← Chapters

အပိုင်း(၃၀)

Vol. 2 Ch. 30

အပိုင်း(၃၀)

Vol. 2 Ch. 30

ရှစ်ဖုန့်၏ ရှေ့သို့ အမှောင်ရိပ်ထဲမှ ပုံရိပ်တစ်ခုက ရုတ်တရက် လျှောက်လှမ်းထွက်လာသည်။၎င်းမှာ ညဝတ်စုံအနက်ရောင်ကိုဝတ်ထား၍ မျက်နှာ အနက်ရောင် အဝတ်ဖြင့် ဖုံးထားသည်။သူအမှောင်ထုထဲမှ ထွက်လာသော အခါ ယခင်ခံစားချက်အား မပေးစွမ်းတော့ပေ။

"ကျွန်ုပ်က အရိပ်အမှတ်ကိုးပါ သခင်က သင့်ကို ငါးဆယ့်ငါးဆ မြေဆွဲအား အခန်းကို ပြင်ဆင်ထားပေးပြီးပြီလို့ အကြောင်းကြားခိုင်းလိုက်လို့ပါ သင်အဲ့ကိုသွားချင်ပါသလား"

"အရိပ်အမှတ်ကိုးလား"

"လုံချန်ရဲ့လူလား"

ရှစ်ဖုန့်မှာ မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး အရိပ်အမှတ်ကိုးအား ကြည့်လိုက်သည်။

သူ၏ သိုင်းတာအိုအသိအရ အစောပိုင်းက ဖြစ်ခဲ့သော သက်တောင့်သက်သာ မဖြစ်လှသည့်ခံစားချက်မှာ အရိပ်အမှတ်ကိုးဆီမှ ဟုတ်မနေပေ။

"အမှောင်ထဲမှာ နောက်ထပ် လူတစ်ယောက် ရှိနေတာဖြစ်ရမယ်..အဲ့လူရဲ့ ခွန်အားကလဲ မနိမ့်ကျလောက်ဖူး"

"လုံချန်က ငါ့ကိုတိတ်တဆိတ် စောင့်ကြည့်ဖို့ တစ်ယောက်ယောက်က်ို လွှတ်ထားတာပဲဖြစ်ရမယ်"

"ဟမ့်"

ရှစ်ဖုန့်က ကိုယ့်ဘာသာကိုယ်တွေးလိုက်ပြီးနောက် အရိပ် အမှတ်ကိုးအားပြောလိုက်သည်။

"ငါ့ကို အဲ့ကိုခေါ်သွားပေး.."

"ဟုတ်ကဲ့.."

အရိပ်အမှတ်ကိုးက နောက်ပြန်လှည့်လိုက်သည်။

သူက ဖျက်ကနဲ အမှောင်ထုထဲသို့ တဟုန်ထိုးပြန်ပြေးသွား၏။

ရှစ်ဖုန့်က တက်နိုင်သမျှ မြန်မြန်ပြေး၍ အလျင်အမြန် နောက်က လိုက်သွားသည်။

စက္ကန့်တိုင်းတွင် သူ၏ အကန့်အသတ်အား ထိန်းထားပြီး ၎င်းမှာ သူ၏ ကာယခန္ဓာကိုယ်အား ကြံ့ခိုင်အားကောင်းရန်အတွက် အခြေခံအကျဆုံး လေ့ကျင်းနည်းလည်းဖြစ်သည်။

ယခုသူ၏ ဒန်တန်အား ပြန်မကုစားရသေးခင်အထိ သူ့၏ ကာယခန္ဓာကိုယ်အား မည်ကဲ့သို့ အားကောင်းစေရန်လုပ်ရမလဲ ဟူသည့် အပေါ်တွင်သာ အာရုံစိုက်ထားနိုင်သည်။

အရိပ်အမှတ်ကိုးမှာ ရှေ့မှပြေးနေသော်လည်း ရှစ်ဖုန့်ကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်လာသည်။အရိပ်အမှတ်ကိုးမှာ လျှို့ဝှက်စွာ တုန်လှုပ်သွားမိသည်။

အစက သူ၏ ပြိုင်ဘက်မှာ ကြယ်နှစ်ပွင့် စစ်သည်တော်တစ်ဦးသာ ဖြစ်သောကြောင့် အရိပ်ရွေ့လျားမှု နည်းစနစ်ကိုသာ သုံးရမည်ဟုထင်ခဲ့သည်။ သူလှုပ်ရှားပြီးတိုင်းတွင် သူ၏ ပြိုင်ဘက်အား ရပ်၍ စောင့်စောင့်နေရမည်ဟု ထင်ခဲ့သည်။

သို့သော် ထိုကြယ်နှစ်ပွင့်စစ်သည်နယ်ပေးလေးက သူ၏ အမြင့်ဆုံး အမြန်နှုန်းတိုင်းပြေး၍ သူ့နောက်မှ နီးကပ်စွာ လိုက်လာမည်ဟုတော့ မမျှော်လင့်ထားမိခဲ့ချေ။

သူ၏ ခန္ဓာကိုယ်မှထုတ်လွှတ်သော အမြန်နှုန်းမှာ သခင်နယ်ပယ်များသာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

ပြီးတော့ အရိပ်အဖွဲ့မှာ လုံချန်နှစ်များစွာပျိုးထောင်ထားသာ သေခြင်းကျမ်းကျိန်အဖွဲ့တစ်ခုဖြစ်သည်။

၎င်းတို့မှာ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် သတင်းအချက်အလက်များ စုဆောင်းခြင်းတို့အတွက် အထူးပြုဖွဲ့စည်းထားခြင်းဖြစ်သည်။

အရိပ်အမှတ်ကိုးမှာ သူ၏ နမည်ဝှက်ဖြစ်သည်။သို့သော် သူ့အနေဖြင့် ဤ နမည်အား တစ်ကြိမ် ပိုင်ဆိုင်ပြီးလျှင် သူ၏ နမည်အစစ်မှာကား ထပ်မံ၍ တည်ရှိနေတော့မည်မဟုတ်ပေ။ အရိပ်အမှတ်ကိုးသည်သာ ဘဝတစ်လျှောက်လုံး သူ၏ နမည်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်း လေ့ကျင့်မှုများအား ပြုလုပ်ရသည်သာမက သူတို့၏ အမြန်နှုန်းအားလည်းအာရုံစိုက် လေ့ကျင့်ကြရသည်။

လုပ်ကြံသတ်ဖြတ်ရာတွင် အောင်မြင်သည် ကျရှုံးသည်အား ဂရုမထားပဲ ချက်ခြင်း ပြန်လည်ဆုတ်ခွာကြရ၏။

သတင်းအချက်အလက်များ စုဆောင်းရာတွင် ထိုအရာအား ရရှိသည်နှင့် ချက်ခြင်း လုံချန်အား ဖြစ်နိုက်သမျှမြန်မြန် သတင်းပို့ရသည်။

အရိပ်အမှတ်ကိုး၏အမြန်နှုန်းမှာ အရိပ်များကြားထဲတွင်အမြန်ဆုံးမဟုတ်သော်လည်း သူ၏ အကြွင်းမဲ့ ပညာရပ်ဖြစ်သော အရိပ်ရွေ့လျားမှု နည်းစနစ်အရ စစ်သည်တော်နယ်ပယ်များကြားထဲတွင် သူ့ကိုယ်သူ အမြန်ဆုံးဟု သေချာပေါက်ယုံကြည်ထားသည်။

သို့သော် ယနေ့တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်သက်သက်ဖြင့် ပြေးလွှားခြင်းက သူနှင့်နှိုင်းယှဥ်၍ ရသည်ကိုတွေ့ရသည်။အကယ်၍များ ရှစ်ဖုန့်သာ သူ၏ ရွေ့လျားမှု ပညာရပ်အား ထပ်မံ၍ အသုံးပြုခဲ့လျှင်....

ဟုတ်ပါသည်။ ရှစ်ဖုန့်သာ သူ၏ ရွေ့လျားမှု ပညာရပ်အား အသုံးပြုခဲ့လျှင် အလင်းတန်းကဲ့သို့ပင် ဖြစ်သွားမည်ဖြစ်သည်။အရိပ်အမှတ်ကိုး၏ ရှေ့တွင်ပင် ချက်ချင်းပေါ်လာနိုင်သည်။

ယခုက အမြန်နှုန်းအား ယှဥ်ပြိုင်ရမည့်အချိန်မဟုတ်ပေ။ တစ်ဖက်လူအား သူဦးဆောင်၍ ခေါ်သွားရန်လိုအပ်သည်။

ရှစ်ဖုန့်၏ မျက်လုံးထဲတွင် အရိပ်အမှတ်ကိုး ဂုဏ်ယူနေသော သူ၏ အရိပ်ရွေ့လျားမှုပညာရပ်မှာ အမှိုက်ကျင့်ကြံခြင်း နည်းစနစ်ထပ်မပိုပေ။သူထိုအရာအားလေ့ကျင့်လျှင်ပင် အချိန်ဖြုန်းသည်ထက်မပိုပေ။

သူ၏ အတွေးများအား အရိပ်အမှတ်ကိုးအားပြောပြလျှင် ၎င်းအနေဖြင့် သွေးအန်သည်အထိ ရှစ်ဖုန့်အားဒေါသထွက်နေမည်လားဟုပင်သိချင်မိသည်။

အရိပ်အမှတ်ကိုးက ရှစ်ဖုန့်အား တောင်ထူထပ်သော တောအုပ်ထဲသို့ ဦးဆောင်ခေါ်သွားသည်။

၎င်းမှာ ရှို့လင်ရွာ၏ အနီးတွင် ရှိနေသော လှပသော တောင်တန်းဖြစ်ပြီး ၎င်း၏ လှပသော သဘာဝရှုခင်းကြောင့် ရှို့လင်တောင်တန်းဟုခေါ်၏။

အုပ်ဆိုင်းပိတ်ဆို့နေသော ရှို့လင်တောအုပ် နယ်မြေထဲရှိ မြင့်သွန်းသော ကျောက်နံရံကြီး၏ အောက်တွင် ဂူတစ်ခုအား တူးထားသည်။

လှိုင်ဂူဝ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သတ်ဖြတ်တောမည့်ကြောက်မက်ဖွယ် ရောင်ဝါနှင့် တုတ်ခိုင်သန်မာသော ယောက်ျားနှစ်ယောက်က ရပ်၍ စောင့်ကြပ်နေကြသည်။

"ကျောက်လုံ ဒီတစ်ကြိမ်မှာ အရှင့်သား ငါတို့ကို စောင့်ကြပ်ခိုင်းထားတဲ့ ပုဂ္ဂိုလ်က ဘယ်လိုကျွမ်းကျင်သူမျိုး ဖြစ်လောက်မလဲ..."

"သူက သာမန်ထက် ငါးဆယ်ငါးဆ ပိုပြင်းတဲ့ မြေဆွဲအား အခန်းကို တကယ်ကြီး ပြင်ဆင်ခိုင်းခဲ့တာလား"

"ဒီလိုဝေးလံခေါင်သီလှတဲ့ မြို့ငယ်လေးမှာဆိုရင် ငါတို့လိုကြယ်နှစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ် ညီကိုနှစ်ယောက်က ဘာပဲလိုချင်ချင် ရနိုင်မယ်လို့ အစကငါထင်ခဲ့တာ"ဟု တုတ်ခိုင်သော ကျောက်ဟူဟုခေါ်သည့် အမျိုးသားက ပြောလိုက်သည်။

ကျောက်လုံက ပြောသည်။

"တောင်တစ်တောင်ထက် ပိုမြင့်တဲ့ တောင်တစ်ခုနဲ့ ပ်ိုသန်မာတဲ့သူဆိုတာ အမြဲတမ်းရှိတယ်"

"တစ်ချို့ သေးငယ်လှတဲ့နေရာတွေမှာဆိုရင်.. တစ်ချိန်ကထင်ပေါ် ကျော်ကြားခဲ့ပြီးနောက် သတ်ဖြတ်ခြင်းနဲ့ ကျော်စောခြင်းကို ငြီးငွေ့လာပြီး ပုန်းကွယ်ထိုင်နေကြတဲ့သူတွေ ရှိတယ်.."

"ငါးဆယ့်ငါးဆ မြေဆွဲအား အခန်းမှာ ကျင့်ကြံနိုင်ဖို့ဆိုရင် သူ့ရဲ့ ကျင့်ကြံမှုက ဘုရင်နယ်ပယ် အဆင့်မှာ ရှိသင့်တာမဟုတ်လား"

"ဘုရင်နယ်ပယ် အဆင့်မဟုတ်ရင်တောင်မှ သူ့အနေနဲ့ ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့် ရှိသင့်တယ်"

"ဒါတော့ သေချာတယ်"

ကျောက်ဟူက ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။

ထိုအချိန်တွင် သူတို့ရှေ့တောအုပ်ထဲမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။

ကျောက်လုံနှင့် ကျောက်ဟူတို့ အသံလာရာ ဦးတည်ချက်ဆီသို့ ကြည့်လိုက်သောအခါတွင် သူတို့ရှေ့ရှိသစ်ပင်များထဲမှ အနက်ရောင် အရိပ်တစ်ခုက ရိပ်ခနဲ ခုန်ထွက်လာသည်။ထိုအနက်ရောင် အရိပ်၏နောက်တွင် လူငယ်လေးတစ်ယောက်က ပြေးလိုက်လာ၏။

"ဒါက.."

ကျောက်ဟူက မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။

"သူတို့ပြောကြတာ အရှင်က အရိပ်အမှတ်ကိုးအနေနဲ့ ကျွမ်းကျင်သူ တစ်ယောက်ကို ဒီကိုခေါ်လာဖို့ အမိန့်ပေးထားတယ်ဆို.."

"ဘာလို့သူက စစ်သည်တော်နယ်ပယ် ကလေကချေလေးတစ်ကောင်ကို ခေါ်လာရတာလဲ"

"အရိပ်အမှတ်ကိုးများ...လူမှားခေါ်လာတာလား.."

"ငါတော့အဲ့လိုမထင်ဘူး..."

ကျောက်လုံက သူ၏ ခေါင်းကိုခါလိုက်သည်။

"အရိပ်အမှတ်ကိုးက အမြဲ ဂရုတစိုက်သတိထားတာ ဒီလိုအဆင့်နိမ့်အမှားမျိုးကို သူလုပ်မှာမဟုတ်ဖူး.."

"အဲ့လူငယ်လေးက ကျွမ်းကျင်သူရဲ့ တပည့်ပဲဖြစ်ရမယ်"

"သူအရင်ဆုံးလာပါစေ..ကျွမ်းကျင်သူက မကြာခင် ရောက်လာလိမ့်မယ်"

"မင်းပြောတဲ့အတိုင်းဆိုရင်တော့... ဒါကဖြစ်နိုင်တယ်.."

ကျောက်ဟူ ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။

အသက်ရှူကြိမ် အနည်းငယ်ခန့်အကြာတွင် အရိပ်အမှတ်ကိုးမှာ ကျောက်ဟူနှင့် ကျောက်လုံတို့ရှေ့ သက်ဆင်းလာသည်။

သူ၏ နောက်တွင် ရှစ်ဖုန့်က နီးကပ်စွာလိုက်ပါလာသည်။

ရှစ်ဖုန့်က ဂူအတွင်းသို့ကြည့်လိုက်ကာ ဂူထဲမှာ မြေဆွဲအား စွမ်းအားအား ခံစားမိသည်။

သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"လုံချန်ရဲ့ ခရီးပေါက်မှုကတော့ တော်တော်လေးကို ကောင်းတာပဲ..

ငါးဆယ့်ငါးဆယ် မြေဆွဲအားအခန်းကို တစ်ညတောင် မရှိပဲ လုံးဝပြင်ဆင်ထားနိုင်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး.."

"ရိုင်းလိုက်တာ.."

"မင်းဘယ်လိုတောင်ပြောရဲတာလဲ"

ရှစ်ဖုန့်စကားပြောပီးသောအခါ ကျောက်လုံနှင့် ကျောက်ဟူတို့က ရုတ်ချည်း အော်ငေါက်လိုက်သည်။

သူတို့၏ မျက်နှာထက်တွင် ရှစ်ဖုန့်အား စ်ိမ်းစိမ်းဝါးဝါးကြည့်ကာ သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နေသည်။

"အရှင့်သားကို မင်းကြိုက်သလို ခေါ်လို့ရမယ်များ မင်းထင်နေတာလား"

"မင်းနောက်မှာရှိနေတဲ့ ကျွမ်းကျင်သူကြောင့်သာမဟုတ်ရင် အခုချ်ိန် မင်းခြေလက်တွေ ကျိုးနေပီ..."

ကျောက်ဟူပြောပီးနောက် ကျောက်လုံက ဒေါသတကြီး ထပ်ပြောလိုက်သည်။

"အရှင်က မင်းနောက်ကွယ်က လူအတွက် မြေဆွဲအား အခန်းကို ငါတို့ကိုပြင်ဆင်ခိုင်းခဲ့တာ...."

"ဒါက ဉာဏ်အမြှော်အမြင်ကိုလေးစားမှုနဲ့ ခွန်အားကို လေးစားမှုကိုပြသတာပဲ.."

"ပီးတော့ အဓိပ္ပါယ်မရှိတာတွေကို မပြောနဲ့ ကောင်ဆိုးလေး.."

ရှစ်ဖုန့်၏ အစောပိုင်းကလေသံမှာ လုံချန်အား သူ့အတွက် တစ်မူထူးခြားသော အလုပ်ကိုလုပ်ဆောင်ပေးသည့် လက်အောက်ခံတစ်ယောက်အဖြစ် ပြောပုံပေါက်နေသာ်မှာ သိသာသည်။

ထိုနှစ်ယောက်၏ သဘောထားအားတွေ့ရသောအခါ ရှစ်ဖုန့်က အထင်သေးစွာဖြင့် အေးစက်စက်နှာမှုတ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

"လုံချန်က ဒီအစေခံတွေကို ဘယ်လိုသင်ပေးထားလဲ ငါသိချင်မိတယ်.."

"စည်းမျဥ်းစည်းကမ်းတွေကို သူတို့ဘာလို့ မသိကြရတာလဲ"

သူ၏ အသံမှာတိုးသော်လည်း လူတိုင်း၏ နားထဲသို့ ရောက်သည်။

"မင်း.."

ကျောက်ဟူက ထပ်မံအော်ငေါက်လိုက်သည်။

"ငါဒီနေ့မင်းကို စံနမူနာက ဘာလဲဆိုတာကို သိအောင် လုပ်ပေးမယ်"

ကျောက်ဟူကစကားပြောပီးသောအခါ ရှစ်ဖုန့်၏ ရင်ဘက်အား လက်သီးဖြင့် ထ်ိုးချလိုက်သည်။

ခရမ်းရောင်အလင်းမှာ သူ၏ လက်သီးဆီမှ ထွက်လာပြီး အက်ကွဲသံကိုပင်ကြားနိုင်သည်။

ခရမ်းရောင်အလင်းထဲတွင် အပ်ချည်မျှင် အရွယ် လျှပ်စီးများက လူးလွန့်နေ၏။မိုးခြိမ်းသံ မှိန်ဖျဖျကိုပင် ထိုထဲမှကြားရသည်။

ကျောက်ဟူ၏ လက်သီး ပျံသန်းလာသည်ကို မြင်ရသော်လည်း ရှစ်ဖုန့်၏ အမူအယာကတော့ ပြောင်းလဲချင်းမရှိပေ။

ထိုအစားသူက သိုင်းတာအို ဆရာတစ်ယောက် အသွင်ဖြင့် အလျှင်မလိုပဲပြောလိုက်သည်။

"လျှပ်စီးအကျဥ်းထောင် လျှပ်စီးလက်သီး.."

"ကောင်းမွန်တဲ့ ပညာရပ်တစ်ခုပဲ.."

"ကံဆိုးချင်တော့..ဒီလက်သီးက ပုံစံပဲရှိပြီး အနှစ်သာရမရှိဘူး.."

"သူ့ရဲ့ ဖျက်ဆီးနိုင်မှု စွမ်းအားက ဘယ်လိုပဲကြီးမားနေပါစေ အကန့်အသတ်ရှိတယ်"

ရှစ်ဖုန့်စကားပြောပီးသောအခါ ကျောက်ဟူ၏ လက်သီးမှာလည်း ရောက်နှင့်နေပီးသားဖြစ်သည်။

ခရမ်းရောင်အလင်းနှင့်အတူပါလာသော ကျောက်ဟူ၏ ဖိနှ်ပ်သောလက်သီးမှ ရှစ်ဖုန့်အားထိသောအခါတွင် သူ၏ ကိုယ်အား ဖောက်ထွက်သွားသည်။

ထို့နောက်တွင် အားလုံးမှာ ကြက်သေသေကုန်ကြသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters