အပိုင်း(၃၁)
Vol. 3 Ch. 31
သူတို့သုံးယောက်သား လက်သီးချက်ဖြတ်သန်းသွားသော ရှစ်ဖုန့်အား ကြည့်လိုက်သော အခါတွင် ရှစ်ဖုန့်၏ မျက်နှာထက်ဆီမှ မထီမဲ့မြင်သရော်ပြုံးကိုသာ တွေ့လိုက်ရသည်။
ထို့နောက်မကြာခင် ရှစ်ဖုန့်၏ ပုံရိပ်မှာ လေထဲမှ ပျောက်ကွယ် မသွားခင် ဖြည်းဖြည်းချင်း မှိန်ဖျော့သွားသည်ကို တွေ့လိုက်ရသည်။
ကျောက်ဟူထိုးဖောက်ဖြတ်သန်းသွားခဲ့သည်မှာ ရှစ်ဖုန့်၏ အရိပ်သာဖြစ်သည်။
ထိုအချိန်၌ တကယ့်ရှစ်ဖုန့်အစစ်မှာ မြေပြင်ပေါ်၌ လဲလျောင်းနေသည်။
သို့သော်ရှစ်ဖုန့်မှာ မြေပြင်ပေါ်၌ လဲလျောင်းနေသည်ဟု ထင်ရသော်လည်း သူ၏ သိမ်မွေ့လှသော ထိန်းချုပ်မှု အောက်တွင် မြေပြင်နှင့် သူ၏ နောက်ကျောကြား၌ လက်သီးဆုပ်တစ်ခုစာ အကွာအဝေးမျှ လွတ်နေ၏။
ကျောက်ဟူမှာ ကြယ်နှစ်ပွင့် စိတ်ဝိညာဥ်နယ်ပယ်ဖြစ်သည်။ သို့သော် ရှစ်ဖုန့်၏ မျက်လုံးထဲတွင်တော့ ၎င်း အသုံးပြုခဲ့သော မိုးကြိုးအကျဥ်းထောင် လျှပ်စီးလက်သီးမှာ သဏ္ဍန်မဲ့ အနှစ်သာရမဲ့သာဖြစ်ပြီး ကြယ်နှစ်ပွင့်စိတ်ဝိညာဉ်တစ်ယောက်၏ တိုက်ခိုက်မှုထပ် မပိုပေ။
ကျောက်ဟူအား ရင်ဆ်ိုင်တိုက်ခိုက်ရန် မလိုအပ်ဟုပင် ရှစ်ဖုန့်ခံစားရသည်။ထို့ကြောင့် သူက ရွေ့လျား၍သာ ရှောင်တိမ်းခြင်းကိုလုပ်သည်။
ထို့နောက်မကြာခင် ကျောက်ဟူနှင့် ကျန်နှစ်ယောက်မှာ မြေပေါ်တွက် လဲလျောင်းနေသော ရှစ်ဖုန့်၏ ကိုယ်က အနည်းငယ် လှုပ်ရှားလာသည်အားတွေ့လိုက်သည်။
နောက်လှန်၍ လဲကျနေသော အနေအထားပုံစံမှ တည့်တည့်မတ်မတ်ပြန်လည် ထရပ်လိုက်ပြီး ကျောက်ဟူအား ပြောလိုက်သည်။
"သေချာကြည့်ထား...မင်းဘယ်လောက်နားလည် သဘောပေါက်နိုင်မလဲဆိုတာက မင်းအပေါ်ပဲမူတည်တယ်..."
"မိုးကြိုးအကျဥ်းထောင် လျှပ်စီးလက်သီး"
ရုတ်တက်ရက် ရှစ်ဖုန့်၏ ညာလက်သီးဆီမှ ခရမ်းရောင် လျှပ်စီးများထွက်လာသည်ကို သုံးယောက်သား ကြည့်နေကြသည်။
၎င်းထဲ၌ ဆံချည်မျှင်အရွယ် ထောင်ပေါင်းများစွာသော ခရမ်းရောင် လျှပ်စီးမျှင်လေးများ ဖြစ်နေပါ်နေသည်။
ကျောက်ဟူမှာ ရှစ်ဖုန့်၏ မိုးကြိုး အကျဥ်းထောင် လျှပ်စီးလက်သီးအား မြင်တွေ့လိုက်ရသောအခါ ရုတ်ချည်း မှင်တက်သွားသည်။
သူ့ပြိုင်ဘက်၏ မိုးကြိုး အကျဥ်းထောင် လျှပ်စီးလက်သီးမှာ တကယ်ပဲ အရမ်းက်ို လှပသိမ်မွေ့လွန်းလှသည်။
၎င်းမှာ ဖန်တီးမှုများပါဝင်သော အနုပညာတစ်ခုကဲ့သို့ဖြစ်သည်။
ခရမ်းရောင်လျှပ်စီးကြောင်း၏ အလယ်တွင် "မိုးကြိုး"ဟူသော တွန့်လ်ိမ်ကွေးနေသည့် စကားလုံးတစ်လုံး ပါရှိသည်။
"ရုန်းသင်္ကေတ.."
"အဲ့တာက တကယ်ကြီး မိုးကြိုးရုန်းသင်္ကေတပဲ"
"မိုးကောင်းကင်ကြီးရေ"
"မိုးကြိုးနဲ့လျှပ်စီး နိယာမတွေကို နားလည်ဖို့အတွက် သူရောက်နေတာက ဘာနယ်ပယ်မို့လဲ.."
"သူက ဒီအရွယ်လေးနဲ့..စစ်သည်တော်နယ်ပယ်ပဲ ရှိသေးတဲ့ဟာ"
ကျောက်ဟူက စိတ်လှုပ်ရှားမှုနီးပါး ထအော်လိုက်သည်။
သူသည် မိုးကြိုးနှင့်လျှပ်စီး စွမ်းအားအား သူ၏ ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သည်။
သို့သော် သူ့ပြိုင်ဘက်နှင့် နှိုင်းယှဥ်လျှင် မိုးကြိုးနှင့်လျှပ်စီး စွမ်းအားအပေါ် သူ၏ နားလည်သဘော ပေါက်မှုမှ ဘာမှမဟုတ်သည်ကို သူတွေ့ရသည်။
အရိပ်အမှတ်ကိုးနှင့် ကျောက်လုံမှာ တစ်ယောက်က်ိုယ်တစ်ယောက် ကြည့်မိလိုက်ကြပြီး တစ်ယောက်စီ၏ မျက်ဝန်းအတွင်း၌ အံ့အားသင့်မှုများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤကဲ့သို့သော အသက်အရွယ်ဖြင့် ဒီလူငယ်လေးမှာ မွန်းစတားတစ်ကောင်လိုမျိုး တည်ရှိမှုမျိုးဖြစ်သည်။
ယွင်လိုင်အင်ပါယာရှိ ပါရမီရှင်ခေါ်နေကြသော သူများမှာ ဤအစစ်အမှန်မွန်းစတားနှင့် နှိုင်းယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့သည် ဖြစ်နိုင်လောက်သည်။
ရှစ်ဖုန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
တစ်ခြားသုံးယောက်မှာ သူတို့၏ ခေါင်းထက်မှ မိုးခြိမ်းသံသဲ့သဲ့အား ကြားရ၏။
ကောင်းကင်မှ လျှပ်စီးများ ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ကြရသည်။
ရှစ်ဖုန့်၏ လက်သီးက ကျောက်ဟူလောက် စွမ်းအားပြင်းမည် မဟုတ်သော်လည်း နောက်ကွယ်၌ရှိနေသော လျှို့ဝှက်နက်နဲမှုက ကျောက်ဟူ နှိုင်းယှဥ်၍ မရနိုင်သော အရာဖြစ်သည်။
"ခုဏက လက်သီးက ငါမင်းအတွက် ပေးတဲ့ လက်ဆောင်လို့ သဘောထားလို့ရတယ်.."
"လုံချန်ရဲ့မြေဆွဲအားအခန်း အတွက် ဆုလာဘ်သေးသေးလေးလို့လဲ စဥ်းစားလို့ရတယ်"
ရှစ်ဖုန့်က လက်နှစ်ဖက်အား နောက်ပစ်ပြီး ကြီးစိုးမှုရှိသော အဆင့်မြင့်ဆရာသမားတစ်ဦးကဲ့သို့ ပြောလိုက်၏။
ရှစ်ဖုန့်၏ အသက်အရွယ်ဖြင့် ထိုသို့သော စကားလုံးများပြောနေသည်အား ကြားရမြင်ရသောအခါ သုံးယောက်သားမှာ မအီမသာဖြစ်မှုက်ို ခံစားလိုက်ရသည်။
သို့သော် တစ်ဖက်မှလူ၏ လက်သီးချက်မှာ အရမ်းသိမ်မွေ့လွန်းလှပြီး သူတို့ဘာမှပြောနိုင်ခြင်း မရှိပေ။
"လုံချန်ကိုပြောလိုက်ပါ...သူငါ့အတွက်လုပ်ပေးသမျှက်ို ငါအကုန်မှတ်မိတယ်လို့.."
ရှစ်ဖုန့်က စကားပြောပီးသည့်နောက် ဂူအတွင်းသို့ဝင်သွားသည်။
ဝင်ပေါက်နားသို့ရောက်သောအခါ သူက ရုတ်တရက်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်ချည်း တော်တော်လေးကို သက်တောင့်သက်သာ မရှိလှသော ခံစားချက်က သူ၏ နှလုံးသားထဲတွင်ထပ်မံ၍ ပေါ်လာပြန်သည်။
သူ၏ နောက်ကိုကြည့်လိုက်ကာ ရှစ်ဖုန့်က တွေးလိုက်သည်။
"အဲ့လူကဘယ်သူလဲ..ဘယ်သူကငါ့ကို တိတ်တဆိတ် ထောက်လှမ်းနေတာလဲ.."
"ငါကဘာလို့..ဒီလိုမျိုးကြီး ခံစားနေရတာလဲ.."
"ထားလိုက်ပါ.."
ကျန်နေခဲ့သောသုံးယောက်မှာ ရှစ်ဖုန့်ဂူအတွင်းသို့ ဝင်သွားသည်အား တားဆီးခြင်း မရှိပေ။
ထို့နောက် ကျောက်ဟူက ကျောက်လုံနှင့် အရိပ်အမှတ်ကိုးအား စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ငါ.ငါ..အဆင့်ချိုးဖြတ်တော့မယ်လို့ ခံစားရတယ်.."
"မင်းတို့နှစ်ယောက်...ငါ့ကိုကာကွယ်ပေးပါ"
"သူအဆင့်ချိုးဖြတ်တော့မယ်တဲ့...ဟားဟားဟား..ကောင်းတယ်ကွာ"
ကျောက်လုံမှ ခေတ္တခဏ မှင်တက်သွားမိပြီးနောက် ကျောက်ဟူအတွက် အကျယ်ကြီး ရယ်မောလိုက်သည်။
သူတို့နှစ်ယောက်မှာ ညီအကိုများဖြစ်ကြပြီး ကျောက်ဟူ၏ အဆင့်ချိုးဖြတ်မှုအတွက် ပျော်ရွှင်မိသည်မှာ သဘာဝသာဖြစ်သည်။
ကျောက်ဟူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး လက်ဖြင့် ချိတ်တံဆိပ်ပုံစံကိုဖော်လိုက်သည်။
ကျောက်လုံကတော့ ဂူအတွင်းသို့ စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်နေသည်။
သူ့အနေဖြင့် ကျောက်ဟူအား သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပီဖြစ်သည်။
ထို့ကြောင့် ကျောက်ဟူ၏ အဆင့်ချိုးဖြတ်နိုင်ခြင်းမှာ လူငယ်လေး ထုတ်ဖော်ပြသခဲ့သော မိုးကြိုးလျှပ်စီး အကျဥ်းထောင် လက်သီးကြောင့်ဖြစ်မှန်း သူနားလည်သည်။
သူသည် ထိုမှ ဉာဏ်အလင်းကို စုစည်းနိုင်ခဲ့ပြီး အဆင့်ချိုးဖြတ်ရန်အတွက် အခွင့်အလမ်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
"အဲ့လူငယ်လေးက ဘယ်သူလဲ.."
"အရှင့်သားက သူ့အတွက် မြေဆွဲအား ငါးဆယ့်ငါးဆ အခန်းကို ပြင်ဆင်ထားပေးတယ်ဆိုပေမဲ့ သူ့ရဲ့ သိုင်းကျင့်ကြံမှုနဲ့ဆို သူ့ကိုယ်က
မြေဆွဲအား ငါးဆယ့်ငါးဆကို ခံနိုင်မှာမို့လား..."
ကျောက်လုံ၏ စိတ်ထဲတွင် မေးခွန်းများ ပေါ်လာသည်။
သူ့ဘေးရှိ အရိပ်အမှတ်ကိုးအား ကြည့်လိုက်သော အခါတွင် သူသည်လည်း ဂူအတွင်းသို့ စိုက်ကြည့်နေသည်ကို တွေ့ရသည်။
ရှစ်ဖုန့် ဂူအတွင်းသို့ ဝင်ပြီးပြီးချင်း အကန့်သတ်မဲ့ ဖိအားက သူ့အပေါ်သို့ ကျဆင်းလာသည်ကို သူခံစားရသည်။
တောင်တစ်လုံးကသူ၏ တစ်ကိုယ်လုံးပေါ်သို့ ဖိကျလာသည်နှင့်တူသည်။
သူ၏ အရိုးများပင် တစ်စစီ အမှုန့်ဖြစ်တော့မည်သကဲ့သို့ ပုံပေါ်၏။
သူ၏ စိတ်ဖြင့် တွက်ဆ ပြင်ဆင်ခဲ့သော်လည်း မြေဆွဲအား ငါးဆယ့်ငါးဆ ဖိအားအား သူခံရဆဲဖြစ်သည်။
"ဟ..."
ရှစ်ဖုန့်က ကျယ်လောင်စွာ အော်၍ သူ၏ ကိုယ်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်အား အဆက်မပြတ်လှည့်ပတ်လိုက်သည်။
ထို့နောက်သူက သူ၏ ကာယခန္ဓာကိုယ် ခွန်အားဖြင့် အံကြိတ် တောင့်ခံလိုက်သည်။
သူ၏ ကိုင်းညွှတ်နေသော ကိုယ်အား အတင်းအကြပ် အပေါ်သို့ မတ်အောင် ထ၍ တစ်ကိုယ်လုံးမှာ တုန်ခါနေ၏။
"ငရဲဘုံကိုးခု ခန္ဓာကိုယ် သန့်စင်ခြင်း.."
ရှစ်ဖုန့် မျက်နှာထက်တွင် နာကျင်မှု အားစိုက်ထုတ်မှုတို့ဖြင့် ပြည့်နေပြီး သူ၏ အမူအယာမှာ သတင်၍ မဲ့ရွဲ့လာသည်။
လက်နှစ်ဖက်လုံလား လျှို့ဝှက်နက်နဲပြီး ထူးဆန်းလှသော ချိတ်တံဆိပ် ပုံစံလုပ်ထားပြီး ထိုလက်နှစ်ဖက်အား အတူတကွ ပေါင်းစည်းလိုက်သောအခါ သေးငယ်သော အဖြူရောင် အက္ခရာ အတွန့်အလိမ်လေးများက သူ၏ သူ၏ အပေါ်ပိုင်း ဗလာကျင်းကိုယ်ပေါ်တွင် ပေါ်လာသည်။
ငရဲဘုံကိုးခု ခန္ဓာသန့်စင် ပညာရပ်မှာ ငရဲဘုံကိုးခု ဧကရာဇ် ဖန်တီးခဲ့သော ပညာရပ်ဖြစ်သည်။၎င်းမှာ ငရဲဘုံကိုးခုဧကရာဇ်ကိုယ်တိုင်၏ ဖန်တီးမှုတစ်ခုဖြစ်၏။
ထိုသန့်စင်ထားသော သူ၏ ခန္ဓာကိုယ်အားသက်သက်ဖြင့် ကောင်းကင်အား သူ၏ လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲနိုင်ပြီး အာကာသတွင်းနက်များအားဖန်တီးနိုင်ပြီး တောင်တန်းများအား တစ်ချက်ဆောင့်နင်းရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။
မြေဆွဲအား ငါးဆယ့်ငါးဆ အောက်တွင် ရှစ်ဖုန့်အနေဖြင့် သူ့ခန္ဓာကိုယ်၏ အလားအလာအား နိုးထစေပြီး သူ့ခန္ဓာကိုယ်၏ အကန့်အသက်ထက် ကျော်လွန်ကာ သူ့ခန္ဓာကိုယ်အား ပိုမို၍ အားကောင်းစေနိုင်သည်။
သို့သော် ပါဝင်နေသော စွန့်စားရမှုက်ိုလည်း သူစိတ်ကူးမိနိုင်၏။
ရှစ်ဖုန့် အံကြိတ်ကာ တောင့်ခံထားသည်။
သို့သော် သူဂရုမထားဘဲနေပါက မြေဆွဲအား၏ အောက်တွင် သူ့ခန္ဓာကိုယ်အား သူကိုယ်တိုင်ပင် ကြွေမွသွားအောင် လုပ်မိနိုင်သည်။
သူ့အနေဖြင့် သေခြင်းနှင့် ရှင်ခြင်း အနားစောင်းပေါ်တွင် အဆက်မပြန် နေရသည်ဟုပင်ပြော၍ ရနိုင်သည်။
သိုင်းပညာ၏ လမ်းကြောင်းက အမြဲတမ်းနုရွမနေပေ။
သင်ပိုပြီးသန်မာချင်လျှင် လိုက်လျောညီထွေလှသော တန်ဖိုးတစ်ခုအား ပေးဆပ်ရမည်ဖြစ်သည်။
"ဟ"
ရှစ်ဖုန့် ထပ်မံအော်လိုက်ကာ ညာခြေဖြင့် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
ရုတ်ချည်း တောက်ပသော အနီရောင်အရည်များက သူ့ညာဘက်ခြမ်းရှိ ချွေးပေါက်များစီမှ ဖိညှစ်ခံရသကဲ့သို့ ထွက်လာ၏။
"ဟ"
ရှစ်ဖုန့်သူ့ကိုယ်သူ ထိန်းညှိလိုက်ပြီးနောက် ဘယ်ခြေဖြင့် နောက်ထပ်ခြေတစ်လှမ်း ရှေ့သို့လှမ်းလိုက်သည်။
ထို့နောက် ငရဲဘုံကိုးခု ခန္ဓာသန့်စင် ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်ပြီး မြေဆွဲအား ငါးဆယ့်ငါးဆအခန်းထဲတွင် တစ်လှမ်းချင်း စတင် လျှောက်လှမ်းတော့သည်။
ဂူ၏ အပြင်ဘက်တွင် ကျောက်ဟူက မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ အဆင့်ချိုးဖြတ်နေဆဲဖြစ်သည်။
ကျေက်လုံနှင့် အရိပ်အမှတ်ကိုးမှာ ဂူအတွင်းရှိ အခြေအနေအား မျက်တောင် မခတ်စတမ်း စိုက်ကြည့်နေကြသည်။
ကျောက်လုံမှာ တံတွေး မျိုချသံပင်ထွက်မိသည်။
"အကိုကိုး...သူလုပ်ခဲ့တာကို အကိုဘယ်လိုထင်လဲ.."
"အစက သူ အဲ့ထဲကနေ အသက်ရှူသုံးကြိမ်လောက်ပဲ ခံနိုင်ပြီးတော့ ပြန်ထွက်လာမယ်ထင်ခဲ့တာ.."
"ဒါပေမဲ့..အခုက..သူဝင်သွားတဲ့ အချိန်ကဆို.. အမွှေးတိုင် တစ်တိုင်စာ ကြာနေပီ.."
"သူကတကယ့်ကို ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်ပဲ.."
"သူက တကယ်လူရော ဟုတ်ရဲ့လား.."
"သူက သားရဲ ကလန်ကတော့...မဟုတ်ဖူးမလား.."
"သူက လူ့အရေခြုံထားတဲ့ ဘိုးအေကြီးတစ်ယောက်ယောက်များ ဖြစ်နေမလား"
ကျောက်လုံ၏ စကားများအား ကြားရသောအခါ အရိပ်အမှတ်ကိုးက ခေါင်းခါပြလိုက်သည်။
"ဒီနေ့ အရှင့်သား ငါတို့ကို စုစည်းဖို့ တောင်းဆိုထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင်..."
"သူရဲ့ အသက်အရွယ်က လက်ရှိသူ့ရဲ့ အသွင်အပြင်နဲ့ တကယ်အတူတူပဲ...ပြီးတော့...."
ဆက်ရန်...
ဘာသာပြန်သူ-Arise