဟစ်လိုက်ကာ သွေးများက သူ့အောက်ခြေရှိ မြေပြင်အား အနီရောင်အဖြစ် စွန်းထင်းသွားစေသည်။
"အဖေ"
ထိုအရာအား မြင်လိုက်ရသောအခါ လီရူက သူ့ထံသို့ ပြေးသွားလိုက်သည်။
သူမပြေးရင်းလမ်းတစ်ဝက်အရောက်တွင် အနက်ရောင် အရိပ်တစ်ခုက လီထူဖု၏ ကိုယ်ထဲမှခုန်ထွက်လာကာ သူမကိုခုန်အုပ်လိုက်ပြီး သူမကိုယ်ထဲသို့ ဝင်သွားပြီးနောက် သူမ၏ ခြေလှမ်းတို့ ရပ်တန့်သွား၏။
အရင်ဆုံး လီရူ၏ အမူအယာမှာ ဗလာနတ္ထိဖြစ်နေသည်။
ထို့နောက်သူမ၏ ပခုံးနှင့် လက်များ တုန်ယင်လာ၏။ ထို့နောက်ရုပ်သေးရုပ်ကဲ့သို့ သူမ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းခြင်း ဘယ်ညာယိမ်းကာ အက်ကွဲသံ များထုတ်လွှတ်နေသည်။
"ခီးခီး...ခီး..ခီး..ခီး"
လီရူရုတ်တရက် ရယ်လိုက်သည်။ သူမရယ်လိုက်သော အသံမှာ အစော ပိုင်းက လီထူဖုကဲ့သို့ ချောက်ခြားဖွယ်ဖြစ်သည်။
"အမျိုးသမီးတစ်ယောက်ရဲ့.. ခန္ဓာကိုယ်..ခီးခီးခီး..."
"ခီးခီးခီ..ဟီး..ဟီး..ခီး..ဟီးဟီး"
သူလက်အား ဝေ့ယမ်းလိုက်သောအခါ လီထူဖု၏ ရင်ဘက်၌ စိုက်ဝင်နေသော ဝက်သတ်ဓားမှာ ပျံထွက်လာပြီး သူမ၏ လက်ထဲသို့ ရောက်လာသည်။
လီရူက လီထူဖု၏ ကိုယ်အား ခေါင်းမခြေထိ အရွယ်အစား ပိုင်းခြားလိုက်ပြီး ဝင်သတ်ဓားအား မြှောက်လိုက်ကာ ခုတ်ချလိုက်သည်။
လီရူ၏ လှုပ်ရှားမှုနှင့်အတူ ဧရာမ အနက်ရောင် ဆေဘာဓား ရိပ်ကြီးက လေထဲတွင်ပေါ်လာပြီး ပိုင်းချလိုက်သည်။
"ဝုန်း.."
မြေငလျှင်ကြီးလှုပ်သွားပြီးနောက် အနက်ရောင် ဆေဘာစွမ်းအင်မှာ ပျောက်ကွယ်သွားသည်။
သူမရှေ့ရှိမြေပြင်တွင် အလွန်ကြီးမားသော အက်ကွဲကြောင်းကြီး ပေါ်လာသည်။ မြေပြင်ပေါ်တွင် ရှိနေသော ဒါဇင်နှင့်ချီသော အလောင်းများမှာ ပြာအဖြစ်ပြောင်းလဲသွားသည်။
ကောင်းကင်ထက်မှ သွေးမိုးများ ရွာသွန်းလာသည်။
"ဟီးဟီး...ဟားဟားဟား..အဟားဟားဟား"
လီရူက သွေးမိုး အလယ်တွင် ရယ်မောနေသည်။
သူမ၏ တစ်ကိုယ်လုံးမှာ သွေးမိုးကြောင့် အနီရောင်တို့စွန်းထင်းနေ၏။
" နှစ်ရှစ်ရာ...နှစ်ရှစ်ရာတောင်ကြာသွားခဲ့ပြီ ငါနဂါးသတ်ဓားထဲမှာ ပိတ်လှောင်ခံထား ခဲ့ရတာ"
"နောက်ဆုံးတော့ အခု ချိတ်ပိတ်ခံထား ရမှု ကို ငါချိုးဖြတ်နိုင်ခဲ့ပီ"
"ငါ ထျန်းဟန်တိုက်ကြီးပေါ်ကို ပြန်လာခဲ့ပီကွ...ဟားဟား..ဟားဟား..အဟားဟားဟား..ဟားဟားဟား"
သူမစကားပြောလိုက်တိုင်း အသံမှာ နားမချမ်းသာစရာ အက်ကွဲကွဲစူးရှရှ ပြာတာတာဖြစ်နေသော်လည်း သူမ၏ ဝိညာဥ်နှင့် ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပေါင်းစပ်လာသောကြောင့် စကားလုံးတို့မှာ တဖြည်းဖြည်း အဆင်ချောလာသည်။
"ဒီမိန်းမရဲ့ မှတ်ဉာဏ်တွေအရတော့ ဒီနဲ့မနီးမဝေးမှာ ရှစ်ဖုန့်လို့ခေါ်တဲ့ သိုင်းပညာရှင် ပေါက်စလေး နေထိုင်တယ်တဲ့"
"ဟီးဟီးဟီး...သူ ကျင့်ကြံမှု နိမ့်ကျတဲ့ သိုင်းပညာရှင်လေး ဖြစ်နေပေမဲ့လည်း သူကဘယ်လောက်သေးသေး အသားတုံးလေး အဖြစ်တော့ ရှိနေတုံးပဲ"
"ဒီညတော့သူ့ကိုငါ့ရဲ့ ညစာအဖြစ်လုပ်ရမယ်..ဟီးဟီးဟီး..ဟားဟား..ဟား.ဟီး..ဟားဟား"
လီရူစကားပြောပြီးသောအခါ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် စတင်၍ ပြင်းထန်စွာတုန်ခါလာသည်။ထိုအချိန်တွင် သူမက နားကလောဖွယ် အသံဖြင့် အော်ပြောလိုက်သည်။
"ဟမ့်.. မိန်းမပျက်..မင်းကပြောင်းလဲလွယ်တဲ့ မိန်းမပဲ..မင်းကမြင်သမျှ ယောက်ျားတိုင်းကို ကြိုက်နေတဲ့ မိန်းမပျက်ပဲ..."
"တော်တော်လေး အားနည်းတဲ့ ကောင်လေးတစ်ယောက်ကို သတ်လိုက်တော့ရော ဘာဖြစ်လဲ.."
"ငါ့အထွတ်အထိပ်.. စွမ်းအားတွေ ပြန်ရတဲ့အခါကြရင်..သ်ိုင်းပညာရှင်တွေ သူတော်စင်အဆင့်တွေ ကြိုက်တဲ့ယောက်ျားမှန်သမျှကို မင်းအတွက် ဖမ်းပေးလို့ရတယ်.."
"ငါပြောတာကို နားမထောင်ရင်တော့..ဒီလူအိုကြီးကိုယ်တိုင်ပဲ..မင်းကို အဆုံးသတ်ပစ်မယ်"
လီရူ၏ တုန်ခါနေသော ကိုယ်မှ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
ကောင်းကင်မှာ ဖြည်းဖြည်းချင်း မှောင်လာပြီး ညဘက်သ်ို့ ရောက်လာသည်။
လမင်းကြီးက ကောင်းကင်ထက်တွင် ထွန်းလင်းလာသည်။
"ဖန်း..ဖန်း.ဖန်း.ဖန်း"
ကျိုးပဲ့နေသော သစ်သားအိမ်လေး၏ ရှေ့ မနီးမဝေး နေရာလွတ်လေးတွင် လေထဲတွင် ပေါက်ကွဲနေသော အသံအချို့ကို ကြားနိုင်၏။
ရှစ်ဖုန့်မှာ အပေါ်ပိုင်း ဗလာကျင်းနှင့် လေထဲတွင် လက်သီးထိုးနေသည်။ ထို့ကြောင့် လေထဲတွင် ပေါက်ကွဲသံ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
လက်သီးထိုးလေ့ကျင့်ရေးမှာ ကာယခန္ဓာကိုယ်အားကောင်းလာရေးနှင့် က်ိုယ်လုံးကိုယ်ပေါက် ကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံး နည်းလမ်းဖြစ်သည်။
ရှစ်ဖုန့်လောလောဆယ် လေ့ကျင့်နေသော လက်သီးနည်းစနစ်မှာ အရင်ဘဝက သူတီထွင်ခဲ့သော ငရဲဘုံက်ိုးခုလက်သီး ပညာရပ်ဖြစ်သည်။
ကြံခိုင်မှုအပြင် ၎င်းက လူတစ်ယောက်၏ အလားအလာကိုပါ နှိုးဆွပေးနိုင်သည်။
"ဟ..ဟိုင်းယား.ဟ"
ရှစ်ဖုန့်က ကျယ်လောင်စွာအော်၍ လေထဲတွင် လွှားကနဲ ခုန်ပျံနေသည်။သူ၏ လက်သီးက လေထဲတွင် ကခုန်နေပြီး အဖြူရောင်လက်သီးရိပ်က ညကောင်းကင်ယံတွင် ပေါ်လာသည်။
"ဟ"
နောက်ထပ်ကျယ်လောင်သော အသံနှင့်အတူ ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မြေပြင်ပေါ်သို့ ကျဆင်းလာပြီး မြေပြင်အားထိုးချလိုက်သည်။
"ဝုန်း"
မြေပြင်မှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ရှစ်ဖုန့်လက်သီးနှင့် အပြင်းအထန်ထိမိသော မြေပြင်မှာ ပင့်ကူအိမ်ကဲ့သို့ ကွဲအက်ကုန်သည်။
"ဟမ်"
ရုတ်တရက် အရမ်းကို သက်တောင့်သက်သာ မဖြစ်လှသော ခံစားချက်တစ်ခုက ရှစ်ဖုန့်၏ နှလုံးသားထဲတွင် ပေါ်လာသည်။၎င်းမှာ တစ်စုံတစ်ဦး သူ့အား စိတ်ချရသော ထောင့်တစ်နေရာမှ လျှို့ဝှက်စွာ စောင့်ကြည့်နေသကဲ့သို့ ဖြစ်သည်။
"ဘယ်သူလဲ...ထွက်လာခဲ့စမ်း.."
ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ကျယ်လောက်စွာ အော်လိုက်သည်။
သူ၏ အကြည့်အား အမှောင်ထုထဲသို့ ပြောင်းလဲကြည့်လိုက်သလိုသူ့နှလုံးသားထဲရှိ သက်တောင့်သက်သာ မရှိလှသော ခံစားချက်မှာ ပိုမို၍ ကြီးထွားလာသည်။
ဆက်ရန်
ဘာသာပြန်သူ-Arise